← Chapters

အခန်း ၃၈၅

Vol. 27 Ch. 385

အခန်း ၃၈၅

Vol. 27 Ch. 385

အပိုင်း(၃၈၅) နတ်ဘုရားများကျူးကျော်လာခြင်း၊ အလုံးစုံစစ်ပွဲကြီး

ပင်လယ်ရပ်ခြား။

ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမ။

မူလက နတ်ဘုရား(၃၀၀)ကျော်ရှိခဲ့သော်လည်း တစ်နှစ်ကျော်ကြာ စစ်ပွဲများအတွင်း အင်အား ကုန်ခန်းမှုများကြောင့် နတ်ဘုရား(၃၀)ကျော်မှာ ကောင်းကင်တာအိုသို့ ပြန်င်ရောက်သွားပြီး နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာမည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။ ကျန်ရှိနေသော နတ်ဘုရား (၂၇၀)ကျော်သည် တပ်ဖွဲ့နှစ်ခုခွဲကာ တစ်ဝက်က ကောင်းကင်ပြည်နယ်ကိုသိမ်းပိုက်ပြီး ကောင်းကင်ပြည်နယ်၏ ကံကြမ္မာကို လက်ဝါးကြီးအုပ်ရန် ကြံစည်နေကြသည်။

လတ်တလောတွင် ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမ၌ နတ်ဘုရား(၁၀၀)ကျော်သာ ကျန်ရှိတော့သည်။

ဗဟိုနန်းတော်။

ပလ္လင်ပေါ်တွင် လူငယ်ရုပ်သွင်နှင့် နတ်ဘုရားတစ်ပါးက ပျင်းရိပျင်းတွဲ ထိုင်နေကာ၊ဘယ်ဘက်လက်ကို ဆုပ်ပြီး ပါးပြင်ကိုထောက်ထားရင်း မျက်လုံးမှိတ်ကာ အနားယူနေသည်။

ပင်လယ်နတ်ဘုရား၊ ကြယ်ပတ်လမ်းနတ်ဘုရား၊ သဲပွင့်နတ်ဘုရား၊ ကံကြမ္မာနတ်ဘုရား၊ စိတ်နှလုံးနတ်ဘုရားနှင့် စည်းမျဉ်းနတ်ဘုရား စသည့် နတ်ဘုရား(၆)ပါးတို့သည် နန်းတော်အတွင်း စုဝေးရောက်ရှိနေကြသည်။

၎င်းတို့(၆)ပါးသည် ယွီထန်၏လက်အောက်ရှိ ပထမအဆင့် နတ်ဘုရားများဖြစ်ကြပြီး တစ်နှစ်ကျော်ကြာ အင်အားပြန်လည်ဖြည့်တင်းပြီးနောက် (၆)ပါးစလုံး ကောင်းကင်နယ်ပယ်တစ်ပိုင်းသို့ ပြန်ရောက်ရှိသွားကြပြီ ဖြစ်သည်။

"ကောင်းကင်ကြည့်ဆောင်က လုံးဝပျောက်ကွယ်သွားပြီဆိုတာကို ထပ်ခါတလဲလဲ အတည်ပြုပြီးပါပြီ။ သူတို့က လောကရေးရာတွေကို ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်ပါဘူး။ နတ်ဘုရားတွေ အားလုံး ပြန်လည် နိုးထလာမယ့်ခေတ်ကို စတင်လို့ရပါပြီ။" ပင်လယ်နတ်ဘုရားက ပြောလိုက်သည်။

နတ်ဘုရားခေတ် ဘေးဒုက္ခ မကြုံတွေ့ရခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတစ်ခု ပြုလုပ်ထားခဲ့သည်။ [ယဇ်ပလ္လင်ကိုမီးရှို့ပြီး နတ်ဘုရားတစ်ချို့ကို ယဇ်ပူဇော်လိုက်ပါက နတ်ဘုရားအားလုံးကို ပြန်လည်နိုးထစေနိုင်ကာ နတ်ဘုရားစွမ်းအင်များကို ပြန်လည်စုစည်းနိုင်မည်ဖြစ်သည်]

အိပ်မောကျနေဆဲဖြစ်သော နတ်ဘုရားများ၏ နတ်ဘုရားစွမ်းအင်များကို ကောင်းကင်ကြည့်ဆောင်က သိမ်းယူသွားခဲ့သော်လည်း ယဇ်ပလ္လင်၏ အကြီးမားဆုံးအသုံးဝင်မှုမှာ နတ်ဘုရားစွမ်းအင် ပျောက်ဆုံးနေသော နတ်ဘုရားများအား ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့လွင့်နေသောတာအိုများနှင့် စွမ်းအားအပိုင်းအစများကို စုပ်ယူစေပြီး နတ်ဘုရားစွမ်းအင်ကို ပြန်လည်စုစည်းစေခြင်းဖြစ်သည်။

သို့သော် နတ်ဘုရားများက ကောင်းကင်ကြည့်ဆောင်ကို အမြဲတမ်း စိုးရိမ်ကြောက်ရွံ့နေခဲ့ကြသည်။ ဤသို့လုပ်ဆောင်ခြင်းက တစ်ဖက်လူ၏ တန်ပြန်တိုက်ခိုက်မှု ခံရမည်ကို စိုးရိမ်သောကြောင့် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ထပ်ခါတလဲလဲ စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ကောင်းကင်ကြည့်ဆောင်က သူတို့ကို အမှန်တကယ် လျစ်လျူရှုထားကြောင်း အတည်ပြုနိုင်မှသာ ဤကိစ္စကို အစီအစဉ်ဆွဲလာခဲ့ခြင်းဖြစ်သည်။

"ပျောက်သွားတယ် ဟုတ်လား..." ယွီထန်က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်ဝန်းအောက်ခြေတွင် သံသယဖြစ်မှု တစ်ချက် လင်းလက်သွားသည်။

ဘာလို့လဲ။

ကောင်းကင်ကြည့်ဆောင်က နှစ်ပေါင်းသောင်းချီ ကြိုတင်ကြံစည်ခဲ့ပြီးမှ အခုချိန်ရောက်ဖို့ မနည်းစောင့်ဆိုင်းခဲ့ရတာ။ အောင်မြင်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ အရေးကြီးတဲ့အချိန်ကျမှ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ။

"နံနက်ခင်းအလင်းနယ်ပယ် နတ်ဘုရား (၅၀)ကို ယဇ်ပူဇော်ပြီး နတ်ဘုရားတွေအားလုံးကို နှိုးလိုက်။" ယွီထန်က တွေးတောပြီးနောက် ပြောလိုက်သည်။ "နောက်တစ်ယောက် ဆက်ပြော။"

ကြယ်ပတ်လမ်းနတ်ဘုရားက ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။

"ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာက ပုံမှန်မဟုတ်ဘူး။ တစ်စုံတစ်ယောက်က သိမ်းပိုက်ထားတယ်လို့ ယူဆရတယ်။ နတ်ဘုရားတွေ အားကုန်ထုတ်ပြီးတော့ ကြိုးစားတာတောင် အဲဒါကို လုံးဝ အညံ့ခံအောင် မလုပ်နိုင်ခဲ့ဘူး။"

ယွီထန်က လက်ညိုးဖြင့် ကုလားထိုင်လက်တန်းကိုခေါက်လိုက်ရင်း မျက်လုံးများက အနည်းငယ် စူးရှသွားသည်။

"သိမ်းပိုက်ခံထားရတယ် ဟုတ်လား။"

"တောရိုင်းမြေကိုသိမ်းပိုက်ပြီးတာနဲ့ ငါကိုယ်တိုင် သွားကြည့်ပြီးတော့ နတ်ဘုရားတွေကို ဘယ်သူက ဆန့်ကျင်နေတာလဲဆိုတာ ကြည့်ရသေးတာပေါ့။"

"ဆက်ပြော။"

သဲပွင့်နတ်ဘုရား၊ ကံကြမ္မာနတ်ဘုရားနှင့် စိတ်နှလုံးနတ်ဘုရားတို့က သူတို့တာဝန်ယူထားသော ကိစ္စရပ်များကို အသီးသီး တင်ပြကြသည်။

နောက်ဆုံး စည်းမျဉ်းနတ်ဘုရား အလှည့်ရောက်သောအခါ။

ယွီထန်က သူ့ထံသို့ အကြည့်ပို့လိုက်ပြီး နှုတ်ခမ်းထောင့်ကို အနည်းငယ်ကွေးကာ ပြုံးရင်း ပြောလိုက်သည်။ "မကြာခင် ကောင်းကင်နယ်ပယ်ကို ပြန်ရောက်ရှိတော့မှာပဲ။ အထွတ်အထိပ်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့တည်ရှိမှုဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါတယ်။ မင်း သိပ်တော်တယ်။"

စည်းမျဉ်းနတ်ဘုရားက တည်ငြိမ်သော မျက်နှာထားဖြင့် ဦးညွှတ်ကျေးဇူးတင်လိုက်သည်။

"အရှင်မင်းမြတ်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။"

ထို့နောက် စည်းမျဉ်းနတ်ဘုရားက ဆက်ပြောသည်။

"မဟာကျင်းဧကရာဇ် လုံးဝသေဆုံးသွားပြီဆိုတာကို အခု အခြေခံအားဖြင့် အတည်ပြုလို့ရပါပြီ။ သူသာ အသက်ရှင်နေသေးရင် ဧကရီလုပ်ကြံခံရတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဧကရီ သမီးလေး တစ်ယောက် မွေးဖွားတာတောင် မဟာကျင်းဧကရာဇ်က တစ်ချက်လေးမှ ပြန်လာမကြည့်ခဲ့ဘူး။ သူရဲ့စရိုက်အရ ဒီလိုမျိုး လုပ်ရက်မှာ မဟုတ်ဘူး။"

ထိုစကားကို ကြားသောအခါ ယွီထန်က အသံကျယ်ကြီးဖြင့် အားရပါးရ ရယ်မောလိုက်သည်။

"သိပ်ကောင်းတယ်။"

နောက်ဆုံးတော့ သတင်းကောင်းတစ်ခု ရပြီပဲ။

အရင်သတင်းတွေကတော့ ကောင်းကင်ကြည့်ဆောင် ပျောက်သွားတာပဲဖြစ်ဖြစ်၊ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာကို လူသိမ်းပိုက်သွားတာပဲဖြစ်ဖြစ် သတင်းဆိုးတွေချည်းပဲ။

ကောင်းကင်ကြည့်ဆောင်က ရှေးဟောင်းလူအိုကြီးတွေ ပုန်းကွယ်နေလေလေ ပိုပြီး စိုးရိမ်ရလေလေပဲ။ ဘာလုပ်လုပ် လက်တွန့်ခြေတွန့် ဖြစ်နေရပြီး ဒီအကြံပိုင်တဲ့အဘိုးကြီးတွေက ဘယ်အချိန်များ အမှောင်ထဲကနေ ရုတ်တရက် ခါးကိုဓားနဲ့လာထိုးမလဲဆိုတာကို ကြောက်နေရတာ။

ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာကိုသိမ်းပိုက်ထားတဲ့ကောင်က ပိုဆိုးသေးတယ်။ ဘယ်က ထွက်လာမှန်း မသိတာ။

ယွီထန်က နေရာမှ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းကင်ပြည်နယ်မှာ တပ်စွဲထားတဲ့ နတ်ဘုရားတွေကို ပြောလိုက်။ မနက်ဖြန်ကျရင် တောရိုင်းမြေ နယ်စပ်မှာစုရုံးပြီး တပ်ဖွဲ့နှစ်ခုခွဲပြီးတော့ တောရိုင်းမြေဆီကို တစ်ပြိုင်နက်တည်း ချီတက်မယ်။ ငါက ပင်လယ်ရပ်ခြား ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမက နတ်ဘုရားတွေကို ဦးဆောင်မယ်။ မင်းတို့က ကောင်းကင်ပြည်နယ်က နတ်ဘုရားတွေကို ဦးဆောင်ပြီး လမ်းကြောင်းနှစ်ခုကနေ တိုက်ခိုက်ကြမယ်။ တစ်ရက်တည်းနဲ့ မဟာကျင်း တိုင်းပြည်ကို သိမ်းပိုက်နိုင်အောင် ကြိုးစားကြမယ်။"

နန်းဆောင်ထဲရှိ နတ်ဘုရား(၆)ပါး၏ မျက်လုံးများက တောက်ပသွားပြီး ခေါင်းငုံ့ကာ အမိန့်နာခံကြောင်း ပြောဆိုလိုက်ကြသည်။ ထို့နောက်တွင် ဗဟိုနန်းတော်မှ ထွက်ခွာလာပြီး ကောင်းကင်ပြည်နယ်ဆီသို့ မရပ်မနား အပြေးအလွှား သွားရောက်ကြတော့သည်။

အဆုံးသတ်က ရောက်ရှိလာပေတော့မည်။

နတ်ဘုရားများသည် နောက်ဆုံးတွင် ထွန်းလင်းတောက်ပမှုကို ပြန်လည်ရယူကာ နယ်မြေနှစ်ခုစလုံး၏ ကောင်းကင်နှင့်မြေကြီးကို သိမ်းပိုက်ကြတော့မည် ဖြစ်သည်။

ယွီထန်က လက်နှစ်ဖက်ကို မောက်မာကြွားဝါစွာ ဆန့်ထုတ်လိုက်ပြီး နှုတ်ခမ်းကိုဖြဲကာ ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးလိုက်သည်။ "နယ်မြေနှစ်ခုကိုသိမ်းပိုက်တဲ့နေ့က လူသားမျိုးနွယ် ပြာကျပျက်စီးမယ့်နေ့ပဲ။"

"ဒီတစ်ခါတော့ နတ်ဘုရားတွေက အခွင့်အရေး ထပ်မပေးတော့ဘူး။ လောကကြီးမှာ လူသားမျိုးနွယ်လို အပြောင်းအလဲများတဲ့အရာတွေ မလိုအပ်ဘူး။ စကားနားထောင်ပြီး ယဉ်ပါးလွယ်တဲ့ မျိုးနွယ်စုပေါင်းစုံကိုပဲ ချန်ထားရင် လုံလောက်ပြီ။"

"မဟာကျင်းဧကရာဇ်၊ မင်း စိတ်အေးအေးထားပြီး သွားသာသွားပါ။ မင်းရဲ့ဇနီးနဲ့သမီးကို မင်းနဲ့ အမြန်ဆုံး တွေ့ဆုံနိုင်အောင် ငါ ပို့ပေးပါ့မယ်။"

"ဟားဟားဟား..."

...

...

နောက်တစ်နေ့။

တောရိုင်းမြေ၏ရိုးရာဓလေ့အရ နှစ်သစ်ကူးဒုတိယနေ့ ဖြစ်သည်။ အိမ်တိုင်းအိမ်တိုင် မိသားစု ပြန်လည်ဆုံဆည်းခြင်း ညစာစားပြီးနောက် အချင်းချင်းအလည်အပတ်သွားကာ နှစ်သစ်ကို ကြိုဆိုကြသည်။ နေ့လည်ပိုင်းတွင် ဆွေမျိုးများထံ အလည်သွားကြသဖြင့် အလွန်ပင် စည်ကားသိုက်မြိုက်နေသည်။

သို့သော် ထိုအချိန်မှာပင်။

မဟာကျင်းမြို့တော်ရှိ တိုင်းပြည်ခေါင်းလောင်းကြီး မြည်ဟည်းလာခဲ့သည်။

ဒေါင်။

ဒေါင်။

ဒေါင်။

ခေါင်းလောင်းသံ(၃)ချက် ဆက်တိုက်မြည်ခြင်းက ဘေးဒုက္ခရောက်လာတော့မည်ကို ကိုယ်စားပြုသည်။ ဒေသအသီးသီးရှိ အစိုးရရုံးများနှင့် စစ်တပ်များသည် ပြည်သူများကို ခိုလှုံရာ ကမ္ဘာငယ်လေးများဆီသို့ ချက်ချင်း စုစည်းခေါ်ဆောင်သွားရမည်ဖြစ်ပြီး မည်သည့်တိုင်းပြည်အရေးကိစ္စမျိုးကိုမဆို ချက်ချင်း ရပ်ဆိုင်းရပေမည်။

တစ်ခဏချင်းမှာပင် တောရိုင်းမြေကြီး ကမောက်ကမဖြစ်သွားသည်။ လူများ တွေဝေမိန်းမောနေစဉ် အုံလိုက်ကျင်းလိုက် ရောက်ရှိလာသော တပ်ဖွဲ့ဝင်များ၏နှင်ထုတ်မှုဖြင့် ခိုလှုံရာ ကမ္ဘာငယ်လေးများဆီသို့ ပို့ဆောင်ခံခဲ့ရသည်။

လမ်းတစ်လျှောက်တွင်။

ဌာန(၆)ခုနှင့် ဂိတ်(၈)ခုမှ ကျင့်ကြံသူများသည် အုပ်စုလိုက် တသိုက်တဝန်းဖြင့် ဒီရေလှိုင်းများအလား အရပ်လေးမျက်နှာမှ ထွက်ပေါ်လာကြပြီး ကမ်းရိုးတန်းနယ်စပ်ဆီသို့ အပြေးအလွှား သွားရောက်ကြသည်။

...

...

ပစ္စုပ္ပန်ရွာ။

အန်းအန်းလေးနှင့်အတူ လျှောက်လည်နေသော စုချင်ချိုးနှင့် ဝူတျဲတို့ နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း ခြေလှမ်းများ ရပ်တန့်သွားကြပြီး အချင်းချင်း ကြည့်လိုက်ရာ တစ်ယောက်မျက်လုံးထဲရှိ တည်ကြည်လေးနက်မှုများကို မြင်တွေ့လိုက်ရသည်။

တိုင်းပြည်ခေါင်းလောင်း (၃)ချက် မြည်ဟည်းသွားပြီဖြစ်ရာ တောရိုင်းမြေ၏ ဘေးဒုက္ခကြီး ကျရောက်လာပေတော့မည်။

ဧကရာဇ်နှင့်အရာရှိများက ပထမဆုံး စစ်ပြင်ဆင်ရေး အခြေအနေသို့ ဝင်ရောက်ကြရမည်ဖြစ်သည်။

"အန်းအန်း၊ ဒေါ်လေးတို့ လုပ်စရာကိစ္စလေးတွေ ရှိနေလို့။ တစ်ယောက်တည်း အိမ်မှာ လိမ်လိမ်မာမာ နေခဲ့လို့ရမလား။" စုချင်ချိုးက ကိုယ်ကိုကိုင်းကာ အန်းအန်းလေးကိုပွေ့ချီရင်း နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

မုန့်အန်းအန်းက တစ်ခဏချင်းမှာပင် ကွက်လပ်ဖြစ်သွားသော ပစ္စုပ္ပန်ရွာကို လှမ်းကြည့်လိုက်သည်။ ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် နန်းတော်ဘက်ဆီသို့ လှမ်းကြည့်ကာ နှုတ်ခမ်းကိုစေ့၍ လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။

"အန်းအန်းက အရမ်းလိမ္မာပါတယ်။ သေချာပေါက် အိမ်မှာပဲငြိမ်ငြိမ်လေးနေပြီး ဘယ်မှမသွားဘူး။"

သူ သိသည်။ အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေးတွင် ဖေဖေဖြစ်သူ ချထားပေးခဲ့သော အစီအရင်ရှိပြီး ထိုနေရာက အလွဣ်လုံခြုံ၏။

ခေါင်းလောင်းသံ (၃)ချက်မြည်ခြင်းက မည်သည်ကို ဆိုလိုကြောင်းကိုလည်း သူ သိသည်။

"လိမ္မာလိုက်တာ၊ ဒေါ်လေး ပြန်လာရင် သမီးအတွက် သကြားလုံးချောင်း ဝယ်ခဲ့ပေးမယ်။" ဝူတျဲက ပြုံးရင်း အန်းအန်း၏ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်က အန်းအန်းကို အိမ်ပြန်ပို့ပေးခဲ့ပြီး လျှောက်မပြေးရန်၊ အိမ်မှာသာ လိမ်လိမ်မာမာနေရန် ထပ်ခါတလဲလဲမှာကြားပြီးမှသာ ကမ်းရိုးတန်းနယ်စပ်ဆီသို့ သွားရောက်ကြတော့သည်။

အန်းအန်းက အေးမြသောမဏ္ဍပ်လေးထဲရှိ ကျောက်တုံးထိုင်ခုံပေါ်ထိုင်နေကာ ခြေထောက်လေးများကို တွဲလောင်းချကာလွှဲနေပြီး အဝတ်အရုပ်လေးကိုပွေ့ဖက်ရင်း စကားတစ်ခွန်းမှ မဟဘဲ နေနေသည်။

ရုတ်တရက်။

လှပသော အနီရောင်ပုံရိပ်လေးတစ်ခုက ဟင်းလင်းပြင်ထဲမှထွက်လာပြီး တိုးတိုးလေး ခေါ်လိုက်သည်။ "အန်းအန်း။"

မုန့်အန်းအန်း၏ မျက်လုံးလေးများ တောက်ပသွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ တုန်းဖန်လျူလီကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်း ပျော်ရွှင်စွာ ပြုံးရယ်လိုက်သည်။ "မေမေ။"

ချိုသာသောအသံဖြင့် မေမေဟုခေါ်ရင်း ကျောက်တုံးထိုင်ခုံပေါ်မှ ခုန်ချကာ တုန်းဖန်လျူလီဆီသို့ အပြေးသွားလိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ ရင်ခွင်ကိုဖွင့်ထားပေးသော တုန်းဖန်လျူလီဆီသို့ တိုက်ရိုက် ခုန်ဝင်သွားတော့သည်။

တုန်းဖန်လျူလီ၏ မျက်ဝန်းအောက်ခြေတွင် ဖျောက်ဖျက်၍မရသော ပြင်းထန်သည့် အမုန်းတရားများ ရှိနေသော်လည်း အန်းအန်းကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ပျောက်ကွယ်သွားပြီးနောက် နူးညံ့သော မိခင်မေတ္တာအဖြစ် ပြောင်းလဲသွားကာ အန်းအန်း၏ကျောပြင်ကို ပုတ်ပေးရင်း ပြောလိုက်သည်။

"အန်းအန်း၊ မေမေ အပြင်ခဏသွားဖို့ကိစ္စလေး ရှိလို့။"

"ဒီဓားအဆောင်လေးကို သမီးကိုယ်မှာ သေချာသိမ်းထားနော်။ မကျပျောက်စေနဲ့။"

ပြောရင်းနှင့် တုန်းဖန်လျူလီက အန်းအန်းအား ကြည်လင်နေသော ဓားအဆောင်လေးတစ်ခုကို ကမ်းပေးလိုက်သည်။ ထိုအဆောင်လေးထဲတွင် အချိန်-နေရာလွတ်မြစ်၏ ပြီးပြည့်စုံသော မြစ်လက်တက်တစ်ခု ပါဝင်နေပြီး မုန့်ချင်ကျိုးက အချိန်အများကြီးပေးကာ ခက်ခက်ခဲခဲ ဖန်တီးထားခဲ့သည့် တစ်ခုတည်းသော အဆောင်လေးဖြစ်သည်။

"မေမေ၊ စစ်သွားတိုက်တော့မလို့လား။" အန်းအန်းက ဓားအဆောင်လေးကို ဆုပ်ကိုင်ထားရင်း အိပ်မက်တစ်ခုလို လှပလွန်းသော မိခင်ဖြစ်သူကို မော့ကြည့်ကာ မေးလိုက်သည်။

"မေမေက တိုင်းပြည်ရဲ့အရှင်သခင်ဖြစ်နေမှတော့ ဘယ်လိုလုပ် ရှေ့တန်းထွက်ရမလဲ။ မေမေက သွားကြည့်ရုံသက်သက်ပါ။ အန်းအန်း စိတ်ပူနေမှာစိုးလို့ ပြန်လာပြီး သတင်းလာပေးတာ။" တုန်းဖန်လျူလီက ပြုံးရင်း ပြောလိုက်သည်။

စကားသံ ခဏရပ်သွား၏။

တုန်းဖန်လျူလီက တံခါးအပြင်ဘက်သို့ မျက်နှာလှည့်ကာ အေးစက်သောအသံဖြင့် ခေါ်လိုက်သည်။

"တွမ့်ယာ။"

ကျွီ။

ခြံတံခါးပွင့်သွားပြီး တွမ့်ယာက တံခါးဝတွင်ရပ်ကာ ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။ "ဧကရီ။"

"မင်းက ပစ္စုပ္ပန်ရွာမှာပဲ စောင့်နေ။ ထိုက်ကျိနန်းတော်ကို သေချာစောင့်ရှောက်ထား။ တကယ်လို့ တစ်ခုခုများ အမှားအယွင်းရှိခဲ့ရင်..."

"ကျွန်တော်မျိုး နားလည်ပါတယ်။"

အန်းအန်းက အလွန်အံ့သြသွားကာ မေးလိုက်သည်။ "ပုံပြင်ပြောတဲ့ဆရာ။ ဆရာကလည်း မေမေ့ရဲ့ လက်အောက်ငယ်သားလား။"

တွမ့်ယာက နူးညံ့စွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ဒါပေါ့၊ ဆရာလည်း ပိုက်ဆံရှာဖို့ လိုတယ်လေ။ သမီးရဲ့ သကြားလုံးနှစ်လုံးနဲ့ ဗိုက်မဝဘူးလေ။"

ထိုစကားကိုကြားသောအခါ မုန့်အန်းအန်းက နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဟွန့်။ သမီးမှာ တစ်နေ့ကို သကြားလုံးသုံးလုံးပဲ ရှိတာ ဆရာ့ကို နှစ်လုံး ခွဲပေးတာတောင် မကျေနပ်ဘူးဆိုရင် နောက်တစ်ခါ မပေးတော့ဘူး။"

တွမ့်ယာက အလွန်လန့်သွားဟန်ဖြင့် လက်မြန်မြန်ယမ်းကာ ပြန်ပြောလိုက်သည်။

"မလုပ်ပါနဲ့ဗျာ။"

"ဆရာက သမီးကို နောက်နေတာပါ။ အန်းအန်းရဲ့ သကြားလုံး နှစ်လုံးလေးကို မျှော်လင့်နေရတာပါ။ သမီးမပေးဘူးဆိုရင် ဆရာ လမ်းဘေးမှာ ငတ်သေရပါလိမ့်မယ်။"

ထိုအခါမှသာ မုန့်အန်းအန်းက တခစ်ခစ် ရယ်မောလိုက်ပြီး ပြန်ပြောသည်။ "အန်းအန်းက ဆရာ့ကို စနေတာပါ။"

ဤအခြေအနေကို မြင်သောအခါတွင် တုန်းဖန်လျူလီက တွမ့်ယာကို အံ့သြစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်နေသောအသံက အနည်းငယ် ပြေလျော့သွားကာ ပြောလိုက်သည်။ "ကဲပါ။ မင်း အရင် ဆုတ်ခွာသွားလိုက်တော့။"

"အမိန့်အတိုင်းပါ။"

တွမ့်ယာက အန်းအန်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာကာ ခြံတံခါးကိုပါ ပိတ်ပေးခဲ့သည်။

...

...

"အန်းအန်း၊ မေမေ သွားတော့မယ်နော်။ သမီး အိမ်မှာ လိမ်လိမ်မာမာ နေခဲ့။ မေမေ ပြန်လာရင် သမီးနဲ့ အချိန်ပိုပေးပြီး နေပေးမယ်။"

မုန့်အန်းအန်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အပြည့် ရှိနေသော်လည်း တစ်ခုခု ဆုံးရှုံးရမည်ကို ကြောက်နေသလိုမျိုးဖြင့် ပြန်မေးလိုက်သည်။ "တကယ်လား။"

တုန်းဖန်လျူလီက အန်းအန်း၏နဖူးလေးကို အချစ်ပိုစွာဖြင့် နမ်းလိုက်ပြီး သူ၏နှာခေါင်းလေးကို လက်ညိုးဖြင့် ပွတ်ဆွဲကာ ပြောလိုက်သည်။ "ဒါပေါ့။ မေမေက သမီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။"

"အဲဒီလိုတော့ မလိမ်ဖူးပါဘူး။"

"အန်းအန်းက မေမေ ပြန်လာမယ့်အချိန်ကို စောင့်နေမယ်။ သေချာပေါက် လိမ်လိမ်မာမာ နေမှာ။ မငိုဘူး မဆိုးဘူး။"

တုန်းဖန်လျူလီလည်း ထွက်ခွာသွားခဲ့သည်။

ပစ္စုပ္ပန်ရွာတစ်ခုလုံး တစ်ခဏချင်းမှာပင် တိတ်ဆိတ်အေးစက်ပြီး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ လမ်းမပေါ်တွင် စုတ်ပြတ်နေသော အဝတ်စများနှင့် ဝါးခြင်းတောင်းများက လေတိုက်ရာနောက်ကို မြေပြင်အနှံ့ လွင့်ပါနေကြသည်။

ခြံဝင်းထဲတွင် အဝတ်အရုပ်လေးကို ကစားနေသော မိန်းကလေးငယ်တစ်ယောက်နှင့် ခြံတံခါးဝတွင် ထိုင်ခုံပုလေးတစ်လုံးယူကာ ထိုင်နေသော ပုံပြင်ပြောသူသာ ကျန်ရစ်တော့သည်။

တွမ့်ယာ၏မျက်လုံးများက နက်ရှိုင်းသွားပြီး ကမ်းရိုးတန်နယ်စပ်ဘက်သို့ လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ မစောင့်နိုင်တော့ဘူးပေါ့လေ။"

"ကောင်းကင်ပြည်နယ်နဲ့ ပင်လယ်ရပ်ခြား ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမ နှစ်နေရာကနေ တစ်ပြိုင်နက်တည်း ချီတက်လာတာက တောရိုင်းမြေကို တစ်ချက်တည်းနဲ့ အပြတ်သိမ်းပိုက်ဖို့ပဲ။"

"ကောင်းကင်ထောက်တိုင်နယ်ပယ် (၃၀)ပါး၊ ကောင်းကင်နယ်ပယ်တစ်ပိုင်း (၆)ပါး၊ ကောင်းကင်နယ်ပယ် တစ်ပါး..."

"မဟာကျင်းတိုင်းပြည်က ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ပါ့မလား။ တကယ်လို့ မကျော်ဖြတ်နိုင်ရင်... ငါက အန်းအန်းကို အရင်ခေါ်သွားရုံပဲ ရှိတော့တယ်။ အနည်းဆုံးတော့ အန်းအန်းရဲ့ အသက်အန္တရာယ် ကင်းရှင်းဖို့ကို ငါ အာမခံနိုင်တယ်။ တခြားသူတွေကိုတော့ ငါလည်း မကူညီနိုင်တော့ဘူး။"

ပြောနေရင်းမှ။

တွမ့်ယာက ရုတ်တရက် အံ့သြသွားကာ မုန့်ဖုတ်ဆိုင်လေးဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ သွေးစွန်းနေသော လှံရှည်တစ်လက်က စားပွဲပေါ်တွင် တိတ်ဆိတ်စွာ တည်ရှိနေပြီး ထူးဆန်းသော အလင်းရောင်များ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။

"လင်းလု။ ဒီကောင်က ကာကွယ်ဖို့ ချန်ထားခဲ့တာလား။"

အတွေးပေါ်လာသည်နှင့်။

တွမ့်ယာက မျက်လုံးပြူးကာ အရပ်လေးမျက်နှာကို ဝေ့ကြည့်လိုက်ရာ ပါးစပ်ကြီး ဖြည်းဖြည်းချင်း ဟလာတော့သည်။

ဝူတျဲ၏ ဝိညာဉ်ဆိုး(၅)ကောင်ထဲမှ တစ်ကောင်၊ စုချင်ချိုး၏ ဓားအသိတစ်ခု၊ လီယဲ့၏ ကိုယ်ပိုင်အသိစိတ် ထည့်သွင်းထားသော ရတနာလက်နက် ထောင်ပေါင်းများစွာ၊ ချင်းဖုန်းဟော်၏ ကိုယ်ပွားတစ်ခု၊ ခူကျင်း၏ တာအိုအစီအရင်ကြီး၊ ဝူဟွေ့၏ မှင်လက်ရာအစုံ၊ လုချင်းလျို၏ စိတ်ဆန္ဒအသွင်ပြောင်းမှု...

မဟာကျင်းတိုင်းပြည်မှ ကောင်းကင်ထောက်တိုင်နယ်ပယ်တိုင်းက ကာကွယ်ရန် အပြန်လမ်းများ ချန်ထားခဲ့ကြလေသည်။

"လခွမ်းတဲ့မှ။"

"မလုပ်ကြပါနဲ့ ညီအစ်ကိုတို့ရာ။ မင်းတို့ အကုန်လုံး ငါနဲ့ လာလုနေကြတာလား။"

တွမ့်ယာက ဒေါသထွက်ပြီး ပေါက်ကွဲကာ ခုန်ပေါက်နေတော့သည်။ ဝူဟွေ့၏ မှင်လက်ရာ၊ ခူကျင်း၏ တာအိုအစီအရင်၊ လီကွမ်ယန်၏ ဓားအသိနှင့် ချူရှီရန်၏ လှံအသိတို့ကို လက်ညိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ပြီးတော့ မင်းတို့ကောင်တွေက နယ်စပ်မှာ အမြဲတမ်း နေနေတာပဲ မဟုတ်ဘူးလား။ ဘယ်အချိန်က ခိုးပြန်လာပြီး ဒါတွေ လုပ်ထားတာလဲ။။"

"လူလိုကို နားမလည်ကြဘူး။ တကယ့်ကို လူလို နားမလည်ကြတဲ့ကောင်တွေပဲ။"

...

...

နယ်စပ်တွင်။

စစ်သည်တော်သန်းနှင့်ချီ တပ်စွဲထားပြီး လွင့်ပျံနေသော စစ်အလံများက တဖျပ်ဖျပ် မြည်နေ၏။ အဝေးသို့လှမ်းကြည့်လိုက်ပါက အနက်ရောင်ရေစီးကြောင်းကြီးက ပင်လယ်မြစ်ပြင်ကြီးအလား ကြီးမားလှသည်။

လွန်စွာ ခမ်းနားကြီးကျယ်လှပေ၏။

လီကွမ်ယန်က မောကြီးပန်းကြီးဖြင့် အမြန်ပြန်ရောက်လာပြီး ဝူဟွေ့၊ ခူကျင်းနှင့် ချူရှီရန်တို့ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။

"စိတ်ချပါ။ မင်းတို့ ငါ့ကိုပေးထားတဲ့ ကာကွယ်ရေးပစ္စည်းတွေ အကုန်လုံးကို ချထားပြီးပြီ။ မထွက်လာခင်လေးတင် တွမ့်ယာတစ်ယောက် ဒေါသထွက်ပြီး ခုန်ပေါက်နေတာကို တွေ့ခဲ့သေးတယ်။"

"ဟီးဟီး..."

"တွမ့်ယာ။ ဒီကောင်က မင်းသမီးလေးကို သူတစ်ယောက်တည်းပဲ အလိုလိုက်ခွင့်ရှိတယ်လို့ တကယ် ထင်နေတာလား။ ငါသာ ပြန်ဖို့အတွက် အချိန်မရှိလို့ မဟုတ်ရင် သူ အန်းအန်းကို တစ်ခါလေးတောင် မြင်ခွင့်ရမှာ မဟုတ်ဘူး။"

"ဟွန့်။"

ခူကျင်းက လက်မထောင်ပြလိုက်ပြီး ပြောလိုက်သည်။ "ကောင်းတယ်။"

ထို့နောက်တွင် သူတို့က အချင်းချင်းကြည့်ကာ ကောင်းကင်သို့မော့၍ ပြိုင်တူ အားရပါးရ ရယ်မောလိုက်ကြသည်။

တပ်စွဲထားသော စစ်သည်များက ကောင်းကင်ထောက်တိုင်နယ်ပယ် အကြီးအကဲ (၄)ယောက်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေသည်။ နတ်ဘုရားများ လာတိုက်တော့မည်ကို အဘယ်ကြောင့် ရယ်နိုင်သေးကြောင်း သူတို့ လုံးဝ နားမလည်နိုင်ကြပေ။

နောက်တစ်ခဏတွင်။

ပင်လယ်ပြင်တွင် ပေသောင်းချီ မြင့်မားသော လှိုင်းလုံးကြီးများ ထကြွလာခဲ့သည်။ ပင်လယ်ရေပြင်က အရူးအမူး မြင့်တက်လာပြီး ကောင်းကင်ပြာဆီသို့ပင် ထိလုနီးပါး ဖြစ်နေ၏။

ချက်ချင်းဆိုသလိုပင် ကမ္ဘာပျက်မတတ် ဆူနာမီလှိုင်းလုံးကြီးများက နယ်စပ်ကမ်းရိုးတန်းဆီသို့ တိုးဝင်လာပြီး ကြီးမားသောလှိုင်းလုံးကြီး၏အရိပ်က ကမ်းရိုးတန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားလုနီးပါးပင်။

ကောင်းကင်ကြီး ပြိုကျလာသလိုပင် ဖြစ်သည်။

"ဆုတ်ခွာစမ်း။" ချူရှီရန်က အေးစက်သောအသံဖြင့် ဟစ်အော်လိုက်ပြီး လှံတစ်ချက် ထိုးချလိုက်ရာ ကောင်းကင်နှင့်ထိလုမတတ် ဆူနာမီလှိုင်းလုံးကြီးတစ်ခုလုံး ပြိုလဲသွားတော့သည်။

ဆူနာမီလှိုင်းကြီးပြိုလဲသွားပြီးနောက် အဆုံးမရှိသော ပင်လယ်ပြင်ကြီး၏မြင်ကွင်းက မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ထို့နောက် လူတိုင်း၏မျက်စိရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးကို တွေ့လိုက်ရသည်။ ကောင်းကင်ကိုထောက်ထားသည့်တိုင်ကြီးများအလား ကြီးမားမြင့်မားလွန်းသော ပုံရိပ်ကြီး ရာပေါင်းများစွာက ခန္ဓာကိုယ်တစ်ဝက်ကို ပင်လယ်ရေပြင်ထက် ဖော်ပြထားကာ တောရိုင်းမြေဘက်ဆီသို့ ချီတက်လာနေကြသည်။

နတ်ဘုရားများက လမ်းကြောင်းနှစ်ခုခွဲလာကြပြီး တစ်ကြောင်းက ကောင်းကင်ပြည်နယ်မှလာကာ နောက်တစ်ကြောင်းက ပင်လယ်ရပ်ခြား ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမမှလာခြင်း ဖြစ်သည်။

သူတို့က လမ်းခုလတ်တွင် ပေါင်းဆုံမိကြပြီး ကမ္ဘာဖျက်မည့်မြင်ကွင်းကြီးကို ဖန်တီးလိုက်ကြသည်။ အရှေ့အနောက်ပြည့်နှက်နေသော ပုံရိပ်ကြီးများက ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများကို ထုတ်လွှင့်နေကြသည်။

နတ်ဘုရားများ ရောက်လာလေပြီ။

သူတို့က ဧကရာဇ် သေဆုံးသွားပြီဖြစ်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ဘာမှထပ်ပြီး ကြောက်ရွံ့စိုးရိမ်စရာမရှိတော့ဘဲ မဟာကျင်းတိုင်းပြည်ကို ချေမှုန်းပြီး နယ်မြေနှစ်ခုလုံး၏အာဏာကိုသိမ်းယူရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

ထိုအမြင့်ဆုံးကောင်းကင်ယံထက်တွင်။

ပလ္လင်တစ်ခု လွင့်မျောနေပြီး ထိုပလ္လင်ပေါ်တွင် နတ်ဘုရားငယ်တစ်ပါးက ထိုင်နေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးပေါ်နေကာ မျက်လုံးများက တောရိုင်းမြေကို စိုက်ကြည့်နေသည်။

တစ်ခဏချင်းမှာပင် နယ်စပ်ရှိ စစ်သည်သန်းချီက မတတ်သာဘဲ စိတ်လှုပ်ရှား တင်းမာလာကြသည်။

နှစ်ပေါင်းသောင်းချီ ကြာပြီးနောက် နတ်ဘုရားများ တစ်ကျော့ပြန် ရောက်လာခဲ့လေပြီ။ နှောင်းခေတ်နှင့် ရှေးခေတ်တို့၏ ပထမဆုံး အလုံးစုံတိုက်ခိုက်မှုကြီး စတင်ပေတော့မည်။

နှစ်ဖက် အင်အားကွာဟမှုက အလွန်ကြီးမားနေ၏။ ကောင်းကင်ထောက်တိုင်နယ်ပယ် နတ်ဘုရား (၃၀)တိတိ၊ ကောင်းကင်နယ်ပယ်တစ်ပိုင်း (၆)ပါး၊ ကောင်းကင်နယ်ပယ် အလယ်အလတ်ဟုယူဆရသူ တစ်ပါး ပါဝင်နေသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သော အင်အားစုကြီးဖြစ်သည်။ မဟာကျင်း တိုင်းပြည်က အစပျိုးလာရာမှ ကြီးစိုးလာသည်အထိ လေးငါးနှစ်မျှသာ ကြာနေသေးရာ နတ်ဘုရားများကို မည်သို့ ခုခံနိုင်မည်နည်း။။

လူတိုင်း၏စိတ်နှလုံးထဲတွင် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေပြီး စစ်မြေပြင်က စစ်သည်ဟောင်းများပင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်လိုက်ရလျှင် မတတ်သာဘဲ တုန်လှုပ်ချောက်ချားသွားကြလိမ့်မည်။

ထိုအချိန်မှာပင်။

လှပသော အနီရောင်ပုံရိပ်လေးတစ်ခု ဆင်းသက်လာခဲ့ပြီး နောက်တွင် ကောင်းကင်ထောက်တိုင်နယ်ပယ် အယောက်(၂၀)ကျော်ကလည်း ဝန်းရံကာ တဝုန်းဝုန်း ဆင်းသက်လာကြသည်။

"ဧကရီပဲ။ ဟုတ်တယ်၊ ငါတို့ဆီမှာ ဧကရီ ရှိသေးတယ်။ ပြီးတော့ ကောင်းကင်ထောက်တိုင်နယ်ပယ် (၂၀)ကျော်လည်း ရှိသေးတယ်။ မတိုက်နိုင်ဘူးလို့ မဆိုနိုင်သေးဘူး။"

"မှန်တယ်။ တိုက်ပွဲတစ်ပွဲပဲလေ။ သေရင်လည်းသူရဲကောင်းဝိညာဉ် ဖြစ်ရမယ်။"

"ငါတို့မှာ နောက်ဆုတ်စရာလမ်းမရှိဘူး။ နတ်ဘုရားတွေက လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတာ။ တိုင်းပြည်အတွက် မဟုတ်ရင်တောင် လူသားမျိုးနွယ်အတွက် ငါတို့မှာ ဆုတ်လမ်းမရှိဘူး။"

"တိုက်မယ်။"

"တိုက်မယ်။"

"တိုက်ကြမယ်။"

ဧကရီနှင့် ကောင်းကင်ထောက်တိုင်နယ်ပယ် အကြီးအကဲများ ဆင်းသက်လာချိန်တွင် မူလက ကျဆင်းနေသော စိတ်ဓာတ်ခွန်အားများက တစ်ခဏချင်းမှာပင် အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့၏။

မည်သည့်အချိန်ဖြစ်စေ ဧကရီနှင့်ဧကရာဇ်သည် တောရိုင်းမြေရှိ ပြည်သူများ၏ စိတ်နှလုံးထဲမှ အားထားရာ မဏ္ဍိုင်ကြီးများ ဖြစ်ကြသည်။ ဧကရာဇ် မရှိလျှင်ပင် ဧကရီတစ်ယောက်တည်းကလည်း ပြင်းထန်တက်ကြွသော စိတ်ဓာတ်ခွန်အားများကို နှိုးဆွပေးနိုင်ပေသည်။

...

All Chapters