အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း - ၁၆၀
ဂျပန်နိုင်ငံရှိ ယာဆူကူနီနတ်ကွန်းသည် ထိုနိုင်ငံ၏ မြင့်မြတ်သောနယ်မြေ ဖြစ်ပြီး ၎င်းတို့အမျိုးသားထု၏ ဝိညာဉ်အချို့ ကိန်းအောင်းရာနေရာလည်း ဖြစ်၏။သို့သော် ၎င်းတို့မှာ ရှနိုင်ငံသားများ အသည်းလှန်အောင် မုန်းတီးကြသော အရာများသာ ဖြစ်ကြပေသည်။
ထို့ကြောင့် ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင်များသည် ယာဆူကူနီနတ်ကွန်းကိုပင် သူတို့၏ တိုက်ခိုက်ရေးပစ်မှတ်အဖြစ် တိုက်ရိုက်ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ပထမအကြိမ် တရုတ်-ဂျပန် ဆိုက်ဘာစစ်ပွဲကြီးအတွင်း ရှီလဲ့၏ ကိုယ်ပွားဖြစ်သော ‘လူစီဖာ’ သည် ကြီးမားလှသော နတ်ဘုရားစွမ်းပကားကို ပြသခဲ့ပြီး ယာဆူကူနီနတ်ကွန်းကို ‘ယာဆူကူနီအိမ်သာ’ အဖြစ် ပြောင်းလဲပစ်ခဲ့သဖြင့် ဂျပန်နိုင်ငံကို အကြီးအကျယ် မျက်နှာပျက်စေခဲ့ဖူးသည်။ ဟက်ကာမဟာမိတ်သည်လည်း ၎င်းကဲ့သို့ လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး ဤတစ်ကြိမ်တွင် ပို၍ပင် ဝေးဝေးအထိ သွားရန် စီမံထားကြသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့သည် ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝက်ဆိုက်ကို စတင်တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ပြင်းထန်လှသော ခုခံမှုနှင့် ချက်ချင်းရင်ဆိုင်လိုက်ရတော့သည်။
ဆာကူရာအဖွဲ့၏ ‘ရှစ်ရောင်ခြယ်ဆာကူရာ’ ခေါင်းဆောင်များအားလုံးသည် ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝက်ဆိုက်တွင် စုစည်းရောက်ရှိနေကြပြီး ဟက်ကာမဟာမိတ်၏ ကျူးကျော်မှုကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။
ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင် ဆယ်ဦးသည် ၎င်းတို့ ဝင်ရောက်စီးနင်းလိုက်သည့် ကွက်တိအချိန်၌ပင် ရှစ်ရောင်ခြယ်ဆာကူရာအဖွဲ့၏ ရူးသွပ်လှသော တုံ့ပြန်တိုက်ခိုက်မှုကို ခံလိုက်ရသည်။
ရှစ်ရောင်ခြယ်ဆာကူရာသည် အဖွဲ့နှစ်ဖွဲ့ ခွဲခြားလိုက်သည်။ အရောင်လေးခုမှာ ယာဆူကူနီနတ်ကွန်း၏ ဝက်ဘ်ဆာဗာကို ဆက်လက်စောင့်ကြပ် ကာကွယ်နေပြီး ကျန်ရှိသော အရောင်လေးခုမှာမူ ဟက်ကာမဟာမိတ်အဖွဲ့၏ အားအနည်းဆုံး အဖွဲ့ဝင်လေးဦးကို ပစ်မှတ်ထားလျက် ပြောင်းပြန်ခြေရာခံခြင်းကို စတင်လိုက်ကြတော့သည်။
ရှစ်ရောင်ခြယ်ဆာကူရာ၏ အဖွဲ့ဝင်တစ်ဦးချင်းစီမှာ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူများဖြစ်ကြပြီလကဋကလး ‘ပန်းရောင်ဆာကူရာ’ မှာမူ ‘ဓားမြှောင်နက်’ နှင့် အဆင့်အတန်းတူညီသော အထူးအဆင့်ထိပ်သီးကျွမ်းကျင်သူပင် ဖြစ်သည်။ ဟက်ကာမဟာမိတ်၏ အဓိကအလွှာထဲမှ ခြေရာခံခြင်းခံနေရသော အဖွဲ့ဝင်လေးဦးမှာ ‘ဝိညာဉ်နက်’ ၊ ‘နှလုံးသားနက်’ ၊ ‘နတ်ဆိုးနက် နှင့် ‘လင်းယုန်နက်’ တို့ ဖြစ်ကြသည်။ သူတို့၏ နည်းပညာစွမ်းရည်မှာ အနည်းငယ် အားနည်းသဖြင့် အစိမ်း၊ အပြာနု၊ အပြာရင့်နှင့် အခရမ်းရောင်ဆာကူရာတို့၏ လိုက်လံဖမ်းဆီးမှုကြောင့် ကမ္ဘာအနှံ့ ဆာဗာများသို့ အသည်းအသန် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဓားမြှောင်နက်က သူတို့ကို ကယ်တင်ချင်သော်လည်း အကယ်၍ သူတို့သာ ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝက်ဆိုက်ကို စွန့်လွှတ်လိုက်ပါက ယခင်က ကြိုးပမ်းခဲ့သမျှ အားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားရမည် မဟုတ်ပါလား။
ထို့အပြင် ကျန်ရှိသော ဆာကူရာအရောင်လေးခုမှာလည်း ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝက်ဆိုက် ဆာဗာအတွင်း၌ သားကောင်ကို ချောင်းမြောင်းနေသော ကျားရဲများကဲ့သို့ စောင့်ကြည့်နေကြဆဲ ဖြစ်သည်။
ဟက်ကာမဟာမိတ်၏ အဓိကအလွှာ အသံချန်နယ်အတွင်း၌ ဓားမြှောင်နက်က သူတို့ကို အားပေးလိုက်သည်။
“နှလုံးသားနက်... မင်းတို့လေးယောက် တောင့်ခံထားစမ်း... တကယ်လို့ ပိတ်ဆို့ဖို့ မတတ်နိုင်တော့ရင် ကာကွယ်ရေးဆာဗာဆီကို အတူတူပြန်ဆုတ်လာပြီး အိမ်ကွင်းအားသာချက်ကို သုံးပြီးတော့ သူတို့ကို တားဆီး”
“နားလည်ပါပြီ” ဟု နှလုံးသားနက်က ပြန်လည်ဖြေကြားရင်း ဆာကူရာအဖွဲ့ ကျွမ်းကျင်သူများ၏ ခြေရာခံမှုကို ဆက်လက်ခုခံနေခဲ့သည်။
“ကျားနက်... ကျားသစ်နက်... မင်းတို့ရဲ့ စွမ်းရည်တွေအကုန်ထုတ်ပြီး အဲဒီအိမ်သာရဲ့ တရားဝင်ဝက်ဆိုက်ကို မြန်မြန်စီးနင်းစမ်း” ဓားမြှောင်နက်က အော်ဟစ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုကို စတင်လိုက်သည်။
TBS ရုပ်မြင်သံကြားဌာန ဘက်တွင်မူ ဟက်ကာမဟာမိတ်၏ အတွင်းပိုင်းအဖွဲ့ဝင် အဖွဲ့ ၁ မှ ၂၀ အထိ ပါဝင်သော လူဦးရေ ၂၀၀ ရှိသည့် သန်မာလှသောအဖွဲ့ကြီးသည် TBS ရုပ်မြင်သံကြားဌာန ဝက်ဆိုက်ကို လွယ်ကူစွာ စီးနင်းနိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့တွင် ထိပ်သီးကျွမ်းကျင်သူများ မပါရှိသဖြင့် TBS ရုပ်မြင်သံကြားဌာန၏ ရုပ်သံထုတ်လွှင့်မှုလိုင်းများကို မထိန်းချုပ်နိုင်ခဲ့ကြဘဲ တရားဝင်ဝက်ဆိုက်ကိုသာ ဖျက်ဆီးနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ရှီလဲ့သည် TBS ရုပ်မြင်သံကြားဌာနဘက်ကို အကဲခတ်ကြည့်လိုက်ရာ သူတို့အနေဖြင့် ရုပ်သံလိုင်းများကို မတတ်နိုင်ကြောင်း တွေ့ရှိရသဖြင့် ထိုနေရာသို့ တိုက်ရိုက် ကူညီရန် သွားရောက်ခဲ့သည်။ သူသည် အိုက်စင်ကုမ္ပဏီ၏ ပထမအဆင့် ဘော့တ်ကို ထိန်းချုပ်ကာ TBS ၏ ကာကွယ်ရေးကို လွယ်ကူစွာ ဖောက်ထွင်းလိုက်ပြီး ၎င်း၏ အတွင်းပိုင်းကွန်ရက်ထဲသို့ ဝင်ရောက်ကာ ထုတ်လွှင့်မှု စီမံခန့်ခွဲရေးဌာနကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ပထမအဆင့်ဘော့တ်မှတစ်ဆင့် ထုတ်လွှင့်မှုစီမံခန့်ခွဲရေးဌာန၏ ပင်မထိန်းချုပ်ရေး ကွန်ပျူတာကို စကန်ဖတ်ကြည့်ပြီးနောက် ရှီလဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ အိုက်စင်၏ ပထမအဆင့်ဘော့တ် တစ်ခုတည်းကိုသာ အားကိုးခြင်းဖြင့် တစ်ဖက်လူ၏ ပင်မထိန်းချုပ်ရေး ကွန်ပျူတာကို ဖောက်ထွင်းရန် မလွယ်ကူချေ။ ရှီလဲ့သည် အချိန်ဆွဲမနေတော့ဘဲ စူပါကွန်ပျူတာ ‘ယန်’ သို့ ချက်ချင်းချိတ်ဆက်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားဖြင့် TBS ရုပ်မြင်သံကြားဌာန၏ ထုတ်လွှင့်မှု စီမံခန့်ခွဲရေးဌာန ပင်မထိန်းချုပ်ရေး ကွန်ပျူတာကို သိမ်းပိုက်လိုက်တော့သည်။
သူသည် ပင်မထိန်းချုပ်ရေး ကွန်ပျူတာကို ထိန်းချုပ်နိုင်ခဲ့ပြီး ရုပ်သံလိုင်း ၁၇ လိုင်းစလုံးကို မောင်းနှင်နိုင်စွမ်း ရှိသော်လည်း ရှီလဲ့သည် မောက်မာစွာဖြင့် ၎င်းတို့အားလုံးကို မထိန်းချုပ်ခဲ့ချေ။ ယင်းအစား သူသည် ကြည့်ရှုနှုန်းအမြင့်ဆုံးဖြစ်သော ဖျော်ဖြေရေးအစီအစဉ်လိုင်းကိုသာ ရွေးချယ်လိုက်ပြီး ဟက်ကာမဟာမိတ်၏ တူညီသော တံဆိပ်ပုံရိပ်ကို ဆွဲတင်လိုက်တော့သည်။
TBS ရုပ်မြင်သံကြားဌာန၏ ဖျော်ဖြေရေးလိုင်းပေါ်တွင် ဟက်ကာမဟာမိတ်၏ တံဆိပ်ပုံရိပ်က ရုတ်တရက် အစားထိုးပေါ်ထွက်လာခဲ့ရာ ၎င်းက ဟက်ကာမဟာမိတ်အဖွဲ့၏ အရှိန်အဝါကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်စေပြီး သူတို့၏ တိုက်စစ်ကို ပိုမိုထက်မြက်လာစေခဲ့သည်။
ရှနိုင်ငံအတွင်း၌မူ သတင်းအချက်အလက် သိရှိထားကြသော အဖွဲ့ဝင်အချို့ အဓိကအားဖြင့် အမျိုးမျိုးသော ဟက်ကာအဖွဲ့အစည်းများ၏ ဝါဒဖြန့်ချိရေး ဝန်ထမ်းများမှာ ဤစစ်ပွဲအခြေအနေကို ပြည်တွင်းရှိ ကြီးမားသော ဖိုရမ်အချို့ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးနေကြသည်။
ဟက်ကာမဟာမိတ်သည် ဝါဒဖြန့်ဝန်ထမ်း အတော်များများကို စီစဉ်ထားရှိရာ သူတို့သည် ဟက်ကာမဟာမိတ်၏ အောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံနေကြသည်။ အထူးသဖြင့် NHK ရုပ်မြင်သံကြားဌာန၏ ရုပ်သံဇာတ်လမ်းတွဲလိုင်းနှင့် TBS ရုပ်မြင်သံကြားဌာန၏ ဖျော်ဖြေရေးလိုင်းတို့ကို ဖောက်ထွင်းနိုင်ခဲ့သည့် အချက်များပင် ဖြစ်၏။
ကြီးမားသော ဖိုရမ်များပေါ်ရှိ ဝါဒဖြန့်မှုများနှင့်အတူ မြောက်မြားစွာသော သာမန်အင်တာနက် အသုံးပြုသူများသည် ဟက်ကာများ၏ စွမ်းပကားကို ကိုယ်တိုင်ကိုယ်ကျ သက်သေတွေ့ရှိသွားခဲ့ကြရသည်။
ရွှမ်ချင်းမြို့ရှိ ဆိုက်ဘာလုံခြုံရေးဗျူရို၊ အနောက်ပိုင်း အထွေထွေဗျူရို၌ လင်းယွီဂေါင်သည် ဧရာမ မျက်နှာပြင်နံရံကြီး၏ ရှေ့တွင် ရပ်နေရင်း ၎င်းပေါ်ရှိ အစိမ်းရောင်၊ အဝါရောင် သို့မဟုတ် အနီရောင် ကွန်ရက်လိုင်းများကို ကြည့်ရှုနေခဲ့သည်။
“ဗျူရိုမှူး... ကွန်ရက်ပိတ်ဆို့မှုနှုန်းက ထပ်ပြီးတော့ မြင့်တက်လာပြန်ပါပြီ” ဟု မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက တင်ပြလိုက်သည်။
လင်းယွီဂေါင်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး
“ကိစ္စမရှိဘူး ငါ မြင်နေရတယ် အဲဒါက ဟက်ကာမဟာမိတ်ရဲ့ မှတ်ပုံတင်အဖွဲ့ဝင် နှစ်သိန်းကျော်က စုပေါင်းတိုက်ခိုက်မှုပဲ”
“ဗျူရိုမှူး... သူတို့ကို မတားသင့်ဘူးလား... အကယ်၍ ဂျပန်နိုင်ငံက ဟက်ကာတွေကလည်း ဒီလိုမျိုး တန်ပြန်လုပ်လာရင် ကျွန်တော်တို့ ရှနိုင်ငံလည်း ဒုက္ခရောက်လိမ့်မယ်” ဟု ထိုမျက်မှန်နှင့် အမျိုးသားက စိုးရိမ်တကြီး ဆိုလိုက်သည်။
“ဘာကြောက်စရာရှိလဲ” လင်းယွီဂေါင်က နှာခေါင်းရှုံ့လိုက်ပြီး
“ဂျပန်နိုင်ငံက ဒီလိုမျိုး လုပ်လာရင်တောင် တို့နိုင်ငံက ဟက်ကာတွေက အလကားအကောင်တွေ မဟုတ်ဘူး ဒါတင်မကသေးဘူး... ငါတို့တွေလည်း ဒီမှာ ရှိနေသေးတာပဲ မဟုတ်လား”
ဂျပန်နိုင်ငံဘက်တွင်မူ ရှီလဲ့သည် TBS ကာကွယ်ရေးကို ဖောက်ထွင်းပြီးနောက် ၎င်းထံမှ လျင်မြန်စွာ ဆုတ်ခွာခဲ့ပြီး ၄၆ ဖွဲ့မြောက်အဖွဲ့ထံသို့ ပြန်လည်ပူးပေါင်းကာ ဆာကူရာအဖွဲ့၏ ဟက်ကာများကို ဆက်လက်ရင်ဆိုင်နေခဲ့သည်။
တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများအကြား တိုက်ပွဲတွင်မူ ရှနိုင်ငံဘက်က အဖွဲ့အစည်း လေးခု ပါဝင်ပြီး ဂျပန်နိုင်ငံဘက်က သုံးခုသာ ပါဝင်သော်လည်း ‘ဝိညာဉ်လေးပါးပုတီး နတ်ဆိုးတပ်မတော်’ မှာ အလွန်ပင် အစွမ်းထက်လှပေသည်။ သူတို့သည် ပြိုင်ဘက်နှစ်ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရစေကာမူ ဘာမှအားနည်းခြင်းမရှိသည့်အပြင် ရမ်းကားသောမျိုးနွယ်စုနှင့် ဝိညာဉ်နက်အဖွဲ့တို့ကိုပင် ဖိနှိပ်ထားနိုင်ခဲ့ကြသည်။
တီအိတ်ခ်ျနှင့် အကိုင်း တို့၏ ပူးပေါင်းစွမ်းအားမှာလည်း ကျန်နှစ်ဖွဲ့ထက် သာလွန်နေခဲ့သည်။
ရှနိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများသည် တည်ငြိမ်စွာ အနိုင်ရရှိနေသော ဒုတိယမျိုးဆက် အဖွဲ့အစည်းများနှင့်မတူဘဲ ဘက်ပေါင်းစုံမှ တောက်လျှောက် ဆုတ်ခွာနေရသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ရသည်။
ဟက်ကာမဟာမိတ်၏ ထောက်ပံ့ပို့ဆောင်ရေး ဒါရိုက်တာဖြစ်သူ ‘ကျားသစ်နက်’ သည် ထောက်လှမ်းရေးစနစ်ကိုလည်း တာဝန်ယူထားသူ ဖြစ်သည်။ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများမှာ အဆင်မပြေဖြစ်နေကြောင်း တွေ့ရှိရပြီးနောက် ကျားသစ်နက်သည် ဝက်ဆိုက်၏ ဆက်သွယ်ရေးစနစ်မှတစ်ဆင့် အွန်လိုင်းရှိ တရားဝင်အဖွဲ့ဝင်များထံသို့ အမိန့်တစ်ခု ချက်ချင်း ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကို ဝိုင်းရံပိတ်ဆို့ ချေမှုန်းရန် ညွှန်ကြားလိုက်တော့သည်။
ဟက်ကာမဟာမိတ်၏ တရားဝင်အဖွဲ့ဝင်များက သူတို့၏ သေနတ်ပြောင်းဝများကို ဂျပန်နိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများထံသို့ လှည့်လိုက်ကြသည့်အခါ တီအိတ်ခ်ျ၊ အကိုင်းနှင့် နတ်ဆိုးတပ်မတော်တို့သည် ကြီးမားလှသော ဖိအားကို ချက်ချင်း ခံစားလိုက်ကြရတော့သည်။
ရှီလဲ့သည် ခေတ္တမျှ ပုန်းအောင်းကာ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး ဆာကူရာအဖွဲ့၏ အတွင်းပိုင်းအဖွဲ့ဝင် ငါးဦး၏ စစ်မှန်သော အိုင်ပီလိပ်စာများကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ထို့နောက် သူက ဆက်လက်မတိုက်ခိုက်တော့ဘဲ ဆာကူရာအဖွဲ့ဝင်တစ်ဦး၏ ပြောင်းပြန်ခြေရာခံခြင်းကို ခံလိုက်ရသည့်အလား ဟန်ဆောင်ကာ ကစဉ့်ကလျား ထွက်ပြေးသည့်ပုံစံဖြင့် စစ်မြေပြင်မှ ဆုတ်ခွာသွားခဲ့သည်။
စစ်မြေပြင်မှ ထွက်ခွာပြီးနောက် ရှီလဲ့သည် ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင်များ ရှိရာသို့ ချက်ချင်း အပြေးလှမ်းခဲ့သည်။
ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင်များသည် ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝဘ်ဆိုက်တွင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့သော်လည်း ၎င်းကို မစီးနင်းနိုင်သေးခြင်းက ရှီလဲ့အား အကျပ်အတည်းတစ်ခုကို ခံစားမိစေသည်။
ရှီလဲ့သည် ဤစစ်ပွဲကို ဤမျှလောက်ဖြင့် အလွယ်တကူ ပြီးဆုံးသွားစေချင်ခြင်း မရှိချေ၊ သူက ၎င်းကို တတ်နိုင်သမျှ ပိုမိုကြီးမားသွားစေချင်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ လုံခြုံရေးကျွမ်းကျင်သူ အများစုကို ဆွဲထုတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်လျက် ရှီလဲ့သည် ပထမဦးစွာ နှလုံးသားနက်ကို ခြေရာခံနေသော ‘အစိမ်းရောင်ဆာကူရာ’ ကို ကြားဖြတ်ပိတ်ဆို့လိုက်သည်။ စူပါကွန်ပျူတာ ယန်၏ စွမ်းပကားကို အသုံးပြုကာ သူသည် အစိမ်းရောင်ဆာကူရာကို တိုက်ရိုက်ဖိနှိပ်လိုက်ပြီး၊ အစိမ်းရောင်ဆာကူရာ၏ ကြားခံဆာဗာကို လျင်မြန်စွာ လော့ခ်ချလျက် ၎င်း၏ ကာကွယ်ရေးကို ချက်ချင်း ဖောက်ထွင်းကာ နောက်ထပ်ကြားခံဆာဗာတစ်ခုကို ဆက်လက်တိုက်ခိုက်လိုက်သည်။
အစိမ်းရောင်ဆာကူရာသည် ရှီလဲ့၏ ထက်မြက်လှသော တိုက်စစ်ကြောင့် ထိတ်လန့်သွားပြီး အလန့်တကြား ထွက်ပြေးသွားခဲ့ရသည်။ ရှီလဲ့က လိုက်လံမဖမ်းဆီးတော့ဘဲ ၎င်းနည်းလမ်းအတိုင်းပင် အပြာနု၊ အပြာရင့်နှင့် အခရမ်းရောင်ဆာကူရာတို့ကို ကြားဖြတ်ပိတ်ဆို့ပေးခဲ့သဖြင့် ဟက်ကာမဟာမိတ် အဓိကအဖွဲ့ဝင် လေးဦး၏ အကျပ်အတည်းကို ဖြေရှင်းပေးလိုက်တော့သည်။
ဟက်ကာမဟာမိတ်၏ အဓိကအလွှာ အသံချန်နယ်အတွင်း၌ နှလုံးသားနက်က ဆိုလိုက်သည်။
“ဆရာကြီး ဓားမြှောင်နက်... ကျွန်တော်တို့ လေးယောက် ခုနက သူစိမ်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရတယ် ဆရာကြီး လူခေါ်ပေးလိုက်တာလား”
ဓားမြှောင်နက် အံ့အားသင့်သွားခဲ့ရသည်။ သူက ဘာအကူအညီမျှ မတောင်းဆိုခဲ့ဖူးချေ။ သို့သော်လည်း အခြားတစ်ဖက်လူက ကူညီရန် ရောက်ရှိလာခြင်း ဖြစ်သဖြင့် သူတို့အပေါ် မလိုမုန်းထားစိတ် မရှိကြောင်း ထင်ရှားသည်။ ဓားမြှောင်နက်က အလျင်အမြန်ပင်
“နှလုံးသားနက်... မင်းတို့လေးယောက် ချက်ချင်းပြန်လာပြီးတော့ အတူတူ စုပေါင်းတိုက်ခိုက်ကြစို့”
အစိမ်း၊ အပြာနု၊ အပြာရင့်နှင့် အခရမ်းရောင်ဆာကူရာတို့သည် ရှီလဲ့၏ အိုင်ပီလိပ်စာ ခြေရာခံနှုန်း မြန်ဆန်မှုကြောင့် ထိတ်လန့်သွားခဲ့ကြသည်။ သူတို့ တုံ့ပြန်ရန် အချိန်မရမီမှာပင် ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင် ဆယ်ဦးသည် ယာဆူကူနီနတ်ကွန်းရှိ ပန်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင်ဆာကူရာတို့ကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လိုက်ကြတော့သည်။
ပန်းရောင်ဆာကူရာ၏ စွမ်းရည်မှာ ကျွမ်းကျင်သူအဆင့်သို့ ရောက်ရှိနေစေကာမူ တူညီသောအဆင့်ရှိသူတစ်ဦးနှင့် အခြားသော ကျွမ်းကျင်သူကိုးဦး၏ စုပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝဘ်ဆိုက်ကို ဆက်လက်မကာကွယ်နိုင်တော့ဘဲ ဟက်ကာမဟာမိတ်၏ လက်ထဲသို့ ကျရောက်သွားခဲ့ရတော့သည်။
ရှီလဲ့သည် အပြင်ပန်းမှနေ၍ ထိုလှုပ်ရှားမှုကို ဘာဝင်ရောက်စွက်ဖက်မှုမျှမရှိဘဲ စောင့်ကြည့်နေခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ လှုပ်ရှားမှုများကိုသာ အဝေးမှနေ၍ ဖျတ်ခနဲ စောင့်ကြည့်နေခဲ့သည်။
ဓားမြှောင်နက်သည် အဓိကအဖွဲ့ဝင်များကို ဦးဆောင်ကာ ယာဆူကူနီနတ်ကွန်းကို စီးနင်းနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူတို့သည် ဟက်ကာမဟာမိတ်၏ တူညီသောတံဆိပ်ပုံရိပ်ကို မတင်ခဲ့ကြဘဲ ဗီဒီယိုဖိုင်တစ်ခုကို ဆွဲတင်လိုက်ကြခြင်း ဖြစ်၏!
ဗီဒီယို၏ အစပိုင်းတွင် ရှီလဲ့၏ မူရင်း ‘ယာဆူကူနီအိမ်သာ’ ပုံရိပ်၏ တီထွင်ဆန်းသစ်မှု အတွေးအခေါ်ကို ငှားရမ်းအသုံးပြုထားသည်။ ထို့နောက် ဂျပန်အလံကို ပတ်ထားသော လူတစ်စုသည် လက်ထဲတွင် ပန်းကန်လုံးတစ်လုံးစီကို ကိုင်ဆောင်လျက် ယာဆူကူနီနတ်ကွန်းအတွင်းသို့ လမ်းလျှောက်ဝင်လာကြသည်။ ယာဆူကူနီနတ်ကွန်းအတွင်း၌ မူလက ပူဇော်ထားရှိသော ဝိညာဉ်ကတ်ပြားများကိုမူ ဟက်ကာမဟာမိတ်အဖွဲ့က ‘ရွှေရောင်မစင်ပုံကြီးများ’ အဖြစ် အစားထိုး လဲလှယ်ထားခဲ့ကြခြင်း ဖြစ်၏။
ပန်းကန်လုံးများကို ကိုင်ဆောင်ထားသော ထိုလူစုသည် ယာဆူကူနီနတ်ကွန်းအတွင်းသို့ ဝင်ရောက်လာကြပြီး ရွှေရောင်မစင်ပုံကြီးများ၏ ရှေ့တွင် ဒူးထောက်ဦးချကြကာ မြေပြင်ပေါ်တွင် ဝပ်စင်းလျက် မိမိတို့၏ ပန်းကန်လုံးများကို အထက်သို့ မြှောက်ကိုင်ထားကြသည်။
ထိုရွှေရောင်မစင်ပုံကြီးများ၏ ဘေးတွင်မူ ‘ကျူးပါကျဲ’ က ရပ်နေပြီး သူက မစင်များကို ဇွန်းဖြင့်ခပ်ကာ ပန်းကန်လုံးများအတွင်းသို့ လောင်းထည့်ပေးနေခဲ့သည်။ ထို့နောက် သူက ဂျပန်ဘာသာစကားဖြင့်
“ဒါက ငါ့ရဲ့ ရွှေရောင်မစင်တွေပဲ၊ မြန်မြန် အရသာခံပြီး စားကြ” ဟု ဆိုလိုက်သည်။
ထိုလူစုသည် တစ်ယောက်ပြီးတစ်ယောက် ပန်းကန်လုံးအတွင်းရှိ မစင်များကို အလျင်အမြန် ကုန်စင်အောင် စားသောက်ကြပြီးနောက် ကျူးပါကျဲကို ဒူးထောက်ဦးချလျက် ကျေးဇူးတင်စကား ဆိုလိုက်ကြတော့သည်။
ဗီဒီယိုတစ်ခုလုံးကို ကာတွန်းဇာတ်ကောင် စတိုင်ဖြင့် တင်ဆက်ထားခြင်းဖြစ်ပြီး တစ်မိနစ်ကျော်မျှသာ ကြာမြင့်သည်။ ၎င်းကို ကြည့်ရှုပြီးနောက် ရှီလဲ့တစ်ယောက် အော်ဟစ်ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဟက်ကာမဟာမိတ်အဖွဲ့ထဲက ကောင်တွေကတော့ အမှန်ပင် ပါရမီပါလှပေသည်။ ယခုတစ်ကြိမ်တွင်မူ ဂျပန်နိုင်ငံရှိ အစွန်းရောက်သမားများမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်ကြရတော့မည် ဖြစ်၏။
ရှနိုင်ငံအတွင်း၌မူ ဟက်ကာမဟာမိတ်၏ ဝါဒဖြန့်ဝန်ထမ်းများသည် ယာဆူကူနီနတ်ကွန်း၏ တရားဝင်ဝက်ဆိုက် အခြေအနေကို ကြီးမားသော ဖိုရမ်တိုင်းပေါ်တွင် ချက်ချင်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ကြပြီး ဟက်ကာမဟာမိတ်က ပြုလုပ်ထားသော ဗီဒီယိုဖိုင်ကို ရှာနိုင်ငံဘာသာစကား စာတန်းထိုးများဖြင့် ပူးတွဲဖော်ပြပေးခဲ့ကြသည်။
ဤဗီဒီယိုဖိုင်သည် ပြည်တွင်းရှိ အစွန်းရောက်လူငယ်များကို စိတ်လှုပ်ရှားမှုကြောင့် သွေးဆူသွားစေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
ရှနိုင်ငံရှိ မည်သည့်အစွန်းရောက်သမားက ယာဆူကူနီနတ်ကွန်းကို မမုန်းတီးဘဲ နေပါမည်နည်း။
အကယ်၍ ဖြစ်နိုင်လျှင် သူတို့သည် ယာဆူကူနီနတ်ကွန်းကို ဗုံးခွဲဖျက်ဆီးပစ်ချင်ကြသူများ ဖြစ်သည်။
ဟက်ကာမဟာမိတ်သည် ယာဆူကူနီနတ်ကွန်းကို ဗုံးမခွဲနိုင်ခဲ့စေကာမူ ၎င်းကို ပြင်းထန်စွာ စော်ကားလိုက်ခြင်းဖြစ်ပြီး ယာဆူကူနီနတ်ကွန်းအပေါ် ကြီးမားသော အရှက်ခွဲမှုကို ဆောင်ကြဉ်းပေးခဲ့ခြင်း ဖြစ်သည်။ ဤအချက်က အမှန်ပင် စိတ်ကျေနပ်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေသည်။
ဟက်ကာမဟာမိတ်သည် ယာဆူကူနီနတ်ကွန်း၏ ဝက်ဘ်ဆာဗာကို သိမ်းပိုက်လိုက်ပြီး ကြီးမားသော စော်ကားမှုများ ပါဝင်သည့် ဗီဒီယိုကို ထည့်သွင်းလိုက်ပြီးနောက် ဝက်ဘ်ဆာဗာအတွင်း၌ ပြင်းထန်သော ကာကွယ်ရေးများကို ချက်ချင်း စတင်တည်ဆောက်ကြတော့သည်။ ၎င်းမှာ ဂျပန်နိုင်ငံ ဟက်ကာများ၏ တန်ပြန်တိုက်ခိုက်မှုကို စောင့်ဆိုင်းရန် ဖြစ်ပေသည်။
သို့သော်လည်း ဟက်ကာမဟာမိတ်၏ လုပ်ရပ်များမှာ ဆာကူရာအဖွဲ့ကိုသာမက နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုကိုပါ ဒေါသအမျက်ချောင်းချောင်း ထွက်သွားစေခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုမှာ အစွန်းရောက်သမားများ ထိန်းချုပ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်မှာ သေချာလှပေသည်။ ရှီလဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ လှုပ်ရှားမှုများကို အချိန်ပြည့် စောင့်ကြည့်နေခဲ့သည်။ ယာဆူကူနီနတ်ကွန်း ဖောက်ထွင်းခံရပြီး သုံးမိနစ်မပြည့်မီ အချိန်မှာပင် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုမှ ကွန်ပျူတာကျွမ်းကျင်သူများသည် ထိုနေရာသို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ရှီလဲ့ ပြုံးလိုက်မိသည်။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုက နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ သူ၏ လှုပ်ရှားမှုကိုလည်း စတင်နိုင်ပြီဖြစ်သည်။