← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း (၃၀၅) ဘီလူးကြီးများ မြို့ရိုးအား တိုက်ခိုက်ကြခြင်း

​တောင်တန်းကြီးများ တစ်ခုပြီးတစ်ခု အသက်ဝင်လာကာ သူတို့၏ ခြေသံများက မြေကြီးကို တုန်ခါစေပြီး အထီးကျန် မြို့တော်လေးအပေါ်သို့ အရပ်မျက်နှာ အသီးသီးမှ ဖိဆင်းလာခဲ့သည်။

​အဝေးသို့ လှမ်းကြည့်လိုက်လျှင် မိုးကုတ်စက်ဝိုင်း တစ်ခုလုံး ရွေ့လျားနေသကဲ့သို့ ထင်မှတ်ရပြီး မရေမတွက်နိုင်သော ဧရာမအရိပ်မည်းကြီးများက ကမ္ဘာပျက်ကပ် ဒီရေလှိုင်းလုံးကြီးများအလား မြင့်မားသော မြို့ရိုးကြီးများဆီသို့ တဟုန်ထိုး တက်လာနေကြခေသည်။

ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားစေသော ထိုမြင်ကွင်းကြီးကြောင့် ရှုခင်းကြည့်စက်လုံးများအတွင်းရှိ ခရီးသည်များမှာ ဦးရေပြားများပင် ထုံကျင်သွားပြီး သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရသည်။

​တစ်ချိန်တည်းမှာပင် မြို့တော်ကြီးမှာလည်း ကြီးမားလှသော ထိတ်လန့်တုန်လှုပ်မှုနှင့် အရေးပေါ် အခြေအနေကြီးထဲသို့ ချက်ချင်းပင် နစ်မြုပ်သွားခဲ့တော့သည်။

​"ဒုန်း... ဒုန်း... ဒုန်း..."

​အရေးပေါ် စစ်စည်တီးသံများကဲ့သို့ လေးလံသော ခြေသံကြီးများက မြို့တွင်းသို့ ရှင်းလင်းစွာ ဝင်ရောက်လာခဲ့၏။

​မရေမတွက်နိုင်သော လူများက သူတို့၏ ရိုးရှင်းသော သွပ်မိုးတဲများနှင့် သစ်သားအိမ်လေးများထဲမှနေ၍ ထိတ်လန့်တကြား ပြေးထွက်လာကြ၏။

အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များ အားလုံးက မြေပြိုဆင်းလာသည့်အလား ဧရာမအရိပ်ကြီးများကို မျှော်လင့်ချက်မဲ့စွာဖြင့် မော့ကြည့်နေခဲ့ကြသည်။

​လူတိုင်း၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများမှာ ဖုံးကွယ်ထား၍ပင် မရနိုင်ချေ။ ကလေးငယ်များက အသံကုန် အော်ဟစ်ငိုယိုနေကြပြီး လူကြီးများမှာမူ မျက်နှာများ ဖြူရော်နေကာ လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း တစ်ဦးကိုတစ်ဦး မှီခိုထားရင်း သူတို့၏ ခန္ဓာကိုယ်များမှာ တဆတ်ဆတ် တုန်ယင်နေခဲ့လေသည်။

​ဝူး... ဝူး... ဝူး...

​နောက်ခဏ၌ လေကြောင်းရန် သတိပေး ဥဩဆွဲသံကဲ့သို့ စူးရှသော အချက်ပေးသံကြီးက မြို့တစ်ဝန်းရှိ ခေတ္တမျှ တိတ်ဆိတ်နေမှုကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။

​အချက်ပေးသံ ထွက်ပေါ်လာသည်နှင့်အမျှ တူညီဝတ်စုံနှင့် အနည်းငယ်စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည့် လူငယ်အမျိုးသားနှင့် အမျိုးသမီးအများအပြားမှာ သွားကြားလမ်းကြား အသီးသီးမှ ပြေးထွက်လာကြသည်ကို မြင်တွေ့နိုင်လေသည်။

သူတို့၏ မျက်နှာများတွင် ခိုင်မာပြတ်သားသော အမူအရာများရှိနေပြီး သေမင်းဆီသို့ ပြေးဝင်သွားမည့်အလား စိတ်ဓာတ်မျိုးဖြင့် မြို့ရိုးကြီး၏ အစွန်းနှင့် အထက်ရှိ သတ်မှတ်ထားသော ကာကွယ်ရေး ခံတပ်နေရာများဆီသို့ အသည်းအသန် ပြေးလွှားသွားနေခဲ့ကြသည်။

​မိုးထိမတတ် မြင့်မားသော မြို့ရိုးကြီးပေါ်နှင့် မြို့ရိုးအတွင်း တည်ဆောက်ထားသော စင်မြင့်များစွာပေါ်တွင် တပ်ဆင်ထားပြီးဖြစ်သည့် ကြမ်းတမ်းသော ပုံသဏ္ဌာန်ရှိ ဧရာမလက်နက်ကြီးများက သူတို့၏ ထောင့်ချိုးများကို ချိန်ညှိလိုက်ကြသည်။

အေးစက်နေသော ပြောင်းဝများအားလုံးက မြို့ပြင်မှ ချဉ်းကပ်လာနေသော ထိတ်လန့်ဖွယ် အရိပ်ကြီးများဆီသို့ ချိန်ရွယ်ထားလိုက်ကြပြီ ဖြစ်၏။

​မြို့ရိုးပေါ်တွင် တာဝန်ခံအစောင့်များက အသံကုန် အော်ဟစ်ကာ အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်နေကြသည်။ သူတို့၏ အသံများက ရိုးရှင်းသော အသံချဲ့စက်တစ်ခုမှတစ်ဆင့် ထွက်ပေါ်လာပြီး တုန်ခါသံများနှင့်အတူ အလွန်အမင်း တင်းမာနေသော လေထုကို သယ်ဆောင်လာခဲ့၏။

​"တပ်ဖွဲ့အားလုံး နေရာယူထား... စွမ်းအင်အဆင့်တွေကို စစ်ဆေးကြ..."

​"ဧရိယာ (၃) သတိထား... ဘယ်ဘက်တောင်ပံက မီးခိုးရောင်ကောင်ကို ချိန်ထား..."

​"အရပ်သားတွေ အားလုံး မြေအောက်ခိုလှုံရေးစခန်းတွေထဲ ဝင်ကြ.... မြန်မြန်... မြန်မြန်..."

​မြို့တော်ကြီးတစ်ခုလုံးမှာ တစ်ခဏချင်းအတွင်း ကန့်သတ်ချက်အထိ ဆွဲဆန့်ခံလိုက်ရသော စစ်ပွဲဝင် စက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့ပြီး လူတိုင်းက အမြင့်ဆုံး နိုးကြားမှုအခြေအနေသို့ ရောက်ရှိသွားကာ လေထုထဲတွင် ယမ်းငွေ့နံ့များနှင့် မျှော်လင့်ချက်မဲ့မှုများ ရောပြွမ်းနေခဲ့ချေသည်။

​ရှုခင်းကြည့်စက်လုံးများမှာ ကောင်းကင်ယံတွင် ဝဲပျံနေပြီး အောက်ဘက်ရှိ ထိတ်လန့်ဖွယ်ရာနှင့် အဖြစ်ဆိုးကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

​ယန်ပေါ်ယာက မနေနိုင်တော့ဘဲ "သူတို့တွေ တောင့်ခံထားနိုင်ပါ့မလား..." ဟု တီးတိုးရေရွတ်လိုက်မိ၏။

​လျိုဝေ့ဖုန်းက မြို့ရိုးပေါ်ရှိ လူများနှင့် လက်နက်များ၏ စနစ်ကျလှသော လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေရင်း "သူတို့ရဲ့ တုံ့ပြန်မှုအမြန်နှုန်းနဲ့ တပ်ဖြန့်ထားပုံတွေအရ ကြည့်ရတာ ဒါက ပထမဆုံးအကြိမ် မဟုတ်လောက်ဘူး.... အဆင်ပြေလောက်မှာပါ... ဟုတ်တယ်မလား..."

​"ပြောရတော့ ခက်တယ်... ဒီတစ်ခေါက် ဘီလူးကြီးတွေက အများကြီး ပိုများနေသလိုပဲ..." ယဲ့အန်း၏ မျက်နှာအမူအရာက လေးနက်တည်ကြည်နေခဲ့သည်။

​လီကန်းကမူ နည်းပညာပိုင်းဆိုင်ရာများကို ပို၍ စိတ်ဝင်စားနေလေသည်။ "မင်းတို့ သိလား... သူတို့ရဲ့ အမြောက်ကြီးတွေက တော်တော်တော့ ကြောက်စရာကောင်းပုံရတယ်.... ဒါပေမဲ့ ဘီလူးကြီးတွေရဲ့ အရေပြားကို တကယ် ဖောက်ထွင်းနိုင်ပါ့မလား.... ဘယ်လောက်တောင် ထိခိုက်မှု ပေးနိုင်မှာလဲ...."

​ရွှီပေကျိုးက မေးစေ့ကို ပွတ်သပ်ရင်း "သွားမယ့်လမ်းကြောင်းနဲ့ စွမ်းအင်ပုံစံကို ကြည့်ရတာတော့ အဲ့ဒါက ပစ်မှတ်ထား လက်နက်တစ်မျိုး ဖြစ်ဖို့များတယ်... ဒါပေမဲ့ ဘီလူးကြီးတွေရဲ့ အရွယ်အစားက..."

​အဖွဲ့ထဲရှိ ကောင်လေးများမှာ ခံစစ်သမားများ၏ နိုင်ခြေနှင့် သူတို့၏ လက်နက်များ အသုံးဝင်မှု ရှိမရှိတို့အပေါ် အပြင်းအထန် ဆွေးနွေးလာကြတော့သည်။

​အနီးတွင် ရပ်နေသော ဝမ်ဝမ်က "နင်တို့တွေက အပိုတွေ ပြောနေတာပဲ... စောင့်ကြည့်နေလိုက်ပါလား... သူတို့ တိုက်ကြပြီဆိုတာနဲ့ ငါတို့ သိရမှာပေါ့..." ဟု ဝင်ပြောလိုက်၏။

​ကျန်းယဲ့၏ အကြည့်များက မြို့ပြင်မှ ချဉ်းကပ်လာနေသော ဘီလူးကြီးများနှင့် မြို့တွင်းရှိ တင်းမာလှသော စစ်ရေးပြင်ဆင်မှုများအပေါ်သို့ ဝေ့ဝဲသွားပြီးနောက် ခရီးသည်အားလုံးကို လေးနက်စွာ သတိပေးလိုက်လေသည်။

​"အားလုံး သေချာနားထောင်ကြ... အခု လက်ရှိ အမြင့်မှာပဲ ဆက်နေကြပါ။ ကျွန်တော့် ခွင့်ပြုချက်မရဘဲ ဘယ်သူမှ အောက်ဆင်းတာဖြစ်ဖြစ်၊ တိုက်ပွဲဇုန်ထဲကို ချဉ်းကပ်တာဖြစ်ဖြစ် မလုပ်ရဘူး။ ဒါက ဂိမ်းတစ်ခု မဟုတ်ဘူး.... မျက်စိလည်လမ်းမှားလာတဲ့ ကျည်ဆန်တွေ၊ ပေါက်ကွဲမှု လှိုင်းလုံးတွေ ဒါမှမဟုတ် ဘီလူးကြီးတစ်ကောင်ရဲ့ လှုပ်ရှားမှုလေးတစ်ခုကတောင် ခင်ဗျားတို့ကို ထိခိုက်သွားစေနိုင်တယ်။ စိတ်လှုပ်ရှားမှုကို ရှာဖွေတာက လုံခြုံရေးကို စိတ်ထဲမှာ ထည့်ထားပြီးမှ လုပ်ရမယ်... နားလည်လား..."

​"နားလည်ပါပြီ ဒါရိုက်တာကျန်း.."

​"သဘောပေါက်ပါပြီ..."

​"ကျွန်တော် လျှောက်မသွားဘူးလို့ ကတိပေးပါတယ်..."

​"ကျွန်တော်တို့ လိမ္မာပါ့မယ်..."

​အားလုံးက စကားနားထောင်စွာဖြင့် သဘောတူလိုက်ကြ၏။

​အပြာရောင်ဘီလူးကြီး၏ လိုက်လံဖမ်းဆီးမှုမှ သီသီလေး လွတ်မြောက်လာခဲ့ကြပြီးနောက် မည်သူကမျှ အသက်ကို စတေး၍ စွန့်စားရန် မရဲကြတော့ဘဲ အားလုံးက လုံခြုံသော အမြင့်ပေတစ်ခုတွင်သာ လိမ္မာစွာ နေထိုင်ကြတော့သည်။

​ရွေ့လျားနေသော တောင်တန်းကြီးများနှင့်တူသည့် ဘီလူးကြီးများက တဖြည်းဖြည်း ပိုမို နီးကပ်လာကြပြီး သူတို့၏ ဧရာမအရွယ်အစားကြီးများက အသက်ရှူကျပ်မတတ် ဖိနှိပ်ထားသော လေထုကြီးတစ်ခုကို ဖန်တီးပေးနေခဲ့၏။

​မြို့ရိုးအောက်ခြေသို့ ပထမဆုံး ရောက်ရှိလာသူမှာ ခြွင်းချက်အနေဖြင့် အရပ်အလွန်ရှည်သော မျက်လုံးတစ်လုံးတည်းနှင့် ဘီလူးကြီးပင်။

​၎င်းက နက်ရှိုင်းသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ ဧရာမမျက်လုံးတစ်လုံးတည်းတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ တောက်ပနေခဲ့သည်။

ထို့နောက် ဧရာမမြေတူးစက်ကြီး၏ ခွက်ကြီးတစ်ခွက်နှင့်တူသော ၎င်း၏ လက်ကြီးကို ဆန့်ထုတ်ကာ မြို့ရိုးကြီး၏ အစွန်းကို ဆွဲကိုင်လိုက်ပြီး မီတာ သုံးရာအမြင့်ရှိသော အတားအဆီးကြီးကို ရက်စက်သော ခွန်အားများ အသုံးပြုကာ တိုက်ရိုက် ကျော်တက်ရန် ကြိုးစားလိုက်လေသည်။

​၎င်းက တက်ရန် အားယူလိုက်သည်နှင့် တစ်ပြိုင်နက်...

​"ရွှီး..."

​မြို့ရိုးအတွင်းဘက်မှ ကျက်သီးထဖွယ် အပြာရောင် အလင်းတန်းတစ်ခုက ပစ်ခတ်လာခဲ့ပြီး နံရံကို တွယ်ကပ်ထားသော မျက်လုံးတစ်လုံး ဘီလူးကြီး၏ လက်မောင်းကို တိကျစွာ ထိမှန်သွားခဲ့သည်။

​၎င်းမှာ ရိုးရာ ယမ်းမှုန့်ကျည်ဆန်မျိုးမဟုတ်ဘဲ သိပ်သည်းနေသော စွမ်းအင်ဒြပ်စင်တစ်ခုသာ ဖြစ်သည်။ ဝင်တိုက်မိချိန်တွင် ၎င်းက ပြင်းထန်စွာ ပေါက်ကွဲမသွားဘဲ စေးကပ်နေသော အရည်တစ်ခုကဲ့သို့ ချက်ချင်း ပြန့်ကျဲသွားကာ ဘီလူးကြီး၏ လက်မောင်းတွင် တင်းကြပ်စွာ ကပ်တွယ်ပြီး ပြင်းထန်စွာ လောင်ကျွမ်းနေသော သရဲတစ္ဆေဆန်ဆန် အပြာရောင် မီးတောက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

​"ဂါး..."

​မျက်လုံးတစ်လုံး ဘီလူးကြီးက နာကျင်မှုကြောင့် ဒေါသတကြီး​ ဟိန်းဟောက်လိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် ၎င်းက မြို့ရိုးကို ဆွဲကိုင်ထားခြင်းမှ အလိုအလျောက် လွှတ်ချလိုက်မိပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ နောက်သို့ ယိုင်ထွက်သွားခဲ့ရ၏။

​၎င်းက ကြက်သီးထဖွယ် အပြာရောင်မီးတောက်ကြီးများကို ငြှိမ်းသတ်ရန် ကြိုးစားရင်း လက်များကို ရူးသွပ်စွာ ယမ်းခါနေခဲ့ပြီး အခြားလက်တစ်ဖက်ဖြင့်ပင် ရိုက်ချကာ မြေကြီးဖြင့်ပါ ပွတ်တိုက်နေခေသည်။

​သို့သော် ထိုအပြာရောင်မီးတောက်များမှာ ဖယ်ရှားရခက်ခဲသော အနာစိမ်းကြီးတစ်ခုကဲ့သို့ ငြိမ်းမသွားသည့်အပြင် ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့ပြီး လေထုထဲတွင် တူးခြစ်နေသော အသားနံ့များနှင့် ထူးဆန်းသော စွမ်းအင်အချို့ လောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာသည့် အိုဇုန်းနံ့များဖြင့် ပြည့်နှက်သွားစေခဲ့သည်။

​စက်လုံးထဲရှိ ခရီးသည်များမှာ ဤပုံမှန်မဟုတ်သော တိုက်ခိုက်မှု နည်းလမ်းကြောင့် နက်နက်ရှိုင်းရှိုင်း အံ့အားသင့်သွားကြ၏။

​"ဘုရားရေ... ဒါက အမြောက် မဟုတ်ဘူး...." လေစီက သူမ၏ အပြာရောင်မျက်လုံးများတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြင့် အံ့သြတကြီး အော်ဟစ်လိုက်၏။

​ရွှိုက်ဝူဟွိုင်၏ မျက်လုံးများက ပြူးကျယ်သွားရသည်။ "ဒါ... ဒါက မှော်တိုက်ခိုက်မှုနဲ့ တူနေတယ်... စွမ်းအင်ဒြပ်စင်တစ်ခုက ကပ်တွယ်ပြီး လောင်ကျွမ်းနေတာလား..."

​ဝမ်ဝမ်က ပို၍ ဂရုတစိုက် လေ့လာကြည့်ရှုပြီးနောက် ခန့်မှန်းလိုက်သည်။ "ဒါက ရိုးရှင်းတဲ့ မီးတောက်တစ်ခု မဟုတ်ဘဲ အထူးစွမ်းအင်တစ်မျိုးနဲ့ ပိုတူတယ်။ ငါတို့ကမ္ဘာက အခုထိ မကျွမ်းကျင်သေးတဲ့ ဒါမှမဟုတ် လုံးဝကို မရှိသေးတဲ့ ကြိမ်နှုန်းမြင့် စွမ်းအင် အတက်အကျ တစ်မျိုးပဲ။ အဲ့ဒါက ဘီလူးကြီးရဲ့ ဇီဝတစ်သျှူးတွေကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်တယ်..."

​ထိုအချိန်မှာပင် မြို့ရိုးကြီး၏ အခြားနှစ်ဖက်တွင်လည်း တိုက်ခိုက်ခံလိုက်ရလေသည်။

​ထူးထူးခြားခြား ကြီးမားပြီး ကြွက်သားများ အပြည့်ရှိသော ဘီလူးကြီးတစ်ကောင်က ထရပ်ကားခေါင်းတစ်ခုထက်ပင် ပိုကြီးမားသော ၎င်း၏ လက်သီးကြီးကို ဝှေ့ယမ်းကာ အမည်းရောင် မြို့ရိုးကြီးအား ပြင်းထန်စွာ ထိုးချလိုက်သည်။

​"ဝုန်း..."

​တုံးတိတိအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြို့ရိုးကြီးမှာ သိသာစွာ တုန်ခါသွားကာ အပြင်ဘက်သို့ ပျံ့နှံ့သွားသော တုန်ခါမှု လှိုင်းလုံးကြီးကိုပင် ခံစားလိုက်ရ၏။

​သို့သော်လည်း အတိုက်ခံလိုက်ရသော မြို့ရိုးကြီးမှာ အစအနအချို့သာ ပြုတ်ကျသွားခဲ့ပြီး အဓိက ကိုယ်ထည်ပိုင်းမှာမူ သိသာထင်ရှားသော အက်ကွဲကြောင်းများပင် မရှိဘဲ အကောင်းတိုင်း ကျန်ရှိနေခဲ့၏။

​"ဘုရားရေ... ဒီမြို့ရိုးကြီးက အရမ်း ခိုင်ခံ့တာပဲဟ" ဝဝကစ်ကစ် ကောင်လေးကျန်းဟန်က အံ့သြတကြီး ပြောလိုွလေ။

​ယန်ပေါ်ယာက တွေးတောနေခဲ့သည်။ "ဒီမြို့ရိုးကြီးမှာ အထူးပစ္စည်းတွေ ပါဝင်ရမယ် ဒါမှမဟုတ် တစ်ခုခုနဲ့ အားဖြည့် တည်ဆောက်ထားတာ ဖြစ်ရမယ်။ မဟုတ်ရင် ဒီလောက် ပြင်းထန်တဲ့ အင်အားကို ခံနိုင်ရည်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

​သူ စကားပြောလို့ပင် မဆုံးသေးမီ နောက်ထပ် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ထပ်မံ ဖြစ်ပွားလာခဲ့ချေသည်။

​ခြွင်းချက်အနေဖြင့် အလွန်လျင်မြန်ဖြတ်လတ်သော ဘီလူးကြီးတစ်ကောင်က အစောင့်များ အာရုံလွဲနေချိန်ကို အခွင့်ကောင်းယူကာ လက်မောင်းရှိ မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားရင်း နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေသော မျက်လုံးတစ်လုံး ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တက်နင်းလိုက်ပြီး လှေကားတက်သကဲ့သို့ အကွာအဝေးတစ်ခုအထိ ခုန်တက်သွားကာ မြို့ရိုးထိပ်ပေါ်သို့ တိုက်ရိုက်ပင် တက်ရောက်သွားလာလေသည်။

အခန်း ၃၀၅ပြီး၏။

All Chapters