← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) လူများကို ကယ်တင်ခြင်း

​ကျည်ဆန်က လေထုကို ခွင်းကာ အရာရှိ၏ နဖူးတည့်တည့်ကို တိကျစွာ ဖောက်ဝင်သွားခဲ့သည်။

​သွေးများ ပန်းထွက်သွားသည့် အချိန်မှာပင် လူလတ်ပိုင်းအရွယ်အမျိုးသားမှာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။ သူက ထိတ်လန့်တကြား နောက်လှည့်ကြည့်လိုက်ရာ ရန်သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည်။

​"ရန်သူ့ တိုက်ခိုက်မှု..." ကျန်ရစ်သော ဂျပန်စစ်သားများက အထိတ်တလန့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြပြီး သူတို့၏ ရိုင်ဖယ်သေနတ်များကို အရပ်မျက်နှာ အနှံ့သို့ စည်းကမ်းမဲ့ ချိန်ရွယ်လိုက်ကြ၏။

​သို့သော် သူတို့ကို ပစ်ခတ်လိုက်သော သူကို ရှာမတွေ့နိုင်ခဲ့ချေ။

​"ဒိုင်း ဒိုင်း ဒိုင်း...."

​သေနတ်ပစ်ခတ်သံများက အရပ်မျက်နှာ အနှံ့မှ ဆက်တိုက် ထွက်ပေါ်လာပြီး ကျည်ဆန်တိုင်းတွင် နက်ရှိုင်းသော နာကြည်းမှုများ ပါဝင်နေခဲ့သည်။

​ဂျပန်စစ်သားတစ်ယောက်က သစ်ပင်တစ်ပင် နောက်တွင် ပုန်းအောင်းရန် ပြင်လိုက်ချိန်မှာပင် အမွေးနီ၏ သံချပ်ကာဖောက်ကျည်ဆန်က သူ့ကိုရော သစ်ပင်ကိုပါ နှစ်ပိုင်း ပြတ်သွားစေလေသည်။

​သူ၏ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ရန် ကြိုးစားသော နောက်တစ်ယောက်မှာလည်း နှင်းခဲဓား၏ စနိုက်ပါ ကျည်ဆန်ကြောင့် ဦးခေါင်းခွံ ပွင့်ထွက်သွားခဲ့သည်။

​ဒါရိုက်တာကျန်းက ပြိုကျနေသော နံရံတစ်ခု၏ အနောက်တွင် ရပ်နေပြီး သူ၏ ပစ္စတိုသေနတ်မှ မီးခိုးငွေ့တန်းလေး ထွက်ပေါ်နေ၏။ သူ၏ ကျည်ဆန်က ဂျပန်စစ်သား၏ ဘယ်ဘက်မျက်လုံးကို ဖောက်ထွင်းသွားပြီး သူ၏ ဦးနှောက်များကို သန့်ရှင်းပြတ်သားစွာ ဖောက်ထုတ်သွားချေသည်။

​အလောင်းဆယ့်နှစ်လောင်းမှာ မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်းနီးပါး လဲကျသွားပြီး သူတို့၏ သွေးများက မီးကျွမ်းနေသော မြေကြီးထဲသို့ စိမ့်ဝင်သွားကြသည်။

​အရပ်သားသုံးယောက်မှာ သွေးအိုင်ထဲတွင် ခွေကျနေပြီး ရုတ်တရက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့ကို မှင်တက်စွာ စိုက်ကြည့်နေကြ၏။

​လူလတ်ပိုင်း အမျိုးသား၏ နှုတ်ခမ်းများက တုန်ယင်နေသော်လည်း အသံတစ်သံမျှ မထွက်နိုင်ချေ။

​သူက သူ့ရှေ့ရှိ လူစုကို မှင်တက်စွာ စိုက်ကြည့်နေ၏။ သူတို့၏ ဝတ်စုံများမှာ ကြွပ်ရွပြီး တွန့်ကြေနေခြင်း မရှိသလို သူတို့၏ ဘွတ်ဖိနပ်များမှာ သွေးရောင်လွှမ်းနေသော ကောင်းကင်ကိုပင် ထင်ဟပ်နိုင်လောက်အောင် တောက်ပနေခဲ့သည်။

သူတို့၏ စက်ကိရိယာများမှာ ပြည့်စုံလွန်းသဖြင့် မဂ္ဂဇင်းတစ်အုပ်ထဲမှ ထွက်လာသော နိုင်ငံခြား စစ်တပ်တစ်ခုနှင့်ပင် တူနေလေသည်။

​သူက စီချွမ်စစ်တပ်နှင့် ဆုံတွေ့ဖူး၏။

​ကောက်ရိုးဖိနပ်များ စီးကာ ဓားမကြီးများ ကိုင်ဆောင်ထားသော ထိုလူများက ဤနေရာသို့ ရောက်ရန် မိုင်ထောင်ချီ လမ်းလျှောက်လာခဲ့ကြသည်။ သူတို့၏ ခြေဖဝါးများမှာ အရိုးပေါ်သည်အထိ ပွန်းပဲ့နေသော်လည်း သူတို့က "ငါတို့ ဘယ်တော့မှ ဆုတ်ခွာမှာ မဟုတ်ဘူး" ဟု ကြွေးကြော်ထားသော စစ်သီချင်းများကို ဆိုနေကြဆဲပင်။

​သူက ကွေ့ စစ်တပ်နှင့်လည်း ဆုံတွေ့ဖူးလေသည်။

​ကိုယ်ထက်ရှည်သော ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားသည့် ထိုပိန်သွယ်သော တောင်ပိုင်း စစ်သားများမှာ ဆာလောင်နေပြီး သူတို့၏ မျက်လုံးများက စိမ်းနေသော်လည်း အမြောက်မီးတောက်များ၏ မျိုချခံရသည့် အချိန်အထိ သူတို့၏ နေရာများကို စွဲမြဲစွာ ခံစစ်ဆင်ခဲ့ကြသည်။

​သို့သော် သူ့ရှေ့က ဒီလူတွေက...

​"ခင်ဗျားတို့..." လူလတ်ပိုင်း အမျိုးသား၏ အသံက ဩရှရှ ဖြစ်နေပြီး သူ၏ အက်ကွဲနေသော နှုတ်ခမ်းများမှ သွေးများ စိမ့်ထွက်နေ၏။ "ခင်ဗျားတို့ ညီအစ်ကိုတွေက ဘယ်တပ်ကလဲ..."

​နဂါးပြာက သူ၏ နည်းဗျူဟာမြောက် စစ်ဦးထုပ်ကို ဖြည်းညှင်းစွာ ချွတ်လိုက်၏။

​သူ၏ နဖူးတွင် နယ်စပ်မစ်ရှင်တစ်ခုမှ ကျန်ရစ်ခဲ့သော အမာရွတ်တစ်ခု ရှိပြီး ယခုအခါတွင် ၎င်းမှာ ကံကြမ္မာ တစ်ခုခု၏ အမှတ်အသား တစ်ခုနှင့်ပင် တူနေချေသည်။

​သူက ဆောင့်ကြောင့်ထိုင်ချကာ တစ်ဖက်လူ၏ တွေဝေနေသော မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်ပြီး စကားလုံး တစ်လုံးချင်းစီ ပြောလိုက်လေသည်။ "ကျွန်တော်တို့က တရုတ် စစ်သားတွေပါ..."

​ရိုးရှင်းသော ထိုစကားလုံးများကြောင့် လူလတ်ပိုင်း အမျိုးသားမှာ တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်သွားရသည်။

​သူက နဂါးပြာ၏ လက်မောင်းကို ရုတ်တရက် ဖမ်းဆွဲလိုက်၏။ ထိုလက်များတွင် အသားမာများ ဖုံးလွှမ်းနေပြီး သူ၏ လက်ဖဝါးများမှာလည်း ထွက်ပြေးစဉ်က ရရှိခဲ့သော ပြတ်ရှဒဏ်ရာများနှင့် ရောင်ရမ်းမှုများ ဖုံးလွှမ်းနေချေသည်။

​သူ၏ နှုတ်ခမ်းများက တုန်ယင်နေပြီး သူ၏ အသံက ဩရှရှနှင့် တောင်ရောက်မြောက်ရောက် ဖြစ်နေခဲ့သည်။ "ဆရာ... ကျွန်တော်တို့ ဒီစစ်ပွဲကို နိုင်နိုင်ပါ့မလား..."

​သူ၏ မျက်လုံးထောင့်မှ သွေးများ စိမ့်ထွက်လာပြီး ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များနှင့် ရောနှောသွား၏။ "အဲဒီ တိရစ္ဆာန်တွေ.... အဲဒီတိရစ္ဆာန်တွေက ကျွန်တော့် သမီးကို ခေါ်သွားကြတယ်..."

​အက်ကွဲနေသော ရှိုက်သံတစ်ခုက သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာပြီး သူဟာ ဆက်၍ စကားမပြောနိုင်တော့ဆချ။

​နဂါးပြာက ဒူးတစ်ဖက် ထောက်လိုက်ပြီး သက်ကြီးရွယ်အို၏ ပိန်သွယ်သော ပခုံးများကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ ကျည်ကာအင်္ကျီပေါ်ရှိ ကျည်ဆန်ရာများက အဘိုးအို၏ လက်ဖဝါးများကို ဖိမိနေသော်လည်း ၎င်းက သူ့ကို ထူးဆန်းသော လုံခြုံမှု တစ်ခုကို ပေးစွမ်းနေခဲ့သည်။

​"ကျွန်တော်တို့ နိုင်မှာပါ..."

​ထိုစကားလုံးများက နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားပြီး တိတ်ဆိတ်သွားသော သေနတ်သံများကြားတွင် ရှင်းလင်းစွာ ကြားနိုင်လေသည်။

​ငါတို့ သေချာပေါက် နိုင်ရမယ်။

​လူလတ်ပိုင်း အမျိုးသား၏ နောက်ကျိပြီး တွေဝေနေသော မျက်လုံးများထဲတွင် အံ့သြဖွယ် အလင်းရောင်တစ်ခု တောက်ပသွားရသည်။

​"အခု အနောက်ဘက်ကို သွားပါ..." နဂါးပြာက သူ့ကို သံလိုက်အိမ်မြှောင် တစ်ခု အမြန် ကမ်းပေးလိုက်၏။ "သုံးမိုင်လောက်အကွာမှာ ကျူပင်တောတစ်ခု ရှိတယ်။ အဲဒီကနေ ဖြတ်သွားပါ...."

​ထိုသုံးယောက်မှာ ယိုင်နဲ့စွာ ထွက်သွားရင်း နောက်သို့ ခဏခဏ လှည့်ကြည့်နေကြ၏။

​လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့က မီးတောက်များကို ဆန့်ကျင်ကာ ရွေ့လျားသွားနေသည်ကို သူတို့ မြင်တွေ့လိုက်ရပြီး သူတို့၏ ပုံရိပ်များက မီးခိုးငွေ့များ၏ ဝါးမျိုခြင်းကို တဖြည်းဖြည်း ခံလိုက်ရသည်။

​လူလတ်ပိုင်း အမျိုးသားက ရုတ်တရက် ဒူးထောက်ကာ ထိုအရပ်မျက်နှာဆီသို့ သုံးကြိမ် ဦးချလိုက်လေသည်။

​မီးကျွမ်းနေသော မြေကြီးပေါ်တွင် လတ်ဆတ်သော သွေးစက် အနည်းငယ် ကျန်ရစ်ခဲ့သည်။

​ထိုသွေးများက သူ၏ ပေါက်ပြဲနေသော နဖူးမှ စီးကျလာခြင်းဖြစ်ပြီး ဤမြေပေါ်ရှိ လူသန်းပေါင်းများစွာ၏ သွေးများနှင့် ရောနှောသွားတော့သည်။

​"ငါတို့ နိုင်ကို နိုင်ရမယ်..." တိုးညင်းသော စကားလုံးများကို လေပြင်းက သယ်ဆောင်သွားပြီး အဝေးသို့ လွင့်မျောသွားချေသည်။

​အပျက်အစီးတစ်ခုတွင် လူငါးဆယ့်တစ်ယောက်က သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

​ပြတ်တောင်းပြတ်တောင်း ဂျပန်ဆက်သွယ်ရေးအသံများက လေ့ပေါ်၏ နားကြပ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး အဖွဲ့၏ ချန်နယ်သို့ အမြန် ပြောင်းလိုက်၏။

"ဂျပန်စစ်တပ်ရဲ့ ဆက်သွယ်ရေးကို ကြားဖြတ် ဖမ်းယူရရှိတယ်။ သူတို့က ရေစုန် နှစ်ကီလိုမီတာအကွာမှာရှိတဲ့ ကူးတို့ဆိပ်မှာ ကင်းပုန်းဝပ်ထားပြီး အရပ်သားတွေကို တမင်တကာ စုဝေးခွင့်ပေးထားတယ်။ သူတို့ရဲ့ ဖျော်ဖြေမှု သက်သက်အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ပြင်ဆင်နေကြတယ်..."

​"သောက်ကျိုးနည်း..." ကျင်းလဲ့က သူ၏ လက်သီးဖြင့် ပြိုကျနေသော နံရံကို ထိုးချလိုက်ရာ အပျက်အစီးများ လွင့်စင်သွားခဲ့သည်။

​နှင်းခဲဓားက သူ၏ မျက်လုံးများကို ကျဉ်းလိုက်ရာ လူသတ်ချင်စိတ်များ တောက်ပသွားချေသည်။ "နေရာ အတိအကျက ဘယ်မှာလဲ..."

​"ကူးတို့ဆိပ်ရဲ့ အနောက်ဘက် မီတာသုံးရာအကွာမှာ Type 91 စက်သေနတ်အပေါ့စား နှစ်လက်က ကျူပင်တောထဲမှာ ပုန်းကွယ်နေတယ်..." လေ့ပေါ်၏ အသံက ရေခဲများနှင့် ရောနှောနေသည့်အလား ထွက်ပေါ်လာ၏။ "မြစ်တစ်ဖက်ကမ်းက ရှားပင်အိုကြီး အောက်မှာလည်း Type 97 ရိုင်ဖယ် တစ်လက် ရှိနေတယ်..."

​နဂါးပြာက မြေပုံကို အမြန် ဆွဲဖွင့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ "အဲဒါက ငါတို့ရဲ့ မူလ လမ်းကြောင်းနဲ့ ထပ်တူကျနေတယ်..."

​သူက မြေပုံကို ပြင်းထန်စွာ ပိတ်လိုက်၏။ "အစီအစဉ်ကို ပြောင်းမယ်။ အရပ်သားတွေကို ကယ်တင်ဖို့နဲ့ ရန်သူကို ချေမှုန်းဖို့ကို ဦးစားပေး..."

​ထို့နောက် ပုံရိပ်ငါးဆယ်က တစ္ဆေများလို လူစုခွဲသွားလိုက်ကြသည်။

​အမွေးနီက ငှက်နီအဖွဲ့ကို ဦးဆောင်ကာ မြစ်ကမ်းဘေး တစ်လျှောက် တိတ်တဆိတ် သွားနေပြီး သံချပ်ကာနက်အဖွဲ့က စက်သေနတ် နေရာများကို ရှင်းလင်းရန် တာဝန်ယူထားလေသည်။ နှင်းခဲဓား၏ စနိုက်ပါက မြစ်တစ်ဖက်ကမ်းရှိ ကုန်းမြင့်ကို ချိန်ရွယ်ထားပြီး ဖြစ်၏။

​ဒါရိုက်တာကျန်းက အဖွဲ့၏အလယ်တွင် လိုက်ပါလာပြီး သူ၏ တက်ဘလက်က အချိန်နှင့်တစ်ပြေးညီ အပူချိန်တိုင်းတာမှု ပုံရိပ်များကို ပြသနေခဲ့သည်။ ဂျပန်စစ်တပ်ကို ကိုယ်စားပြုသော အနီရောင်အစက်လေးများက ကူးတို့ဆိပ်တစ်ဝိုက်တွင် ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ကျက်နေခဲ့ကြသည်။

​ကလေးငယ်တစ်ဦး၏ ငိုသံသဲ့သဲ့ကိုလည်း အဝေးမှ ကြားနေရ၏။

​"တိရစ္ဆာန်တွေ..." စနိုက်ပါ မှန်ပြောင်းမှတစ်ဆင့် အရိပ်က ကျူပင်တောထဲတွင် အေးစက်စွာ တောက်ပနေသော စက်သေနတ်ပြောင်းကို မြင်တွေ့နေရပြီ ဖြစ်သည်။ ထိုအချိန်တွင် ကူးတို့ဆိပ်၌ လူအုပ်ကြီးက ကြောက်ရွံ့ စိုးရိမ်စွာဖြင့် စုဝေးနေကြသည်။

​နဂါးပြာက လက်ချောင်းသုံးချောင်းကို မြှောက်လိုက်ပြီး ဆက်သွယ်ရေး ချန်နယ်မှတစ်ဆင့် နောက်ဆုံး အမိန့်ကို ထုတ်ပြန်လိုက်၏။

​"သုံး..."

​သေနတ်ငါးဆယ်မှာ တစ်ပြိုင်နက်တည်း မောင်းတင်ပြီး ဖြစ်သွားကြသည်။

​"နှစ်...."

​ညကြည့် မှန်ပြောင်းများက အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းသော အစိမ်းရောင် အလင်းတန်းကို ထုတ်လွှတ်နေချေသည်။

​"တစ်...."

​ကူးတို့ဆိပ်ရှိ ဂျပန်တပ်မှူးက သူ၏ မျက်နှာပေါ်တွင် မသမာသော အပြုံးတစ်ခုဖြင့် သူ၏ ဓားကို မြှောက်လိုက်၏။

​"ပစ်...."

​ဂျပန်တပ်မှူးက သူ၏ ဓားကို မြှောက်လိုက်ချိန်မှာပင် အေးစက်သော ဓားသွားတစ်ခုကဲ့သို့ စနိုက်ပါ ကျည်ဆန်တစ်တောင့်က လေထုကို ဆုတ်ဖြဲကာ သူ၏ နားထင်ကို တိကျစွာ ဖောက်ထွင်းသွား၏။

​သွေးများနှင့် ဦးနှောက်စများက သူ့နောက်ရှိ ကျူပင်များပေါ်သို့ ပက်စင်သွားပြီး တပ်မှူး၏ခန္ဓာကိုယ်မှာ ဓားကို ကိုင်ထားသည့် ကိုယ်နေဟန်ထားဖြင့်ပင် အနောက်သို့ တန်းတန်းမတ်မတ် လဲကျသွားတော့သည်။

​"ဒိုင်း ဒိုင်း ဒိုင်း..."

​သေနတ်ပစ်ခတ်သံများ ရုတ်တရက် ပေါက်ကွဲထွက်လာသော်လည်း ၎င်းက ဂျပန် စက်သေနတ်များထံမှ လာခြင်း မဟုတ်ချေ။

​ကူးတို့ဆိပ်ရှိ လူများက ကြောက်လန့်တကြား ဆောင့်ကြောင့်ထိုင်ချကာ သူတို့၏ ခေါင်းများကို ကာကွယ်ထားကြပြီး အမျိုးသမီးများက ကလေးငယ်များကို သူတို့၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့ကြသည်။

​မျှော်လင့်ထားသော နာကျင်မှုများ ရောက်မလာခဲ့ချေ။ ကျည်ဆန်များအားလုံးက သူတို့၏ ခေါင်းပေါ်မှ ဖြတ်သွားပြီး ပတ်ဝန်းကျင်ရှိ ကျူပင်တောထဲသို့ ဝင်ရောက်သွားကြသည်။

​"ရွှစ်..."

​ကျူပင်တောထဲတွင် ပုန်းအောင်းနေသော ဂျပန် စက်သေနတ်သမားတစ်ယောက်က ခလုတ်ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်ခုံးနှစ်ခုကြားတွင် သွေးများ ပေါက်ကွဲထွက်လာခဲ့သည်။

​သူ၏ အရန်သေနတ်သမားက တုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပင် ဒုတိယကျည်ဆန်က သူ၏ လည်ချောင်းကို ဖောက်ထွင်းသွားပြီ ဖြစ်၏။

​"ရန်သူ့ တိုက်ခိုက်မှု.. နေရာယူ..." ဂျပန်အဖွဲ့ခေါင်းဆောင်က ဟိန်းဟောက်ကာ မြေပြင်ပေါ်သို့ ဝပ်ချလိုက်သော်လည်း မြစ်တစ်ဖက်ကမ်းရှိ စက်သေနတ်နေရာမှ သွေးမြူတိမ်တိုက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရ၏။ သံချပ်ကာနက်အဖွဲ့၏ သံချပ်ကာဖောက် ကျည်ဆန်များက သဲအိတ်များကို ဖောက်ထွင်းသွားပြီး အနောက်ရှိ သေနတ်သမား နှစ်ယောက်ကို နှစ်ပိုင်း ပြတ်သွားစေခဲ့သည်။

​"ငတုံးတွေ.... သူတို့က..." တပ်ကြပ်ကြီး တစ်ယောက်က အနောက်ဘက်တောင်စောင်းသို့ လက်ညှိုးထိုးပြလိုက်ချိန်မှာပင် သူ၏ ရင်ဘတ်ကို ကျည်ဆန်သုံးတောင့်က တစ်ပြိုင်နက်တည်း ထိမှန်သွားချေသည်။

သူ၏ ကျည်ကာအင်္ကျီအတွင်းရှိ သံမဏိပြားမှာ ချက်ချင်းဖောက်ထွင်းခံလိုက်ရပြီး သူက အနောက်သို့ လွင့်စင်သွားကာ ကျူပင်တော တစ်အုပ်ကို လဲကျသွားစေခဲ့သည်။

​လူများက ဤထူးဆန်းသော မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေကြ၏။

​ပတ်ဝန်းကျင်တွင် ဂျပန်စစ်သားများက နာကျင်စွာ အော်ဟစ်လျက် လဲကျနေကြသော်လည်း သေနတ်ပစ်ခတ်နေသူ မည်သူ့ကိုမျှ မတွေ့ရချေ။

​အရိပ်က အပျက်အစီး နံရံ၏ အနောက်တွင် ဝပ်နေပြီး စနိုက်ပါ ရိုင်ဖယ်မှ အပြာရောင် မီးခိုးငွေ့များ ထွက်ပေါ်နေဆဲပင်။

​သူ့ဘေးတွင် ရပ်နေသော မီးပွားက သူ၏ မှန်ပြောင်းမှတစ်ဆင့် လက်တစ်ဖက်ဖြင့် ညွှန်ပြလိုက်၏။ "ဆယ့်တစ်နာရီ တည့်တည့်မှာ အပျက်အစီးတွေ အနောက်မှာ နောက်ထပ် နှစ်ယောက် ရှိသေးတယ်"

​သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မတူညီသော အရပ်မျက်နှာများမှ ကျည်ဆန်နှစ်တောင့်က တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာပြီး ထွက်ပြေးနေသော ဂျပန်စစ်သားများကို အုတ်နံရံတွင် တွယ်ကပ်သွားစေတော့သည်။

​"ဆုတ်... အခုချက်ချင်း ဆုတ်" အသက်ရှင်ကျန်ရစ်သော ဂျပန်စစ်သားများက နောက်ဆုံးတွင် ပြိုလဲသွားပြီး ရူးသွပ်စွာ ထွက်ပြေးကြလေသည်။

အခန်း ၂၂၁ပြီး၏။

All Chapters