← Chapters

အခန်း ၂၄၇

Vol. 10 Ch. 247

အခန်း ၂၄၇

Vol. 10 Ch. 247

Chapter 247

မှင်သက်အံ့ဩသွားတဲ့ ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို စိုက်ကြည့်ကာ

"မုန့်ယောင် မင်း စောနက ဘာပြောလိုက်တာလဲ" ဟု မေးလိုက်သည်။

ရှောင်ချီထျန်း တအား လန့်သွားတာကို အပြစ်တင်လို့မရဘူးလေ။သူကြားလိုက်ရတာကို မယုံနိုင်ဘူး။

သူမ မေးလိုက်တဲ့အကြောင်းက သူတို့ရဲ့ လျှို့ဝှက်ချက်လေ။အဲ့ဒါကို သူမက တကယ်ကြီး ထိုအကြောင်းကို သိနေတယ်။

ဒါက သူဘယ်လိုပဲတွေးတွေး အဓိပ္ပာယ်ကို မရှိဘူး။

"လခြမ်းပုံမွေးရာပါအမှတ်က ဘာကို ကိုယ်စားပြုတာလဲ"

ရှောင်ချီထျန်းရဲ့ တုံ့ပြန်မှုကို ကြည့်ပြီးတော့ နင်းမုန့်ယောင်က သူ့တုံ့ပြန်မှုရဲ့နောက်ကွယ်က အကြောင်းအရင်းကို ပိုပြီးတော့တောင် သိချင်မိသွားသည်။

ရှောင်ချီထျန်းက သူ့ရဲ့ အံ့အားသင့်မှုကို ထိန်းချုပ်ပြီးတော့ နင်းမုန့်ယောင်ကို လေးလေးနက်နက် စိုက်ကြည့်ကာ

"မုန့်ယောင် မင်းက ဘာလို့ အဲ့ဒီအကြောင်းကို သိချင်ရတာလဲဆိုတာ ငါ သိခွင့်ရှိမလား"

နင်းမုန့်ယောင်က သူမခေါင်းကို ငုံ့လိုက်ပြီး သူမနားရွက်နောက်ကို ရှောင်ချီထျန်းမြင်ရအောင် အနည်းငယ် လှည့်ပေးလိုက်သည်။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ရဲ့နားက မွေးရာပါအမှတ်ကို မြင်တဲ့အခါမှာ သူ့စိတ်ထဲ ဗလာဖြစ်သွားပြီး နင်းမုန့်ယောင်ကို စိုက်ကြည့်နေမိသည်။

ဒီတစ်ခေါက် သူ့တုံ့ပြန်မှုက စောနတုန်းကထက် ပိုပြီးတော့ ပြင်းထန်တယ်။သူမြင်လိုက်ရတာကို မယုံကြည်နိင်ဘူး။

"ရှင်တို့က ကျွန်မရဲ့မွေးရာပါအမှတ်ကို မြင်တာကို ဘာလို့ ဒီလောက် ထူးဆန်းနေကြတာလဲ"

ရှောင်ချီထျန်းက နင်းမုန့်ယောင်ရဲ့ နားနောက်က အမှတ်ကိုသာ ငေးကြည့်နေသည်။နင်းမုန့်ယောင်က မျက်ခုံးပင့်သွားပြီး သူမ သူ့ကို မေးလိုက်တဲ့ လေသံက သိသိသာသာ အံ့ဩသွားသည်။

သူမရဲ့နားကို အလိုအလျောက် ထိလိုက်တယ်။ဒီ မွေးရာပါအမှတ်က ဘာကို ကိုယ်စားပြုတာမလို့ ဒီလူတွေက ဒီလိုကြီးမားတဲ့ တုံ့ပြန်မှုတွေ ရှိနေရတာလဲ?

ရှောင်ချီထျန်းက နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး

"အခြားဘယ်သူ အဲ့ဒါကို မြင်သေးလဲ" ဟု မေးလိုက်သည်။

"မြို့စားမင်းရှောင် ရှောင်ရီလင်း"

ချောင်ထျန်းချန်က တိတ်နေတဲ့ နင်းမုန့်ယောင်ကိုကြည့်ကာ သူမကိုယ်စား ဖြေပေးလိုက်သည်။

"အာ......အံ့ဩစရာမရှိတော့ဘူး"

နင်းမုန့်ယောင်က မွေးရာပါအမှတ်က ဘာအဓိပ္ပာယ်လဲလို့မေးတာ အံ့ဩစရာမရှိတော့ဘူး။အဲ့ဒါက ရှောင်ရီလင်းကြောင့် ဖြစ်နေတာပဲ။

"ရှင် အရမ်း စကားများတာပဲ။အဲ့တော့ ဒါက ဘာအဓိပ္ပာယ်လဲ"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

သူမ မသိပဲနေရတဲ့ ခံစားချက်ကို တကယ် မကြိုက်ဘူး။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ကြည့်ပြီးတော့ လေးလေးနက်နက်နဲ့

"အဲ့ဒါက ငါတို့က မောင်နှမတွေတော့မဟုတ်ဘူး ဒါပေမယ့် ဆွေမျိုးတွေ အဖြစ်နဲ့ သွေးသားတော်စပ်နေပုံရတယ်"

နင်းမုန့်ယောင်က သူ့ထက် တစ်လ သို့မဟုတ် နှစ်လ အသက်ကြီးတယ်။

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို နေရခက်စွာကြည့်လိုက်ပြီး စိတ်မသက်မသာ ဖြစ်စွာဖြင့်

"ရှင် မှားတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား" ဟု မေးလိုက်သည်။

"ငါ သေချာတယ်။ငါ့အစ်ကိုနဲ့ငါ့ဆီမှာလည်း အဲ့ဒီအမှတ်ရှိတယ်။သူ့ဟာက ကျောပေါ်မှာ ငါ့ဟာက ဒီမှာ"

ရှောင်ချီထျန်းက သူ့ဘယ်ဘက်လက် အင်္ကျီစကို မတင်ပြီး လခြမ်းပုံအမှတ်ကို ပြလိုက်သည်။အဲ့ဒါက နင်းမုန့်‌ယောင်မှာ ရှိတဲ့ဟာနဲ့ ပုံစံအတူတူပဲ ဖြစ်သည်။

နင်းမုန့်ယောင်က ရှောင်ချီထျန်းပေါ်က မွေးရာပါအမှတ်ကို စိုက်ကြည့်ပြီး တုန်လှုပ်သွားတယ်။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

သူမက အပ်ချုပ်ဆရာမကြီး တစ်ဦးဆီကနေ မွေးစားခံထားခဲ့ရတဲ့ မိဘမဲ့တစ်‌ယောက်လေ။ဒါပေမယ့် သူမကို အခု ဒီအကြောင်း လာပြောနေတယ်။ဒါက သူမလက်ခံဖို့အတွက် အရမ်းခက်ခဲလွန်းတယ်။

နင်းမုန့်ယောင်တင် မဟုတ်ဘဲနဲ့ ချောင်ထျန်းချန်လည်းပဲ အံ့ဩသွားသည်။

"နန်းတော်ကိုသွားပြီး ငါ့အစ်ကိုနဲ့တွေ့ရအောင်"

သူ သူမကို ဘယ်လိုရှင်းပြရမလဲဆိုတာ မသိတော့ဘူး။အဲ့ဒီအစား သူတို့တွေ ဧကရာဇ်ကို မေးလိုက်တာက ပိုပြီးရှင်းတယ်။

သူက ရှောင်မိသားစုအကြောင်းကို အများကြီး မသိဘူး၊အထူးသဖြင့် ဒီမွေးရာပါအမှတ်ပဲ။သူ မှတ်မိသလောက်ဆိုရင် ရှောင်မိသားစုက ကလေးတွေမွေးလာတိုင်း လူလွှတ်ပြီးတော့ မွေးရာပါအမှတ် စစ်ဆေးလေ့ရှိတယ်၊အထူးသဖြင့် ကလေးက မိန်းကလေးဖြစ်နေရင်ပေါ့။

ဒါပေမယ့် အဲ့ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ သူလည်း သေချာမသိဘူး၊ဒါပေမယ့် ဧကရာဇ်ကတော့ သိလိမ့်မယ်ဆိုတာ သူ ယုံကြည်တဲ့အတွက် နင်းမုန့်ယောင်ကို ချက်ချင်း နန်းတော်ခေါ်သွားပြီး ထိုဟာက ဘာအ‌ကြောင်းလဲဆိုတာ ဖော်ထုတ်ဖို့ အကြံပေးလိုက်တာပဲ ဖြစ်တယ်။

သို့ပေမယ့် နင်းမုန့်ယောင်က သူ့စကားတွေကြားတဲ့အခါမှာ မျက်မှောင်ကြုတ်သွားတယ်။သူမ အဲ့ဒီနေရာကို မသွားချင်ဘူး။အဲ့ဒါက ကြောက်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်ပြီး သူမသာ အဲ့ဒီနေရာကို သွားရင် သူမဘဝထဲ အနှောင့်အယှက်တွေ ဝင်လာလိမ့်မယ်လို့ ခံစားနေရတယ်။

အန္တရာယ်ကို ခံစားမိနေတာ‌ကြောင့် ရှောင်ချီထျန်းနဲ့သွားဖို့ တွန့်ဆုတ်နေမိသည်။

"ယောင်ယောင် ဘာဖြစ်လို့လဲ"

ချောင်ထျန်းချန်က နင်းမုန့်ယောင် မျက်မှောင်ကြုတ်ထားတာကို မြင်ရတော့ စိုးရိမ်သွားတယ်။သူမက တစ်ခုခုကို စိုးရိမ်ပူပန်နေတယ်ဆိုတာ သိသာတယ်။

"ထျန်းချန် ကျွန်မ မသွားချင်ဘူး"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမရဲ့အသံက အနည်းငယ် တုန်ယင်နေသည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင် ဒီလိုမျိူး စိတ်မတည်မငြိမ်ဖြစ်နေတာကို အရင်တုန်းက တစ်ခါမှ မတွေ့ဖူးပေ။

ရှောင်ချီထျန်းရှိနေတာကို လျစ်လျှူရှုထားပြီး ချောင်ထျန်းချန်က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူမရဲ့နောက်ကျောကို ပုတ်ပေးနေလိုက်ပြီး

"စိတ်မပူပါနဲ့။မင်း အဲ့ကိုမသွားချင်ဘူးဆိုရင် ကိုယ်တို့မသွားပါဘူး။မင်းသွားချင်တယ်ဆိုမှသာ သွားမယ်နော်"

ဒီအချိန်မှာ ချောင်ထျန်းချန်က နင်းမုန့်ယောင်ကိုသာ တုံ့ပြန်သည်။

ဘေးနားမှာ စိတ်လှုပ်ရှားစွာရပ်နေတဲ့‌ ရှောင်ချီထျန်းအတွက်တော့ သနားစရာပင်။

All Chapters