အခန်း ၂၃၆
Vol. 10 Ch. 236
Chapter 236
ရှောင်ကျီရွှမ်းရဲ့ မျက်လုံးဝိုင်းဝိုင်းတွေက ပြူးကျယ်သွားတယ်။သူမက အမြဲတမ်း အဲ့ဒီနှစ်ယောက်ကို သာမန်ရွာသားတွေလို့ ထင်ခဲ့တာ။ချောင်ထျန်းချန်က ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးဖြစ်နေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။
"ဒါ မဖြစ်နိုင်ဘူး။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူမ အထင်သေးခဲ့တဲ့လူက ရှန့်ကျန့်ကျွင်းရဲ့ဇနီးဖြစ်နေပြီး သူမ လုပ်ခဲ့တဲ့အရာကြောင့်ပဲ သူမရဲ့အစ်ကိုကို အသက်ဆုံးရှုံးသွားစေတယ်။ဒါ.....ဒါက.......
"သူမကို ခေါ်သွားပြီးတော့ ကြိမ်ဒဏ်အချက်သုံးဆယ် အပြစ်ပေးလိုက်၊ပြီးရင် အိမ်မှာအကျယ်ချုပ်ချထားလိုက်။ငါ့အမိန့်မရှိဘဲနဲ့ သူမကို လွှတ်ပေးရဲတဲ့ ဘယ်သူမဆို သေတဲ့အထိ အရိုက်ခံရမယ်"
အမတ်လင်းက အမူအရာတွေ ပြောင်းလဲသွားတဲ့ ရှောင်ကျီရွှမ်းကို အေးစက်စွာ ကြည့်လိုက်သည်။
ရှောင်ကျီရွှမ်းက သူမ ကြိမ်ဒဏ်အချက်ပေါင်းများစွာ အရိုက်ခံရမယ်လို့ ကြားတဲ့အခါ သူမမျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။သူမက သူမရှေ့ကလူတွေကို ရက်စက်တဲ့အမူအရာနဲ့ ကြည့်လိုက်ပြီး
"နင်တို့အားလုံး ငါ့ကို ရိုက်ပိုင်ခွင့်မရှိဘူး"
"လုပ်တော့"
အမတ်လင်းက သူမနဲ့ဆက်ပြီး ဖြေရှင်းချင်စိတ် မရှိတော့ပေ။သူနောက်ထပ် ဘာလုပ်ရမလဲဆိုတာ စဉ်းစားရဦးမယ်။
ရှောင်ကျီရွှမ်းက သူမကို ခေါ်သွားတဲ့အခါမှာ ကျိန်ဆဲနေခဲ့သည်၊ကြိမ်ဒဏ်အချက်သုံးဆယ် အရိုက်ခံရပြီးနောက် သူမ သေတော့မတတ်ပင်။သူမသာ ရှောင်အိမ်တော်ရဲ့ သမီး မဟုတ်ဘူးဆိုရင် အမတ်လင်းက သူမကို သတ်ပြီးတော့ လွှင့်ပစ်ပြီးနေလောက်ပြီ။အမတ်လင်းက သူမကို သတ်ပြီးတော့ လွှင့်ပစ်ပြီးနေလောက်ပြီ။
ဒီအချိန်မှာ အမတ်လင်းနဲ့လင်းလော်က သူတို့နောက်ထပ် ဘာလုပ်သင့်လဲဆိုတဲ့အကြောင်းကို ဆွေးနွေးတိုင်ပင်နေကြသည်။မြို့စားမင်းရှောင်ရဲ့ဇနီး လီလင်းအာကလည်း ဒီသတင်းကို သိသွားသည်။
သူမသားက အဖမ်းခံရပြီးတော့ ထောင်ထဲအထည့်ခံရကာ သိပ်မကြာခင်မှာပဲ သုံးရက်အတွင်း ခေါင်းဖြတ်ခံရတော့မယ်ဆိုတာကိုလည်း သိသွားသည်။
"အရှင် မင်အာကို ကယ်ပေးရမယ်နော်"
လီလင်းအာက ရှောင်ရီလင်းဆီပြေးသွားပြီး အဆင်မပြတ်ငိုကြွေးကာ တောင်းဆိုသည်။
သူမမှာ သားတစ်ယောက် သမီးတစ်ယောက်ပဲရှိတာ။သူမရဲ့သားသာ တစ်ခုခုဖြစ်သွားရင် သူမ ဘယ်လိုလုပ် ဆက်ပြီးတော့ အသက်ရှင်ရမလဲ?
ရှောင်ရီလင်းက လီလင်းအာကို ဒေါသတကြီး စိုက်ကြည့်ပြီး သူ့အမူအရာက ဆိုးရွားနေကာ
"ကယ်ရမှာလား?မင်းက ငါ့ကို သူ့ကို ဘယ်လို ကယ်ပေးစေချင်လို့လဲ?အခု ငါတို့ကို ထုန်ပေါင်ကျိုက်က ဖိအားပေးနေရုံတင်မကဘူး ရှန့်ကျန့်ကျွင်းကတောင် ငါတို့ကို လွှတ်ပေးတော့မှာ မဟုတ်ဘူး။အရာအားလုံးက ရှန့်ကျန့်ကျွင်းက အစပြုခဲ့တာပဲကွ!"
လီလင်းအာက ရှောင်ရီလင်းကို မယုံနိုင်စွာ ကြည့်လိုက်ပြီး
"သူက ဘာလို့ အဲ့လိုလုပ်ရတာလဲ?ကျွန်မတို့ သူ့ကို ဘယ်တုန်းကမှ ရန်မစခဲ့ဘူးလေ"
"ဘာလို့လဲ ဟုတ်လား?ရှန့်ကျန့်ကျွင်းရဲ့မိန်းမက လင်းလော်ချစ်ခဲ့တဲ့လူပဲ။လင်းလော် သူမအကြောင်းကို လုံးဝမေ့သွားအောင်လို့ဆိုပြီး ငါတို့ရဲ့ ရွှမ်းအာက လျှို့ဝှက်စစ်သည်တွေ လွှတ်ပြီး သူမကို သတ်ခိုင်းခဲ့တာ။သူမက အသက်မဆုံးရှုံးသွားခဲ့ပေမယ့် ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်လေ။ငါတို့ကို လက်စားမချေဘူးလို့ မင်း ထင်သလား?"
ချောင်မိသားစုရဲ့ အဆုံးသတ်ကို တွေးကြည့်လိုက်ရင် ရှောင်ချီဖုန်းရဲ့ နှလုံးသားတစ်ခုလုံး ရေခဲကဲ့သို့ အေးစက်သွားသည်။
အဲ့ဒါက ချောင်ထျန်းချန် ချစ်ပြီးတော့ မြတ်နိုးတန်ဖိုးထားတဲ့ လူပဲ။
လီလင်းအာက မျက်မှောင်ကြုတ်ပြီးတော့
"အဲ့ဒါက ယောကျာ်းလေးလား မိန်းကလေးလားဆိုတာတောင် မသိရသေးတဲ့ သန္ဓေသားလေးပဲလေ။သူတို့တွေက အကျိုးသင့်အကြောင်းသင့်မရှိတာပဲ"
ရှောင်ရီလင်းက လီလင်းအာကို သူ့ရဲ့ တုန်ရီနေတဲ့လက်နဲ့ လက်ညှိုးထိုးလိုက်သည်။သူမက ဒီလိုအရာမျိုးကို ပြောလိမ့်မယ်လို့ သူ မထင်ခဲ့ဘူး။
သူမက ဘယ်လိုလုပ် အဲ့လိုအရာမျိုးကို ပြောနိုင်ရတာလဲ?
"တော်လောက်ပြီ မင်း အဲ့ဒါကို အပြင်မှာမပြောတာ ပိုကောင်းတယ်။ချောင်ထျန်းချန်နဲ့သူ့မိန်းမသာ ဒီအကြောင်းကို ကြားသွားရင် မင်အာ တစ်ယောက်ထဲ သေမှာမဟုတ်ဘဲနဲ့ ရှောင်မိသားစု တစ်ခုလုံး ပြီးတော့ မင်းရဲ့ လီမိသားစုပါ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်"
ရှောင်ရီလင်းက သူမကို အေးစက်စွာ သတိပေးးလိုက်သည်။ချောင်ထျန်းချန်နဲ့ကျန်တဲ့လူတွေသာ အဲ့ဒါကိုကြားသွားရင် ရှောင်မိသားစုက ရှေ့လျှောက်လာမယ့် နေ့ရက်တွေမှာ အေးချမ်းတည်ငြိမ်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သေချာသည်။
လီလင်းအာက အပေါ်ယံမှာတော့ သဘောတူလိုက်ပေမယ့် သူမစိတ်ထဲမှာတော့ မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး ရှောင်ရီလင်းရဲ့စကားကို မယုံပေ။
ရှောင်ရီလင်းက လီလင်းအာ ဘာတွေစဉ်းစားနေလဲဆိုတာ လုံးဝမသိခဲ့ပေ။သူသာ သိခဲ့ရင် သေချာပေါက်ကို သူမရဲ့ခေါင်းကိုဖွင့်ပြီးတော့ အထဲမှာဘာတွေရှိနေလဲဆိုတာ ကြည့်ဖို့ ဆန္ဒရှိသွားလိမ့်မယ်။
ရှောင်ရီလင်းက အကူအညီမဖြစ်မှတော့ သူမရဲ့ မိသားစုဘက်ကိုသာ လှည့်ဖို့ရှိပြီး သူတို့တွေ မင်အာကို ကယ်တင်နိုင်ဖို့ မျှော်လင့်ရသည်။
သို့ပေမယ့် လီမိသားစုထဲက လူတွေက သူမ ရှောင်မင်ရန်ကို ကယ်တင်ဖို့အကြောင်း ပြောတဲ့အချိန် သူမကို မြွေနဲ့ကင်းမြှီးကောက်တွေကို ကြောက်ရွံ့သလိုမျိုး ရှောင်ရှားသွားကြသည်။
ဒါက သူမစိတ်ထဲက အမုန်းတရားကို ပိုပြီးတော့ ကြီးထွားသွားစေသည်၊ဒါကြောင့် သူမ အခြားနည်းလမ်းတွေ စဉ်းစားဖို့ ကြိုးစားသည်။အဆုံးမှာတော့ သူမက ရှန့်ကျန့်ကျွင်းက လူတွေရဲ့အသက်ကို မြက်ပင်လေးတစ်ပင်လို ဆက်ဆံနေတယ်ဆိုပြီး သူ့ကိုစွပ်စွဲတဲ့ ကောလဟာလကိုသာ ဖြန့်လိုက်သည်။
သတင်းတွေ ပြန့်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က စူးစူးဝါးဝါး ရယ်လိုက်တယ်။သူက အဲ့အကြောင်းကို လုံးဝ ဂရုမစိုက်ဘူး။
လီလင်းအာက တကယ်တော့ ၎င်းက တစ်ခုခု အသုံးဝင်လိမ်မယ်လို့ ထင်ထားခဲ့တာ၊ဒါပေမယ့် ချောင်ထျန်းချန်နဲ့ကျန်တဲ့လူတွေက ၎င်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မရှိဘဲနေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
"မင်း မနက်ဖြန်ကျရင် သွားကြည့်ချင်လား"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ခါးကို ဖက်ထားလိုက်သည်။
"ကျွန်မ မသွားချင်ဘူး" သူမက ရလဒ်ကို သိရဖို့ပဲ လိုတယ်၊သူမသွားပြီးတော့ ကြည့်ဖို့ မလိုဘူး။
"ကောင်းပြီလေ မင်း အိမ်မှာနေလို့ရတယ်။အခြားကိစ္စတွေ အတွက်ကတော့ ကိုယ်သူတို့ကို သေချာကိုင်တွယ်လိုက်မယ်"
သူက သူ့ခေါင်းကိုငုံ့ကာ နင်းမုန့်ယောင်ရဲ့မျက်နှာကို နမ်းလိုက်သည်။
"ဟုတ်ပြီ"
သူတို့နှစ်ယောက်လုံးက သူတို့ဘက်မှာ ချစ်ကြည်နူးနေကြပေမယ့် လီလင်းအာကတော့ စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။အခု သူမ ဘာလုပ်ရမလဲဆိုတာ အကြံကုန်သွားပြီ။