အခန်း ၂၅၀
Vol. 10 Ch. 250
Chapter 250
လင်းလော်က အခြေအနေက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ မထင်ထားပေ။
"ငါ့ကလေးကို ကုပေးနိုင်သရွေ့ မင်းတို့ကြိုက်တဲ့ဈေးကိုပြော"
ဘာပဲဖြစ်ဖြစ် လင်းလော်က သူ့ကလေးကို တစ်ခုခု အဖြစ်ခံမှာ မဟုတ်ပေ။
သမားတော်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး
"ကျွန်တော်တို့ အကောင်းဆုံးကြိုးစားကြည့်ပါမယ်" ဟု ပြောလိုက်ကြသည်။
သူတို့တွေက အပြည့်အဝ ပျောက်ကင်းသက်သာသွားပါလိမ့်မယ်လို့ အာမမခံနိုင်ဘူး။နောက်ဆုံးမှာတော့ ကလေးရဲ့အဖျားက အချိန်အတော်ကြာ ဂရုမစိုက်ထားကြဘူးလေ။
"ငါတို့တွေ အရင်ဆုံး ကလေးကိုယ်အပူချိန်ကျအောင် လုပ်နိုင်မယ့် နည်းလမ်းရှာရမယ်"
လင်းလော်က အိပ်ရာထဲမှာ လဲနေတဲ့ သူ့ကလေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကာ သူ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေသည်။
"ဟုတ်ကဲ့"
သမားတော်တွေက လင်းလော်ကို ပြန်ဖြေလိုက်ပြီး အဲ့ဒီနောက် သူတို့တွေ စတင် အလုပ်များကြတော့သည်။
သမားတော်တွေ အလုပ်များနေတဲ့အချိန် လင်းလော်က သူ့ကလေးကို စောင့်ကြည့်နေပြီးတော့ အိပ်ရာဘေးနားမှာ ထိုင်နေတဲ့ ရှောင်ကျီရွှမ်းကို ကြည့်လိုက်သည်။
ဒီမိန်းမမှာ မကောင်းတဲ့အချက်တွေ ရှိပေမယ့်လည်း ဒီအခိုက်အတန့်မှာတော့ သူမက အမှန်တကယ်ကို ပင်ပန်းနေပုံရတယ်။သူမရဲ့ မျက်ခုံးတွေက အတော်လေး တွန့်ချိုးနေပြီးတော့ တစ်ခုခုက သူမကို စိတ်အနှောင့်အယှက် ပေးနေတဲ့အတိုင်းပင်။
သူက သူ့မျက်ခုံးတွေကို နှိပ်လိုက်တယ်။ဘာပဲဖြစစ်ဖြစ် ဒီမိန်းမက အရမ်း သည်းမခံနိုင်စရာကောင်းတာ မဟုတ်တာ ဖြစ်နိုင်တယ်။
"မစိုးရိမ်ပါနဲ့ ကလေးက အဆင်ပြေသွားမှာပါ"
အမှတ်တမဲ့ လင်းလော်က ရုတ်တရက် ရှောင်ကျီရွှမ်းဆီသွားပြီးတော့ နှစ်သိမ့်ပေးလိုက်သည်။
ရှောင်ကျီရွှမ်း အံ့ဩသွားတယ်။သူမက လင်းလော်ကို လှည့်ကြည့်လိုက်တယ်။မျက်လုံးချင်းဆုံပြီးတော့ သူမက အမြန်ပဲ အဝေးကို ကြည့်လိုက်တယ်။သူက သူ့ကိုယ်သူ ပြုံးပြီးတော့ သူ့အကြည့်က ကလေးဆီ ပြန်ရောက်သွားသည်။
ကလေးရဲ့ နီရဲနေတဲ့ ပါးပြင်တွေ၊ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေနဲ့ မကြာခဏ ငိုနေတဲ့ ပုံစံကိုကြည့်ပြီးတော့ ရှောင်ကျီရွှမ်းရဲ့ စိတ်ထဲ နာကျင်နေရတယ်။သူမသာ တတ်နိုင်မယ်ဆိုရင် အမှန်တကယ်ကို သူမကလေးရဲ့ နာကျင်မှုကို ယူပြီးတော့ အစားထိုး ခံလိုက်ချင်တယ်။
သူမက ဇွန်းသေးသေးလေး တစ်ချောင်းကို အသုံးပြုကာ ကလေးရဲ့ နှုတ်ခမ်းတွေကို ရေနွေးစွတ်ပေးလိုက်သည်။သူမက ဒါကို ကလေးကို သူမနဲ့ ပြန်ခေါ်လာတဲ့ အချိန်ကတည်းက လုပ်နေခဲ့တာ ဖြစ်သည်။
ရှောင်ကျီရွှမ်းက ကလေးရဲ့ မသက်မသာဖြစ်နေတဲ့ ပုံစံကို မြင်ရတိုင်း သူမရဲ့ ယောက္ခမကို မုန်းတီးမိနေတယ်။ကလေးတစ်ယောက်ကို ဘယ်လိုလုပ် ဒီလိုမျိူး လုပ်နိုင်ရတာလဲ။
သူမ မသိဘူးလို့ပြောပေမယ့် အဲ့ဒါက အကြောင်းပြချက်ဆိုတာ အသိသာကြီးပဲ။အဲ့ဒီမိန်းမက သူ့မှာ အစေခံတွေအများကြီး တစ်ချိန်လုံးရှိနေတာ။ကလေးက ဖျားနေတာကို ဘယ်လိုလုပ် သတိမပြုမိဘဲ နေမှာလဲ?
သူမက ကလေးကိုတောင် အချိန်အကြာကြီး ဖျားခိုင်းလိုက်သေးတယ်။
"သခင်လေး အမ်း.............သခင်မကြီးက"
မင်ဖန်းက ရုတ်တရက် ဝင်လာပြီးတော့ လင်းလော်ရဲ့ နားထဲကို တစ်ခုခု တိုးတိုးလေး ပြောလိုက်သည်။ရှောင်ကျီရွှမ်းက သေချာ ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။
ဒါပေမယ့် အဲ့ဒီမိန်းမက ကောင်းမှာမဟုတ်ဘူးဆိုတာ သူမ သေချာသိတယ်။
လင်းလော် မျက်မှောင်ကြုတ်သွားတယ်။သူက သူ့ဇနီးနဲ့ကလေးကို ကြည့်လိုက်ပြီး
"ကိုယ် ခဏလောက် သွားလိုက်ဦးမယ်။ပြန်လာခဲ့မှာပါ" ဟု ပြောလိုက်သည်။
အဲ့ဒီနောက် သူက ရှောင်ကျီရွှမ်းရဲ့ အကြည့်ကို လျစ်လျှူရှုပြီးတော့ ထွက်သွားသည်။
လင်းလော် သူ့မိဘတွေရဲ့ ခြံဝင်းကို ရောက်ပြီးတဲ့နောက် သူ့ရဲ့ ကိုယ်လုပ်တော်တွေက သူ့အမေနဲ့ စကားပြောနေကြသည်။
"သခင်မကြီး ကလေးက အရမ်းဖျားနေပြီးတော့ အသက်မရှင်နိုင်မှာတောင် ကြောက်ရတယ်လို့ ကျွန်မကြားတယ်"
သူတို့ထဲက တစ်ယောက်က ရာထူးကြီးတဲ့လူကို ဂရုတစိုက်ကြည့်ပြီးတော့ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
ဒါကိုကြားတော့ ဘေးနားက လူက သူမနှုတ်ခမ်းတွေကို အသာလေးဖွင့်လိုက်ပြီး
"ဟုတ်တယ် ပြီးတော့ ကလေးရဲ့အမေက အခုချိန်မှာ အရမ်းလုပ်များနေတယ်။ကျွန်မကြားတာတော့ သူ(မ)က အရမ်းလည်း ဒေါသထွက်နေတယ်တဲ့"
အမတ်ကတော်က အမျိုးသမီးတွေ သူတို့အချင်းချင်းပြောနေကြတာကို နားထောင်ပြီးတော့ သူမရဲ့အမူအရာက အုံ့မှိုင်းလာခဲ့သည်။
ဘာပဲဖြစ်ဖြစ် အဲ့ဒီကလေးက သူမရဲ့ မြေးပဲလေ။သူမကြောင့် ကလေးက သေမလား ရှင်မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
"တော်တော့ ပါးစပ်ပိတ်ကြစမ်း!ဒါတွေအားလုံး ပြောနေမယ့်အစား နင်တို့တွေ ကလေးတစ်ယောက် မြန်မြန်မွေးနိုင်အောင်လို့ ငါ့သားရဲ့ နှစ်သက်မှုကို ဘယ်လိုရအောင်ယူရမလဲဆိုတာကို စဉ်းစားနေသင့်တယ်"
အမတ်ကတော်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
ဒီအမျိုးသမီးတွေက အမှိုက်တွေပဲ။တစ်နှစ်လောက်ရှိနေပြီကို တစ်ယောက်မှ ကိုယ်ဝန်မရကြသေးဘူး။
"အမေ ကျွန်တော့်ကို ခေါ်တာ ဘာအတွက်လဲ"
လင်းလော်က စကားဝိုင်းကို ထပ်ပြီးတော့ နားမထောင်ချင်တော့ပေ။သူက အထဲကိုဝင်လာခဲ့ပြီး စိတ်မရှည်စွာ မျက်မှောင်ကြုတ်ထားသည်။
အမတ်ကတော်က လင်းလော် လာနေတာကို သတိထားမိတော့ သူမရဲ့ ဒေါသက ချက်ချင်းပျောက်ကွယ်သွားပြီး ထူထပ်သိပ်သည်းတဲ့ ချစ်ခြင်းတွေအပြည့် အစားထိုးဝင်လာသည်။
"လော်အာ သားရောက်လာပြီ"
"အမေ ဘာကိစ္စရှိလို့လဲ?ဘာမှမရှိဘူးဆိုရင် ကျွန်တော့်ကလေးကို ပြန်ကြည့်ရဦးမယ်" လင်းလော်က မျက်မှောင်ကြုတ်ထားသည်။
ဒါကိုကြားရတော့ အမတ်ကတော်ရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားပြီး
"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့သားက မသေပါဘူး။နောက်ထပ်ကလေးတစ်ယောက် တတ်နိုင်သမျှ မြန်မြန်ယူဖို့ အကောင်းဆုံးအချိန်ကို ဘာလို့ ကလေးကို ကြည့်ချင်နေရတာလဲ"
ဒါက လင်းလော်ကို ဒေါသထွက်သွားစေတယ်။
"အမေ ဘာတွေပြောနေတာလဲ?အဲ့ဒီကလေးက လင်းအိမ်တော်ရဲ့ သခင်ငယ်လေးတင် မဟုတ်ဘူး ရှောင်အိမ်တော်ရဲ့ သခင်ငယ်လေးပဲ။သူသာ တစ်ခုခုဖြစ်သွားရင် ရှောင်အိမ်တော်က ကျွန်တော်တို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့ အမေထင်လား"
သူ့အမေက များသောအားဖြင့် အတော်လေး သတိထားတတ်တဲ့လူလေ။အဲ့ဒါကို ဘာလို့ ဒီအရာကို မမြင်ရတာလဲ?ဘယ်လိုပဲဖြစ်ဖြစ် ကလေးက မသေဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ?သူမက ကလေးကို အများကြီး ချစ်တယ် မဟုတ်ဘူးလား?အခုကျ ဘယ်လိုလုပ် ဒီလိုအရာမျိုးကို ပြောနိုင်ရတာလဲ?
လင်းလော်က သူ့အမေဘေးနားက မိန်းမတွေကို ကြည့်လိုက်သည်။