← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) အနာဂတ်စစ်သားများမှ သတင်းပို့ခြင်း

​ဆိုင်ကယ်ယာဉ်တန်းက ပျက်စီးယိုယွင်းနေသော လမ်းများပေါ်တွင် အရှိန်ဖြင့် မောင်းနှင်သွားပြီး မီတာတစ်ရာတိုင်းတွင် ယာယီလမ်းပိတ်ဆို့မှုတစ်ခုကို တွေ့ရလေသည်။

​သဲအိတ်ခံတပ်များ၏ အနောက်ဘက်တွင် စစ်သားများက စစ်ဦးစီးချုပ်ရွှီ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရမချင်း သူတို့၏ သေနတ်များကို တင်းကျပ်စွာ ကိုင်ဆောင်ထားကြပြီး မြင်ရမှသာ အနည်းငယ် စိတ်အေးသွားကြ၏။

​“စကားဝှက်....”

​“တောင်တန်းနဲ့ မြစ်တွေက မပြောင်းလဲဘူး...” စစ်ဦးစီးချုပ်ရွှီက သူ၏ ဆိုင်ကယ်ကို ရပ်တန့်လိုက်၏။ “အမိန့်ကို တုံ့ပြန်ပါ...”

​“သေတဲ့အထိ တိုက်မယ်...” ကင်းစောင့်က သူ၏ ရိုင်ဖယ်ကို အောက်ချလိုက်ပြီး ထူးဆန်းသော အဖွဲ့ကို အံ့သြစွာ ကြည့်လိုက်၏။ “စစ်ဦးစီးချုပ်ရွှီလား။ ဒီနေရာမှာ ဘာလုပ်နေတာလဲ...”

​“အရေးပေါ် စစ်ရေးကိစ္စရှိလို့” စစ်ဦးစီးချုပ်ရွှီက သူ၏ ရာထူးတံဆိပ်ကို ပြသလိုက်ပြီး ကင်းစောင့်၏ ကွဲအက်နေသော နှုတ်ခမ်းများကို အကဲခတ်ကြည့်လိုက်၏။ “ညီအစ်ကိုတို့... ပင်ပန်းသွားပြီ”

​ကင်းစောင့်များက အလေးပြန်ပြုလိုက်သော်လည်း သူတို့၏ မျက်လုံးထောင့်များက အထူးတပ်ဖွဲ့ဝင်များ၏ လက်နက်ကိရိယာများဆီသို့ အာရုံစိုက်နေခဲ့သည်။ အရောင်မလက်သော ခေတ်မီ ဆောင်းဦးထုပ်များ၊ ထူးဆန်းသော မှန်ဘီလူးများ ပါဝင်သည့် ညကြည့်မှန်ပြောင်းများနှင့် သွယ်လျနေသော မရင်းနှီးသည့် သေနတ်များကို ကြည့်နေကြလေသည်။

​သူတို့ကို ပို၍ စိတ်ဝင်စားစေသည်ကတော့ မော်တော်ဆိုင်ကယ်များပင်။ ထိုဆိုင်ကယ်များက ဆူညံသော ဟိန်းဟောက်သံမရှိဘဲ တိုးညင်းသော မြည်သံသာရှိကာ တာယာများက အလွန်ကျယ်ပြန့်သဖြင့် အပျက်အစီးများပေါ်တွင် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပေသည်။

​“ဘုရားရေ... ဒါ နောက်ဆုံးပေါ် ဂျာမန်ပစ္စည်းတွေ ဖြစ်ရမယ်... ဟုတ်တယ်မလား” လူငယ် ကင်းစောင့်တစ်ဦးက ရေရွတ်လိုက်ပြီး သူ၏ ဗိုက်ထဲမှ အသံများ ထွက်ပေါ်လာ၏။

​သူသည် ခါးရှိ ရေဘူးကို အခက်အခဲဖြင့် လှမ်းယူကာ လှုပ်ကြည့်လိုက်ရာ အထဲတွင် ရေအနည်းငယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။

​ကျန်းယဲ့က ယာဉ်တန်းကို ရပ်တန့်ရန် ရုတ်တရက် လက်မြှောက် အချက်ပြလိုက်လေသည်။

​လူတိုင်း၏ နားမလည်နိုင်သော အကြည့်များကြားတွင် သူက လက်မြှောက်ကာ ဝှေ့ယမ်းလိုက်၏။

​“ဒေါင်...”

​နောက်ခဏ၌ အငွေ့ထောင်းထောင်း ထနေသော အဖြူရောင်မန်ထို ဂျုံပေါင်းမုန့် ခြင်းတောင်းတစ်ခုက ပလတ်စတစ် ရေသန့်ဘူးများပါသည့် ဖာအထပ်လိုက် ဘေးရှိ လမ်းလယ်ခေါင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ဂျုံမှုန့်၏ ချိုမြိန်သော ရနံ့နှင့် တောက်ပနေသော ပလတ်စတစ်ဘူးများက မီးခိုးများ ဖုံးလွှမ်းနေသော စစ်မြေပြင်တွင် အလွန်တရာ ခြားနားနေချေသည်။

​ကင်းစောင့်များက မယုံနိုင်စွာ စိုက်ကြည့်နေကြပြီး စစ်သားတစ်ဦးက သူ့မျက်လုံးများကိုပင် ပွတ်သပ်လိုက်၏။

​“တစ်ခုခု စားလိုက်ပါဦး....” ကျန်းယဲ့က မန်ထို တစ်လုံးကို ကောက်ယူကာ သူ့ထံ ကမ်းပေးလိုက်လေသည်။ “ဗိုက်ပြည့်သွားအောင်လို့.....”

​ကင်းစောင့်များဟာ နေရာတွင် အေးခဲသွားသလို ရပ်နေကြပြီး သူတို့၏ မျက်လုံးများက မန်ထိုနှင့် ကျန်းယဲ့ကြားတွင် ဟိုဒီ ပြေးလွှားနေကာ တန်ခိုးပြခြင်း တစ်ခုခုကို ကြည့်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။

​စစ်ဦးစီးချုပ်ရွှီက “စားလိုက်ကြပါ... ဒါက ငါတို့ ဆွေမျိုးတွေဆီက လက်ဆောင်ပဲ...” ဟု သတိပေးလိုက်၏။

​မည်သူမျှ မလှုပ်ရှားရဲသည်ကို မြင်သောအခါ ကျန်းယဲ့က သူ၏ မန်ထိုကို တစ်ကိုက် ကိုက်စားလိုက်ပြီး ရေသန့်ဘူးကို ဖွင့်ကာ သောက်လိုက်၏။ နှင်းပွင့်လို ဖြူလွှနေသော မုန့်အစအနလေးများက သူ၏ နှုတ်ခမ်းတွင် ကပ်နေပြီး မျက်နှာဆေးများ ခြယ်သထားသော မျက်နှာပေါ်တွင် သိသာထင်ရှားနေခဲ့သည်။

​နောက်ဆုံးတွင် ဗိုက်ဆာလွန်း၍ အသံမည်နေသော ကင်းစောင့်သည် တုံ့ဆိုင်းနေပြီးမှ လက်လှမ်းလိုက်၏။

​သူသည် နွေးထွေးပြီး နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရချိန်တွင် အကြီးကြီး တစ်ကိုက် ကိုက်လိုက်ကာ နှစ်ချက် သုံးချက်မျှ ဝါးလိုက်ပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။ “အရသာရှိလိုက်တာ... တကယ်ကို အရသာရှိတာပဲ”

​အခြားကင်းစောင့်များက ချက်ချင်း ဝိုင်းအုံလာကြသော်လည်း သူတို့၏ စည်းကမ်းကို ထိန်းသိမ်းထားဆဲဖြစ်ပြီး တစ်ယောက်လျှင် မန်ထို တစ်လုံးနှင့် ရေတစ်ဘူးသာ ယူလိညက်ကြသည်။

​စစ်သားငယ်တစ်ဦးသည် စားသောက်နေရင်း ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ၏ ပခုံးများ အနည်းငယ် တုန်ခါနေခဲ့သည်။

​သူ ဂျုံဖြူမန်ထိုများကို နောက်ဆုံး စားခဲ့ရသည်မှာ လွန်ခဲ့သော နှစ်ဝက်ခန့်က အိမ်မှ ထွက်ခွာလာစဉ် မိခင်ဖြစ်သူ ထည့်ပေးလိုက်သော ရိက္ခာခြောက်များထဲတွင် ဖြစ်သည်။

​“ဖြည်းဖြည်း စားပါ... နင်သွားဦးမယ်” မီးပွားက ယာဉ်ပေါ်မှ ခုန်ဆင်းလာပြီး ငယ်ရွယ်သော စစ်သားများကို အသံတိတ် ရေပေးလိုက်၏။

​ကျန်းယဲ့သည် ပြုတ်ကျသွားသော မုန့်အစအနများကိုပင် ကောက်ယူရင်း သူတို့၏ မန်ထိုများကို ဂရုတစိုက် ကိုင်ဆောင်ထားသော စစ်သားများကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီးနောက် လူငါးဆယ်စာ တစ်ဦးချင်း ရိက္ခာထုပ်များဖြင့် လဲလှယ်ပေးလိုက်၏။

​ယာဉ်တန်း ပြန်လည် ထွက်ခွာသွားချိန်တွင် ကင်းစခန်းတိုင်း၌ စည်သွတ်ဘူးများနှင့် အာဟာရ ဘီစကွတ် အပုံလိုက် အပို ရရှိခဲ့ကြလေသည်။

​ကင်းစောင့်များက ထွက်ခွာသွားသော ယာဉ်တန်းကို လေးနက်သော ရိုသေမှုဖြင့် အလေးပြုလိုက်ကြပြီး လရောင်အောက်တွင် သူတို့၏ မျက်လုံးများက တောက်ပနေခဲ့သည်။

​တပ်မ ဌာနချုပ်...

​မြေအောက်ကတုတ်ကျင်း၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် ဓာတ်ငွေ့မီးအိမ်များမှ မှိန်ဖျော့ဖျော့ အလင်းရောင်က အရောင်ကျွတ်နေသော ကွန်ကရစ် နံရံများပေါ်တွင် အရိပ်များ ကျရောက်စေခဲ့သည်။

​ကြေးနန်းစက်၏ တောက်တောက်မည်သံက အဝေးမှ အမြောက်သံများ၏ လုံးထွေးနေသော အသံများနှင့် ရောနှောနေပြီး လေထုထဲတွင် သံချေးနံ့၊ ချွေးနံ့နှင့် ဈေးပေါသော ဆေးရွက်ကြီးနံ့များ ပြည့်နှက်နေ၏။

​တပ်မမှူးစွန်းသည် သူ၏ လက်တင်ကုလားထိုင်ပေါ်တွင် မျက်စိမှိတ်၍ နောက်သို့ မှီထားပြီး စစ်ရေးမြေပုံများ ခင်းထားသော စားပွဲပေါ်တွင် သူ၏ လက်ချောင်းများက အမှတ်တမဲ့ ခေါက်နေခဲ့သည်။

​ဒုတိယတပ်ရင်းမှူးရှဲ့က ဘေးတွင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နံရံကပ် နာရီကို တစ်ချက်တစ်ချက် လှမ်းကြည့်နေလေသည်။

​“တယ်လင် ဖုန်းထဲမှာ ပြောတဲ့စကားအရဆိုရင် သူတို့ ရောက်နေလောက်ပြီ...” စစ်ဦးစီးချုပ်ဝမ်က သူ၏ လက်ဖက်ရည်ပန်းကန်လုံးကို ချလိုက်ရာ ကြွေသားအောက်ခြေက စားပွဲနှင့် ထိခိုက်မိပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ “လမ်းမှာ တစ်ခုခု ဖြစ်နေရင်ရော...”

​“အခု ဘယ်လမ်းက လုံခြုံလို့လဲ...” ဒုတိယ တပ်ရင်းမှူးရှဲ့က မျက်မှောင်ကြုတ်လျက် စကားဖြတ်ပြောလိုက်သည်။ “ဂျပန်လေယာဉ်တွေနဲ့ အမြောက်တွေက ဖြတ်သန်းသွားလာလို့ရတဲ့ လမ်းကြောင်းတိုင်းကို စောင့်ကြည့်နေတာ..”

​အဆင့်မြင့်အရာရှိအချို့ တိတ်ဆိတ်သွားကြပြီး သူတို့၏ အကြည့်များက မျက်စိမှိတ် အနားယူနေသော တပ်မမှူးစွန်းထံသို့ တညီတညွတ်တည်း ရောက်ရှိသွားကြသည်။

​ရှေ့တန်းမှ တပ်မှူးသည် သူ၏ ရင်ထဲရှိ လှုပ်ရှားနေမှုများကို သူ၏ မျက်ခွံများ အနည်းငယ် တုန်ခါမှုမှတစ်ဆင့်သာ ဖော်ပြနေချေသည်။

​‘လွန်ခဲ့တဲ့တစ်နာရီက ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုက နားထဲမှာ ပဲ့တင်ထပ်နေဆဲပဲ...’

​“တပ်မှူး... ကျွန်တော်တို့တပ်ဖွဲ့က အနာဂတ် လက်နက်တွေ ရရှိထားပါတယ်။ အနာဂတ် တရုတ်စစ်သားတွေက တပ်မ ဌာနချုပ်ကို လာနေပါပြီ....”

​အနာဂတ်လက်နက်များနှင့် အနာဂတ် စစ်သားများဆိုသည်မှာ အလွန်အဓိပ္ပာယ်မဲ့လွန်းလှသဖြင့် တပ်မ ဌာနချုပ်တစ်ခုလုံးက တပ်ရင်းမှူးလီသည် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော သွေးထွက်သံယို တိုက်ပွဲများကြောင့် ရူးသွပ်သွားပြီလားဟုပင် တွေးထင်ခဲ့ကြ၏။

​သို့သော်လည်း တစ်ဖက်လူက အလိုအလျောက် သေနတ်များ နှင့် တင့်ကားဖျက် လက်နက်များအကြောင်း ထပ်တလဲလဲ အလေးပေး ပြောဆိုနေမှုကြောင့် လူတိုင်းက ၎င်းတို့၏ စစ်မှန်မှုကို အတည်ပြုရန် စိတ်အားထက်သန်နေခဲ့ကြသည်။

​“သတင်းပို့ပါတယ်...” သတင်းပို့သမားတစ်ဦး ရုတ်တရက် ပြေးဝင်လာလေသည်။ “စစ်ဦးစီးချုပ်ရွှီက သူ့လူတွေနဲ့အတူ ရောက်နေပါပြီ။ သူတို့က တပ်ရင်းမှူးလီ စေလွှတ်လိုက်တာလို့ ပြောပါတယ်...”

​အရာရှိများအားလုံး ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြီး တပ်မမှူးစွန်းပင် မျက်လုံးဖွင့်လာခဲ့သည်။

​ကွပ်ကဲရေးစခန်း၏ အပြင်ဘက်တွင် ကျန်းယဲ့နှင့် သူ၏ အဖွဲ့သည် အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ ရပ်နေကြလေသည်။

​စစ်ဦးစီးချုပ်ရွှီက အစောင့်များနှင့် စကားပြောဆိုနေပြီး ကင်းစောင့်များက ထူးဆန်းစွာ ဝတ်ဆင်ထားသော စစ်သားများကို အဆက်မပြတ် လှမ်းကြည့်နေကြ၏။

​သူတို့၏ စစ်ဝတ်စုံများက ယမ်းငွေ့များ စွန်းထင်းနေသော်လည်း အဆိုပါပစ္စည်းက ကြမ်းတမ်းသော အထည်ဖြင့် ချုပ်လုပ်ထားသည့် စစ်ဝတ်စုံများနှင့် သိသိသာသာ ကွာခြားနေခဲ့သည်။

ရှုပ်ထွေးသော သေနတ်ဒင်များ ပါဝင်သည့် ရိုင်ဖယ်များက သေနတ်များနှင့် ပတ်သက်သော နားလည်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်လေသည်။

​“တပ်မမှူးက ခေါ်ခိုင်းလိုက်ပါတယ်...”

​လေးလံသော ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီး ဖြည်းညင်းစွာ ပွင့်သွားပြီး လင်းထိန်နေသော ကွပ်ကဲရေးစင်တာကို မြင်တွေ့လိုက်ရ၏။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့ တံခါးခုံကို ဖြတ်ကျော်ဝင်ရောက်သွားချိန်တွင် လူတစ်ဒါဇင်ကျော်၏ စူးရှသော အကြည့်များက သူတို့ထံ ချက်ချင်း ကျရောက်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

​တပ်မမှူးစွန်းသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ စူးရှသော အကြည့်များက လူအုပ်ကို အကဲခတ်လိုက်၏။

​သူ၏ စစ်ဝတ်စုံကော်လာသည် အပြစ်ပြောစရာ မရှိအောင် သန့်ရှင်းနေပြီး ညနက်ပိုင်း ပြင်းထန်သော တိုက်ပွဲကာလအတွင်းမှာပင် သူ၏ စစ်သားပီသသော အသွင်အပြင်ကို ထိန်းသိမ်းထားသည်။

​အတွေ့အကြုံရင့် တပ်မမှူးသည် အထူးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသော ပုံမှန်မဟုတ်သည့် လက်နက်များကို မြင်လိုက်ရချိန်တွင် သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားရသည်။

​ကွပ်ကဲရေးခန်းသည် အပ်ကျသံကိုပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်နေပြီး အရာရှိများအားလုံး အသက်ရှူအောင့်ထားခဲ့ကြသည်။

​ကျန်းယဲ့နှင့် နဂါးပြာတို့ ဦးဆောင်သော အထူးတပ်ဖွဲ့ဝင်ငါးဆယ်က မတ်မတ်ရပ်လိုက်ကြပြီး သူတို့၏ ညာဘက်လက်မောင်းများကို တစ်ပြိုင်နက် မြှောက်ကာ လက်ချောင်းများကို စုလျက် နားထင်တွင် ကပ်လိုက်ကြ၏။

ထိုခေတ်အခါက စိတ်ဓာတ်ကို ထုတ်ဖော်ပြသကာ အချိန်ကာလကို ဖြတ်ကျော်ပြီး လေးစားဖွယ်ကောင်းသော စစ်အလေးပြုခြင်းကို ပြုလုပ်လိုက်ကြသည်။

​“၂၀၂၅ ခုနှစ်က တရုတ်စစ်သားများ တာဝန်ထမ်းဆောင်ဖို့ သတင်းပို့ပါတယ်... ”

​နက်ရှိုင်းပြီး ဟိန်းထွက်နေသော သတင်းပို့သံက ကတုတ်ကျင်းထဲတွင် ပဲ့တင်ထပ်သွားပြီး ဓာတ်ငွေ့မီးအိမ်များ၏ မီးတောက်များကို တုန်ခါသွားစေခဲ့သည်။

​တပ်မမှူးစွန်း၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားပြီး ဗိုလ်ချုပ်များအားလုံးက ဤခေတ်နှင့် မလိုက်ဖက်အောင် ဖြစ်နေသော စစ်သားအဖွဲ့ကို အံ့သြမှု၊ မသေချာမှုအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

​သူတို့၏ လက်နက်ကိရိယာများ... အမူအရာနှင့် သူတို့၏ မျက်လုံးများထဲရှိ ထက်မြက်မှုကပင် တုန်လှုပ်ဖွယ်ရာ သူစိမ်းဆန်မှုကို ထုတ်လွှတ်နေချေသည်။

​သုံးစက္ကန့်မျှ အသေတိတ်ဆိတ်သွား၏။

​တပ်မမှူးစွန်းက ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏လက်ကို ရုတ်ချည်း မြှောက်ကာ ပြန်လည် အလေးပြုလိုက်လေသည်။

​ထို့နောက် ချက်ချင်းဆိုသလိုပင် အရာရှိများအားလုံး တစ်ပြိုင်နက် ရင်ကော့ကာ အလေးပြုလိုက်ကြသဖြင့် အဝတ်အစားများ ပွတ်တိုက်သံက ကွပ်ကဲရေးစခန်းထဲတွင် ပြည့်နှက်သွားပြီး သူတို့၏ မျက်လုံးများက ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။

​ခေတ်နှစ်ခေတ်၏ စစ်အလေးပြုမှုများက မှိန်ဖျော့သော အလင်းရောင်အောက်တွင် ပေါင်းဆုံသွားကြပြီး ဓာတ်ငွေ့မီးအိမ်က သူတို့၏ အရိပ်များကို စစ်ရေးမြေပုံများ ချိတ်ဆွဲထားသော နံရံပေါ်သို့ ထိုးချပေးလိုက်ရာ မရေမတွက်နိုင်သော အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များက သူတို့ကို အမှောင်ထုထဲမှနေ၍ စောင့်ကြည့်နေသကဲ့သို့ ရှိနေခဲ့သည်။

​အခမ်းအနား ပြီးဆုံးသွားချိန်တွင် တပ်မမှူးစွန်း၏ လက်များက အနည်းငယ် တုန်ရီနေ၏။

​မရေမတွက်နိုင်သော သေဆုံးမှုများကို မြင်တွေ့ခဲ့ရသည့် ဤဗိုလ်ချုပ်သည် ပထမဆုံးအကြိမ်အဖြစ် လည်ချောင်းထဲတွင် ဆို့နင့်မှုကို ခံစားလိုက်ရပေသည်။

အခန်း ၂၃၃ပြီး၏။

All Chapters