← Chapters

အခန်း ၂၄၈

Vol. 10 Ch. 248

အခန်း ၂၄၈

Vol. 10 Ch. 248

Chapter 248

နင်းမုန့်ယောင်ရဲ့ နန်းတော်ကို ကြောက်တဲ့စိတ်က ရှောင်ချီထျန်းကို ရုတ်တရက် ကြက်သေ,သေသွားစေတယ်။

"မုန့်ယောင် ငါ့အစ်ကိုရဲ့နန်းတော်က လူတွေကို မစားပါဘူးဟ။မွေးရာပါအမှတ်က ဘာအဓိပ္ပာယ်လဲဆိုတာ မသိချင်ကြဘူးလား?မင်းတို့နန်းတော်ကိုသွားရင် သိရလိမ့်မယ်"

သူက ဒီအတိုင်းတော့ မထားလိုက်နိုင်ဘူး။

"ကျွန်မတို့ ဆက်ပြီး မသိချင်တော့ဘူး"

၎င်းရဲ့ သရုပ်မှန်က အတော်လေး ဒုက္ခများစေတယ်။ရှောင်ရီလင်းနဲ့ရှောင်ချီထျန်းတို့ ကြီးကြီးမားမား တုံ့ပြန်တာကို ပြောမနေနဲ့တော့။သူမက ထိုအကြောင်းနဲ့ပတ်သက်ပြီး ခံစားချက် မကောင်းဘူးဖြစ်နေတယ် ဒါကြောင့် အဲ့ဒါကို ဆက်ပြီး မသိချင်တော့ဘူး။

သူမရဲ့ မေးခွန်းကသာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာမယ်ဆိုတာသိရင် သူမ သေချာပေါက် အဲ့ဒီအမှတ်အကြောင်းကို မေးခဲ့မှာ မဟုတ်ဘူး။သိချင်စိတ်ပြင်းပြတာက ကြောင်ကို သေစေနိုင်တယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ကြည့်ကာ တိတ်နေခဲ့သည်။ဒီနှစ်ယောက်က အစတုန်းက အရမ်းသိချင်နေကြပြီး အခုကျတော့ ထပ်ပြီး မသိချင်တော့ဘူးတဲ့။

"မုန့်ယောင် မင်း ဘာကို စိုးရိမ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး။အတိုချုပ်ရရင် ကျွန်မ နောက်ထပ် မသိချင်တော့ဘူး"

နင်းမုန့်ယောင်က ခေါင်းရမ်းလိုက်သည်။ဒီလိုခံစားချက်မျိုးကို သူမ အခြားလူတွေကို ပေးသိမှာ မဟုတ်ဘူး။

ရှောင်ချီထျန်းက ဒီအခြေအနေမှာ အကူအညီမဲ့နေသည်။သူမသာ မလုပ်ချင်ဘူးဆိုရင် သူကလည်း သူမကို အတင်းသွားခိုင်းလို့ မရပေ။ဒါပေမယ့် သူ နန်းတော်ကို ပြန်သွားတဲ့အချိန်ကျရင် သူ့အစ်ကိုကို ဒီအကြောင်း ပြောပြမယ်လို့ တွေးထားလိုက်သည်။

ရှောင်ချီထျန်းက လိမ္မာပါးနပ်မှုကို မသိတဲ့ လူတစ်‌ယောက် မဟုတ်ပေ။စုံတွဲနဲ့ ထမင်းစားပြီးတဲ့နောက် ရှောင်ချီထျန်းက သူတို့ကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

အစတုန်းက သူက နန်းတော်ကို ပြန်ပြီးတော့ ရှောင်ချီဖုန်းကို မွေးရာပါအမှတ်အကြောင်း ပြောဖို့ စဉ်းစားထားပေမယ့် သူ ထွက်လာတဲ့အချိန်မှာပဲ ဆိုင်ပိုင်ရှင်က သူ့ကိုတားပြီးတော့ ဆိုင်နဲ့ပတ်သက်တဲ့ ကိစ္စအချို့ ဆွေးနွေးခဲ့သည်။

ဒီလိုအာရုံပျံ့လွင့်သွားတာကြောင့် ရှောင်ချီထျန်းက မွေးရာပါအမှတ်အ‌ကြောင်းကို မေ့သွားသည်။သူ အဲ့ဒါကို ပြန်ပြီး စဉ်းစားမိတဲ့အချိန်မှာ အခြေအနေက ပြင်လို့မရတဲ့ အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။

ရှောင်ချီထျန်း ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က ဆက်ပြီးတော့ စားချင်စိတ် မရှိတော့ပေ။သူမက ချောင်ထျန်းချန်ရဲ့ လက်မောင်းတွေကို မှီလိုက်ပြီး သူမရဲ့ အမူအရာက အားနည်းနေတယ်ဆိုတာကို ပြသနေသည်။

နင်းမုန့်‌ယောင်ရဲ့ အခုလို ပြုမူတဲ့ပုံက ချောင်ထျန်းချန်ကို အလွန် စိတ်ပူပန်သွားစေပြီး

"အားလုံး အဆင်ပြေရဲ့လား"

"ဘာမှမဟုတ်ပါဘူး။ကျွန်မ စဉ်းစားနေတာ၊မိဘမဲ့တစ်ယောက်ကလည်း သရုပ်မှန်တစ်ခု ရှိလာမယ်ဆိုတာကို တွေးတောင်မတွေးမိခဲ့ဘူး"

နင်းမုန့်ယောင်က သူမကိုယ်သူမ ရယ်မောရင်း ပြောလိုက်သည်။

ချောင်ထျန်းချန်က သူမကို သူ့ရင်ခွင်ထဲ ထွေးပွေ့လိုက်ပြီး ညင်သာစွာ သက်ပြင်းချကာ

"အဲ့ဒါကိုလွှတ်ထားလိုက်ပါ။အဲ့ကိစ္စနဲ့ပတ်သက်ပြီး အများကြီး စဉ်းစားမနေနဲ့"

"ကျွန်မ သိပါတယ် ဒါပေမယ့် ကျွန်မစိတ်ထဲမှာတော့ နည်းနည်း စိတ်မသက်မသာ ဖြစ်နေတုန်းပဲ"

သူမ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မခံစားဖူးဘူး။သူမကို အလွန်အမင်းကို စိတ်မသက်မသာ ဖြစ်စေတယ်။

"ကိုယ်တို့တွေ အချိန်ကျလာတော့မှ အဲ့ဒီကိစ္စကို ပြောကြတာပေါ့"

သူက နင်းမုန့်ယောင်ကို အခြားလူတွေအကြောင်း အများကြီး မစဉ်းစားစေချင်ဘူး။သူမက သူ့အကြောင်းကိုပဲ တွေးနေရုံနဲ့တင် အဆင်ပြေနေပြီ။

ရှောင်အိမ်တော်တွင် ရှောင်ရီလင်းက စိုးရိမ်တကြီး စောင့်နေသည်။သူက ပထမဆုံးပေါ်လာတဲ့ အခွင့်အရေးကို လွဲချော်သွားမှာ စိုးရိမ်မိသည်။

သူ့စာကြည့်ခန်းထဲမှာ သူက အရှေ့နဲ့အနောက် ဆက်တိုက်လမ်းလျှောက်နေပြီးတော့ အဲ့ဒီနောက် ထိုင်ခုံပေါ်ထိုင်လိုက်သည်။ဒါပေမယ့် သူက ကြာကြာမထိုင်နိုင်ဘဲ ပြန်ပြီးတော့ အခန်းထဲကို အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေပြန်သည်။သူ့ရဲ့ ဂနာမငြိမ်တဲ့ ပုံစံနဲ့ အပြုအမူတွေက သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့လူတွေကို သံသယဝင်သွားစေသည်။

ငါတို့ရဲ့ သခင်ကြီး ဘာဖြစ်နေတာလဲ?သူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်နေတာလဲ?

"သခင်ကြီး သခင်မက သခင်ကြီးကို တွေ့ချင်နေပါတယ်"

ရှောင်ရီလင်းက သူ့အခန်းထဲမှာ စောင့်နေဆဲ ဖြစ်တဲ့အချိန် အစေခံခေါင်း‌ဆောင်က ရုတ်တရက်ဝင်လာပြီး ပြောလိုက်သည်။

ရှောင်ရီလင်းက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာက စိတ်ရှုပ်နေကာ

"အခု ဘာလိုချင်ပြန်ပြီတဲ့လဲ"

"ကျွန်တော်မသိပါဘူး။သခင်မက သခင်ကြီးကို တွေ့ချင်တယ်လို့ပဲ ပြောတာပါ"

"ငါ့မှာ အခု သူ(မ)နဲ့ စကားပြောဖို့ အချိန်မရှိဘူးလို့ ပြောလိုက်"

သူ့ဆီမှာ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေ ကိုင်တွယ်ဖို့ရှိသေးတယ်။လီလင်းအာနဲ့ စကားပြောပေးဖို့ အချိန်မရှိဘူး။

"ဒါ........ကျွန်တော်တော့ အဲ့ဒါက အလုပ်ဖြစ်မယ် မထင်ဘူး"

အစေခံခေါင်းဆောင်က ဘေးကြပ်နံကြပ် အခြေအနေမှာဖြစ်နေတယ်။သူ့မှာသာ အခြားရွေးချယ်စရာ တစ်ခုရှိမယ်ဆိုရင် ရှောင်ရီလင်းကို လာရှာနေစရာ မလိုဘူး။

ရှောင်ရီလင်းက မျက်မှောင်ကြုတ်ပြီးတော့

"ဘာဖြစ်တာလဲ"

"သခင်မက ပြောတယ်။သခင်ကြီးကသာ သူ(မ)ကို မတွေ့ချင်ဘူးဆိုရင် သူ(မ)က............စစ်သူကြီးရဲ့ မိသားစုမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ထုတ်ပစ်မယ်တဲ့........."

ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်း သေချာသိကြတယ်။

ရှောင်ရီလင်းရဲ့ အမူအရာက ချက်ချင်း အုံ့မှိုင်းသွားပြီး သူ့စိတ်ထဲမှာ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်နေတဲ့အတိုင်းပင်။သူ့အမူအရာက အမှန်တကယ်ကို ဆိုးဝါးနေသည်။

"အဲ့ဆိုလည်း သူ(မ)က ငါနဲ့ ဘာကိစ္စရှိလို့လဲဆိုတာကြည့်ချင်သေးတယ်"

ရှောင်ရီလင်းက လီလင်းအာရဲ့ခြံဝင်းဆီကို အေးစက်စွာ ထွက်သွားသည်။

ရှောင်ရီလင်းရောက်လာတဲ့အခါ လီလင်းအာက ရှောင်ရီလင်းကို လှောင်သလို ကြည့်လိုက်တယ်။သူရောက်လာတာကို သူမ လုံးဝ မအံ့ဩဘူး။

"အရှင့်ကို တွေ့ရဖို့က အရမ်းခက်တာပဲနော်"

လီလင်းအာက ရှောင်ရီလင်းကို သရော်လိုက်သည်။

ရှောင်ရီလင်းက လီလင်းအာကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ဂရုမစိုက်စွာဖြင့်

"နားထောင်ကြည့်ရအောင် မင်းက ဘာလိုချင်တာလဲ"

"ကျွန်မ ခြံဝင်းထဲက ဒီလူတွေ အားလုံးကို ဖယ်ထုတ်လိုက်ပါ"

လီလင်းအာက အနားက အစောင့်တွေကို လက်ညှိုးထိုးပြပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်၊

ရှောင်ရီလင်းက လီလင်းအာကို ဂရုမစိုက်သလို ကြည့်ပြီးတော့

"ဘာအကြောင်းပြချက်နဲ့ ငါက အဲ့လိုလုပ်ရမှာလဲ"

"ရှောင်အိမ်တော်ရဲ့ လျှို့ဝှက်ချက် ဖော်ထုတ်ခံရမှာကို ရှင် မကြောက်ဘူးဆိုရင် ဒါဆို ကျွန်မရဲ့တောင်းဆိုချက်တွေကို သဘောမတူနဲ့ပေါ့"

လီလင်းအာက ရှောင်ရီလင်းကို စိုက်ကြည့်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ရှောင်ရီလင်းက နောက်ဆုံးမှာ သူမရဲ့ တောင်းဆိုချက်တွေကို သဘောတူပေးရမယ်ဆိုတာ သေချာတယ်။

ဒါပေမယ့် ရှောင်ရီလင်းက သူမကို လှောင်သလို ကြည့်လိုက်ပြီး အရူးတစ်‌ယောက်ကို ကြည့်နေသလိုမျိုး ကြည့်လိုက်သည်။ဒါကိုမြင်ရတာ လီလင်းအာအတွက် မကောင်းတဲ့သတိပေးချက် တစ်ခုပင်။

"မင်းလည်းပဲ ရှောင်အိမ်တော်က လူပဲလေ"

All Chapters