အခန်း ၂၄၀
Vol. 10 Ch. 240
Chapter 240
အရင်တုန်းက နင်းမုန့်ယောင်က သူ့အတွက် အဝတ်အစားတွေ အများကြီး လုပ်ပေးထားပေမယ့် အဲ့ဒါတွေအကုန်လုံးက ပိုင်ရှန်းရွာမှာ ကျန်နေခဲ့တယ်။သူက ပိုင်ရှန်းရွာကနေ သူ့အတွက် အဝတ်အစား အနည်းငယ် ပြင်လာတယ် ဆိုပေမယ့်လည်း ဒီနေရာမှာ အများကြီး မရှိတဲ့အတွက်ကြောင့် သူက ဒီနေရာမှာရှိတဲ့ အဝတ်အစားတွေကို ဝတ်ရတာ သက်သောင့်သက်သာ မရှိတဲ့အတွက် သူပြင်လာတဲ့ဟာတွေကိုပဲ ဆက်တိုက်ဝတ်နေခဲ့တယ်။
"အင်းလေ ရှင်က အဝတ်ဟောင်းတွေကိုပဲ တစ်ချိန်လုံးဝတ်ထားတာ မြင်တော့ ကျွန်မက ရှင့်အတွက် အဝတ်အစားနည်းနည်းပါးပါး ထပ်ချုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာ"
နင်းမုန့်ယောင်က ပြုံးကာ ရှင်းပြလိုက်သည်။
ချောင်ထျန်းချန်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး အဝတ်အစားလဲဖို့ အခန်းထဲ ဝင်သွားသည်။ဒါက လရောင်ကဲ့သို့ အဖြူရောင် အဝတ်အစားဖြစ်ပြီးတော့ အင်္ကျီလက်နဲ့ကော်လံအနီးမှာ ဝါးရွက်တွေ ချုပ်ထားသည်။နင်းမုန့်ယောင် လုပ်ပေးတဲ့ အဝတ်အစားကို ဝတ်ရတာ စစ်ပွဲကနေ ပြန်လာတဲ့ စစ်သူကြီးအစား ထက်မြက်တဲ့ စာသင်သားတစ်ယောက်နဲ့ တူသွားသည်။
"ဘယ်လိုနေလဲ"
အရင်တုန်းက သူလုပ်သလိုပဲ ချောင်ထျန်းချန်က နင်းမုန့်ယောင် သူ့အတွက် လုပ်ပေးထားတဲ့ အဝတ်အစားတွေကို လဲဝတ်ပြီးတာနဲ့ သူမကို သွားရှာတယ်။ချောင်ထျန်းချန်က နင်းမုန့်ယောင် သူ့အတွက် လုပ်ပေးထားတဲ့ အဝတ်အစားတွေကို လဲဝတ်ပြီးတာနဲ့ သူမကို သွားရှာတယ်။
နင်းမုန့်ယောင်က သူမလက်ကို ဆန့်လိုက်ပြီး သူ့ပုခုံးပေါ်က တွန့်နေတဲ့အဝတ်စတွေကို ညီသွားအောင် လုပ်ပေးပြီးတော့
"အရမ်းကောင်းတယ်!"
"မင်းလုပ်ပေးတဲ့ အဝတ်အစားတွေက အမြဲတမ်း ကောင်းတာပဲလေ"
ချောင်ထျန်းချန်ရဲ့မျက်လုံးတွေက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ မျက်နှာကို ပုတ်လိုက်ပြီး
"အဲ့တော့ ဒါက တမင်လုပ်တာပေါ့လေ"
ချောင်ထျန်းချန်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး
"ဘယ်ဟုတ်ပါ့မလဲကွာ!ကိုယ်က အခြားတစ်ခု ဝတ်လိုက်ရင် အဆင်မပြေဘူးလို့ ခံစားရရုံပါပဲ"
"ဒါဆို ကျွန်မ ရှင့်အတွက် အဝတ်အစားလဲလို့ရအောင် ထပ်ချုပ်ပေးဦးမယ်"
နင်းမုန့်ယောင်က အစပိုင်းတော့ မှင်သက်သွားပြီးတော့ အဲ့ဒီနောက် သူမခေါင်းကိုရမ်းကာ ရယ်မောလိုက်သည်။
သူက ပြောင်းလဲလွယ်တဲ့လူဆိုတာ သူမ တကယ်မသိခဲ့ဘူးပဲ။
"ကောင်းပါပြီ ဒါပေမယ့် မင်းအတွက်မင်းလည်း နည်းနည်းပါးပါ လုပ်ဦးလေ"
ချောင်ထျန်းချန်က သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီးတော့ သူမကို ချစ်မဝပေ။
နင်းမုန့်ယောင်က သူမခေါင်းကို ရမ်းလိုက်ပြီး
"ကျွန်မအတွက် ချင်းကျူးရှိပါတယ်"
"ဒါပေမယ့်"
"ဟုတ်ပါပြီ အပြင်ဘက် အခြေအနေတွေကရော အခုလောလောဆယ် ဘယ်လိုလဲ"
ယွီဖုန်းနဲ့ကျန်တဲ့လူတွေဆီကနေ အနီးကပ်သတင်းအချက်အလက်တွေ ရရှိနေတာကြောင့် နင်းမုန့်ယောင်က တကယ်တော့ အခြားအရာတွေကို ဂရုမစိုက်ပေ။
"ရှောင်ကျီရွှမ်းကို အမတ်လင်းက စက်ဆုပ်သွားပြီးတော့ မြို့စားမင်းရှောင်က သူ့မိန်းမကို အိမ်မှာ အကျယ်ချုပ်ချထားတယ်"
ချောင်ထျန်းချန်က သူပြန်လာတဲ့အချိန်မှသာ ဒီအကြောင်းကို ကြားသိရတာ ဖြစ်သည်။
ဒါပေမယ့် ချောင်ထျန်းချန်ကတော့ ဒါကို အတော်လေး အံ့အားသင့်သွားတယ်၊မြို့စားမင်းရှောင်က တကယ့်ကို လုပ်ဆောင်တာ မြန်တာပဲ။
လီလင်းအာဆိုတဲ့ အဲ့ဒီမိန်းမက သူသာ သူမကို အနီးကပ် မကြည့်နေခဲ့ဘူးဆိုရင် သူမက သေချာပေါက် အဆုံးထိကို ဒုက္ခပေးပြီး ပြဿနာရှာမှာ။
နင်းမုန့်ယောင်က သူမလုပ်နေတာတွေကို ရပ်လိုက်ပြီး ချောင်ထျန်းချန်ဘက်ကို လှည့်ကာ
"ဘာလို့လဲ"
"အမတ်လင်းပဲဖြစ်ဖြစ် မြို့စားမင်းရှောင်ပဲဖြစ်ဖြစ် ကိုယ်တို့ကို အခုချိန်မှာ ရန်စလို့မဖြစ်ဘူးဆိုတာ သူတို့ သေချာသဘောပေါက်တယ်လေ"
ချောင်ထျန်းချန်က သူ့မျက်ဝန်းထဲမှာ လှောင်ပြောင်အထင်သေးမှုတွေ ဖော်ပြနေသည်။သူက သူတို့အကြောင်းကို အများကြီး စဉ်းစားမနေဘဲ သူတို့ကို လုံးဝ အထင်သေးတယ်။ဒီကိစ္စက ပြီးသွားပြီလို့ သူတို့က ထင်နေတာလား?ရူးသွပ်တဲ့ စိတ်ကူးယဉ်မှုတစ်ခုပဲ။
နင်းမုန့်ယောင်ရဲ့အတွေးတွေကလည်း ချောင်ထျန်းချန်နဲ့ အတူတူပင် ဖြစ်သည်။သူ အဲ့ဒီအရာတွေ အားလုံးကို ပြောပြပြီးတဲ့နောက် နင်းမုန့်ယောင်ရဲ့ မျက်နှာပေါ်မှာ အထင်သေးမှု ပေါ်ပေါက်လာသည်။
"ကျွန်မ ခဲအိုကို မြန်မြန်လုပ်ဖို့ ပြောလိုက်မယ်"
အမတ်လင်းနဲ့ရှောင်အိမ်တော်ရဲ့ ကံကြမ္မာတွေက ဆုံးဖြတ်ပြီးသွားပြီ။
ချောင်ထျန်းချန်က သူမ အဲ့ဒါကိုပြောတဲ့အချိန် ရယ်ပဲရယ်နေခဲ့တယ်။သူ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ကန့်ကွက်စရာ မရှိဘူး။
နင်းမုန့်ယောင်ရဲ့ ဆုံးဖြတ်ချက်က သံသယဝင်စရာ မလိုအောင်ဘဲ အဲ့ဒီမိသားစုနှစ်စုကို ထိခိုက်သွားစေမှာ သေချာတယ်။
ညီလာခံထဲက ဖိနှပ်မှုကိုတောင် မဖြေရှင်းနိုင်သေးဘူး။စီးပွားရေးဘက်မှာလည်း ထုန်ပေါင်ကျိုက်ကလူတွေက သူတို့တွေ့သမျှလူကို ကိုက်နေတဲ့ ရူးသွပ်နေတဲ့တိရစ္ဆာန်တွေလိုမျိုးပဲ။
စာကြည့်ခန်းထဲမှာ လင်းလော်က နေရာပေါင်းစုံကနေ သူရရှိလာတဲ့ သတင်းတွေကို ကြည့်ပြီးတော့ သူ့မျက်နှာအမူအရာက မြင်မကောင်း ဖြစ်လာသည်။
ထုန်ပေါင်ကျိုက်သာ အမှန်တကယ် လှုပ်ရှားမှု လုပ်လာခဲ့ရင် သူတို့ကို ထိခိုက်သွားစေမယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိတယ်။အဲ့ဒါအပြင် လက်တုံ့ပြန်ဖို့အတွက် သူတို့မှာ အခွင့်အလမ်းမရှိဘူး။ဒါပေမယ့် ထိုအချိန်တုန်းက ထုန်ပေါင်ကျိုက်က သူတို့ကို အသက်ရှူဖို့ အခွင့်အရေး ပေးထားသေးတယ်။ဒီတစ်ခေါက်တော့ ထုန်ပေါင်ကျိုက်က သူတို့အသက်တွေကို လိုချင်နေတဲ့အတိုင်း သူတို့ကို သေနိုင်လောက်တဲ့အထိ ဖိနှိပ်လာတယ်။
"သခင်လေး ဒါရဲ့နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာကို ကျွန်တော်အခုထိ ရှာမတွေ့သေးဘူး"
မင်ဖန်းက လင်းလော်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့သွားကာ သူ့စိတ်ထဲ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေသည်။
ထုန်ပေါင်ကျိုက် သူတို့ကို စတင်ဖိနှပ်လာတဲ့ အချိန်ကနေစပြီးတောာ့ သူတို့တွေ အဲ့ဒီလူလေးယောက်ကို စုံစမ်းနေကြတာ၊ဒါပေမယ့် ဘယ်လောက်ပဲ သူတို့စုံစမ်းပါစေ သတင်းအချက်အလက် တစ်ခုတောင် မရဘူး။၎င်းက အဲ့ဒီလူတွေက ပျောက်ကွယ်သွားတဲ့အတိုင်းပဲ။
"ငါတို့က သူတို့ကို လွယ်လွယ်လေး ဖမ်းမိသွားရင် ထူးဆန်းနေမှာပေါ့။ဆက်ပြီးတော့သာ စုံစမ်းနေ"
လင်းလော်က ဒီရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်တာကြောင့် မလွဲဧကန်ဖြစ်လိမ့်မယ်လို့တောင် ထင်ပြီးသားဖြစ်သည်။
ဒီလူတွေကို ရှာတွေ့ဖို့က အရမ်းလွယ်ကူနေရင် သူတို့ကို ဒုက္ခပေးဖို့အတွက် အဲ့ဒီလူတွေက ဒီလောက် အားစိုက်ထုတ်ထားမှာ မဟုတ်ဘူး။သူတို့ အဲ့ဒါကိုလုပ်နေတာက စာရင်းထဲကို ပြဿနာတစ်ခု ထပ်ထည့်ချင်လို့ပဲ မဟုတ်ဘူးလား?
"ဒါဆို သခင်လေးရဲ့စီးပွားရေးနဲ့ပတ်သက်ပြီး......."
"ခမ်းနားတဲ့လက်ဆောင်တွေ ပြင်ထားလိုက်။ငါတို့တွေ ရှန့်ကျန့်ကျွင်းအိမ်တော်ဆီသွားပြီးတော့ သူတို့စိတ်ကျေနပ်အောင် လုပ်ပေးရမယ်"
လင်းလော်က ခဏလောက် စဉ်းစားနေခဲ့ပြီးတော့ နောက်ဆုံးတော့ သူ ခြေမချချင်တဲ့နေရာကို သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။
မင်ဖန်းက လင်းလော်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။
"ဒါပေမယ့် သခင်လေး သူတို့က ကျွန်တော်တို့ကို တွေ့ပါ့မလား"
ဖြစ်နိုင်ချေရှိပေမယ့်လည်း အရမ်းကြီး မမျှော်လင့်ထားသင့်ဘူး။
လင်းလော်လည်းပဲ တူညီတဲ့စိုးရိမ်မှုရှိနေကာ
"ငါတို့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားရမှာပေါ့"