← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း (၂၈၃) ဧကရာဇ်ကိုယ်တိုင် ကြိုဆိုခြင်း

‎

‎တစ်ချိန်တည်းမှာပဲ နှောင်းပိုင်းချင်းစစ်သည်များက အလန့်တကြား ဆုတ်ခွာသွားချိန်တွင် ကျယ်ပြောလှသည့် ပေကျင်းမြို့အပြင်ဘက်ရှိ စစ်မြေပြင်၌ သေဆုံးနေသည့် စစ်မြင်းများ၊ စစ်သည်တို့၏ အလောင်းများနှင့် လက်နက်အပျက်စီးကြားတို့၌ ငွေရောင်တောက်ပနေသည့် ဘတ်စ်ကားတစ်စီသာ အထီးကျန်စွာ ကျန်ရစ်နေခဲ့သည်။

‎

‎ထိုအချိန်မှာ ကျန်းယဲ့၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံက ထွက်ပေါ်လာ၏။

‎

‎"ဒင်... ပြင်ပခြိမ်းခြောက်မှုများကို ရှင်းလင်းပြီးသွားတာကြောင့် ဘတ်စ်ကား ကာကွယ်ရေးစနစ်အား ပိတ်လိုက်ပါပြီ..."

‎

‎ကျန်းယဲ့ မတ်မတ်ရပ်ကာ ကားထဲရှိလူတိုင်းအား ပြောလိုက်လေသည်။ " အန္တာရယ်ကင်းသွားပြီမို့ အားလုံးပဲ... ကားပေါ်က ဆင်းလို့ရပါပြီ.."

‎

‎ထို့နောက် ကတံခါးက ​ဖြည်းညင်းစွာ ပွင့်သွားပြီး ကျန်းယဲ့က ပထမဆုံး ဆင်းလိုက်၏။ သူဆင်းလိုက်သည်နှင့် သွေးနံ၊့ ယမ်းနံ့များ ရောနှောနေသည့် အေးစက်သည့် လေပြေတစ်ခုက ရိုက်ခတ်သွားရာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရလေသည်။

‎

‎ဝမ်ကျန့်ချင်၊ ဝမ်ကန်းနှင့် ကျန်းမင်ဟွေ့တို့က သူတို့တို့အတွက် များစွာ အသုံးဝင်ခဲ့သည့် စနိုက်ပါရိုင်ဖယ်အား ဆုတ်ကိုင်ထားဆဲဖြစ်ကာ ကားခေါင်မိုးပေါ်ရှိ အရေးပေါ်ထွက်ပေါက်မှတစ်ဆင့် သူ့နောက်မှ ကပ်လျက် ဆင်းလာခဲ့ကြသည်။

‎

‎ကျန်းယဲ့က သူတို့ကို ကြည့်လိုက်ပြီး မျက်လုံးများတွင် ချီးကျူးမှုတို့ဖြင့် ပြည့်နှက်နေ၏။ "အရမ်းကောင်းတယ်... ရိုးရှင်းပြီး ထိရောက်တယ်..."

‎

‎သူတို့သုံးယောက်က ကားခေါင်မိုးပေါ်တွင် ကျွမ်းကျင်စွာ လှုပ်ရှားခဲ့ကြသော်လည်း ရှေးဟောင်းစစ်မြေပြင်၏ လေထုကို ရှုရှိုက်လိုက်ရချိန်မှာ လက်ဖဝါးများက အနည်းငယ် ချွေးပြန်သွားကြရသည်။

‎

‎ကျန်းယဲ့၏ ချီးကျူးစကားကို ကြားသည့်အခါ ဝမ်ကျန့်ချင်က နှိမ့်ချစွာ ပြောလိုက်၏။ " ဒါရိုက်တာကျန်းက မြောက်​ပြောနေပြန်ပါပြီ... ခင်ဗျားသာ ကိုယ်တိုင်ဝင်ပါခဲ့ရင် ကျွန်တော်တို့တောင် စွမ်းရည်ပြဖို့ အခွင့်ရေးရလိုက်မှာမဟုတ်ပါဘူး... ရန်သူတွေက တုံ့ပြန်ချိန်တောင်မရလိုက်ပဲ သုတ်သင်ခံရလောက်တယ်.."

‎

‎သူတို့အဖွဲ့က အချင်းချင်း ရင်းနှီးပြီးသားသူများ ဖြစ်ကြရာ ကျန်းယဲ့၏ စွမ်းရည်က သူတို့ထက် မနိမ့်ကျကြောင်း သိထားပေသည်။

‎

‎

‎သူတို့လေးယောက် ခဏတာ စကားပြောနေချိန်မှာပဲ ဘတ်စ်ကားပေါ်ရှိ ခရီးသွားမျးကလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြသည်။

‎

‎အဖွဲ့သားများက အပြင်ရောက်သည်နှင့် စစ်မြေပြင်အား အနီးကပ်ကြည့်လိုက်ကြရာ လူတိုင်း၏ မျက်နှာအမူရာများက လေနက်သွားကြ၏။

‎

‎စုတ်ပြဲနေသည့်အလံများ၊ ပြန့်ကျဲနေသည့် လက်နက်များ၊ နေရာအနှံ့ ရှိနေကြကာ ပုံစံအမျိုးမျိုးဖြင့် သေဆုံးနေကြသည့် အလောင်းများ....

‎

‎ခရီးသွားများက ထိုမြင်ကွင်းကြောင့် မအီမသာဖြစ်လာကြပြီး မျက်နှာများ ဖြူရောသွားကြရသည်။

‎

‎အချို့က ဘေးသို့ပြေးကာ အန်လိုက်ရပြီး သူတို့၏ စိတ်လှုပ်ရှားမှုများက ကြီးမားသည့် မအီမသာဖြစ်မှုတို့က အစားထိုး ဝင်ရောက်လာချေသည်။

‎

‎ထိုအချိန်တွင် ပေကျင်း၏ တယ်ရှန်းတံခါးက ဖြည်းညင်းစွာ ပွင့်လာပြီး မြို့စားကျန်းဝေ့ရှင်းကိုယ်တိုင် ဦးဆောင်လာသည့် အထက်တန်းစား မြင်းတပ်ဖွဲ့တစ်ဖွဲ့က ဘတ်စ်ကားရှိရာသို့ အပြေးနှင်လာကြသည်။

‎

‎ကျန်းယဲတဲ့အဖွဲ့ကလည်း သေခြင်းရှင်ခြင်း စစ်တလင်းအား ဖြတ်ကျော်၍ လျှောက်လှမ်းလိုက်ကြ၏။

‎

‎ခြေတစ်လှမ်းတိုင်း၌ အေးခဲနေသည့်အလောင်းများနှင့် သွေးအိုင်တို့အား ဖြတ်ကျော်နေခဲ့ရသည်။

‎

‎ထို့ကြောင့် လူတိုင်း၏ စိတ်ခံစားချက်များမှာ မယုံနိုင်လောက်အောင် လေးလံနေကြသည်။

‎

‎မြေပြင်ပေါ်တွင် လဲကျနေသူများမှာ နှောင်းပိုင်းချင်းစစ်သည်များဖြစ်စေ၊ မင်မင်းဆက်မှ စစ်သည်များဖြစ်စေ သူတို့အားလုံးက မကြာသေးမှီက အသက်ရှင်နေကြသည့် လူသားများ မဟုတ်ပါလော။

‎

‎သူတို့က အိမ်တံခါးဝတွင် စိုးရိမ်တကြီး စောင့်မျှော်နေမည့် တစ်စုံတစ်ယောက်၏သား.....

‎

‎အချည်းနှီးစောင့်မျှော်နေမည့် တစ်စုံတစ်ယောက်၏ ခင်ပွန်း သို့မဟုတ် ကလေးငယ်များ မျှောလင့်တကြီး စောင့်ကြိုနေကြမည့် တစ်စုံတစ်ယောက်၏ ဖခင်များ ဖြစ်နေနိုင်ချေသည်။

‎

‎စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုက အရာအားလုံးကို အကြောင်းပြချက်မရှိဘဲ ဖျက်စီးလိုက်ခြင်းပင်။

‎

‎တစ်မိုင်းတစ်လျှောက်နှင့် ကမ္ဘာတစ်ဝန်းတွင် မငြိမ်မသက်မှုနှငိ့ စစ်မက်ဖြစ်ပွားချိန်များ၌ လူ့အဖွဲ့အစည်း၏ အောက်ခြေရှိ သာမန်ပြည်သူများကသာ ဆိုးရွားသည့် ဘေးဒုက္ခမျကိုသာ ခံစားခဲ့ကြရသည်။

‎

‎လူတိုင်းက ဤအခြေခံသဘောတရားအား သိနားလည်ထားကြချေသည်။

‎

‎သို့သော်ငြားလည်း ရှင်းလင်းစွာသိခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရခြင်းသည်က သဘောတရားခြင်း မတူညီသလို သက်ရောက်မှုကလည်း လုံးဝကွာခြားလေသည်။

‎

‎အေးစက်ပြီး ခိုင်မာစွာ ရေးသားထားသည့် မှတ်တမ်းများက ဤအလောင်းတောင်နှင့် သွေးပင်လယ်အား မျက်မြင်တွေ့ရခြင်းအား အနည်းငယ်မျှပင် မယှဥ်နိုင်ချေ။

‎

‎မင်မင်းဆက်သို့ ရောက်ရှိလာခြင်းကြောင့် ကနဦးစိတ်ဝင်စားမှုတိုါနှငိ့ စိတ်လှုပ်ရှားမှုတို့က ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီဖြစ်ကာ ဤသမိုင်းကာလအတွက် နက်ရှိုင်းသည့် ဝမ်းနည်းပူဆွေးမှုနှင့် အသက်ရှုကိပ်မတတ် ဖိနှိပ်ခံရမှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

‎

‎ကျန်းယဲ့က အဖွဲ့သားများကြားရှိ စိမ့်ဝင်နေသော စိတ်ဓာတ်ကျမှုအား ခံစားလိုက်ရ၏။ သူခဏရပ်လိုက်ပြီး လူတိုင်းအား ညင်သာသော်ငြားလည်း ပြတ်သားစွာပြောလိုက်သည်။ " သမိုင်းကြောင်းက လေးလံကောင်းလေးလံနိုင်ပေမဲ့ ငါတို့အားလုံးက ဒီနေရာမှာ ရပ်နေကြပြီဆိုတော့ အရာအားလုံးကို ပြောင်းလဲဖို့ ဖြစ်နိုင်တယ်..ဒါကြောင့် ဒီကမ္ဘာမှာ ဒါက မင်မင်းဆက်ရဲ့ အဆုံသတ်မဟုတ်ပဲ ..... ပြန်လည်နိုးထလာခြင်းရဲ့ အစပြုမှုလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်..."

‎

‎သ့ရဲ့စကားများက အလင်းတန်းတစ်ခုကဲ့သို့ လူတိုင်း၏ နှလုံးသားထဲရှိ မှိုင်းညို့နေမှုအနည်းငယ်အား ဖယ်ရှပေးလိုက်၏။

‎

‎ထိုအချိန်၌ မြို့စားနှင့် သူ့၏အဖွဲ့က အနီးသ်ု့ရောက်ရှိလာကြသည်။

‎

‎မို့စားကြီးက မြင်းပေါ်မှ လျင်မြန်စွာ ဆင်းလိုက်ပြီး သူ့၏မျက်နှာတွင် ဘေးဒုက္ခမှ လွတ်မြောက်လာခြင်းကြောင့် ဝမ်းသာပီတိဖြစ်မှုနှင့် အတိုင်းဆမရှိသည့် စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပနေချေသည်။ "ဒါရိုက်တာကျန်း... ကျွန်တော်တို့ မတွေ့ရတာ လအတော်ကြာပြီနော်.... အချိန်တိုင်း ခင်ဗျားကို သတိရနေခဲ့တာ.... ပြီးတော့ ဒီတစ်ကြိမ် အခြေနေကို ပြောင်းလဲပေးခဲ့တဲ့ အတွက်လည်း တကယ်ကျေးဇူးတင်ပါတယ် ... ကျွန်တော့်ရဲ့ အရိုသေပေးမှုကို လက်ခံပေးပါအုံး..."

‎

‎စကားပြောရင်း မြို့စားကြီးက အမှန်တကယ်ပင် အရိုသေပေးလိုက်၏။

‎

‎သူ့နောက်မှ မင်စစ်သည်များကလည်း ထူးဆန်းစွာ ဝတ်ဆင်ထကြသည့် ဤအင်မော်တယ်များကို အလွန်စပ်စုချင်စိတ်၊ ကြောက်ရွံ့ရိုသေစိတ်နှင့် ကိုးကွယ်ချင်စိတ်များ ရောယှက်ကာ ကြည့်နေခဲ့ကြသည်။

‎

‎ကျန်းယဲ့က မြို့စားကြီးအား ထူပေးရန် အလျင်မြန် ရှေ့သို့ သွားလောက်၏။ " မြို့စားကြီးက သဘောကောင်းလွန်းနေပါပြီ.... ဒီလိုလုပ်စရာမလိုပါဘူး..."

‎

‎ထို့နောက် မြို့စားကြီးက တရားဝင်အခမ်းနားများကို ဂရုမစိုက်တော့ပဲ ကျန်းယဲ့၏ လက်ကို စိတ်လှုပ်ရားစွာ ဆုပ်ကိုင်လိုက်သည်။ "လာလာ.... ဒီအဘိုးကြီး နောက်ကနေ မြို့ထဲကို မြန်မြန်လိုက်ခဲ့ကြ..."

‎

‎ကျန်ူယဲ့တို့အဖွဲ့က မြို့ထဲဝင်ရောက်ကာ မြို့စား၏ လမ်းညွှန်မှုဖြင့် တားမြစ်မြို့တော်ဆီသို့ သွားရန် ပြင်ဆင်နေချိန်မှာပဲ အဝေးမှနေ၍ သူတို့ဆီကို ချဥ်းကပ်လာသည့် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့အား မြင်လိုက်ကြရသည်။

‎

‎ဆူညံသံများ ကြားလိုက်သည့်အခါ မြိုးစားကြီး ကျန်းဝေ့ရှန်းက ချက်ချင်းပင် နားလည်သွားပြီး ပြုံးကာ ကျန်းယဲ့အား ပြောလိုက်လေသည်။ "ဒါရိုက်တာကျန်း.... အရှင်မင်းကြီးက ခင်ဗျားပြန်ရောက်လာတယ်ဆိုတဲ့ သတင်းကိုကြားတော့ အရမ်းဝမ်းသာပြီ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုဖို့ နန်းတော်ထဲက ကြွလာတာပဲ..."

‎

‎ကျန်းယဲ့က ချဥ်းကပ်လာသည့် ယာဥ်တန်းအားကြည့်ကာ ပြုံးကာ ဆိုလိုက်၏။ "အရှင်မင်းကြီးက သဘောကောင်းလွန်နေပါပြီ.... မြို့ပြင်က အခုလေးတင် တိုက်ပွဲဖြစ်ထားတာဆိုတောါ မြို့က လုံးဝတည်ငြိမ်သေးတာမဟုတ်ဘူး.... ဒါကြောင့် ဒီအချိန်မှာ အရှင်မင်းကြီးက နန်းတော်အပြင်ထွက်လာတာက အရမ်းအန္တရာယ်များလွန်းပါတယ်..."

‎

‎ကျန်းယဲ့၏ စကားကြောင့် မြို့စားကြီးက သူ့၏မုတ်ဆိတ်မွှေးအား သပ်ကာ ရယ်မောလိုက်၏။ " အာ... ဒါရိုက်တာကျန်း ခင်ဗျားမသိလို့ပါ... ခင်ဗျား ပြီးခဲ့တဲ့တစ်ခေါက် ထွက်သွားကတည်းက အရှင်မင်းကြီးက မင်မင်းဆက်ကို ခင်ဗျားပြန်လာမဲ့အချိန်ကို စောင့် င်း နေ့တိုင်း သတိရနေခဲ့တာ... အခု ခင်ဗျားက ပြန်လာရုံတင်မကပဲ မြို့တော်ကို ဝိုင်းရံထားတဲ့ အန္တရာယ်ကိုပါ တစ်ကြိမ်တည်းနဲ့ ဖယ်ရှားပေးလိုက်တယ်ဆိုတာ သိတော့ အရှင်မင်းကြီးရဲ့ ရင်ထဲ ဘယ်လောက်ဝမ်းသာနေလိုက်မလဲ... ဒါကြောင့် အရှင်မင်းကြီးရဲ့ အမြင်မှာ ဒီအန္တရာယ်က ခင်ဗျားကို တွေ့ရတာထက် ပိုအရေးမကြီးဘူးလေ..."

‎

‎သူတို့စကားပြောနေစဥ်မှာပဲ ကြီးမားလှသည့် ဂုဏ်ပြုတပ်ဖွဲ့ကြီးက ရောက်ရှိလာလေသည်။

‎

‎နောက်ခဏ၌ ယာဥ်တန်းက ရပ်တန့်သွားပြီး ကိုယ်ရံတော်များက လမ်းနှစ်ဖက်၌ လေးနက်စွာ ရပ်တန့်လိုက်ကြသည်။ထို့နောက် မိန်းမစိုးများက ရထားလုံး၏ ကုလားကာများကို ရိုသေစွာ မတင်လိုက်ကြ၏။

‎

‎ချုံကျန်းဧကရာဇ်က ဝမ်ချန်အန်း၏ တွဲထူပေးမည့်အချိန်က်ုပင် မစောင့်နိုင်တော့ပဲ ရထားလုံးပေါ်မှ သူ့ဘာသာ ဆင်းသက်လိုက်သည်။

‎

‎ထို့နောက် သူရဲ့အကြည့်က လူအုပ်ကြားထဲသို့ စိတ်အားထက်သန်စွာ ရောက်ရှိသွားပြီး မြို့စားကြီးဘေးမှာရပ်နေသည့် ကျန်းယဲ့ဆီ၌ ရပ်တန့်သွားချေသည်။

‎

‎ချုံကျန်းဧကရာဇ်ဟာ ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကိုပင် ထိမ်းသိန်းရန် ဂရုမစိုက်တော့ပဲ ကျန်းယဲ့ဆီသို့ အလျင်မြန် လျောက်လာခဲ့လိုက်သည်။

‎

‎ယင်းကိုမြင်သော် မြို့စားကြီး၊ သူနှင့်အတူပါလာသည့် အရာရှိများ၊ ကိုယ်ရံတော်များနှင့် အခြားသူများက ဒူးထောက်ကာ အရိုသေပေးလိုက်ကြပြီး "အရှင်မင်းကြီးကို ဂါဝရပြုပါတယ်....."

‎

‎သို့သော် ချုံကျန်းဧကရာဇ်က သူတို့ကို မမြင်သည့်အလား ဖြစ်နေကာ ဤအခမ်းနားအား လုံးဝဂရုမစိုက်ခဲ့ချေ။ သူက လက်က်ု ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရုံသာ ဝှေ့ယမ်းလိုက်ပြီး သူ၏အကြည့်က ကျန်းယဲ့ဆီသို့သာ စူးစိုက်နေလေသည်။

‎

‎ကျန်းယဲ့က ဧငရာဇ်ကို မြင်လိုက်သည်နှင့် ရှေ့သို့ထွက်ကာ ထုံးစံများနှင့်အညီ နှုတ်ဆက်ရန်ပြင်လိုက်၏။

‎

‎သု့သော် သူစကားမပြောရသေးမှီ ချုံကျန်းဧကရာဇ်က သူ့ဆီသို့လျှောက်လာခဲ့သည်။

‎

‎လူတိုင်းအံ့အားသင့်သွားကြသည်မှာ ချုံကျန်းဧကရာဇ်က ရုတ်တရက် လက်နှစ်ဖက်အား ဆန့်ထုတ်ကာ ကျန့်ယဲ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကျောကို လက်နှစ်ဖက်ဖြင့် အကြိမ်အနည်းငယ် ပုတ်လိုက်ခြင်းပင်။

‎

‎သ့၏အသံက ဖော်ပြ၍မရအောင် ဆို့နင့်နေပြီး စိတ်လှုပ်ရှားမှုနှင်ါ မှီခိုအားထားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

‎

‎"ကျန်း..ကျန်းယဲ့.... မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... "

‎

‎ထိုစကားက ဘုရင်တစ်ပါးက သူ၏ လက်အောက်ငယ်သားများ သို့မဟုတ် ဧည့်သည့်များအား နှုတ်ဆက်ခြင်းနှင့်မတူပဲ အဆုံးမဲ့အမှောင်ထုထဲမှာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ တစ်ခုတည်းသော အလင်းတန်းလေးအား မြင်တွေ့လိုက်ရကာ အားကိုးစရာ ထောက်တိုင်တစ်ခုအား ရှာတွေ့လိုက်သည့် ကလေးငယ်တစ်ဦး၏ သက်သာရာရမှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎သူဟာ တိုင်းပြည် ပျက်သုဥ်းပြီး နယ်မြေများပျက်စီးမည့် အနားဂတ်အ​ကြောင်းနှင့် သူက ကျဆုံးသွားသည့် နိုင်ငံတစ်ခု၏ ဧကရာဇ်ဖြစ်လာမည့်အကြောင်းအား သိရှိပြီးကတည်းက သူမည်မျှ စိုးရိမ်ပူပန်ကာ ကြောက်ရွံ့နေခဲ့ရသည်ကို သူကိုယ်တိုင်သာ သိချေသည်။

‎

‎သူ့၏ ကံကြမ္မာကို ပြောင်းလဲရန် စွမ်းအားမရှိမည်ကို....

‎

‎မင်မင်းဆက်၏ ကံကြမ္မာကို နောက်ပြန်မလှည့်နိုင်မည်ကို....

‎

‎ထိုထက်ပို၍ သူ့၏ ဘိုးဘေးများနှင့် ကမ္ဘာပေါ်ရှိ ပြည်သူများကို စိတ်ပျက်သွားစေမည်အား သူကြောက်ရွံ့နေ၏။

‎

‎အခန်း ၂၈၃ပြီး၏။

All Chapters