← Chapters

အခန်း ၂၄၄

Vol. 10 Ch. 244

အခန်း ၂၄၄

Vol. 10 Ch. 244

Chapter 244

ရှောင်ရီလင်းက မျက်နှာထား သိပ်မကောင်းတဲ့ ချင်းရွှယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပေမယ့် ဘာမှ မပြောပေ။

အခြားလူတွေရဲ့ မျက်စိထဲမှာ မြို့စားမင်းရှောင်က တကယ့်ကို တသီးတခြား နေတတ်တဲ့လူ ဖြစ်ပေမယ့် စစ်သူကြီးအိမ်တော်က လူတိုင်းရဲ့ မျက်စိထဲမှာတော့ သူက သူတို့ရဲ့ သခင်တွေကို ထိခိုက်အောင် လုပ်ထားတဲ့လူသာ ဖြစ်သည်။ဒါကြောင့် သူ့ကို သူတို့ကဘာလို့ မျက်နှာထားကောင်းကောင်းနဲ့ ဆက်ဆံပေးရမှာလဲ?

ရှောင်ရီလင်းရဲ့ ခန့်မှန်းချက်က မှန်တယ်လို့ ပြောရမယ်။ချင်းရွှယ်နဲ့အခြားလူတွေက အမှန်တကယ်ကို သူ့ကို မနှစ်ခြိုက်ကြပေ။မုန်းတောင် မုန်းနေကြသေးတယ်။

သူ့စိတ်ထဲက ဒေါသမီးကို ဖိနှိပ်ပြီးတော့ ရှောင်ရီလင်းက ချင်းရွှယ်နောက်ကနေ ခြံဝင်းဆီသို့ လိုက်သွားသည်။သူတို့ရောက်သွားတဲ့ အချိန် ခြံဝင်းထဲက လင်မယားရဲ့ မျက်နှာအမူအရာက ကောင်းမနေပေ။

"မြို့စားမင်းရှောင်မှာ ပြောစရာ တစ်ခုခုရှိလို့လား"

"ရှိတယ်"

"ထုန်ပေါင်ကျိုက်ကို ရပ်ပေးဖို့အတွက် စည်းရုံးပေးဖို့ လာပြောတာဆိုရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ခံမနေပါနဲ့တော့"

ချောင်ထျန်းချန်က ရှောင်ရီလင်းကို စကားပြောဖို့ အခွင့်အရေးမပေးဘဲ သူ့စိတ်ထဲကအရာကို တိုက်ရိုက်ပဲ ပြောလိုက်သည်။

ရှောင်ရီလင်းရဲ့ မျက်နှာက ပြောင်းလဲသွားပြီး မျက်ခုံးတွေ တွန့်ချိုးသွားသည်။သူက သူတို့ကို နားမလည်နိုင်စွာ ကြည့်ပြီးတော့

"ဒါ......ဘာလို့လဲ"

"ဘာလို့လဲ?အဲ့ဒီ လျှို့ဝှက်စစ်သည်တွေက ရှောင်အိမ်တော်က လူတွေ ဟုတ်တယ်မလား?ဒါ့အပြင် အဲ့ဒီလူတွေက မြို့စားမင်းရှောင် ကိုယ်တိုင် စေလွှတ်ပေးခဲ့တဲ့ လူတွေလေ။အခုမှ ဘာလို့လဲဆိုပြီးတော့ ကျွန်တော့်ကို လာမေးတာ ကိုယ့်ကိုကိုယ် ကြောင်သူတော်လို့ မထင်ဘူးလား?"

ချောင်ထျန်းချန်က ရှောင်ရီလင်းကို မျက်နှာသာမပေးဘဲနဲ့ ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဒီကိစ္စက တကယ့်ကို ရှောင်ရီလင်းရဲ့အပြစ်ပဲ။သူက ပြန်လည်မငြင်းပယ်နိုင်ဘူး။မျက်မှောင်ကြုတ်ရုံသာကြုတ်လိုက်ပြီးတော့

"ဒီကိစ္စက တကယ့်ကို ငါ့အမှားပါ။မင်းရဲ့ ဒေါသ ပြေငြိမ်းသွားအောင် ငါတို့ ဘာလုပ်ပေးရမလဲ"

"ကျွန်မတို့ကလေးကို ကျွန်မတို့ဆီ ပြန်လာပေးလေ"

အခုထိ တိတ်တိတ်လေးနေနေခဲ့တဲ့ နင်းမုန့်ယောင်က ရုတ်တရက် သူမပါးစပ်ဖွင့်ကာ ဝင်ပြောလိုက်သည်၊

သူတို့တွေ သူမကလေးကို သူမဆီပြန်ပေးသရွေ့ သူမအားလုံးကို ချက်ချင်းရပ်ပေးလို့ရတယ် ဒါပေမယ့် သူတို့တွေ သူမရဲ့ တောင်းဆိုချက်ကို မလုပ်နိုင်ရင် ဘာမှထပ်ပြီး ပြောစရာ မရှိတော့ဘူး။

ရှောင်ရီလင်း နင်သွားပြီးတော့ ဘာမှမပြောနိုင်တော့ဘူး။သူတို့က သူတို့ရဲ့ကလေးကို ပြန်ပေးစေချင်တာလား?သူက ဘယ်လိုလုပ် ကလေးကို ပြန်ပေးရမှာလဲ?အဲ့ဒီကလေးက သေသွားပြီလေ။သူ့ကို သူမထဲကို ကလေးတစ်‌ယောက် ထိုးထည့်ပေးစေချင်တာလား?

"စစ်သူကြီးချောင် အဲ့ဒါက မင်းတို့က နည်းနည်း........မဖြစ်နိုင်တာကို တောင်းဆိုနေတာနဲ့ မတူဘူးလား"

"ဟားဟား မဖြစ်နိုင်တာကို တောင်းဆိုတယ်?ကျွန်တော်ကတော့ အဲ့ဒါက ဖြစ်နိုင်တယ်လို့ ထင်တာပဲ"

ချောင်ထျန်းချန်က သူတို့လိုချင်တာနဲ့ ပတ်သက်ပြီး မှားယွင်းနေတယ်လို့ မခံစားရပေ။အဲ့ဒီအစား ဒါက ကိစ္စတွေဖြစ်သင့်တဲ့ ပုံစံလို့ ခံစားရတယ်။

ရှောင်ရီလင်းက မျက်မှောင်ကြုတ်သွားတယ်။ဒီလင်မယားကိုမြင်ရတာ သူ့ကို ခေါင်းကိုက်‌စေတယ်။

"ဒါကလွဲပြီးတော့ ငါ မင်းအတွက် ဘာမဆိုလုပ်ပေးလို့ရတယ်" ရှောင်ရီလင်းက အံကြိတ်ထားတယ်။

နင်းမုန့်ယောင်က ရှောင်ရီလင်းကို အထင်သေးစွာ ကြည့်လိုက်ပြီး

"အခု ကျွန်မတို့မှာ ပိုက်ဆံရှိတယ်၊အာဏာရှိတယ်။ဒါဆိုရင် ရှင်က ကျွန်မတို့ကို ဘာများပေးနိုင်လို့လဲ"

ဘယ်သူမဆို ကြီးကြီးကျယ်ကျယ်တွေ ပြောကြတာပဲ။ဒါပေမယ့် အဲ့ဒါက သူတို့လျှာဖျားလေးတွေပေါ်မှာပဲ ရှိတယ်။

ရတနာတွေလား?သူမမှာ အများကြီးရှိတယ်။သူ့ရဲ့ စုဆောင်းထားတဲ့ နည်းနည်းလေးကို လိုချင်ရမှာလား?သူ့ကိုယ်သူ အရူးလုပ်နေတာ မရှက်ဘူးလား?

ရှောင်ရီလင်းက သွေးအန်လုနီးပါးပင်။နင်းမုန့်‌‌ယောင်နဲ့ချောင်ထျန်းချန်က သူက နည်းနည်းလေးတောင် အလွတ်မပေးဘူးလို့ မထင်ထားခဲ့ဘူး။

"မြို့စားမင်းရှောင် ကျွန်တော်တို့က တရားလွန်နေတာလို့ မထင်ပါနဲ့။ဒါက ကိုယ်တိုင်ယူဆောင်လာခဲ့တဲ့ အရာပဲလေ"

ချောင်ထျန်းချန်က သံသယမရှိဘဲ ပြောလိုက်သည်။

သူတို့(ရှောင်ရီလင်း)က သူတို့(ချောင်ထျန်းချန်)ကို အရင်တုန်းက တစ်ခါမှ ရန်မစဖူးဘူး။ဒါပေမယ့် ရှောင်ကျီရွှမ်းကြောင့် သူက သူတို့ကို လူလွှတ်ပြီး သတ်ခိုင်းတယ်။ပြီးတော့ အခု ဒီနေရာမှာ သူတို့ကို တောင်းပန်နေရတယ်လေ၊ဒီအခြေအနေထက်ပိုပြီးတော့ ရယ်စရာကောင်းတာ ရှိသေးရဲ့လား?

"ဒါ........."

ရှောင်ရီလင်းက ဆွံ့အသွားပြီး ပြောစရာစကား ပျောက်ဆုံးသွားသည်။

ဒါက တကယ်တော့ သံသယဝင်စရာ မလိုအောင်ကိုဘဲ သူ့အမှားပင်။

"မြို့စားမင်းရှောင် ကျွန်တော်တို့လည်းပဲ အခြားသူတွေကြားရတာ သာယာနာပျော်ဖွယ်ဖြစ်အောင် ပြောတတ်တယ်။ကျွန်တော်တို့ လိုချင်တာ ဘာဖြစ်ဖြစ် ပေးနိုင်တယ်လို့ ပြောတယ်နော်?ကျွန်တော်တို့က ကျွန်တော်တို့ ကလေးကိုပဲ လိုချင်တာ။ခင်ဗျား လုပ်ပေးနိုင်လား"

ချောင်ထျန်းချန်က ရှောင်ရီလင်းရဲ့ ဆိုးဝါးနေတဲ့ မျက်နှာကို လျစ်လျှူရှုထားပြီး ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည်။

"ဒါက........စစ်သူကြီးချောင် ဒီကိစ္စက အကုန်လုံးက ငါ့အမှားတွေပါ၊ဒါပေမယ့် မင်အာကို အပြစ်ပေးတာက မလုံလောက်သေးဘူးလား"

ဒီအတွက်ကြောင့်ပဲ သူ သားတစ်‌‌ယောက် ဆုံးရှုံးပြီးသွားပြီ။ဒါက သူတို့စိတ်ထဲက ဒေါသကို ဖြေဖျောက်ဖို့ မလုံလောက်သေးဘူးလား?

သူ့စကားတွေကိုကြားတော့ ချောင်ထျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"လုံလောက်တာလား?ရှောင်မင်ရန်သေတာက ကျွန်တော်လုပ်တာလို့ ပြောနေတာလား?သူက သဘာဝ ဘေးအတွက် ရည်ရွယ်ထားတဲ့ ငွေတွေသန်းနဲ့ချီ အလွဲသုံးစားလုပ်တာကို ရှာတွေ့သွားလို့ မဟုတ်ဘူးလား"

"မင်း......."

အဲ့ဒါကြောင့်သာ မဟုတ်ရင် ရှောင်မင်ရန်ရဲ့ကိစ္စက ဘယ်လိုလုပ် အဖော်ခံရမှာလဲ?ကွပ်မျက်မှုက တကယ့်ကို ချောင်ထျန်းချန်ကြောင့်ဆိုပေမယ့် ရှောင်ရီလင်းရဲ့သားက အမှန်တကယ် အကျင့်ပျက်ခြစားခဲ့လို့သာလျှင် ဒီလိုရလဒ်မျိုး ထွက်လာတာလေ။

"ကျွန်တော်တို့က ခင်ဗျားတို့ကို ခွင့်မလွှတ်နိုင်စရာ ကိစ္စကြီးလုပ်ထားသလို ပြောမနေနဲ့။ရှောင်မင်ရန်က သူ့သေခြင်းတရားကို သူ့ဘာသာ တောင်းဆိုသွားတာ။ခင်ဗျား အခြားလူတွေကို အပြစ်တင်လို့ မရဘူး"

ချောင်ထျန်းချန်က ရှောင်ရီလင်းက အေးစက်စွာ ပြုံးပြလိုက်သည်။

သူတို့ရှေ့မှာ စာရင်းရှင်းချင်တယ်ပေါ့လေ?သူ စကားမပြောခင် သူ့မိသားစုကိစ္စကိုသာ အရင်ရှင်းထားသင့်တယ်။

ယင်ကောင်တွေက အက်ကြောင်းမရှိတဲ့ ဉတွေကို မနားဘူး။ရှောင်မင်ရန်ဆိုတဲ့ ဉကို ဘယ်သူက ဒီလိုဆိုးဆိုးရွားရွား ကွဲအက်အောင် လုပ်လိုက်လဲဆိုတာ ဘယ်သူသိမှာလဲ?

နင်းမုန့်ယောင်က ရှောင်ရီလင်းရဲ့ စိတ်ဓာတ်ကျနေတဲ့ အမူအရာကို ကြည့်လိုက်တယ်၊ဒါပေမယ့် သူမ လုံးဝ မသနားဘူး။

"တစ်ခြား ပြောစရာ မရှိတော့ဘူးဆိုရင် မြိုစားမင်းရှောင် ကျေးဇူးပြုပြီး သွားပါတော့"

သူတို့ရဲ့အိမ်က ဒီလိုလူမျိုးတွေကို မကြိုဆိုဘူး။

ရှောင်ရီလင်းက သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်၊သူတို့နှစ်ယောက်က သူနဲ့ ညှိနှိုင်းဖို့ ရည်ရွယ်ချက်မရှိတာကို မြင်ရတော့ အဲ့ဒါနဲ့ပတ်သက်ပြီး သူ အကူအညီမဲ့စွာ ခံစားရသည်။

ဒါပေမယ့် တစ်ချက်ကြည့်လိုက်တော့ သူလုံးဝ မှင်သက်အံ့ဩသွားတယ်။သူက နင်းမုန့်ယောင်ရဲ့ နားရွက်နောက်ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေမိတယ်။

All Chapters