← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) ရည်ရွယ်ရာသို့ ရောက်ရှိခြင်း

​ကျန်းယဲ့သည် သူ၏ မျက်လုံးများကို ကျဉ်းလိုက်ပြီး သမိုင်းဆိုင်ရာ အချက်အလက်များက သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာ၏။ “ဒီလေဆိပ်မှာ တက်ဆင်းနေတဲ့ ဗုံးကြဲလေယာဉ်တွေက နေ့တိုင်း ** နေရာကို ဗုံးသီးတန်ချိန်ပေါင်းများစွာ ကြဲချနေတာ....”

"မူရင်းစာရေးဆရာက နေရာအတိကျတွေမရေးပါဘူးဗျ )

​သူက လူအုပ်ကို မော့ကြည့်လိုက်၏။ “အကယ်၍ ငါတို့ ဒါကို ဖြိုချနိုင်မယ်ဆိုရင်...”

​“ရှေ့တန်းက ဖိအားတွေကို ၃၀% လောက် လျှော့ချပေးနိုင်လိမ့်မယ်....” သံတံတိုင်းက အရေးတကြီး လေသံဖြင့် ချက်ချင်း ပြန်လိုက်၏။

​အမွေးနီက မျက်မှောင်ကြုတ်လိုက်လေသည်။ “ဒါပေမဲ့ လေဆိပ်ကို တိုက်ရိုက်တိုက်ခိုက်ဖို့က အရမ်း အန္တရာယ်များတယ်... ပြီးတော့ ငါတို့မှာ လူအင်အားလည်း မလုံလောက်ဘူး”

​“တိုက်ရိုက် တိုက်ခိုက်စရာ မလိုပါဘူး” ကျန်းယဲ့က စနစ်စတိုးဆိုင်မှ ကိုယ်ထည်အောက်တွင် အသေးစား ဖောက်ခွဲရေး ဗုံးများ တပ်ဆင်ထားသည့် အနက်ရောင် ဒရုန်းငယ် တစ်စင်းကို ထုတ်ယူလိုက်၏။ “ဒါကို သုံးကြမယ်....”

​အဖွဲ့ခေါင်းဆောင် ငါးယောက်က သူ့ပတ်လည်တွင် ချက်ချင်း စုရုံးလာခဲ့ကြသည်။

​အရိပ်က တအံ့တဩ လေသံဖြင့် “အသေခံ ဒရုန်းလား....”

​ကျန်းယဲ့က ခေါင်းညိတ်ပြီး ထိန်းချုပ်မှု မျက်နှာပြင်ကို ဆွဲတင်လိုက်၏။ “ဒီ ဖုန်း-၁၇ ဂွီရှူးက အရမ်း သင့်တော်မယ်လို့ ထင်တယ်။ တစ်စင်းစီတိုင်းမှာ C4 ဗုံး ၈၀၀ ဂရမ် ပါဝင်ပြီး လေယာဉ်ဆီတိုင်ကီတွေနဲ့ ခဲယမ်းမီးကျောက်ပုံတွေကို ဖျက်ဆီးဖို့ သီးသန့် ထုတ်လုပ်ထားတာ...”

​အမွေးနီက စိုးရိမ်မှု ရှိနေသေးလေသည်။ “အကယ်၍ ဂျပန်စစ်တပ်က အပျက်အစီးတွေကို တွေ့သွားပြီး ဒရုန်း နည်းပညာကို ကြိုတင် တီထွင်လိုက်ရင်ကော...”

​“စိတ်မပူပါနဲ့...” ကျန်းယဲ့က ဒရုန်း၏ အပြင်ခွံကို ခေါက်ကြည့်လိုက်၏။ “မစ်ရှင် ပြီးသွားရင် အတွင်းက အပူစွမ်းအင်ပစ္စည်းက ဒါကို ပြာဖြစ်သွားအောင် မီးရှို့ပစ်လိုက်လိမ့်မယ်...”

​ကျန်းယဲ့က အထူးတပ်ဖွဲ့ဝင်များကို ကြည့်ကာ ပြော၏။ “ကျွန်တော်က လက်နက်တွေပဲ ပံ့ပိုးပေးနိုင်တာ... ဒါကို ဘယ်လို ကျွမ်းကျင်အောင် သုံးရမလဲဆိုတာတော့ မသိဘူး။ မင်းတို့ထဲမှာ ဘယ်သူ ကျွမ်းကျင်လဲ...”

​တိတ်ဆိတ်ခြင်းက လက်မြှောက်လိုက်ပြီး သွားဖြဲပြုံးကာ ပြောလိုက်၏။ “J ခရိုင် မော်ဒယ်လေယာဉ် ပြိုင်ပွဲမှာ ချန်ပီယံ သုံးကြိမ် ဖြစ်ဖူးတယ်...”

​ဆယ်မိနစ် အကြာတွင် ဖုန်း-၁၇ ဂွီရှူးဒရုန်း အစင်းနှစ်ဆယ်က အပျက်အစီးများကြားတွင် တန်းစီနေခဲ့ကြသည်။

​AR ထိန်းချုပ်ရေး မျက်မှန်ကို တပ်ဆင်ထားရင်း တိတ်ဆိတ်ခြင်း၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပျံသန်းနေ၏။ “ပစ်မှတ်ကို Lock လုပ်ပြီးပြီ... အပူချိန်တိုင်းတာမှုအရ လေဆိပ်မှာ Type 97 အကြီးစား ဗုံးကြဲလေယာဉ်ခြောက်စင်းနဲ့ ဆီတင်ကား နှစ်စီး ရပ်နားထားတယ်...”

​နဂါးပြာက ပြတ်သားစွာ အမိန့်ပေးလိုက်၏။ “ဆီတင်ကားတွေကို အရင်ဖျက်ဆီးပြီး ရှုပ်ထွေးအောင် လုပ်မယ်... ပြီးရင် လေယာဉ်တွေကို ဗုံးကြဲမယ်...”

​“နားလည်ပါပြီ...” တိတ်ဆိတ်ခြင်းက စတင်ခလုတ်ကို နှိပ်လိုက်လေသည်။

​နောက်ခဏ၌ ဒရုန်းအစင်းနှစ်ဆယ်က တစ်ပြိုင်နက်တည်း ပျံတက်သွားပြီး နေဝင်ဆည်းဆာအချိန်တွင် တိတ်ဆိတ်သော မီးငှက်အုပ်စုလို ဖြတ်သန်းသွားကြလေသည်။

​သူတို့၏ ပန်ကာများမှာ ဆူညံသံ လျှော့ချရေး နည်းပညာဖြင့် ပြုလုပ်ထားသဖြင့် အမြင့် မီတာ ၁၀၀ တွင် လုံးဝ တိတ်ဆိတ်နေ၏။

​ဂျပန် ကင်းစောင့်များက သမ်းဝေလျက် ကင်းလှည့်နေကြပြီး သေမင်းက ချဉ်းကပ်လာနေသည်ကို လုံးဝ မသိရှိကြကြောင်း စောင့်ကြည့်ရေး ပုံရိပ်များမှတစ်ဆင့် ကျန်းယဲ့က မြင်တွေ့နေရသည်။

​ပထမဆုံး ဖုန်း-၁၇ ဂွီရှူးဒရုန်းက အောက်သို့ ဒိုင်ဗင်ထိုးဆင်းကာ ဆီတင်ကားကို တိကျစွာ ဝင်တိုက်လိုက်ခဲ့သည်။

​“ဝုန်း... ”

​ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေမည့် မီးတောက်များ ထွက်ပေါ်လာချေသည်။

​ဒုတိယနှင့် တတိယဒရုန်းများက ဗုံးကြဲလေယာဉ် အုပ်စုထဲသို့ ဆက်တိုက်ဝင်တိုက်သွားရာ အလူမီနီယမ် ကိုယ်ထည်များမှာ ပေါက်ကွဲမှုကြောင့် ကျိုးပဲ့သွားရလေသည်။

​ဂျပန်စစ်တပ်၏ ထိတ်လန့်တကြား အော်ဟစ်သံများကြားတွင် နောက်ဆုံးဒရုန်းက ခဲယမ်း မီးကျောက်ဂိုဒေါင်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။

​ဆယ်ကီလိုမီတာအကွာမှ ကျန်းယဲ့နှင့် အဖွဲ့မှာ မိုးကုတ်စက်ဝိုင်းတွင် တက်လာသော မှိုပုံသဏ္ဍာန် မီးခိုးလုံးကြီးကို ကြည့်နေကြပြီး ပူပြင်းသော လေပူများက သူတို့၏ အဝတ်စွန်းများကိုပင် လှုပ်ခတ်သွားစေလေသည်။

​“မစ်ရှင် အောင်မြင်ပြီ...” တိတ်ဆိတ်ခြင်းက မျက်မှန်ကို ချွတ်လိုက်၏။ “ဒရုန်းအားလုံးရဲ့ ကိုယ်တိုင် ဖျက်ဆီးရေး လုပ်ငန်းစဉ်တွေကို စတင်လိုက်ပြီ...”

​နဂါးပြာက မြေပုံကို သိမ်းလိုက်​၏။ “အခုတော့ နေရှင်နယ်လစ်စစ်တပ်နဲ့ ချိတ်ဆက်ရမယ့် အချိန်ပဲ...”

​ညနက်ပိုင်းတွင် နေရှင်နယ်လစ် စစ်တပ်၏ ရှေ့တန်း ကွပ်ကဲရေးစခန်းမှာ လင်းထိန်နေချေသည်။

​ဆက်သွယ်ရေး စစ်သားတစ်ယောက်က အသစ် ဘာသာပြန်ထားသော ကြေးနန်းကို ကိုင်ကာ တဲစကို အလျင်အမြန် လှန်ဝင်လာပြီး သူ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေခဲ့သည်။ “အစီရင်ခံပါတယ်... လေဆိပ်ကို ဗုံးကြဲလိုက်ပြီး ဂျပန် ဗုံးကြဲလေယာဉ်ခြောက်စင်းနဲ့ ဆီလှောင်ကန် နှစ်ခု လုံးဝ ဖျက်ဆီးခံလိုက်ရပြီ...”

​ကွပ်ကဲရေးစင်တာမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖိနှိပ်ထားသော အောင်ပွဲခံ အော်ဟစ်သံများ ပေါက်ကွဲထွက်လာကြသည်။

​အရာရှိ တစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ သူ၏ လက်ဖက်ရည်ခွက်ကို တိုက်မိပြီး စစ်မြေပုံပေါ်သို့ လက်ဖက်ရည်များ ဖိတ်စင်သွားသော်လည်း မည်သူမျှ ဂရုမစိုက်ကြချေ။

​“သတင်းက အတည်ပြုပြီးပြီလား...” ဆံပင်ဖြူဖြူနှင့် စစ်ဦးစီးချုပ်က သူ၏ စိတ်လှုပ်ရှားမှုကို အနိုင်နိုင် ထိန်းချုပ်ရင်း မေးလိုက်၏။

​“အတည်ပြုပြီးပါပြီ...” ဆက်သွယ်ရေး စစ်သားက ခေါင်းညိတ်လိုက်၏။ “ကျွန်တော်တို့ရဲ့ ကင်းထောက်တွေက ပေါက်ကွဲမှုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာပါ။ ဟုန်းခိုဒေသရဲ့ ကောင်းကင်တစ်ဝက်လောက်က အနီရောင်တွေ လင်းနေတာပါ...”

​ရက်အတော်ကြာ တင်းမာနေခဲ့သော ကွပ်ကဲရေးစခန်းရှိ အရာရှိများ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာသော်လည်း မကြာမီတွင် ဝမ်းမြောက်မှုနေရာ၌ သံသယများ ဝင်ရောက်လာချေသည်။

​“ထူးဆန်းတယ်....” စစ်ဦးစီးချုပ်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။ “** လေဆိပ်က ဂျပန်ကာကွယ်ရေး မျဉ်းရဲ့ အတွင်းပိုင်းမှာ ရှိတာလေ... တပ်မအနည်းဆုံး နှစ်ခုနဲ့ လေကြောင်းရန် ကာကွယ်ရေး စခန်းတွေ ဝန်းရံထားတာကို...”

​သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ “ဘယ်တပ်ဖွဲ့က ဒီအလုပ်ကို လုပ်လိုက်တာလဲ” ဟု မေးလိုက်၏။

​စစ်ဆင်ရေး အရာရှိက စာရင်းကို အမြန်လှန်ကြည့်လိုက်လေသည်။ “ကျွန်တော် အားလုံးကို အတည်ပြုခိုင်းလိုက်မယ်....”

​နာရီဝက် အကြာတွင် ဌာနအသီးသီးမှ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။

​“ကျွန်တော့် တပ်မမှာ ဘယ်တပ်လှုပ်ရှားမှုမှ မရှိဘူး...”

​“ကျွန်တော်တို့ တပ်ရင်းက မူလခံစစ်မျဉ်းမှာပဲ ရှိနေပါတယ်..”

​“ကျွန်တော့် တပ်မဟာမှာ ဒီနေ့ စစ်ဆင်ရေး တာဝန် မရှိဘူး...”

​ကွပ်ကဲရေးစင်တာရှိ လေထုမှာ တစ်ဖန် တင်းမာသွားပြန်၏။

​“သောက်ကျိုးနည်း...” ငယ်ရွယ်သော စစ်ဦးစီးအရာရှိ တစ်ယောက်က ရေရွတ်လိုက်၏။ “လေဆိပ်က သူ့ဘာသာ သူ ပေါက်ကွဲသွားတာတော့ မဟုတ်ပါဘူးနော်...”

​ထောင့်တစ်နေရာတွင် ဝိုင်းစက်သော မျက်မှန်ကို တပ်ထားသည့် ထောက်လှမ်းရေး အကြီးအကဲက ရုတ်တရက် စကားပြောလာခဲ့သည်။ “နိုင်ငံခြားသားတွေ ဝင်ပါနေတာများလား...”

​“သောက်တလွဲတွေ...” ဒေါသကြီးသော စစ်ဦးစီးအရာရှိ တစ်ယောက်က ချက်ချင်း ပြန်ပြောလေသည်။ “နိုင်ငံခြားသားတွေက ငါတို့နဲ့ ဂျပန်တွေ နှစ်ဖက်စလုံး အထိနာတာကိုပဲ လိုချင်နေကြတာလေ... သူတို့က ဒီလောက်တောင် စေတနာကောင်းပြီး ဒီအလုပ်ကို လုပ်ပေးပါ့မလား...”

​လူအုပ်ကြီးက ဆွေးနွေးသံများဖြင့် ဆူညံသွား၏။ တချို့က လျှို့ဝှက် အသေခံတပ်ဖွဲ့ ဖြစ်မည်ဟု ခန့်မှန်းကြပြီး တချို့က ဂျပန်တပ်အတွင်းပိုင်းမှာပဲ ပြည်တွင်းစစ်ဖြစ်နေသည်ဟု သံသယရှိကြကာ တချို့ကတော့ နတ်ဘုရားစစ်သားတွေလားဟု တိုးတိုးလေး ရေရွတ်နေကြ၏။

​ညဉ့်မှာ မှင်လို မည်းနက်နေပြီး ကျန်းယဲ့ နှင့် သူ၏အဖွဲ့မှာ အပျက်အစီးများကြားတွင် တိတ်ဆိတ်စွာ လျှောက်သွားနေခဲ့ကြသည်။

​စနစ်မျက်နှာပြင်မှာ သူ၏ ရှေ့တွင် ပေါ်လာပြီး ရှေ့တည့်တည့်တွင် အနီရောင် အစက်တစ်ခု တောက်ပနေချေသည်။

​၎င်းမှာ သူ၏ ရည်ရွယ်ရာ ဖြစ်ပြီး သူ၏ ဘေးဖြစ်သူ ကျန်းဒဲဖူပင်။

​“ပစ်မှတ်နဲ့ မီတာ ၃၀၀ အကွာ.... နေရှင်နယ်လစ်စစ်တပ်ရဲ့ လုံခြုံရေးဧရိယာထဲ ဝင်ရောက်နေပြီ...” နဂါးပြာက သူ၏ အသံကို နှိမ့်လိုက်ပြီး လက်ဟန်ခြေဟန် ပြလိုက်ရာ အဖွဲ့သားများက ချက်ချင်း လူစုခွဲကာ အကာအကွယ် ယူလိုက်ကြ၏။

​ခံတပ်နောက်ကွယ်တွင် ပုန်းအောင်းနေသော ကျန်းယဲ့က ညကြည့်မှန်ပြောင်းဖြင့် ကတုတ်ကျင်းတစ်လျှောက် ကင်းလှည့်နေသော ဗဟို စစ်တပ် စစ်သားအချို့ကို ရှင်းလင်းစွာ မြင်နေရလေသည်။

​သူတို့ထဲမှ တစ်ယောက်မှာ အရပ်ရှည်ပြီး ပိန်ပါးကာ ဟောင်းနွမ်းနေသော ရိုင်ဖယ်တစ်လက်ကို ကိုင်ဆောင်ထားပြီး ယိုင်နဲ့နဲ့ လမ်းလျှောက်နေ၏။ သူမှာ ငယ်ရွယ်စဉ်က ကျန်းဒဲဖူပင်။

​ညလေပြင်းက ပြတ်တောင်းပြတ်တောင်း ပြောဆိုသံများကို သယ်ဆောင်လာခဲ့သည်။

​“ဟူး... တတိယတပ်ရင်းတစ်ခုလုံး ပြုတ်သွားပြီ....” မျက်နှာတွင် မီးခိုးများ ပေကျံနေသော စစ်သားတစ်ယောက်က ကတုတ်ကျင်းထဲရှိ အပျက်အစီးများကို ကန်ထုတ်လိုက်၏။ “ဂျပန်မိစ္ဆာတွေက သေရမှာကို မကြောက်ကြဘူး... ရှေ့က လူတွေ လဲကျသွားရင် အနောက်က လူတွေက အလောင်းတွေပေါ်ကို နင်းပြီး ဆက်တိုးလာကြတာကွာ.. ”

​ကျန်းဒဲဖူက တိတ်ဆိတ်စွာ လမ်းလျှောက်နေပြီး သူ၏ လက်ချောင်းများက သေနတ်ဒင်ပေါ်ရှိ ထွင်းထုထားသော အရာများကို မသိစိတ်က ပွတ်သပ်နေမိသည်။

​၎င်းမှာ သူ၏ ညီငယ် စစ်ထဲဝင်သည့်အချိန်က ထွင်းထုထားခဲ့သော ကောက်ကွေးနေသည့် ငြိမ်းချမ်းခြင်းဟူသော စာလုံးလေးပင်။

​“အဘိုးကြီးကျန်း... ” သူ၏ ဘေးရှိ စစ်သားအိုက တုံ့ဆိုင်းလျက် ပြော၏။ “မင်းညီက တတိယ တပ်ရင်းမှာလို့ ကြားတယ်.. ဟုတ်လား”

​ကျန်းဒဲဖူက ခဏမျှ ရပ်တန့်သွား၏။

​သူက ပြန်မဖြေဘဲ သူ၏ အိတ်ကပ်ထဲမှ မာကျောနေသော ပေါင်မုန့်တစ်ဝက်ကို ထုတ်ကာ အပိုင်းပိုင်း ချိုး၍ ပါးစပ်ထဲ ထည့်ကာ စက်ရုပ်လို ဝါးစားလိုက်သည်။

​လူတိုင်း နားလည်သွားကြ၏။

​ကတုတ်ကျင်းထဲတွင် လေတိုက်သံနှင့် ပြတ်တောင်းပြတ်တောင်း အမြောက်သံများသာ ကျန်ရစ်တော့သည်။

​အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စစ်သားငယ်တစ်ယောက်က ရုတ်တရက် ရှိုက်ငိုကာ ပြောလိုက်၏။ “အကယ်၍ ဂျပန်တွေက မနက်ဖြန် အဆိပ်ငွေ့နဲ့ အသေခံဗုံးတွေ ထပ်သုံးရင် ကျွန်တော်တို့က...”

​သူ စကားမဆုံးသေးသော်လည်း နောက်တစ်ခုက ဘာဖြစ်လာမည်ကို လူတိုင်း သိကြလေသည်။

​ဒီခံစစ်မျဉ်းကို ထိန်းထားနိုင်မှာ မဟုတ်တော့ချေ။

​ဤအချိန်တွင် ကျန်းယဲ့က နဂါးပြာကို တိုးတိုးလေး ပြောလိုက်၏။ “အတည်ပြုပြီးပြီ... ငါ့ရဲ့ ဘေးက ငါတို့နဲ့ မျက်နှာချင်းဆိုင်မှာပဲ...”

​နဂါးပြာက ခေါင်းညိတ်ပြီး နည်းဗျူဟာမြောက် လက်ဟန်ခြေဟန်များကို အလျင်အမြန် လုပ်ပြလိုက်၏။ အဖွဲ့ဝင်များက ချက်ချင်း လူစုခွဲကာ အကာအကွယ် ယူလိုက်ပြီး သူတို့၏ သေနတ်များကို ပတ်ဝန်းကျင်ဆီသို့ ချိန်ရွယ်ထားလိုက်လေသည်။

​“ဆက်သွယ်ဖို့ အသင့်ပြင်...” နဂါးပြာက ဩရှရှ အသံဖြင့် ပြောလိုက်၏။ “တိုက်ရိုက် ပြေးထွက်သွားရင် ထိခိုက်မှုတွေ ရှိနိုင်တယ်။ အရင်ဆုံး သတိပေးချက်တစ်ခု ပို့လိုက်ကြမယ်...”

​ကျန်းယဲ့က သူ၏ နည်းဗျူဟာမြောက် ကျောပိုးအိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ကာ ဖွင့်ရန် ပြင်လိုက်ချိန်မှာပင် ကြမ်းတမ်းသော လက်ကြီးတစ်ခုက သူ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်လေသည်။

​“ကျွန်တော် စီစဉ်လိုက်ပါ့မယ်” နဂါးပြာ၏ အသံက ဩရှရှနှင့် ခိုင်မာလွန်းသဖြင့် ငြင်းဆိုခွင့် မရှိချေ။

​သူက သူ့နောက်မှ လူများကို လက်ဟန်ပြလိုက်ပြီး တစ္ဆေတစ်ကောင်လို တိတ်ဆိတ်စွာ ချဉ်းကပ်သွားကာ လက်နှိပ်ဓာတ်မီးကို ယူလိုက်၏။

​ကျန်းဒါရိုက်တာက စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် သူက ပြောလိုက်လေသည်။ “ကျွန်တော်...”

​“ခင်ဗျားရဲ့ အသက်က အရမ်း အရေးကြီးတယ်...” နဂါးပြာက သူ့ကို စကားဖြတ်ပြောလိုက်ပြီး သူ၏ မျက်လုံးများမှာ ဓားတစ်လက်လို ထက်မြက်နေခဲ့သည်။ “တစ်ဖက်မှာ ပစ်ခတ်မှု ဖြစ်လာရင်ကော...”

​တိတ်ဆိတ်စွာဖြင့် လက်နှိပ်ဓာတ်မီးကို စစ်ဆေးပြီးနောက် ၎င်းကို ကြားလိုက်ရချိန်တွင် သူက ရယ်မောလိုက်ပြီး သူ၏ ဖြူစင်သော သွားများကို ဖော်ပြလိုက်၏။ “စိတ်မပူပါနဲ့.... ကျည်ဆန်တွေကို ရှောင်တဲ့ နေရာမှာ ကျွန်တော်က ခင်ဗျားထက် ပိုတော်ပါတယ်...”

အခန်း ၂၂၄ပြီး၏။

All Chapters