← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း - ၁၅၄

ဂျပန်နိုင်ငံ တိုကျိုမြို့၏ ဆူမီဒါခရိုင်သည် အံ့အားသင့်ဖွယ်ရာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အစစ်အမှန် တရားခံကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ချေ။

ဤအရာက တိုကျိုမြို့၏ ခေါင်းဆောင်ပိုင်းများအကြား သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုလည်း ထပ်တူပင် သောကရောက်နေခဲ့သည်။ အကြောင်းမှာ ဆူမီဒါခရိုင်ရှိ သူတို့၏ လျှို့ဝှက်သုတေသနဌာန တိုက်ခိုက်ခံခဲ့ရပြီး အရေးကြီးဆုံး ဒေတာများနှင့် စာရွက်စာတမ်းများ ပျောက်ဆုံးသွားခဲ့သောကြောင့် ၎င်းက သူတို့ကို အလွန် ဒေါသထွက်စေခဲ့သည်။

ပရောဂျက် R ကို လုပ်ဆောင်လာခဲ့သည်မှာ ငါးနှစ်ပင် ရှိနေပြီဖြစ်ပြီး အောင်မြင်ခါနီး ဆဲဆဲအချိန်မှ သူတို့၏ ကြိုးပမ်းအားထုတ်မှု အားလုံးကို အခြားသူတစ်ဦးက အလကား လာရောက်ယူသွားခြင်း မဟုတ်ပါလား။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုသည် ပရောဂျက် R တွင် ထည့်သွင်းထားသော ခိုးယူမှုကာကွယ်ရေး အစီအမံများ အသက်ဝင်လာရန် ယခုအခါ မျှော်လင့်နေကြပြီး ထိုမှတစ်ဆင့် ပျောက်ဆုံးသွားသော ဒေတာများကို ခြေရာခံနိုင်ရန် ကြိုးပမ်းနေကြသည်။

တိုကျိုမြို့တော်ရဲဌာန၏ ဆိုက်ဘာလုံခြုံရေးဌာနခွဲမှ အကြီးအကဲ အီနာကာ အာဆာဟီသည် လူအုပ်ကြားထဲတွင် ရှိနေပါက ချက်ချင်း မေ့လျော့သွားနိုင်လောက်သည့် အလွန် သာမန်ရုပ်ရည်ရှိသော အမျိုးသားတစ်ဦး၏ ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။

သူသည် ခေါင်းငုံ့လိုက်ပြီး -

“S ဆူမီဒါက ဖြစ်စဉ်က မတော်တဆမှုတစ်ခုပါ” ဟု ရှင်းပြလိုက်သည်။

ကုဒ်နံပါတ် ‘S’ ဟု ခေါ်သော ထောက်လှမ်းရေးအေးဂျင့်က မည်သည့် အမူအရာမျှ မရှိဘဲ အေးစက်စွာဖြင့် -

“မတော်တဆမှု ဟုတ်လား... ပရောဂျက် R ဆုံးရှုံးသွားတာကလည်း မတော်တဆမှုပဲလား အေးဂျင့် X… မင်းကို ငါ တော်တော်လေး စိတ်ပျက်မိတယ်” ဟု ဆိုလိုက်သည်။

အီနာကာ အာဆာဟီ ၏ ကုဒ်နံပါတ်မှာ အေးဂျင့် X ဖြစ်ပြီး E ဟု ခေါ်သော အခြားအေးဂျင့်တစ်ဦးလည်း ရှိသေးသည်။

သူတို့ သုံးဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုအတွက် ‘S-E-X’ ဟု အမည်ရသော အထူးအေးဂျင့်အဖွဲ့ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“S… ကျွန်တော် ဆူမီဒါရဲ့ ရဲကွန်ရက်စနစ်ကို သေသေချာချာ စုံစမ်းစစ်ဆေးခဲ့ပြီး သဲလွန်စတစ်ခု ရှာတွေ့ခဲ့တယ်... အဲဒီ ရဲကွန်ရက်စနစ်ထဲမှာ စနစ်နောက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့တာပါ... ကျွန်တော်တို့ ဗျူရိုက ခြေရာခံကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒီစနစ်နောက်ပေါက်ရဲ့ မြစ်ဖျားခံရာက ကမ္ဘာကျော် ‘မီးတောက်ဓား ရာဖေးလ်’ ဖြစ်ရမယ်လို့ သိရပါတယ်” ဟု အီနာကာ အာဆာဟီ က နဖူးမှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်သည်။

ထိုအချိန်က ရှီလဲ့သည် ရာဖေးလ်နှင့် တိုက်ခိုက်စဉ်က ရာဖေးလ်ကို ဖိအားပေး အကျပ်ကိုင်ခဲ့သဖြင့် ရာဖေးလ်မှာ ထပ်တလဲလဲ ဆုတ်ခွာခဲ့ရပြီး သူ၏ ကျူးကျော်ဝင်ရောက်မှု မှတ်တမ်းများကို ရှင်းလင်းရန် အချိန်မရခဲ့ချေ။

ရှီလဲ့ မိမိ၏ မှတ်တမ်းများကို ရှင်းလင်းသောအခါ ဤစနစ်နောက်ပေါက်ကို ရှာတွေ့ခဲ့ပြီး ရာဖေးလ်အတွက် ဖုံးကွယ်မပေးဘဲ တိုကျိုမြို့တော်ရဲဌာန၏ ဆိုက်ဘာလုံခြုံရေးဌာနခွဲကို လမ်းညွှန်ကာ ရာဖေးလ်ဘက်သို့ လက်ညှိုးထိုးပြခဲ့ခြင်း ဖြစ်သည်။

အေးဂျင့် S သည် အီနာကာ အာဆာဟီ ကို စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်များက ကစားနေပြီး -

“အေးဂျင့် X… ဒီတစ်ကြိမ် မစ်ရှင် ကျရှုံးမှုကိုတော့ လောလောဆယ် မှတ်တမ်းတင်ထားရုံပဲ ရှိဦးမယ်... မင်းရဲ့ လက်ရှိတာဝန်ကတော့ သဲလွန်စမှန်သမျှကို အပြည့်အဝ လိုက်လံစုံစမ်းဖို့ပဲ”

အီနာကာ အာဆာဟီ ဦးညွှတ်လိုက်ပြီး

“နားလည်ပါပြီ” ဟု ဆိုလိုက်သည်။

သူ ခေါင်းပြန်မော့လိုက်သောအခါ အေးဂျင့် S က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခါမှသာ အီနာကာ အာဆာဟီ သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။

‘ရာဖေးလ်... မင်းက ကမ္ဘာကျော် ဟက်ကာတစ်ယောက် ဖြစ်ပေမဲ့ ငါတို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုကို လာရှုပ်ရဲတယ်ပေါ့ ငါတို့ မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး’

ရှနိုင်ငံ၊ ရွှမ်ချင်းမြို့၊ ဂျင်းယာဥယျာဉ်

ရှီလဲ့ ကားပါကင်ထိုးလိုက်ပြီး ဖုန်းကို လက်ထဲကိုင်လျက် အိုးရန်ရှန်း နေထိုင်သော အဆောက်အအုံ ၇ ဆီသို့ အလျင်အမြန် လာခဲ့လိုက်သည်။ အိုးရန်ရှန်း၏ လက်ရာများကို တွေးတောမိသောအခါ ရှီလဲ့၏ ဗိုက်မှာ ပို၍ပင် ဆာလောင်လာသကဲ့သို့ ရှိသည်။

ရှီလဲ့တွင် ကြီးမားသော အပြစ်အနာအဆာ မရှိချေ။ သူသည် ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဖဲမကစားတတ် ‘ထိုကိစ္စ’ နှင့် ပတ်သက်၍လည်း သူ စိတ်မဝင်စားပါ။ သို့မဟုတ်ပါက ဂျပန်နိုင်ငံတွင် ရှိနေစဉ်က ရှီလဲ့အနေဖြင့် ဘာမှမလုပ်ဘဲ နေခဲ့မည် မဟုတ်ချေ။

သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ အစားအသောက် အနည်းငယ် မက်ခြင်းဖြစ်ပြီး စံနှုန်းမြင့်မားကာ မကောင်းသော အစားအစာများကို မနှစ်သက်ခြင်း ဖြစ်သည်။

သူ အိုးရန်ရှန်း၏ အိမ်သို့ ရောက်သောအခါ သူမသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့ပြီး စားပွဲပေါ်တွင် ဝက်နံရိုးစွပ်ပြုတ် တစ်ခွက်သာ ရှိနေသေးသည်။

အိုးရန်ရှန်းသည် ဝက်သားစင်းကော အနီရောင်တောက်တောက်နှင့် မွှေးကြိုင်လှသော ဟင်းပန်းကန်ကို ကိုင်ဆောင်လျက် ထွက်လာပြီး

“ရှီလဲ့... ရှင် ခိုးစားပြန်ပြီလား” ဟု လှမ်းအော်လိုက်သည်။

ရှီလဲ့က ရယ်မောလိုက်ပြီး

“အိုးရန်ရာ... မင်းရဲ့ လက်ရာက နတ်သုဒ္ဓါလို ဖြစ်နေတာကို ဘယ်သူက အောင့်ထားနိုင်မှာလဲ”

“ဟုတ်လို့လား” အိုးရန်ရှန်း၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူဝင့်ကြွားမှုနှင့် အနည်းငယ်သော ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

ညစာစားချိန်အတွင်း ရှီလဲ့သည် ငတ်မွတ်နေသူတစ်ဦးကဲ့သို့ ထမင်းသုံးပန်းကန်နှင့် ဟင်းအမြောက်အမြားကို စားသောက်ခဲ့ပြီး နောက်ဆုံးတွင် ဗိုက်ပြည့်လွန်းသဖြင့် အိုးရန်ရှန်း၏ အိမ်ရှိ ဆိုဖာပေါ်တွင် လှဲလျက် ညည်းတွားနေခဲ့တော့သည်။

အိုးရန်ရှန်း စားပွဲကို သိမ်းဆည်းပြီးနောက် သူမသည်လည်း အခြားဆိုဖာတစ်ခုပေါ်တွင် ထိုင်ကာ ရေခဲမုန့်ဘူးကို ကိုင်၍ ဇွန်းဖြင့် ခတ်စားနေခဲ့သည်။

ရှီလဲ့က စနောက်လိုက်သည်။

“အိုးရန်... ညစာစားပြီးပြီးချင်း ရေခဲမုန့်စားရင် ဗိုက်နာမှာ မကြောက်ဘူးလား... ငါမှတ်မိသလောက်တော့ ရေခဲမုန့်မှာ အဆီဓာတ်တွေ အများကြီး ပါတယ်မဟုတ်လား... မင်း ဝလာမှာ မပူဘူးလား”

အိုးရန်ရှန်းက ခပ်တိုးတိုး နှာခေါင်းရှုံ့ကာ

“ဒါက အဆီမပါတဲ့ ရေခဲမုန့်”

သူတို့နှစ်ဦးသည် တီဗီကြည့်ရင်း စကားစမြည် ပြောဆိုနေကြသည်မှာ အလုပ်ဆင်းပြီးနောက် အတူတူ အချိန်ကုန်လွန်စေကြသော ဇနီးမောင်နှံအသစ်စက်စက်များကဲ့သို့ပင် ရှိနေခဲ့ပြီး လေထုမှာ အနည်းငယ် ရိုမန်တစ်ဆန်လာခဲ့သည်။

ညဆယ်နာရီကျော်သွားသောအခါ အိုးရန်ရှန်းသည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းနေသော ရှီလဲ့ကို ကြည့်ကာ မပြောဘဲမနေနိုင်တော့ဘဲ

“ရှီလဲ့... ရှင် ပြန်တော့မလား” ဟု မေးလိုက်သည်။

“ဟင်” ရှီလဲ့ မသိချင်ယောင်ဆောင်ကာ

“ပြန်ရမယ် ဟုတ်လား”

အိုးရန်ရှန်း၏ မျက်နှာ အနည်းငယ် နီမြန်းသွားခဲ့သော်လည်း ပြတ်သားစွာဖြင့်

“ကျွန်မ အိပ်တော့မယ် ရှင် အမြန်ပြန်တော့” ဟု ဆိုသည်။

ရှီလဲ့၏ မသိချင်ယောင်ဆောင်မှု မအောင်မြင်ခဲ့သဖြင့် သူ ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး အိုးရန်ရှန်းကို သေသေချာချာ ကြည့်ကာ

“အိုးရန်... ဒါဆို ငါ ပြန်ပြီနော်”

သူ အိမ်ရှေ့တံခါးဝသို့ ရောက်သောအခါ ထပ်မံပြောကြားခဲ့သည်မှာ

“အိုးရန်... အကယ်၍ မင်း ငါ့ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့နော်”

ယနေ့တွင် ရှီလဲ့သည် အိုးရန်ရှန်း၏ နောက်ခံအကြောင်းအရာကို သိရှိခဲ့ရပြီး သူမသည် ဘာကြောင့် တရားမျှတမှုကို ကိုယ်စားပြုနေသလဲ၊ သူမ၏ နှလုံးသားထဲက ယုံကြည်ချက်က ဘာလဲဆိုတာကို နားလည်ခဲ့ပြီ ဖြစ်သည်။ ရှီလဲ့အနေဖြင့် အပြင်ပန်းတွင် သန်မာသော်လည်း အတွင်းစိတ် နုနယ်လှသော ဤရဲမေလေးကို ကာကွယ်ပေးချင်ပြီး သူမအတွက် လေဒဏ်မိုးဒဏ်မှ ခိုလှုံရာ နွေးထွေးသော အမိုးအကာလေးတစ်ခု ဖန်တီးပေးချင်ခဲ့ခြင်း ဖြစ်၏။

အိုးရန်ရှန်း ရှီလဲ့ကို ပြန်လည် မဖြေကြားခဲ့ချေ။

လုံခြုံရေးတံခါး ပိတ်သွားသံ ကြားရသည့်အခါမှသာ သူမ မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်မိတော့သည်။

“ရှီလဲ့... ကျွန်မ ရှင့်ကို အတိတ်ဘဝက အကြွေးတင်ခဲ့လို့ ထင်တယ် ရှင်က မိန်းမရှုပ်တဲ့သူမှန်း သိရက်နဲ့၊ ရှင်နဲ့ အဲဒီအတန်းဖော်နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဝေဝါးနေမှန်း သိရက်နဲ့... ဘာလို့ ရှင့်အနားကိုပဲ ကပ်ချင်နေရတာလဲ... ငါတို့ကြားက အခွင့်အရေးက သေးငယ်လွန်းတယ် မဟုတ်လား... ငါ နားလည်ထားပေမဲ့ ဘာလို့ မျှော်လင့်နေမိသေးတာလဲ”

အဆောက်အအုံ ၁၀၊ အခန်း ၂၀၀၃ သို့ ပြန်ရောက်သောအခါ ရှီလဲ့ ဆာဗာနှစ်လုံးကို သွားရောက်မကိုင်ဖြစ်ခဲ့ချေ။ ထိုအစား သူ ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လှဲလျက် မိမိ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စဉ်းစားနေခဲ့သည်။

အိန်ဂျယ်ကောင်စီ(ကောင်းကင်တမန်အဖွဲ့အစည်း)ကို တန်ပြန်တိုက်ခိုက်ရန်နှင့် မိမိ၏ မိဘရင်းများကို ရှာဖွေရန်အတွက် ရှီလဲ့အနေဖြင့် စွမ်းအားကြီးမားသော အင်အားစုတစ်ခုကို တည်ဆောက်ရမည် ဖြစ်သည်။ ရှီလဲ့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာခဲ့သည်မှာ အတိတ်ဘဝတုန်းက အိန်ဂျယ်ကောင်စီတွင် သူ၏ ရာထူးမှာ အလွန် မြင့်မားခဲ့ပြီး သူ၏ စွမ်းအားမှာလည်း ဘီလူးကြီးလေးကောင်ထက် မနိမ့်ကျခဲ့ချေ။ အိန်ဂျယ်ကောင်စီအနေဖြင့် သူ့ကို စွန့်ပစ်ရန် အကြောင်းပြချက် မရှိခဲ့ပါ။

အိန်ဂျယ်ကောင်စီက သူ့ကို စွန့်ပစ်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ မစ်ရှင်လုပ်ဆောင်စဉ်အတွင်း သူက အိန်ဂျယ်ကောင်စီကို ကျင်းချန်မြို့ရှိ လျှို့ဝှက်သုတေသနဌာနကို တိုက်ခိုက်ရန် ကူညီခိုင်းခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုလျှို့ဝှက်သုတေသနဌာနတွင် အိန်ဂျယ်ကောင်စီပင် လွယ်လွယ်ကူကူ မလှုပ်ရှားရဲလောက်သည့် ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခု ရှိနေနိုင်ပြီး တစ်ချိန်တည်းမှာပင် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များက အိန်ဂျယ်ကောင်စီကိုပါ ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင် သူ့ကို သစ္စာဖောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ရမည်။

‘ကျင်းချန်မြို့က အဲဒီ လျှို့ဝှက်သုတေသနဌာနက တကယ်တော့ NS ရဲ့ ကာကွယ်မှုကို ရရှိထားတာ သူတို့ ဘာလျှို့ဝှက်ချက်တွေကို ဝှက်ထားသလဲဆိုတာ ငါ မသိဘူး အကယ်၍ ငါ ဒါကို စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် ငါ့မှာ အရမ်း အစွမ်းထက်တဲ့ နောက်ခံအင်အား ရှိဖို့ လိုလိမ့်မယ်’

ရှီလဲ့၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လမ်းကြောင်းလေးခုဖြင့် ခွဲခြားထားသည်။

ပထမလမ်းကြောင်းမှာ နည်းပညာကုမ္ပဏီဖြစ်ပြီး ၎င်းမှာ ရှီလဲ့ ပထမဆုံး မှတ်ပုံတင်ထားသော နိုင်ငံခြား အခွန်လွတ်ကုမ္ပဏီ ဖြစ်သည်။ ၎င်းကို အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်နှင့် နောက်ဆက်တွဲ ပုံရိပ်နည်းပညာများကို သယ်ဆောင်ရန် အသုံးပြုမည် ဖြစ်သည်။ နောက်ဆုံးတွင် ထွက်ပေါ်လာမည့် ‘RE’ ကိုလည်း ဤကုမ္ပဏီတွင်ပင် ထားရှိမည်ဖြစ်ပြီး ဤကုမ္ပဏီက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်သွားမည် ဖြစ်သည်။

ဒုတိယလမ်းကြောင်းမှာ ယဲ့ဖုန်းဦးဆောင်မည့် နိုင်ငံတကာ ကြေးစားစစ်သားအဖွဲ့အစည်းကို တည်ထောင်ရန် ဖြစ်သည်။ ဤလမ်းကြောင်းမှာ လူလုံးပြ၍မရပါ။ ရှီလဲ့အနေဖြင့် မိမိ ထိန်းချုပ်ထားကြောင်း တရားဝင် ဝန်ခံမည်မဟုတ်ဘဲ အချို့သော အထူးမစ်ရှင်များကို လုပ်ဆောင်ရန် လျှို့ဝှက်စွာဖြင့်သာ ကြိုးကိုင်သွားမည် ဖြစ်သည်။

တတိယလမ်းကြောင်းမှာ ပြည်တွင်းရှိ JSSL ဖြစ်သည်။ ရှီလဲ့၏ နောက်ဆုံး ပန်းတိုင်မှာ JSSL ကုမ္ပဏီအနေဖြင့် နိုင်ငံတော်က အသိအမှတ်ပြုထားသော သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားရန် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ထိရောက်သော လက်နက်ကိုင် ခြိမ်းခြောက်မှုအင်အားကို ဖန်တီးကာ ပြည်တွင်း၌ သူ့ကိုအခြေခိုင်မာစေရန် ကူညီပေးလိမ့်မည် ဖြစ်သည်။

နောက်ဆုံးလမ်းကြောင်းမှာလည်း နိုင်ငံတကာ ကြေးစားစစ်သားအဖွဲ့အစည်းကဲ့သို့ပင် လျှို့ဝှက်လမ်းကြောင်းတစ်ခု ဖြစ်သည်။ ရှီလဲ့ တရားဝင် ဝန်ခံမည်မဟုတ်ဘဲ လျှို့ဝှက်စွာ ထိန်းချုပ်သွားမည် ဖြစ်သည်။ ဤလမ်းကြောင်းမှာ ‘လျှို့ဝှက် နည်းပညာကုမ္ပဏီ’ ဖြစ်ပြီး ‘မစ္စတာ အမ်’ ဟူသော အမည်ဝှက်ဖြင့် အပြည့်အဝ ထိန်းချုပ်ထားသော နိုင်ငံခြား အခွန်လွတ်ကုမ္ပဏီ ဖြစ်သည်။ လက်ရှိတွင် ထိုကုမ္ပဏီသည် ပက်ထရီးရော့ကုမ္ပဏီ၏ ရှယ်ယာ ၄၈.၉ ရာခိုင်နှုန်းကို တရားဝင် ထိန်းချုပ်ထားပြီး ပက်ထရီးရော့ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤလမ်းကြောင်းလေးခုမှာ ရှီလဲ့ လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်ရန် စီစဉ်ထားသော လမ်းကြောင်းများ ဖြစ်သည်။

ရှီလဲ့သည် လမ်းကြောင်းတစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို တစ်နာရီကျော်သည်အထိ စဉ်းစားနေခဲ့ပြီးနောက် နောက်ဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။

နောက်တစ်နေ့မနက်တွင် ရှီလဲ့သည် လီချိုင်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

ထိုကောင်လေးသည် အိပ်ချင်မူးတူးဖြင့် ဖုန်းဖြေကြားခဲ့ပြီး

“ဘယ်သူလဲ အမိန့်ရှိပါ... ဒီနေ့က တနင်္ဂနွေနေ့ကြီးကို၊ လူတစ်ယောက်ကို အေးဆေး အနားမပေးတော့ဘူးလား”

ရှီလဲ့က နှာခေါင်းရှုံ့ကာ

“ရှောင်လီ... အခုထိ မထသေးဘူးလား”

လီချိုင် အိပ်ချင်မူးတူးဖြင့်ပင်

“တောက်... ဘယ်ကောင်က ငါ့ကို ရှောင်လီလို့ လာခေါ်ရဲတာလဲ... အစ်ကိုကြီးရှီ ခေါ်ရင်တော့ တစ်မျိုးပေါ့၊ ခင်ဗျားက ဘယ်ကကောင်လဲ”

“မင်းအမေလင်ပဲဟေ့ ငါက မင်းရဲ့ အစ်ကိုကြီးရှီဟ” ရှီလဲ့၏ နဖူးပေါ်တွင် အမည်းစက်လိုင်းများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

လီချိုင် နောက်ဆုံးတွင် အိပ်ရေးနိုးသွားခဲ့ပြီး တဟားဟား ရယ်မောကာ

“အစ်ကိုကြီးရှီ... ကျွန်တော့်ကို ဘာကိစ္စ ရှိလို့လဲ”

“ငါ မင်းရဲ့ အကူအညီ လိုအပ်တယ်၊ ငါ့ရဲ့ ဒိုင်းအဖြစ် လုပ်ပေးစမ်းပါဦး” ရှီလဲ့ တိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်းရဲ့ အဲဒီ ပျက်စီးနေတဲ့ ရဟတ်ယာဉ်ကိစ္စအတွက် ငါတို့ကျောင်းရဲ့ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနက ပရော်ဖက်ဆာတစ်ယောက်ကို လမ်းညွှန်ပေးဖို့ ရှာပေးထားတယ်... မင်း ငါ့ရဲ့ ဒိုင်းအဖြစ် လုပ်ပေးမလား၊ မလုပ်ပေးဘူးလား”

လီချိုင် ဝမ်းသာအားရဖြင့် -

“အစ်ကိုကြီးရှီ... ကျွန်တော်တို့ကျောင်းရဲ့ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနက ပရော်ဖက်ဆာ ဟုတ်လား ဒါက အစစ်လား အတုလား ခင်ဗျားက အဲဒီလို အစွမ်းထက်တဲ့သူကို ဘယ်လိုလုပ် သိတာလဲ... အကယ်၍ အဲဒီလို အစွမ်းထက်တဲ့သူ ရှိတယ်ဆိုရင် ခင်ဗျား ဖြစ်စေချင်တဲ့ ဒိုင်းမှန်သမျှ ကျွန်တော် လုပ်ပေးပါ့မယ်”

“အရင်ဆုံး ထလိုက်ဦး ငါ လက်ဆောင်အချို့ သွားဝယ်လိုက်ဦးမယ်၊ ပြီးရင် ငါ ပြန်လာပြီး မင်းဆီ ဖုန်းဆက်လိုက်မယ်” ရှီလဲ့ ပြုံးလျက် ဖုန်းချလိုက်သည်။

လီဆိုင်းက လီကျစ်ယွဲ့၏ ဖခင်ဖြစ်သူ လီခွန်းနင် ကို ရင်ဆိုင်ရန်အတွက် သူ၏ ဒိုင်းအဖြစ် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ပေးမည်ဟူသော အချက်က အကောင်းဆုံးပင် ဖြစ်၏။

စက်မှုဝါသနာအိုး နှစ်ဦး တွေ့ဆုံကြသည့်အခါ ပြောစရာ အကြောင်းအရာများစွာ အမြဲတမ်း ရှိနေတတ်သည်။ ပြီးခဲ့သည့်အကြိမ်က လီကျစ်ယွဲ့၏ အိမ်သို့ သူ သွားရောက်စဉ်က ဝူဘင်ကြောင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့သဖြင့် လီခွန်းနင်၏ ရှီလဲ့အပေါ် ကနဦး အထင်ကြီးမှုမှာ ချက်ချင်းပင် သတိထားမှုနှင့် သံသယစိတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် မူလက ရှီလဲ့ကို မနှစ်သက်ခဲ့သော ဟွမ်းဖန်မှာမူ သူ့အပေါ် ပိုမို ရင်းနှီးနွေးထွေးလာခဲ့သည်။

မနက်စာအတွက် ရှီလဲ့သည် ပေါင်မုန့်တစ်ချပ်နှင့် နွားနို့တစ်ဘူးကို သောက်သုံးခဲ့ပြီးနောက် ရှားပူခရိုင်ဆီသို့ ကားမောင်းထွက်ခွာခဲ့သည်။ ဟွမ်းဖန်၏ စိတ်နေသဘောထားမှာ အနည်းငယ် သေးသိမ်ပြီး အကျိုးအမြတ်အနည်းငယ် ရရှိသည်ကို နှစ်သက်တတ်သည်။ ရှီလဲ့သည် လီခွန်းနင်ထံမှ လာမည့် ဖိအားများကို လျှော့ချရန်အတွက် သူမ၏ နှစ်သက်မှုကို ရယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ရှားပူခရိုင်တွင် ရှီလဲ့သည် ယခုတစ်ကြိမ်တွင် လီခွန်းနင်အတွက် လက်ဖက်ရည် မဝယ်ခဲ့ချေ။ အကြောင်းမှာ သင့်တော်သော အကြောင်းပြချက် မရှိပါက လီခွန်းနင်အနေဖြင့် လက်ခံမည်မဟုတ်ရုံမျှမက ဒေါသပင် ထွက်လာနိုင်သောကြောင့် ဖြစ်သည်။ လီခွန်းနင်နှင့် ဟွမ်းဖန်တို့မှာ လုံးဝ ကွဲပြားကြသည်၊ မတူညီသော လူများကို မတူညီသော နည်းလမ်းများဖြင့် ဆက်ဆံရမည် မဟုတ်ပါလား။

ပြီးခဲ့သည့်အကြိမ်က သူ ဟွမ်းဖန်ကို လက်ကောက်တစ်ကွင်း ပေးခဲ့ရာ သူမကို အလွန် ပျော်ရွှင်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှီလဲ့ ကျောက်စိမ်းဗုဒ္ဓတစ်ဆူ ဝယ်ရန် စီစဉ်ခဲ့သည်။

‘အမျိုးသားများက ကွမ်ရင်ကို ဆောင်ပြီး၊ အမျိုးသမီးများက ဗုဒ္ဓကို ဆောင်ရမည်’ ဟူသော စကား ရှိသည်။ ဟွမ်းဖန်ကို ကျောက်စိမ်းဗုဒ္ဓတစ်ဆူ ပေးအပ်ခြင်းက မျိုးဆက်သစ်လူငယ်များ၏ ရိုးသားမှုကို ပြသရာ ရောက်ပေလိမ့်မည်။

ရှီလဲ့သည် ဝမ်ဖူကျင်း ကုန်တိုက်တွင် ယွမ်သုံးထောင်ခန့် တန်ဖိုးရှိသော ကျောက်စိမ်းဗုဒ္ဓတစ်ဆူကို ရွေးချယ်ဝယ်ယူခဲ့ပြီးနောက် ပြန်လာခဲ့သည်။ သူ ပါရဂူဘွဲ့ကြိုကျောင်းသားများ၏ အဆောင် ၁ ဆီသို့ ရောက်ခါနီးတွင် လီချိုင်ထံ ဖုန်းဆက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ရန် ပြောလိုက်သည်။

ရှီလဲ့ ကားမောင်း၍ အောက်ထပ်သို့ ရောက်လာသောအခါ လီချိုင်သည် သူ၏လက်တွင် ဒီဇိုင်းပုံစံကြမ်းအမြောက်အမြားကို ကိုင်ဆောင်လျက် စောင့်ဆိုင်းနေခဲ့သည်။

အဖြူရောင် အော်ဒီ ကားလေးသည် လီချိုင်၏ ဘေးတွင် ရပ်တန့်လိုက်ပြီး ရှီလဲ့ ခရီးသည်ဘက်ခြမ်းမှ မှန်တံခါးကို ချကာ လှမ်းခေါ်လိုက်သည်။

“ရှောင်လီ... အမြန် တက်ခဲ့”

လီချိုင် ထိတ်လန့်သွားပြီး

“အစ်ကိုကြီးရှီ... ခင်ဗျား”

All Chapters