← Chapters

အခန်း ၂၄၁

Vol. 10 Ch. 241

အခန်း ၂၄၁

Vol. 10 Ch. 241

Chapter 241

စစ်သူကြီးအိမ်တော်ကို သွားရတာက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှု မရှိတာကြောင့်သာ ဖြစ်သည်။တစ်ခြားနည်းလမ်းသာ ရှိမယ်ဆိုရင် နင်းမုန့်ယောင်ကို သူ့ရဲ့ ယခုလက်ရှိ ရှုပ်ထွေးနေတဲ့ အခြေအနေကို မမြင်စေချင်တဲ့အတွက် သူ သွားမှာ မဟုတ်ပေ။

သူတို့ဆုံတွေ့ခဲ့တဲ့နေ့ကနေစပြီးတော့ ခွဲခွာတဲ့နေ့အထိ သူက အမြဲတမ်း အဆင့်အတန်းမြင့်မားတဲ့လူ ဖြစ်ခဲ့တာ။ဒါပေမယ့် အခု သူက တောင်းပန်ရမယ့် အခြေအနေကို ရောက်နေပြီ။၎င်းက သူ့လိုမျိုး မာနကြီးတဲ့လူတစ်ယောက်အတွက် အရမ်းရှက်ဖို့ကောင်းတယ်။

ဒါပေမယ့် သူ့ရဲ့ လက်ရှိအခြေအနေနဲ့ ဘာပဲဖြစ်ဖြစ် အခြားနည်းလမ်း မရှိတော့ပေ။

သူမပြောတာ မှန်ကောင်းမှန်နိုင်တယ်။သူ ပြောင်းလဲသွားတယ်။သူက ရည်မှန်းချက်ကြီးမားလာပြီးတော့ သူ့နဲ့မသက်ဆိုင်တဲ့အရာကို ရယူဖို့ ကြိုးစားတဲ့အတွက် လက်ရှိအနေအထားကို ရောက်လာခဲ့ရတယ်။

လင်းလော်နဲ့မင်ဖန်းတို့ စစ်သူကြီးအိမ်တံခါးဝကို ရောက်တဲ့အချိန် ချင်းရွှယ်နဲ့ကျန်တဲ့လူတွေက ကြိုတင်သတိပေးချက် ရထားပြီးဖြစ်သည်။

"ကျန့်ကျွင်း လင်းလော် ဒီကိုရောက်နေတယ်"

ချင်းရွှယ်က အတော်လေး စိတ်မပျော်ဖြစ်နေတဲ့ လေသံနဲ့ ပြောလိုက်သည်။

သခင်လေးဆိုပြီးတော့ သူ့ကို ခေါ်လေ့ရှိတဲ့ ချင်းရွှယ်ကြောင့် ချောင်ထျန်းချန်က ခဏလောက် အံ့အားသင့်သွားပေမယ့် သူက အမြန် တုံ့ပြန်လိုက်ပြီး နင်းမုန့်ယောင်ကို ကြည့်ကာ

"မင်း သူ့ကို တွေ့ချင်လား"

ချောင်ထျန်းချန်ရဲ့ဘေးနားမှာ အလွန် ပျင်းရိစွာ အနားယူနေတဲ့ နင်းမုန့်ယောင်က သူ့ရဲ့ ချောမောတဲ့မျက်နှာကို ကြည့်ကာ

"ရှင်တွေ့ချင်လို့လား"ဟု မေးလိုက်သည်။

သူ့မေးခွန်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို သူမ အကြမ်းဖျင်း သဘောပေါက်တယ်။

"သူက ဘာလို့ ဒီရောက်လာတာလဲဆိုတာ ကိုယ်သိချင်တယ်"

ချောင်ထျန်းချန်က သူ့အတွေးတွေကို ဖုံးကွယ်မထားပေ။ဒါပေမယ့် နင်းမုန့်ယောင်သာ လင်းလော်ကို မတွေ့ချင်ဘူးဆိုရင် သူက သေချာပေါက် နှင်ထုတ်လိုက်မှာပဲ။

"ဒါဆို ကျွန်မတို့ သူ့ကို တွေ့ကြတာပေါ့"

နင်းမုန့်‌ယောင်က သူမခေါင်းကို စောင်းငဲ့ပြီး ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။

သူမက သူ(လင်းလော်)ဝင်လာတဲ့ အခါကျရင် တိတ်တိတ်လေးပဲ နေနေလိုက်မှာ။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ပါးတွေကို ဆိတ်ဆွဲလိုက်သည်။ချောင်ထျန်းချန်ရဲ့ မျက်ဝန်းတွေထဲမှာ မကောင်းတဲ့အကြည့် ဖြတ်ပြေးသွားသည်။

"သူတို့ကို ဝင်ခိုင်းလိုက်"

"ဟုတ်ကဲ့ ကျန့်ကျွင်း"

ချင်းရွှယ် ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သူ့ပေါင်ကနေ ပွေ့ချီလိုက်ပြီး သူမကို သူ့လက်မောင်းတွေကြားထဲ ပွေ့ဖက်ထားကာ

"အစေခံတွေက ဘာလို့ ကိုယ့်ကိုခေါ်တဲ့ပုံစံရုတ်တရက် ပြောင်းသွားတာလဲ?"

နင်းမုန့်‌ယောင်သာ အဲ့လိုလုပ်ဖို့ မပြောထားဘူးဆိုရင် ချင်းရွှယ်နဲ့ကျန်တဲ့လူတွေက သူ့ကို ဒီလိုခေါ်မှာ မဟုတ်ဘူးဆိုတာ ချောင်ထျန်းချန်သိသည်။

နင်းမုန့်ယောင်က သူ့ခေါင်းကို အသာလေးတွန်းလိုက်တယ်။သူမက မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားကာ

"ဒါက စစ်သူကြီးအိမ်တော်လေ။တစ်ခြားလူတွေက ရှင့်ကို သူတို့က သခင်လေးလို့ ခေါ်နေတာကြားသွားရင် မကောင်းဘူးမလား"

သူ ဂရုမစိုက်ဘူးဆိုတာ သူမ သိပေမယ့်လည်း အခြားလူတွေ သူ့အကြောင်း မကောင်းပြောကြမှာမျိုးကို သူမ မလိုလားပေ။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး

"အမှန်အတိုင်းပြောရမယ်ဆိုရင် မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး"

နင်းမုန့်ယောင်က ပြုံးပြီးတော့ တိတ်တိတ်လေးပဲ နေနေလိုက်တယ်။သူမက သူ့လက်မောင်းတွေပေါ် မှီလိုက်ပြီး သူမမျက်လုံးတွေကို မှိတ်ထားလိုက်တယ်။သူမက အိပ်ငိုက်နေပြီ။

လင်းလော် အထဲဝင်လာတဲ့အချိန် သူတို့ကို ဒီလိုမျိုး တွေ့လိုက်ရတော့ သူ့ခြေလှမ်းတွေက အကြောင်းပြချက်မရှိဘဲ ရပ်တန့်သွားသည်။

သူက နင်းမုန့်ယောင်ကို ဒီလိုမျိုးမြင်ရတာ အံ့အားသင့်သွားတယ်။သူက အနည်းငယ် အံ့ဩသွားတယ်။သူ့စိတ်ထဲမှာ နင်းမုန့်ယောင်က အရမ်းသန်မာတဲ့ အမျိုးသမီးတစ်ယောက်ပဲ။သူ သူမကို ဒီဘဝမှာ ပြန်တွေ့တဲ့အချိန် သူမက ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နေရတာ မဟုတ်ဘူး။ဒါပေမယ့် သူမက သူ့ပိုက်ဆံကို မလိုချင်သလို သူ သူမကို ပိုက်ဆံပေးရင်တောင်မှ ဒေါသထွက်သေးတယ်။

ဒါပေမယ့် အခု သူမက ယောကျာ်းတစ်ယောက်ရဲ့ လက်မောင်းထဲမှာ လှဲနေပြီးတော့ အဲ့ဒီယောကျာ်းက သူ မဟုတ်ဘူး။

သိသာတဲ့ စိတ်မပျော်ရွှင်မှုက လင်းလော်ရဲ့ မျက်ဝန်းတွေထဲ ဖြတ်ပြေးသွားသည်။သူက မင်ဖန်းနဲ့အတူ သူတို့ဆီ လျှောက်သွားသည်။စုံတွဲနဲ့ သိပ်မဝေးတဲ့နေရာမှာ ရပ်ပြီးတော့ သူက နင်းမုန့်ယောင်ကို စိတ်ရှုပ်ထွေးစွာကြည့်ကာ

"ယောင်အာ မင်း တကယ် ပြောင်းလဲသွားပြီ"

နင်းမုန့်ယောင်က မျက်မှောင်ကြုတ်သွားပြီး သူမ ခေါင်းကို ချောင်ထျန်းချန်ရဲ့ လက်မောင်းတွေကြားထဲ ပိုပြီးနက်နက်ရှိုင်းရှိုင်း တိုးဝင်ကာ သူ့အသံကို မကြားချင်တဲ့အတိုင်းပင်။

"မင်းသားလင်း ဒီနေရာကို လာရတဲ့အထိ ဂုဏ်ယူရအောင်ကိုပဲ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သူ့လက်မောင်းတွေထဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပြီး လင်းလော်ကို ပျင်းရိစွာကြည့်ကာ မေးလိုက်သည်။

လင်းလော်က အနည်းငယ် မျက်ခုံးတွန့်သွားပြီး ချောင်ထျန်းချန်ကိုကြည့်ကာ

"ငါ ဒီနေရာကို မေးစရာရှိလို့ ရောက်လာတာ။ဒီ ရူးသွပ်မှုကို ရပ်တန့်ဖို့အတွက် မင်းတို့အားလုံး ဘာလိုချင်ကြတာလဲ"

လင်းလော်က ချောင်ထျန်းချန်ကို တိုက်ရိုက်ကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။

ချောင်ထျန်းချန်က သူ့ကို နားမလည်သလို ပြန်ကြည့်လိုက်ပြီး

"မင်းသားလင်း ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး"

"မင်း......"

လင်းလော်ရဲ့ အမူအရာက ပြောင်းလဲသွားပြီး ချောင်ထျန်းချန်ကို မှုန်ကုပ်ကာ ကြည့်ကာ

"မင်း ထုန်ပေါင်ကျိုက်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ငါသိတယ်။သူတို့ကို ရပ်အောင်လုပ်ပေးဖို့ မင်း ဘာလိုချင်လဲ"

သူ့စကားတွေက နားလည်ဖို့ ရှင်းရှင်းလေးပဲ။ချောင်ထျန်းချန်က အဲ့ဒါကို နားမလည်သေးဘူးဆိုရင် လက်မခံနိုင်စရာပဲ။

ချောင်ထျန်းချန်က လင်း‌လော်ကို ပြုံးပြလိုက်ပြီး

"ရပ်ရမှာလား?ငါတို့ကို ရပ်ခိုင်းရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ?"

ဒီလို သေးငယ်တာလေးကိုတောင် မင်းက သည်းမခံနိုင်ဘူးလား?အဲ့လိုဆိုရင် မင်းရဲ့မိန်းမကို ဘာလို့ သေချာ မစောင့်ကြည့်ထားလဲ?အရင်သင်ခန်းစာက မလုံလောက်သေးလို့လား?

ဒီကိစ္စက ရှောင်ကျီရွှမ်းကြောင့် ဖြစ်တာဆိုပေမယ့်လည်း အမှန်အတိုင်းပြောရရင် အဲ့ဒါက လင်းလော်က ယောင်ယောင်ကို ဆက်တိုက်လာရှာနေခဲ့တာကြောင့်ပဲ မဟုတ်ဘူးလား။အဲ့ဒါကြောင့် သူ့မိန်းမက မနာလိုဖြစ်လာပြီးတော့ ယောင်‌ယောင့်ကို သတ်ဖို့ တွန့်ဆုတ်မနေတော့တာလေ။ဒါကြောင့် အဆုံးမှာတော့ အားလုံးက လင်းလော်ရဲ့အပြစ်တွေပဲ။

လင်းလော်ရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ချောင်ထျန်းချန်ကို အေးစက်စက် ကြည့်ကာ

"ကြည့်ရတာ မင်းမှာ နောက်ဆုံးပြောစရာ မရှိတဲ့ပုံပဲ"

All Chapters