← Chapters

အခန်း ၂၃၅

Vol. 10 Ch. 235

အခန်း ၂၃၅

Vol. 10 Ch. 235

Chapter 235

ချောင်ထျန်းချန်က သူ့ရဲ့ ရုတ်တရက် စကားတွေကြောင့် သဘောကျသွားပြီး

"ငါတို့က တကယ့်ညီအစ်ကိုအရင်းတွေ မဟုတ်ပေမယ့် ညီအစ်ကိုအရင်းတွေနဲ့ မကွာခြားပါဘူး။ယောင်ယောင့်ကို ထိခိုက်စေတာမရှိရင် ငါ လုပ်သမျှအရာအားလုံးက မင်းအတွက်ပဲ"

ဟုတ်တယ် သူ့ရဲ့ နောက်ဆုံးရည်မှန်းချက်က ပိုးမွှားတွေကို ဖယ်ထုတ်ပြီးတော့ စစ်မှန် ခိုင်မာတဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ပဲ။

အဲ့လိုမှသာလျှင် သူနဲ့ နင်းမုန့်ယောင်က ရိုးရှင်းပြီးတော့ လွတ်လပ်မှုရှိတဲ့ဘဝကို အတူတကွ ဖြတ်သန်းနိုင်မှာ။

"ဒါပေါ့ ငါသိပါတယ်"

ရှောင်ချီဖုန်းရဲ့ ‌အေးစက်တောင့်တင်းနေတဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်ပေါက်လာသည်။

သူရယ် ရှောင်ချီထျန်းရယ် ချောင်ထျန်းချန်ရယ်ကြားထဲမှာ ခိုင်မာတဲ့ သံယောဇဉ်နဲ့ချစ်ခင်ရင်းနှီးမှုရှိတယ်။သူတို့တွေက တစ်ယောက်ချင်းဆီရဲ့ ကျေးဇူးရှင်တွေဖြစ်ပြီးတော့ အထူးသဖြင့် ချောင်ထျန်းချန်က သူ့ကို အများကြီး ကူညီပေးထားတဲ့ လူပဲဖြစ်တယ်။

ချောင်ထျန်းချန်သာမရှိရင် သူဆိုတာ ရှိလာမှာ မဟုတ်ဘူး။ပြီးတော့ ဒါကြောင့်ပဲ သူက ချောင်ထျန်းချန်ပေါ်မှာ အကြွင်းမဲ့ ယုံကြည်မှုရှိပြီးတော့ ညီအစ်ကိုအရင်းတွေကြားထဲမှာရှိတဲ့ ယုံကြည်မှုနဲ့ ဆင်တူတယ်။

ချောင်ထျန်းချန်က တော်ဝင်စာကြည့်ဆောင်ထဲမှာ အချိန်ကြာကြာ မနေခဲ့ပေ။သူက သူတို့ကို သူ့အတွေးတွေ ပြောပြီးတာနဲ့ ထွက်သွားသည်။

"ချီထျန်း အသင့်ပြင်ထားတော့"

သူ ချောင်ထျန်းချန်ရဲ့စကားတွေကို လက်ခံတယ်။၎င်းက အမှန်တကယ်သာ ထိုကဲ့သို့ဖြစ်လာခဲ့ရင် သူ့အတွက် အခွင့်အရေးတစ်ခုအဖြစ်လည်း မှတ်ယူလို့ရတယ်။ဒီနှစ်တွေမှာ တော်ဝင်ရုံးတော်ထဲက လူပေါင်းများစွာကို သူ ဖယ်ရှားပစ်ချင်ခဲ့တယ်။သူ့မှာ အဲ့လိုလုပ်နိုင်ဖို့အတွက် သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုကိုပဲ မရှာနိုင်ခဲ့တာ။

"အစ်ကိုတော် စိတ်မပူပါနဲ့။ညီတော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

ရှောင်ချီထျန်းက အရေးကြီးတဲ့အချိန်တွေမှာ ပိုပြီးတော့ အများကြီး ယုံကြည်စိတ်ချရသည်။

အမတ်လင်းက ကြိမ်ဒဏ်အချက်တစ်ရာခံပြီးတဲ့နောက် သူ့ကျောပြင်က ပြင်းထန်စွာ ဒဏ်ရာရထားသည်။သူက သူ့အိမ်ကို အုံ့မှိုင်းပြီးတော့ လူသတ်ချင်စိတ်ပြင်းပြနေတဲ့ မျက်နှာနဲ့ ပြန်လာခဲ့သည်။

လင်းလော်က သူ့အဖေကို ဒီလိုအခြေအနေနဲ့မြင်ရတော့ စိုးရိမ်သွားပြီး

"အ‌ဖေ ဘာဖြစ်လာတာလဲ" ဟု မေးလိုက်သည်။

"လော်အာ မနေ့က မင်း အဖေ့ကိုရှာဖို့ အဲ့ဒီလူတွေကို ဘာလို့ လွှတ်လိုက်တာလဲ"

အမတ်လင်းက မဖြေဘဲနဲ့ အဲ့ဒီအစား လေးလေးနက်နက် ပြန်မေးလိုက်သည်။

လင်းလော်က မျက်မှောင်ကြုတ်သွားပြီးတော့ သူ့စိတ်ထဲက သံသယကို သိမ်းထားကာ သူစုံစမ်းမိထားတာတွေကို အကုန်ပြောပြလိုက်သည်။

အမတ်လင်းရဲ့ အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားပြီး

"မင်းပြောချင်တဲ့အဓိပ္ပာယ်က ချောင်ထျန်းချန်က ငါတို့ကို ပစ်မှတ်ထားနေတာ ပြီးတော့ ထုန်ပေါင်ကျိုက်က ငါတို့ရဲ့စီးပွားရေးကို ဖိနှိပ်နေတာတွေက ဘာလို့လဲဆိုတဲ့ အ‌ကြောင်းရင်းက အားလုံးက ရှောင်ကျီရွှမ်းကြောင့်ပေါ့လေ"

"အဲ့လိုပဲဖြစ်မယ်။ရှောင်ကျီရွှမ်းက ယောင်အာကို သေသွားစေချင်တာ ဒါပေမယ့် သူမကို ကိုယ်ဝန်ပျက်ကျသွားစေတာနဲ့ပဲ အဆုံးသတ်သွားတယ်။အဲ့ဒါကြောင့်ပဲ သူတို့တွေက ကျွန်တော်တို့ကို ပစ်မှတ်ထားနေမှာ စိုးရွံ့မိတယ်" လင်းလော်က ညင်သာစွာ ရှင်းပြလိုက်သည်။

အမတ်လင်းက ဒီလိုမျိုး မထင်မှတ်ထားတဲ့ ရလဒ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားပေ။သူနှစ်တွေအကြာကြီး ခက်ခက်ခဲခဲ ကြိုးကြိုးစားစားနဲ့ လုပ်ခဲ့တဲ့အလုပ်က မိန်းမတစ်ယောက်ရဲ့ မနာလိုမှုကြောင့် ပျက်ဆီးသွားရတယ်။

"အခုချက်ချင်း သူမကို ငါ့ဆီခေါ်လာခဲ့" အမတ်လင်းက ဒေါသထွက်စွာ ပြောလိုက်သည်။

လင်းလော်က ဘာမှမပြောဘဲ အမတ်လင်းရဲ့ ဘက်မှာသာ နေနေလိုက်တယ်။သူ့အဖေရဲ့ ခန္ဓာကိုယ်ပေါ်က သွေးနံ့တွေကိုရတော့ လင်းလော်က မတတ်နိုင်ဘဲ

"အ‌ဖေ အဖေ့ရဲ့ဒဏ်ရာတွေကို အရင်ကုလိုက်ပါ့လား" ဟု ပြောလိုက်သည်၊

"အဖေအဆင်ပြေတယ်"

အမတ်လင်းက ဒီလိုသားမျိုးရှိတာ အရမ်းစိတ်ချမ်းသာတယ် ဒါကြောင့် သူက သူ့သားကို စိတ်တိုတဲ့ပုံစံ မပြပေ။

ရှောင်ကျီရွှမ်းက သူမရဲ့ခြံဝင်းထဲမှာ သူမကလေးနဲ့ ကစားနေတာဖြစ်သည်။ရုတ်တရက် အစေခံတစ်ယောက်က သူမကို ခေါ်နေတာ ကြားပြီးတော့ သူမစိတ်ထဲ သံသယဝင်သွားသည်။သူမကိုယ်သူမ နည်းနည်းကြည့်ကောင်းအောင် လုပ်လိုက်ပြီး ခြံဝင်းအပေါက်ဝဆီကို လျှောက်သွားသည်။

နောက်ဆုံး သူမရောက်သွားတဲ့အချိန် ဒေါသတွေ ပြည့်နှက်နေတဲ့အသံကို ကြားလိုက်ရသည်။

"ဒူးထောက်စမ်း!"

ရှောင်ကျီရွှမ်းက လုံးဝအံ့ဩသွားပြီး ဘာတွေဖြစ်နေလဲဆိုတာ မသိပေ။သူမက ဘာလို့ ဒူးထောက်ရမှာလဲ?အရင်တုန်းက သူမ နင်းမုန့်ယောင်ကို သတ်ဖို့ လူသတ်သမားတွေ လွှတ်လိုက်တဲ့အချိန် ရှောင်ချီထျန်းရှိနေတာတောင်မှ သူတို့တွေက သူမကို ဒူးမထောက်ခိုင်းဘူး။ဒါဆို ဒီတစ်ခေါက် ဘယ်လိုအကြောင်းပြချက်ကြောင့် သူမက ဒူးထောက်ရမှာလဲ?

"ကျွန်မက ဘာလို့ ဒူးထောက်ရမှာလဲ?ကျွန်မက တော်ဝင်ရှောင်မိသားစုက သမီးပဲ"

ရှောင်ကျီရွှမ်းက သူမရဲ့ ယောက္ခထီးကို မောက်မာစွာ ကြည့်လိုက်သည်။

အမတ်လင်းက ဒေါသထွက်နေပြီး ဖြစ်ပြီးတော့ သူမမှာ သူ့ကို မနာခံဖို့ သတ္တိရှိနေတာမြင်ရတော့ ချက်ချင်း သရော်လိုက်သည်။

"ရှောင်မိသားစုရဲ့ သမီးလား?သူတို့တွေ ဒီနေ့ မင်းအကြောင်းကို စိတ်ဝင်စားနေပါ့ဦးမလားဆိုတာ ငါ သိချင်မိတယ်"

"အဖေ ဘာကိုဆိုလိုတာလဲ"

ရှောင်ကျီရွှမ်းမှာ ထိုအကြောင်းနဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက် ရနေတယ်။

"မင်းရဲ့ မိုက်မဲမှုကြောင့် မင်းအစ်ကို နောက်သုံးရက်ကြာရင် ခေါင်းဖြတ်ခံရတော့မယ်"

အမတ်လင်းက ရှောင်ကျီရွှမ်းကို စိုက်ကြည့်ပြီးတော့ သူမကို တစ်လုံးချင်း ပြောလိုက်သည်။

ရှောင်ကျီရွှမ်းရဲ့မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။သူမ ရလိုက်တဲ့သတင်းကို လက်မခံနိုင်ဘူး။

"မဖြစ်နိုင်ဘူး"

"မင်းက ရှန့်ကျန့်ကျွင်းရဲ့ ဇနီးကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ခဲ့တယ်။ကလဲ့စားချေတဲ့အနေနဲ့ ရှောင်မိသားစုနဲ့မင်းအစ်ကိုက သူ့ဆီကနေ သန်းနဲ့ချီတဲ့ အခွန်ငွေအလွဲသုံးစားမှုလုပ်ထားတာကို စစ်ဆေးခံလိုက်ရတယ်လေ"

အမတ်လင်းက ရှောင်ကျီရွှမ်းရဲ့ ဖြူဖျော့သွားတဲ့ မျက်နှာကိုကြည့်ပြီး သူ့စိတ်ထဲက စကားတွေကို ပြောပြီးတဲ့နောက် အတော်လေး နေလို့ကောင်းသွားသည်။

"ဒါပေမယ့် ရှန့်ကျန့်ကျွင်းရဲ့ဇနီးက ဘယ်သူလဲဆိုတာတောင် ကျွန်မမသိဘူးလေ"

သူမ လုံးဝကို မသိဘူးလေ အဲ့ဒါကို ဘယ်လိုလုပ် သူမကြောင့် ကိုယ်ဝန်ပျက်ကျသွားရတာလဲ?

သူမကို ဒီလိုမျိုးမြင်ရတော့ လင်းလော်က ဆက်ပြီး တိတ်မနေနိုင်တော့ဘဲ

"နင်းမုန့်ယောင်ပဲ။သူမက ရှန့်ကျန့်ကျွင်းရဲ့ ဇနီး ပြီးတော့ ချောင်ထျန်းချန်က ရှန့်ကျန့်ကျွင်းပဲ"

All Chapters