← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း - ၁၅၃

JSSL ၏ အဓိက လုပ်ငန်းသဘာဝမှာ အမျိုးမျိုးသော လုံခြုံရေးမဟာဗျူဟာ ဝန်ဆောင်မှုများကို ပေးအပ်ရန် ဖြစ်သည်။ ဥပမာအားဖြင့် ဤစာလုံးအလှပြပွဲအတွက် သူ့ကုမ္ပဏီအနေဖြင့် ပွဲကျင်းပစဉ်အတောအတွင်း တစ်လျှောက်လုံး လုံခြုံရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်မည် ဖြစ်၏။

ပိုင်ချန်သည် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်၏ အသေးစိတ် ရည်ရွယ်ချက်ကို မသိရှိဘဲ ၎င်းသည် အမူအရာလှုပ်ရှားမှုဆိုင်ရာဝိသေသလက္ခဏာများကိုသာ နှိုင်းယှဉ်နိုင်သည်ဟု ထင်မှတ်နေခဲ့သည်။ အမှန်စင်စစ် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်၏ အဓိက လုပ်ဆောင်ချက်မှာ လှုပ်ရှားမှုများကို ဆုံးဖြတ်ရန်၊ ၎င်းတို့ကို ကြိုတင်သိမ်းဆည်းထားသော လှုပ်ရှားမှုပုံစံများနှင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ထို့နောက် ဆုံးဖြတ်ချက် ရလဒ်တစ်ခုကို ပြန်လည်ပေးပို့ရန် ဖြစ်သည်။

ဥပမာအားဖြင့် ရှီလဲ့သည် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ကို လျှို့ဝှက်ကုဒ်စနစ်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ သူ၏ လက်ချောင်းများက ကြိုတင်သတ်မှတ်ထားသော သီးခြားအမူအရာ လှုပ်ရှားမှုများကို လုပ်ဆောင်မှသာလျှင် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ဖြင့် ပိတ်ဆို့ထားသော ဆာဗာ နံပါတ် ၁ သည် ၎င်း၏ ကန့်သတ်ချက်များကို ဖယ်ရှားပေးလိမ့်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ကို အသုံးပြု၍ ရှီလဲ့သည် အန္တရာယ်ရှိသော လှုပ်ရှားမှုအချို့ကို ကြိုတင်သတ်မှတ်ထားနိုင်ပြီး ထို့နောက် အဆင့်မြင့် ကင်မရာများမှတစ်ဆင့် ပန်းချီကားစုဆောင်းမှုတစ်ခုလုံးကို စောင့်ကြည့်နိုင်သည်။ မည်သူမဆို အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်တွင် ကြိုတင်သတ်မှတ်ထားသော အန္တရာယ်ရှိသည့် လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သတိပေးချက် မြည်လာမည် ဖြစ်သည်။

ရှီလဲ့ သူ၏ နှလုံးသားထဲတွင် ခေတ္တမျှ စီစဉ်လိုက်ပြီးနောက် ပိုင်ချန်ကို လှမ်းမေးလိုက်သည်။

“အစ်ကိုကြီးပိုင်... နောက်လထဲမှာ ကျင်းပမယ့် အဲဒီစာလုံးအလှပြပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်ကုမ္ပဏီက နေရာရဲ့ လုံခြုံရေးဝန်ဆောင်မှုကို တာဝန်ယူထားတာလဲ”

ပိုင်ချန်က နှာခေါင်းရှုံ့ကာ -

“အလကား ကုမ္ပဏီပါကွာ အစကတော့ ဂိုးဒန်းရှီးကုမ္ပဏီက တာဝန်ယူဖို့ ဖြစ်ခဲ့တာ၊ ဒါပေမဲ့ သူတို့ရဲ့ စစ်ဆေးရေးမှူးတွေက ပြပွဲကျင်းပမယ့်နေရာကို သွားအကဲဖြတ်ပြီးတော့ ချက်ချင်း လက်လျှော့သွားခဲ့တာပဲ အဲ့နောက် တခြားလုံခြုံရေးကုမ္ပဏီ အနည်းငယ်ကလည်း ဒီအလုပ်ကို တစ်ခုပြီးတစ်ခု လက်လျှော့ခဲ့ကြတယ်”

ရှီလဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်မှာ

“ဘာလို့လဲဗျာ... ပြပွဲကနေ ထောက်ပံ့ပေးတဲ့ လုံခြုံရေးစရိတ်က အရမ်းနည်းလွန်းလို့လား”

“တစ်ရက်ကို တစ်သိန်း သုံးရက်ဆိုတော့ သုံးသိန်းပေါ့ ဒါက တော်တော်လေးကို မြင့်မားနေပါပြီ” ပိုင်ချန်က မကျေမနပ်ဖြင့် ပြောသည်။

“အဲဒီလုံခြုံရေးကုမ္ပဏီတွေက ဝန်ထမ်းတွေ ညည်းတွားကြတာကတော့ ပြပွဲကျင်းပမယ့်နေရာက အရမ်းကျယ်ပြီး ဝင်ပေါက်ထွက်ပေါက် စုစုပေါင်း လေးခု ရှိနေတာကြောင့် အဝင်အထွက် လုပ်ရတာ လွယ်ကူလွန်းနေတယ်တဲ့... အကယ်၍ တစ်ခုခု ဖြစ်ပွားခဲ့ရင် ကုမ္ပဏီအနေနဲ့ တာဝန်မယူနိုင်မှာကို သူတို့ စိုးရိမ်နေကြတာ”

ရှီလဲ့ သူ၏ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့သော အမူအရာဖြင့်

“အစ်ကိုကြီးပိုင်... ကျွန်တော် ဒီအလုပ်ကို တာဝန်ယူချင်တယ်... အဲဒါ ဖြစ်နိုင်ပါ့မလားလို့ သိချင်ပါတယ်” ဟု ဆိုသည်။

“မင်းလား” ပိုင်ချန်က ရှီလဲ့ကို အောက်ခြေမှ အထက်သို့ သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွားခဲ့သည်။

“ညီလေးရှီ... မင်းရဲ့ အဲဒီပရိုဂရမ်က တော်တော်လေး စွမ်းအားကြီးပြီး မင်းရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကလည်း မဆိုးဘူးဆိုပေမဲ့ လုံခြုံရေး ဝန်ဆောင်မှုတွေဆိုတာက အဲဒီလောက် မရိုးရှင်းဘူးနော်”

“အစ်ကိုကြီးပိုင်... ကျွန်တော့်ရဲ့ လက်အောက်မှာ ‘JSSL’ ဆိုတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခု ရှိတယ် ကျွန်တော်တို့က အမျိုးမျိုးသော လုံခြုံရေးမဟာဗျူဟာ ဝန်ဆောင်မှုတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ပေးအပ်တာပါ” ရှီလဲ့က ကြွားလိုက်သည်။

“ကျွန်တော် ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လေ့ကျင့်ပေးဖို့တောင် အငြိမ်းစား အထူးတပ်ဖွဲ့ဝင် စစ်သားတစ်ယောက်ကို ငှားရမ်းထားရတာဗျ လက်ရှိမှာ ကုမ္ပဏီမှာ ဝန်ထမ်း စုစုပေါင်း အရေအတွက် လေးဆယ် ရှိတယ် ဒီပွဲအတွက်တော့ ကျွန်တော် တော်တော်လေး ယုံကြည်မှု ရှိနေတယ်”

ပိုင်ချန်က ရှီလဲ့ကို သံသယစိတ်ဖြင့် စိုက်ကြည့်ကာ -

“မင်းရဲ့ လက်အောက်မှာ လုံခြုံရေးကုမ္ပဏီတစ်ခုလည်း ရှိနေတာလား”

“ရှိတာပေါ့ ရွှမ်းဟူခရိုင်မှာ မှတ်ပုံတင်ထားတာ” ရှီလဲ့သည် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်အကြောင်းကို အကျဉ်းချုပ် မိတ်ဆက်ပေးလိုက်သည်။

“အစ်ကိုကြီးပိုင်... အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဆိုရင် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အမှားအယွင်း ဖြစ်ဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး... ဘယ်လိုထင်လဲ”

ပိုင်ချန်သည် တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ သူ၏ မျက်လုံးများကို ဝေ့ယမ်းလိုက်ပြီးနောက် လှမ်းပြောသည်မှာ

“ညီလေးရှီ... မင်းရဲ့ အဲဒီပရိုဂရမ်က ဆယ်သန်း တန်ဖိုးရှိတယ် မဟုတ်လား မင်းရဲ့ ကုမ္ပဏီ အကောင့်နံပါတ်က ဘယ်လောက်လဲ ငါ အခုချက်ချင်း ငွေလွှဲပေးဖို့ လူတစ်ယောက် စီစဉ်လိုက်မယ်”

“အာ—” ရှီလဲ့ ကြောင်အသွားခဲ့ရသည်။

ကျန်းဟုန်နှင့် အိုးရန်ရှန်းတို့လည်း ကြောင်အသွားကြရ၏။

ပိုင်ချန်က ရှီလဲ့ကို စိုက်ကြည့်ကာ စနောက်လိုက်သည် -

“ညီလေးရှီ... မင်း အခုလေးတင် ပြောလိုက်တဲ့ ဆယ်သန်းက အတည်မဖြစ်တော့ဘူးလားဟင်”

“ဒါကတော့...” ရှီလဲ့ တုံ့ဆိုင်းသွားခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် ရှီလဲ့အနေဖြင့် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ကို ရောင်းချရန် လုံးဝ ရည်ရွယ်ချက်မရှိချေ။အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်သည် နောက်ဆက်တွဲ ပရိုဂရမ်များစွာအတွက် အခြေခံအုတ်မြစ် ဖြစ်သည်၊ ဥပမာအားဖြင့် စာသားမှတ်မိခြင်းစနစ်၊ မျက်နှာမှတ်မိခြင်းစနစ်နှင့် နောက်ဆုံးတွင် ထွက်ပေါ်လာမည့် ပုံရိပ်ခွဲခြားသတ်မှတ်ခြင်းဖြစ်သော ‘RE’ တို့အတွက် ဖြစ်၏။

‘RE’ သည် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ် စီးရီး၏ အဆုံးစွန်သော ပန်းတိုင်ဖြစ်သည်။ ၎င်းသည် လူသားတစ်ဦး၏ မျက်လုံးကဲ့သို့ပင် အမျိုးမျိုးသော ပုံရိပ်အချက်အလက်များကို ခွဲခြားမှတ်မိရန် ကွန်ပျူတာတစ်လုံးကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သစ်ပင်ငယ်လေးတစ်ပင်၏ ပုံကြမ်းကို ပေါ့ပေါ့ပါးပါး ဆွဲလိုက်လျှင်ပင် RE မှ ထိန်းချုပ်ထားသော အဆင့်မြင့် ကင်မရာများမှတစ်ဆင့် ကွန်ပျူတာသည် ၎င်းကို သစ်ပင်တစ်ပင်ဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ၎င်းကို အလျင်အမြန် ပုံစံငယ် ဖန်တီးကာ ကင်မရာမှ စုဆောင်းရရှိသော ဒေတာများအပေါ် အခြေခံ၍ ကွန်ပျူတာပေါ်တွင် ပုံကြမ်းကို တိုက်ရိုက် ပြန်လည်အသက်သွင်း ပေးနိုင်မည် ဖြစ်သည်။

အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်နှင့် ပတ်သက်၍ ရှီလဲ့တွင် ဤကဲ့သို့သော ရေရှည်စီမံကိန်းများစွာ ရှိနေခဲ့သည်။ သူသည် ၎င်းကို ဤမျှ လွယ်လွယ်ကူကူဖြင့် မည်သို့ ရောင်းချနိုင်ပါမည်နည်း။

ပိုင်ချန် ရှီလဲ့၏ အခက်အခဲကို မြင်သွားခဲ့ပြီး -

“ကောင်းပြီ ကောင်းပြီ... ညီလေးရှီ ငါက နောက်နေတာပါ ဆယ်သန်းဆိုတာ... အကယ်၍ ငါသာ မင်းရဲ့ အဲဒီပရိုဂရမ်အစုတ်ကို ဝယ်လိုက်ရင် ပိုင်ချန်တစ်ယောက် ဘယ်လောက်တောင် အလွဲသုံးစားလုပ်ထားလိုက်သလဲဆိုပြီး အပြင်မှာ အမျိုးမျိုးသော အတင်းအဖျင်း စကားတွေနဲ့ ကဲ့ရဲ့သံတွေ သေချာပေါက် ထွက်လာလိမ့်မယ်”

ရှီလဲ့ သက်ပြင်းချလိုက်ပြီး

“အစ်ကိုကြီးပိုင်... နောင်ကျရင် ခင်ဗျားကို အလွယ်တကူ စနောက်လို့ မရတော့ဘူးဆိုတာ ကျွန်တော် သိသွားပြီ ခင်ဗျားက အချိန်မရွေး အတည်ပေါက် လုပ်ပစ်နိုင်တယ်” ဟု ဆိုလိုက်သည်။

ပိုင်ချန် တဟားဟား ရယ်မောလိုက်ပြီး

“ဒါဆိုရင် ငါတို့တွေ နောက်မနေကြတော့ဘူး ညီလေးရှီ... မင်းရဲ့ လုံခြုံရေးကုမ္ပဏီက ဒီတာဝန်ကို ယူဖို့အတွက် ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ”

ရှီလဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

“အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဆိုရင် ကျွန်တော့်ရဲ့ ယုံကြည်မှုက ရာခိုင်နှုန်းပြည့်ပဲ”

“မင်းက အဲဒီလောက် ယုံကြည်မှု ရှိနေပြီး ငါတို့ကိုလည်း ပြတိုက်ရဲ့ နက်နဲတဲ့ ပဟေဠိကို ဖြေရှင်းဖို့ ကူညီပေးခဲ့တာဆိုတော့... ဒီတာဝန်ကို မင်းဆီပဲ လွှဲပေးလိုက်မယ် ငါတို့ ရဲဌာနအနေနဲ့လည်း ရဲအင်အား မထုတ်ပေးနိုင်သေးတာ အမှန်ပဲ မင်း ငါ့အတွက် ဒီတာဝန်ကို ဖြေရှင်းပေးနိုင်တာက ငါ့ရဲ့ ပြဿနာကြီးတစ်ခုကို ကူညီဖြေရှင်းပေးတာနဲ့ အတူတူပဲပေါ့”

ပိုင်ချန်နှင့် ရှီလဲ့တို့သည် ပူးပေါင်းဆောင်ရွက်မှု အသေးစိတ် အချက်အလက်များကို အပြီးသတ် ဆွေးနွေးခဲ့ကြသည်။ ရှီလဲ့ သူ၏ နှလုံးသားထဲတွင် အလွန် ဝမ်းသာသွားခဲ့သည်။ မူလက သာမန် ကူညီမှုလေးတစ်ခုမျှသာ ဖြစ်သော်လည်း ယခုကဲ့သို့ မျှော်လင့်မထားသော ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာခြင်းက တကယ့်ကို ဝမ်းသာစရာ အံ့ဩမှုတစ်ခုပင် ဖြစ်၏။

မွန်းတည့်ချိန်တွင် ပိုင်ချန်သည် သူ့ကို မြို့ပြဗျူရို၏ ထမင်းစားဆောင်တွင် အလုပ်သဘော နေ့လယ်စာဖြင့် ဧည့်ခံခဲ့သည်။ ဤအရာက ရှီလဲ့ကို အကြိမ်ကြိမ် ညည်းတွားမိစေခဲ့ပြီး ပိုင်ချန်သည် သူ့ကို အလုပ်သဘော နေ့လယ်စာဖြင့်သာ ဧည့်ခံရန် အလွန် ကပ်စေးနည်းလွန်းသည်ဟု သရော်ခဲ့လိုက်သည်။ သို့သော် ပိုင်ချန်က ရှီလဲ့၏ ရန်စမှုကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ ထို့ပြင် သူက ဂုဏ်ယူစွာဖြင့်

“ငါက မြို့ပြဗျူရိုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး မင်းကို ထမင်းကျွေးတာက ဂုဏ်ယူစရာပဲကို မင်းက အခုထိ ပူညံပူညံ လုပ်နေသေးတယ်” ဟု ဆိုလိုက်သည်။

မြန်မြန်ဆန်ဆန် နေ့လယ်စာ စားပြီးနောက် ရှီလဲ့သည် တတ်နိုင်သမျှ ချွေတာလိုသော စိတ်ဓာတ်ဖြင့် မြို့ပြဗျူရို၏ မော်ကွန်းထိန်းအခန်းတွင် အလုပ်သမားစာချုပ် သဘောတူညီချက် မူကြမ်းတစ်ခုကို လူတစ်ဦးအား ကူညီရေးဆွဲခိုင်းပြီး မိတ္တူ စာမျက်နှာ စုစုပေါင်း ငါးဆယ် တိတိ ပရင့်ထုတ်လိုက်သည်။ ပိုင်ချန်၏ မတတ်သာသော အကြည့်အောက်တွင် သူသည် အိုးရန်ရှန်းနှင့်အတူ ရွှမ်းဟူခရိုင်သို့ ပြန်လာခဲ့တော့သည်။ရွှမ်းဟူခရိုင်သို့ ပြန်ရောက်ပြီးနောက် ရှီလဲ့သည် ပထမဦးစွာ သူ့ကုမ္ပဏီအတွက် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဗျူရိုသို့ သွားရောက်၍ စာရွက်စာတမ်းအားလုံးကို ရယူခဲ့သည်။ ထို့နောက် သူသည် အိုးရန်ရှန်းနှင့်အတူ ဈေးဝယ်ထွက်ခဲ့ပြီး သူမကို ဂျင်းယာဥယျာဉ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကာ အကြောင်းအရာများကို ရှင်းပြပြီးနောက် ရှုအန်းကျေးရွာဆီသို့ အလျင်အမြန် ဦးတည်ထွက်ခွာခဲ့တော့သည်။

သူ့ကုမ္ပဏီကို လူမိုက်ဟောင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုလူမိုက်များသည် လူမိုက်ဘဝကို ကျောခိုင်းရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။ သူတို့သည် တရားဝင် စာချုပ်တစ်ခုကို တစ်ရက်မျှ မချုပ်ဆိုရသေးသရွေ့ စိတ်အေးလက်အေး ရှိနေကြမည် မဟုတ်ချေ။

မွန်းလွဲ ၂:၃၀ ခန့်တွင် ရှီလဲ့ ရွာသို့ ရောက်ရှိလာခဲ့သည်။

မှန်မှတစ်ဆင့် ရှီလဲ့သည် ထိုလူမိုက် အယောက်လေးဆယ်မှာ ကွင်းပြင်ကျယ်ကြီးထဲတွင် ဒိုက်ထိုးနေကြသည်ကို တွေ့လိုက်ရသည်။ ကျိုးချန်သည် သူ၏လက်တွင် သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားသည်။ အကယ်၍ မည်သည့်လူမိုက်မဆို ပျင်းရိနေပါက သစ်သားတုတ်က ချက်ချင်း ရိုက်နှက်လိမ့်မည် ဖြစ်၏။

ကျိုးချန် ရှီလဲ့ လျှောက်လာသည်ကို မြင်သောအခါ ဟိန်းဟောက်လိုက်သည်။

“အားလုံးပဲ... ဆက်လုပ်ထားကြ”

ရှီလဲ့သည် စာချုပ်အဆင့်ဆင့်ကို ကိုင်ဆောင်လျက် လျှောက်လာခဲ့သည်။

“အခြေအနေ ဘယ်လိုလဲ”

“မဆိုးပါဘူး ဒီကောင်တွေအားလုံးက အလားအလာ ရှိကြပြီး နာခံမှု ရှိကြတယ် နည်းနည်းလောက် ထပ်ပြီး အရောင်တင်ပေးလိုက်ရင် ကြီးကျယ်တဲ့ အရာတွေကို လုပ်နိုင်ကြလိမ့်မယ်” ကျိုးချန် ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။ ဤကဲ့သို့သော လေ့ကျင့်ရေးအလုပ်က သူ့ကို စစ်တပ်ထဲ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။

ရှီလဲ့သည် ဒိုက်ထိုးနေကြသော လူမိုက် အယောက်လေးဆယ်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။

“ဒီမနက်တုန်းက မြို့ပြရဲဗိုလ်ချုပ်ရုံးကို အလုပ်ကိစ္စနဲ့ သွားခဲ့ရလို့ ခင်ဗျားတို့နဲ့ တရားဝင် အလုပ်သမားစာချုပ် မချုပ်ဆိုနိုင်ခဲ့ဘူး အခုတော့ ကျွန်တော် အလုပ်သမားစာချုပ်တွေကို ယူလာခဲ့ပြီ ဒီနေ့ကစပြီး ဒီစာချုပ်တွေကို လက်မှတ်ရေးထိုးတာနဲ့ တစ်ပြိုင်နက် ခင်ဗျားတို့ရဲ့ အတိတ်က ဘဝတွေကို နှုတ်ဆက်ရတော့မှာ ဖြစ်တယ်... ခင်ဗျားတို့က JSSL ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ဖြစ်လာမှာဖြစ်ပြီး လူမိုက်တွေ မဟုတ်တော့ဘူး ခင်ဗျားတို့ ဆန္ဒရှိကြရဲ့လား”

ဒိုက်ထိုးနေကြသော လူမိုက်များက ကျယ်လောင်စွာပြန်ဖြေကြသည်။

“ကျွန်တော်တို့ ဆန္ဒရှိပါတယ်”

“အရမ်းကောင်းတယ်” ရှီလဲ့ အမိန့်ပေးလိုက်သည်။

“ပထမအဖွဲ့... ရှေ့ထွက်ခဲ့”

နားကပ်က လူသုံးဦးကို ဦးဆောင်ကာ မတ်တပ်ရပ်လိုက်သည်။ သူတို့ လေးဦးစလုံးက ရှီလဲ့၏ ရှေ့မှောက်သို့ အပြေးကလေး လာရောက်ကာ စနစ်တကျ တန်းစီရပ်လိုက်ကြပြီး -

“အစ်ကိုကြီးရှီ... ကျေးဇူးပြုပြီး ညွှန်ကြားချက် ပေးပါ” ဟု ဖြေလိုက်ကြသည်။

“သွားပြီး စားပွဲတစ်လုံး ယူလာခဲ့ ငါတို့ တရားဝင် စာချုပ်တွေ လက်မှတ်ထိုးဖို့ ပြင်ဆင်ကြမယ်” ရှီလဲ့ သူ၏ ညာဘက်လက်ထဲက စာချုပ်များကို ပုတ်ပြလိုက်သည်။

“ဟုတ်ကဲ့ပါ”

နားကပ်က စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပြီးနောက် သူ၏ အဖွဲ့ကို ဦးဆောင်ကာ ပထမထပ်ရှိ အခန်းတစ်ခုအတွင်းမှ ထမင်းစားဝိုင်း ဝိုင်းစားပွဲတစ်ခုနှင့် ကုလားထိုင်တစ်လုံးကို သယ်ဆောင်လာခဲ့ကြသည်။

“ရပါပြီ” နားကပ်၏ မျက်နှာတွင် ဖားလိုသော အပြုံးတစ်ခု ရှိနေခဲ့သည်။

ရှီလဲ့ ပုခုံးပုတ်ပေးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“မင်းတို့က အခု ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ဖြစ်သွားကြပြီ မင်းတို့က လူမိုက်တွေ မဟုတ်တော့ဘူး... မင်းတို့က လုံခြုံရေး ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင်မယ့် လုံခြုံရေးစစ်သည်တော်တွေ ဖြစ်သွားပြီ ကျွန်တော်ကလည်း မာဖီးယားဂိုဏ်းချုပ် မဟုတ်ပါဘူး ကျွန်တော့်ကို မစ္စတာရှီ ဒါမှမဟုတ် သူဌေး လို့ပဲ ခေါ်ကြပါ”

ဤအခိုက်အတန့်တွင် ရှီလဲ့သည် ဝေါဟာရအသစ်တစ်ခုကို အဆိုပြုခဲ့သည်။လုံခြုံရေးစစ်သည်တော်များမှာ လုံခြုံရေး ကာကွယ်ရေး တာဝန်များအတွက် တိုက်ပွဲဝင်မည့် စစ်သည်တော်များပင် ဖြစ်၏။ သူသည် လူမိုက်များ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ပြီး ၎င်းတို့ကို အတိတ်ဘဝမှ လုံးဝ ကင်းကွာသွားစေခဲ့သည်။

နားကပ်က အလျင်အမြန် ပြောလိုက်သည်။

“သူဌေး... ကျွန်တော်တို့ နားလည်ပါပြီ”

ရှီလဲ့ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ဒိုက်ထိုးရင်းနှင့် အာရုံလွင့်နေကြသော လုံခြုံရေးစစ်သည်တော်များကို ကြည့်ကာ ပြုံးလျက် လက်ခုပ်တီးလိုက်သည်။

“ကဲ... အားလုံး ထလို့ရပြီ ဒီဘက်ကို စုလိုက်ကြဦး ခင်ဗျားတို့အတွက် ဒီအလုပ်သမားစာချုပ် သဘောတူညီချက်ကို ရှင်းပြပေးမယ်”

လုံခြုံရေဝန်ထန်းများက ဝမ်းသာအားရ အော်ဟစ်ကြသည်။

“သူဌေး သက်တော်ရာကျော် ရှည်ပါစေ...”

ရှီလဲ့သည် ပထမဦးစွာ စားပွဲပေါ်တွင် အဖွဲ့ခေါင်းဆောင် အဆင့်အတန်းရှိသော စာချုပ် ဆယ်စောင်ကို တင်လိုက်ပြီးနောက် တပ်စုစုခေါင်းဆောင် စာချုပ်တစ်ခုစီ၏ အပေါ်တွင် သာမန်ဝန်ထမ်း စာချုပ် သုံးစောင်စီကို ထပ်မံ တင်လိုက်သည်။

“အဖွဲ့ခေါင်းဆောင် တစ်ယောက်ချင်းစီက ကိုယ့်အဖွဲ့ဝင်တွေဆီ စာချုပ်တွေကို ဝေပေးလိုက်ကြဦး”

လူတိုင်း စာချုပ်များကို ရရှိပြီးနောက် ရှီလဲ့က ဆက်လက်၍ -

“ဒါက သက်တမ်း တစ်လပဲ ရှိတဲ့ ယာယီစာချုပ် ဖြစ်တယ် တစ်လ ကြာပြီးတဲ့နောက်မှာတော့ မင်းတို့က တရားဝင် အဖွဲ့ဝင်စာချုပ် ဖြစ်လာမလား၊ ဒါမှမဟုတ် အပြင်ပန်း အဖွဲ့ဝင်စာချုပ်ပဲ ဖြစ်လာမလားဆိုတာက မင်းတို့ရဲ့ အကဲဖြတ်မှု ရလဒ်အပေါ်မှာပဲ မူတည်လိမ့်မယ်... တစ်ချိန်တည်းမှာပဲ ငါ့မှာ မင်းတို့အတွက် တခြားသတင်းကောင်းတစ်ခုလည်း ရှိသေးတယ်”

လူတိုင်း သူ့ကို စိုက်ကြည့်နေကြသည်ကို ရှီလဲ့ မြင်သောအခါ သူက ပြုံးလျက် ပြောလိုက်သည်။

“ငါတို့မှာ စုစုပေါင်း အဖွဲ့ဆယ်ဖွဲ့နဲ့ တပ်စု နှစ်စုရဲ့ ဖွဲ့စည်းပုံ ရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငါတို့မှာ တပ်စုခေါင်းဆောင်နှစ်နေရာ လိုအပ်နေတယ်... တစ်လအတွင်းမှာ အဖွဲ့တွေအပေါ် အခြေခံပြီး တပ်စုခေါင်းဆောင် နှစ်နေရာအတွက် ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်... အနိုင်ရတဲ့ အဖွဲ့နှစ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တွေက တပ်စုခေါင်းဆောင်တွေအဖြစ် ရာထူးတိုးမြှင့်ခံရမှာဖြစ်ပြီး သူတို့အဖွဲ့ဝင်တွေရဲ့ လစာကလည်း ၂၀ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်ပါတယ်”

ဤအရာကို ကြားလိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်များ၏ အသက်ရှူသံမှာ ပြင်းထန်လာခဲ့သည်။ အဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် တပ်စုခေါင်းဆောင်တစ်ဦးအကြား ရရှိမည့် အကျိုးခံစားခွင့်မှာ လုံးဝ ကွာခြားလွန်းလှပေသည်။အဖွဲ့ခေါင်းဆောင် မဟုတ်ကြသော အခြားအဖွဲ့ဝင်များလည်း စိတ်ကူးများ ပေါ်လာကြသည်။ လစာ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခြင်းဆိုသည်မှာ တစ်လလျှင် အပို ယွမ်နှစ်ရာခန့် ပိုမိုရရှိမည် မဟုတ်ပါလား။

လူတိုင်း၏ စာချုပ်များကို လက်မှတ်ရေးထိုးရန် နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်။ ရှီလဲ့ သူတို့၏ ရှေ့တွင် မတ်တပ်ရပ်ကာ ကြေညာလိုက်သည်။

“နောက်လ ၁၂ ရက်နေ့မှာ ငါတို့ရဲ့ ပထမဆုံး တာဝန်ကို စတင်ထမ်းဆောင်ကြမယ်... ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ရင် မင်းတို့ရဲ့ သက်ဆိုင်ရာ အဆင့်တွေအလိုက် ရက်ရောတဲ့ ဘောနပ်စ်တွေကို ထုတ်ပေးမှာဖြစ်ပြီး တစ်ရက်တာအားလပ်ရက်လည်း ပေးသွားမှာ ဖြစ်တယ် လုံခြုံရေးစစ်သည်တော်တို့... ကြိုးစားကြပါ”

ကျိုးချန်သည် ရှီလဲ့၏ အနောက်တွင် အနည်းငယ် ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ရပ်နေခဲ့သည်။ ရှီလဲ့သည် လူမိုက်များကို လုံခြုံရေးစစ်သည်တော်များအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင် ဤအရာက အလွန်ပင် စွမ်းအားကြီးမားသော အင်အားစုတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

All Chapters