← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈) အဖွဲ့အစည်း အသီးသီး၏ လှုပ်ရှားမှုများ

​ကျန်းယဲ့ ကုတင်ပေါ် လှဲချလိုက်ချိန်မှာပင် ဖုန်းက တုန်ခါသွားခဲ့သည်။

​မျက်နှာပြင် လင်းလာပြီး ကျန်းထောင်ထံမှ မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။ [ဒါရိုက်တာကျန်း... အမြည်း ဗီဒီယို တင်လိုက်ပြီနော်... အခုပဲ ကြည့်လိုက်တော့...]

​သူက တိုရင်အက်ပ်ကို ဖွင့်လိုက်ရာ ပင်မစာမျက်နှာရှိ ပထမဆုံး ဗီဒီယိုမှာ ရင်းနှီးနေသော ကျန်းထောင်၏ မျက်နှာဖြစ်နေပြီး အပေါ်ညာဘက်ထောင့်ရှိ Likeအရေအတွက်မှာ မျက်စိရှေ့တွင်ပင် တရိပ်ရိပ် တက်လာနေခဲ့သည်။

​၁၀၃,၀၀၀၊ ၁၀၅,၀၀၀၊ ၁၀၈,၀၀၀...

​မှတ်ချက်စာတန်းများက သိပ်သည်းလွန်းသဖြင့် မျက်နှာပြင် တစ်ခုလုံးကိုပင် ဖုံးလွှမ်းလုမတတ် ဖြစ်နေချေသည်။

​ဗီဒီယိုထဲတွင် ကျန်းထောင်က ရှားရှားပါးပါး အရောင်ဖျော့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး နောက်ခံတွင် အနက်ရောင် ကန့်လန့်ကာကို အသုံးပြုထား၏။

​သူက ကင်မရာကို ဦးစွာ အရိုအသေပေးကာ ပြောလိုက်လေသည်။ "ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့တစ်ခေါက်က အင်မော်တယ်ရာချီမြို့ ဗီဒီယိုအတွက် တောင်းပန်ချင်ပါတယ်..."

​သူ ခါးမတ်လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းများပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဖော်ပြချက်က သိပ်မတိကျပေမယ့် ကျွန်တော်က မေ့မရနိုင်စရာလို့တော့ ပြောခဲ့တယ်မလား..."

​ထိုအချိန်မှာပင် ဗီဒီယို၏ မှတ်ချက်ပေးသည့် နေရာတွင် ဆဲဆိုသံများဖြင့် ပေါက်ကွဲထွက်လာတော့၏။

​[ယီးပဲ.... အဲဒါကိုများ မေ့မရနိုင်စရာတဲ့လား...]

[Follow ဖြုတ်ပြီ လူလိမ်....]

[ကျန်းထောင်... ဟက်.... မင်းက မျက်နှာပြရဲသေးတယ်ပေါ့...]

[သောက်ကောင်.... မင်း တောင်းပန်တာက စေတနာတောင် မပါဘူး.... မင်း ပြုံးစိစိ လုပ်နေတာ ငါ မြင်တယ်နော်]

​ဗီဒီယိုထဲတွင် ကျန်းထောင်က ရုတ်တရက် တည်ကြည်သွားပြီး ပြောလိုက်၏။ "ဒီနေ့ အားလုံးကို မေးခွန်းတစ်ခု မေးချင်ပါတယ်..."

​သူက နှစ်စက္ကန့်ခန့် ရပ်နားလိုက်ပြီးနောက် သူ၏ အသံမှာ ရုတ်တရက် လေးနက်သွားချေသည်။ "အကယ်၍ ကျွန်တော်က ခင်ဗျားတို့ကို အခွင့်အရေး တစ်ခုပေးမယ်ဆိုရင် ဂျပန်မိစ္ဆာတွေကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ချင်ကြလား..."

​နောက်ခဏ၌ မြင်ကွင်းက အဖြူအမည်း သမိုင်းဝင် မှတ်တမ်း ဗီဒီယိုများဆီသို့ ရုတ်တရက် ပြောင်းလဲသွား၏။

​မီးလောင်နေသော ရွာများ၊ ငိုကြွေးနေသော ကလေးများ၊ စစ်မီးလျှံများကြားရှိ အပျက်အစီးများ... နောက်ခံတွင် လေကြောင်းရန် သတိပေး ဥသြသံများကို သဲ့သဲ့ ကြားနေခဲ့ရသည်။

​"ကျွန်တော်တော့ တိုက်ချင်တယ်..." ကျန်းထောင်က သူ၏ မျက်လုံးများ နီရဲလာကာ အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။

"အိပ်မက်ထဲမှာတောင် တိုက်ချင်နေတာ.. ဒီသွေးကြွေးက ဘယ်တော့မှ ကျေအေးလို့ မရဘူး.."

​ဤအချိန်တွင် မှတ်ချက်များ၏ လေသံမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဆဲဆိုမှုများ မပါဝင်တော့ချေ။

​[ဟုတ်တယ်... ယောကျ်ားကောင်းဆိုတာ ဒီရန်ငြိုးကို အလွတ်မပေးဘူး.. ]

[ငါ့ရဲ့ ဘေးဘိုးက အဲဒီတုန်းက အဲဒီလိုပဲ... ငါလည်း ဂျပန်တွေကို တိုက်ချင်တယ်...]

[ဒီတစ်ခါ အစ်ကိုထောင်က အတည်ပြောနေတာလား။ ဒီလိုကိစ္စမျိုးကို လုံးဝ နောက်ပြောင်လို့ မရဘူးနော်... ]

[အကယ်၍ မင်း ဒါကို နောက်ပြောင်ရဲရင် ငါ တကယ် Follow ဖြုတ်မှာနော်....]

[ငါ့ကိုသာ အခွင့်အရေးပေး.... ဂျပန်မိစ္ဆာတချို့ကို သေချာပေါက် သတ်ပစ်မယ်...]

​ဗီဒီယို၏ အရှိန်က ရုတ်တရက် နှေးကွေးသွားခဲ့သည်။

​ကျန်းထောင်၏ အသံက တိုးဝင်သွားပြီး သူ၏ အမူအရာမှာ အရင်ကထက် ပိုမို လေးနက်လာချေသည်။ "ကျွန်တော် ငယ်ငယ်တုန်းက ဘာလို့ အဲဒီအချိန်တုန်းက လျော်ကြေးမယူခဲ့တာလဲဆိုတာ နားမလည်ခဲ့ဘူး..."

​သူက မော့ကြည့်ကာ ကင်မရာကို တိုက်ရိုက် စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက မီးတောက်များလို တောက်ပနေခဲ့သည်။ "နောက်ပိုင်းကျမှ ကျွန်တော် နားလည်သွားတယ်။ ပိုက်ဆံ ယူလိုက်တာနဲ့ ရန်ငြိုးတွေက ကျေသွားပြီလေ။ ဒါပေမဲ့ တချို့ အကြွေးတွေက သွေးနဲ့ပဲ ပြန်ဆပ်ရမယ်...."

​ဤအချိန်တွင် ဗီဒီယို၏ မှတ်ချက်စာတန်းများ အားလုံးက တူညီသော စာကြောင်း တစ်ကြောင်းတည်းကိုသာ ပြသနေကြ၏။

​[လျော်ကြေး ယူလိုက်ရင် အကြွေးကျေသွားပြီ.. မယူရင်တော့ မင်းသွေးနဲ့ ပြန်ပေးဆပ်ရမယ်...]

​"အခု နားလည်သွားပြီမလား။ နောက်ထပ် ခရီးစဉ်က ၁၉၃၇ ခုနှစ်ပဲ..."

​အနက်ရောင် မျက်နှာပြင်၏ နောက်ဆုံး ငါးစက္ကန့်တွင် အနီရင့်ရောင် စာသားများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ [တချို့သော သမိုင်းတွေကို မေ့ပျောက်ထားလို့ မရပါဘူး..]

​ကျန်းယဲ့က အသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ဆုံး Refresh လုပ်ထားသော မှတ်ချက်ပေးသည့် နေရာကို ကြည့်လိုက်၏။ မှတ်ချက်အားလုံးက ဂျပန်များကို တိုက်ခိုက်မည့် အကြောင်းများသာ ဖြစ်နေသည်ကို မြင်သောအခါ သူ အလွန် ကျေနပ်သွားရသည်။

​တရုတ်လူမျိုးများတွင် သတ္တိနှင့် စိတ်ဓာတ်များ ရှိနေသေးပြီး အရှက်ရမှုများကို မမေ့သေးကြောင်း ဤအရာက သက်သေပြနေချေသည်။

​ဒေါသထွက်နေသော လူငယ်များအားလုံးမှာ အစွန်းရောက်များဖြစ်သည် သို့မဟုတ် ၎င်းမှာ သမိုင်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး ရန်ငြိုးဖွဲ့ရန် မလိုကြောင်း ပြောဆိုသည့် မှတ်ချက် အနည်းငယ်မှာမူ လူနည်းစုသာ ဖြစ်နေဆဲပင်။

​ကျွန်းနိုင်ငံတစ်ခုတွင် ယခင်အကြိမ်က စနစ်မှ တိုကျိုဒေသကို ပိတ်ဆို့လိုက်ပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာနကို နေရာသစ်သို့ အတင်းအကျပ် ပြောင်းရွှေ့ခဲ့ရသည်။

​ထိုအချိန်တွင် အစည်းအဝေးခန်းမအတွင်းရှိ လေထုမှာ လေးလံနေခဲ့သည်။ ပရိုဂျက်တာ မျက်နှာပြင်ပေါ်တွင် ကျန်းထောင်၏ ဗီဒီယို ပြီးဆုံးသွားပြီ ဖြစ်၏။

​ပုံရိပ်မှာ သွေးရောင်လွှမ်းနေသော စာသားတစ်ကြောင်းပေါ်တွင် ရပ်တန့်သွားလေသည်။ [တချို့သော သမိုင်းတွေကို မေ့ပျောက်ထားလို့ မရပါဘူး..]

​အစည်းအဝေးခန်းမအတွင်း မီးများ ပြန်လင်းလာပြီး ကာကွယ်ရေးဝန်ကြီး မာဆုမိုတို ကန်အိချိက မှုန်ကုပ်နေသော အမူအရာဖြင့် စားပွဲကို ခေါက်လိုက်၏။ "ဒီကိစ္စကို အတည်ပြုပြီးပြီလား.."

​ထောက်လှမ်းရေးဌာန အကြီးအကဲ နာကာမူရာက ချက်ချင်း မတ်တပ်ရပ်ကာ ခေါင်းငုံ့ပြီး အစီရင်ခံလိုက်သည်။ "ကျွန်တော်တို့ နည်းပညာဌာနရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ တရုတ်က ထုတ်ပြန်လိုက်တဲ့ အခြားကမ္ဘာ ဗီဒီယိုက တကယ့် မှတ်တမ်းဗီဒီယို ဖြစ်ဖို့ ၉၉.၃% သေချာပါတယ်။ သူတို့ရဲ့ အထူးပြုလုပ်ချက် နည်းပညာတွေက ကျွန်တော်တို့ရဲ့ နားလည်မှုထက် အနည်းဆုံး နှစ်ငါးဆယ်လောက် ကြိုတင်ရောက်ရှိမနေဘူး ဆိုရင်ပေါ့..."

​သူက ခေတ္တရပ်လိုက်ပြီး အသံကို နှိမ့်ကာ ဆက်ပြော၏။ "အခု ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ ကျန်းယဲ့ဆိုတဲ့ တရုတ်လူမျိုးမှာ အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်တဲ့ စွမ်းရည် တကယ် ရှိနေပါတယ်..."

​မာဆုမိုတို ကန်အိချိက မျက်မှောင်ကြုတ်လိုက်၏။ "ဆက်သွယ်ဖို့ ငါတို့ လွှတ်လိုက်တဲ့ လူတွေ ဘယ်ရောက်သွားပြီလဲ။ ဘာလို့ တိုးတက်မှု ဘာမှ မရှိသေးတာလဲ..."

​လုံခြုံရေး တန်ပြန်တိုက်ခိုက်ရေးရုံး အကြီးအကဲက သူ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်၏။ "ကျန်းယဲ့ကို တရုတ်အထူးအေးဂျင့်တွေက ၂၄ နာရီပတ်လုံး လျှို့ဝှက် ကာကွယ်ပေးထားပါတယ်။ ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ အဖွဲ့သုံးဖွဲ့စလုံးက ပစ်မှတ်ဆီ မရောက်ခင်မှာတင် ကြားဖြတ် တားဆီးခံလိုက်ရပါတယ်..."

​သူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြန်သည်။ "သူတို့က လက်ဖက်ရည်သောက်ဖို့ အဖိတ်ခံလိုက်ရပါပြီ"

(NT- ဖမ်းဆီးစစ်ဆေးခံရခြင်းကို ဆိုလိုတာပါ)

​အစည်းအဝေးခန်းမမှာ သေမင်းတမန် တိတ်ဆိတ်မှု တစ်ခုထဲသို့ ကျဆင်းသွားရသည်။

​မာဆုမိုတို ကန်အိချိက ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်၏။ "၁၉၃၇... "

​ဤစာလုံးများက လူတိုင်း၏ နှလုံးသားပေါ်တွင် ချိန်ရွယ်နေသည့် ဓားတစ်လက်လိုပင်။

​ဤသမိုင်းဝင်အချိန်ကာလမှာ နိုင်ငံနှစ်ခုကြားရှိ အထိခိုက်မခံနိုင်ဆုံးသော အာရုံကြော တစ်ခု ဖြစ်လာနေခဲ့သည်။

​နည်းပညာဌာန အကြီးအကဲ ယာမာမိုတို အိချီရိုက မျက်မှန်ကို ပင့်တင်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။ "အကယ်၍ တရုတ်တွေက ၁၉၃၇ ခုနှစ်ကို တကယ်ပြန်သွားနိုင်တယ်ဆိုရင် ကျွန်တော်တို့ နေရာတစ်ခု ရအောင် လုပ်ရမယ်..."

​"ဟုတ်တယ်..." ထောက်လှမ်းရေးဌာန အကြီးအကဲ နာကာမူရာက ထောက်ခံလိုက်လေသည်။ "ကျွန်တော်တို့ရဲ့ အထက်လူကြီးတွေကို ပုလဲဆိပ်ကမ်း အဖြစ်အပျက်ကို ရှောင်ရှားဖို့နဲ့ အမေရိကန်နဲ့ စစ်မဖြစ်ဖို့ သွားပြောရမယ်.."

​အခြား အရာရှိတစ်ဦးက အေးစက်စွာ ဖြည့်စွက်ပြောလိုက်၏။ "ပြီးတော့ နန်ကျင်းမှာ ဘာသက်သေမှ မချန်ထားခဲ့ဖို့ သူတို့ကို သတိပေးရမယ်။ ဒါမှ ကျွန်တော်တို့..."

​ကာကွယ်ရေးဝန်ကြီးက စကားဖြတ်ရန် လက်ကို မြှောက်လိုက်၏။ "ဒီတစ်ခေါက် သေချာပေါက် အောင်မြင်ရမယ်.... ရွေးချယ်မှုမှာ ပါဝင်ဖို့ တစ်နိုင်ငံလုံးက အထက်တန်းလွှာတွေကို စုစည်းလိုက်.."

​အမေရိကန် နှင့် CIA...

​အလင်းရောင် မှိန်ဖျော့နေသော အစည်းအဝေးခန်းမ အတွင်း ပရိုဂျက်တာမျက်နှာပြင်ပေါ်ရှိ ဗီဒီယိုမှာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ကျန်းထောင်၏ နောက်ဆုံးစကားလုံး ၁၉၃၇၏ ပဲ့တင်သံက လေထုထဲတွင် ရစ်ဝဲနေဆဲပင်။

​ဦးဆောင် ခွဲခြမ်းစိတ်ဖြာသူ ကက်သရင်းမိုးက သူမ၏ လက်များကို မေးစေ့တွင် ထောက်ထားပြီး သူမ၏ ထက်မြက်သော အကြည့်များက အခန်းထဲတွင် ဝေ့ကြည့်လိုက်၏။ "မတ်ခ်... ဒီဗီဒီယိုတွေရဲ့ စစ်မှန်မှုကို အခု အတည်ပြုလို့ ရပြီလား..."

​မတ်ခ်ဝီလျံက ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာ တစ်စောင်ကို ဆွဲထုတ်လိုက်ပြီး ပြော၏။ "ရုပ်ပုံ ခွဲခြမ်းစိတ်ဖြာမှု... အသံလှိုင်း နှိုင်းယှဉ်မှုနဲ့ ရူပဗေဒ အင်ဂျင်သရုပ်ဖော်မှုတွေအရ ဒီဗီဒီယိုတွေက အတုဖြစ်နိုင်ခြေက ၀.၇% ထက် နည်းပါတယ်.."

​သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောလေသည်။ "တခြားတစ်နည်းနဲ့ ပြောရရင် ကျန်းယဲ့လို့ ခေါ်တဲ့ အဲဒီတရုတ်ဧည့်လမ်းညွှန်က အချိန်ခရီးသွား နည်းပညာကို တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်နေတာ ဖြစ်နိုင်ပါတယ်..."

​အစည်းအဝေးခန်းမအတွင်း အသက်ရှူမှားသွားသံများ ဆူညံသွားခဲ့သည်။

​"ကျစ်.... တရုတ်တွေက အခုလည်း ကိုင်တွယ်ရ ခက်နေပြီ... အခု သူတို့ဆီမှာ အချိန်ခရီးသွားခြင်းဆိုတဲ့ နောက်ထပ် အာဏာပိုင်ကတ်တစ်ခု ထပ်ရသွားပြန်ပြီ" စစ်ဆင်ရေး အကြီးအကဲဂျက်ဆင်က တိုးတိုးလေး ရေရွတ်လိုက်၏။

​ကက်သရင်းက ထောက်လှမ်းရေးအဖွဲ့ဘက်သို့ အေးစက်သော အမူအရာဖြင့် လှည့်ကြည့်လိုက်လေသည်။ "ကျန်းယဲ့နဲ့ ဆက်သွယ်ဖို့ လွှတ်လိုက်တဲ့ လူတွေက ဘာလို့ ဘာတိုးတက်မှုမှ မရှိသေးတာလဲ.."

​ထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင်က သူ၏ ချွေးများကို သုတ်လိုက်၏။ "ပစ်မှတ်ကို အနည်းဆုံး ကာကွယ်ရေး အလွှာလေးခုနဲ့ ဝန်းရံထားပါတယ်။ ကျွန်တော်တို့ လူတွေက အနားကပ်သွားတာနဲ့ တရုတ် အေးဂျင့်တွေရဲ့ ခေါ်ဆောင်သွားခြင်းကို ခံရပါတယ်။ ပစ်မှတ်ရဲ့ လုံခြုံရေး အဆင့်က... အောက်မကျပါဘူး..."

​အာရှရေးရာ ခွဲခြမ်းစိတ်ဖြာသူ လီဆာချန်က ရုတ်တရက် စကားပြောလာ၏။ "အကယ်၍ သူ့ကို ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးမချနိုင်ဘူးဆိုရင် သူ့ကို ဖယ်ရှားပစ်ရမယ်။ ဒီလိုမှမဟုတ်ရင် တရုတ်ကို ဒီအတိုင်း ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ခွင့် ပေးလိုက်မယ်ဆိုရင် ကမ္ဘာကြီးကို ကျွန်တော်တို့ လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး..."

​အစည်းအဝေးခန်းမ အတွင်းရှိ လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။

​ကက်သရင်းက ခေတ္တ တွေးတောလိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ချေသည်။ "ဘယ်လို တန်ဖိုးမျိုး ပေးရပေးရ သူ့ဆီ ရောက်အောင်သွားပြီး ဆွဲဆောင်နိုင်ဖို့ကို ဦးစားပေးပါ။ အကယ်၍ အဲဒါ အလုပ်မလုပ်ဘူး ဆိုရင်တော့..."

​သူမ၏ မျက်လုံးများ အေးစက်သွား၏။ "အစီအစဉ် Bကို အကောင်အထည်ဖော်... "

​ထို့နောက် မျက်နှာပြင်ပေါ်တွင် ရပ်တန့်နေသော ဗီဒီယို မှတ်တမ်းကို လက်ညှိုးထိုးကာ သူမက ပြောလိုက်သည်။ "နောက်တစ်ခေါက် ခရီးစဉ်အတွက် နေရာတစ်ခုရဖို့ ငါတို့ လုပ်နိုင်တာ အားလုံးကို လုပ်ရမယ်။ သူတို့ကို ၁၉၃၇ ခုနှစ်မှာ ထင်တိုင်းကျဲခွင့် ပေးလိုက်ပြီး ငါတို့ နိုင်ငံကြီးရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခွင့် ပေးလို့ မဖြစ်ဘူး..."

​ပြတင်းပေါက် အပြင်ဘက် ဝါရှင်တန်မြို့တွင် လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ဆူညံနေပြီး မုန်တိုင်းတစ်ခု ကျရောက်လာတော့မလို ဖြစ်နေခဲ့လေသည်။

အခန်း ၂၁၈ပြီး၏။

All Chapters