← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) လမ်းကြောင်းသစ်

​[ဂုဏ်ယူပါတယ် လက်ခံသူ.... ခရီးစဉ်အသစ် ရှေးဟောင်း ယဉ်ကျေးမှု အချိန်ခရီးသွားခြင်း - ခြောက်ရက်တာ အထင်ကရနေရာများ ခရီးစဉ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ]

​[လမ်းကြောင်း အသေးစိတ် - ဤလမ်းကြောင်းက တရုတ်နိုင်ငံ၏ အရေးကြီးသော သမိုင်းဝင်ကာလ သုံးခုကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ကွဲပြားသော ရှေးဟောင်းယဉ်ကျေးမှုများ၏ တောက်ပမှုနှင့် လေးနက်သော သမိုင်းကြောင်းများကို အသေးစိတ် ခံစားနိုင်ရန် ကူညီပေးပါမည်]

​[ပထမ မှတ်တိုင် - ချင်အင်ပါယာ - ကမောက်ကမဖြစ်နေသော ရှန်းယန် (၂ ရက်) - ပထမဆုံး ဧကရာဇ်က နိုင်ငံခြောက်ခုကို ပေါင်းစည်းပြီး ကြီးမားသော စွမ်းအားများကို ကိုင်စွဲထားသည့် သူ၏ ခမ်းနားထည်ဝါမှုကို ခံစားကြည့်ပါ]

​[ဒုတိယ မှတ်တိုင် - ထန်မင်းဆက်ရှိ အန်းရှီး တပ်မတော်၏ စိတ်ဓာတ် (၂ ရက်) - ထန်မင်းဆက် နယ်ခြားစောင့်တပ်များ၏ မယိမ်းယိုင်သော သစ္စာစောင့်သိမှုနှင့် ကျောက်စိမ်းဂိတ်ကို ငေးကြည့်နေသော အထီးကျန်မြို့လေး၏ ခြောက်ကပ်ပြီး ခမ်းနားထည်ဝါမှုကို မြင်တွေ့ရန် အနောက်ဘက် ဒေသများသို့ ခရီးစဉ်]

​[တတိယ မှတ်တိုင် - မင်မင်းဆက် နှောင်းပိုင်း၊ ချုံကျန်း ၃ နှစ်မြောက် (၂ ရက်) - မင်မင်းဆက် မပြိုကွဲမီ ဆူပူအုံကြွမှုများ ပြည့်နှက်နေသော နှစ်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားပြီး မုန်တိုင်းများ တိုက်ခတ်နေသည့် ခေတ်ကာလတစ်ခု၏ သွေးခုန်နှုန်းကို ခံစားကြည့်ပါ]

​[ဤ ရှေးဟောင်း ယဉ်ကျေးမှု အချိန်ခရီးသွားခြင်း - ခြောက်ရက်တာ အထင်ကရနေရာများ ခရီးစဉ်၏ ပထမဆုံးခရီးစဉ်ကို နောက်နှစ်ရက် နံနက် ၉ နာရီ တိတိတွင် ထွက်ခွာရန် စီစဉ်ထားပါသည်။ နောက်ကျသူများကို စောင့်ဆိုင်းမည် မဟုတ်ပါ]

​[ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၅၀,၀၀၀။]

​[မှတ်ချက် - ဤသည်မှာ ပထမဆုံး သီးသန့်အဖွဲ့လိုက် ဝယ်ယူမှုဖြစ်ပြီး နေရာ ၃၀ ရရှိနိုင်မည် ဖြစ်ပါသည်။ နေရာ ၁၀ ခုကို အွန်လိုင်း ပလက်ဖောင်းမှတစ်ဆင့်ရောင်းချမည်ဖြစ်ပြီး ကျန်နေရာ ၂၀ ကို လက်ခံသူက ခွဲဝေပေးရမည်ဖြစ်သည်။]

​[လက်ခံသူ... ကျေးဇူးပြု၍ ခရီးစဉ်နှင့် ပရိုမိုးရှင်းပစ္စည်းများကို တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ပါ]

​ကျန်းယဲ့၏ စိတ်ထဲသို့ မက်ဆေ့ချ်များ ဆက်တိုက် ဝင်လာခဲ့သည်။ သူဟာ ခဏတာ အံ့အားသင့်သွားပြီးနောက် သူ၏ မျက်နှာတွင် နားလည်သွားဟန်နှင့် ရယ်မောချင်ဟန် ပေါ်လာလေသည်။

​“ဒီလမ်းကြောင်းက တော်တော်ကောင်းပြီး စိတ်လှုပ်ရှားစရာပဲ...” သူက တီးတိုးရေရွတ်လိုက်၏။

​သူသည် ချင်မင်းဆက်၏ ကြီးကျယ်ခမ်းနားမှု၊ အန်းရှီးတပ်မတော်၏ ရဲစွမ်းသတ္တိနှင့် အဖြစ်ဆိုးများ၊ မင်မင်းဆက်နှောင်းပိုင်း၏ ဖိနှိပ်မှုနှင့် ကမောက်ကမဖြစ်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီး ဤအရာများကို နက်နက်ရှိုင်းရှိုင်း ခံစားနိုင်ရန် ခရီးသွားများကို ဦးဆောင်ခဲ့ပြီး ဖြစ်သည်။

​ယခင်ကဆိုလျှင် တစ်နေရာတည်းတွင် ရက်အနည်းငယ်ကြာ နေထိုင်ရသည့် အသေးစိတ် ခရီးသွားခြင်းမျိုးသာ ဖြစ်သည်။

​ယခုတစ်ကြိမ်တွင်မူ စနစ်က ကွဲပြားခြားနားသော ခေတ်သုံးခုနှင့် အလွန်ကွာခြားသော ကာလသုံးခုကို ခြောက်ရက်တာ ခရီးစဉ်တစ်ခုအဖြစ် ချိတ်ဆက်ပေးခဲ့လေသည်။ ၎င်းသည် ဂန္ထဝင်လမ်းကြောင်းသုံးခုဖြစ်သည့် ရှန်းယန် ရှေးဟောင်းမြို့တော်၊ အနောက်ဘက် ဂိုဘီ သဲကန္တာရ နှင့် မင် တားမြစ်မြို့တော်တို့ကို ခရီးစဉ်တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သကဲ့သို့ပင်။

​“ဘုရားရေ... ဒီခရီးစဉ်က တစ်ခုခုပဲ.... ပထမနေ့မှာ ချင်ရှီဟွမ်ရဲ့ စစ်ရေးပြပွဲကို ကြည့်ရမယ်။ တတိယနေ့ကျတော့ ခူချာမြို့ရိုးပေါ်မှာ တိဗက်တွေကို ခေါင်းဖြတ်တာ ကြည့်ရမယ်။ ပြီးတော့ ပဉ္စမနေ့မှာ ချုံကျန်းဧကရာဇ်အတွက် ပိုက်ဆံဘယ်လိုချွေတာရမလဲဆိုတာ ပေကျင်းမှာ သွားစဉ်းစားရမယ်...”

​ကျန်းယဲ့က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ “ဒီပုံစံက အမြန်ခရီးစဉ်ကို အဓိကထားတဲ့ ခေတ်သစ် ခရီးသွားအေဂျင်စီတစ်ခုရဲ့ ဥရောပနိုင်ငံဆယ်ခု လဝက် ခရီးစဉ်နဲ့ တော်တော်လေး တူလာပြီ... အို... မဟုတ်သေးပါဘူး... အချိန်ခရီးသွားပြီး နေရာအနှံ့ အမှတ်အသားလုပ်ရတဲ့ အတွေ့အကြုံနဲ့ ပိုတူတယ်”

​သူ ညည်းညူနေသော်လည်း သူ၏ မျက်လုံးများကမူ စိတ်ဝင်စားမှုဖြင့် တောက်ပနေချေသည်။

​ဤကဲ့သို့ ပြင်းထန်ပြီး မြင်ကွင်းမျိုးစုံ ပြောင်းလဲနေမှုက ခရီးသွားများအတွက် မကြုံစဖူး စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတစ်ခုဖြစ်ပြီး ဧည့်လမ်းညွှန်တစ်ဦးအနေဖြင့် သူ့အတွက်လည်း စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်၏။

​ထို့အပြင် ပထမဆုံးအဖွဲ့အတွက် သီးသန့် နေရာနှစ်ဆယ်ပါရှိသောကြောင့် လှုပ်ရှားရန် နေရာများစွာ ရရှိစေလေသည်။

​“ကောင်းပြီလေ... စနစ်က ထုတ်ကုန်သစ်ကို စတင်မိတ်ဆက်လိုက်ပြီဆိုတော့ ဒီခြောက်ရက်တာ အချိန်ခရီးသွားခြင်းကို သေချာလေး စီစဉ်ရအောင်...”

​ကျန်းယဲ့က သူ၏ လက်ကောက်ဝတ်များကို ဆန့်ထုတ်လိုက်ရာ ကောင်းစွာ အနားယူထားသော ခန္ဓာကိုယ်မှာ စွမ်းအင်များ အပြည့်အဝ ရှိနေသည်ကို ခံစားလိုက်ရ၏။

​ကျန်းယဲ့သည် ကြီးကျယ်ခမ်းနားမှု၊ အဖြစ်ဆိုးများနှင့် ဝမ်းနည်းကြေကွဲမှုများ ပေါင်းစပ်ထားပြီး ချင်၊ ထန်နှင့် မင်မင်းဆက်များကို ဖြတ်သန်းသွားမည့် ဤခရီးစဉ်ကို အလွန် မျှော်လင့်နေမိသည်။ ခရီးသွားများလည်း အလွန်စိတ်လှုပ်ရှားကြလိမ့်မည်ဟု သူ ယုံကြည်ချေသည်။

​စနစ်မှ ပြသထားသော ကိုယ်တိုင်ရွေးချယ်ခွင့် နေရာနှစ်ဆယ်ကို ကြည့်ရင်း ကျန်းယဲ့၏ ပထမဆုံး အတွေးမှာ သူ့ကို အစကတည်းက ထောက်ခံအားပေးခဲ့ပြီး ကောင်းဆိုးနှစ်တန် အတူဖြတ်သန်းကာ မတူညီသော အတိုင်းအတာများကြားတွင် လိုက်ပါခရီးသွားခဲ့သည့် ဖောက်သည်ဟောင်းများထံသို့ ရောက်သွားခဲ့သည်။

​ထို့နောက် သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး စခရင်ကို ဖွင့်ကာ ဝီချက် ကို ဝင်လိုက်၏။

​စာရင်းထဲရှိ ရင်းနှီးနေသော အဖွဲ့ချတ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။ [ချင်မင်းဆက် လည်ပတ်ရေးအဖွဲ့]၊ [ထန်မင်းဆက် အန်းရှီး တပ်မတော်]၊ [မင်မင်းဆက် နှောင်းပိုင်း ခရီးသွားအဖွဲ့] နှင့် မကြာသေးမီက [ဇွန်ဘီမြို့တော် ရှင်သန်ရေးအဖွဲ့]၊ [မုံပေါ်တောင် အထောက်အကူပြုအဖွဲ့]၊ [အင်မော်တယ်တစ်ရာမြို့တော် ထူးခြားဆန်းကြယ် ခရီးစဉ်]...

​ကျန်းယဲ့၏ လက်ချောင်းများက မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားပြီး [အချိန်ခရီးသွားအဖွဲ့ - ၁] ဟူသော ရိုးရှင်းပြီး တိုက်ရိုက်ကျသည့် အမည်ဖြင့် ဝီချက်အဖွဲ့အသစ်တစ်ခုကို ဖန်တီးလိုက်၏။

​ထို့နောက် သူဟာ ဤအဖွဲ့သစ် QR ကုတ် ကတ်ကို ဝီချက်အဖွဲ့အများအပြားသို့ ပေးပို့လိုက်ပြီး အဖွဲ့ဝင်အားလုံးကို တဂ်တွဲလိုက်လေသည်။

​[ကျန်းယဲ့] @အားလုံး - “ဟေး အားလုံးပဲ... အဖွဲ့သစ်ထဲ ဝင်ဖို့ QR ကုတ်ကို မြန်မြန် စကင်ဖတ်ကြ။ လမ်းကြောင်းအသစ်နဲ့ ပတ်သက်တဲ့ အရေးကြီးသတင်း တစ်ခုရှိတယ်...”

​မက်ဆေ့ချ် ပို့ပြီး မကြာမီမှာပင် ဖုန်းက တုန်ခါလာခဲ့သည်။

​ပထမဆုံး ဝင်လာသူမှာ ကျန်းမင်ဟွေ့ပင်။ အဖွဲ့ထဲသို့ ဝင်ပြီးနောက် သူက လက်သီးချင်းတိုက်သည့် အီမိုဂျီတစ်ခုကို ပို့လိုက်ပြီး တိုတိုတုတ်တုတ်နှင့် လိုရင်းကို ပြောလိုက်၏။ “ညွှန်ကြားရေးမှူးကျန်း.... တာဝန်ထမ်းဆောင်ဖို့ သတင်းပို့ပါတယ်...”

​ထို့နောက် ချက်ချင်းဆိုသလိုပင် တက်ကြွသော ကျန်းတောက်လည်း ဝင်လာလေသည်။ “ဟားဟား... ညွှန်ကြားရေးမှူးကျန်းက တကယ်ပဲ အဖွဲ့သစ်တစ်ခု ဖွဲ့လိုက်တာပဲ။ အလုပ်အသစ်လာတော့မှာလား။ ဒီတစ်ခါ တစ္ဆေမြို့တော်ကို သွားမှာလား... ဒါမှမဟုတ် ဓားတွေပေါ်ကနေ ကျွန်တော်တို့ကို ပျံသန်းခေါ်သွားမှာလား.....”

​ကျန်းခိုင် နှင့် ချောင်ဝမ်ပေါ်တို့သည်လည်း တစ်ချိန်တည်းလိုလို အဖွဲ့ထဲသို့ ဝင်လာကြ၏။

​ကျန်းခိုင် - “ညွှန်ကြားရေးမှူးကျန်းက ခေါ်နေပြီဆိုမှတော့ ကျွန်တော် သေချာပေါက် ရောက်ရမှာပေါ့...”

​ချောင်ဝမ်ပေါ် - “+၁၊ အခုလေးတင် သတင်းတွေ့လိုက်တယ်။ ဘာလမ်းကြောင်း အသစ်လဲ။ စိတ်လှုပ်ရှားစရာ ကောင်းပုံပဲ....”

​မကြာမီမှာပင် ကန်းချန်၊ ဖန်ယီမင်၊ လင်ယီရှင်း၊ ကျိုးရှင်းကျီ၊ ကျိုးကျွင်း နှင့် ဖန့်ရှန်းအစရှိသော ရင်းနှီးသည့် အမည်များက အဖွဲ့သစ်၏ အဖွဲ့ဝင်စာရင်းတွင် တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

​လူများစွာက အဖွဲ့ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မေးခွန်းများ မေးရန် မစောင့်နိုင်တော့ဘဲ ယခုတစ်ကြိမ် မည်သို့သော ဆန်းသစ်ပြီး အသက်အန္တရာယ်ရှိသည့် ခရီးစဉ်မျိုး ဖြစ်မည်နည်းဆိုသည်ကို သိချင်နေခဲ့ကြသည်။

​ထိပ်တန်း ရုံးခန်းအဆောက်အအုံတစ်ခု၏ အစည်းအဝေးခန်းထဲတွင် လေထုက လေးနက်နေချေသည်။

​အဖွဲ့၏ ဘဏ္ဍာရေးအရာရှိချုပ်သည် ပရိုဂျက်တာ မျက်နှာပြင်ရှေ့တွင် သုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာကို အသေးစိတ် ရှင်းပြနေ၏။ ကိန်းဂဏန်းများ ရွေ့လျားသွားသည်နှင့်အမျှ အမှုဆောင်အရာရှိများက အာရုံစိုက် နားထောင်နေခဲ့ကြသည်။

​ထိပ်ဆုံးတွင် ထိုင်နေသော ကျန်းဟွိုင်မင်သည် အာရုံစိုက် နားထောင်နေစဉ် သူ၏ ဖုန်းမျက်နှာပြင်မှာ ရုတ်တရက် လင်းလာပြီး ဝီချက်မက်ဆေ့ချ်တစ်ခု ဝင်လာကြောင်း ပြသနေခဲ့သည်။

​သူက အသံပိတ်ထားရန် ရည်ရွယ်ချက်ဖြင့် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ရုံသာ ဖြစ်သော်လည်း ပေးပို့သူ၏အမည်နှင့် အဖွဲ့အမည်ကို မြင်လိုက်ရပြီးနောက် သူ၏ အာရုံစိုက်မှုက ဘဏ္ဍာရေးအစီရင်ခံစာမှ ဝီချက်အဖွဲ့သို့ လုံးဝ ပြောင်းလဲသွား၏။

​သူက အစီရင်ခံစာကို ကြားဖြတ်ရန် လက်မြှောက်လိုက်၏။ “ခဏ ရပ်ထားလိုက်ဦး...”

​အခန်းထဲရှိ အမှုဆောင်အရာရှိအားလုံး အံ့သြသွားကြပြီး သူတို့၏ အကြည့်များက သူ့ထံသို့ ရောက်သွားကြသည်။ တည်ငြိမ်မှုရှိသည်ဟု နာမည်ကြီးသော သူတို့၏ သူဌေးက ရုတ်တရက် ဖုန်းကို ကောက်ကိုင်ကာ ကျင်းပနေဆဲ အစည်းအဝေးကို လုံးဝ လျစ်လျူရှုပြီး အာရုံစိုက်ကာ အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့် စတင် အသုံးပြုနေခဲ့သည်။

​QR ကုတ်ကို စကင်ဖတ်ပြီး အဖွဲ့ထဲဝင်ခြင်း – အားလုံးကို ချောမွေ့သော လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပြီးစီးသွားခဲ့သည်။

​ကျန်းဟွိုင်မင်က မျက်နှာပြင်ပေါ်ရှိ အချိန်ခရီးသွားအဖွဲ့ - ၁ဟူသော စာလုံးများနှင့် လျင်မြန်စွာ တိုးများလာနေသော ရင်းနှီးသည့် ကိုယ်ပွားရုပ်ပုံများကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်သွားချေသည်။

​ညွှန်ကြားရေးမှူးကျန်းက အဖွဲ့ချတ်တွင် စကားပြောလေ့ မရှိသော်လည်း သူ ပြောလိုက်ပြီဆိုလျှင် အမှန်တကယ် ကောင်းမွန်သော အရာတစ်ခုခု ရှိနေသောကြောင့်ပင်။

​၎င်းသည် လက်ရှိ စီးပွားရေး သဘောတူညီချက်များထက် များစွာ ပို၍ အာရုံစိုက်သင့်သောအရာပင်။

​သူက ဖုန်းကို ချလိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ဝေ့ကြည့်ကာ တိုတိုတုတ်တုတ် ပြောလိုက်၏။ “အစည်းအဝေး ရပ်နားပါပြီ... တိကျတဲ့ အချိန်ကို နောက်မှ ပြန်ကြေညာပါမယ်”

​ထိုသို့ပြောပြီးနောက် သူဟာ ရုတ်တရက် မတ်တပ်ရပ်ကာ ဖုန်းကို ကောက်ကိုင်ပြီး အချင်းချင်း နားမလည်နိုင်စွာ ကြည့်နေကြသော အမှုဆောင်အရာရှိ တစ်စုကို ချန်ထားရစ်ကာ အစည်းအဝေးခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေသည်။

​ဘဏ္ဍာရေး အစီရင်ခံစာများနှင့် သုံးလပတ် အစည်းအဝေးများ အားလုံးက ညွှန်ကြားရေးမှူးကျန်း၏ ချဉ်းကပ်မှုအသစ်နှင့် နှိုင်းယှဉ်လျှင် ဒုတိယနေရာတွင်သာ ရှိလေသည်။

​တောင်တန်းနက်များထဲရှိ ဟောင်းနွမ်းသော်လည်း သန့်ရှင်းနေသော တာအိုဘုရားကျောင်းတစ်ခုတွင် နံနက်ခင်း ဆုတောင်းပွဲလေး ပြီးခါစဖြစ်၏။

​လူငယ် တာအိုဘုန်းကြီး ရွှမ်ချင်းသည် ခြံဝင်းအတွင်းရှိ သစ်ရွက်ကြွေများကို တံမြက်စည်းဖြင့် လှည်းကျင်းနေပြီး သူ၏အကြည့်များက သူ၏ဆရာ တရားထိုင်နေသော ဘေးဘက်ခန်းမဆီသို့ ခိုးကြည့်နေခဲ့သည်။ ရုတ်တရက် သူ၏ ရင်ခွင်ထဲရှိ ဖုန်းက တုန်ခါလာလေသည်။

​ရွှမ်ချင်းက ခိုးကြည့်လိုက်ရာ မှေးမှိန်နေသော မျက်နှာပြင်ပေါ်တွင် ကျန်းယဲ့ဟူသော စာလုံးနှစ်လုံးက ထင်ရှားနေသည်ကို မြင်လိုက်ရ၏။

​သူ၏ နှလုံးသားက ခုန်ပေါက်နေပြီး တိုင်တစ်ခုနောက်တွင် အမြန်ပုန်းကွယ်ကာ မက်ဆေ့ချ်ကို သတိထားပြီး ဖွင့်ကြည့်လိုက်သည်။

​“အဖွဲ့သစ်... အရေးကြီးတဲ့ လမ်းကြောင်းသစ်...”

​ဒီသော့ချက်စာလုံးတွေက သူ၏ မျက်စိကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

​သူ တံမြက်စည်းလှည်းနေသည်ကိုပင် လုံးဝ မေ့သွားပြီး သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ လိုက်ကြည့်ကာ ဗိုက်ကိုဖက်ပြီး ဘေးဘက်ခန်းမဆီသို့ လှမ်းအော်လိုက်၏။ “ဆရာ... ဆရာ... ကျွန်တော် ဗိုက်နာနေလို့ အိမ်သာသွားလိုက်ဦးမယ်နော်... ”

​အထဲမှ တုံ့ပြန်မှုကို မစောင့်တော့ဘဲ တောင်နောက်ဘက်ရှိ ယာယီအိမ်သာဆီသို့ အပြေးအလွှား သွားလိုက်သည်။

​ထို့နောက် လူငယ်တာအိုဘုန်းကြီးရွှမ်ချင်းသည် အိမ်သာဘေးရှိ အတော်လေး လုံခြုံသော ကောက်ရိုးပုံနောက်တွင် ဆောင့်ကြောင့်ထိုင်ကာ အဖွဲ့ထဲဝင်ရန် QR ကုတ်ကို စိတ်အားထက်သန်စွာ စကင်ဖတ်နေခဲ့သည်။ သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး သူ၏ လက်ချောင်းများက မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေချေသည်။

​"ကြမ်းပြင်လှည်းဖို့ ပြန်သွားရမလား... ဟူး... ညွှန်ကြားရေးမှူးကျန်း ဘာပြောမလဲဆိုတာကို စောင့်ကြည့်ပြီးမှ စဥ်းစားတာပေါ့...."

အခန်း ၂၄၇ပြီး၏။

All Chapters