← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း (၂၉၄) ငါမကြောက်ဘူး... ငါ့မှာ ဒါရိုက်တာကျန်းရှိတယ်

​စီအိုင်အေအေးဂျင့်က အထင်သေးဟန်အပြည့်ဖြင့် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏အော်ဟစ်နေမှုများကို လုံးဝလျစ်လျူရှုကာ ဖုန်းကိုကောက်ကိုင်၍ အပြင်သို့ ထွက်သွားရန် ပြင်လိုက်သည်။

​ဤကဲ့သို့ လူ့အခွင့်အရေးအား ဂရုမစိုက်သည့် လုပ်ရပ်က ကယ်ဗင်အား အကြီးအကျယ် ဒေါသထွက်သွားစေ၏။

​ကယ်ဗင်က နေရာမှ ခုန်ထကာ ထွက်သွားသည့် အေးဂျင့်၏ ကျောပြင်ကိုကြည့်၍ ဟိန်းဟောက်လိုက်သည်။ "မင်းတို့သာ ငါ့ဖုန်းကိုထိဖို့ ဒါမှမဟုတ် ငါ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူဖို့ ရဲကြည့်လိုက်လေ... ငါ အခုချက်ချင်း ဒါရိုက်တာကျန်းကို လှမ်းပြောလိုက်မယ်... မင်းတို့ စောင့်သာကြည့်နေလိုက်။"

​ထိုစကားကြောင့် ထွက်သွားတော့မည့် အေးဂျင့်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး အခန်းထဲရှိ အခြားအေးဂျင့်များ၏ မျက်နှာများမှာလည်း ချက်ချင်း မှောင်မိုက်သွားကြသည်။

​သူတို့၏ တင်းကျပ်စွာ ထိန်းချုပ်ထားသည့် နယ်မြေထဲ၌ ဤကောင်လေးက ထိုနာမည်အား ထုတ်ဖော်ကာ သူတို့ကို ခြိမ်းခြောက်လာဝံ့လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

​ဒေါသကြီးသည့် အေးဂျင့်တစ်ယောက်က ရုတ်တရက် လှည့်လာပြီး ကယ်ဗင်၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ နံရံနှင့် ဆောင့်ဖိလိုက်၏။ ထို့နောက် သူ၏မျက်နှာကို ကယ်ဗင်၏မျက်နှာနားသို့ ကပ်ကာ တိုးညှင်းသောအသံဖြင့် ခြိမ်းခြောက်လိုက်သည်။

​"ကောင်လေး... ငါပြောတာ သေချာနားထောင်စမ်း။ မင်းက အခု ငါတို့လက်ထဲမှာပဲ ရှိနေတာ။ အဲ့ဒီ ဒါရိုက်တာကျန်းဆိုတဲ့ကောင်က တကယ်ပဲ ထူးကဲတဲ့စွမ်းရည်တွေ ရှိနေရင်တောင်မှ အခုအချိန်မှာ မင်းကို လာမကယ်နိုင်ဘူးကွ။ မင်း လိမ္မာပါးနပ်စွာနဲ့ ငါတို့နဲ့ ပူးပေါင်းတာက ပိုကောင်းလိမ့်မယ်..."

​ကော်လာကို တင်းကျပ်စွာ ဆွဲကိုင်ခံထားရသဖြင့် ကယ်ဗင်မှာ အသက်ရှူရ အနည်းငယ် ခက်ခဲနေခဲ့သည်။ တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရချိန်၌ ကယ်ဗင်မှာ ထိတ်လန့်သွားခဲ့ရသော်လည်း ကျန်းယဲ့၏ စကားများကို ပြန်လည်သတိရလိုက်မိ၏။

​သူက အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး အသံမှာ တုန်ယင်နေသော်လည်း အပြင်ပန်းတွင် မထီမဲ့မြင်ဟန်ဖြင့် တုံ့ပြန်လိုက်လေသည်။ "မင်းတို့... မင်းတို့ ငါ့ဆံပင်တစ်မျှင်ကိုတောင် ထိရဲရင် ထိကြည့်လိုက်လေ။ ဒါရိုက်တာကျန်းက သေချာပေါက် သိသွားမှာပဲ။ သူကိုယ်တိုင် ပြောထားပြီးသား။ ခင်ဗျားတို့ သူ့ကို သွားမစိန်ခေါ်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့... မဟုတ်ရင်တော့ ခင်ဗျားတို့ရဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်..."

​ကယ်ဗင်အား အမှန်တကယ် ပညာပေးတော့မည့်အလား အေးဂျင့်၏ မျက်ဝန်းများက ပို၍ အန္တရာယ်များလာချိန်၌ စစ်ကြောရေးအခန်းထဲရှိ အသံချဲ့စက်မှ တည်ငြိမ်ကာ အာဏာပါသည့် အမျိုးသမီးတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ "တော်လောက်ပြီ... သူ့ကို လွှတ်ပေးလိုက်။ အားလုံး တည်တည်ငြိမ်ငြိမ် နေကြပါ။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်လုပ်ပါ..."

​အရေးယူဆောင်ရွက်တော့မည့် အေးဂျင့်မှာ သူ၏ နားကြပ်ထဲမှ ရှင်းလင်းသည့် ညွှန်ကြားချက်များ ဝင်ရောက်လာသောကြောင့် ချက်ချင်းပင် အေးခဲသွားရသည်။

​မကျေနပ်မှုနှင့် ဒေါသတို့က သူ၏မျက်နှာထက်တွင် ဖြတ်ပြေးသွားသော်လည်း သူက ကယ်ဗင်၏ ကော်လာကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး ရက်စက်စွာ စိုက်ကြည့်ကာ တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်၏။

​ကယ်ဗင်မှာ နံရံကိုမှီလျက် အသက်ကို ပြင်းပြင်းရှူနေရပြီး သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်လာလေသည်။

​သို့သော် သူ၏ စိတ်ထဲ၌ လွန်စွာ သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရပြီး ဝမ်းသာမှုနှင့် ဂုဏ်ယူမှုလှိုင်းလုံးများပင် ပြည့်နှက်လာခဲ့ချေသည်။

​တကယ်ပဲ... ဒါရိုက်တာကျန်းရဲ့ နာမည်ကို ထုတ်သုံးလိုက်တာက တကယ် အလုပ်ဖြစ်တာပဲ...

​ဒီလူတွေက နောက်ဆုံးတော့လည်း ကြောက်နေကြတာပဲကိုး။

​မျက်နှာပျက်နေသည့် အေးဂျင့်က ကယ်ဗင်၏ ဖုန်းကို မလိုလားစွာဖြင့် ပြန်ပေးလိုက်ရသည်။

​ကယ်ဗင်က သူ၏ဖုန်းကို ပြန်ယူလိုက်ပြီး ဤဖုန်းအား နောက်တစ်ကြိမ် မည်သည့်အခါမျှ ထုတ်မပြတော့ရန်နှင့် သူတို့အား မည်သည့်အရာကိုမျှ မပြသတော့ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

​စစ်ဆေးမေးမြန်းမှုက ဆက်လက် စတင်လာခဲ့သည်။

​အေးဂျင့်များက အသေးစိတ်အချက်အလက်များကို အာရုံစိုက်ကာ စတင်မေးမြန်းလာကြ၏။ "မင်းတို့က အဲ့ဒီ မင်းဆက်တွေဆိုတဲ့နေရာမှာ အတိအကျ ဘာတွေလုပ်ခဲ့ကြတာလဲ။ အထူးသဖြင့် ကျန်းယဲ့က အဓိက ဘာတွေလုပ်ခဲ့သလဲ..."

​ကယ်ဗင်က ပခုံးတွန့်လိုက်ပြီး လွန်စွာ ပေါ့ပျက်ပျက်နိုင်သော လေသံဖြင့် ပြန်ဖြေလိုက်၏။ "ထူးထူးခြားခြား ဘာမှမရှိပါဘူး... သွားလည်ရုံသက်သက်ပဲ..."

​စုံထောက်ဖြစ်သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဒေါသကို မနည်းထိန်းချုပ်ကာ "သွားလည်တယ်ဟုတ်လား။ ဘယ်လို သွားလည်တာလဲ။ ဘာတွေ သွားလည်တာလဲ။"

​"ဒီတိုင်း ရှုခင်းတွေကြည့်တယ်... ရှေးဟောင်းနေရာတွေကို လည်ပတ်တယ်လေ... အော် ဒါနဲ့ ငါ ချင်မင်းဆက်နယ်မြေထဲက လမ်းတွေပေါ်မှာတောင် လမ်းလျှောက်ခဲ့သေးတယ်" ကယ်ဗင်က ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလိုက်သည်။

​"အခြား ဘာရှိသေးလဲ...." အေးဂျင့်က ဖိအားပေးလိုက်ပြီး သူ၏လေသံမှာ အေးစက်လာခဲ့သည်။

​"ဒီလောက်ပါပဲ..." ကယ်ဗင်က သူသိသမျှက ဒါအကုန်ပဲဟု ဆိုလိုသည့်အလား ပခုံးတွန့်ပြလိုက်၏။

​သူ၏ သိသာထင်ရှားလှသည့် ပေါ့ပျက်ပျက်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် အမူအရာက စစ်ကြောရေးအခန်းထဲရှိ ဒေါသကြီးသော စုံထောက်တစ်ဦးအား အကြီးအကျယ် ဒေါသထွက်သွားစေခဲ့သည်။

​ထိုလူက စားပွဲကို သူ၏လက်သီးဖြင့် ဒိုင်းခနဲ အသံထွက်သည်အထိ ထုချလိုက်ပြီး နေရာမှမတ်တပ်ရပ်ကာ ကယ်ဗင်၏ နှာခေါင်းကို လက်ညှိုးထိုးလျက် အော်ဟစ်လိုက်၏။ "မင်း သေသေချာချာ ဖြေစမ်း... အကုန်ပြောစမ်း။ ငါတို့က မင်းကို ဘာမှလုပ်လို့မရဘူးလို့ မထင်နဲ့ကွ..."

​ကယ်ဗင်မှာ ရုတ်တရက် ဒေါသပေါက်ကွဲမှုကြောင့် လန့်ဖျပ်သွားခဲ့သော်လည်း ကျန်းယဲ့၏ ကတိစကားကို ပြန်အမှတ်ရလိုက်ချိန်၌ သူ၏ သတ္တိများ ပြန်လည်ရောက်ရှိလာခဲ့ချေသည်။

​သူက တမင်တကာ မျက်လုံးလှန်ပြလိုက်ပြီး ယုံကြည်ချက်ရှိစွာဖြင့် တုံ့ပြန်လိုက်၏။ "ငါက အမှန်တရားကိုပဲ ပြောနေတာလေ။ မင်းတို့ မယုံဘူးလား။ ဒါဆိုလည်း ဒါရိုက်တာကျန်းဆီ ဖုန်းဆက်ပြီး သူ့ကိုသာ မေးကြည့်လိုက်တော့။ သူ ဘာပြောလဲဆိုတာ ကြည့်လိုက်လေ... ငါ့ကိုလာမေးနေတော့ရော ဘာထူးမှာလဲ"

​"မင်း..." အေးဂျင့်မှာ အလွန်ဒေါသထွက်သွားသဖြင့် မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။ သူက ကယ်ဗင်အား ချက်ချင်း ပညာပေးချင်နေသော်လည်း သူ၏ အထက်လူကြီး ညွှန်ကြားချက်နှင့် နက်နဲဆန်းကြယ်လှသည့် ဒါရိုက်တာကျန်းဆိုသည့် နာမည်ကို တွေးမိလိုက်ချိန်၌ မလှုပ်ရှားရဲတော့ဘဲ အံကြိတ်ကာ နေရာတွင် ပြန်ထိုင်လိုက်ရသည်။

​တစ်ဖက်မှန်၏ အနောက်ဘက်ရှိ စောင့်ကြည့်ရေးအခန်းထဲတွင်လည်း အလားတူပင် လေထုမှာ တင်းမာနေခဲ့၏။

​ကယ်ဗင်၏ အလျှော့မပေးသည့် အမူအရာကို မြင်လိုက်ရသဖြင့် မတ်ခ်က စိတ်တိုစွာဖြင့် ပြောလိုက်လေသည်။ "ဒါက အလုပ်မဖြစ်ဘူး။ ဒီကောင်လေးက အဓိပ္ပါယ်မရှိတာတွေပဲ လျှောက်ပြောနေတာ... သူ့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုလေးတောင် ရနိုင်မှာမဟုတ်ဘူး။ ဒီနေရာမှာ ဘယ်သူက အကြီးအကဲလဲဆိုတာ သူသိသွားအောင် ငါတို့ သူ့ကို ပညာလေးနည်းနည်းတော့ ပေးမှဖြစ်မယ်"

​ဤကိစ္စအား တာဝန်ယူထားသည့် ကတ်သရင်းက ခေါင်းလှည့်လာပြီး မတ်ခ်အား အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။ "မတ်ခ်... ရှင် မစ္စတာကျန်းယဲ့ရဲ့ သတိပေးချက်ကို မေ့နေပုံရတယ်..."

​မတ်ခ်က ဂရုမစိုက်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ "သတိပေးချက် ဟုတ်လား... ငါတို့က ပစိဖိတ်သမုဒ္ဒရာကြီး တစ်ခုလုံးခြားနေတဲ့နေရာမှာလေ။ ငါတို့ တစ်ခုခုလုပ်လိုက်ရင်တောင် သူက ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူက ဒီနေရာကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ်လို့ ထင်နေတာလား။"

​အနီးတွင် ရပ်နေသည့် ဝီလ်စမစ်က မနေနိုင်တော့ဘဲ ဝင်မေးလိုက်၏။ "မတ်ခ်... အချိန်နဲ့ ဟင်းလင်းပြင်ကို စိတ်ကြိုက် ဖြတ်သန်းသွားလာနိုင်တဲ့ လူတစ်ယောက်အတွက် အကွာအဝေးဆိုတာက အဟန့်အတား တစ်ခုဖြစ်နေဦးမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား...."

​သူက ဆက်၍ "တကယ်လို့ ငါတို့သာ စည်းမျဉ်းတွေကိုချိုးဖောက်ပြီး သူ့ကို ဒေါသထွက်စေလို့ ငါတို့တွေကို လုံးဝ ဖယ်ကြဉ်သွားခဲ့ရင် အဲ့ဒီ တာဝန်ကို မင်း ယူရဲသလား" ဟု ပြောလိုက်၏။

​"တခြားနိုင်ငံက နိုင်ငံသားတွေက အဲ့ဒီလိုမျိုး ခရီးသွားခြင်းတွေကနေတစ်ဆင့် ခေတ်ထက်စောနေတဲ့ အသိပညာတွေ၊ နည်းပညာတွေနဲ့ စွမ်းအားတွေကိုတောင် ရရှိနေချိန်မှာ ငါတို့နိုင်ငံက လူတွေကတော့ ပါဝင်ခွင့် ပိတ်ပင်ခံထားရတယ်လို့ တစ်ချက်လောက် စိတ်ကူးကြည့်စမ်းပါ...."

​"နှစ်အနည်းငယ်အတွင်းမှာတင် ငါတို့က နယ်ပယ်ပေါင်းစုံမှာ အဝေးကြီး နောက်ကောက်ကျန်ရစ်နေခဲ့လိမ့်မယ်။ အဲ့ဒါက ကပ်ဘေးကြီးတစ်ခုပဲ..."

​မတ်ခ်က ပါးစပ်ဟကာ ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း ကတ်သရင်းက သူ့ကို တိုက်ရိုက်ဖြတ်ပြောကာ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်လေသည်။ "ဒီကိစ္စကို ဆွေးနွေးစရာ မလိုတော့ဘူး။ အန္တရာယ်က ရနိုင်ခြေရှိတဲ့ အကျိုးအမြတ်ထက် အများကြီး ပိုများနေတယ်။ ငါတို့အနေနဲ့ ကျန်းယဲ့ကို စော်ကားမိမယ့် အန္တရာယ်မျိုးကို လုံးဝ မစွန့်စားနိုင်ဘူး... ပြီးတော့လည်း မစွန့်စားရဲဘူး။ ကယ်ဗင်ကို လွှတ်ပေးလိုက်ပြီး စစ်ဆေးမေးမြန်းမှုတွေကို အဆုံးသတ်လိုက်တော့..."

​နောက်ဆုံးတွင်တော့ နာရီပေါင်းများစွာကြာအောင် အကျိုးမရှိဘဲ လွန်စွာ စိတ်ပျက်ဖွယ်ကောင်းလှသည့် စစ်ဆေးမေးမြန်းမှုများအပြီး၌ ကယ်ဗင်အား ထွက်သွားနိုင်ပြီဖြစ်ကြောင်း တရားဝင် အသိပေးလိုက်တော့သည်။

​ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေသော ထိုအဆောက်အအုံထဲမှ ထွက်လာပြီး လွတ်လပ်သော လေကို ရှူရှိုက်လိုက်ရချိန်၌ ကယ်ဗင်မှာ လုံးဝကို သက်သာရာရသွားကာ လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

​သူက အရောင်အသွေးမဲ့နေသော အဆောက်အအုံကြီးအား နောက်သို့ ပြန်လည်လှည့်ကြည့်လိုက်ပြီး ကြောက်ရွံ့မှုအစား အောင်ပွဲခံနိုင်လိုက်သကဲ့သို့ ကျေနပ်မှုကိုသာ ခံစားနေရချေသည်။

​ဤအချိန်၌ ကျန်းယဲ့အပေါ် သူ၏ လေးစားအားကျမှုနှင့် ယုံကြည်မှုတို့မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အမြင့်ဆုံးအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။

​"ဒါရိုက်တာကျန်းက တကယ့်ကို အမိုက်စားပဲ... "

​သူက စိတ်ထဲမှ မနေနိုင်ဘဲ ကြွေးကြော်လိုက်မိပြီး နယူးယောက်မြို့၏ လမ်းမများထက်ရှိ လူအုပ်ကြီးထဲသို့ ပေါ့ပါးစွာ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

​ကယ်ဗင်ထွက်သွားပြီးနောက် စစ်ကြောရေးအခန်း၏ အပြင်ဘက်နှင့် အထဲရှိ စီအိုင်အေအရာရှိများမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြပြီး လေထုမှာလည်း လေးလံလာခဲ့၏။

​ဝီလ်စမစ်က ယခင်က တစ်ခါမှ မရှိခဲ့ဖူးသည့် အလောတကြီးလေသံဖြင့် တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်သည်။ "လူကြီးမင်းတို့... အရင်က ခန့်မှန်းချက်တွေကို အခုဆိုရင် ပယ်ဖျက်လိုက်လို့ ရပြီ။ ငါတို့လူတွေက နေရာတစ်ခုကို လုံးဝ မရနိုင်တာမျိုး မဟုတ်ဘူးဆိုတာကို ကယ်ဗင်က အရှင်လတ်လတ် သက်သေပြနေတာပဲ။ ဒါပေမဲ့ ဒါက ပြိုင်ဆိုင်မှုတွေက ယခင်ကထက် ပိုပြီး ပြင်းထန်လာလိမ့်မယ်ဆိုတာကို ဆိုလိုနေတယ်။ ငါတို့အစိုးရရဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်လေးတွေနဲ့ တရုတ်နိုင်ငံရဲ့ ဘီလီယံချီတဲ့ လူဦးရေကို ယှဉ်ပြိုင်ဖို့ဆိုတာက လုံးဝကို စိတ်ကူးယဉ် အိပ်မက်တစ်ခုသက်သက်ပဲ...."

အခန်း ၂၉၄ပြီး၏။

All Chapters