← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း (၂၇၈) ငွေကို ရေလိုသုံးခြင်း

​စောင့်ရှောက်ရေးနယ်မြေ အဆောက်အအုံတွင်ခရီးသွားများက မြို့ထဲကို စူးစမ်းလိုစိတ်ရှိသော်လည်း သူတို့၏ အကြည့်များက အပြင်ဘက်သို့ ရောက်နေသည်ကို စစ်သာကြီးကော သတိပြုမိသွားခဲ့သည်။

ထို့ကြောင့် သူက ကျန်းယဲ့ကို ရှာကာ ပြုံးလျက် အကြံပြုလိုက်၏။ “မိတ်ဆွေလေးကျန်း... ခူချာမြို့ရဲ့ အရှေ့ဘက် မနီးမဝေးမှာ ပေါ်ပလာတောအုပ်တစ်ခုရှိတယ်။ အခုက ဆောင်းဦးရာသီဆိုတော့ ရွှေရောင်သစ်ရွက်တွေ ဝေဆာနေပြီး သဲကန္တာရရဲ့ အပြာရောင် ကောင်းကင်ယံနဲ့ ပေါင်းစပ်သွားတဲ့အခါ အရမ်းကို လှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာတယ်...”

​“ဒါကြောင့် စိတ်ဝင်စားမယ်ဆိုရင် မင်းတို့ကို လိုက်ပို့ပေးဖို့ ထိပ်တန်းတပ်ဖွဲ့ဝင်တစ်ဖွဲ့ စီစဉ်ပေးလို့ ရပါတယ်။ ဒီမြို့လေးထဲမှာပဲ အမြဲတမ်း ပိတ်လှောင်နေတာထက်စာရင် ပိုကောင်းမှာပါ..”

​၎င်းကို ကြားပြီးနောက် မြို့ပြင်ရှိ ဘေးကင်းလုံခြုံရေးကို အဓိက စိုးရိမ်နေသဖြင့် ကျန်းယဲ့ အနည်းငယ် တွန့်ဆုတ်သွားသရည်။

​သူ၏ စိုးရိမ်ပူပန်မှုများကို ကောရှင်းက သဘာဝကျကျ နားလည်သဖြင့် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။ “မိတ်ဆွေလေးကျန်း... တိဘက်တွေအတွက် စိုးရိမ်စရာ မလိုပါဘူး။ သူတို့ရဲ့ အရင် အလေ့အထတွေအရဆိုရင် ဒီလောက် အကြီးအကျယ် ရှုံးနိမ့်သွားပြီးနောက်မှာ အနည်းဆုံး ဆယ်ရက်၊ ဆယ့်ငါးရက်လောက်တော့ လာပြီး ထောက်လှမ်းရဲမှာ မဟုတ်ဘူး။ မနေ့က မင်းတို့ရဲ့ နတ်ဘုရားတွေ ဝင်ရောက်စွက်ဖက်တဲ့ ကိစ္စဆိုရင် ပြောစရာတောင် မလိုတော့ဘူး.... သူတို့ တော်တော်လေး လန့်သွားလောက်ပြီ။ အခုအချိန် သူတို့ တပ်စခန်းထဲမှာ အပြစ်မပေးဖို့ နတ်ဘုရားတွေကို အမွှေးတိုင်တွေ ထွန်းပြီး ဆုတောင်းနေလောက်ပြီ။ မင်းတို့ လုံးဝ ဘေးကင်းပါတယ်....”

​ဘေးတွင် ရပ်နေသော ဒုစစ်သူကြီး ကျန်းချန်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ရှေ့သို့ ထွက်လာပြီး ရဲရဲဝင့်ဝင့် အာမခံလိုက်ပြန်သည်။ “ညွှန်ကြားရေးမှူးကျန်း... စိတ်ချပါဗျာ။ ဒီစစ်သူကြီးကိုယ်တိုင် အစောင့်အဖြစ် လိုက်ပါသွားမယ်။ သူတို့ကို အနာအဆာကင်းကင်းနဲ့ သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်။ ဘာလဲ... ကျွန်တော် ကျန်းကြီးရဲ့ အရည်အချင်းကို မယုံလို့လားဗျ...”

​သူ၏ စကားများတွင် စစ်သားများ၏ ပုံမှန်ရွှင်လန်းမှုနှင့် နောက်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေလေသည်။

​ကျန်းချန်၏ အာမခံချက်နှင့် ပတ်ဝန်းကျင်ရှိ ခရီးသွားများ၏ မျက်လုံးများထဲမှ လျှံကျနေသော တမ်းတမှုနှင့် မျှော်လင့်ချက်များကို ကြည့်ကာ ခူချာမြို့က သိပ်မကြီးသဖြင့် နေ့ဝက်လောက် လျှောက်ကြည့်လျှင် လုံလောက်ပြီဟု ကျန်းယဲ့ တွေးလိုက်၏။ လူတိုင်းကို ပိတ်လှောင်ထားရန်က တကယ်ကို မကောင်းချေ။

​နောက်ဆုံးတွင် သူက ခေါင်းညိတ်လိုက်၏။ “ဒါဆို စစ်သူကြီးကျန်းကို ဒုက္ခပေးရတော့မှာပဲ။ အစစအရာရာ သတိထားပါ...”

​“စိတ်ချပါဗျာ” ကျန်းချန်က ဝမ်းသာအားရဖြင့် လက်အုပ်ချီကာ အရိုအသေပေးလိုက်၏။

​သတင်းကြားပြီးနောက် ခရီးသွားများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

​မကြာမီမှာပင် အန်းရှီး ထိပ်တန်းစစ်သည်တစ်စုနှင့် ခရီးသွားများ စုဝေးမိသွားခဲ့ကြသည်။

​ကောရွှိုက် နှင့် ဝမ်ကန်းတို့ကဲ့သို့ မြင်းစီးရသည်ကို နှစ်သက်သူများက ဖြတ်လတ်သော တာ့ခ်မြင်းများကို ရွေးချယ်ကြလေသည်။

​လင်းရှင်းယွီ နှင့် စုရှောင်ရှောင်တို့ကဲ့သို့ အနောက်ဘက်ဒေသ၏ ဓလေ့ထုံးစံများကို ခံစားလိုသူများကတော့ ကုလားအုတ်များကို ရွေးချယ်ကြ၏။

​ထို့နောက် လူအုပ်ကြီးက အရှေ့ဘက်ရှိ ပေါ်ပလာတောအုပ်ဆီသို့ ထွက်ခွာသွားလိုက်ကြသည်။

​ခရီးဆုံးသို့ ရောက်ရှိသောအခါ နှစ်ထောင်ပေါင်းများစွာ ညစ်ညမ်းမှုကင်းစင်နေသည့် သူတို့ရှေ့မှ သန့်စင်ပြီး ခမ်းနားလှသော ဆောင်းဦး ပေါ်ပလာတောအုပ်ကြောင့် လူတိုင်း အံ့သြမှင်တက်သွားကြရသည်။

​ပြာလဲ့လဲ့ ကောင်းကင်ယံအောက်တွင် ရွှေရောင်သစ်ရွက်များက လွတ်လပ်စွာ ဖြန့်ကျက်နေပြီး သူတို့ ခြေအောက်ရှိ အဆုံးမရှိသော အဝါရောင်သဲပြင်နှင့် ပေါင်းစပ်ကာ တက်ကြွပြီး ခမ်းနားသော၊ အသက်ရှူမှားလောက်အောင် လှပသည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေ၏။

​“အရမ်း လှတာပဲ..”

​“မြန်မြန်... ငါ့ကို ဓာတ်ပုံရိုက်ပေးအုံး... ”

​“ဒီမြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောစရာပဲ....”

​ခရီးသွားများက ချက်ချင်း လူစုခွဲသွားကြပြီး အချို့က ဓာတ်ပုံရိုက်ကြကာ အချို့က ကန္တာရရှုခင်း၏ အံ့ဖွယ်များကို ငေးကြည့်ရင်း ဤကြီးကျယ်ခမ်းနားလှသော မြင်ကွင်းထဲတွင် လုံးဝ နစ်မြုပ်သွားကြသည်။

​သူဌေးသားလေး ကောရွှိုက်က သူ၏ ကစားလိုသော သဘာဝဖြင့် စိတ်လှုပ်ရှားသွားပြီး ကျန်းယဲ့ထံသို့ တန်းတန်းမတ်မတ် သွားကာ စွမ်းဆောင်ရည်မြင့် ကန္တာရ အကြမ်းခံကားတစ်စီးကို ချက်ချင်း ဝယ်ယူလိုက်၏။

​ထို့နောက် သူက ဒုစစ်သူကြီးကျန်းချန်ကို စိတ်လှုပ်ရှားစွာ ဆွဲခေါ်လိုက်ခေသည်။ “ဒုစစ်သူကြီးကျန်း... လာစမ်းကြည့်... ဒါက နောက်အနှစ်တစ်ထောင်က ကျွန်တော်တို့ရဲ့ အာခယ်တက်ကီမြင်းပဲ။ မြင်းစီးရတာထက် ပိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာ အာမခံတယ်..”

​ကြီးမားကျယ်ပြန့်သော ဘီးများနှင့်အတူ ခံ့ညားထည်ဝါလှသည့် သံမဏိသတ္တဝါကြီးကို ကြည့်ရင်း ကျန်းချန်မှာ အံ့အားသင့်ကာ စူးစမ်းလိုစိတ် ဖြစ်သွားရသည်။ ကောရွှိုက်၏ တိုက်တွန်းမှုကြောင့် သူက ခရီးသည်ထိုင်ခုံတွင် သတိထား၍ ဝင်ထိုင်လိုက်၏။

​နောကမခဏ၌ အင်ဂျင်သံဟိန်းထွက်လာသည်နှင့်အတူ အကြမ်းခံကားက သဲပြင်ပေါ်မှ ရုတ်တရက် ခုန်ထွက်သွားရာ နောက်သို့ တွန်းပို့ခံရသည့် ခံစားချက်နှင့် အရှိန်နှုန်းတို့ကြောင့် ဤအတွေ့အကြုံရင့် စစ်မှုထမ်းဟောင်းကြီးပင်လျှင် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ထို့နောက် အားရပါးရ ရယ်မောသံများ ထွက်ပေါ်လာတော့သည်။

​အခြား အန်းရှီးစစ်သည်များကလည်း တမ်းတသော မျက်လုံးများဖြင့် ကြည့်နေကြပြီး စမ်းကြည့်ချင်သော်လည်း စကားမပြောရဲဖြစ်နေသည်ကို မြင်သောအခါ စုရှောင်ရှောင်၏ စိတ်နေသဘောထားနှင့် ကြွယ်ဝမှုတို့က ချက်ချင်း ထွက်ပေါ်လာချေသည်။

သူမကလည်း လက်ဝှေ့ယမ်းကာ ကျန်းယဲ့ထံမှ အလားတူ မော်ဒယ်အကြမ်းခံကား နောက်တစ်စီးကို ဝယ်ယူလိုက်ပြီး စစ်သားများကို အလှည့်ကျ စမ်းသပ်စီးနင်းရန် ဖိတ်ခေါ်လိုက်၏။

​သူတို့နှစ်ဦး ကားဝယ်ယူရာတွင် ဟင်းသီးဟင်းရွက် ဝယ်သကဲ့သို့ ငွေကို ရေလိုသုံးနေသည်ကို မြင်သောအခါ ခရီးသွားအချို့မှာ ရယ်မောကာ မနောက်ပြောင်ဘဲ မနေနိုင်ကြတော့ချေ။ “ကျွတ် ကျွတ်... သူတို့က ယုံနိုင်စရာမရှိလောက်အောင် ချမ်းသာတာပဲကွာ... ”

​“ချီး... မေ့လိုက်တော့... ငါ ဒီသူဌေးသားတွေနဲ့ မပေါင်းတော့ဘူး။ အရမ်းကို စိတ်ဓာတ်ကျစရာ ကောင်းတယ်...”

​သို့သော် နောက်ပြောင်မှုများ မပြီးဆုံးမီမှာပင် စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦးဖြစ်သော ကျန်းဟွိုင်မင် နှင့် လင်ရူတို့က အချင်းချင်း ပြုံးပြလိုက်ကြပြီး ကျန်းယဲ့ထံသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်ကြသည်။

​ထိို့နောက် သူတို့က အကြမ်းခံကားကို မရွေးချယ်ဘဲ ပိုမို သက်သောင့်သက်သာရှိသော ဇိမ်ခံအကြမ်းခံကားတစ်စီးစီကို ဝယ်ယူလိုက်ကြ၏။

​မကြာမီမှာပင် ပေါ်ပလာတောအုပ်အပြင်ဘက်ရှိ ကွင်းပြင်ကျယ်တစ်နေရာလုံးတွင် အင်ဂျင်သံများ ဟိန်းထွက်လာတော့သည်။

​ကောရွှိုက်က ကျန်းချန်ကို တင်ကာ သဲခုံများပေါ်တွင် လှိုင်းစီးသကဲ့သို့ မောင်းနှင်နေချေသည်။ စုရှောင်ရှောင်၏ ကားတွင်မူ အော်ဟစ်နေကြသော အန်းရှီးစစ်သည်များ ပြည့်ကျပ်နေ၏။ ကျန်းဟွိုင်မင် နှင့် လင်ရူတို့ကမူ သက်ကြီးပိုင်း အရာရှိအချို့ကို တင်ကာ ပေါ်ပလာတောအုပ်၏ လှပသော ရှုခင်းများကို တည်ငြိမ်စွာ ခံစားရင်း အေးအေးဆေးဆေး မောင်းနှင်နေခဲ့ကြသည်။

​ကျန်ရှိနေသော ခရီးသွားများက ဤမြင်ကွင်းကို ကြည့်ရင်း မျှော်လင့်ချက်မဲ့စွာဖြင့် ငိုကြွေးသံများ ထွက်ပေါ်လာကြသည်။

​“ဒုက္ခပါပဲ.. အပြိုင်အဆိုင်တွေ လုပ်နေကြပြီ...”

​“မင်းတို့က ခရီးစရိတ်ချွေတာပြီး သွားမယ်ဆို.... တိတ်တိတ်လေး လိမ်တာပဲကွ...”

​“လူကြီးမင်းတို့... ခြေထောက်မှာ ချိတ်ဆွဲထားဖို့ အသုံးအဆောင်ပစ္စည်းလေး ဘာလေး မလိုဘူးလား....”

​နောက်ပြောင်မှုများကို ဘေးဖယ်ထားလျှင် လေထုမှာ ထူးထူးခြားခြား တက်ကြွနေချေသည်။

​ရှေးဟောင်း ပေါ်ပလာတောအုပ်အောက်တွင် ခေတ်မီ စက်ယန္တရားများ၏ ဟိန်းသံနှင့် ရယ်မောသံများက နယ်မြေတစ်ခွင် ပဲ့တင်ထပ်နေပြီး နှစ်ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ပဲ့တင်ထပ်နေခဲ့သည်။

​လူတစ်စုက ပေါ်ပလာတောအုပ် အပြင်ဘက်တွင် တစ်နေ့လုံး ပျော်ရွှင်စွာ အချိန်ဖြုန်းခဲ့ကြပြီး နေ့လယ်စာ သို့မဟုတ် သရေစာအတွက် လုံးဝ စိတ်ပူစရာ မလိုခဲ့ချေ။

​ကျန်းယဲ့ကို ရွေ့လျား ထောက်ပံ့ရေးစခန်းအဖြစ် အသုံးပြုထားရာ ခေတ်မီအစားအစာနှင့် သောက်စရာ အမျိုးမျိုးကို အလွယ်တကူ ရရှိနိုင်ပြီး အန်းရှီးစစ်သည်များအား အရသာရှိလှသော အစားအသောက်များကို သုံးဆောင်ခွင့်ရစေကာ ကောင်းကင်ဘုံက ဘဝပါပဲဟု အော်ဟစ်လိုက်ကြသည်။

​နေဝင်သွားပြီး ကောင်းကင်ယံကို တောက်ပသော လိမ္မော်နီရောင် ဆေးခြယ်လိုက်ချိန်တွင် စိတ်လှုပ်ရှားနေကြသော လူအုပ်ကြီးက အပြန်ခရီးကို စတင်လိုက်ကြ၏။

​ထို့နောက် သူတို့က အလိုအလျောက် အဖွဲ့သုံးဖွဲ့ ကွဲသွားခဲ့ကြသည်။

​အချို့က ကုလားအုတ်များကို ဖြည်းညင်းစွာ စီးနင်းရင်း နေဝင်ဆည်းဆာ၏ အလင်းရောင်တွင် အပန်းဖြေနေကြ၏။ အချို့ကမူ အဝါရောင်သဲမှုန်များကို လွင့်ပျံစေကာ မြင်းများကို ဒုန်းစိုင်းစီးရင်း အရှိန်အဟုန်ကို ခံစားနေကြသည်။

သို့သော် မျက်စိအဖမ်းစားဆုံးမှာ ဟိန်းထွက်နေသော အကြမ်းခံကား လေးစီးပါဝင်သည့် ယာဉ်တန်းပင်။

​ဤသံမဏိ သတ္တဝါကြီးလေးကောင်က ခူချာမြို့တံခါးသို့ ဝင်ရောက်လာသောအခါ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလသည်။

​မြို့သူမြို့သားများနှင့် ထွက်မသွားသေးဘဲ ပစ္စည်းများ သိမ်းဆည်းနေသော အာရပ်ကုန်သည် အနည်းငယ်တို့မှာ သတ္တဝါဆန်းတစ်ကောင်ကို ကြည့်နေသည့်အလား မျက်လုံးများ ပြူးကျယ်လျက် ဝိုင်းအုံလာခဲ့ကြသည်။

မည်သည့် တိရစ္ဆာန်ကမျှ မဆွဲဘဲ အရှိန်အဟုန်ဖြင့် သွားနေသည့် ဘီးလေးဘီးပါသော ယာဉ်ကို သူတို့က လက်ညှိုးထိုးပြကာ ဆွေးနွေးနေကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေချေသည်။

​အနောက်ဘက်ဒေသကုန်သည်၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ကောရွှိုက်သည် တမင်တကာ အရှိန်လျှော့လိုက်ပြီး သူ့ကို အောင်ပွဲခံသည့် လေသံဖြင့် အော်ပြောလိုက်၏။ “ဟေ့... မိတ်ဆွေ... မြင်လား။ ဒါက ငါတို့ ထန်မင်းဆက်ရဲ့ နောက်ဆုံးပေါ် သံမဏိ စစ်မြင်းပဲ။ ပြောစမ်းပါဦး... ဒီစီးတော်ယာက မမိုက်ဘူးလား.... မင်းတို့ရဲ့ ကုလားအုတ်တွေထက် အများကြီး ပိုမြန်တယ် မဟုတ်လား။”

​အနောက်ဘက်ဒေသကုန်သည်မှာ မေးခွန်းကြောင့် လန့်သွားပြီးနောက် အလျင်စလို ခေါင်းညိတ်လိုက်၏။ “အံ့သြစရာပါပဲ... အံ့သြစရာပါပဲ။ တကယ့် နတ်ဘုရား ပစ္စည်းပါပဲ...”

​သူက မိုက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ မသိပေမယ့် ကောရွှိုက်၏ စကားကိုသာ လိုက်လျောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင်မူ ဤခေတ်ရှေ့ပြေးနေသည့် ထုတ်ကုန်အပေါ် အလွန်အမင်းလိုချင်တပ်မက်မှုနှင့် နက်ရှိုင်းသော စူးစမ်းလိုစိတ်တို့ ပြည့်နှက်နေခဲ့သည်။

​ကောရွှိုက်က အားရပါးရ ရယ်မောလိုက်ပြီး မြင့်မားသော စိတ်ဓာတ်များဖြင့် အံ့အားသင့်နေကြသော လမ်းသွားလမ်းလာများ၏ အကြည့်များကြားမှ စောင့်ရှောက်ရေးနယ်မြေအဆောက်အအုံဆီသို့ အထာကျကျ မောင်းနှင်သွားတော့သည်။

​စောင့်ရှောက်ရေးနယ်မြေ အဆောက်အအုံ အရှေ့ဘက်ရင်ပြင်တွင် စစ်သူကြီးကောရှင်းသည် သတင်းကြားသဖြင့် စောင့်ဆိုင်းရန် အပြင်သို့ ထွက်လာခဲ့ပြီးဖြစ်၏။

​သူက ကြမ်းတမ်းခက်ထန်သည့် ပုံစံရှိသော အကြမ်းခံကားများကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားရသည်။

​“စစ်သူကြီးကော... လာစမ်းကြည့်လှည့်.... ဒါက ကျွန်တော်တို့ရဲ့ မိုင်တစ်ထောင်ပြေး မြင်းပဲ...” ကောရွှိုက်က ကားကို ရပ်လိုက်ပြီး နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။

​ကောရှင်းကလည်း မငြင်းဘဲ ပြုံးလျက် ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်ပြီး အဆင့်လိုက်သင်ကြားပေးနေသော ကောရွှိုက်၏ လမ်းညွှန်မှုအောက်တွင် သင်ယူနေလေသည်။

​စစ်သူကြီးအိုက လျင်မြန်စွာ တတ်မြောက်သွားပြီး အပတ်အနည်းငယ် မောင်းနှင်ပြီးနောက် တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့သည်။

​ကားက ကျယ်ဝန်းသော ရင်ပြင်တစ်ခွင် အရှိန်အဟုန်ဖြင့် မောင်းနှင်ကာ ကွေ့ကောက်သွားပြီး ၎င်းပေးစွမ်းသောအရှိန်နှင့် ထိန်းချုပ်နိုင်စွမ်းတို့က စစ်မှုထမ်းဟောင်းကြီး၏ မျက်လုံးများကို တောက်ပလာစေချေသည်။

​ကားပေါ်မှ ဆင်းပြီးနောက် ကောရှင်းက အေးစက်ပြီး ခိုင်ခံ့သောကိုယ်ထည်ကို အလွန် မြတ်နိုးစွာ ပွတ်သပ်ရင်း အကြိမ်ကြိမ် ပြောလေသည်။ “ပစ္စည်းကောင်းပဲ.... တကယ့် ပစ္စည်းကောင်းပဲ။ စစ်တပ်မှာသာ ဒါရှိခဲ့ရင် စစ်ရေးသတင်းတွေ ပို့ဖို့၊ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဖို့နဲ့ ရန်သူကို လိုက်လံတိုက်ခိုက်ဖို့ ကျားကို တောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားမှာပဲ...”

အခန်း ၂၇၈ပြီး၏။

All Chapters