← Chapters

အခန်း ၂၄၃

Vol. 10 Ch. 243

အခန်း ၂၄၃

Vol. 10 Ch. 243

Chapter 243

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးတော့ နင်းမုန့်ယောင်က သူမစိတ်ထဲက မီးကို ငြိမ်းသတ်လိုက်ကာ သူမဘေးနားက ယောကျာ်းကို ကြည့်လိုက်သည်။သူမက မျက်နှာပေါ်မှာ အပြုံးလေးနဲ့

"ထျန်းချန် ကျွန်မအခု အဆင်ပြေသွားပါပြီ"

"အဲ့လိုကြားရတာပဲ ကောင်းတယ်"

ချောင်ထျန်းချန်က နောက်ဆုံးတော့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

မင်ဖန်းက သူ့ရှေ့က လင်းလော်ကို စိုက်ကြည့်ပြီးတော့ ပါးစပ်ဖွင့်ကာ တစ်ခုခုပြောချင်ပေမယ့် အဆုံးမှာတော့ တိတ်တိတ်လေးပဲ နေလိုက်တော့တယ်။

"မင်းမှာပြောစရာ တစ်ခုခုရှိတယ်ဆိုရင် ပြောလေ"

မင်ဖန်းက သူ ငယ်ငယ်လေးထဲက သူ့နောက်ကိုလိုက်လာတာ လင်းလော်က သူ့ကို ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ?

"သခင်လေး ကျွန်တော်တို့ ဒါကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား"

အခုအချိန်မှာ နင်းမုန့်‌‌ယောင်ကို သွားရှာတာက သူတို့ရဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းပဲ။

နင်းမုန့်ယောင်က သဘောမတူခဲ့ဘူး။ဒါကြောင့် သူတို့တွေ ယွီဖုန်းနဲ့ကျန်တဲ့လူတွေကို ရှာတွေရင်တောင်မှ ဘာမှထူးခြားမှာ မဟုတ်ဘူး။

လင်းလော်က ခါးသက်စွာ ပြုံးလိုက်တယ်။မင်ဖန်းတွေးတာကို လင်းလော်က ဘယ်လိုလုပ် မတွေးမိဘဲ နေမှာလဲ?မင်ဖန်းပြောချင်တဲ့ အဓိပ္ပာယ်ကို သူ သဘောပေါက်တယ်၊ဒါပေမယ့်..........သူ သူမကို ဒေါသထွက်စေခဲ့တယ်။ဒါကြောင့် သူ ထပ်သွားရင်တောင်မှ သူ သူမနဲ့ စကားပြောခွင့် မရရုံတင်မကဘူး မောင်းထုတ်ခံလိုက်ရနိုင်တယ်။

ဒါက သူတို့လိုချင်တဲ့အရာ မဟုတ်ဘူး။

"ငါတို့ ဒါကို နောက်မှ ပြောကြတာပေါ့"

လင်းလော်က ဖျော့တော့စွာဖြင့် ပြောလိုက်ပြီး ဒီအကြောင်းကို ဆက်ပြီးတော့ မပြောချင်တော့ပေ။

သူ လင်းအိမ်တော်ကို ပြန်လာတဲ့အချိန် ရှောင်ကျီရွှမ်းက သူ့အမေနဲ့ စကားများနေတာကို မြင်လိုက်ရသည်။

"ရှင်က ကလေးကို စောင့်ရှောက်ဖို့ တာဝန်ရှိတာ မဟုတ်ဘူးလား!သူ ဖျားနေတယ်ဆိုတာကို ဘယ်လိုလုပ် မသိရတာလဲ?"

ရှောင်ကျီရွှမ်းက ကလေးကို ချီထားတဲ့ ကလေးထိန်းကို လက်ညှိုးထိုးပြီးတော့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

လင်းလော်က မျက်မှောင်ကြုတ်သွားပြီး သူတို့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားကာ ဒေါသတကြီး အော်လိုက်သည်။

"မင်း ဒီတစ်ခေါက်ရော ဘာပြဿနာရှာပြန်ပြီလဲ!"

"ငါက ပြဿနာရှာတာလား!လင်းလော် ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့ကလေးက ဖျားလို့ သေသွားလောက်ပြီ!အဖွားတစ်ယောက်လုပ်နေပြီးတော့ ဘယ်လိုလုပ် သူ့မြေးက ဖျားနေတာကို မသိရတာလဲ!ငါတို့ကလေးကို သူ့ဆီအပ်ထားတာ နင်ပဲ။ဒါက နင်တို့အားလုံး ကလေးတစ်‌ယောက်ကို စောင့်ရှောက်တဲ့ ပုံစံလား!"

ရှောင်ကျီရွှမ်းက ဒေါသတကြီး ဖြစ်နေသည်။

သူတို့က ကလေးတစ်ယောက်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ရင် ဒါဆို သူမရဲ့ ကလေးကို သူမဘာသာ စောင့်ရှောက်တာကို တားဖို့ မစဉ်းစားနဲ့။

လင်းလော်က မျက်မှောင်ကြုတ်သွားပြီး

"အမေ ဘယ်လိုဖြစ်တာလဲ"

"ဘယ်သူသိမှာလဲ?ဒါက အစေခံရဲ့ စောင့်ရှောက်မှုအောက်မှာရှိနေတာလေ ငါနဲ့ဘာဆိုင်လို့လဲ"

အစတုန်းကတော့ သူမက သူမရဲ့မြေး ဖျားနေတယ်ဆိုတာ သိရတော့ သူမကိုယ်သူမ အပြစ်တင်နေခဲ့တာ ဒါပေမယ့် ရှောင်ကျီရွှမ်းရဲ့ မောက်မာတဲ့ အပြုအမူကို မြင်ရတာ သူမကို ဒေါသထွက်သွားစေပြီး ရှောင်ကျီရွှမ်းနဲ့ စတင် စကားများတော့တယ်။

ရှောင်ကျီရွှမ်းက လက်သီးဆုပ်ပြီးတော့ အံ့ကြိတ်ကာ

"ရှင်နဲ့ ဘာမှမဆိုင်ဘူးပေါ့လေ။ကောင်းတယ် ဒါဆိုရင် ဒီနေ့ကနေစပြီးတော့ ကျွန်မကလေးကို ကျွန်မစောင့်ရှောက်မယ်၊ကျွန်မ ရှင်တို့ကို ပြောလိုက်တယ်။ကျွန်မ သဘောမတူဘဲနဲ့ ကျွန်မရဲ့ ကလေးကို လာထိဖို့ မစဉ်းစားကြနဲ့!ကျွန်မတို့ သွားမယ်!"

ရှောင်ကျီရွှမ်းက ကလေးကို ချီကာ မည်းနက်ပြီး မကျေနပ်ဖြစ်နေတဲ့ မျက်နှာနဲ့ သူမခြံဝင်းဆီကို ပြန်သွားသည်။သူမခြံဝင်းဆီကို ပြန်လာပြီးတဒ့နောက် သူမက သမားတော်ပင့်ဖို့ အစေခံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။သူမက ဘေးနားမှာ စိုးရိမ်တကြီး ထိုင်စောင့်နေရင်း နှလုံးသား နာကျင်နေရသည်။

အမတ်ကတော်လင်းက အရမ်းဒေါသထွက်လွန်းလို့ သူမမျက်နှာက စိမ်းဖန့်သွားပြီး

"သူ(မ)ကိုကြည့်စမ်း သူ့(မ)ရဲ့ အပြုအမူကို မြင်ရဲ့လား?လော်အာ မင်း သူ(မ)ကို စည်းကမ်းတင်းကြပ်မှ ရမယ်!"

လင်းလော်လည်းပဲ အကူအညီမဲ့စွာဖြင့်

"အမေ ဒါက တကယ်လည်း အမေ့ရဲ့အမှားပဲလေ။ကလေးကဖျားနေတာကို အမေက ဘယ်လိုလုပ် မသိရတာတုန်း"

သူ ရှောင်ကျီရွှမ်းကို မကြိုက်ဘူးဆိုပေမယ့် သူနဲ့ တူတဲ့ ကလေးလေးကိုတော့ နှစ်ခြိုက်ဆဲဖြစ်သည်။

အမတ်ကတော်တော်လင်းက နင်သွားပြီးတော့ လင်းလော်ကို စိုက်ကြည့်လိုက်သည်။သူမက မကျေမနပ်နဲ့

"မင်း ဘာကိုဆိုလိုတာလဲ"

"အမေ ကလေးက လသားလေးပဲ ရှိသေးတာ။တစ်ချက်မှားလိုက်ရုံနဲ့ သူ့အသက်ဆုံးရှုံးသွားနိုင်တယ်"

ကလေးက ငယ်ငယ်လေးပဲ ရှိသေးတာ ဖြစ်ပြီးတော့ အရင်တုန်းက သူနေခဲ့တဲ့ နေရာမှာတောင် သေနိုင်သေးတာ ဒီနေရာလိုမျိုး ဆေးပညာဖွံ့ဖြိုးတိုးတက်မှုမရှိတာဆိုရင်တော့ ပြောမနေနဲ့တော့။

အမတ်ကတော်က လင်းလော်ရဲ့ စကားတွေကို မငြင်းနိုင်ဘဲ အနည်းငယ် ပွစိပွစိပြောပြီးတော့ တိတ်သွားသည်။လင်းလော်က သက်ပြင်းချလိုက်သည်။

လင်းအိမ်တော်က ဖျားနာနေတဲ့ ကလေးတစ်‌ယောက်ကြောင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်ကုန်သည်။

ရှောင်အိမ်တော်တွင် ရှောင်ရီလင်းက မျက်မှောင်ကြုတ်ထားသည်။သူ့မျက်နှာတစ်ခုလုံးက ကူကယ်ရာမဲ့မှုနဲ့ စိုးရိမ်မှုတွေ ပြည့်နှက်နေသည်။

အခြေအနေကသာ ဒီလိုဆက်ဖြစ်နေရင် တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်။အခုဆို သူ့ကို ကူညီလိုက်ရင် သူတို့ပါ ဖိနှိပ်ခံရမှာစိုးတဲ့အတွက် ဘယ်သူမှ သူ့ကို မကူညီရဲကြဘူး။

သူ့ကို ကူညီတာက ထုန်ပေါင်ကျိုက်ကို ဆန့်ကျင်တာပဲ။ဘယ်သူကများ သူ့အတွက်နဲ့ ထုန်ပေါင်ကျိုက်ကို ဆန့်ကျင်မှာလဲ?ဦနှောက်မှာ ပြဿနာရှိနေတဲ့လူတွေကလွဲရင် ဘယ်သူမှ မရှိဘူး။

ရှောင်ရီလင်းက သူ့စာကြည့်ခန်းထဲမှာ စဉ်းစားနေပြီးတော့ သူ့မျက်နှာအမူအရာက အားကိုးရာမဲ့မှုအပြည့်ပင်ဖြစ်သည်။

နောက်ဆုံးတော့ သူက အစေခံတွေကို လက်ဆောင်တွေပြင်ခိုင်းပြီးတော့ စစ်သူကြီးအိမ်တော်ကိုသာ သွားရတော့သည်။

ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်တို့က ရှောင်ရီလင်း လာတယ်ဆိုတာ ကြားတာနဲ့ သူတို့မျက်နှာတွေက အရုပ်ဆိုးသွားတယ်။ပထမတုန်းက ထွက်သွားပြီဖြစ်တဲ့ လင်းလော် အဲ့ဒါနဲ့ အခုကျတော့ ရှောင်ရီလင်းက ရောက်လာတယ်။သူတို့က ဘာဖြစ်ချင်နေကြတာလဲ။

သူတို့လင်မယားပေးတဲ့ ဒုက္ခက မလုံလောက်သေးဘူးလို့ ထင်နေကြတာလား?

မှုန်ကုပ်နေတဲ့ မျက်နှာနဲ့ ချောင်ထျန်းချန်က

"သူ့ကို ဝင်ခိုင်းလိုက်" ဟု ပြောလိုက်သည်။

All Chapters