အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၃) ဗုံးကြဲခြင်း
စူးရှသော အမြောက်ဆံ ပျံသန်းသံက ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့သည်။
ထို့နောက် ဒီရေလှိုင်းများကဲ့သို့သော အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
ဂျပန်စစ်သား ရာပေါင်းများစွာက အရူးများကဲ့သို့ ကတုတ်ကျင်းများထဲမှ ခုန်ထွက်လာကြ၏။ သူတို့က အင်္ကျီချွတ်ထားပြီး ခေါင်းတွင် သေချာပေါက် အောင်ပွဲခံမည်ဟု ရေးသားထားသော အဖြူရောင် အဝတ်စများကို ပတ်ချည်ထားကာ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး လက်ထဲတွင် လှံစွပ်များ ကိုင်ဆောင်လျက် ရန်သူဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။
"တပ်ခွဲမှူး... ဂျပန်တွေ ထပ်တက်လာပြန်ပြီ..." ကင်းစောင့်က အော်ဟစ်လိုက်ရာ သူ၏အသံက အနည်းငယ် တုန်ယင်နေချေသည်။
တပ်ခွဲမှူးက မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး ကတုတ်ကျင်းအစွန်းမှ ခေါင်းပြူကြည့်လိုက်၏။
အဝေးတွင် စစ်မီးခိုးငွေ့များကြား၌ မရေမတွက်နိုင်သော ဂျပန်စစ်သားများက လှံစွပ်များကို ကိုင်ကာ အသင့်အနေအထားဖြင့် ရှေ့သို့ ပြေးဝင်လာနေခဲ့ကြသည်။
"တိုက်ပွဲဝင်ဖို့ အသင့်ပြင်..." တပ်ခွဲမှူး၏ ဟိန်းဟောက်သံက ကတုတ်ကျင်းများ တစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။
စက်သေနတ်သမား လောင်လီက ခလုတ်ကို ချက်ချင်း ဆွဲလိုက်ရာ မက်ဇင်စက်သေနတ်ကြီးမှ မီးတောက်များ ပန်းထွက်လာတော့သည်။
ရှေ့ဆုံးမှ ဂျပန်စစ်သားများက ရိတ်သိမ်းခံရသော ဂျုံပင်များလို လဲကျသွားသော်လည်း အနောက်မှ လူများက သူတို့၏ ရဲဘော်ရဲဘက်များ၏ အလောင်းများကို နင်းဖြတ်ကာ ဆက်လက် ပြေးဝင်လာကြပြီး အဆုံးသတ်မည့်ပုံ မပေါ်ချေ။
"သောက်ကျိုးနည်း... ဒီဂျပန်မိစ္ဆာတွေ ရူးသွားကြပြီလား..." တပ်သားသစ် ရှောင်ဝမ်က သေနတ်မောင်းတင်ပြီး ပစ်လိုက်ရာ ကျည်ဆန်က ဂျပန်စစ်သားတစ်ယောက်၏ ရင်ဘတ်ကို ဖောက်ထွင်းသွားသော်လည်း ထိုစစ်သားက မလဲကျမီ ရှေ့သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့စွာ ဆက်လျှောက်လာသေးချေသည်။
"ဒါက လူသားဗုံး နည်းဗျူဟာပဲ..." စစ်မှုထမ်းဟောင်း၏ အသံက ဩရှရှ ဖြစ်နေခဲ့သည်။ "သူတို့က ဆေးကျွေးခံထားရတယ်။ ဒါကြောင့် သူတို့က သေရမှာကို မကြောက်ကြဘူး..."
ရုတ်တရက် စူးရှသော လေချွန်သံများနှင့်အတူ အမြောက်ဆံအချို့ ကျဆင်းလာလေသည်။
"အဆိပ်ငွေ့.... အဆိပ်ငွေ့ကာ..."
တပ်ခွဲမှူးက သတိပေးစကား ပြောလို့ပင် မဆုံးသေးမီ အမြောက်ဆံများက ခံစစ်မျဉ်းရှေ့တွင် ပေါက်ကွဲသွားခဲ့သည်။
အဝါရောင်သန်းနေသော အစိမ်းရောင် မီးခိုးငွေ့များက ချက်ချင်း ပျံ့နှံ့သွားပြီး ကတုတ်ကျင်းများဆီသို့ လွင့်မျောလာ၏။
"မုန်ညင်းဓာတ်ငွေ့တွေ... မြန်မြန်.... အဝတ်စိုတွေ သုံးကြ"
စစ်သားများက သူတို့၏ ခြေသလုံးပတ်ကြိုးများကို ကမန်းကတန်း ဖြည်ချလိုက်ပြီး ၎င်းတို့အပေါ်သို့ ဆီးသွားလိုက်ကြ၏။
လှုပ်ရှားမှု နှေးကွေးသူအချို့မှာ သူတို့၏ လည်ချောင်းများကို ဆုပ်ကိုင်လျက် လဲကျသွားကြပြီး သူတို့၏ အရေပြားများပေါ်တွင် အရည်ကြည်ဖုများ လျင်မြန်စွာ ပေါ်လာကာ မျက်လုံးများက သွေးရောင်လွှမ်းသွားချေသည်။
"အား... ငါ့မျက်လုံးတွေ..." စစ်သားငယ် တစ်ယောက် ဒူးထောက်ကျသွားခဲ့သည်။
အဆိပ်ငွေ့များကြားမှ ဂျပန်စစ်သားများ၏ အော်ဟစ်သံများက ပိုမို နီးကပ်လာလေသည်။
"လှံစွပ်တပ်..." တပ်ခွဲမှူးက စိုရွှဲနေသော အဝတ်စတစ်စကို ဆုတ်ဖြဲကာ သူ၏ မျက်နှာတွင် စည်းနှောင်လိုက်၏။ "ငါတို့ သေရင်တောင် သူတို့ထဲက တချို့ကို အဖော်ခေါ်သွားမယ်..."
အသက်ရှင်ကျန်ရစ်သော စစ်သားများက လှံစွပ်များ တပ်ဆင်နေစဉ် တုန်ယင်နေကြလေသည်။
သူတို့၏ လက်များ တုန်ယင်နေခြင်းမှာ ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ အဆိပ်ငွေ့က သူတို့၏ အာရုံကြောများကို စတင် ဖျက်ဆီးနေသောကြောင့်ပင်။
ပထမဆုံး ဂျပန်စစ်သားလှိုင်းတစ်ခု ကတုတ်ကျင်းထဲသို့ ခုန်ဆင်းလာချိန်တွင် သူတို့ကို သွေးစွန်းနေသော လှံစွပ်များက ဆီးကြိုလိုက်ကြသည်။
သွေးရောင်လွှမ်းနေသော မျက်လုံးများနှင့် စစ်သားတစ်ယောက်က အကြားအာရုံကိုသာ အားကိုးလျက် သူ၏ လှံစွပ်ကို ရန်သူ၏ ဗိုက်ထဲသို့ အောင်မြင်စွာ ထိုးစိုက်နိုင်ခဲ့သည်။
"တစ်ယောက်သတ်ရင် အရင်းကျေပြီ.... နှစ်ယောက်သတ်ရင် အမြတ်ပဲဟေ့... "
ကတုတ်ကျင်းများမှာ အသားကြိတ်စက်များအဖြစ် ပြောင်းလဲသွား၏။
ပြတ်တောက်နေသော ခြေလက်များ၊ အတွင်းကလီစာများနှင့် ကျိုးပဲ့နေသော သေနတ်များက ရောနှောနေပြီး သွေးများက မီးကျွမ်းနေသော မြေကြီးထဲသို့ စိမ့်ဝင်သွားကာ မြေပြင်ကို စေးကပ်သွားစေချေသည်။
အဝေးတွင် နောက်ထပ် ဂျပန်တပ်ဖွဲ့ လှိုင်းတစ်ခုက သူတို့၏ ထိုးစစ်ကို စတင်လိုက်ပြန်၏။
သူတို့က ရဲဘော်ရဲဘက်များနှင့် ရန်သူများ၏ အလောင်းများကို နင်းဖြတ်ကာ ဒီရေလှိုင်းတစ်ခုလို ရှေ့သို့ ပြေးဝင်လာခဲ့ကြသည်။
စက်သေနတ်သမား လောင်လီ၏ သေနတ်ပြောင်းမှာ နီရဲပူလောင်နေပြီ ဖြစ်၏။
သူက ကော်လာကို ဆွဲဟလိုက်ရာ သူ၏ ပိန်လှီပြီး အရိုးများ ပေါ်နေသော ရင်ဘတ်ကို ဖော်ပြလိုက်သည်။
"လာခဲ့စမ်း... ခွေးမသားတွေ"
နောက်ဆုံး ကျည်အိမ် ကုန်သွားချိန်တွင် ဂျပန်စစ်သား သုံးယောက်က သူတို့၏ လှံစွပ်များကို သူ၏ ခန္ဓာကိုယ်ထဲသို့ တစ်ပြိုင်နက်တည်း ထိုးစိုက်လိုက်ကြလေသည်။
လောင်လီက သွားဖြဲပြုံးလိုက်ပြီး သူ၏ ခါးရှိ လက်ပစ်ဗုံး၏ စနက်တံကို ဖြုတ်လိုက်၏။
ပေါက်ကွဲမှု မီးတောက်များကြားတွင် တပ်ခွဲမှူးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တပ်ခွဲတစ်ခုလုံးရှိ လူ ၁၂၀တွင် မတ်တပ်ရပ်နေနိုင်သူ ဆယ်ယောက်ပင် မပြည့်တော့ချေ။
သူက မြေပြင်မှ သွေးစွန်းနေသော စစ်တပ် အလံကို ကောက်ယူလိုက်ပြီး သူ၏ လှံစွပ်ဖြင့် ကတုတ်ကျင်း၏ အမြင့်ဆုံးနေရာတွင် စိုက်ထူလိုက်၏။
"ညီအစ်ကိုတို့... တမလွန်လမ်းမှာ ဖြည်းဖြည်းသွားကြ....."
"ငါ့ကို စောင့်ဦး....."
နောက်ဆုံး ကျန်ရစ်သော စစ်သားအနည်းငယ်က စုဝေးလိုက်ကြပြီး ကျန်ရှိသော လက်ပစ်ဗုံးများကို တစ်ထုံးတည်း ပေါင်းချည်လိုက်ကြ၏။
ဂျပန်စစ်တပ်က နောက်တစ်ကြိမ် ပြေးတက်လာချိန်တွင် အံ့အားသင့်စရာ အကောင်းဆုံး မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချေသည်။
သွေးများ ဖုံးလွှမ်းနေပြီး မီးခိုးထွက်နေသော လက်ပစ်ဗုံးများကို ဆုပ်ကိုင်ထားသည့် တရုတ်စစ်သားကိုးယောက်က သူတို့၏ တပ်တန်းများထဲသို့ ရယ်မောလျက် ပြေးဝင်လာကြသည်။
ဝုန်း...
ပေါက်ကွဲသံက သွေးရောင်လွှမ်းနေသော ဝင်ဆဲနေဝန်းတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေချေသည်။
ထိုအချိန်တွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့က စွန့်ပစ်ခံထားရသော မြေသားလမ်းပေါ်တွင် အလျင်အမြန် သွားနေကြသည်။
အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် ဂျပန် Type 97 အလတ်စား တင့်ကားနှစ်စီးက ဂျုံခင်းကို ဖြတ်သန်း မောင်းနှင်လာရာ ဘီးချိန်းကြိုးများက အမည်းရောင် ရွှံ့များကို လွင့်စင်စေပြီး သူတို့၏ အမြောက်ပြောင်းများက တဖြည်းဖြည်း လည်ပတ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ဖြစ်နေခဲ့သည်။
"ရှေ့ မီတာ ၄၀၀အကွာမှာ တင့်ကား နှစ်စီးနဲ့ ခြေလျင်စစ်သား ဆယ့်နှစ်ယောက်..." အရိပ်က စနိုက်ပါ မှန်ပြောင်းမှတစ်ဆင့် ပစ်မှတ်ကို ချိန်ရွယ်လိုက်ပြီး သူ၏ အသံက တည်ငြိမ်နေခဲ့သည်။
ကျန်းယဲ့က စနစ်စတိုးဆိုင်ကို ဝေ့ကြည့်လိုက်ပြီး PF-98 120mm ဒုံးပစ်လောင်ချာ နှစ်လက်ကို လျင်မြန်စွာ လဲလှယ်လိုက်၏။
ဤခေတ်သစ်လက်နက်မှာ ဒုတိယကမ္ဘာစစ် စစ်မြေပြင်တွင် ဂိမ်းကို လုံးဝ ပြောင်းလဲပစ်နိုင်သည့် အရာပင်။
PF-98 120mm ဒုံးပစ်လောင်ချာက ဒုတိယ ကမ္ဘာစစ်အတွင်းရှိ တင့်ကားအားလုံး၏ သံချပ်ကာကို ဖောက်ထွင်းနိုင်သည်ဟု ဆိုလျှင် လွန်မည်မဟုတ်ချေ။
နဂါးပြာနှင့် အခြားသူများက ကျန်းယဲ့က PF-98 120mm ဒုံးပစ်လောင်ချာ နှစ်လက်ကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ အားလုံးက သူ့ကို လေးစားမှုဖြင့် ကြည့်လိုက်ကြ၏။
အထီးကျန် ဝံပုလွေက ကျန်းယဲ့ကို အသိအမှတ်ပြုသည့်အနေဖြင့် လက်မထောင်ပြလိုက်သည်။
ဤအလွန် ဖျက်ဆီးအားပြင်းသော လက်နက်နှစ်လက် လက်ဝယ်ရှိလာသဖြင့် နဂါးပြာက အများကြီး တွေးနေစရာ မလိုတော့ဘဲ တိုက်ရိုက် အမိန့်ပေးလိုက်၏။ "သံတံတိုင်း၊ ဒိုင်းလွှားလေး... မင်းတို့နှစ်ယောက်က ဘယ်ဘက်က တစ်စီးကို တာဝန်ယူ။ ကျန်တာက ငါတို့အဖွဲ့အတွက်ပဲ.... ကျန်တဲ့လူတွေက ကွက်လပ်ဖြည့်ပေးကြ"
သံတံတိုင်းနှင့် ဒိုင်းလွှားလေးက လက်နက်ကို လျင်မြန်စွာ ဖမ်းယူလိုက်ပြီး မြောင်းတစ်ခု နောက်သို့ အမြန် တွားသွားလိုက်ကြသည်။
သံတံတိုင်းက သံချပ်ကာဖောက် ဒုံးကျည်ကို ကျွမ်းကျင်စွာ ထည့်သွင်းလိုက်ပြီး သွားဖြဲပြုံးကာ ပြောလိုက်၏။ "ဟီး.... မိစ္ဆာကောင်လေးတွေ... အဘိုးက မင်းတို့ကို ဒါလေး မြည်းစမ်းခိုင်းရတာပေါ့...."
"ဝုန်း..."
ဒုံးကျည်က ဟိန်းဟောက်ထွက်ပေါ်လာပြီး မီးတောက်လမ်းကြောင်းတစ်ခုကို ချန်ရစ်ကာ တင့်ကား၏ အမြောက်ပြောင်း အဆက်ကို တိကျစွာ သွားမှန်ချေသည်။
120mm သံချပ်ကာဖောက် ဒုံးကျည်က 45mm သံချပ်ကာကို လွယ်ကူစွာ ဆုတ်ဖြဲသွားပြီး သတ္တုအရည်ပူများက ကားထဲသို့ ချက်ချင်း စီးဝင်သွားလေသည်။
တင့်ကားထဲတွင် မီးလုံးကြီးတစ်ခု ပေါက်ကွဲသွားပြီး အမြောက်ပြောင်းမှာ ပေါက်ကွဲမှုလှိုင်းကြောင့် တိမ်းစောင်းသွားကာ ကားကိုယ်ထည်မှ အမည်းရောင် မီးခိုးလုံးကြီးများ ထွက်ပေါ်လာခဲ့သည်။
အပြင်သို့ လွတ်မြောက်လာနိုင်ခဲ့သော ဂျပန် ယာဉ်မောင်းမှာ တံခါးပေါက်မှ တွားထွက်လာချိန်မှာပင် ခေါင်းကို ပစ်ခတ်ခြင်း ခံလိုက်ရ၏။
ကျန်ရှိသော တင့်ကားအဖွဲ့မှာ ရှင်းလင်းစွာ ထိတ်လန့်သွားကြပြီး တိုက်ခိုက်သူများကို ရှာဖွေရန် သူတို့၏ အမြောက်ပြောင်းများကို အရူးအမူး လှည့်နေခဲ့ကြသည်။
နဂါးပြာက ဒုံးပစ်လောင်ချာကို ပခုံးပေါ်တင်ကာ တည်ငြိမ်စွာ ဒူးတစ်ဖက် ထောက်လိုက်၏။ စနစ်မှ ပံ့ပိုးပေးထားသော အပူချိန်တိုင်းတာမှု မှန်ပြောင်းက တင့်ကားအတွင်းရှိ အဖွဲ့သားများ၏ နေရာများကို သူ့အား ရှင်းလင်းစွာ မြင်တွေ့ခွင့် ပေးထားချေသည်။
"သွားတော့နော်..."
ထို့နောက် ခလုတ်ကို ဆွဲလိုက်၏။
ဒုံးကျည်က တင့်ကား၏ အားအနည်းဆုံးဖြစ်သော အနောက်ဘက် အင်ဂျင်ခန်းထဲသို့ တိုက်ရိုက် ဖောက်ဝင်သွားပြီး လောင်စာဆီကို မီးစွဲသွားစေလေသည်။
တင့်ကားတစ်စီးလုံးက ဧရာမတူကြီးဖြင့် အထုခံလိုက်ရသည့်အလား ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အတွင်းပိုင်းမှ ပေါက်ကွဲထွက်သွားရာ အမြောက်ပြောင်းမှာ မီတာဆယ်ဂဏန်းကျော်အမြင့်သို့ လွင့်စင်သွားပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာတော့သည်။
အသက်ရှင်ကျန်ရစ်သော ဂျပန်ခြေလျင်စစ်သားများမှာ အံ့သြတုန်လှုပ်မှုမှ သတိမဝင်လာနိုင်မီမှာပင် သူတို့က ကြက်ခြေခတ်ပစ်ခတ်မှု၏ ဒဏ်ကို ခံလိုက်ရ၏။
အမွေးနီ၏ Type 95 အပေါ့စား စက်သေနတ်က မီးတောက်များ ပန်းထုတ်လိုက်ရာ ကျည်ဆန်များက တံစဉ်များလို ဂျုံခင်းကို ရိတ်သိမ်းသွားချေသည်။
ထွက်ပြေးရန် ကြိုးစားသော ဂျပန်စစ်သား အချို့မှာ ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးချိန်တွင် နှင်းခဲဓား၏ တစ်ယောက်ချင်း ပစ်ခတ်မှုကို ခံလိုက်ရကြသည်။
စက္ကန့် သုံးဆယ်....
စက္ကန့်သုံးဆယ်အတွင်းမှာပင် တင့်ကား နှစ်စီးနှင့် ဂျပန်စစ်သားဆယ့်နှစ်ယောက်မှာ လောင်ကျွမ်းနေသော သံတိုသံစများနှင့် အလောင်းများအဖြစ် ပြောင်းလဲသွားရသည်။
"ရှေ့ဆက်သွားမယ်..." နဂါးပြာက နောက်ကွယ်ရှိ မီးပင်လယ်ကြီးကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ဒုံးပစ်လောင်ချာကို သိမ်းလိုက်၏။
အဖွဲ့က မီးခိုးထွက်နေဆဲဖြစ်သော တင့်ကား အပျက်အစီးများကို တိတ်ဆိတ်စွာ ကျော်ဖြတ်သွားကြလေသည်။
နာရီဝက်အကြာတွင် အပျက်အစီးတစ်ခု၌ ကျန်းယဲ့နှင့် သူ၏အဖွဲ့က ပြိုကျနေသော နံရံတစ်ခု၏ အကာအကွယ်အောက်တွင် ခေတ္တ အနားယူလိုက်ကြ၏။
နဂါးပြာက ပြိုကျနေသောနံရံတစ်ခု အနောက်တွင် ဆောင့်ကြောင့်ထိုင်ကာ ရေစိုခံမြေပုံတစ်ခုကို ဖြန့်လိုက်ပြီး သံလိုက်အိမ်မြှောင်၏ ဖော့စဖရပ် လက်တံလေးက နေဝင်ဆည်းဆာအချိန်တွင် မှိန်ဖျော့ဖျော့ လင်းလက်နေချေသည်။
သူက မြေပုံပေါ်ရှိ အနီရောင်ဖြင့် ဝိုင်းထားသော နေရာကို လက်ညှိုးထိုးပြလိုက်၏။ "ဒီအပျက်အစီးတွေကို ဖြတ်သွားပြီး နောက်ထပ် ငါးကီလိုမီတာ ဆက်သွားရင် နေရှင်နယ်လစ် စစ်တပ်ရဲ့ ပြင်ပခံစစ်မျဉ်းကို ရောက်လိမ့်မယ်..."
သို့သော် ကျန်းယဲ့၏ အကြည့်က အခြား အပြာရောင် အမှတ်အသားတစ်ခု အပေါ်သို့ ကျရောက်နေခဲ့သည်။
ထိုနေရာမှာ ဂျပန်စစ်တပ် သိမ်းပိုက်ထားသော နေရာတစ်ခုဖြစ်ပြီး မြေပုံပေါ်တွင် လေဆိပ်သင်္ကေတငယ်လေး တစ်ခုဖြင့် မှတ်သားထားလေသည်။
"ဒါက လေဆိပ်လား..." ကျန်းယဲ့က အပြာရောင် စက်ဝိုင်း၏ အလယ်ဗဟိုကို လက်ချောင်းဖြင့် ညင်သာစွာ ခေါက်လိုက်၏။
နဂါးပြာက ခေါင်းညိတ်လိုက်၏။ "ဂျပန်စစ်တပ်ရဲ့ ရှေ့တန်း ထောက်ပံ့ရေး လေယာဉ်ကွင်းပဲ.... ** အရပ်မျက်နှာက စစ်ဆင်ရေးတွေကို ပံ့ပိုးပေးဖို့ အဓိက တာဝန်ယူထားတာ...."
အခန်း ၂၂၃ပြီး၏။