← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း (၂၉၆) အထူးရေးရာဗျူရို အွန်လိုင်းပေါ် ရောက်ရှိလာခြင်း

​တရုတ်နိုင်ငံရှိ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရို၏ ဌာနချုပ်တွင်။

​ဝန်ထမ်းတစ်ဦးက မစ္စတာကျန်း၏ ရုံးခန်းထဲသို့ အလျင်စလို ဝင်လာပြီး အစီရင်ခံစာတစ်ခုကို ကမ်းပေးလိုက်၏။ "မစ္စတာကျန်း... အမေရိကန်က တရားဝင် သတင်းထုတ်ပြန်ချက်တစ်ခုကို အခုလေးတင်ပဲ ထုတ်ပြန်လိုက်ပါတယ်။ ဒါက အချိန်နဲ့ ဟင်းလင်းပြင်ခရီးသွားခြင်း တည်ရှိကြောင်းကို အသိအမှတ်ပြုလိုက်တာနဲ့ အတူတူလောက်ပါပဲ.. ပြီးတော့ သူတို့ရဲ့ ပြည်သူတွေကိုလည်း အလုအယက် ဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်..."

​ညွှန်ကြားရေးမှူးချုပ်ကျန်းက အစီရင်ခံစာကို ယူ၍ အမြန် ဖတ်ရှုလိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် အရာရာကို သိမြင်နေသကဲ့သို့နှင့် အနည်းငယ် လှောင်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ "ဟက်... ဒီကောင်တွေက အခြေအနေကို ဘယ်လို အမြတ်ထုတ်ရမလဲဆိုတာကိုတော့ သေချာ သိကြတာပဲ။ သူတို့ရဲ့ ပြည်တွင်းအကဲဖြတ်မှုတွေ လုပ်ပြီးနောက်မှာ ဒါကို ဆက်ပြီး လျှို့ဝှက်ထားလို့ မရတော့ဘူးဆိုတာကို သဘောပေါက်သွားတဲ့ပုံပဲ...."

​လက်အောက်ငယ်သားဖြစ်သူက မေးလိုက်သည်။ "ညွှန်ကြားရေးမှူးချုပ်ကျန်း... ကျွန်တော်တို့ရော လိုက်လုပ်ပြီးတော့ တရားဝင် ထုတ်ပြန်ချက် တစ်ခုခု ထုတ်သင့်သလား...."

​ညွှန်ကြားရေးမှူးချုပ်ကျန်းက စားပွဲကို သူ၏လက်ချောင်းများဖြင့် ဖွဖွခေါက်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ဉာဏ်ပညာ ကြီးမားသော အရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွားခဲ့၏။ "ငါတို့ရဲ့ အချိန်နဲ့ ဟင်းလင်းပြင် ရေးရာ အထူးညှိနှိုင်းရေးဗျူရိုကလည်း ကန့်လန့်ကာ နောက်ကွယ်ကနေ ထွက်လာပြီးတော့ ကမ္ဘာကြီးကို သိခွင့်ပေးရမယ့် အချိန်ရောက်နေပြီလေ။ ပြည်သူတွေကို ဒီတိုင်းကြီး အမြဲတမ်း ခန့်မှန်းနေခိုင်းလို့တော့ မဖြစ်ဘူး..."

​ဤစကားကို ကြားလိုက်ရသဖြင့် လက်အောက်ငယ်သားဖြစ်သူက ချက်ချင်း သဘောပေါက်သွားရသည်။ "နားလည်ပါပြီ... ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်..."

​နာရီဝက်ပင် မကြာလိုက်ချေ။ တရုတ်နိုင်ငံရှိ အဓိက ပင်မ အွန်လိုင်းဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုဟူသော အမည်ဖြင့် တရားဝင်အကောင့်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

​ထိုအကောင့်၏ တရားဝင် အတည်ပြုချက် အချက်အလက်မှာ လွန်စွာတိုတောင်းလှသော်လည်း ကြီးမားလှသော ဩဇာအာဏာ ပါဝင်နေ၏။ [ အချိန်နှင့် ဟင်းလင်းပြင် ရေးရာ အထူးညှိနှိုင်းရေးဗျူရို ]

​အသုံးပြုသူ အရေအတွက် အများဆုံးရှိသော တိုရင် ပလက်ဖောင်းပေါ်တွင်တော့ ဤအကောင့်သစ်ထံမှ ပထမဆုံးပို့စ်တစ်ခုက အင်တာနက် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ချေပြီ။

​ထိုပို့စ်၏ စာသားများတွင် ရှည်လျားလှသော တရားဝင် စကားလုံးများ သို့မဟုတ် လေးနက်သော ကြေညာချက်များ မပါဝင်ဘဲ လွန်စွာ ပေါ့ပေါ့ပါးပါးနှင့် အနည်းငယ် နောက်ပြောင်ချင်သည့်ဟန် ပါနေသော မေးခွန်းတစ်ခုသာ ပါဝင်လေသည်။

​"@ရီယဲ့ခရီးသွားအေဂျင်စီ.... လမ်းပြကျန်းရေ... နောက်ထပ်သွားမယ့် ရှုခင်းနေရာက ဘယ်မှာလဲ။ ကျွန်တော်လည်း လိုက်ချင်တယ်... "

​တွဲတင်ထားသော ပုံမှာတော့ အဖွဲ့အစည်း၏ တရားဝင်အမည်နှင့်အတူ လေကြောင်းအာကာသဆိုင်ရာ သင်္ကေတများကို ရှေးဟောင်းတိမ်တိုက်ပုံစံများနှင့် ရောစပ် ပုံဖော်ထားသည့် လိုဂိုတစ်ခုပင်။

​ဤပို့စ်ကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် နိုင်ငံတကာ သတင်းများကြောင့် ဆူညံပွက်လောရိုက်နေခဲ့ကြသော တရုတ်အင်တာနက် အသုံးပြုသူများမှာ ချက်ချင်းပင် ဆွံ့အ မှင်တက်သွားကြရသည်။

​[ အင်တာနက် အသုံးပြုသူ ၁ ] : " ခဏလေး.... ငါ့မျက်စိတွေများ မှားနေတာလား။ အချိန်နဲ့ ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုတဲ့လား။ အဲ့ဒါက ဘယ်လိုဌာနမျိုးလဲ။ အရင်က တစ်ခါမှ မကြားဖူးပါဘူး....."

​[ အင်တာနက် အသုံးပြုသူ ၂ ] : "@ရီယဲ့ ခရီးသွားအေဂျင်စီ... ပြီးတော့ ဒါရိုက်တာကျန်းဟုတ်လား။ ဒီလေသံက... ငါတို့ တွေးထားသလိုများ ဖြစ်နေမလား။ တရားဝင်အကောင့်ကိုယ်တိုင်က ဒီ Memeထဲမှာ ဝင်ပါလာတာလား...."

​[ အင်တာနက် အသုံးပြုသူ ၃ ] : "ဒါ အတုကြီးလား။ အကောင့်တု တစ်ခုခုပဲ ဖြစ်ရမယ်။ တရားဝင်အကောင့်က ဘယ်လိုလုပ် ဒီလောက်ချစ်စရာကောင်းနေရမှာလဲကွ... "

​နိုင်ငံတော် အဖွဲ့အစည်းတစ်ခုကို အယောင်ဆောင်ရလောက်အောင် ရဲတင်းလွန်းလှသည်ဟု ထင်မှတ်ကာ ရေတွက်၍မရနိုင်သော လူများစွာက ဤအကောင့်၏ မှန်ကန်မှုကို သံသယဝင်နေကြချိန်မှာပင်...

​လူတိုင်း၏ မျက်စိရှေ့တွင်ပင် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ်၊ CCTV သတင်းဌာနနှင့် ပြည်သူ့နေ့စဉ်သတင်းစာ အစရှိသော ဩဇာကြီးမားလှသည့် တရားဝင် ပင်မမီဒီယာကြီးများက တိုင်ပင်ထားကြသည့်အလား ထိုပို့စ်၏ အောက်ရှိ မှတ်ချက်ပေးသည့်နေရာသို့ အပြေးအလွှား လာရောက်ကာ တညီတညွတ်တည်း မှတ်ချက်များ ဝင်ရေးသွားကြလေသည်။

​[ ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဗဟိုကော်မတီ ] : "လုပ်ဖော်ကိုင်ဖက်သစ်ကို ကြိုဆိုပါတယ်... @အချိန်နှင့် ဟင်းလင်းပြင် ရေးရာ အထူးညှိနှိုင်းရေးဗျူရို - @ရီယဲ့ခရီးသွားအေဂျင်စီ..."

​[ CCTV သတင်းဌာန ] : "ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ်။ @အချိန်နှင့် ဟင်းလင်းပြင် ရေးရာ အထူးညှိနှိုင်းရေးဗျူရို..."

​[ ပြည်သူ့နေ့စဉ်သတင်းစာ ] : "Follow လုပ်ပြီးပါပြီ... @အချိန်နှင့် ဟင်းလင်းပြင် ရေးရာ အထူးညှိနှိုင်းရေးဗျူရို..."

​အဓိက တရားဝင် မီဒီယာကြီးများ၏ ဤလှုပ်ရှားမှုက အခိုင်မာဆုံးသော အတည်ပြုချက်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး သံသယများအားလုံးကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်လေသည်။

​အင်တာနက် အသုံးပြုသူများ အပြည့်အဝ နားလည်သဘောပေါက်သွားကြပြီး လုံးဝကို ရူးသွပ်သွားကြတော့သည်။

​[ အင်တာနက် အသုံးပြုသူ ၄ ] : "ဘုရားရေ... ဒါတကယ်ကြီးပဲ။ တကယ့် တရားဝင်ဌာနကြီးပဲဟ.... နိုင်ငံတော်က အချိန်နဲ့ ဟင်းလင်းပြင်ခရီးသွားတာအတွက် သီးသန့် ဌာနတစ်ခု ဖွဲ့စည်းလိုက်တာလား..."

​[ အင်တာနက် အသုံးပြုသူ ၅ ] : "အဖြေပေါ်သွားပြီ အစ်ကိုတို့ရေ... အစိုးရက အစတည်းက သိနေခဲ့ပြီး သက်ဆိုင်ရာ ဌာနတွေတောင် ဖွဲ့စည်းထားခဲ့တာပဲ။ ဒါက ငြင်းလို့မရတဲ့ တရားဝင် သက်သေပဲ.."

​[ အင်တာနက် အသုံးပြုသူ ၆ ] : "ဟားဟားဟား... အဲ့ဒါတွေက အထူးပြုလုပ်ချက်တွေ ဒါမှမဟုတ် လူလိမ်လှည့်ကွက်တွေပါလို့ ပြောပြီး ခေါင်းမာနေခဲ့တဲ့ ကောင်တွေ ဘယ်ရောက်သွားကြပြီလဲကွ... အပြင်ထွက်လာခဲ့ကြလေ။ မင်းတို့မျက်နှာတွေ မနာကြဘူးလား။ တရားဝင်အကောင့် ကိုယ်တိုင်က ဒါရိုက်တာကျန်းကို Tag တွဲပြီး နောက်မှတ်တိုင်က ဘယ်မှာလဲလို့ မေးနေတာနော်...."

​[ အင်တာနက် အသုံးပြုသူ ၇ ] : " 'ကျွန်တော်လည်း လိုက်ချင်တယ်တဲ့... ဟားဟားဟား... တရားဝင်အကောင့်က အရမ်းချစ်စရာကောင်းတာပဲ။ ဒါပေမဲ့... ကျွန်တော့်ကိုလည်း ခေါ်သွားကြပါဦး..."

​အချိန်နှင့် ဟင်းလင်းပြင်ခရီးသွားခြင်းက အစစ်အမှန် ဟုတ်မဟုတ်နှင့် ပတ်သက်သော ယခင်က ငြင်းခုံမှုများ အားလုံးမှာ ဤအခိုက်အတန့်တွင် ရုတ်တရက် အဆုံးသတ်သွားခဲ့ချေပြီ။

​ခိုင်လုံလှသော အမှန်တရားများက ငြင်းဆန်၍ မရနိုင်တော့ပေ။

​တရုတ်အင်တာနက်ပေါ်တွင်တော့ အဆုံးသတ်မရှိသော စိတ်လှုပ်ရှားမှုများ၊ စပ်စုချင်စိတ်များနှင့် နက်နဲဆန်းကြယ်လှသော ဌာနသစ် အထူးဗျူရိုအကြောင်း အမျိုးမျိုးသော ခန့်မှန်းချက်များနှင့် Meme များကိုသာ ကျန်ရစ်စေခဲ့သည်။

​အချိန်နှင့်ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုက လူတိုင်းအား အံ့အားသင့်စေမည့် နည်းလမ်းဖြင့် ပြည်သူလူထု၏ မျက်စိရှေ့သို့ တရားဝင် ဝင်ရောက်လာခဲ့လေသည်။

​ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်တွင်...

​ကျန်းယဲ့မှာ နေ့လယ်ခင်း တစ်ရေးအိပ်ရာမှ နိုးကာစရှိသေးပြီး ဖိနပ်စီးကာ အောက်ထပ်သို့ဆင်း၍ လေညင်းခံ လမ်းလျှောက်ရန် ပြင်ဆင်နေ၏။

​သို့သော် တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လင်ရှောင်နှင့် ချန်ချင်းတို့က တံခါးခေါက်ရန် လက်ရွယ်နေသည်ကို တွေ့လိုက်ရသည်။

​"မင်းတို့နှစ်ယောက်က အနံ့ရလို့ ရောက်လာကြတာ မဟုတ်လား...." ကျန်းယဲ့က ပြုံးကာ နောက်ပြောင်လိုက်၏။ "အတော်ပဲ... ငါ အောက်ဆင်းရမှာ ပျင်းနေတာ... အပေါ်ပဲ တက်လာခဲ့ကြ...."

​သူက ထိုနှစ်ယောက်ကို အိမ်ထဲဝင်ခွင့်ပေးရန် ဘေးသို့ ဖယ်ပေးလိုက်ပြီး ကော်ဖီစားပွဲဘေးရှိ ဆိုဖာပေါ်တွင် ထိုင်ရန် တိုက်ရိုက် ဦးဆောင်ခေါ်သွားလိုက်သည်။

​"မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ..." ကျန်းယဲ့က ပြောလိုက်ပြီး နေရာမှထကာ အလွန်ကြီးမားသော ခရီးဆောင်သေတ္တာ နှစ်လုံးချထားသည့် ဧည့်ခန်းထောင့်သို့ လျှောက်သွားလိုက်သည်။ "မင်းတို့ကို ပေးစရာ ရှိတယ်..."

​သူက လေးလံလှသော ခရီးဆောင်သေတ္တာနှစ်လုံးကို လင်ရှောင်နှင့် ချန်ချင်းတို့ရှေ့သို့ တွန်းပို့လိုက်၏။ "ရော့... ဒါတွေက အစ်ကိုကျန်း... စစ်သူကြီးကောနဲ့ ချုံကျန်းဧကရာဇ်တို့က အာဏာပိုင်တွေဆီ ပို့ပေးဖို့ ငါ့ကို မှာလိုက်တဲ့ လက်ဆောင်တွေပဲ... အင်း... တန်ပြန်လက်ဆောင်တွေလို့ပဲ သတ်မှတ်လိုက်ပေါ့..."

​သူက ဆက်၍ "အန်းရှီးဘက်မှာက အခြေအနေ တော်တော် ဆိုးရွားနေတော့ ပစ္စည်းနည်းနည်းပါးပါးပဲ ပါလိမ့်မယ်... ဒါပေမဲ့ ဒါကလည်း သူတို့ရဲ့ စေတနာကို ပြသတာပါပဲ..."

​ထိုစကားကို ကြားလိုက်ရသဖြင့် လင်ရှောင်က လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ "ကျွန်တော်တို့က ဘယ်လိုလုပ် လက်ခံလို့ ရမှာလဲ။ အရင်က ကျွန်တော်တို့ အထူးဗျူရိုက ပို့ပေးခဲ့တဲ့ အကူအညီတွေက တကယ့် စေတနာအမှန်နဲ့ ကူညီပေးခဲ့တာပဲ... ကျွန်တော်တို့က အပြန်အလှန် တစ်ခုခုရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး...."

​ကျန်းယဲ့က လက်နှစ်ဖက်ကို ဖြန့်ကာ 'ငါ ဘာမှလုပ်လို့ မရဘူး' ဆိုသည့် အမူအရာကို ပြသလိုက်၏။ "မင်းတို့ရဲ့ စေတနာကို ငါ သေချာပေါက် သိတာပေါ့။ ဒါပေမဲ့ ငါက သူတို့ရဲ့ ကြင်နာမှုကို ငြင်းဆန်လို့ မရဘူးလေ... အထူးသဖြင့် အဲ့ဒီ ဧကရာဇ်နှစ်ပါးက ဒါကို ငါ့ကို အတင်းအကျပ် ပေးခဲ့ကြတာ... သူတို့က အပြန်အလှန် ကျေးဇူးဆပ်ခြင်း နဲ့ နိုင်ငံတော် လက်ဆောင်လို့ ပြောပြီး ပေးကြတော့ ငါလည်း ငြင်းလို့မရခဲ့ဘူး..."

​"ကျေးဇူးပြုပြီး စိတ်ပူမနေဘဲ လက်ခံလိုက်ပါ။ ဒါက သူတို့ရဲ့ စေတနာနဲ့ ငါ့အပေါ် သူတို့ ယုံကြည်မှုရဲ့ ပြယုဂ် တစ်ခုပါပဲ... "

​လင်ရှောင်နှင့် ချန်ချင်းတို့က အချင်းချင်း အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ကြပြီးနောက် ထပ်မံ ငြင်းဆန်နေခြင်း မပြုတော့ဘဲ လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။ "ဒါဆိုရင် အထူးဗျူရိုနဲ့ နိုင်ငံတော်ကိုယ်စား သူတို့ရဲ့ စေတနာတွေအတွက် ငါတို့ ကျေးဇူးတင်ပါတယ်...."

​ချင်ရှီဟွမ် သို့မဟုတ် ချုံကျန်းဧကရာဇ်တို့ ပေးပို့လိုက်သည့် တန်ပြန်လက်ဆောင်များက သာမန်မဟုတ်ဘဲ အဖိုးတန် ရှေးဟောင်း စာအုပ်စာပေများ၊ ရှားပါး လက်ရာများ၊ အနုပညာပစ္စည်းများနှင့် ပျောက်ဆုံးသွားသော နည်းပညာဆိုင်ရာ အချက်အလက်များပင် ပါဝင်နေပြီး ၎င်းတို့၏ ယဉ်ကျေးမှုတန်ဖိုးနှင့် သမိုင်းဝင် အရေးပါမှုတို့ကို မည်သို့မျှ တိုင်းတာ၍မရနိုင်ကြောင်းကို ကျန်းယဲ့ ကောင်းစွာ သိရှိထားပေသည်။

​ထိုအရာကို တွေးကြည့်လိုက်ရုံဖြင့်ပင် ကျန်းယဲ့မှာ လုံးဝကို တန်သည်ဟု ခံစားလိုက်ရ၏။

​လင်းရှောင်က လေးနက်စွာ ပြောလေသည်။ "ကျန်းယဲ့... နောက်တစ်ခေါက် မင်းသွားဖြစ်ရင် အဲ့ဒီ ဧကရာဇ်နှစ်ပါးနဲ့ အန်းရှီးတပ်မတော်က စစ်သည်တွေကို ငါတို့ကိုယ်စား ကျေးဇူးတင်စကား သေချာပေါက် ပြောပေးပါဦး..."

​"ပြဿနာမရှိပါဘူး..." ကျန်းယဲ့က အလွယ်တကူပင် သဘောတူလိုက်၏။

​ထိုအချိန်၌ ချန်ချင်းက တစ်ခုခုကို သတိရသွားပုံရပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်ပြန်သည်။ "ဒီနေ့ သတင်းတွေ မင်း ကြည့်ပြီးပြီလား..."

​ကျန်းယဲ့က ခေါင်းခါပြလိုက်ပြီး သူ့အတွက် ရေတစ်ခွက် ငှဲ့လိုက်၏။ "မကြည့်ရသေးဘူး။ ငါ တစ်မွန်းလွဲလုံး အိပ်နေခဲ့တာ.... ငါ နိုးတာနဲ့ မင်းတို့က ရောက်လာတာပဲလေ...."

​ထို့နောက် သူက ရေတစ်ငုံ သောက်လိုက်ပြီး ပြုံးကာ နောက်ပြောင်လိုက်လေသည်။ "ဟေ့... မင်းတို့က ဒီမှာ လုံခြုံရေး ကင်မရာတွေများ တပ်ထားတာလား... ဘယ်လိုလုပ် အမြဲတမ်း အချိန်ကိုက်ရောက်လာကြတာလဲ..."

အခန်း ၂၉၆ပြီး၏။

All Chapters