← Chapters

အခန်း ၂၄၉

Vol. 10 Ch. 249

အခန်း ၂၄၉

Vol. 10 Ch. 249

Chapter 249

လီလင်းအာရဲ့ အမူအရာက တောင့်တင်းသွားပြီး သူမ မျက်ခုံးတွေက အသာလေး တွန့်ချိုးသွားကာ

"ရှင်ဘာကိုဆိုလိုတာလဲ"

"မင်းက လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်တယ်ဆိုရင် လုပ်လို့ရတယ်။အဲ့ဒီအခါကျရင် ရှောင်အိမ်တော်က ဘာဖြစ်သွားမလဲ?ဖြစ်နိုင်တာက မင်းအပါအဝင် တစ်မိသားစုလုံး အသတ်ခံရလောက်တယ်"

ရှောင်ရီလင်းက လီလင်းအာကို ဂရုမစိုက်စွာ ကြည့်လိုက်သည်။

သူမက သူတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်တယ်ဆိုရင် သူမ လုပ်လိုက်ပေါ့။အခြေအနေက ဆိုးသွားရင် ရှောင်အိမ်တော်ကို သူမလက်တွေနဲ့ ဖျက်ဆီးလိုက်တာပဲလေ။

လီလင်းအာက မှင်သက်နေပြီးတော့ နေရာမှာပဲ ရပ်နေမိတယ်။သူမ အဲ့ဒီအကြောင်းကို မစဉ်းစားမိဘူး။

လီလင်းအာရဲ့ ကြက်သေ,သေနေတဲ့ ပုံစံကို ကြည့်ပြီးတော့ ရှောင်ရီလင်းက နှာခေါင်းရှုံ့ကာ

"ဘာမှမရှိတော့ဘူးဆိုရင် ငါသွားတော့မယ်။ဒီနေရာအတွက်ကတော့..........မင်း ဒီနေရာမှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေသင့်တယ်"

ရှောင်ရီလင်းက ဘယ်လိုချစ်ခင်မှုမျိုးကိုမှ မပြဘဲ လှည့်ထွက်သွားခဲ့သည်။အဲ့ဒီ ဂရုမစိုက်တဲ့ ပုံစံက လီလင်းအာရဲ့ ခြေထောက်တွေကို ပျော့ခွေသွားစေပြီး မြေကြီးပေါ် လဲကျသွားသည်။

သူမ ရှောင်ရီလင်းကို ထိန်းချုပ်နိုင်ပြီလို့ ထင်ခဲ့ပေမယ့် သူက လုံးဝ ဂရုမစိုက်ဘူး။သူ ပြောတာ မှန်တယ်။လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်တာက ပရမ်းပတာဖြစ်သွားစေနိုင်ပြီး အဲ့လိုဖြစ်တဲ့အခါကျရင် သူမလည်းပဲ အသတ်ခံရနိုင်တယ်။သူမရဲ့ မိသားစုကို ဒုက္ခရောက်အောင် လုပ်တာနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်။

ဒါကြောင့် သူမ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်ရင်တောင်မှ သူမ အဲ့လို မလုပ်ရဲပေ။

ရှောင်ရီလင်းက သူ့စာကြည့်ခန်းထဲကို အေးအေးဆေးဆေး ပြန်လာသည်။သူ တံခါးကို တွန်းဖွင့်လိုက်တဲ့အချိန် လျှို့ဝှက်စစ်သည်တွေရဲ့ခေါင်းဆောင်က အထဲ‌မှာရောက်နေတာကို မြင်လိုက်ရသည်။

သူ့ကို မြင်လိုက်ရတော့ ရှောင်ရီလင်းရဲ့ မှုန်ကုပ်နေတဲ့အမူအရာက ချက်ချင်းစိတ်လှုပ်ရှားလာခဲ့ပြီး

"ရှောင်ယီ မင်း တစ်ခုခုရှာတွေ့ခဲ့လား"

"ဟုတ်ကဲ့ သခင်ကြီး။နန်းတော်က အပ်ချုပ်သမ အဖွားကြီးတစ်ဦးက စစ်သူကြီးရဲ့ဇနီးကို ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။အသက်ကြီးတာကြောင့် သူ(မ)ကတော့ သေသွားပြီ။ဒါကြောင့်ပဲ သဲလွန်စ ပျောက်သွားပါတယ်။ပြီးတော့ စုံစမ်းတာက ခဏလောက်တော့ အချိန်ယူရပါမယ်"

ရှောင်ယီက သူရှာတွေ့ခဲ့တဲ့ အကြောင်းအရာတွေကို ရှောင်ရီလင်းကို တင်ပြလိုက်သည်။

ရှောင်ရီလင်း မျက်မှောင်ကြုတ်သွားတယ်။နန်းတော်က အပ်ချုပ်သမ တစ်ဦးလား။

"ဆက်ပြီးတော့ စုံစမ်းချည်။ငါတို့တွေ ဖြစ်နိုင်သမျှ အရာအားလုံးကို ရှာတွေ့ရမယ်"

ရှောင်ရီလင်းက ခဏလောက် စဉ်းစားနေခဲ့ပြီး အဲ့ဒီနောက် ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။

ရှောင်ယီက နာခံလိုက်သည်၊အဲ့ဒီနောက် သူက နောက်ထပ် ထပ်ပြီး မပြောခင် တွေဝေနေခဲ့ပြီး

"ပြီးတော့ စစ်သူကြီးရဲ့ဇနီးက မင်းသမီး မွေးဖွားလာပြီးတော့ နှစ်နာရီအကြာမှာ မွေးခဲ့တယ်ဆိုတာလည်း ကျွန်တော်သိလာတယ်"

ရှောင်ရီလင်းက ပိုလို့တောင် မျက်မှောင်ကြုတ်သွားတယ်။သူ ရှောင်ယီကို တစ်ချက်ကြည့်လိုက်တယ်။ရှောင်ယီပြောချင်တာက ဘာအဓိပ္ပာယ်လဲ?

သူ ရှောင်ယီကို မေးတော့မယ့်အချိန်မှာပဲ ရှောင်ရီ လင်းက ရုတ်တရက် နင်းမုန့်ယောင်ရဲ့ မွေးရာပါအမှတ်အကြောင်းကို စဉ်းစားမိသွားပြီး သူ့အမူအရာ ပြောင်းလဲသွားသည်။သူ့မျက်ခုံးတွေ အတော်ကြီးကို တွန့်ချိုးသွားသည်။နင်းမုန့်ယောင်က ရှောင်မိသားစုက ကလေးဆို သေချာသလောက်ရှိနေပြီဒါပေမယ့် သူမက ဘာလို့ အပြင်ဘက်မှာ ကြီးပြင်းခဲ့ရတာလဲ?

"သွားပြီးတော့ စုံစမ်းလိုက်။အရင် ဧကရာဇ်က နန်းတော်အပြင်မှာ အခြား မိန်းမတစ်ယောက်ယောက် ရှိခဲ့လား ဒါမှမဟုတ် နန်းတော်အပြင်မှာ မွေးဖွားလာတဲ့ မင်းသမီးတစ်ပါးပါး ရှိလားဆိုတာကို။နှစ်ခုလုံးကို တစ်ပြိုင်နက်ထဲ စုံစမ်းခဲ့"

ရှောင်ရီလင်းက ခဏလောက် စဉ်းစားပြီးတော့ ချက်ချင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ သခင်ကြီး"

ရှောင်ယီ ထွက်သွားပြီးတဲ့နောက် ရှောင်ရီလင်းက မျက်မှောင်ကြီးကြုတ်နေပြီးတော့ သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုးနေသည်။အပြင်မှာ ကြီးပြင်းလာရတဲ့ မင်းသမီးအကြောင်းကို သူ တစ်ခါမှ မကြားဖူးဘူး။ဖြစ်နိုင်တာက.............ရှောင်ရီလင်းက မျက်မှောင်ကြီးကြုတ်နေပြီးတော့ သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုးနေသည်။အပြင်မှာ ကြီးပြင်းလာရတဲ့ မင်းသမီးအကြောင်းကို သူ တစ်ခါမှ မကြားဖူးဘူး။ဖြစ်နိုင်တာက.............

အဲ့ဒါကိုတွေးမိတော့ သူ နှလုံးခုန်တွေ မြန်သွားတယ်။သူက ချက်ချင်းပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ရတယ်။အဲ့ဒါ မဖြစ်နိုင်ပါဘူး။သူ အတွေးလွန်နေတာပဲ ဖြစ်ရမယ်။

လင်းအိမ်တော်တွင် ရှောင်ကျီရွှမ်းက ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ သ‌မားတော်ကို စိုက်ကြည့်နေသည်။သူမက မှုန်ကုပ်နေပြီးတော့

"ရှင် ဘာပြောလိုက်တယ်?သူ့ကို ကယ်ဖို့ နည်းလမ်းမရှိတော့ဘူး ဟုတ်လား?သူသာ တစ်ခုခု ဖြစ်သွားရင် ကျွန်မ ရှင်တို့အားလုံးရဲ့ ခေါင်းတွေကို လိုချင်တယ်" ဟု အမိန့်ပေးလိုက်သည်။

ကလေးကို ချီပြီးတော့ သူ့ကို သူမရဲ့ခြံဝင်းဆီ ပြန်ခေါ်လာပြီးတဲ့နောက် ရှောင်ကျီရွှမ်းက သူမရဲ့ အစေခံကို သမားတော်တစ်ယောက် ခေါ်ဖို့ အမိန့်ပေးခဲ့သည်။သို့ပေမယ့် အဲ့ဒါက အသုံးမဝင်ပေ။က‌လေးကို ကုသ‌ပေးတဲ့သမားတော်တိုင်းက သူမကို တူညီတဲ့အရာသာ ပြောကြသည်။သူမက ကလေးကို သမားတော်နဲ့ကုသဖို့ အချိန်အရမ်းကြာသွားခဲ့သည်။ကလေးက အသက်ငယ်ငယ်လေးပဲ ရှိသေးတာကြောင့် သူ့အဖျားကို ကုသဖို့က အလွန်ပင် ခက်ခဲသည်။ကြီးမားပြင်းထန်တဲ့ ဆေးညွှန်းတွေက နောက်ပိုင်းကျရင် ပြဿနာတွေရှိလာနိုင်တဲ့အတွက် ကလေးအတွက် ညွှန်းဆိုပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။

"မင်းသမီး ကျေးဇူးပြုပြီး သက်ညှာပေးပါ"

"သက်ညှာရမှာလား?ရှင်တို့တွေ အသက်ရှင်ချင်သေးတယ်ဆိုရင် ကျွန်မကလေးကို ရအောင် ကုပေးကြ!"

ရှောင်ကျီရွှမ်းက လက်သီးဆုပ်ပြီးတော့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သမားတော်တွေ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ကြသည်။ဒီနေ့ကတော့ သူတို့ရဲ့ နောက်ဆုံးနေ့ ဖြစ်နိုင်တယ်။

လင်းလော်က ဒီအကြောင်းကို သိပြီးတဲ့နောက် သူက ကိစ္စအားလုံးကို အမြန် ချထားခဲ့ပြီး ရှောင်ကျီရွှမ်းရဲ့ ခြံဝင်းဆီ အမြန်ရောက်လာသည်။

"သူ ဘယ်လိုနေသေးလဲ"

လင်းလော်က သူ့ရဲ့ ပထမဆုံးကလေးကို အရမ်းချစ်တယ်။သူချစ်ရတဲ့သားလေးက အိပ်ရာထဲမှာ အားနည်းစွာနဲ့လှဲနေတာကို မြင်ရတော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားတယ်။

"သူက ဘယ်လိုနေရမှာလဲ?သူ သေတော့မယ်!"

ရှောင်ကျီရွှမ်းက အော်လိုက်သည်။

ဒါတွေအကုန်လုံးက အဲ့ဒီကလေးထိန်းကြောင့်ပဲ။သူမကြောင့်သာမဟုတ်ရင် ကလေးက ဘယ်လိုလုပ် ဒီလိုဖြစ်လာမလဲ?

လင်းလော်က ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေကြတဲ့ သမားတော်တွေဖက်ကို လှည့်ကြည့်လိုက်သည်။

"အခြေအနေ ဘယ်လိုရှိလဲ"

"ကလေးက အဖျားကြီးတာ အချိန်တော်ကြာသွားပြီးတော့ အဲ့ဒါက အခုထိ အဖျားမကျသေးဘူး။အကယ်၍ သူက လုံးဝ ကုသလို့ ရလိုက်နိုင်တယ်ဆိုရင်တောင်မှ အခြားပြဿနာတွေ ခံစားရလိမ့်မယ်"

ကလေးက အချိန်အကြာကြီး အဖျားကြီးနေခဲ့တာကြောင့် သူ့ဦးနှောက်ထိခိုက်သွားတာက အံ့ဩစရာမဟုတ်ပေ။

All Chapters