← Chapters

အခန်း ၂၄၂

Vol. 10 Ch. 242

အခန်း ၂၄၂

Vol. 10 Ch. 242

Chapter 242

ချောင်ထျန်းချန်က မျက်ခုံးတစ်ဖက်ပင့်သွားတယ်။သူက ဘယ်လိုလုပ် လင်းလော်ပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ နေမှာလဲ?သူက ယောင်ယောင်ကသာ ဒီကိစ္စကို အလျှော့ပေးလိုက်သရွေ့ အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ပြောနေတာ မဟုတ်ဘူးလား?

အေးစက်စွာ ပြုံးလိုက်ပြီး ချောင်ထျန်းချန်က သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့မိန်းကလေးကို ငုံ့ကြည့်ကာ

"ယောင်ယောင် သူက မင်းကို ပြောစရာရှိလို့တဲ့"

နင်းမုန့်‌ယောင်က သူမလည်ပင်းပေါ်က ယားယံသွားမှုကို ဖယ်ပစ်ဖို့အတွက် လည်ပင်းကိုကြုံ့ကာ ချောင်ထျန်းချန်ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။

ချောင်ထျန်းချန်က ပြုံးလိုက်ပြီး

"ယောင်ယောင်"

နင်းမုန့်ယောင်က လေးလေးနက်နက် မျက်မှောင်ကြုတ်သွားတယ်။သူမက သူမရဲ့လက်ကိုမြှောက်ကာ စိတ်မပျော်ရွှင်စွာနဲ့ သူ့ပါးစပ်ကို ပိတ်လိုက်ပြီး

"မဆူနဲ့"

"ကောင်းပြီ ကိုယ် တိတ်တိတ်လေးနေပါ့မယ်"

ချောင်ထျန်းချန်ရဲ့ မျက်လုံးထဲမှာ အလိုလိုက်ချစ်ခင်မြတ်နိုးမှုတွေ ရှိနေပြီးတော့ သူ့ပါးစပ်ကိုကိုင်ထားတဲ့ သူမလက်ကို ယူကာ ၎င်းကို ကိုက်လိုက်သည်။

နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားရပြီး နင်းမုန့်ယောင်က မျက်လုံးဖွင့်ကာ

"ရှင်ကခွေးလား?ဘာလို့ ကျွန်မကို ကိုက်တာလဲ"

ချောင်ထျန်းချန်ရဲ့ မျက်လုံးတွေက ရယ်မြူးရိပ်သန်းသွားပြီး

"လင်းလော်မှာ မင်းကို ပြောစရာရှိလို့တဲ့"

"ဘာတဲ့လဲ"

နင်းမုန့်‌‌ယောင်က ဆူညံတာကြောင့် နိုးလာရတဲ့အတွက် သူမမျက်နှာက ကြည့်မကောင်းပေ။သူမက လင်းလော်ဘက်ကို လှည့်ကြည့်လိုက်ပြီး မျက်ဝန်းတွေက သိသိသာသာကို စိတ်မရှည်မှုကို ဖော်ပြထားသည်။

"ယောင်အာ မင်း ထုန်ပေါင်ကျိုက်ကို ရပ်ခိုင်းပေးပါ့လား"

လင်းလော်က နင်းမုန့်ယောင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

"ငါက ဘာလို့ လုပ်ရမှာလဲ"

သူတို့တွေ လင်မယားဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး။သူတို့ပြောလာတဲ့စကားတွေက အနည်းနဲ့အများ တူညီနေတာပဲ။

လင်းလော်က ကြောင်သွားပြီး

"ယောင်အာ မင်း........"

"လင်းလော် ငါ ကလေးတစ်ယောက် ဆုံးရှုံးခဲ့ရတယ်"

နင်းမုန့်ယောင်က လင်းလော်ရဲ့စကားတွေကို ဖြတ်ပြောလိုက်ပြီး သူမရဲ့မျက်ဝန်းတွေက အေးစက်အုံ့မှိုင်းနေသည်။

လင်းလော် တိတ်သွားတယ်။နင်းမုန့်ယောင် ဘယ်လောက် ကလေးချစ်တယ်ဆိုတာ သူသိတယ်။

"ယောင်အာ မင်း နောက်ကျရင် ကလေးရနိုင်ပါသေးတယ်"

လင်းလော်က အဲ့လိုသာ ပြောနိုင်တော့တယ်။

နင်းမုန့်ယောင်က လင်းလော်ကို လှောင်လိုက်တယ်။နောက်ကျရင် သူမက ကလေးရနိုင်သေးတယ်တဲ့လား?

"ဒါဆိုရင် နင်လည်း နောက်ကျရင် ပိုက်ဆံရှာနိုင်ပါသေးတယ်"

နင်းမုန့်ယောင်က သူ့စကားတွေနဲ့ပဲသူ့ကိုပြန်ပြီး ထိုးနှက်လိုက်သည်။

ချောင်ထျန်းချန်ရဲ့ မျက်ဝန်းတွေထဲမှာ ရယ်မြူးရိပ်တွေရှိနေပြီး

"ငါတို့တွေ အနာဂတ်မှာ ကလေးတွေရနိုင်တယ်ဆိုတာ မှန်တယ် ဒါပေမယ့် အဲ့ဒီကလေးက ငါတို့တွေ မျှော်လင့်နေခဲ့တဲ့ အရာပဲ"

သူတို့ကြောင့်ပဲ ကလေးက သေသွားရတာ။အခု သူတို့က ဒီနေရာကိုပြေးလာပြီးတော့ စကားကြီးစကားကျယ်တွေပြောပြီး နောက်ထပ်ကလေးရနိုင်ပါသေးတယ်လို့ ပြောဖို့ မျက်နှာရှိသေးတယ်ပေါ့လေ?အဲ့ဒါထက် ရယ်ဖို့ကောင်းတာ ရှိသေးရဲ့လား?

လင်းလော်က သူ စကားပြောမှားသွားတယ်ဆိုတာ သိပြီး သူ့မျက်နှာက တောင့်တင်းသွားကာ ခြောက်ကပ်ကပ်နဲ့

"‌ယောင်အာ မင်း ကိုယ်တို့နှစ်ယောက် အတူတူရှိခဲ့ကြတဲ့ အချိန်တွေကို တွေးပြီးတော့ ဒီကိစ္စကို ဘေးဖယ်ထားလိုက်လို့ မရဘူးလား"

နင်းမုန့်‌ယောင်က ထိုအကြောင်းကို အများကြီး ဂရုမစိုက်ပေမယ့် လင်းလော်ရဲ့စကားတွေကို ကြားတဲ့အခါမှာ သူမရဲ့အမူအရာက ဆိုးဝါးသွားပြီး

"ဒါဆိုရင် နင်က ဘာလို့ ငါတို့အတူတူရှိခဲ့ကြတဲ့ အချိန်တွေကို မကြည့်ဘဲနဲ့ ငါ့ဘဝကို မနှောင့်ယှက်ဘဲ မနေရတာလဲ?နင်ငါ့ဆီကို ထပ်ခါတလဲလဲ လာရှာတာကြောင့်သာ မဟုတ်ရင် ငါ့ကလေးကို ဆုံးရှုံးလိုက်ရလိမ့်မယ်လို့ နင်ထင်လား"

ချောင်ထျန်းချန်က နင်းမုန့်‌‌‌ယောင်ရဲ့ ခံစားချက်တွေတုန်လှုပ်လာတာကို မြင်တော့ သူမကို ချက်ချင်းပွေ့ဖက်လိုက်ပြီး

"ယောင်‌ယောင် အဆင်ပြေတယ်နော်၊ဘာမှမဖြစ်ဘူး။ဒေါသမထွက်နဲ့တော့၊မင်း ကိုယ့်ကို ကတိပေးထားတာ မေ့သွားပြီလား"

သူမရဲ့ ခန္ဓာကိုယ်က သက်သာနေပြီဆိုပေမယ့် အရမ်းကြီး ခံစားချက်ပြင်းထန်တာတွေ ဖြစ်လို့မရသေးဘူး။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ခါးကို တင်းကြပ်စွာ ဖက်ထားပြီးတော့

"ထျန်းချန် သူတို့ကို ကျွန်မအတွက် မောင်းထုတ်ပေးပါ။ကျွန်မ သူတို့ကို မမြင်ချင်ဘူး"

သူမ အကောင်းဆုံးကြိုးစားပြီး သူမနှလုံးသားထဲက အဲ့ဒီနာကျင်မှုကို မေ့ပစ်ခဲ့ရတယ်။ဒါပေမယ့် သူမရဲ့ ဒဏ်ရာက ဖြည်းဖြည်းချင်း ကုစားနေရတုန်းမှာပဲ သူက ဘာလို့ အဲ့ဒါကို ရက်ရက်စက်စက် ဖွင့်ထုတ်ပြီးတော့ အနာပေါ် ဆားလာဖြူးရတာလဲ?

"မင်းသားလင်း သူ(မ)ပြောတာ ကြားလိမ့်မယ်လို့ ထင်ပါတယ်။ကျေးဇူးပြုပြီး ကိုယ့်ဘာသာကိုယ် ထွက်သွားပေးပါ"

ချောင်ထျန်းချန်က သူတို့ကို မကြိုက်ဘူး၊သူတို့ကြောင့်သာ မဟုတ်ရင် ယောင်‌ယောင်က ဒီလောက်အထိ ခံစားချက်ပြင်းထန်လာမှာ မဟုတ်ဘူး။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဖက်လိုက်ပြီး သူမနားထဲကို အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။အဲ့ဒီ သာသာလေး ချော့မြူနေတဲ့အသံက ဘေးနားမှာရှိတဲ့ လင်းလော်ကို နေရထိုင်ရခက်သွားစေပြီး အရှက်ရသွားစေကာ လင်းလော်က မပျော်ရွှင်စွာဖြင့် ထွက်သွားတော့သည်။

စစ်သူကြီးအိမ်တော်ကနေ ထွက်လာပြီးတဲ့နောက် လင်းလော် အနည်းငယ် နောင်တရနေတယ်။သူ ဘာလို့ အဲ့ဒီစကားတွေကို ‌ပြောခဲ့မိတာလဲ?

သူ ဒီနေ့လာတာက သူတို့ကို ဒီကိစ္စကို လျှော်ချပေးဖို့လေ၊အခုတော့ အဲ့ဒီနှစ်ယောက်က သူတို့ကို သေတဲ့အထိ မဖိနှိပ်ဘူးဆိုရင်တောင် သူတို့အတွက် ကံကောင်းနေပြီ။

စစ်သူကြီးအိမ်တော်ရဲ့ ကြီးမားတဲ့ဂိတ်တံခါးကိုကြည့်ပြီး လင်းလော်က လှည့်ထွက်သွားသည်။

ခြံဝင်းထဲမှာ ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို အဆတ်မပြတ် ချော့မော့နေပေမယ့် သူမရဲ့အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

"ယောင်ယောင် အဆင်ပြေသွားမှာပါ"

"သူတို့က ဘယ်လိုလုပ် အဲ့လိုစကားမျိုးကို ပြောနိုင်ရတာလဲ?"

နင်းမုန့်‌ယောင်ရဲ့မျက်နှာက အေးစက်မှောင်မဲနေကာ သူမမျက်ဝန်းတွေက အမုန်းတရားတွေ အပြည့်ပင်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး

"ကိုယ်တို့ ပိုပြီးဝမ်းနည်းလေ သူတို့က ပိုပြီးပျှော်ရွှင်လေပဲ။ကိုယ် မင်းစိတ်ထဲက နာကျင်မှုကိုသိပါတယ် ကိုယ်လည်းအတူတူပဲ"

သူ နင်းမုန့်ယောင်ကို ဘယ်လိုချော့ရမလဲဆိုတာ သေချာမသိပေ။

နင်းမုန့်ယောင်ကို ဒီလိုမျိုးမြင်ရတာက သူ့နှလုံးသားကို နာကျင်စေတယ်။

သူမလက်ကိုဆန့်တန်းကာ ချောင်ထျန်းချန်ကို ဖက်လိုက်ပြီး နင်းမုန့်ယောင်ရဲ့ မျက်ဝန်းတွေက ‌အေးစက်နေသည်။သူမက ရက်စက်ဖို့ အစီအစဉ်မရှိဘူး ဒါပေမယ့် လင်းလော်ရဲ့စကားတွေက သူမကို တကယ် ဒေါသဖြစ်စေတယ်။သူတို့တွေက မျက်နှာမလိုချင်ဘူးဆိုမှတော့ သူမက ထိန်းမလုပ်လို့ဆိုပြီး အပြစ်မတင်ကြနဲ့။

All Chapters