← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) ဖြေရှင်းချက်

​ဟွမ်ဖူမြစ်ပေါ်ရှိ ဧရာမပေါက်ကွဲမှုကြီးက ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားစေပြီး အနီးနားရှိ ဂျပန်မြေပြင်တပ်ဖွဲ့များကို ချက်ချင်း ကမောက်ကမဖြစ်သွားစေလေသည်။

မရေမတွက်နိုင်သော စစ်သားများနှင့် ယာဉ်များက ကယ်ဆယ်ရေး သို့မဟုတ် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် သင်္ဘောကျင်းများနှင့် မြစ်ကမ်းပါးများဆီသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။

​သို့သော်လည်း သူတို့ အပြေးအလွှား စုရုံးကာ ယာဉ်တန်းက မြစ်ကမ်းပါးဆီသို့ ထွက်ခွာသွားချိန်မှာပင် သေမင်း၏ တီးတိုးစကားသံကဲ့သို့ ထူးဆန်းသော တဝီဝီမြည်သံတစ်ခုက ညကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာ၏။

​“အဲဒါ ဘာအသံလဲ...” ဂျပန်တပ်ကြပ်ကြီးတစ်ဦးက သတိထားကာ ခေါင်းမော့ကြည့်လိုက်၏။

​စကားပင် မဆုံးလိုက်ခင်မှာပဲ တစ္ဆေများကဲ့သို့ မည်းမှောင်နေသော ပုံရိပ်ဒါဇင်ပေါင်းများစွာက ကောင်းကင်မှ ထိုးဆင်းလာကာ သူတို့၏ အမြန်နှုန်းမှာ အံ့မခန်းပင်။

​၎င်းတို့က ဂျပန်စစ်ကူများ အများဆုံးစုဝေးရာ နေရာများဖြစ်သော စစ်သားများ အပြည့်တင်ဆောင်ထားသည့် ထရပ်ကားများ၊ အမြောက်များဆွဲလာသည့် ထွန်စက်များနှင့် ထိတ်လန့်တကြားဖြစ်နေသော ခြေလျင်တပ်ဖွဲ့များကို တိကျစွာ ပစ်မှတ်ထားလေသည်။

​“ဒိုင်း... ဝုန်း...”

​ပထမဆုံး ဖုန်း-၁၇ ဒရုန်းသည် တိကျသော ခွဲစိတ်ဓားတစ်ချောင်းကဲ့သို့ ထရပ်ကားတစ်စီး၏ ယာဉ်မောင်းခန်းထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေသည်။ နောက်ခဏ၌ ပြင်းထန်သော ပေါက်ကွဲမှုက ထရပ်ကားကို မီးလောင်နေသော သံခေါင်းတလားအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားစေပြီး အနီးနားရှိ စစ်သားများက ကျည်စများနှင့် ပေါက်ကွဲမှုလှိုင်းများကြောင့် လွင့်စင်သွားကြရသည်။

​“ရန်သူ့တိုက်ခိုက်မှု... လေယာဉ်တွေ... အကာအကွယ်ယူကြ...” ဂျပန်အရာရှိတစ်ဦးက အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်၏။

​စစ်သားများက သူတို့၏ ရိုင်ဖယ်များနှင့် အပေါ့စား စက်သေနတ်များကို ရူးသွပ်စွာ မြှောက်ကာ ညကောင်းကင်ယံသို့ ရမ်းသန်းပစ်ခတ်လိုက်ကြသည်။

​သို့သော် ဒရုန်းများ၏ တိုက်ခိုက်မှုပုံစံများက သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝကျော်လွန်နေလေသည်။

​ဤသေမင်းတမန်အုပ်စုက ကျဲပါးလှသော လေယာဉ်ပစ်လက်နက်များ၏ ပစ်ခတ်မှုကို လုံးဝ လျစ်လျူရှုထားကြသည်။ သူတို့က ကျည်ဆန်များ၏ လမ်းကြောင်းကို ကျွမ်းကျင်စွာ ရှောင်တိမ်းကာ တစ်ခါတစ်ရံ မြေပြင်နှင့် ကပ်၍ ပျံသန်းပြီး တစ်ခါတစ်ရံ လျင်မြန်စွာ အပေါ်သို့ ပျံတက်ကာ ဒေါင်လိုက်နီးပါး ထောင့်ချိုးဖြင့် ပြန်လည် ထိုးဆင်းလာကြခဲ့သည်။

​“ဝုန်း...”

​နောက်ထပ် ဒရုန်းတစ်စင်းက ခဲယမ်းမီးကျောက် နောက်တွဲယာဉ်တစ်စီးကို ဝင်တိုက်မိရာမှ ကပ်ဆိုးကြီးတစ်ခုကဲ့သို့ ဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

မီးတောက်များက ကောင်းကင်သို့ ထိုးတက်သွားပြီး ပတ်ဝန်းကျင်ကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားစေကာ ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများနှင့် လက်နက်အစိတ်အပိုင်းများ နေရာအနှံ့ လွင့်စဉ်သွားချေသည်။

​“ဘာကာ... ငါ ပစ်ချလို့ မရဘူး...” စက်သေနတ်သမားက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။ သူ၏ ကျည်ဆန်များက အမြဲတမ်း နောက်ကျနေတတ်ပြီး ခန့်မှန်းရခက်သော လမ်းကြောင်းများဖြင့် လျင်မြန်စွာ ရွေ့လျားနေသည့် ထိုပစ်မှတ်ငယ်လေးများကို မချိန်ရွယ်နိုင်ခဲ့ချေ။

​ဒရုန်းအုပ်စုက ဂျပန်တပ်ဖွဲ့များကြားတွင် လွတ်လပ်စွာ လှုပ်ရှားနေပြီး ပေါက်ကွဲမှုတိုင်းက အသက်များကို နုတ်ယူသွားကာ မြစ်ကမ်းပါးသို့သွားမည့် ဂျပန်စစ်ကူများကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပြီး ကြီးမားသော ထိတ်လန့်မှုနှင့် သေဆုံးဒဏ်ရာရမှုများကို ဖြစ်စေခဲ့သည်။

​ထိုစဉ် ဂျပန်စစ်ကြောင်းများ၏ အနောက်ဘက်တွင် နောက်ထပ် တိတ်ဆိတ်သော ဖျက်ဆီးမှုတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

အဝေးထိန်းစနစ်ဖြင့် ကွပ်ကဲသော နောက်ထပ် ဒရုန်းတစ်စုက ၎င်းတို့၏ ထောက်လှမ်းရခက်ခဲမှုနှင့် သာလွန်ကောင်းမွန်သော ထိုးဖောက်ဝင်ရောက်နိုင်စွမ်းတို့ကြောင့် ရန်ရှုဖူနှင့် အခြားနေရာများရှိ ဂျပန်တို့ ထိန်းချုပ်ထားသော အရေးကြီးသည့် ဂိုဒေါင်များနှင့် ခဲယမ်းမီးကျောက်သိုလှောင်ရုံများအပေါ်သို့ တိတ်တဆိတ် ပျံသန်းရောက်ရှိနေပြီဖြစ်၏။

​ရှေ့တန်း စောင့်ကြည့်ရေးအဖွဲ့မှ ပြန်လည်ပေးပို့သော တိကျသည့် နေရာပြဩဒိနိတ်များနှင့် အချိန်နှင့်တပြေးညီ ပုံရိပ်များကြောင့် ဤဒရုန်းများက မျက်စိပါသကဲ့သို့ သူတို့၏ ပစ်မှတ်များဆီသို့ တိကျစွာ ထိုးဆင်းသွားကြခေသည်။

​“ပစ်မှတ် အတည်ပြုပြီးပါပြီ... ဂိုဒေါင် အမှတ် ၃... ဂျပန်ခြေလျင်တပ် ခဲယမ်း သိုလှောင်ရုံ ဖြစ်ပါတယ်...”

​“ချိန်ရွယ်ထားလိုက်.....တိုက်ခိုက်။”

​ဒရုန်းတစ်စင်းက ဥက္ကာပျံတစ်လုံးကဲ့သို့ ဂိုဒေါင်ခေါင်မိုး၏ အားနည်းသောနေရာကို ဖောက်ထွင်းကာ အတွင်းပိုင်းသို့ ဝင်ရောက်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။

​ချက်ချင်းပင် ဂိုဒေါင်တစ်ခုလုံး အတွင်းပိုင်းမှ ပေါက်ကွဲသွားခဲ့သည်။ ခဲယမ်းများ ပေါက်ကွဲသည့် တဖြောက်ဖြောက် မြည်သံများနှင့်အတူ ဧရာမ မီးလုံးကြီးတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး ညကောင်းကင်ယံကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားစေခဲ့သည်။

​“ပစ်မှတ် အတည်ပြုပြီးပါပြီ.... လဟာပြင် အမြောက်ဆန်သိုလှောင်ရာ နေရာ။”

​“တိုက်ခိုက်...”

​ဒရုန်းအများအပြားက အစဉ်လိုက် ထိုးဆင်းလာပြီး သူတို့၏ ပေါက်ကွဲစေတတ်သော အရာများကို ခဲယမ်းပုံထဲသို့ တိကျစွာ ပစ်ချခဲ့ကြသည်။

​နားကွဲမတတ် ဆက်တိုက်ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားကာ တန်ဖိုးကြီး အမြောက်ဆန်များနှင့် ပေါက်ကွဲစေတတ်သော ယမ်းများမှာ မီးတောက်များထဲတွင် သတ္တုအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားချေသည်။

​ဂျပန်တပ်စခန်းက ဤသေမင်းတမန် ပျံသန်းနေသော အင်းဆက်ငယ်လေးများကို တွေ့ရှိသွားပြီး ထိတ်လန့်တကြားဖြင့် သူတို့၏ အပေါ့စား လက်နက်အားလုံးကို အသုံးပြုကာ ပစ်ခတ်ကြပြီး လေယာဉ်ပစ် စက်သေနတ်များကိုပင် ယူဆောင်လာခဲ့ကြသည်။

​သို့သော်လည်း ဒရုန်းများ၏ အလွန်နိမ့်သော ပျံသန်းမှုအမြင့်... အရွယ်အစား သေးငယ်မှုနှင့် ခန့်မှန်းရခက်သော ပျံသန်းမှုလမ်းကြောင်းတို့ကြောင့် လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုများမှာ အများအားဖြင့် အရာမရောက်ခဲ့ချေ။

​များသောအားဖြင့် ကျည်ဆန်များက သူတို့၏ နောက်ကွယ်မှ လိုက်နေချိန်မှာပင် သူတို့က နောက်ထပ် တန်ဖိုးဖြတ်မရသော ပစ်မှတ်တစ်ခုဆီသို့ ဦးခေါင်းစိုက်ကာ ဝင်ရောက်သွားပြီးဖြစ်၏။

​ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေပြီး ရှန်ဟိုင်းမြောက်ပိုင်း ညကောင်းကင်ယံတစ်ခွင်တွင် မီးတောက်များ ပြန့်ကျဲနေချေသည်။

​ဂျပန်စစ်တပ်၏ ထောက်ပံ့ရေးစနစ်က အတိုင်းအတာတစ်ခုအထိ လျှော့ချပစ်သည့် တိုက်ခိုက်မှုမျိုးကဲ့သို့ အနာဂတ်မှ လာသော တိကျသည့် ဖျက်ဆီးမှုကို ခံစားနေရခေသည်။

​ထိုညတွင် သေမင်းတမန် ပျားအုပ်ကြီးက ဟွမ်ဖူမြစ်ကမ်းနှစ်ဖက်စလုံးကို တိုက်ခတ်သွားပြီး ဂျပန်စစ်တပ်၏ စစ်ကူများကို သွေးနှင့် မီးများဖြင့် ပိတ်ဆို့ကာ သူတို့၏ နောက်တန်းရှိ စစ်ရေးအလားအလာများကို လျင်မြန်စွာ လောင်ကျွမ်းဖျက်ဆီးပစ်ခဲ့သည်။

​ဒရုန်းအုပ်စု၏ သေမင်းတမန် တိုက်ခိုက်မှုအပြီးတွင် ဂျပန်တို့၏ စစ်ကူလမ်းကြောင်းများနှင့် ကွပ်ကဲမှုစနစ်တို့မှာ မီးတောက်များနှင့် ကမောက်ကမဖြစ်မှုများထဲတွင် နစ်မြုပ်သွားချေသည်။

​မူလက ကြောက်မက်ဖွယ်ကောင်းသော စစ်ကူများက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားရသည်။ အသက်ရှင်ကျန်ရစ်သော ဂျပန်စစ်သားများဟာ တုန်လှုပ်နေဆဲဖြစ်ပြီး သူတို့၏ အဖွဲ့အစည်းမှာလည်း ပြိုကွဲသွားကာ မည်သည့် ထိရောက်သော ခုခံမှုကိုမျှ မပြုလုပ်နိုင်ကြတော့ချေ။

​“ညီအစ်ကိုတို့... တိုက်ခိုက်ကြ... အရေးနိမ့်နေတဲ့ ခွေးကို ရိုက်ရမယ့် အချိန်ရောက်ပြီဟေ့.....”

​တရုတ်စစ်တပ်တပ်မှူး၏ အမိန့်နှင့်အတူ တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေပြီး လက်နက်သစ်များ တပ်ဆင်ထားသော မြေပြင်တပ်ဖွဲ့များက ဖရိုဖရဲဖြစ်နေသော ဂျပန်စစ်တပ်ကို အကြီးအကျယ် တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။

​AK-47 ချေမှုန်းရေးရိုင်ဖယ်များမှ ပစ်ခတ်လိုက်သော ကျည်ဆန်များက ပဲလှော်ပေါက်သကဲ့သို့ဖြစ်ပြီး ပစ်ခတ်မှုအားက ဂျပန်တို့၏ တိုက်-၃၈ ရိုင်ဖယ်များမှ ဟိုတစ်စဒီတစ်စ ပြန်လည်ပစ်ခတ်မှုများကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။

​အာပီဒီ အပေါ့စား စက်သေနတ်များက မီးများ မှုတ်ထုတ်နေပြီး ချီတက်လာသော ခြေလျင်တပ်များအတွက် အားကောင်းသော အကာအကွယ်ပေး ပစ်ခတ်မှုများကို ထောက်ပံ့ပေးနေချေသည်။

​အာပီဂျီ-၇ ကို မည်သို့ အသုံးပြုရမည်ကို ယခုမှ သင်ယူထားသော စစ်သားများက ဂျပန်စစ်တပ်၏ ယာယီကတုတ်ကျင်းများနှင့် အသက်ရှင်ကျန်ရစ်သော သံချပ်ကာယာဉ်များကို ဒုံးကျည်များဖြင့် စိတ်လှုပ်ရှားစွာ ပစ်ခတ်ကြပြီး ပေါက်ကွဲမှုတိုင်းက အောင်ပွဲခံ အော်ဟစ်သံများကို ထွက်ပေါ်လာစေ၏။

​ဂျပန်စစ်တပ်က တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားခဲ့လေသည်။

​ဤမျှ ပြင်းထန်ပြီး တိကျသော ပစ်ခတ်မှုမျိုးကို သူတို့ တစ်ခါမှ မကြုံဖူးခဲ့ဘဲ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများက မြစ်ပေါ်ရှိ ရေတပ်နှင့် အနောက်ဘက်ရှိ ဂိုဒေါင်များနှင့်အတူ ကြာမြင့်စွာကတည်းက ပြိုလဲသွားခဲ့ပြီဖြစ်၏။

​ဂျပန်စစ်သားများ ထိတ်လန့်သွားကြသည်။ အချို့က ဒူးထောက်ကာ လက်နက်ချကြပြီး အချို့ကမူ သူတို့၏ လက်နက်ကိရိယာများကို စွန့်ပစ်ကာ ထိတ်လန့်တကြား ထွက်ပြေးကြသော်လည်း လိုက်လံပစ်ခတ်နေသော ကျည်ဆန်များကြောင့် လဲကျသွားကြရသည်။

​အမည်ခံ ကာကွယ်ရေးခံစစ်မျဉ်းက ပထမဆုံး အထိအတွေ့မှာပင် ပြိုကျသွားပြီး တဖြည်းဖြည်း နောက်ဆုတ်သွားကာ မည်သည့် ထိရောက်သော အတားအဆီးကိုမျှ မဖွဲ့စည်းနိုင်တော့ချေ။

​ဤအလွန် ကမောက်ကမဖြစ်နေသည့် အခြေအနေကြားတွင် အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုက ပင်မ စစ်မြေပြင်မှ တစ္ဆေများကဲ့သို့ ခိုးထွက်သွားကြပြီး သူတို့၏ ရည်မှန်းချက်မှာ သိသိသာသာ ရှင်းလင်းနေချေသည်။

​အဆင့်အမြင့်ဆုံး ဂျပန်စစ်တပ်တပ်မှူးမှာ မက်ဆိုအီဝါနဲ ဖြစ်သည်။

​ဒရုန်းမှ ပြန်လည်ပေးပို့သော နောက်ဆုံးပုံရိပ်များနှင့် ရှေ့တန်း စောင့်ကြည့်ရေးသမားများ၏ လမ်းညွှန်မှုကို အသုံးပြုကာ မက်ဆိုအီ ကွပ်ကဲမှုစခန်း ပြောင်းရွှေ့သွားနိုင်သည့် ဖြစ်နိုင်ခြေရှိသော နေရာအချို့ကို သူတို့ တိကျစွာ ထောက်ပြနိုင်ခဲ့ကြသည်။

​ခေါင်းဖြတ်အဖွဲ့ဝင်များက ညကြည့်ကိရိယာများနှင့် အသံတိတ်လက်နက်များကို အသုံးပြုကာ ပြန့်ကျဲနေသော ဂျပန်ကင်းစောင့်များနှင့် သက်တော်စောင့်များကို တိတ်တဆိတ် ရှင်းလင်းရင်း လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်း၊ ပြီးပြည့်စုံသော အဖွဲ့လိုက်လုပ်ဆောင်မှုတို့ဖြင့် လှုပ်ရှားလိုက်ကြသည်။

​နောက်ဆုံးတွင် သူတို့ဟာ ယာယီသိမ်းပိုက်ထားပြီး အတော်အသင့် ခိုင်ခံ့သော မြေအောက်ခန်းတစ်ခု၏ ဝင်ပေါက်အပြင်ဘက်၌ ထူးထူးခြားခြား တင်းကျပ်သော လုံခြုံရေးနှင့် ဆက်သွယ်ရေး အင်တင်နာများကို တွေ့ရှိခဲ့ကြသည်။

​“ပစ်မှတ်က ဒီမှာဖြစ်နိုင်တယ်....” အရိပ်က သူ၏ နားကြပ်ထဲသို့ တီးတိုးပြောလိုက်၏။

​ထို့နောက် တုံ့ဆိုင်းနေခြင်းမရှိဘဲ တိုက်ခိုက်မှုကို ချက်ချင်း စတင်လိုက်လေသည်။

​အလင်းဗုံးများနှင့် မီးခိုးဗုံးများကို ဦးစွာ ပစ်သွင်းလိုက်ပြီး ပြင်းထန်သော ပေါက်ကွဲမှုများနှင့် မျက်စိကျိန်းမတတ် အဖြူရောင်အလင်းတန်းများက ကာကွယ်နေသော ဂျပန်စစ်သားများကို ချက်ချင်း မျက်ကန်း၊ နားကန်း ဖြစ်သွားစေခေသည်။

​ထိုအချိန်ကို အခွင့်ကောင်းယူကာ အထူးတပ်ဖွဲ့ဝင် စစ်သားများက လျှပ်စီးကဲ့သို့ ဝင်ရောက်တိုက်ခိုက်ကြပြီး သူတို့၏ အလိုအလျောက် လက်နက်များက တိကျသော အတိုချုံးပစ်ခတ်မှုများ ပြုလုပ်ကာ ခုခံရန် ကြိုးစားသော အစောင့်တိုင်းကို လျင်မြန်စွာ ရှင်းလင်းပစ်လိုက်၏။

​ထို့နောက် အတွင်းခန်းတံခါးကို အသံမထွက်ဘဲ ကန်ဖွင့်လိုက်လေသည်။

​အခန်းထဲတွင် မက်ဆိုအီဝါနဲက ဒေါသထွက်နေသော မျက်နှာဖြင့် ရေဒီယိုကို အော်ဟစ်နေပြီး စစ်ဦးစီးအရာရှိအများအပြားက သူတို့၏ သေနတ်များကို ထုတ်ရန် အသည်းအသန် ကြိုးစားနေကြ၏။

​သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။

​စနိုက်ပါရိုင်ဖယ်က အရင်ပစ်လိုက်ပြီး ကျည်ဆန်က မက်ဆိုအီအား ကာကွယ်ရန် ကြိုးစားနေသည့် စစ်ဦးစီးချုပ်၏ ခေါင်းကို တိကျစွာ ဖောက်ဝင်သွားခဲ့သည်။

​တစ်ချိန်တည်းမှာပင် တိတ်ဆိတ်ခြင်းနှင့် အခြားအဖွဲ့ဝင်တစ်ဦးတို့က သူတို့၏ ချေမှုန်းရေးရိုင်ဖယ်များမှ ဆက်တိုက်ပစ်ခတ်လိုက်ရာ အခြားသော စစ်ဦးစီးအရာရှိ အများအပြားကို လဲကျသွားကြလေသည်။

​မက်ဆိုအီအီဝါနဲသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် တုန်လှုပ်မှု၊ ဒေါသနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေပြီး သူ၏လက်က ခါးရှိ သေနတ်ဆီသို့ လှမ်းသွားချိန်သာ ရှိသေး၏။

​...

​ထို့နောက်တွင်တော့ နောက်ကျသွားခဲ့ပြီဖြစ်သည်။

​ထိုသူသည် တဖြည်းဖြည်း လဲကျသွားခဲ့ချေသည်...

​တောက်ပသော သွေးနီရဲရဲများက ဖြည်းညင်းစွာ စီးကျလာ၏...

အခန်း ၂၄၂ပြီး၏။

All Chapters