အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း (၂၅၀) ပထမဆုံးအကြိမ် ခွင့်ပြုချက်
[ကျန်းယဲ့] - “ဒီတစ်ခါတော့ လွှဲပြောင်းပေးလို့ ရပါတယ်...”
ရိုးရှင်းသော စာကြောင်းတစ်ကြောင်းက နေရာမရလိုက်သည့် အရေးပါသူများကိုပင် ယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားစေလေသည်။
သူတို့အားလုံး စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ ဝေစုကို လွှဲပြောင်းပေးလိုစိတ် ရှိနိုင်သည့် ကံကောင်းသူများအပေါ်သို့ သူတို့၏ အကြည့်များ ကျရောက်သွားကြသည်။
ကျန်းယဲ့သည် နောက်ဆက်တွဲ မက်ဆေ့ချ်တစ်ခုကို လျင်မြန်စွာ ပို့လိုက်၏။
[ကျန်းယဲ့] - “ဒါက ဒီအဖွဲ့လိုက် ဝယ်ယူမှုအတွက်ပဲ ဖြစ်ပါတယ်...”
နောက်တစ်ကြိမ်တွင် သူ လွတ်လပ်စွာ အသုံးပြုနိုင်သည့် နေရာများ ထပ်မံရရှိနိုင်မည်လားဆိုသည်ကိုတော့ ပြောရခက်လှသည်။
ရှိချင်လည်း ရှိမည်၊ မရှိချင်လည်း မရှိနိုင်ဘူးလေ... ဘယ်သူက သေချာပေါက် ပြောနိုင်မည်နည်း။
“နေရာရထားတဲ့သူတွေထဲက မိသားစုဝင် တစ်ယောက်ယောက်ဆီကို လွှဲပြောင်းပေးချင်တယ်ဆိုရင် အခုပဲ ကျွန်တော့်ကို သီးသန့်မက်ဆေ့ချ်ပို့ပြီး ပါဝင်မယ့်သူတွေရဲ့ စာရင်းအသစ်ကို ပို့ပေးနိုင်ပါတယ်..”
“အလားတူပဲ.... ကိုယ်ကျိုးအတွက် တခြားတစ်ယောက်ကို ရောင်းချချင်တယ် ဒါမှမဟုတ် လွှဲပြောင်းပေးချင်တယ်ဆိုရင်လည်း အဲဒါက သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အခွင့်အရေးဖြစ်ပြီး မူအရတော့ ကျွန်တော် ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး..”
သို့သော် သူ၏ နောက်ဆက်တွဲစကားများက လူတိုင်းကို စိတ်အေးသွားစေပြီး ရှင်းလင်းသော နယ်နိမိတ်တစ်ခုကိုလည်း ရေးဆွဲပေးလိုက်၏။
“ဒါပေမဲ့...” ကျန်းယဲ့၏ လေသံမှာ သူ၏ စကားလုံးများမှတစ်ဆင့်ပင် လေးနက်နေချေသည်။ “ကျွန်တော် အလေးအနက် ပြောချင်တာ တစ်ချက်ရှိတယ်။ ခင်ဗျားတို့ ကိုယ်တိုင် ဆန္ဒမရှိဘဲနဲ့ ဒီနေရာကို လွှဲပြောင်းပေးဖို့ ဘယ်သူမှ အတင်းအကျပ် မလုပ်နိုင်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ဖိအားပေးပေး အလုပ်ဖြစ်မှာ မဟုတ်ဘူး....”
“နေရာရထားတဲ့ သူငယ်ချင်း အယောက်နှစ်ဆယ်.... ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒီနေ့ည သန်းခေါင်မတိုင်ခင် သီးသန့် မက်ဆေ့ချ်ကနေတစ်ဆင့် ကျွန်တော့်ကို အသိပေးပါ။ ခင်ဗျား ကိုယ်တိုင်သွားမှာလား ဒါမှမဟုတ် မိသားစုဝင် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို လွှဲပြောင်းပေးမှာလားဆိုတာပါပဲ”
“အတည်ပြုပြီးတာနဲ့ စာရင်းကို ပိတ်လိုက်ပြီ။ ကောင်းကင်ဘုံက ဘုရင်တောင်မှ အဲဒါကို ပြောင်းလဲလို့ မရတော့ဘူး။ အဲဒီအချိန်ကျရင် တစ်ယောက်ယောက်က အဆမတန် ဈေးပေးပြီး ဝယ်မယ်ဆိုရင်တောင်မှ ခင်ဗျားတို့ ပြောင်းလဲလို့ မရတော့ဘူး။ ဒါကြောင့် မဆုံးဖြတ်ခင် သေချာ စဉ်းစားပါ...”
ဤမက်ဆေ့ချ်က အဖွဲ့ထဲတွင် နောက်ထပ် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့လေသည်။
ညွှန်ကြားရေးမှူးကျန်းက အရာအားလုံးကို ထည့်သွင်းစဉ်းစားပေးသည့်အတွက် အချို့က စိတ်သက်သာရာ ရသွားကြပြီး အချို့က ကိုယ်တိုင် သွားရမည်လား၊ မိသားစုဝင်များကို စေလွှတ်ရမည်လားဟု ရုန်းကန်လာကြကာ အချို့ကမူ နေရာတစ်နေရာကို ဝယ်ယူရန် တိတ်တဆိတ် ဆန္ဒရှိနေခဲ့ကြသည်။
ဟန်ကျိုးမြို့ရှိ မြို့ပြကျေးရွာတစ်ခုမှ အငှားအခန်းတစ်ခုတွင်...
ချင်မင်းဆက်မှ စုတ်ပြဲနေသော အဝတ်အစားကို ငွေနှင့် လဲလှယ်ရန် ပြန်ယူလာပြီးနောက် လီကျန့်ကော်၏ မိသားစုသည် သူတို့၏ ဟောင်းနွမ်းနေသော သံဖြူတဲလေးထဲမှ နောက်ဆုံးတွင် ပြောင်းရွှေ့နိုင်ခဲ့ကြသည်။
မြို့ပြကျေးရွာရှိ သေးငယ်သော အခန်းတစ်ခန်းထဲတွင် နေထိုင်နေရဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်များ ဝင်ရောက်နိုင်ပြီး ကလေးများနှင့် သူ၏ မိခင်အတွက် ဆေးဝါးများ ဘယ်တော့မှ မပြတ်လပ်ခဲ့ချေ။
သူမ၏ ခင်ပွန်း ဖုန်းကို ငေးကြည့်နေသည်ကို မြင်သောအခါ ဇနီးသည်က သူ့ကို မပုတ်ဘဲ မနေနိုင်ခဲ့ပေ။ “ရှင် ရလိုက်လား... ဒီတစ်ခါရော အဆင်ပြေမှာလား...”
လီကျန့်ကော်သည် ခေါင်းမော့လိုက်ရာ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုနှင့် အံ့သြမှုများ ပြည့်နှက်နေဆဲဖြစ်ပြီး အသံမှာ အနည်းငယ် တုန်ယင်နေချေသည်။ “ငါ... ငါ ရလိုက်တယ်... ငါ ရလိုက်တယ်..”
ဇနီးသည်မှာ ခဏတာ ကြက်သေသေသွားပြီးနောက် ကုတင်ဘေးမှ ခုန်ထကာ သူမ၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်သော အပြုံးများ ချက်ချင်း ပေါ်လာ၏။ “တကယ်လား... ဘုရားရေ... ကျွန်မတို့ တကယ် ရလိုက်တာလား..”
သူမက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်ပြီး မျက်လုံးများ အနည်းငယ် နီရဲနေခဲ့သည်။ “အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်... ဒီတစ်ခါ ရှင် ချင်မင်းဆက်၊ ထန်မင်းဆက်နဲ့ မင်မင်းဆက်ကို သွားရမှာ မဟုတ်လား။ ပစ္စည်းတွေ အများကြီး ပြန်ယူလာခဲ့နော်။ အဲဒီ ရှေးဟောင်းပစ္စည်းတွေက တန်ဖိုးရှိတယ်လို့ ကြားတယ်...”
“အခုဆိုရင် ကျွန်မတို့ မိဘတွေရဲ့ ဖျားနာမှုတွေ၊ ကလေးတွေရဲ့ ဖျားနာမှုတွေအတွက် ဆေးဖိုးဝါးခတွေ စိတ်ပူစရာ မလိုတော့ဘူး။ ကျွန်မတို့ မိသားစု... ကျွန်မတို့မိသားစု တကယ်ကို အဆင်ပြေတော့မယ်....”
လီကျန့်ကော်သည် အလွန်စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်များ အပြည့်ဖြင့် ခေါင်းကို ပြတ်သားစွာ ညိတ်ပြလိုက်၏။
သူ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးတွင် သူဟာ ဒီတစ်ကြိမ်မှာ အောင်မြင်ခဲ့ပြီဖြစ်သည်။
သူသည် ကုတင်ဘေးတွင် ရှေးဟောင်းအရုပ်များကို တိတ်ဆိတ်စွာ ကစားနေသော သူ၏ သားကို အမှတ်မထင် ကြည့်လိုက်မိ၏။
ကလေးသည် သူ၏ ဖခင်၏ စူးစိုက်ကြည့်နေမှုကို ခံစားမိပုံရပြီး ခေါင်းမော့ကာ ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကြည့်လာလေသည်။
လီကျန့်ကော်က သူ့ကို ပြုံးပြလိုက်၏။ သူ့သားက ဘာဖြစ်နေသည်ကို သိပ်နားမလည်သော်လည်း အရှေ့သွားတစ်ချောင်းကျိုးနေသော ပြုံးရွှင်သည့် မျက်နှာလေးကို ပြသကာ ပြန်လည်ပြုံးပြလိုက်သည်။
သားအဖနှစ်ဦးက အချင်းချင်း ပြုံးပြလိုက်ကြပြီး ရိုးရှင်းသော အငှားအခန်းလေးက ရှားပါးလှသော မျှော်လင့်ချက်နှင့် နွေးထွေးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
သူဟာ ညွှန်ကြားရေးမှူးကျန်းကို တကယ်ကို ကျေးဇူးတင်နေမိသည်။
သူ၏ အချိန်ခရီးသွားခြင်းသာ မရှိပါက သူတို့ကဲ့သို့ မိသားစုများက အောက်ခြေမရှိသော ရွှံ့နွံထဲတွင် ပိတ်မိနေပြီး တစ်သက်လုံး ရုန်းကန်နေရကာ နေရောင်ကို ဘယ်တော့မှ မြင်တွေ့ရမည် မဟုတ်ချေ။
သူ၏ မိဘများအတွက် ဆေးဖိုး၊ သူ၏ သားအတွက် ခွဲစိတ်စရိတ်... ဤလေးလံသော ဝန်ထုပ်ဝန်ပိုးများက သူ့ကို ဖိချေလုမတတ်ပင်။
ယခုတော့ သူဟာ သူ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အလင်းတန်းတစ်ခုကို နောက်ဆုံးတွင် ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် မှန်ကွဲနေသော လီကျန့်ကော်၏ ဖုန်းအဟောင်းလေး ရုတ်တရက်မြည်လာပြီး စူးရှသော ဖုန်းမြည်သံက အခန်း၏ နွေးထွေးမှုကို ရိုက်ချိုးပစ်လိုက်၏။
သူက ဖုန်းခေါ်ဆိုသူ၏ အမည်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက အထွေထွေ မန်နေဂျာကျန်း - အဖွဲ့ဝင်ဟူသော အမည်ဖြင့် မှတ်သားထားသည့် နံပါတ်တစ်ခု ဖြစ်လေသည်။
မစ္စတာကျန်းသည် အဖွဲ့ထဲတွင် စကားပြောလေ့ မရှိသော်လည်း သူ ပေါ်လာတိုင်း အနီရောင်စာအိတ်များ ပေးပို့ရာတွင် အလွန် ရက်ရော၏။ လီကျန့်ကော်သည် အကြိမ်အနည်းငယ် ရခဲ့ဖူးပြီး ပမာဏမှာလည်း မနည်းလှချေ။ ထို့ကြောင့် သူဟာ မစ္စတာကျန်းဟွိုင်မင် အပေါ် အလွန်ကောင်းမွန်သော အထင်အမြင် ရှိခဲ့သည်။
သူ အမြန် လည်ချောင်းရှင်းပြီး ဖုန်းကို ကိုင်လိုက်၏။ “ဟယ်လို... မစ္စတာကျန်း”
ကျန်းဟွိုင်မင်၏ တက်ကြွသော အသံက ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာ၏။ “ကျန့်ကော်... ငါ အနှောင့်အယှက်ပေးမိသလား။ ဂုဏ်ယူပါတယ်။ မင်း တကယ်မြန်တာပဲ... နေရာတစ်နေရာ ရလိုက်တယ်”
သူ၏ လေသံတွင် ရိုးသားသော ဂုဏ်ပြုမှုများ ပြည့်နှက်နေခဲ့သည်။
လီကျန့်ကော်သည် အနည်းငယ် ဝမ်းသာသွားပြီး အမြန်ပြောလိုက်၏။ “ဂုဏ်ယူပါတယ်။ မစ္စတာကျန်း... ခင်ဗျားလည်း တစ်နေရာ ရလိုက်တယ် မဟုတ်လား။ အားလုံးက ညွှန်ကြားရေးမှူးကျန်း ကျေးဇူးကြောင့်ပါ...”
ခဏတာ နှုတ်ဆက်စကား ပြောပြီးနောက် ကျန်းဟွိုင်မင်က အကြောင်းအရာကို ပြောင်းလဲကာ လိုရင်းကို တိုက်ရိုက် ပြောလိုက်၏။ “ကျန့်ကော်... ငါ စကားကို လှည့်ပတ်မပြောတော့ဘူး။ ဒီနေရာကို လွှဲပြောင်းပေးဖို့ မင်း စဉ်းစားထားတာ ရှိလား။ ဈေးနှုန်းအတွက်တော့ မင်း သတ်မှတ်တဲ့ ဈေးသာ ပြောပါ... ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်။”
လီကျန့်ကော် အံ့အားသင့်သွားပြီး အမှတ်မထင် မေးလိုက်၏။ “မစ္စတာကျန်း... ခင်ဗျား ကိုယ်တိုင် နေရာတစ်နေရာ ရထားတာပဲ မဟုတ်ဘူးလား။ ဘာလို့ ကျွန်တော့် နေရာကို ဝယ်မှာလဲ..”
ကျန်းဟွိုင်မင် က ပြုံးပြီး သဘာဝကျကျ ပြောလိုက်၏။ “ဟုတ်တယ်... ငါ တစ်နေရာ ရထားတယ်။ ဒါပေမဲ့ ငါ့ဇနီးနဲ့ ကလေးတွေကိုပါ ခေါ်သွားချင်လို့။ ဒီလို အခွင့်အရေးမျိုးက တစ်သက်မှာ တစ်ကြိမ်ပဲ ရတာဆိုတော့ တစ်မိသားစုလုံး အတူတူ ခံစားစေချင်တယ်။ ဒါကြောင့် နောက်ထပ် နေရာတစ်ခုကို ဝယ်ချင်တာပါ...”
ဤစကားကို ကြားသောအခါ လီကျန့်ကော်၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားရသည်။ သူက မဆိုင်းမတွပင် ပြန်ဖြေလိုက်၏။ “မစ္စတာကျန်း... ဒါက... ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ဒီနေရာက ကျွန်တော့် မိသားစုအတွက် အရမ်း အရေးကြီးပါတယ်။ ကျွန်တော်... လောလောဆယ် ရောင်းဖို့ မစဉ်းစားထားပါဘူး”
“ငါ နားလည်ပါတယ်... ငါ နားလည်ပါတယ်။” ကျန်းဟွိုင်မင်၏ အသံမှာ နူးညံ့နေဆဲဖြစ်ပြီး အတင်းအကျပ်တောင်းဆိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပါဝင်ချေ။ “အင်းပါ... ကျန့်ကော်... ဆုံးဖြတ်ချက်ချဖို့ မလောပါနဲ့။ ငါ ဒီက ကိစ္စတွေရှင်းပြီးရင် မင်းဆီ မကြာခင် လာခဲ့မယ်။ ကျွန်တော်တို့ တွေ့ပြီး အသေးစိတ် ဆွေးနွေးရင် ဘယ်လိုလဲ...”
သူ ခဏရပ်လိုက်ပြီး သူ၏ လေသံမှာ ပိုမို လေးနက်လာခေသည်။ “ပြီးတော့ တခြားလူတွေက မင်းဆီ ဖုန်းဆက်ပြီး ဒီနေရာကို ဝယ်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ဘာကိုမှ အရင် သဘောမတူလိုက်ပါနဲ့ဦး။ ငါ ရောက်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ချက်ချပါ.... ဟုတ်ပြီလား”
လီကျန့်ကော်သည် ဤအခြေအနေကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး သဘောတူကြောင်း အကြိမ်ကြိမ် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ “ဟုတ်ကဲ့... ဟုတ်ကဲ့ မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားကို စောင့်နေပါ့မယ်”
ကျန်းဟွိုင်မင်၏ ဖုန်းကို ချလိုက်ပြီး ဖုန်းကိုပင် အောက်မချရသေးမီ မျက်နှာပြင်က ထပ်မံ လင်းလာပြီး ဖုန်းအသစ်တစ်ခုက စိတ်မရှည်စွာ ဝင်လာလေသည်။
ဤတစ်ကြိမ်တွင် ၎င်းက အခြား ဒေသတွင်း နံပါတ်တစ်ခုဖြစ်ပြီး မည်သည့် မှတ်စုမျှ မပါရှိသော်လည်း လီကျန့်ကော်တွင် ထူးဆန်းသော ကြိုတင်ခံစားမှုတစ်ခု ရှိနေ၏။
သူ ဖုန်းမကိုင်မီ တုံ့ဆိုင်းနေခဲ့ခေသည်။ “ဟယ်လို...”
ရှင်းလင်းပြတ်သားပြီး ထိရောက်မှုရှိသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာပြီး သူမကိုယ်သူမ တိုက်ရိုက် မိတ်ဆက်လိုက်၏။ “မင်္ဂလာပါ.. ရှင်က မစ္စတာ လီကျန့်ကော် ား။ ကျွန်မက လင်ရူပါ။ ကျွန်မတို့ နှစ်ယောက်လုံး ညွှန်ကြားရေးမှူးကျန်းရဲ့ ဝီချက်အဖွဲ့ထဲမှာ ရှိပါတယ်။”
ဖုန်း၏ အခြားတစ်ဖက်ရှိ လင်ရူသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခြ့သည်။ သူမသည် အဖွဲ့ချတ်ထဲတွင် စကားပြောလေ့ မရှိသောကြောင့် အဖွဲ့ထဲရှိ လူများနှင့် သိပ်မရင်းနှီးချေ။
လင်ရူက နွေးထွေးသော လေသံဖြင့် ပြောလိုက်၏။ “ရှင် အခုလေးတင် ရလိုက်တဲ့ ရှေးဟောင်း ယဉ်ကျေးမှု အချိန်ခရီးသွားခရီးစဉ် နေရာကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိမရှိ မေးချင်လို့ ဖုန်းဆက်တာပါ။ ကျွန်မ အဲဒီအတွက် ပိုက်ဆံပေးဖို့ ဆန္ဒရှိပါတယ်...”
နောက်ထပ် နေရာဝယ်မည့်သူ တစ်ယောက်...
အခန်း ၂၅၀ပြီး၏။