← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) အသက်သွေးကြော ဖြတ်တောက်ခံရခြင်း

​သူ၏ လက်ချောင်းများက မြစ်၏ သက်ဆိုင်ရာ အပိုင်းကို ညွှန်ပြပြီး မှိန်ဖျော့သော အမှတ်အသားတစ်ခု ချန်ရစ်ခဲ့သည်။

​ဒုတိယ တပ်ရင်းမှူးရှဲ့က ထပ်မံဖြည့်စွက် ပြောကြား၏။ “ဝူဆုန်ကော်က ပိုပြီး ပြဿနာများတယ်။ ရေတိမ်ပိုင်းတွေနဲ့ ငါတို့ ဖြန့်ကျက်ထားတဲ့ မိုင်းတွေကို ရှောင်ရှားဖို့အတွက် ဂျပန်သင်္ဘောကြီးတွေက ဆန်းကျားရွှေနဲ့ ချုံမင်ကျွန်းအနီးက ရေပြင်မှာ အများအားဖြင့် ကင်းလှည့်တာ ဒါမှမဟုတ် ကျောက်ချတာတွေ လုပ်ကြတယ်။ ဒါပေမဲ့ အဲဒီက မြစ်ပြင်က အရမ်း ကျယ်တယ်။ ဒရုန်းတွေ အနားကပ်သွားဖို့ မပြောနဲ့... ငါတို့ရဲ့ ကင်းထောက်တွေက အပြင်ကို နည်းနည်းလေး ထွက်ကြည့်လိုက်တာနဲ့ သင်္ဘောပေါ်က ကင်းစောင့်တွေက မြင်သွားနိုင်တယ်။ သူတို့ရဲ့ လေယာဉ်ပစ် အမြောက်တပ်တွေက အထင်သေးလို့ မရဘူး....”

​အာရုံစိုက်မှုက ဂျပန်လေယာဉ်ပစ် အမြောက်များကို ရှောင်ရှားရန်အတွက် အလွန် အနီးကပ်၊ အမြင့်နှင့် မြင်ကွင်းကောင်းမွန်သော နေရာမှနေ၍ အော်ပရေတာများက ကိုယ်တိုင် လမ်းကြောင်းပြပြင်ဆင်မှုများကို မည်သို့ ထိရောက်စွာ ပြုလုပ်နိုင်မည်ဆိုသည့် အချက်အပေါ်သို့ ချက်ချင်း ပြောင်းလဲသွားချေသည်။

​“ဟွမ်ပူမြစ်ရဲ့ ဒီဘက်ခြမ်းမှာ....” ရှန်ဟိုင်း၏ မြေမျက်နှာသွင်ပြင်ကို ရင်းနှီးကျွမ်းဝင်သော စစ်ဦးစီးအရာရှိ တစ်ဦးက မြေပုံကို လက်ညိုးထိုးပြလိုက်၏။ “ဘရော့ဒ်ဝေးအဆောက်အအုံရဲ့ အပေါ်ထပ်ကို စဉ်းစားကြည့်လို့ ရမလား။ ဒါမှမဟုတ် ဝိုင်ပိုင်ဒူတံတားအနီးက နိုင်ငံခြားကုမ္ပဏီ ဂိုဒေါင်တွေရဲ့ ခေါင်မိုးပေါ်ကိုရော။ အမြင့်ကတော့ လုံလောက်တယ်... ဒါပေမဲ့ အဲဒီ အဆောက်အအုံတွေက နိုင်ငံခြားသား နေထိုင်ခွင့်ပြုထားတဲ့ နယ်မြေအစွန်က အမြင့်ဆုံး နေရာတွေ ဖြစ်နေတယ်။ ဂျပန်တွေက စက်သေနတ်တွေနဲ့ ကင်းစောင့်တွေကို ချထားပြီးပြီ။ ငါတို့လူတွေ အဲဒီအပေါ် ရောက်တာနဲ့ ကျည်ဆန်တွေနဲ့ ပစ်ခတ်ခံရလိမ့်မယ်...”

​“မဖြစ်နိုင်ဘူး...” နောက်တစ်ယောက်က ခေါင်းခါလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ငါတို့ ညီအစ်ကို တစ်ယောက် ယုံအန်းကုမ္ပဏီရဲ့ ခေါင်မိုးပေါ်ကနေ ရန်သူ့ အခြေအနေကို စောင့်ကြည့်ဖို့ ကြိုးစားသေးတယ်... ဒါပေမဲ့ ခေါင်မိုးပေါ် မရောက်ခင်မှာပဲ စနိုက်ပါက မြင်သွားတယ်”

​“ဟွမ်ပူပန်းခြံကရော ဘယ်လိုလဲ။ သစ်ပင်တွေက လူတွေကို ပုန်းအောင်းနိုင်လောက်အောင် ထူထပ်တယ်... ဒါပေမဲ့ သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေက မြင်ကွင်းကို ကွယ်နေတော့ ဩဒိနိတ်တွေကို တိတိကျကျ မသတ်မှတ်နိုင်ရင် အသုံးမဝင်ဘူး...”

​ဝူဆုန်ကော် ဘက်တွင် ဆွေးနွေးမှုများက ပို၍ ပြင်းထန်လာခဲ့သည်။

​“ဝူဆုန်ခံတပ်က ကုန်းမြင့်ပေါ်မှာ ရှိတယ်... မြင်ကွင်းက မြစ်ဝတစ်ခုလုံးကို ဖုံးလွှမ်းနိုင်တယ်...” တစ်ယောက်က အကြံပြုလိုက်သော်လည်း ချက်ချင်း ပြန်လည် ချေပခံလိုက်ရသည်။ “ဂျပန်တွေက အဲဒီနေရာကို အမြောက်ကြီးတွေနဲ့ ဗုံးကြဲပြီး ပြန်သိမ်းပိုက်ထားတာ။ အခု အပြင်ဘက်မှာ သံဆူးကြိုး သုံးထပ် ရှိပြီး စက်သေနတ်ကတုတ်ကျင်းတွေက ပျားအုံလိုပဲ။ အဲဒီကို သွားတာက ထောင်ချောက်ထဲကို ဝင်သွားသလို ဖြစ်လိမ့်မယ်...”

​“ချုံမင်ကျွန်းရဲ့ အနောက်မြောက်ဘက်ထောင့်က ကျူပင်တောတွေကရော။ အဲဒီနေရာက ပုန်းအောင်းဖို့ ကောင်းတယ်... ဒါပေမဲ့ မြေပြင်ပေါ်မှာ မှောက်နေရင် ကျူပင်ထိပ်တွေကိုပဲ မြင်ရပြီး မြစ်လယ်ခေါင်က လှေအရိပ်တွေကိုတောင် မြင်ရမှာ မဟုတ်ဘူး...”

​“ငါးဖမ်းလှေငယ်တစ်စီးကို ငှားပြီး တံငါသည်တွေလို ရုပ်ဖျက်သွားရင်ရော။ ဟူး ဒါလဲ လုံးဝ မဖြစ်နိုင်ဘူး.... ” ဒုတိယ တပ်ရင်းမှူးရှဲ့က လက်ဝှေ့ယမ်းလိုက်၏။ “ဂျပန်ကင်းလှည့်သင်္ဘောတွေက တွေ့သမျှ လှေတိုင်းကို ရပ်ခိုင်းတယ်။ ပြီးခဲ့တဲ့လက ငါတို့ရဲ့ သယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့က တံငါသည်တွေလို ရုပ်ဖျက်ပြီး ခဲယမ်းတွေသွားပို့တာ ရုတ်တရက် ပစ်ခတ်ခံလိုက်ရတယ်။ လှေတစ်စီးလုံး နစ်သွားတယ်....”

​ဆွေးနွေးမှုများ အကျပ်အတည်း ဖြစ်နေချိန်တွင် လျဲ့ပေါ်က ရုတ်တရက် တည်ငြိမ်သော အသံဖြင့် “အမြင့်နဲ့ ပုန်းအောင်းရမယ့် ကိစ္စတွေကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မယ်” ဟု ပြောလိုက်၏။

​ထိုစကားကြောင့် လူတိုင်း၏ အကြည့်များက သူ့ထံ ချက်ချင်း ရောက်ရှိသွားကြသည်။

​“ဒရုန်းစစ်ဆင်ရေးမှာ ဝန်ထမ်းတွေက ရှေ့တန်းက ပုံသေ အမြင့်ဆုံးနေရာတွေမှာ ကိုယ်တိုင် ရှိနေဖို့ မလိုအပ်ပါဘူး..” လျဲ့ပေါ်က မြေပုံဆီသို့ လျှောက်သွားပြီး ဂျပန်ရေတပ်သင်္ဘောများ ကျောက်ချထားရာ နေရာ၏ အပြင်ဘက် အနားသတ်ကို လက်ချောင်းဖြင့် ညင်သာစွာ ထောက်ပြလိုက်လေသည်။ “ကျွန်တော်တို့က ချဲ့ကားမှုအားကောင်းတဲ့ မှန်ပြောင်းတွေ၊ လေဆာအကွာအဝေး တိုင်းတာရေး ကိရိယာတွေ နဲ့ လျှို့ဝှက်ဒေတာလင့်ခ်တွေ တပ်ဆင်ထားတဲ့ ရှေ့တန်း စောင့်ကြည့်ရေးအဖွဲ့ အနည်းငယ်ကို ဖွဲ့စည်းနိုင်ပါတယ်...”

​“သူတို့က ပစ်မှတ်ကို မြင်နိုင်တဲ့ ယေဘုယျ နေရာမှာ ပုန်းအောင်းနေပြီး ရန်သူ့ သင်္ဘောရဲ့ တိကျတဲ့ ဩဒိနိတ်တွေ၊ လမ်းကြောင်း၊ အမြန်နှုန်းနဲ့ လေယာဉ်ပစ် စက်သေနတ်တွေရဲ့ ဦးတည်ရာတွေကိုတောင် အချိန်နဲ့တစ်ပြေးညီ ပြန်လည် ပေးပို့ဖို့ပဲ လိုပါတယ်...”

​သူ အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် နဂါးပြာကို ကြည့်လိုက်ပြန်သည်။ “ပြီးတော့ အနောက်ဘက်က ထိန်းချုပ်ရေးအဖွဲ့က တပ်မဌာနချုပ်အနီးက လျှို့ဝှက်ကတုတ်ကျင်းတွေကနေ ဒီဒေတာတွေပေါ် အခြေခံပြီး ဒရုန်းရဲ့ လမ်းကြောင်းကို အဝေးကနေ ပြင်ဆင်ပေးနိုင်တယ်။ မြစ်ထဲမှာ မီးခိုးတွေနဲ့ မြူတွေ များနေတဲ့အခါ ဒရုန်းရဲ့ တပ်ဆင်ထားတဲ့ မှတ်သားမှုစနစ်က အမှားအယွင်း ဖြစ်လွယ်တယ်။ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အချိန်နဲ့တစ်ပြေးညီ ချိန်ညှိမှုနဲ့အတူ ဂျပန်လေကြောင်း ကာကွယ်ရေး မီးအားရဲ့ မျက်ကွယ်နေရာတွေကို ရှောင်ရှားပြီး သူတို့ကို တိတိကျကျ ဝင်တိုက်နိုင်ပါတယ်...”

​နဂါးပြာက ချက်ချင်း ဖြည့်စွက် ပြောကြား၏။ “ကျွန်တော်တို့ ယူလာတဲ့ ဆက်သွယ်ရေးကိရိယာတွေက အကွာအဝေးတို လျှို့ဝှက်အချက်ပြမှုတွေကို အသုံးပြုပါတယ်။ ဂျပန်ရေဒီယိုတွေက လှိုင်းရှည် အချက်ပြမှုတွေကိုပဲ လက်ခံနိုင်ပြီး ဒီကြိမ်နှုန်းမြင့် ဒေတာတွေကို ကြားဖြတ် မဖမ်းယူနိုင်တဲ့အတွက် အနှောင့်အယှက် ဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး...”

​ဤအကြံဥာဏ်က ချက်ချင်းပင် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်လေသည်။

​“တော်လိုက်တာ...” စစ်ဦးစီးချုပ်ဝမ်က သူ၏ ပေါင်ကို ရိုက်လိုက်၏။ “ဒီနည်းနဲ့ဆိုရင် စောင့်ကြည့်ရေး အဖွဲ့က အဆောက်အအုံမြင့်မြင့်တွေပေါ် တက်ဖို့ ဒါမှမဟုတ် အမြောက်တပ်စွဲထားတဲ့ နေရာတွေကို သိမ်းပိုက်ဖို့ မလိုတော့ဘူး။ ပုန်းအောင်းလို့ရတဲ့ အပျက်အစီးတွေ ဒါမှမဟုတ် မြေကုန်းတွေ ရှာတွေ့ရင် ရပြီဆိုတော့ ဖော်ထုတ်ခံရမယ့် အန္တရာယ်ကို အများကြီး လျှော့ချပေးနိုင်တယ်...”

​တပ်မမှူး စွန်း၏ လက်ချောင်းက မြေပုံပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ “ဟွမ်ဖူမြစ်ဘက်ကို... ဟုန်ခိုနဲ့ ယန်ရှူပူ မြေမျက်နှာသွင်ပြင်ကို အကျွမ်းတဝင် အရှိဆုံး ညီအစ်ကိုသုံးယောက်ကို ရွေးချယ်ပြီး စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့လိုက်။ ဆူကျိုးမြစ်ဝက စွန့်ပစ်ခံရတဲ့ စက်ရုံတွေနဲ့ ဟုန်ခိုဆိပ်ကမ်းဧရိယာက ဗုံးကြဲခံထားရတဲ့ ဂိုဒေါင်တွေမှာ ပုန်းအောင်းနေ။ အဲဒီနေရာတွေက နံရံတွေက တစ်ဝက်လောက် ပြိုကျနေတော့ ပုန်းအောင်းလို့ရသလို ကျိုးပေါက်နေတဲ့ နံရံတွေကနေတစ်ဆင့် မြစ်ကိုလည်း မြင်ရတယ်...”

​“ဝူဆုန်ကော်ဘက်ကို....” သူက ဒုတိယ တပ်ရင်းမှူး ရှဲ့ဘက်သို့ လှည့်လိုက်၏။ “ရေတပ်တပ်ရင်းက ညီအစ်ကိုတွေကို လွှတ်လိုက်။ သူတို့က ရေကူးကျွမ်းကျင်ပြီး ဒီရေအကြောင်းလည်း သိတယ်။ နှစ်ဖွဲ့ခွဲလိုက်...တစ်ဖွဲ့က ဖူတုန်းက တုံဂိုးကျူပင်တောတွေဆီသွားပြီး ရေကာတာ အကြွင်းအကျန်တွေအောက်မှာ ပုန်းနေ။ နောက်တစ်ဖွဲ့က ချုံမင်ကျွန်း တောင်ဘက်စွန်းက ရွှံ့နွံတွေဆီ ခိုးဝင်သွား... အဲဒီမှာ ဒီရေကျသွားပြီးရင် ကျူပင်တောကျယ်ကြီးတွေ ရှိတယ်.... အဲဒါက သင်္ဘောပေါ်က ကင်းစောင့်တွေကို ကွယ်ပေးနိုင်တယ်။ မှန်ပြောင်းနဲ့ဆိုရင် ပင်မလမ်းကြောင်းကို အလွယ်တကူ မြင်နိုင်တယ်...”

​“တပ်မှူး နဂါးပြာ...” တပ်မမှူးစွန်းက ခေါင်းမော့လိုက်ပြီး သူ၏ လေသံက လေးနက်နေခဲ့သည်။ “မင်းရဲ့ လူတွေနဲ့ ငါတို့ ရွေးချယ်ထားတဲ့ ဝန်ထမ်းတွေနဲ့ ပူးတွဲ ထိန်းချုပ်ရေးအဖွဲ့ ဖွဲ့ဖို့ ချက်ချင်း စီစဉ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒီအဖွဲ့က ဒေတာလက်ခံတာနဲ့ နောက်ဆုံး တိုက်ခိုက်ရေးအမိန့်တွေအတွက် တာဝန်ယူရမှာပါ။ ဆက်သွယ်ရေး ချောမွေ့ဖို့နဲ့ အမှားအယွင်းမရှိ စစ်ဆင်ရေးလုပ်နိုင်ဖို့အတွက် စောင့်ကြည့်ရေး အဖွဲ့အားလုံးမှာ မင်းတို့လူတွေရော ငါတို့လူတွေရော ပါဝင်ရမယ်...”

​“ဟုတ်ကဲ့ပါ...” နဂါးပြာနှင့် အခြားတပ်မှူးအချို့က တစ်ပြိုင်နက်တည်း အမိန့်ကို လက်ခံလိုက်ကြ၏။

​အမိန့်များကို လျင်မြန်စွာ ထုတ်ပြန်ခဲ့ပြီး ကွပ်ကဲရေးစင်တာက ခေတ်မီဆန်းပြားသော စစ်စက်ယန္တရားကြီးတစ်ခုလို လှုပ်ရှားလာချေသည်။

​နဂါးပြာနှင့် အခြားအထူးတပ်ဖွဲ့ဝင်အချို့က နေရှင်နယ်လစ်တပ်မတော်မှ အရာရှိများ၊ ကင်းထောက်စစ်သားများနှင့်အတူ စုရုံးကာ သတင်းအချက်အလက်များကို လျင်မြန်စွာ ဖလှယ်ခဲ့ကြပြီး စောင့်ကြည့်ရေးစခန်း တစ်ခုစီ၏ တိကျသော နေရာ... ထိုးဖောက်ဝင်ရောက်မည့် လမ်းကြောင်း.... ဆုတ်ခွာမည့် အစီအစဉ်နှင့် အရေးပေါ် စကားဝှက်များကို သတ်မှတ်ခဲ့ကြသည်။

​အခြားတစ်ဖက်တွင် ချွန်ထက်သောအစွန်းနှင့် သံတံတိုင်းတို့ ဦးဆောင်သော နောက်ထပ်အထူးတပ်ဖွဲ့ဝင်တစ်စုက ယာယီရှင်းလင်းထားသော ထောင့်တစ်နေရာတွင် တပ်ရင်းအသီးသီးမှ ရွေးချယ်ထားသော ဉာဏ်ရည်ထက်မြက်သည့် စစ်မှုထမ်းဟောင်း ဒါဇင်ပေါင်းများစွာကို အချိန်နှင့် တစ်ပြေးညီ အမြန် သင်တန်းများပေးနေခဲ့ကြသည်။

​“ဒီမှာကြည့်... ဒါက လုံခြုံရေးခလုတ်.... ဒါက ပစ်ခတ်မှု ရွေးချယ်စရာ..... တစ်ချက်ချင်း/အော်တို ပြောင်းတဲ့ ခလုတ်...”

​“RPG-7.... မှန်ပြောင်းကို ဘယ်လိုသုံးရမလဲဆိုတာ မှတ်ထား.... ပြီးတော့ အကွာအဝေးတိုင်းပြီးရင် အမှတ်အသားတွေကို လိုက်နာ...”

​“မော်တာအောက်ခံက တည်ငြိမ်နေရမယ်.... ခေတ်မီ ကျည်ဆန်တွေက ယမ်းမှုန့် ပမာဏကို ချိန်ညှိဖို့ မလိုဘူး... ဒါပေမဲ့ ပစ်ခတ်မှုဇယားတွေကို အလွတ်ကျက်ထားရမယ်”

​စစ်သားများသည် မကြုံစဖူးသော ဤအသိပညာများကို နားလည်နိုင်ရန် ကြိုးစားရင်း သူတို့၏ မျက်လုံးများ ပြူးကျယ်နေကြပြီး သူတို့၏ ကြမ်းတမ်းသော လက်များက အေးစက်သော ခေတ်မီ လက်နက်များကို ဂရုတစိုက် ပွတ်သပ်နေကြ၏။

​ကျန်းယဲ့သည်လည်း ထောက်ပံ့ပို့ဆောင်ရေး စနစ်တစ်ခုလုံး၏ အဓိက အချက်အချာ ဖြစ်လာချေသည်။

​သူသည် တပ်မဌာနချုပ်၏ ဂိုဒေါင်နှင့် ယာယီ သိုလှောင်ရေးဧရိယာကြားတွင် သွားလာနေပြီး သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်တိုင်း ထောက်ပံ့ရေး ပစ္စည်းများ အစုလိုက်အပြုံလိုက် လေထဲမှ ပေါ်လာကြသည်။

​ခဲယမ်းသေတ္တာများ၊ ကျည်ကာအင်္ကျီများ၊ ဆေးသေတ္တာများ၊ တစ်ဦးချင်း ရိက္ခာများ... ထောက်ပံ့ပို့ဆောင်ရေး အရာရှိများသည် ၎င်းတို့ကို ထိရောက်စွာ ခွဲခြားစီစဉ်ကြပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့ စစ်သားများက တန်ဖိုးရှိသော ဤပစ္စည်းများကို သက်ဆိုင်ရာ နေရာများသို့ ပို့ဆောင်ရန် မမောမပန်း အလုပ်လုပ်နေခဲ့ကြသည်။

​ဤတင်းမာနေသော အချိန်၌.....

​ဆက်သွယ်ရေး စစ်သားတစ်ဦး ကွပ်ကဲရေးစခန်းထဲသို့ ပြေးဝင်လာလေသည်။ “တပ်မမှူးကို သတင်းပို့ပါတယ်။ နံပါတ် ၃ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်တဲ့ ** လမ်းကနေ ** ဘုရားကျောင်းလမ်းအထိကို ဂျပန်တပ်စုငယ်တစ်ခုက သိမ်းပိုက်လိုက်ပါပြီ.... သူတို့က xx ရဲ့ အပျက်အစီးတွေနဲ့ xx ရဲ့ မုခ်ဦးတွေကို သုံးပြီး ပစ်ခတ်ရေးကတုတ်ကျင်းတွေ တည်ဆောက်ထားတာကြောင့် သယ်ယူပို့ဆောင်ရေး ယာဉ်တန်းကို လုံးဝ ပိတ်ဆို့ထားပါတယ်...”

​ကွပ်ကဲရေးခန်းထဲရှိ လေထုသည် ရုတ်တရက် အေးခဲသွားရသည်။

​တပ်မမှူးစွန်း မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်၏။ “အဲဒီလမ်းက ** ဦးတည်ချက်မှာရှိတဲ့ အရေးကြီးဆုံး ထောက်ပံ့ရေး လမ်းကြောင်းဆီကို သွားတာ.... အဲဒီက ညီအစ်ကိုတွေဆီမှာ ခဲယမ်းတွေ ကုန်တော့မယ်....”

​စစ်ဦးစီးချုပ် ဝမ်က စားပွဲကို လက်သီးဖြင့် ထုလိုက်လေသည်။ “ဒီအချိန်မှ... ဂျပန်တွေက ငါတို့ရဲ့ အသက်သွေးကြောကို ဖြတ်တောက်လိုက်ပြီပဲ.... ”

​ထိုအချိန်တွင် ကျန်းယဲ့က “တပ်မမှူး... ကျွန်တော့်ကို လူတချို့ခေါ်ပြီး ရှေ့တန်းက ညီအစ်ကိုတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ တိုက်ရိုက် သွားပို့ခွင့်ပြုပါ” ဟု ပြောလိုက်၏။

​“မရဘူး... ” တပ်မမှူးစွန်းက ချက်ချင်းဆိုသလိုပင် ပြတ်ပြတ်သားသား ကန့်ကွက်လိုက်ချေသည်။

​စစ်ဦးစီးချုပ်ဝမ်နှင့် တပ်ရင်းမှူးအချို့၏ မျက်နှာများလည်း တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။ “ရဲဘော်ကျန်း... မင်းရဲ့ လုံခြုံရေးက စစ်ပွဲတစ်ခုလုံးရဲ့ အခြေအနေတင်မကဘူး.... အနာဂတ်နဲ့တောင် သက်ဆိုင်နေတာ... ဘယ်လို အန္တရာယ်မျိုးကိုမှ လွယ်လွယ်ကူကူ မစွန့်စားရဘူး...”

​ကျန်းယဲ့နှင့် သူယူဆောင်လာသော စွမ်းအားက စစ်ပွဲ၏ ဦးတည်ချက်ကို ပြောင်းလဲရန် အဓိကကျကြောင်း လူတိုင်းသိကြပြီး သူ့ကို တစ်ခုခု ဖြစ်သွားပါက နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးဝံ့စရာပင် မရှိချေ။

အခန်း ၂၃၅ပြီး၏။

All Chapters