← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

‎ အခန်း ( ၂၈၁) ခေါင်းဖြတ် စစ်ဆင်ရေး

ကားအပြင်ဘက်မှ နှောင်းပိုင်းချင်းစစ်သည်များကိုကြည့်ကာ ကယ်ဗင်က စိုးရိမ်တကြီးဖြင့် "ဒါရိုက်တာကျန်း... သူတို့ ကားခေါင်းမိုးပေါ် တက်သွားတာက အန္တရာယ်မရှိနိုင်ဘူးလား.."

‎

‎ကျန်းယဲ့က တည်ငြိမ်စွာဖြင့် "သူတို့ရဲ့ ခန္ဓာကိုယ်အစိပ်ပိုင်း တစ်ခုခုက ကားနဲ့ ထိနေသရွေ့ အကြွင်းမဲ့ ကာကွယ်ရေးနယ်ပယ်ထဲ ရှိနေသလို ဖြစ်နေမှာဆိုတော့ အန္တရာယ်မရှိဘူး..."

‎

‎ဝမ်ကျန့်ချင်နှင့် အခြားနှစ်ယောက်တို့က အရေးပေါ်ထွက်ပေါက်ကို အမြန်ဖွင့်ကာ တက်သွားကြချိန်၌ ဘတ်စ်ကားအပြင်ဘက်တွင် နှောင်းပိုင်းချင်းစစ်သည်များက ဝိုင်းရံထားကြပြီး ဖြစ်၏။

‎

‎ထိုအချိန်၌ ရဲတင်းသည့် မန်ချူးအလံတပ်သားတစ်ယောက်က ဟိန်းဟောက်ကာ ပျက်စီးလွယ်မည်ထင်သည့် ကားပြတင်းပေါက်အား သူ့၏ ဓားကောက်ဖြင့် ခုတ်ချလိုက်သည်။

‎

‎သို့သော် ဓားသွားက ကားကိုယ်ထည်နှင့် တစ်မီတာအကွာကို ရောက်ရှိသွားသည်နှင့် မထင်မှတ်ထားတာတစ်ခု ဖြစ်သွားခဲ့သည်။

‎

‎ထိုပြင်းထန်သည့် ခုတ်ပိုင်းချက်က မျက်စိဖြင့် မမြင်နိုင်သည့် ဖျက်စီးလို့မရနိုင်သော သံမဏိတံတိုင်းကြီးအား ခုတ်မိလိုက်သကဲ့သို့.....

‎

‎ချွင်း... ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

‎

‎တစ်ပြိုင်နက် မန်ချူးစစ်သည်ရဲ့ ဓားကောက်က တစ်လက်မမျှပင် ရှေ့ဆက်မတိုးတော့ပဲ ပြင်းထန်လှသည့် တန်ပြန်အားကြောင့် ချက်ချင်းပင် အပိုင်းပိုင်းအစစ အဖြစ် ကျိုးကြေသွားချေသည်။

‎

‎ထိုစစ်သည်ကလည်း သူ့၏ရင်ဘတ်အား ကြီးမားလှသည့် တူကြီးတစ်ခုနှင့် ထုချေခံလိုက်ရသကဲ့သို့ဖြစ်သွားကာ နာကျင်စွာ အော်ဟစ်လျက် နောက်သို့ လွှင့်စင်သွားကာ လူအုပ်ကြီးထဲသို့ ပြစ်ကျသွားခဲ့သည်။

‎

‎ထိုနေရာရှိ လူများက နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြရသည်။

‎

‎ထိုထူးဆန်းသည့် မြင်ကွင်းကြောင့် အစတည်းက စိုးရိမ်နေကြသည့် မန်းချူးစစ်သည်များက ချက်ချင်း မှင်တက်သွားကြရ၏။ သူတို့ဟာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့သက်ကို ထုတ်လွှတ်နေသည့် သံသေတ္တာကြီးအား ထိတ်လန့်တကြားကြည့်ကာ ထပ်မံ၍ မချဥ်းကပ်ဝံ့ကြတော့ချေ။

‎

‎ထိုအခွင့်ရေးအား အသုံးချ၍ ဝမ်ကျန့်ချင်နှင့် အခြားနှစ်ယောက်က ကားခေါင်မိုးပေါ်သို့ အမြန်တက်လိုက်ကြသည်။ ထို့နောက် စနိုက်ပါရိုင်ဖယ်များ၏ မှန်ပြောင်းများမှတစ်ဆင့် တိုက်ပွဲရလာဒ်အား ပြောင်းလဲပေးနိုင်မည့် အဓိက ပစ်မှတ်များအား ရှာဖွေလိုက်ကြလေသည်။

‎

‎........

‎

‎ဤအချိန်တွင် ပေကျင်းမြို့ရိုးပေါ်တွင် မြို့စားကြီး ကျန်းဝေ့ရှင်းဟာ အောက်ဘက်ရှိ တိုက်ပွဲအခြေနေအား စိုက်ကြည့်နေပြီး သူ့ရဲ့ မျက်ခုံးများက စိုးရိမ်မှုကြောင့် တွန့်ချိုးနေခဲ့သည်။

‎

‎သို့သော် ရင်းနှီးနေသည့် ထိုကားက နှောင်းပိုင်းချင်းစစ်သည်များ၏ အနောက်ဘက်၌ ရုတ်တရက်ပေါ်လာသည့်အခါ သူ့၏ မျက်ဝန်းများက စိုရိမ်ထိတ်လန့်မှုအစား ဝမ်းသာအားရမှုများဖြင့် အရောင်လက်သွားရသည်။

‎

‎"သူတို့ရောက်လားပြီ.... သူတို့ပြန်ရောက်လာပြီဟေ့..."

‎

‎မြို့စားကြီး ကျန်းဝေ့ရှင်းဟာ စိတ်လှုပ်ရှားစွာဖြင့် မြို့ရိုးအား ရိုက်လိုက်ပြီး သူယုံကြည်ရသည့် လက်ထောက်ဖြစ်သူအား လှည့်ကာ ပြောလိုက်၏။ " မြန်မြန်.... အခုချက်ချင်း မြို့ရိုးပေါ်ကဆင်းပြီး အရှင်မင်းကြီးဆီ သတင်းသွားပို့ချေ.... ဒါရိုက်တာကျန်းနဲ့ တစ်ခြားသူတွေပြန်လာပြီလ်ု့ လျောက်တင်လိုက်.... ဟားးးဟားး ... ငါတို့မင်မင်းဆက်ကို နတ်ဘုရားတွေက စွန့်မပြစ်သေးဘူးကွ... "

‎

‎

‎လက်ထောက်ဖြစ်သူက ဒါရိုက်တာကျန်းဆိုသည့် နာမည်အား မရင်းနှီသော်ငြားလည်း အမြဲတည်ငြိမ်နေတတ်သည့် မြို့စားကြီးက ထိုမျှစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရာ အင်အားကြီး စစ်ကူများ ရောက်လာပြီဟု ထင်မှတ်လိုက်၏။ ထို့ကြောင့် သူက မတုံ့ဆိုင်းရဲဘဲ မြို့ရိုးပေါ်မှဆင်းကာ အမြန်ထွက်သွားချေသည်။

‎

‎အစက စစ်ပွဲအခြေနေနှင့် မြို့တော်အား ဝိုင်းရံထားမှုတို့ကြောင့် စိုးရိမ်နေခဲ့ရသည့် မြို့စားကြီးကျန်းဝေ့ရှင်းဟာ တွန့်ချိုးနေသည့် မျက်ခုံးများအား ဖြေလျော့လိုက်ပြီး မြို့အောက်ရှိ နှောင်းပိုင်းချင်းစစ်သည်များအား ကြည့်ကာ သူ့၏ နှုတ်ခမ်းထောင့်နှင့် ခပ်သဲ့သဲ့ အပြုံးတစ်ခုပေါ်လာခဲ့သည်။

‎

‎မြို့ကို ကာကွယ်နေသည့် စစ်သည်များက မြို့စားကြီး၏ မျက်နှာအမူရာက ရုတ်တရက် ပြောင်းလဲသွားတာကို သတိထားမိလိုက်ကြ၏။ ၎င်းက ခက်ခဲသည့်အခြေနေမှ လွတ်မြောက်သွားသကဲ့သို့ စိတ်သက်သာရာရမှုနှင့် ယုံကြည်ချက်ရှိသွားသည့် အမူရာမျိုးပင်။

‎

‎ထို့ကြောင့် မြို့စောင့်တပ်မှူးတစ်ယောက်က အရဲစွန့်ကာ မြိုးစားကြီးနားသို့ လာကာ မေးလိုက်၏။

‎

‎"မြို့စားကြီး...မြို့အောက်က ရုတ်တရက်ပေါ်လာတဲ့ သံသေတ္တာလိုဟာကြီးတွေက ဘာလဲခင်ဗျာ....ပြီးတော့ ဒါက ကောင်းတာလား ဆိုးတာလား...တာတာတွေတောင် အဲ့တာကို ကြောက်နေကြသလိုပဲ...."

‎

‎ယင်းစကားကြောင့် မြို့စားကြီးက နှာမှုတ်လိုက်ပြီး သူ့၏လေသံ၌ ယုံကြည်မှုနှင့် ကျေနပ်နေမှုတို့ဖြင့် " ကောင်းတာလား ဆိုးတာလားဆိုရင်.....ဟက်.... ငါတို့မင်မင်းဆက်အတွက်တော့ ဒါက ကြီးမားတဲ့ ကောင်းချီးတစ်ခုဆိုပေမဲ့ အဲ့ဒီလူရိုင်းတာတာတွေအတွက်က သေမင်းတမန်ပဲ.... ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခုပဲ..."

‎

‎နောက်ခဏ၌ သူရဲ့ စကားများကို အတည်ပြုပေးလိုက်သည့်အလား....

‎

‎.........

‎

‎ဘတ်စ်ကားခေါင်မိုးပေါ်တွင်....

‎

‎ဝမ်ကျန့်ချင်၊ ဝမ်ကန်းနှင့် ကျန်းမင်ဟွေ့တို့က စနိုက်ပါရိုင်ဖယ်များကို အမြန်တပ်ဆင်ကာ နေရာကောင်းကို ယူထားပြီး ဖြစ်နေခဲ့ကြသည်။ ထို့နောက် မှန်ပြောင်းများမှတစ်ဆင့် ထောင်သောင်းချီသည့် စစ်သည်များကြားမှ အမိန့်ပေး ညွှန်ကြားနေသည့် သပ်ရပ်သည့် ချပ်ဝတ်တန်ဆာအားဝတ်ဆင်ထားသည့် နှောင်းပိုင်းချင်းစစ်သူကြီးအား ချိန်ရွယ်လိုက်ကြ၏။

‎

‎နောက်ခဏ၌.....

‎

‎ရွှီး....

‎

‎စစ်မြေပြင်မှ ဆူညံနေသည့် အသံများကြောင့် ဖုံးကွယ်လုနီးပါး ဖြစ်နေသည့် သေနတ်သံထွက်ပေါ်လာပြီး အသံထက်မြန်သည့် ကျည်ဆံတစ်တောင့်က လေကိုခွင်းကာ ကစဥ့်ကလျားဖြစ်နေသည့် စစ်မြေပြင်အား ဖြတ်ကျော်ကာ အမိန့်ပေးညွှန်ကြားနေသည့် နှောင်းပိုင်းချင်းစစ်သူကြီး၏ နှဖူးတည့်တည့်အား ထိုးဖောက်သွားခဲ့သည်။

‎

‎ထိုစစ်သူကြီး၏ အမူရာက ချက်ချင်းပင် အေးခဲသွားပြီး ခန္ဓာကိုယ်က တောင့်တင်းသွားကာ မြင်းပေါ်မှ ပြုတ်ကျသွားသည်။

‎

‎"စစ်သူကြီး.... " ပတ်ဝန်းကျင်ရှိ ကိုယ်ရံတော်များဟာ ထိတ်လန့်တကြားဖြစ်ကာ အော်ဟစ်လိုက်ကြ၏။

‎

‎သို့သော် ၎င်းက အစသာဖြစ်သေးမှန်း သူတို့မသိခဲ့ကြချေ။

‎

‎ထိုအခြေနေကိုမြင်သည့် အဆင့်မြင့်အရာရှိတစ်ယောက်က အခြေနေကို ထိန်းရန် ရှေ့သို့ ထွက်လာရန် ပြင်လိုက်၏။

‎

‎ရွှီး....

‎

‎တိုးညှင်းလှသည့် လေခွင်းသံတစ်ခုထွက်ပေါ်လာပြန်သည်။

‎

‎နောက်ခဏ၌ ထိုအရာရှိဟာ ဘာဖြစ်နေသလဲဆိုသည်အား မတွေးနိုင်ခင်မှာပင် ရင်ဘတ်မှ သွေးများ ပန်းထွက်လာကာ အသံတစ်ချက်မှ မထွက်နိုင်တော့ပဲ နေရာမှာပင် သေဆုံးသွားရသည်။

‎

‎"တစ္ဆေတွေ.... တစ္ဆေတွေပဲ.... "

‎

‎"လျှို့ဝှက်လက်နက်ဟေ့......."

‎

‎" မဟုတ်ဘူး.... အဲ့တာက မီးသေနတ်တွေပဲ...."

‎

‎အဆင့်မြင့် စစ်သူကြီးများက တစ်ယောက်ပြီးတစ်ယောက် ရှင်းပြ၍မရအောင် လုပ်ကြံခံလိုက်ရပြီး သူတို့၏ သေဆုံးတဲ့ပုံစံက ဆန်းကြယ်ကာ ကာကွယ်ဖို့ မဖြစ်နိုင်သောကြောင့် မူလက သေသပ်ကာ စည်းကမ်းကြီးလှသည့် နှောင်းပိုင်းချင်းတပ်မတော်က စတင်၍ ဖရိုဖရဲ ဖြစ်လာကြသည်။

‎

‎ခေါင်းဆောင်မရှိတော့သဖြင့် စစ်သည်များဟာ သူတို့၏ ကျောရိုးများတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ကြရပြီး နောက်တစ်ကြိမ်၌ သူတို့အား ပြစ်မှတ်ထားလာမည်ကို ​တွေးကာ ကြောက်လန့်သွားကြရသည်။

‎

‎ဝမ်ကျန့်ချင်က မှန်ပြောင်းမှတစ်ဆင့် အဓိက ပြစ်မှတ်များအား တည်ငြိမ်စွာ ဆက်၍ ရှာဖွေနေလေသည်။ ထို့နောက် သူ့၏ အကြည့်က လေထဲတွင် လွင့်မျောနေသည့် နှောင်းပိုင်းချင်းအလံသို့ ရောက်ရှိသွားခဲ့သည်။

‎

‎ရွှီး....

‎

‎နောက်ခဏ၌ ကျည်ဆံက အလံတိုင်၏ အားအနည်းဆုံးနေရာအားထိမှန်သွားပြီး ဂျွတ်ဆိုသည့်အသံနှင့်အတူ မြေပေါ်သို့ ပြုတ်ကြသွား၏။

‎

‎၎င်းအလံက မန်ချုးတို့၏ အာဏာနှင့် စိတ်ဓာတ်အား ကိုယ်စားပြုရာ အလံပြုတ်ကြသွားသည်နှင့် နှောင်းပိုင်းချင်းတပ်မတော်၏ စိတ်ပိုင်းဆိုင်ရာအား အကြီးကျယ် ထိခိုက်သွားစေပြီး ကျောရိုးကျိုးသွားသည့် မြင်းကဲ့သို့ ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

‎

‎"အ... အလံပြုတ်ကျသွားပြီ..."

‎

‎"စစ်သေနာပတိချုပ်လဲ သေသွားပြီး.... ပြေးကြ..."

‎

‎ထိုသို့အော်ဟစ်သံများကြောင့် ထိုးစစ်အားအနိုင်နိုင် ထိန်းနေရသည့် နှောင်ပိုင်းကျင်းစစ်သည်များဟာ နကျယ်ကောင်အုပ်ကြီးကဲ့သို့ ပရမ်းပတာဖြစ်ကာ စတင်ထွက်ပြေးလိုက်ကြ၏။

‎

‎ထိုမြင်ကွင်းကြောင့် တပ်ခွဲမှူးနှင့် တပ်ရင်းမှူးအသီးသီးက ပုန်ကန်မှုအား နှိမ့်နှင်းရန်နှင့် တပ်ဖွဲ့အား ပြည်လည်ဖွဲ့စည်းရန် ကြိုးစားလိုက်ကြလေသည်။

‎

‎သို့သော်ငြားလည်း လေကိုခွင်းကာ ရောက်ရှိလာသည့် ကျည်ဆန်များက သေမင်းတမန်ကဲ့သို့ ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာတိုင်း အခြေနေအား ထိန်းချုပ်ရန် ရှေ့ထွက်လာသည့် အရာရှိတိုင်းအား ဇီဝိန်ချွေသွားခဲ့သည်။

‎

‎တိကျပြီး ကြောက်စရာကောင်းသည့် စနိုက်ပါပစ်ခေတ်မှုက တပ်မတော်တစ်ခုလုံး၏ အခြေနေအား ရစရာမရှိအောင် နင်းခြေပြစ်လိုက်၏။

‎

‎ခေါင်းဆောင်မရှိပါက ကြမ်းတမ်းလှသည့် ဝံပုလွေအုပ်သည်ပင် စည်းကမ်းမဲ့သည့် အုပ်စုတစ်ခုကဲ့သို့ ဖြစ်သွားတတ်သည်မဟုတ်ပါလော။

‎

‎ဝိုင်းရံထားသည့် ထိုးစစ်က လုံးဝပြိုလဲသွားပြီဖြစ်ရာ နှောင်းပိုင်းချင်းတပ်မတော်ဟာ ကစဥ်ကလျားဖြစ်ကာ မည်သည့်အရာမှ ဂရုမစိုက်နိုင်တော့ချေ။

‎

‎မြို့ရိုးပေါ်ရှိ မြို့စားကြီးကျန်းဝေ့ရှင်းနှင့် မင်စစ်သည်များက အောက်ဘက်ရှိ ဖြစ်ပေ့်နေသည့် မြင်ကွင်းအား မယုံနိုင်စွာ စိုက်ကြည့်နေကြ၏။

‎

‎တစ်ချိန်က အနိုင်ယူလို့မရနိုင်ဟု ထင်မှတ်ခဲ့သည့် နှောင်းပိုင်းချင်းတပ်မတော်က အချိန်တိုအတွင်းမှာ ဤကဲ့သို့ အလွယ်တကူပြိုလဲသွားသည်ကို မြင်လိုက်ရာ အိမ်မက်မက်နေသလို ခံစားလိုက်ကြရသည်။

‎

‎ယခု၌ သူတို့ဟာ ကျန်းယဲ့နှင့် ထိုလူများအပေါ် ရိုသေလေးစားမှုနှင့် ကျေးဇူးတင်မှုတို့က အမြင့်ဆုံးသို့ ရောက်ရှိသွားကြ၏။

‎

‎မြို့စားကြီးကျန်းဝေ့ရှင်းက ယခင်အကြိမ်မှ ကျန်းယဲ့ ချန်ထားခဲ့သည့် အဆင့်မြင့်မှန်ပြောင်းကိုအသုံးပြုကာ ဝမ်ကျန့်ရှန်းနှင့် အခြားနှစ်ယောက်တို့ ကားခေါင်မိုးပေါ်သည်ကို ဝပ်နေသည်ကိုလည်းကောင်း၊ သူတို့၏ လက်ထဲမှ အေးစက်ကာ သတ္တုရောင်လက်နေသည့် ထူးဆန်းသည့် သေနတ်များကိုလည်းကောင်း မှန်ပြောင်းမှတစ်ဆင့် ရှင်းလင်းစွာ မြင်နေခဲ့ရသည်။

‎

‎၎င်းက ကျန်းယဲ့ ယခင်တစ်ကြိမ်က ပြသခဲ့သည့် စနိုက်ပါရိုင်ဖယ်ဖြစ်ကြောင်း သူတစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားလေသည်။

‎

‎"တကယ်ကို... တကယ်ကို နတ်ဘုရားအဆင့်လက်နက်ပဲ... " မြို့စားကြီးဟာ မနေနိုင်တော့ပဲ တိုးညင်းစွာ ချီးကျူးလိုက်၏။

‎

‎မှန်ပြောင်းမှတစ်ဆင့် အဝေးမှ နှောင်းပိုင်းချင်းစစ်သူကြီးများအား ဇီဝိန်ခြွေလိုက်သည်အား သူသေချာမြင်လိုက်ရသည်။

‎

‎ဤမျှ ဝေးကွာသည့် အကွာဝေးမှတောင် ထိုမျှတိကျနေရာ သူတို့လက်ရှိအသုံးပြုနေသည့် အကွာဝေးတိုကာ တိကျမှုကလည်း စုတ်ပြတ်သတ်နေသည့် သေနတ်များထက် အဆပေါင်းများစွာ အစွမ်းထက်နေချေသည်။

‎

‎၎င်းက အိတ်ထဲမှ ပစ္စည်းတစ်ခုအား နှိုက်ယူလိုက်သကဲ့သို့ ထောင်သောင်းချီသည့် စစ်သည်များကြားမှ စစ်သူကြီးများအား လွယ်ကူစွာ ဇီဝိန်ခြွေနိုင်ခြင်းပင်။

‎

‎ကျန်းဝေ့ရှင်းဟာ တုန်လှုပ်မှုနှင့် မနာလိုမှုတို့ဖြင့် ပြည့်နှက်သွားရ၏။

‎

‎

‎အခန်း ၂၈၁ပြီး၏။

‎

All Chapters