← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) လိမ်လည်မှု ထောက်လှမ်းသည့်စက်

​သံသယမျိုးစေ့ကို စိုက်ပျိုးလိုက်မိသည်နှင့်တပြိုင်နက် လူတိုင်းက မကောင်းကြံနေသည့် သစ္စာဖောက်အမတ်များအဖြစ် ထင်မြင်လာတော့သည်။

​မန်ချူးတို့၏ သွေးခွဲသပ်လျှိုသည့် ဗျူဟာက ခေတ်ဟောင်းနည်းလမ်းဖြစ်သော်ငြားလည်း အမြဲတမ်းထိရောက်ကာ အလွန်ရက်စက်ကြမ်းကြုတ်လှသည်ဟု ဆိုရမည်ပင်။

​သမိုင်းတွင် ထင်ရှားကျော်ကြားလှသော ယွမ်ချုံးဟွမ်၏ အမှုကဲ့သို့ပင်။ ၎င်းက ချုံကျန်းဧကရာဇ်အား ယွမ်ချုံးဟွမ်ကို ကွပ်မျက်ရန် ဆုံးဖြတ်ချက်ချစေခဲ့သည်။ ထို့နောက် ချင်းတပ်များ တံတိုင်းကို ကျော်ဖြတ်ဝင်ရောက်လာပြီးနောက် ယွမ်ချုံးဟွမ်က သူတို့နှင့် ပူးပေါင်းကြံစည်သည်ဆိုသည်မှာ လိမ်လည်မှုတစ်ခုသာဖြစ်ကြောင်း၊ ၎င်းတို့၏ အကြံအစည်တစ်ခုသာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာခဲ့၏။

​ဤလုပ်ရပ်၏ အမှန်တရားကို စစ်ဆေးရန် ခက်ခဲလှလေသည်။ ၎င်းက ချုံကျန်းဧကရာဇ်အား ပိုမိုသိက္ခာကျစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သလို တကယ်ပဲ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်နိုင်ချေသည်။

​မည်သို့ပင်ဖြစ်စေ ဤအရာက ချုံကျန်း၏ လွယ်လွယ်နှင့် ဒေါသထွက်တတ်ကာ သံသယကြီးတတ်သော သဘာဝကို ပေါ်လွင်စေခဲ့သည်။

​ယခုတွင်လည်း အလားတူ နည်းဗျူဟာများကို ထပ်မံအသုံးပြုလာကြပြန်၏။

​နှောင်းပိုင်းချင်းတို့က ချုံကျန်းဧကရာဇ်ထံသို့ မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျ မဖော်ပြဘဲ နန်းတော်ထဲတွင် သူတို့နှင့် လျှို့ဝှက်ဆက်သွယ်နေသူများ ရှိသည်ဟူသော သတင်းစကားကို အမည်မသိ လမ်းကြောင်းတစ်ခုမှတစ်ဆင့် ပေးပို့လာလေသည်။

​၎င်းက သံသယများဖြင့် ပြည့်နှက်နေသော ချုံကျန်း၏ စိတ်ထဲသို့ အဆိပ်ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

​ဤအချိန်တွင် ချုံကျန်းဧကရာဇ်ဟာ အမတ်တိုင်း၏ မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင်များ၊ သံသယဖြစ်ဖွယ် စကားများနှင့် အပြုအမူများရှိနေသည်ဟု ခံစားနေရပြီး သူတို့တစ်ဦးစီတိုင်းက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့သည့် သစ္စာဖောက် ဖြစ်နိုင်သည်ဟု ထင်မြင်နေမိသည်။

​သူက ယုံကြည်မှုအကြောင်း ပြောဆိုနေသော်လည်း လုပ်သက်ရင့် နိုင်ငံရေးသမားဟောင်းကြီးများက ဧကရာဇ်မင်း၏ မျက်လုံးများထဲတွင် တဖြည်းဖြည်း ကြီးထွားလာနေသော သံသယများကို မည်သို့လျှင် မရိပ်မိဘဲ နေမည်နည်း။

​မူလကတည်းက ယိုင်နဲ့နေသော ရှင်ဘုရင်နှင့် အမတ်များကြားရှိ ယုံကြည်မှုမှာ ယခုအခါ ပို၍ပင် ဆတ်ဆတ်ထိမခံ ဖြစ်လာခဲ့ကြသည်။

​ဤကဲ့သို့သော လေထုမျိုးတွင် လူတိုင်းက စိတ်သဘောထား တစ်ခုတည်းဖြင့် လက်တွဲကာ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်ခြင်းက လက်တွေ့မဆန်သော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

​ကျန်းယဲ့ဟာ ခဏတာ တိတ်ဆိတ်သွားပြီး ဤသစ္စာဖောက်ကို ဖယ်ရှားခြင်းမရှိဘဲ မင်မင်းဆက်၏ အနက်ရှိုင်းဆုံးသော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ကောင်းစွာ သိလိုက်၏။

​သူက ခေါင်းမော့ကာ ချုံကျန်းဧကရာဇ်အား ကြည့်လိုက်လေသည်။ "အရှင်မင်းကြီး... ဒီလူကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ရပါမယ်။ မဟုတ်ရင် အဆုံးမဲ့ ဒုက္ခတွေ ဆက်တိုက်ကြုံရလိမ့်မယ်..."

​ချုံကျန်းဧကရာဇ်က ဤသဘောတရားကို ကောင်းစွာ သိရှိထားသော်လည်း သူက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကိုယ်တော် ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ ဒါပေမဲ့..."

​"ကျွန်တော့်မှာ နည်းလမ်းရှိတယ်" ကျန်းယဲ့က ဖြတ်ပြောလိုက်၏။

​ထိုစကားကြောင့် ချုံကျန်းဧကရာဇ်၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် အရောင်လက်သွားရသည်။ "ဆရာ့မှာ ဘယ်လို ထူးဆန်းတဲ့ အကြံအစည် ရှိလို့လဲ..."

​ကျန်းယဲ့က ဖြည်းညင်းစွာ ပြောလေသည်။ "ကျွန်တော်တို့ခေတ်မှာ လိမ်လည်မှု ထောက်လှမ်းသည့်စက်လို့ခေါ်တဲ့ ကိရိယာတစ်ခု ရှိတယ်။ အဲဒီစက်က လူတစ်ယောက် မေးခွန်းတွေကို ဖြေတဲ့အခါ အဖြေတွေ မှန်၊ မမှန် ဆိုတာကို သူတို့ရဲ့ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ အရေပြားရဲ့တုံ့ပြန်မှု စတဲ့ ဇီဝကမ္မပြောင်းလဲမှုတွေကို စောင့်ကြည့်ပြီး ဆုံးဖြတ်ပေးနိုင်တယ်။ ရာနှုန်းပြည့် တိကျတယ်လို့ မဆိုနိုင်ပေမယ့် စိတ်ထဲမှာ အပြစ်ရှိနေတဲ့သူတွေအပေါ်မှာတော့ အမြဲတမ်းထိရောက်တယ်...."

​"လိမ်လည်မှု ထောက်လှမ်းတဲ့စက်... ဟုတ်လား..."

​ချုံကျန်းဧကရာဇ်သည် ဤမရင်းနှီးသော စကားလုံးကို ထပ်ခါတလဲလဲ ရေရွတ်လိုက်၏။ သူသည် ၎င်း၏ အလုပ်လုပ်ပုံကို အပြည့်အဝ နားမလည်နိုင်သော်လည်း အမှန်နှင့် အမှားကို ခွဲခြားနိုင်စွမ်းရှိသည်ဆိုသည့် အချက်ကပင် သူ့ကို ဆွဲဆောင်ရန် လုံလောက်နေချေသည်။

​"ဆရာ ပြောတာ တကယ်လား... ဒီအရာက တကယ်ပဲ သစ္စာရှိတာနဲ့ သစ္စာဖောက်တာကို ခွဲခြားပေးနိုင်သလား..."

​"လုံးဝ အမှားကင်းတယ်လို့ မဆိုလိုပေမယ့် စိတ်ထဲမှာ အပြစ်ရှိနေတဲ့သူတွေကို ဖော်ထုတ်ဖို့အတွက်တော့ လုံလောက်ပါတယ်..." ကျန်းယဲ့က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

​ရုတ်တရက် ကျန်းယဲ့ဟာ သူ၏နဖူးကို ရိုက်လိုက်ပြီး ချုံကျန်းကို ပြောလိုက်ပြန်သည်။ "အရှင်မင်းကြီး... တိုက်ဆိုင်လိုက်တာဗျာ။ အခု ကျွန်တော်တို့နဲ့အတူ လာတဲ့လူတွေထဲမှာ လီလင်လို့ခေါ်တဲ့ ကျွမ်းကျင်ပညာရှင် အမျိုးသမီးတစ်ဦး ပါလာတယ်။ သူမရဲ့ အလုပ်အကိုင်က... မှုခင်းစိတ်ပညာရှင်ပဲ..."

​ချုံကျန်း၏ နားမလည်သော အမူအရာကို မြင်သောအခါ ကျန်းယဲ့က ရိုးရှင်းစွာ ရှင်းပြလိုက်လေသည်။ "ယေဘုယျပြောရရင် သူမက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင်တယ်။ အထူးသဖြင့် လူတစ်ယောက် လိမ်ပြောနေသလား ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိနေသလားဆိုတာကို သူတို့ရဲ့ စကား၊ အပြုအမူနဲ့ မျက်နှာအမူအရာ အသေးစိတ်လေးတွေကို ကြည့်ပြီး ဆုံးဖြတ်ပေးနိုင်တဲ့ နေရာမှာ အလွန်တော်တယ်။ သူမက ဒီနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်ပဲ...."

​"လိမ်လည်မှု ထောက်လှမ်းတဲ့စက်နဲ့ လီလင်ရဲ့ ကျွမ်းကျင်မှုပိုင်း ဆုံးဖြတ်ချက်၊ ဒီနှစ်ခုပေါင်းစပ်လိုက်ရင် ရာနှုန်းပြည့်အမှားကင်းတယ်လို့ မဆိုနိုင်ရင်တောင် သံသယရှိသူအများစုကို စစ်ထုတ်ဖို့ ဖြစ်နိုင်ခြေတွေကို အများကြီး ကျဉ်းမြောင်းသွားစေဖို့နဲ့ သစ္စာဖောက်ဖြစ်နိုင်ခြေ အများဆုံးလူကို ရှာတွေ့ဖို့ လုံလောက်ပါတယ်...."

​ယင်းကိုကြားသော် ချုံကျန်းဧကရာဇ်မှာ အလွန်ဝမ်းသာသွားရသည်။ ၎င်းက ဒုက္ခရောက်နေချိန်တွင် အချိန်ကိုက်ရောက်လာသော အကူအညီပင်။

​သူက ဘေးနားရှိ မိန်းမစိုးအား ချက်ချင်း အမိန့်ပေးလိုက်၏။ "မြန်မြန်... အဲဒီ မစ်လီလင်ကို အခုချက်ချင်း သွားခေါ်ချေ။ မြန်မြန်လုပ်..."

​တစ်ချိန်တည်းမှာပင် သူက အခြားမိန်းမစိုးတစ်ဦးအား အမိန့်ပေးလိုက်ပြန်သည်။ "ကိုယ်တော့်ရဲ့ အမိန့်တော်ကို ဆင့်ဆိုလိုက်... အမတ်ချုပ်ကြီးတွေ၊ ဌာနခြောက်ခုက ဝန်ကြီးတွေနဲ့ လက်ဝဲစစ်ဆေးရေးမှူးချုပ်အပါအဝင်... မြို့တော်မှာရှိတဲ့ အဆင့်သုံးနဲ့အထက် အရာရှိအားလုံး နန်းတော်ကို ချက်ချင်း ဝင်ရောက်ခစားဖို့ ဆင့်ခေါ်လိုက်။ အချိန်ဆွဲတာမျိုး လုံးဝ မရှိစေနဲ့...."

​အမိန့်ကျသည်နှင့်တပြိုင်နက် နန်းတော်တစ်ခုလုံး ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

​အခြားတစ်ဖက်တွင်မူ မိန်းမစိုးငယ်လေးတစ်ဦးနှင့်အတူ ဧကရာဇ်ဥယျာဉ်ကို စိတ်အားထက်သန်စွာ လည်ပတ်နေသော လီလင်အား အလျင်စလို ရောက်လာသည့် အခြားမိန်းမစိုးတစ်ဦးက ရုတ်တရက် တားဆီးလိုက်ပြီး ဒါရိုက်တာကျန်းနှင့် အရှင်မင်းကြီးတို့တွင် အရေးကြီးကိစ္စရှိသဖြင့် ဧကရာဇ်၏ စာကြည့်ဆောင်သို့ ချက်ချင်းလာရန် ခေါ်ခိုင်းကြောင်း ပြောလာသည်။

​လီလင်မှာ လုံးဝ ဇဝေဇဝါဖြစ်သွားပြီး သူမဘေးရှိ အခြားခရီးသွားများကလည်း စပ်စုချင်စိတ်များဖြင့် ကြည့်နေခဲ့ကြသည်။

​"အစ်မလီ... ဘာတွေဖြစ်နေတာလဲ။ ဒါရိုက်တာကျန်းက အစ်မကို တစ်ယောက်တည်း ပြန်ခေါ်ခိုင်းတာလား.."

​သတင်းကောင်းတစ်ခုခုများ ရှိနေလို့လား။

​လီလင်က သတင်းလာပို့သော မိန်းမစိုးအား မေးလိုက်၏။ "ဒီက အစ်ကို... ဒါရိုက်တာကျန်းက ကျွန်မကို ဘာလို့ခေါ်တာလဲ သိလား..."

​မိန်းမစိုးငယ်လေးက ခေါင်းငုံ့ကာ ရိုသေစွာ ပြန်ဖြေလိုက်၏။ "သခင်မ... ကျွန်တော်မျိုးလည်း သေချာမသိပါဘူး။ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ ကိစ္စလို့တော့ ပြောပါတယ်..."

​မေးခွန်းများစွာဖြင့် ပြည့်နှက်နေသော လီလင်က မိန်းမစိုးနောက်မှနေ၍ ဧကရာဇ်၏ စာကြည့်ဆောင်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။

​နောက်ခဏ၌ ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် မျက်နှာထား တင်းမာနေသော ကျန်းယဲ့နှင့် ချုံကျန်းဧကရာဇ်တို့ကို တွေ့လိုက်ရ၏။

​သူမ ရောက်လာသည်ကို မြင်သောအခါ ကျန်းယဲ့က စကားကို ကွေ့ဝိုက်မနေတော့ဘဲ နန်းတွင်းရှိ လက်ရှိအခြေအနေ၊ သံသယရှိဖွယ်အတွင်းလူ သစ္စာဖောက်များအကြောင်းနှင့် သစ္စာရှိသူနှင့် သစ္စာဖောက်ကို ခွဲခြားရန် သူမ၏ ကျွမ်းကျင်မှုနှင့် လိမ်လည်မှု ထောက်လှမ်းသည့်စက်ကို အသုံးပြုမည့် အစီအစဉ်အကြောင်းတို့ကို အလျင်အမြန် ရှင်းပြလိုက်သည်။

​ချုံကျန်းဧကရာဇ်ကို သစ္စာဖောက်များ ဖမ်းဆီးရာတွင် ကူညီရမည်ဟု ကြားလိုက်ရသောအခါ လီလင်က ချက်ချင်းပင် တက်ကြွလာချေသည်။

​ဤသည်မှာ လွန်ခဲ့သော နှစ်လေးရာက တကယ့် လက်တွေ့စစ်မြေပြင်တွင် သူမ၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချခွင့်ရခြင်းပင်။

​တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။

​သူမသည် မည်သည့် တွေဝေမှုမျှမရှိဘဲ လိုလိုလားလားပင် သဘောတူလိုက်၏။ "ပြဿနာမရှိပါဘူး။ အရှင်မင်းကြီးနဲ့ ဒါရိုက်တာကျန်း... ဒီကိစ္စကိုသာ ကျွန်မဆီ လွှဲထားလိုက်ပါ...."

​နောင်ခေတ်မှ ဤအမျိုးသမီးက မည်မျှ ပြတ်သားပြီး စွမ်းဆောင်ရည်ကောင်းကြောင်း မြင်တွေ့ရသောအခါ ချုံကျန်းဧကရာဇ်မှာ အလွန်ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်လေသည်။ "မစ်လီ... အများကြီး ကျေးဇူးတင်ပါတယ်။ ဒီကိစ္စသာ အောင်မြင်သွားရင် ကိုယ်တော် မင်းကို ဆုလာဘ်တွေ အများကြီး ချီးမြှင့်ပါ့မယ်..."

​လီလင်က လက်ဝှေ့ယမ်းကာ ပြုံးပြီး ပြောလိုက်သည်။ "အရှင်မင်းကြီးက သဘောကောင်းလွန်းပါတယ်။ အကူအညီပေးခွင့်ရတာက ကျွန်မရဲ့ ဂုဏ်ယူစရာပါ...."

​တစ်ချိန်တည်းမှာပင် ရုတ်တရက် နန်းတော်သို့ ဆင့်ခေါ်ခံရသော အမတ်ကြီးများက ဘေးဘက်ခန်းမဆောင်တွင် စုဝေးကာ စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

​လူအများအပြားက သံသယများနှင့် မသေချာမှုများ ပြည့်နှက်နေလျက် အချင်းချင်း ကြည့်နေခဲ့ကြသည်။

​ဉာဏ်ပြေးသော အဆင့်မြင့် အရာရှိဟောင်းကြီးအချို့ကမူ အဘယ်အရာဖြစ်ပျက်နေသည်ကို ခန့်မှန်းမိနေကြပြီဖြစ်ရာ သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်သွားကြသည်။

​မကြာမီတွင် အခမ်းအနားမှူးချုပ် မိန်းမစိုးကြီး ဝမ်ချန်အန်းက ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ဘေးဘက်ခန်းမဆောင်အတွင်းသို့ ဝင်လာခဲ့သည်။ ထို့နောက် သူ၏ စူးရှသော အသံက ထွက်ပေါ်လာလေသည်။ "အရှင်မင်းကြီးရဲ့ အမိန့်တော်... အမတ်ချုပ်ကြီး ကျိုးယန်ရူကို ဧကရာဇ်ရဲ့ စာကြည့်ဆောင်ဆီ အခုချက်ချင်း ဝင်ရောက်ခစားဖို့ ဆင့်ခေါ်လိုက်ပါတယ်...."

​ကျိုးယန်ရူသည် တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများကို အလျင်စလိုမရှိ သပ်ရပ်အောင် ပြင်ဆင်ကာ ဝမ်ချန်အန်းနောက်မှနေ၍ ဘေးဘက်ခန်းမဆောင်ထဲမှ ထွက်သွားလိုက်သည်။

​ဧကရာဇ်၏ စာကြည့်ဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ကျိုးယန်ရူ၏ အကြည့်က အခန်းအလယ်ရှိ ကေဘယ်ကြိုးများစွာဖြင့် ဆက်သွယ်ထားသော ပုံစံထူးဆန်းသည့် ကိရိယာဆီသို့ ချက်ချင်း ရောက်ရှိသွား၏။ ထိုအရာက ပတ်ဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းများကြားတွင် လုံးဝ ကွဲပြားခြားနားနေချေသည်။

​သူက အကြည့်ကို တည်ငြိမ်စွာ ရုပ်သိမ်းလိုက်ပြီး သင့်လျော်သော ဂါရဝပြုမှုကို ဦးစွာ ပြုလုပ်လိုက်၏။ "ကျွန်တော်မျိုး ကျိုးယန်ရူ... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်.."

​ချုံကျန်းဧကရာဇ်က ပြုံးကာ လက်ဖြင့် အနည်းငယ် အချက်ပြလိုက်သည်။ "ထပါ... အမတ်ကြီးကျိုး။ ဒီနေ့ မင်းကို ဆင့်ခေါ်လိုက်တာက တခြားကြောင့်မဟုတ်ဘူး... မေးခွန်းနည်းနည်း မေးချင်လို့ပါ။ စိုးရိမ်မနေပါနဲ့"

​ထိုအချိန်တွင် လီလင်သည် ပညာရှင်ပီသသော အပြုံးတစ်ခုဖြင့် ရှေ့သို့ထွက်လာပြီး ကျိုးယန်ရူအား ယဉ်ကျေးစွာ ပြောလိုက်၏။ "အမတ်ကြီးကျိုး... မင်္ဂလာပါ။ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။ အမတ်ကြီးရဲ့ ခန္ဓာကိုယ်မှာ ဒီကိရိယာကို တပ်ဆင်ဖို့ လိုအပ်လို့ပါ.."

​သူမက လိမ်လည်မှု ထောက်လှမ်းသည့်စက်ကို လက်ညှိုးထိုးပြလိုက်သည်။

​ကျိုးယန်ရူက ဤအရာက မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း ကျန်းယဲ့ယူဆောင်လာသော နောင်ခေတ်မှ ရှားပါးရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ရမည်ဟု သူ သိလိုက်၏။

​အာရုံခံကိရိယာများကို သူ၏ခန္ဓာကိုယ်တွင် ကျွမ်းကျင်စွာ တပ်ဆင်ပေးနေစဉ် လီလင်က ညင်သာသော လေသံဖြင့် ရှင်းပြလိုက်လေသည်။ "အမတ်ကြီးကျိုး... စိုးရိမ်နေဖို့ မလိုပါဘူး။ ဒီကိရိယာကို လိမ်လည်မှု ထောက်လှမ်းတဲ့စက်လို့ ခေါ်ပါတယ်။ အမတ်ကြီးအနေနဲ့ စိတ်ကို လျှော့ထားပြီး အရှင်မင်းကြီးရဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဆိုပေးဖို့ပဲ လိုပါတယ်။ အမတ်ကြီး ပြောတဲ့စကားတွေက အမှန်တရားဖြစ်နေသရွေ့ ဘာပုံမှန်မဟုတ်တာမှ ပြသမှာ မဟုတ်ပါဘူး။ စိတ်ကို လျှော့ထားပါ..."

​သို့သော် ဤအားပေးစကားကပင် ကျိုးယန်ရူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေချေသည်။

​ချီး.... လိမ်လည်မှု ထောက်လှမ်းတဲ့စက်... ဟုတ်လား။

​ဒီနောင်ခေတ်က ပစ္စည်းတွေက လူတွေရဲ့ နှလုံးသားထဲက အစစ်အမှန် သဘောသဘာဝကို တကယ်ပဲ ဖော်ထုတ်ပေးနိုင်တာလားဟ.....

အခန်း ၂၈၆ပြီး၏။

All Chapters