← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) နန်းတွင်းသို့ လှည့်လည်ကြည့်ရှုခြင်း

​ရာထူးမြင့်သော မိဖုရားအချို့က အချင်းချင်း အကြည့်ချင်းဖလှယ်ကာ တီးတိုးပြောဆိုလာကြသည်။

​“အဲဒီ ပြင်ပကမ္ဘာက လူတွေက ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်လို့ ကြားတယ်။ သူတို့ရုပ်ရည်က ဘယ်လိုနေမလဲ မသိဘူးနော်...”

​“ကောလာဟလတွေ ပြောနေကြသလို ပင်လယ်ရပ်ခြားက ဒဏ္ဍာရီလာတောင်တန်းက သံတမန်များ ဖြစ်နေမလား...”

​“စကားမများကြနဲ့တော့။ အရှင်မင်းကြီးကို ကြိုဆိုဖို့ အမြန်ပြင်ဆင်ကြ။ ငါတို့ ရိုင်းပျရာရောက်ပြီး အရှင်မင်းကြီးကို အရှက်မခွဲမိစေနဲ့...”

​နန်းတွင်းအစေခံများက အပြေးအလွှား သွားလာနေကြသော်လည်း အစီအစဉ်တကျဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြရာ နန်းတွင်းတစ်ခွင်လုံးတွင် တင်းမာသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသော လေထုကို ဖန်တီးနေချေသည်။

​ရင်းကျန့်က ကျန်းယဲ့ နှင့် သူ၏အဖွဲ့ကို နန်းတွင်းဧရိယာသို့ ဦးဆောင်လာသောအခါ လမ်းတစ်လျှောက်ရှိ နန်းဆောင်တစ်ခုစီမှ ပိုင်ရှင်များက သတင်းရရှိထားပြီးဖြစ်ကာ သူတို့၏ နန်းဆောင်တံခါးများ အပြင်ဘက်တွင် လေးစားစွာ စောင့်ဆိုင်းနေကြ၏။

​သူတို့က ဧကရာဇ်မင်းမြတ်ကို ကြိုဆိုရန်အတွက် တစ်စိတ်တစ်ပိုင်း ဖြစ်ကာ အခြားတစ်ဖက်တွင်မူ သူတို့၏ ပြင်းထန်သော စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်ဘဲ ဒဏ္ဍာရီလာကောင်းကင်ဘုံအလွန်က လူများ မည်သို့ပုံစံရှိသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်နေကြခြင်း ဖြစ်၏။

​အဝေးမှ လူအုပ်ကြီးကို ဦးဆောင်လာသော အရှင်မင်းကြီးကို မြင်လိုက်ရသောအခါ မိဖုရားများနှင့် အလှမယ်များအားလုံး၏ အကြည့်များက ရင်းကျန့်ကို ချက်ချင်း ကျော်လွန်သွားပြီး သူ့နောက်မှ မတူညီသော ပုံစံများဖြင့် ဝတ်စားဆင်ယင်ထားသည့် လူအုပ်ကြီးပေါ်သို့ ကျရောက်သွားကြသည်။

​သူတို့၏ ထူးဆန်းသော အဝတ်အစားများ ကို မြင်သောအခါ ယောကျ်ားရော မိန်းမပါ ထူးဆန်းသော ဒီဇိုင်းများ၊ တောက်ပသော အရောင်များနှင့် ပုံမှန်မဟုတ်သော အထည်အလိပ်များဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားရာ လူတိုင်း၏ မျက်လုံးများတွင် အံ့သြမှုနှင့် စူးစမ်းလိုစိတ်များ ပေါ်လွင်နေလေသည်။ နန်းတွင်းအစေခံများ ဖော်ပြခဲ့သည့်အတိုင်း သူတို့က အမှန်တကယ်ပင် ထူးခြားလှ၏။

​ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် အသားဖြူသော အမျိုးသားတစ်ဦးဖြစ်သည့် ကယ်ဗင်ကို လူအုပ်ထဲတွင် မြင်လိုက်ရသောအခါ သူက ထူးဆန်းသော ပုံပြင်များထဲမှ ဇာတ်ကောင်တစ်ကောင်ကဲ့သို့ အလွန် ထူးဆန်းသည်ဟု သူတို့ ထင်လိုက်ကြသည်။

​ထို့နောက် သူတို့၏ အကြည့်များအားလုံးက အရှင်မင်းကြီးနှင့် ယှဉ်တွဲလမ်းလျှောက်ခွင့်ရသော ထင်ရှားသည့် လူငယ်လေးထံသို့ ပြောင်းလဲသွား၏။

​အရှင်မင်းကြီးနှင့် ဤမျှ နီးကပ်စွာ နေနိုင်ခြင်းကြောင့် ဤသူက အလွန်မြင့်မြတ်ပြီး ထူးခြားသော အဆင့်အတန်းရှိသူ ဖြစ်ရမည်ဟု သူတို့ကို တိတ်တဆိတ် ခန့်မှန်းစေခဲ့လေသည်။

​အရှင်မင်းကြီး မကြာခဏ ပြောလေ့ရှိသောသူမှာ သူဖြစ်နိုင်ကြောင်း လူအများအပြားက ခန့်မှန်းမိနေကြပြီ ဖြစ်သည်။

​ပထမဆုံး မိဖုရား၏ နန်းဆောင်တံခါးသို့ ရောက်ရှိသောအခါ သူမက နန်းတွင်းအစေခံများကို ဦးဆောင်၍ ရင်းကျန့်အား လေးစားစွာ အရိုအသေပေးလိုက်ပြီးနောက် ကျန်းယဲ့ နှင့် အခြားသူများဘက်သို့ အနည်းငယ်ခေါင်းညွှတ်ကာ ကြီးမားသော ယဉ်ကျေးမှုကို ပြသလိုက်လေသည်။

​ရင်းကျန့်က သူတို့ကို မတ်တပ်ရပ်ရန် လက်ဟန်ပြလိုက်ပြီး ကျန်းယဲ့ နှင့် သူ၏အဖွဲ့ကို ပေါ့ပေါ့ပါးပါး မေးလိုက်၏။ “အထဲဝင်ပြီး ကြည့်ချင်သေးလား...”

​ဤတစ်ကြိမ်တွင်မူ ကျန်းယဲ့ နှင့် သူ၏အဖွဲ့က လက်များကို အလျင်စလို ဝှေ့ယမ်းကာ တစ်ပြိုင်နက်တည်း ငြင်းဆိုလိုက်ကြ၏။

​“ဟင့်အင်း... ဟင့်အင်း။ အရှင်မင်းကြီးနဲ့ သခင်မရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အပြင်ကနေပဲ ကြည့်ပါမယ်... ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး”

​အပြင်ဘက်၏ ကြီးကျယ်ခမ်းနားမှုကို မျက်မြင်တွေ့ခဲ့ပြီးနောက် သူတို့ဟာ အတွင်းပိုင်းသို့ တကယ်တမ်း ဝင်ရောက်ရမည့်အချိန်တွင် ကျူးကျော်ဝင်ရောက်မှု တစ်ခုခုဖြစ်မည်ကို စိုးရိမ်သဖြင့် မြင့်မားသော သတိထားမှုကို ထိန်းသိမ်းထားကြသည်။

​လမ်းလျှောက်ကြည့်ရှုပြီး ကနဦး စူးစမ်းလိုစိတ်များ ပြည့်ဝသွားပြီးနောက် ကျန်ရွှမ်၏ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားကာ သတ္တိမွေးပြီး မေးလိုက်၏။ “ကြီးမြတ်တဲ့ ဧကရာဇ်ကျူးလုံ... အမ်း... ကျွန်တော်တို့ မင်းသား ဖူဆုကိုများ တွေ့ခွင့်ရနိုင်မလား..”

​၎င်းကို ကြားသောအခါ ရင်းကျန့် က ပြုံးလိုက်လေသည်။ “ဒါက ဘာခက်လို့လဲ...”

​သူက မိန်းမစိုးပေကို ချက်ချင်း အမိန့်ပေးလိုက်၏။ “ဖူဆုကို လာတွေ့ဖို့ သွားခေါ်ချေ..”

​၎င်းကို မြင်သောအခါ မေ့ယွီရွှမ်၏ မျက်လုံးများ လှုပ်ရှားသွားပြီး အခွင့်အရေးကို အရယူကာ ဝင်ပါရန် မေးလိုက်လေသည်။ “ဒါဆို သခင်လေး ဟူဟိုင်ကိုပါ ခဏလောက် လာခိုင်းလို့ ရမလား...”

​ဟူဟိုင်ဟူသော အမည်က မှော်ဆန်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားပုံရပြီး သံသယမရှိသော ခရီးသွားအားလုံး၏ စိတ်အားထက်သန်မှုကို ချက်ချင်း လောင်ကျွမ်းသွားစေလေသည်။

​သူတို့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုနှင့် သတင်းကြီးတစ်ခု ရတော့မည်ဟူသော မျှော်လင့်ချက်များ ပြည့်နှက်နေကာ အချင်းချင်း နားလည်သဘောပေါက်သော အကြည့်များ ဖလှယ်လိုက်ကြ၏။

​ရင်းကျန့်သည် မယုံနိုင်လောက်အောင် အကဲခတ်ကောင်းသူဖြစ်ပြီး သူ၏ ားစဉ်မြေးဆက်များ၏ ထူးဆန်းသော အတွေးများကို သဘာဝကျကျ မြင်သွားကာ ရယ်စရာကောင်းသလို စိတ်ပျက်စရာကောင်းသည်ဟုလည်း ခံစားလိုက်ရ၏။

​သမိုင်းဝင် နာမည်ကြီးမြင်ကွင်းတစ်ခုအတွက် ကောရွှိုက် နှင့် အခြားသူများ၏ ဖုံးကွယ်မထားသော မျှော်လင့်ချက် အမူအရာများကို ကြည့်ရင်း ကျန်းယဲ့ သည် သူ၏ နဖူးကို လက်ဖြင့် မစမ်းဘဲ မနေနိုင်တော့ချေ။ ဤလူများက ပြဿနာကို ပိုကြီးအောင် လုပ်ရန် တကယ်ကို ဝန်မလေးကြပေ။

​လူအုပ်ကြီး၏ မျှော်လင့်နေသော အကြည့်များကို ရင်ဆိုင်ရင်း ရင်းကျန့်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဟူဟိုင်က နန်းတော်ထဲမှာ မရှိတော့ဘူး။ ဂူဗိမာန် တည်ဆောက်ရေးကို ကြီးကြပ်ဖို့ ငါကိုယ်တော် သူ့ကို အမိန့်ပေးထားတယ်...”

​“ဟင်..”

​လူတိုင်း ကြက်သေသေသွားပြီး သူတို့၏ စိတ်လှုပ်ရှားနေသော အမူအရာများ ချက်ချင်း အေးခဲသွားကာ အံ့အားသင့်မှုနှင့် ဇဝေဇဝါဖြစ်မှုအဖြစ် ပြောင်းလဲသွားကြသည်။

​ဂူဗိမာန် တည်ဆောက်တယ်ဟုတ်လား...

​ဒီဖြစ်စဉ်က မှန်ကန်တဲ့လမ်းကြောင်းကို သွားနေပုံ မရဘူး မဟုတ်လား...

​ချက်ချင်းဆိုသလိုပင် တစ်ပြိုင်နက်တည်းနီးပါး လူတိုင်း၏ အကြည့်များက ရင်းကျန့် ၏ ဘေးတွင် ရပ်နေသော မိန်းမစိုးပေထံသို့ ရောက်သွားကြသည်။

​ရှင်းလင်းမှုမရှိသော အဓိပ္ပာယ်များပါဝင်သည့် လူဒါဇင်ပေါင်းများစွာ၏ အကြည့်အောက်တွင် မိန်းမစိုး ပေသည် အလွန် အနေရခက်လာလေသည်။ သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး စိတ်ထဲမှ တီးတိုးရေရွတ်လိုက်၏။

​‘မင်းတို့အားလုံး ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲဟ... ’

​‘မင်းသားဟူဟိုင်... မဟုတ်ဘူး... သာမန်အရပ်သား ဟူဟိုင်က ဂူဗိမာန် ပြင်ဖို့ သွားတာလေ။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ....’

​ဤအကြောင်းကို သိထားသော ကျန်းယဲ့၊ လင်ရူ နှင့် ကျန်းဟွိုင်မင်တို့က ဤမြင်ကွင်းကို ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။

​သေချာတာပေါ့... ဒီကောင်တွေက မိန်းမစိုးပေကို ကျောက်ကောင်းလို့ အထင်မှားနေကြပြီး သမင်ကို မြင်းဟုခေါ်ခြင်း ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကို ကြည့်ဖို့ စောင့်နေကြတာကို သူတို့ သိကြလေသည်။

(အရင်တုန်းက NTထဲရှင်းပြထားတယ်နော် သမင်ကို မြင်းကောင်းလို့ လိမ်ပြောတာကို)

​သူတို့သုံးဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီး ချက်ချင်းပင် သဘောတူညီမှုတစ်ခု ရရှိသွားကြ၏။

​‘ဟီးဟီး... မပြောပြသေးဘူး...’

​ရင်းကျန့်သည် ဤရယ်စရာကောင်းသော မြင်ကွင်းကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်များက မသိမသာ ကော့တက်သွားခဲ့သည်။ သူကလည်း အလိုအလျောက် သဘောပေါက်သော်လည်း ဘာမှ မပြောရန် ရွေးချယ်လိုက်၏။

​အခြေအနေကို သဘောမပေါက်သေးသော ကောရွှိုက်၊ ကျိုးကျွင်း နှင့် အခြားသူများက အပြစ်ကင်းသော မိန်းမစိုးပေကို အဓိပ္ပာယ်ပါသော ငါ မင်းကို စောင့်ကြည့်နေတယ်ဟူသည့် အကြည့်များဖြင့် ကြည့်နေကြဆဲပင်။

​သို့သော် ကောရွှိုက် နှင့် အခြားသူများက ကျန်းယဲ့၏ နှုတ်ခမ်းပေါ်ရှိ ခပ်ဖျော့ဖျော့၊ ကောက်ကျစ်သော အပြုံးကို ရုတ်တရက် သတိပြုမိသွားပြီးနောက် သူတို့ လန့်နိုးသွားကာ ဘာတွေဖြစ်နေလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားကြလေသည်။

​‘သောက်ကျိုးနည်း...’

​‘လူမှားသွားတာပဲ...’

​‘ညွှန်ကြားရေးမှူးကျန်း... ခင်ဗျား တော်တော် ကောက်ကျစ်တာပဲ...’

​‘သူတို့ ငါ့ကို သတိတောင် မပေးကြဘူး...’

​ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် ကောရွှိုက် နှင့် အခြားသူများက ချက်ချင်း တည်ငြိမ်သွားအောင် ဟန်ဆောင်လိုက်ပြီး ပါးစပ်ပိတ်ထားလိုက်ကြ၏။ မူးယစ်နေသော ကမ္ဘာကြီးတွင် သူတို့သာလျှင် အသိစိတ်ရှိသူများဖြစ်သည့်အလား သာလွန်မှုခံစားချက်တစ်ခု သူတို့ရင်ထဲတွင် ပေါ်ပေါက်လာကြသည်။

​အခြားသူများက ဘာမှ မသိဘဲ မိန်းမစိုးပေကို သူတို့၏ မျက်လုံးများဖြင့် အကဲဖြတ် နေကြဆဲဖြစ်သည်ကို သူတို့က ကျေနပ်စွာ ကြည့်နေကြပြီး အခြားသူများ ဘယ်တော့များမှ အခြေအနေကို သဘောပေါက်လာမလဲဟု တိတ်တဆိတ် မျှော်လင့်နေမိကြသည်။

​ရင်းကျန့်သည် ကြီးကျယ်ခမ်းနားသော နန်းတော်ကို ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်၏။ “ရှန်းယန် နန်းတော်ကတော့ အကြမ်းဖျင်းအားဖြင့် ဒီလောက်ပါပဲ။ မင်းတို့ အားလုံး ငါကိုယ်တော်နဲ့အတူ နန်းတော်ပြင်ပက လမ်းတွေ၊ ဈေးတွေကို လှည့်လည်ကြည့်ရှုပြီး ကြီးမြတ်တဲ့ ချင်မြို့တော်က ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို ကြည့်ချင်ကြလား...”

​“ဟုတ်ကဲ့... သေချာပေါက် သွားချင်တာပေါ့..”

​လူတိုင်းက အလွန် စိတ်လှုပ်ရှားစွာဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

​ထို့နောက် ရင်းကျန့်က လူတိုင်းကို နန်းတော်အပြင်သို့ ဦးဆောင်သွားလေသည်။

​၎င်းကို မြင်သောအခါ ကျန်းယဲ့က သူ့ကို တားဆီးရန် အမြန် ရှေ့တိုးသွားလိုက်၏။ “အရှင်မင်းကြီး... နန်းတော်ပြင်ပမှာ လူတွေ အများကြီး ရှိပါတယ်။ အရှင်မင်းကြီးရဲ့ ဘေးကင်းရေးက အရေးကြီးဆုံးပါ။ ဝန်ကြီးချုပ်လီ ဒါမှမဟုတ် အမတ်ကြီး မုန့်ရီကိုပဲ ကျွန်တော်တို့ကို လမ်းညွှန်ခိုင်းလိုက်ရင် မကောင်းဘူးလား..”

​ကျန်းဟွိုင်မင်ကလည်း ချက်ချင်း ထောက်ခံလိုက်၏။ “ဟုတ်ပါတယ် အရှင်မင်းကြီး... ညွှန်ကြားရေးမှူးကျန်းပြောတာ လုံးဝ မှန်ပါတယ်။ အရှင်မင်းကြီးရဲ့ တန်ဖိုးကြီးလှတဲ့ ခန္ဓာကိုယ်က မလိုအပ်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ မသင့်တော်ပါဘူး...”

​သူတို့နှစ်ဦး၏ သတိပေးမှုကို ရရှိပြီးနောက် အခြား ခရီးသွားများသည်လည်း ရုတ်တရက် သတိဝင်လာကြပြီး ကျင်းခဲ၏ ချင်ဘုရင်ကို လုပ်ကြံရန် ကြိုးပမ်းမှု နှင့် ပိုလန်ရှားရှိ ချုံခိုတိုက်ခိုက်မှု စသည့် သမိုင်းစာအုပ်များထဲမှ မှတ်တမ်းများကို သတိရသွားကြသည်။ နိုင်ငံခြောက်ခုမှ မှူးမတ်များက အစ်ကိုကျန်းကို လောဘတကြီး စောင့်ကြည့်နေကြဆဲပင်။

​အကယ်၍ မိုက်မဲသော လုပ်ကြံသူတစ်ဦးက လူအုပ်ထဲသို့ စိမ့်ဝင်လာပြီး ပထမဆုံးဧကရာဇ်ကို ဒဏ်ရာရစေခဲ့ပါက သူတို့ဟာ အချိန်တိုင်းအတွက် အပြစ်သားများ ဖြစ်သွားကြပေလိမ့်မည်။

​ချက်ချင်းပင် လူတိုင်းက သူတို့ကို တားဆီးရန် စတင် ပြောဆိုလိုက်ကြသည်။

​“အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ စေတနာကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပဲ လျှောက်ကြည့်ပါတော့မယ်..”

​“ဟုတ်တယ်... ဟုတ်တယ် အရှင်မင်းကြီး... အရှင်မင်းကြီး နန်းတော်ထဲမှာပဲ နေလို့ ရပါတယ်။ အမတ်ကြီးမုန့် နဲ့ တခြားသူတွေ အပြင်မှာ ရှိနေတာပဲလေ...”

​“ဘေးကင်းရေးက ပထမပါ အရှင်မင်းကြီး...”

​အခန်း ၂၆၀ပြီး၏။

All Chapters