← Chapters

အခန်း ၂၃၇

Vol. 10 Ch. 237

အခန်း ၂၃၇

Vol. 10 Ch. 237

Chapter 237

သဘာဝ ဘေးအန္တရာယ်အတွက် အခွန်ငွေတွေကို အလွဲသုံးစားလုပ်တာက ပြည်သူတွေအတွက် အတော်လေးကို ဆိုးဝါးတဲ့ အရာဖြစ်သည်။

ပြီးတော့ အလွဲသုံးစားလုပ်တယ်လို့ ပြောရတဲ့ပမာဏကလည်း သန်းနဲ့ချီသည်။ငွေသန်းပေါင်းများစွာကို အလွဲသုံးစား လုပ်လိုက်တဲ့အတွက် သဘာဝဘေးတုန်းက ပြည်သူတွေ ဘယ်လောက်များ သေဆုံးခဲ့ရလဲဆိုတာ ဘယ်သူသိမလဲ?

သူတို့တွေက ဒီကိစ္စကို ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ရတာလဲ?သူတို့လို လူမျိုးတွေအတွက်တော့ တစ်မိသားစုလုံး အသတ်ခံရမယ်ဆိုရင်တောင် လွန်တယ်လို့ သတ်မှတ်လို့မရဘူး။အခု လူတစ်ယောက်ကိုပဲ ကွပ်မျက်တာကို သူမက အဲ့အကြောင်းနဲ့ပတ်သက်ပြီး ဆူပူမှုတွေ ဆက်တိုက် ပြုလုပ်နေတယ်။သူမမှာ တကယ့်ကို အရှက်တရား မရှိတာပဲ။

"နင်က နင့်ကလေးကိုတောင် သေချာ သင်ပြမထားဘဲနဲ့ အခြားလူကို အပြစ်တင်ချင်နေသေးတယ်"

"မှန်ပါ့တော်"

"တိတ်တိတ်နေကြစမ်း!နင်တို့ ဆက်ပြီးတော့ ပြောနေရင် ဒီမြို့စားကတော်က နင်တို့အသက်တွေကို လွှတ်ပေးမှာ မဟုတ်ဘူး!"

လီလင်းအာက သူမဘေးနားက ပြည်သူပြည်သားတွေကို ဒေါသတကြီး ကြည့်လိုက်သည်။

ဒီလူတွေအားလုံးကြောင့်ပဲ သူမ ရူးရူးမိုက်မိုက် လုပ်နေရတာ။သူတို့တွေက လယ်သမားလေးတွေပဲလေ။အဲ့တော့ သူမသားက သန်းနဲ့ချီတဲ့ငွေတွေ ယူတော့ရော ဘာဖြစ်လဲ?

ဧကရာဇ်ကလည်း ဒီလိုကိစ္စသေးသေးလေးနဲ့ သူမသားရဲ့အသက်ကို အရမ်းလိုချင်နေတာပဲ။ဘယ်လိုပဲဖြစ်ဖြစ် သူမ ဒီကိစ္စကို ကျော်မသွားနိုင်ဘူး။

အခုထိ မထွက်သွားသေးတဲ့ ချောင်ထျန်းချန်က လီလင်းအာပြောနေတာကို ကြားလိုက်ရသည်။သူ့မျက်လုံးတွေ ကျဉ်းမြှောင်းသွားပြီး သူမကို အပေါ်ကနေအောက်အထိ လေ့လာကာ

"သင်က လူတွေရဲ့အသက်ကို မြက်ပင်လေးတစ်ပင်လို ဆက်ဆံနေတာလား"

"ဒီမြို့စားကတော်က ဒီလယ်သမားတွေအားလုံးကို သတ်ပစ်ချင်တယ် ဘယ်သူ ငါ့ကို တားရဲလဲ"

လီလင်းအာရဲ့ လှပတဲ့မျက်နှာက ချက်ချင်း နှိုင်းလို့မရအောင် ဆိုးဝါးသွားသည်။သူမ အမူအရာက ကြောက်စရာကောင်းပြီးတော့ ချောင်ထျန်းချန်ကို မလိုမုန်းထားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

ချောင်ထျန်းချန်က လီလင်းအာကို ဘာမှမဖြစ်သလို ကြည့်ပြီးတော့

"လီလင်းအာ သင်က မြို့စားမင်းရှောင်ရဲ့ဇနီးသည်ဆိုတာ မှန်ပါတယ်။ဒါပေမယ့် အခုရှိနေတဲ့ ပြည်သူတွေက ကောင်းကင်ဘုံကို အပြစ်လုပ်မိရင်တောင်မှ အကျိုးအကြောင်းရှိသေးတယ်။သင်က ဘယ်လိုလုပ်ပိုင်ခွင့်မျိုးနဲ့ သူတို့ကို ထိရမှာလဲ"

လီလင်းအာသာ အမှန်တကယ် ထိုကဲ့သို့ လုပ်ခဲ့ရင် သူမက သူတို့တွေအတွက် အသုံးချလို့မယ့်အရာတစ်ခုသာ ဖြစ်လာမှာဖြစ်ပြီး ရှောင်မိသားစုအတွက် နှစ်သက်စရာ ကောင်းမှာမဟုတ်ပေ။

လီလင်းအာက အံကြိတ်လိုက်ပြီး ချောင်ထျန်းချန်ကို ကြည့်ကာ

"ချောင်ထျန်းချန် အရမ်းကျေနပ်အားရမနေနဲ့!"

နောက်ဆုံးတော့ လီလင်းအာက အရှက်ရစွာနဲ့ပဲ သနားစရာကောင်းတဲ့ပုံစံဖြင့် ထွက်သွားသည်။သူမ မကြည့်ဘူးဆိုရင်တောင်မှ သူမနောက်ကျောမှာ လက်ညှိုးထိုးပြောဆိုနေကြတာကို သူမ အားလုံးသိသည်။

သူမ စိတ်တိုလား?ဒါပေါ့!

ဒါပေမယ့် အဲ့ထက်ပိုတာက သူမ မုန်းတာပဲ။ရှန့်ကျန့်ကျွင်း ဘယ်လောက်တောင် တော်လိုက်တဲ့လူလဲ။သူမက ရှန့်ကျန့်ကျွင်းရဲ့ မိသားစုကို ဖျက်ဆီးပစ်မယ်။

သူမ ဒေါသတကြီးနဲ့ အိမ်ကို ပြန်ရောက်လာတဲ့အချိန် ရှောင်ရီလင်းက သူ့ထိုင်ခုံပေါ်မှာထိုင်ပြီး ရေနွေးကြမ်းသောက်နေသည်။သူ့ရဲ့ ဂရုမစိုက်တဲ့ပုံစံနဲ့ အမူအရာတွေကို မြင်ရတော့ လီလင်းအာရဲ့ဒေါသက ချက်ချင်းမြှင့်တက်လာပြီး သူမ မျက်နှာက အုံ့မှိုင်းကာ ကြောက်ဖို့ကောင်းလာသည်။

"နင့်သားက ခေါင်းဖြတ်ခံရတော့မယ်။အဲ့ဒါကို နင်က အခုထိ သက်သောင့်သက်သာ နေနိုင်သေးတယ်ပေါ့လေ၊ရှောင်ရီလင်း နင့်မှာ နှလုံးသားရော ရှိရဲ့လား!"

လီလင်းအာက သူမရဲ့ တုန်ရီနေတဲ့လက်တွေနဲ့ ရှောင်ရီလင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး အပြစ်တင်ပြောဆိုလိုက်သည်။

ရှောင်ရီလင်းက ဒီကိစ္စမှာ အာဏာမရှိပေ။သူလည်းပဲ စိတ်ထဲမှာ ခံစားနေရပေမယ့် အခု လီလင်းအာက သူ့ကို အပြစ်ရှာနေတာကို ကြား‌ရတော့ သူ့မျက်နှာက ချက်ချင်း ရုပ်ဆိုးသွားသည်။

"မင်းက ဘယ်အချိန်မှ အသိတရားဝင်လာမှာလဲ"

လီလင်းအာက ရှောင်ရီလင်းက ဒီလိုပြောလာလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိတာကြောင့် သူမ အမူအရာက ထပ်,ထပ်ပြီး ပြောင်းလဲသွားသည်။ပြီးနောက် အဆုံးမှာတော့ သူမရဲ့ ဒေါသကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ သူမလက်ကိုမြှောက်ကာ ရှောင်ရီလင်းရဲ့မျက်နှာကို ရိုက်ဖို့လုပ်လိုက်သည်။

သူမရဲ့အပေါက်ဆိုးတဲ့ပုံစံက ရှောင်ရီလင်းရဲ့ မျက်နှာကို တစ်ခါတည်း အလွန် အုံ့မှိုင်းသွားစေသည်။သူက လီလင်းအာရဲ့ လက်တွေကို မှုန်ကုပ်နေတဲ့ အမူအရာနဲ့ ဖမ်းဆုပ်လိုက်ပြီး

"မင်း ဘာဖြစ်‌နေတာလဲ"

အစတုန်းက သူ့သားရဲ့ သေဆုံးမှုကြောင့် သူ သူမအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိတယ်။ဘာပဲဖြစ်ဖြစ် သူတို့က နှစ်ပေါင်းများစွာ လက်ထပ်ထားခဲ့ကြတဲ့ လင်မယားတွေပဲလေ။

အခုတော့ သူ့စိတ်ထဲမှာ ဒေါသပဲရှိတော့တယ်။

"မင်အာက ငါ့သားပါ။ငါက ဘယ်လိုလုပ် သူ့ကို မချစ်ပဲနေမှာလဲ?လီလင်းအာ မင်း တစ်ခုခုမပြောခင် ပိုကြီးတဲ့ ပုံရိပ်ကို အရင်တွေးတာ ပိုကောင်းတယ်။အခု ရှန့်ကျန့်ကျွင်းရဲ့မိသားစုက ငါတို့ကို စောင့်ကြည့်နေရုံတင်မကဘူး ထုန်ပေါင်ကျိုက်ကတောင်မှ ငါတို့ကို အလွတ်မပေးဘူး။မင်းက ဒီလိုပဲ ဆက်ပြီးတော့ ပြဿနာရှာနေမယ်ဆိုရင် ငါ မင်းကို ထပ်ပြီးတော့ ဂရုစိုက်မှာ မဟုတ်တော့ဘူး"

သူ အတော်‌လေး စိတ်တိုနေပြီဖြစ်တာကြောင့် ဒီကိစ္စကို ဒီမိန်းမနဲ့ ဆက်ပြီးတော့ မပြောချင်တော့ပေ။

လီလင်းအာက ဘေးကို ယိုင်သွားပြီး မြေကြီးပေါ် လဲကျသွားသည်။သူမက ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေမှာ ရှိနေသည်။

"နင်.......ရှောင်ရီလင်း နင် ခွေးကောင်!"

လီလင်းအာ ရှောင်ရီလင်းကို လက်ထပ်ခဲ့တဲ့ အချိန်ကတည်းက သူမကို တစ်ယောက်ယောက်က ဒီလိုမျိုးဆက်ဆံတာ ဒါ ပထမဆုံးပဲ။သူမ သူ့ကို မမုန်းနိုင်ဘူးလား?

ရှောင်ရီလင်းက လီလင်းအာကို တစ်ချက်ကြည့်လိုက်ပြီး

"အစောင့်တွေ!သူမကို ခြံဝင်းဆီ ပြန်ပို့လိုက်!ငါ့အမိန့်မရှိဘဲ လုံးဝ အပြင်မထွက်ရဘူး!"

ဒီအချိန်မှာ သူ ဂရုမစိုက်ဘဲ မနေနိုင်တော့ဘူး။လီလင်းအာသာ ချောင်ထျန်းချန်ကို တစ်ခုခု ရန်သွားစပြီးတော့ ဒေါသထွက်အောင် လုပ်မိသွားရင် သူတို့တွေ ပိုပြီးတော့တောင် ဆူးတွေကြားမှာရောက်သွားတဲ့ အခြေအနေမျိုးနဲ့ ကြုံရမှာ စိုးရိမ်ရတယ်။

ရှောင်ရီလင်းက သူမကို နေအိမ်အကျယ်ချုပ်ချတာကို ကြားတော့ လီလင်းအာရဲ့ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး

"ရှောင်ရီလင်း နင် လုပ်ရဲလား!"

"ဘာစောင့်နေကြတာလဲ!" လီလင်းအာရဲ့ ငိုကြွေးအော်ဟစ်မှုတွေကို ဉပေက္ခာပြုထားပြီး ရှောင်ရီလင်းက ဘေးနားက အစေခံတွေကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။

လီလင်းအာ ဘယ်လောက်ပဲ ဆန္ဒမရှိနေပါစေ နေအိမ်အကျယ်ချုပ် အချခံရတာကိုသာ လက်ခံရသည်။ဒီအခိုက်အတန့်မှာ သူမစိတ်ထဲမှာ ရှောင်ရီလင်းကို မုန်းတီးတဲ့ အမုန်းက အများကြီး ပေါက်ပွားလာခဲ့သည်။

(ဒီအခန်းကိုရေးရတာ အားမရဘူး။ဘာကိုအားမရမှန်းလဲမသိဘူး။ရေးထားတာ ပြန်ပြန်စစ်တာတောင် အားမရဘူး)

All Chapters