အခန်း ၂၄၅
Vol. 10 Ch. 245
Chapter 245
နင်းမုန့်ယောင်ရဲ့နားရွက်နောက်က လက်သည်းခွံအရွယ် လခြမ်းပုံသဏ္ဌာန်မွေးရာပါ အမှတ်အသား ပါနေတာကလွဲလို့ ထူးခြားနေတာမဟုတ်ပေ။
ခန္ဓာကိုယ်ပေါ်မှာ မွေးရာပါအမှတ် တစ်ခု ဒါမှမဟုတ် နှစ်ခုရှိတာက ပုံမှန်ပင်။သို့ပေမယ့် ရှောင်ရီလင်းက သူမပေါ်မှာအမှတ်ကိုမြင်ရတာကို နားမလည်နိုင်ပေ။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
"မင်း.........မင်းဘယ်သူလဲ?"
ရှောင်ရီလင်းရဲ့အသံက တုန်ရီနေပြီး သူ့မျက်ဝန်းတွေက စိုးရိမ်ထိတ်လန့်မှုအပြည့်ပင်။
ရှောင်ရီလင်းရဲ့ ရုတ်တရက်ပြောင်းလဲမှုက နင်းမုန့်ယောင်ကို မပျော်ရွှင်စွာ မျက်မှောင်ကြုတ်သွားစေပြီး
"ရှင်က အခု ဘာသိချင်ပြန်ပြီလဲ"
"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး" ရှောင်ရီလင်းက ချက်ချင်းပဲ ခေါင်းရမ်းလိုက်သည်။
အခုက အဲ့ဒါကို မေးနေရမယ့် အချိန်မဟုတ်ဘူး။သူ အရင်ဆုံး စုံစမ်းရမယ်။ဟုတ်တယ် သူ ထွက်သွားပြီးတော့ ဒီကိစ္စကို ချက်ချင်းစုံစမ်းရမယ်။
အဲ့လိုတွေးပြီးတာနဲ့ ရှောင်ရီလင်းက ချက်ချင်းထွက်သွားသည်။သူ့ရဲ့နောက်ဆုံးခြေလှမ်းက ပြေးသွားတဲ့အတိုင်းပင်။
နင်းမုန့်ယောင်က မျက်မှောင်ကြုတ်သွားတယ်။ရှောင်ရီလင်းက ရုတ်တရက်ကြီး ရူးသွားတယ်လို့ သူမ ဘာလို့ ခံစားမိနေတာလဲ?
"သူက ဘာဖြစ်သွားတာလဲ?ထူးဆန်းတယ်"
သူ့တုံ့ပြန်မှုက အစကနေ အခုဆိုရင် အရမ်း ကွာခြားလွန်းမနေဘူးလား?
ချောင်ထျန်းချန်က မျက်ခုံးပင့်ကာ
"ကိုယ်လည်းမသိဘူး"
သူ မှတ်မိတာသာ မမှားဘူးဆိုရင် ရှောင်ရီလင်းက နင်းမုန့်ယောင်ရဲ့ နားအနောက်ဘက်ကို စိုက်ကြည့်နေခဲ့တာ ဖြစ်သည်။အဲ့ဒီနေရာမှာ လခြမ်းလိုမျိူး လှပတဲ့ မွေးရာပါအမှတ်အသား တစ်ခုရှိသည်။၎င်းက အရမ်းမကြီးပေ လက်သည်းခွံလောက်သာ ဖြစ်သည်။
သူ့ခေါင်းကို ဘေးစောင်းလိုက်ပြီး နင်းမုန့်ယောင်ရဲ့နားရွက်နောက်က မွေးရာပါအမှတ်ကိုကြည့်ကာ မျက်စိတွေ မှေးကျဉ်းသွားတယ်။အဲ့ဒီ မွေးရာပါ အမှတ်ကြောင့် ဖြစ်နိုင်လား?
"ထျန်းချန် ရှင်ဘာတွေ စဉ်းစားနေတာလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အကြိမ်အနည်းငယ် ခေါ်ပေမယ့် သူက ပြန်ဖြေမလာခဲ့ဘဲ မျက်မှောင်ကြီးကြုတ်ထားကာ အတွေးနစ်နေသလို ဖြစ်နေတာကြောင့် သူမကို ပဟေဠိဖြစ်သွားစေသည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ နားကို ပွတ်လိုက်ပြီး သူမရဲ့နားနောက်မှာရှိတဲ့ မွေးရာပါအမှတ်အကြောင်း ပြောလိုက်သည်။
"အဲ့ဒါကို မပွတ်နဲ့။ယားတယ်"
နင်းမုန့်ယောင်က သူမနားနောက်ကို ပွတ်နေတဲ့ လက်ကို တွန်းဖယ်ပစ်လိုက်သည်။
"ရှင်ကပါ ဘာလို့ အဲ့လောက် ထူးဆန်းနေတာလဲ"
"ရှောင်ရီလင်း ပြောင်းလဲသွားတာက မင်းရဲ့နားနောက်က မွေးရာပါအမှတ်ကြောင့် ဖြစ်နိုင်တယ်"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ လက်ကို သူ့လက်ဖဝါးပေါ်မှာ ဆုပ်ကိုင်ထားသည်။
နင်းမုန့်ယောင်က သူမရဲ့နားနောက်က မွေးရာပါအမှတ်ကို ပွတ်ကြည့်လိုက်တယ်။သူမ ဒီမွေးရာပါအမှတ်အကြောင်း သိတယ်။
အရင်တုန်းက အစ်မကြီးမိန့်နဲ့အခြားလူတွေက ဒီအမှတ်က လှတယ်ဆိုပြီး သူမကို ပြောဖူးတယ်။ဒါပေမယ့် ဒါက ရှောင်ရီလင်းနဲ့ ဘာဆိုင်လို့လဲ?
"ဒါက သူနဲ့ဘာဆိုင်လို့လဲ" နင်းမုန့်ယောင်က သူမသံသယကို ထုတ်မေးလိုက်သည်။
ရှောင်ရီလင်းရဲ့ အမူအရာက အရမ်း စိတ်တုန်လှုပ်သွားတဲ့ပုံစံနဲ့ သူက..........မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုကို မြင်လိုက်ရသလိုပဲ။
"ကိုယ်လည်း ဒီကိစ္စကို သေချာမသိဘူး။သူသာ ဒီအမှတ်ကို သတိရပြီဆိုရင် ဒါဆို သူမကြာခင် ကိုယ်တို့ကို လာရှာလိမ့်မယ်"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို အဲ့ဒီအပေါ်မှာ အရမ်း စိတ်ရှုပ်ခွင့်မပြုဘဲ သူမရဲ့ လက်ကိုဆွဲကာ
"ကိုယ်တို့ အခုဆို မြို့တော်ကိုရောက်နေတာ အချိန်အတော်ကြာနေပြီ။ဒါပေမယ့် မင်းကို အခုထိ အပြင်လိုက်မပို့ရသေးဘူး။ကိုယ်တို့တွေ လမ်းလျှောက်ထွက်ကြမလား"
"ကောင်းပြီလေ"
နင်းမုန့်ယောင်က အဲ့ဒါနဲ့ပတ်သက်ပြီး နည်းနည်းလောက် စဉ်းစားပြီးတော့ ခေါင်းငြိမ့်လိုက်သည်။
အရင်တုန်းက သူမ ဒီနေရာမှာ နေဖူးတယ်ဆိုပေမယ့် သူမအိမ်က မြို့စွန်မှာ တည်ရှိတဲ့အတွက် မြို့လယ်ခေါင်ကို သိပ်မသွားပေ၊
"သွားကြမယ်"
သူ့လက်ကိုဆန့်တန်းကာ နင်းမုန့်ယောင်ကို ထဖို့ကူပေးလိုက်ပြီး နှစ်ယောက်သား အတူတူ ထွက်သွားကြသည်။
မြို့တော်ရဲ့အလည်ဗဟိုက ယခင်ကလိုမျိုး ဆူညံဆဲဖြစ်ပြီး ၎င်းက သူမရဲ့ ပထမဆုံး ထင်မြင်ချက်ပင်။
အရင်တုန်းက မြို့တော်ထဲမှာ သူမတစ်ယောက်ထဲပဲ။ချောင်ထျန်းချန်နဲ့အတူတူ လမ်းလျှောက်ရတာက မတူညီတဲ့ခံစားချက်ကို ရစေတယ်။
သူတို့နှစ်ယောက်က ဈေးဆိုင်ငယ်လေးမှာ နေ့တစ်ဝက်လောက် နေခဲ့ပြီး သူတို့ကြိုက်တဲ့အရာတွေကို ဝယ်ခဲ့ကြသည်။အဲ့ဒီနေရာမှာ သူတို့မျက်စိကျတာ ဘာမှမရှိတော့ဘူးဆိုရင် သူတို့က နောက်တစ်ဆိုင်ကို ပြောင်းသည်။
သူတို့မှာ ဦးတည်ချက်မရှိပေ၊တစ်နေရာပြီး နောက်တစ်နေရာကိုသာ ရည်မှန်းချက်မရှိ လည်ပတ်နေကြတာ ဖြစ်သည်။
စားသောက်ဆိုင်တစ်ခုမှာ မိတ်ဆွေတွေနဲ့ စကားပြောနေတဲ့ ရှောင်ချီထျန်းက မြေပြင်က သူတို့နှစ်ယောက်ကို တွေ့ပြီးတော့ သူတို့ကို နှုတ်ဆက်ချင်သွားသည်။ဒါပေမယ့် သူက အဲ့အတွေးကို အမြန်ဖျောက်လိုက်တယ်။သူသာ အခုဆင်းသွားမယ်ဆိုရင် ချောင်ထျန်းချန်က သူ့ကို ဘာလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ?
အောက်ထပ်က မြေပြင်မှာ နင်းမုန့်ယောင်က ဝက်မျက်နှာဖုံးကို ယူပြီးတော့ ချောင်ထျန်းချန် မျက်နှာနဲ့ ယှဉ်ကြည့်လိုက်တယ်။သူမ မတတ်နိုင်ဘဲ ရယ်မိသွားတယ်။
ချောင်ထျန်းချန်က အစကတော့ မသက်မသာ ဖြစ်နေပေမယ့် နင်းမုန့်ယောင် ပျော်ရွှင်နေတာ မြင်ရတော့ သူ့ရဲ့ အဆင်မပြေဖြစ်မှုက ကွယ်ပျောက်သွားပြီး သူ့မျက်နှာပေါ်ကို သူမလုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားလိုက်သည်။
သူတို့နှစ်ယောက် အချိန်ကောင်းလေးကို ပိုင်ဆိုင်နေတုန်းမှာ စစ်သူကြီးအိမ်တော်ကနေ အလောတကြီး ထွက်သွားတဲ့ ရှောင်ရီလင်းက ထိုအချိန်မှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?အဲ့ဒီ လခြမ်းမွေးရာပါအမှတ်က ဘယ်လိုလုပ် နင်းမုန့်ယောင်ဆီမှာ ပေါ်လာရတာလဲ?
သူ့စာကြည့်ခန်းကို အမြန်ပြန်ပြီးတော့ ရှောင်ရီလင်းက ခေါင်းရမ်းကာ သူ့မှာရှိတဲ့ အထင်ကို ထိန်းချုပ်ထားလိုက်တယ်။သူက သူ့လျှို့ဝှက်စစ်သည်တွေရဲ့ ခေါင်းဆောင်ကို အမြန်ခေါ်လိုက်ပြီး
"စစ်သူကြီးရဲ့မိန်းမအကြောင်းကို အားလုံးစုံစမ်းခဲ့”