← Chapters

အခန်း ၂၄၆

Vol. 10 Ch. 246

အခန်း ၂၄၆

Vol. 10 Ch. 246

Chapter 246

နင်းမုန့်ယောင်အကြောင်း စုံစမ်းရန် အမိန့်ပေးပြီးတဲ့နောက် ရှောင်ရီလင်းရဲ့ လက်တွေ တုန်နေတယ်။သူ မြင်လိုက်တာကို မယုံနိုင်သေးဘူး။သူ တကယ်ကြီး အဲ့ဒါကို မြင်ခဲ့တာလား?

မွေးရာပါအမှတ်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်ဆိုတာ သေချာတယ်။အဲ့ဒါတင်မကသေးဘူး မွေးရာပါအမှတ်က ရှောင်မိသားစုအတွက်လည်း အရေးပါတဲ့အရာပဲ။

ရှောင်မိသားစုရဲ့ သွေးသားတွေကသာ ဒီလိုအမှတ်မျိုး ရှိနိုင်တယ်။ဒါ့အပြင် ယောကျာ်းအများစုကပဲ အဲ့ဒီအမှတ်ရှိကြတာ ဖြစ်တယ်။အမျိုးသမီးတွေပေါ်မှာ ပါရှိတယ်ဆိုတာ ရှားတယ်။အဲ့ဒီ မွေးရာပါအမှတ်ပါရှိတဲ့ အမျိုးသမီးတွေက ဧကရီ ဖြစ်လာကြတယ်။ရှောင်မိသားစုထဲမှာ ဒီအမှတ်ပါရှိတဲ့ တစ်ဦးတည်းသော အမျိုးသမီးက တိုင်းပြည်ငယ်လေးကို ရှာတွေ့ခဲ့တဲ့ အကြီးဆုံးမင်းသမီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက အကြီးဆုံး မင်းသမီး ကျင်းရန်ချန်း ဖြစ်တယ်။

အစောပိုင်းကာလတွေတုန်းက သေးငယ်တဲ့နိုင်ငံတစ်နိုင်ငံက ဘယ်သူမှ အနိုင်မကျင့်ရဲတဲ့ နိုင်ငံအဖြစ်သို့ ပြောင်းလဲသွားပြီး အဲ့ဒီအချိန်မှာ ပြိုလဲနေပြီဖြစ်တဲ့ ရှောင်မင်းဆက်ကို ဦးဆောင်ကာ ၎င်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူခဲ့သည်။

ဒါပေမယ့် အခု သူ ဒီနေ့ မြင်တဲ့ မွေးရာပါအမှတ်ရှိတဲ့လူက ရှောင်မိသားစုက မဟုတ်ဘူးလေ။အဲ့ထက်ပိုတာက မိန်းမတစ်ယောက် ဖြစ်နေတာပဲ။သူ ဘယ်လိုလုပ် မအံ့ဩပဲ နေမှာလဲ?

တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?ရှောင်ရီလင်းရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားတယ်။ကြည့်ရတာတော့ စုံစမ်းပြီးမှပဲ သူ အတည်ပြုနိုင်တော့မယ်။

ရှောင်ရီလင်းက စိုးရိမ်ပူပန်လာပြီး ရလဒ်ကိုသိရဖို့ မစောင့်နိုင်တော့ပေ။

အခြားတစ်ဖက်မှာတော့ နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်က ဈေးဝယ်ပြီး ပင်ပန်းနေပြီဖြစ်တဲ့အတွက် ရှောင်ချီထျန်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကိုသွားပြီး နာမည်ကြီးဟင်းပွဲအချို့ကို မှာလိုက်သည်။သူတို့က ဝိုင်တစ်အိုးလည်း မှာလိုက်သေးသည်။

စားပွဲပေါ်ကို သူတို့ရဲ့ ဟင်းပွဲတွေ ရောက်တဲ့အချိန်မှာပဲ ရှောင်ချီထျန်းက သူတို့ရဲ့ အခန်းကို ရှာတွေ့တာ ဖြစ်သည်။သူက သူ့ရဲ့မိတ်ဆွေတွေကို မြန်မြန်ဖယ်ထုတ်လိုက်ပြီး လက်ထဲမှာ ယပ်တောင်တစ်ချောင်းကိုင်ကာ ချောင်ထျန်းချန်တို့ဆီကို လျှောက်သွားသည်။

တံခါးဝက ရုတ်တရက် တံခါးခေါက်သံက စုံတွဲကို မျက်မှောင်ကြုတ်သွားစေတယ်။သူတို့က နှောင့်ယှက်ခံရတာကို မကြိုက်ဘူး။

"ဝင်လာပါ......."

ရှောင်ချီထျန်း တံခါးကို တွန်းဖွင့်ပြီး ဝင်လာတဲ့အချိန် ချောင်ထျန်းချန်ရဲ့ မပျော်ရွှင်တဲ့ အမူအရာကို ချက်ချင်း သတိထားမိလိုက်သည်။

"ငါ မင်းတို့နှစ်ယောက်ကို နှောင့်ယှက်မိသွားပြီလား"

ရှောင်ချီထျန်းက သတိအပြည့်ထားပြီးတော့ သူတို့ကို ကြည့်လိုက်တယ်။

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို စိုက်ကြည့်လိုက်ပြီး အဲ့ဒီနောက် ဝိုင်တစ်ခွက် လောင်းထည့်ကာ

"ထိုင်လေ" ဟု ပြောလိုက်သည်။

ချောင်ထျန်းချန်ရဲ့ အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံနေတဲ့ အပြုအမူက ရှောင်ချီထျန်းကို ပိုပြီးတော့တောင် စိုးရိမ်သွားစေတယ်။သူက ချောင်ထျန်းချန်ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး

"ထျန်းချန် မင်း ဘာလုပ်နေတာလဲ?ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ"

ဒီလို စိတ်ထားကောင်းနေတဲ့ ချောင်ထျန်းချန်ကို လက်ခံဖို့က ခက်ခဲတယ်။

သူ့အမူအရာက စောနတုန်းက မှောင်မဲနေတာကို အခုကျ ညင်သာသွားတယ်။သူ့(ရှောင်ချီထျန်း)အတွက် သောက်စရာတောင် ထည့်ပေးလိုက်သေးတယ်။ရှောင်ချီထျန်းအတွက်ကတော့ အဲ့ဒါက အမှန်တကယ်ကို လက်ခံဖို့ ခက်ခဲတယ်။

ဘယ်တုန်းက ချောင်ထျန်းချန်က သူ့ကို ဒီလိုမျိူး ညင်ညင်သာသာ ပြောဖူးလို့လဲ?

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို မျက်လုံးလှိမ့်ကြည့်လိုက်ပြီး အဲ့ဒီနောက် မျက်စိကိုမှေးကာ

"အဲ့တော့ မင်းထိုင်မှာလား?မထိုင်ဘူးဆိုရင် ချက်ချင်း ထွက်သွားတော့"

ကြည့်ရတာတော့ ဒီကလေးက တကယ့်ကို သင်ခန်းစာပေးဖို့ လိုနေပြီ၊သူက ဘယ်လိုလုပ် ငါ့ကို သံသယဖြစ်နေရတာလဲ။

ရှောင်ချီထျန်းက သူတို့နဲ့ ဆန့်ကျင်ဘက်မှာ အမြန်ထိုင်လိုက်သည်။သူ့ရဲ့ နာခံနေတဲ့ အမူအရာကို ကြည့်ပြီးတော့ နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ရယ်မိသွားသည်။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို သနားစရာကောင်းတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး ချောင်ထျန်းချန်ရဲ့ သူ့ကို ရက်စက်တာတွေကို စွပ်စွဲနေသည်။

"မင်း ဘယ်ကိုကြည့်နေတာလဲ?မင်း မျက်လုံးတွေ လိုချင်သေးလား"

သူ(ရှောင်ချီထျန်း)က သူ့မိန်းမကို ဘယ်လိုလုပ် အဲ့လို အကြည့်မျိုးနဲ့ ကြည့်ရဲတာလဲ?သူ(ရှောင်ချီထျန်း)ကို ဒုက္ခပေးစေချင်နေတာပဲ။

ရှောင်ချီထျန်းက ရုတ်တရက် တောင့်တင်းသွားတယ်။ဒီလူက အလွယ်တကူ သဝန်တိုတတ်တယ်ဆိုတာ သူ ဘယ်လိုလုပ် မေ့သွားရတာလဲ?

"ငါမှားတာပါ။ငါ့ကို အဲ့လိုကြီး မကြည့်ပါနဲ့ တကယ်ကြောက်လာပြီ"

ရှောင်ချီထျန်းက သူ့လက်နှစ်ဖက်ကို အမြန်မြှောက်ပြီး လက်နက်ချလိုက်သည်။

ငါက တစ်ချက်လေးပဲ ကြည့်မိတာကို။တကယ့်ကို စိတ်တိုလွယ်တဲ့လူပဲ။ရှောင်ချီထျန်းက သူ့ဘာသာ တိုးတိုးလေး ပြောလိုက်တယ်။

ချောင်ထျန်းချန်ရဲ့ မှေးကျဉ်းထားတဲ့ မျက်လုံးတွေကို ကြည့်ပြီး ရှောင်ချီထျန်းက သူ့ကို အပြစ်လုပ်မိမှာကို ရှောင်ရှားဖို့အတွက် စကားအများကြီးမပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ထျန်းချန် တော်တော့။

တကယ်တော့ ကျွန်မတို့ ရှင့်ကိုခေါ်လိုက်တာက မေးစရာလေးရှိလို့"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ လက်ကိုပုတ်ကာ ရပ်ဖို့ပြောလိုက်သည်။

အဲ့ဒီနှစ်ယောက် အတူတူရှိတဲ့ အချိန်တိုင်း နင်းမုန့်ယောင်ကတော့ သူတို့က ရယ်ရတယ်လို့ အမြဲတမ်စ ခံစားမိတယ်။ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို ကြောက်ပေမယ့်လည်း သူ့ကို ရန်စဖို့ လုံးဝမမေ့ဘူး။အဆုံးကျရင်လည်း သူပဲ ရှုံးသေးတယ်။နင်းမုန့်ယောင်ကတော့ သူဘယ်ကနေ ယုံကြည်မှုအပြည့်ရလာပြီး ဒီလောက်အထိ ရဲတင်းနေလဲဆိုတာ အမှန်တကယ်ကို မသိပေ။

"ဘာမေးမလို့လဲ?မေးသာမေးလေ မုန့်ယောင်"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို သတိရှိရှိ လျစ်လျှူရှုထားလိုက်ပြီး နင်းမုန့်ယောင်ဘက်လှည့်ကာ တစ်ချိန်တည်းမှာပဲ သူ့ထိုင်ခုံကို ချောင်ထျန်းချန်နဲ့ အနည်းငယ်ဝေးတဲ့ဆီ ရွှေ့ထားလိုက်သည်။

"လခြမ်းပုံမွေးရာပါအမှတ်က ဘာကို ကိုယ်စားပြုတာလဲ"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို ကြည့်ကာ တစ်လုံးချင်းဆီ မေးလိုက်သည်။

မေးခွန်းကို ကြားလိုက်ရတော့ ရှောင်ချီထျန်းက သူ့ပါးစပ်ထဲကဝိုင်ကို ထွေးထုတ်မိသွားသည်။

All Chapters