← Chapters

အခန်း ၃၉၀

Vol. 27 Ch. 390

အခန်း ၃၉၀

Vol. 27 Ch. 390

အပိုင်း(၃၉၀) တစ်ခုတည်းသောတည်ရှိမှုကို လုယူခြင်း၊ ရှီးယွဲ့၏လျို့ဝှက်ချက်

[တွီ]

[နတ်ဘုရားအနှစ်သာရ (၁၀၀) ပြည့်စုံသွားပါပြီ။ မဟာတာအို သစ်ပင်ကြီး ဖြစ်တည်လာပါပြီ]

[အတွင်းစကြဝဠာ စတင်ပြောင်းလဲပါပြီ]

[နတ်ဘုရားအနှစ်သာရ စုဆောင်းခြင်း တာဝန် ဆုလာဘ် - တစ်ခုတည်းသောတည်ရှိမှုကို လုယူနိုင်မည့် အရည်အချင်း]

နတ်ဘုရားအနှစ်သာရ (၁၀၀) စုဆောင်းပြီးသွားချိန်တွင် စနစ်၏အသိပေးသံက မျှော်လင့်ထားသည့် အတိုင်းပင် ထွက်ပေါ်လာသည်။

သို့သော် ဤတစ်ကြိမ် ဆုလာဘ်မှာ ယခင်ကနှင့် အလွန်ကွာခြားပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှုမျိုး မရှိပေ။

သို့သော် အဓိက စကားလုံးနှစ်လုံးက မုန့်ချင်ကျိုး၏အာရုံကို ဖမ်းစားသွားသည်။

အတွင်းစကြဝဠာပြောင်းလဲခြင်းနှင့် တစ်ခုတည်းသောတည်ရှိမှု။

ပထမတစ်ခုကို နားလည်နိုင်သေး၏။ အဓိပ္ပါယ်မှာ နတ်ဘုရားအနှစ်သာရ(၁၀၀)က အချိန်-နေရာလွတ် မဟာတာအို၏ အတွင်းစကြဝဠာကို ဖြည့်တင်းပေးလိုက်ပြီးနောက် တစ်စုံတစ်ရာသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေခြင်း ဖြစ်ပေလိမ့်မည်။

ဒါပေမယ့် တစ်ခုတည်းသောတည်ရှိမှု ဆိုတာက ဘာလဲ။

[စနစ်၏ နောက်ဆုံးတာဝန် - တစ်ခုတည်းသော တည်ရှိမှုကို လုယူခြင်း]

[အချိန်ကန့်သတ်ချက် မရှိ။ ပစ်မှတ် ရှိ။ အသိပေးချက်မရှိ။ ဆုလာဘ်မရှိ]

[နိုင်လျှင် အသက်ရှင်မည်။ ရှုံးလျှင် သေမည်]

စနစ်၏စက်ရုပ်အသံက ထပ်မံထွက်ပေါ်လာ၏။

မုန့်ချင်ကျိုးက လမ်းတစ်ခုဆီသို့သွားရာ သော့တစ်ချောင်းကို မသိမသာ ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်က အလွန်ဝေဝါးပြီး မျက်စိဖြင့်မမြင်နိုင်သလို လက်ဖြင့်လည်းစမ်းသပ်၍ မရပေ။

"အဆုံးသတ် ရောက်လာပြီပဲ။"

"စနစ်ရဲ့နောက်ဆုံးတာဝန်ဆိုတာ ကံကြမ္မာရဲ့အဆုံးသတ်ကို ရောက်လာတော့မယ် ဆိုတာကို ကိုယ်စားပြုနေတာလား။ ရေတွက်လို့မရတဲ့ ကံကြမ္မာရေစီးကြောင်းတွေအားလုံးက ဒီခေတ်မှာ လုံးဝရှင်းလင်းမှု ခံရတော့မှာပေါ့။"

တစ်ခုတည်းသောတည်ရှိမှု…

အတွင်းစကြဝဠာ ပြောင်းလဲခြင်း...

ခြေလှမ်းတွေကို ရပ်တန့်ပစ်လို့ မရသေးပါလား။

မုန့်ချင်ကျိုးက နူးညံ့စွာ ပြုံးလိုက်သည်။ စနစ်က ရှင်းရှင်းလင်းလင်း မညွှန်ပြထားသော်လည်း၊ ၎င်းထုတ်ပြန်သော နောက်ဆုံးတာဝန်၏ အကြောင်းအရာအရ ကမ္ဘာဦးခေတ်ကတည်းက စတင်ခဲ့သော လှိုင်းလုံးကြီးများက နှောင်းခေတ်တွင် အဆုံးသတ်သွားမည်ဖြစ်ကြောင်း မှန်းဆသိရှိနိုင်ပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်က ရောက်လာတော့မှာပဲ။

"ချင်းကျိုး၊ ရှင် ပြောင်းလဲသွားသလိုပဲ။" တုန်းဖန်လျူလီက သူ့ကို မျက်နှာချင်းဆိုင် ကြည့်ရင်း နားမလည်နိုင်စွာဖြင့် ခေါင်းစောင်း၍ မေးလိုက်သည်။

ဘာကြောင့်မှန်းမသိ ခုနက အခိုက်အတန့်လေးတွင၊ မျက်စိရှေ့မှာတင် ရှိနေသည့် ငါးပိကောင်သည် ရုတ်တရက် အလွန်ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရသည်။ မြစ်တစ်ဖက်ကမ်းမှ ခြားထားသလိုမျိုး သူတို့နှစ်ဦးကြား အကွာအဝေးမှာ မီတာဝက်မျှပင် မရှိသော်လည်း ကမ္ဘာတစ်ခုတည်းတွင် မရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

တုန်းဖန်လျူလီ၏ရင်ထဲတွင် အကြောင်းမဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာ၏။

မုန့်ချင်ကျိုးက စိတ်ထဲတွင် တစ်ချက်တွေးလိုက်ရာ တုန်းဖန်လျူလီ၏ စိုးရိမ်ပူပန်နေသော စိတ်ခံစားချက်များကို ဝေဝါးစွာ အာရုံခံသိရှိလိုက်ရသည်။

အမှန်တကယ် ပြောင်းလဲသွားခြင်းပင်။ အခြားသူများ၏ စိတ်ခံစားချက်များကို အာရုံခံသိရှိနိုင်ခြင်းက မုန့်ချင်ကျိုးရရှိထားသော စွမ်းရည်မျိုးမဟုတ်ဘဲ မွေးရာပါ အလိုအလျောက် သိမြင်နိုင်သော အသိစိတ်မျိုးနှင့် ပိုတူနေတသည်။

"တစ်ခုတည်းသောတည်ရှိမှုနဲ့ ပတ်သက်နေတာလား။"

အတွေးတစ်ချက်ဖြင့်ပင်။

မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ အရိုးမပါသကဲ့သို့ နူးညံ့လှသော လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "မကြောက်ပါနဲ့။ ဒီကနေ့ကစပြီး မင်းတစ်ယောက်တည်း ဘယ်တော့မှ ထားမသွားတော့ပါဘူး။"

"မင်းနဲ့ကိုယ် ထာဝရ အတူရှိနေမယ်။ အရင်တုန်းက ရှေးဟောင်းနတ်ဘုရားမြို့တော်မှာ ကတိပေးခဲ့သလို မင်းနဲ့အတူ အိုမင်းသွားတဲ့အထိ အတူရှိနေမယ်။"

တုန်းဖန်လျူလီ၏မျက်လုံးများတွင် လှိုင်းဂယက်လေးများ ထသွားပြီးနောက် တိုးတိုးလေး "အင်း"ဟု ဖြေလိုက်ကာ သူ၏ပခုံးပေါ်သို့ ဖွဖွလေး မှီချလိုက်သည်။

ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးကို ထိန်းချုပ်နေသော ချုံးသည် အဝေးမှနေ၍ အေးဆေးစွာ ကြည့်နေပြီး စကားတစ်ခွန်းမှမဟဘဲ နောက်လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။

သူ၏ကျောပြင်လေးမှာ သေးငယ်နေပြီး ရွှေရောင်ဆံပင်များက နေရောင်အောက် တောက်ပနေသည်။

"ရှုံ့တ။"

ရုတ်တရက် နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာ၏။

ချုံး၏ကျောပြင်လေး အနည်းငယ် တုန်ယင်သွားပြီး ရုတ်တရက်ပင် နောက်လှည့်ကြည့်လိုက်ရာ ရွှေရောင်ဆံပင်များ လွင့်ဝဲသွားပြီး မျက်လုံးများတွင် ချက်ချင်း မျက်ရည်များ ပြည့်လျှံလာသည်။ မုန့်ချင်ကျိုးကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူက မုန့်ချင်ကျိုးကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ရှင် ခုနက ကျွန်မကို ဘယ်လို ခေါ်လိုက်တာလဲ။"

တုန်းဖန်လျူလီက မျက်စောင်းထိုးကာ မုန့်ချင်ကျိုး၏ ရင်ဘတ်ကိုထုရင်း ပြောလိုက်သည်။ "ဟဲ့။ ရှင် ဘာလုပ်နေတာလဲ။ ချုံးက နတ်ဘုရားတွေကိုတိုက်ခိုက်ရင်း ဒဏ်ရာတွေအများကြီး ရထားတာကို။ ရှင်က ဘာလို့ သူများနာမည်ကို အဲဒီလောက် အရုပ်ဆိုးတဲ့နာမည်ပြောင် ခေါ်ရတာလဲ။"

မုန့်ချင်ကျိုးက နှုတ်ခမ်းထောင့်တွင် နူးညံ့သောအပြုံးတစ်ခုကို ဖော်ပြကာ တုန်းဖန်လျူလီကို ပုတ်ပေးပြီး စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။ ထို့နောက် ချုံးဘက်သို့လှည့်၍ ဆက်ပြောလိုက်သည်။

"ဘာလဲ။ ကိုယ့်ရဲ့ငယ်နာမည်ကို မေ့သွားပြီလား။"

"ရှင်..." ချုံး၏ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်နေပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ရှေ့သို့ လှမ်းသွားကာ မေးလိုက်သည်။ "သခင်ကြီး၊ သခင်ကြီး မှတ်မိသွားပြီလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက ကိစ္စတွေကိုလေ။"

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်း။

တုန်းဖန်လျူလီ မှင်သက်သွားပြီး အလွန်အံ့သြသွား၏။

အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ချုံးက အရင်တုန်းက ပြောဖူးသည်ကို သတိရသွားသည်။ ငါးပိကောင်နှင့်သူ ပထမဆုံး စတင်တွေ့ဆုံခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းကဟု ပြောခဲ့ဖူးသည်။ သို့သော် မည်သူကမှ အတည်မယူခဲ့ကြပေ။ ငါးပိကောင်ကိုယ်တိုင်ပင် အရေးမစိုက်ခဲ့ချေ။

သို့သော် ယခုအခါ အတိတ်ကကိစ္စများကို ပြန်လည်ပြောဆိုလာပြီး သူတို့နှစ်ဦး၏ မျက်နှာအမူအရာကို ပြန်လည်အကဲခတ်ကြည့်သောအခါ တုန်းဖန်လျူလီ၏မျက်နှာအမူအရာမှာ မတတ်သာဘဲ ထူးဆန်းသွားပြီး မုန့်ချင်ကျိုးကို သတိကြီးစွာဖြင့် ကြည့်ကာ မေးလိုက်သည်။

"ရှင်က တကယ်ပဲ နှစ်သောင်းချီအသက်ရှင်နေတဲ့ မကောင်းဆိုးဝါးအိုကြီးလား။"

မုန့်ချင်ကျိုးက ခေါင်းယမ်းလိုက်ပြီး ငိုရခက်ရယ်ရခက်ဖြင့် ပြန်ဖြေလိုက်သည်။ "ရှင်းပြရတာ ခက်တယ်။ ဒါပေမယ့် ကိုယ်နဲ့ချုံးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းကတည်းက သိခဲ့ကြတာတော့ မှန်တယ်။ ဒါပေမယ့် ကိုယ်နဲ့ သူ့ရဲ့ပတ်သက်မှုက မင်းထင်သလောက် မရှုပ်ထွေးပါဘူး။"

"ဘယ်လိုပြောရမလဲ..."

"အဖေလို၊ ဆရာလိုမျိုးပေါ့"

"သူ့ရဲ့ နေရာလွတ်တာအိုကလည်း ကိုယ် (၁၀)နှစ်တိတိ သင်ပေးခဲ့တာပါ။ သူက ကမ္ဘာဦးခေတ်ကနေ အခုချိန်ထိ ကံကောင်းထောက်မပြီး အသက်ရှင်နေနိုင်တာကလည်း ငါ့ရဲ့ကျေးဇူးနည်းနည်းတော့ ပါတာပေါ့။"

တုန်းဖန်လျူလီ၏မျက်လုံးများက ပို၍ပို၍ ထူးဆန်းလာပြီး ပြောလိုက်သည်။ "ဒါဆို ပြောရရင်တော့ ရှင်က နှစ်ပေါင်းသုံးသောင်းလောက် အသက်ရှင်နေတဲ့ အဘိုးကြီးပေါ့။ အသက်ကို ဖုံးကွယ်ပြီး ကလေးမလေးကို ယူချင်လို့ လုပ်တာပေါ့။"

ကံကြမ္မာအကြောင်းဖန်လာလျှင် ကံကြမ္မာဆိုသည်က ဤသို့ပင် ထူးဆန်းတတ်သည်။

မူလက မည်သည်မှ မပတ်သက်သော လူအနည်းငယ်ကို သီးသန့်အချိန်ကာလတစ်ခု၌ အဖိုးတန်သော အမှတ်တရလေးတစ်ခု ရှိစေပြီး ကံကြမ္မာများ ရောယှက်သွားစေ၏။

"ဘာတွေ လျှောက်တွေးနေတာလဲ။ ကိုယ်သာ မကောင်းဆိုးဝါးအိုကြီး တစ်ယောက်ဆိုရင် မိုးရွာထဲက ဘုရားကျောင်းပျက်လေးမှာ မင်းနဲ့ ဘယ်လိုလုပ်ပြီး ဆုံတွေ့နိုင်မှာလဲ။ ပြီးတော့ မင်းနဲ့ မင်းရဲ့အရာရှိတွေ ငါ့ကို လှည့်စားပြီး တုန်းဖန်မိသားစုရဲ့ အိမ်ပါသားမက်အဖြစ် ခေါ်ထားတာမျိုးကို ခံရပါ့မလား။"

မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏နဖူးကို ခေါက်လိုက်ပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသဖြင့် အမှန်အတိုင်းသာ ဖွင့်ဟဝန်ခံလိုက်သည်။

"တာအိုသက်သေပြတဲ့နေ့က ကိုယ် မတော်တဆ ကမ္ဘာဦးခေတ်ကို ရောက်သွားပြီး အချိန်တစ်ခုလောက် နေခဲ့ရတာပါ။"

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်သွားသည်။

ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား။

...

...

ဤအချိန်လေးတွင် ချုံး၏ နှစ်ပေါင်းသောင်းချီ အထီးကျန်နေခဲ့သော နှလုံးသားလေးက မုန့်ချင်ကျိုး၏ ခေါ်သံတစ်ခွန်းကြောင့် ပျော်ရွှင်မှုများဖြင့် အပြည့်အဝ ပြည့်လျှံသွားခဲ့သည်။ သူ၏မျက်လုံးထဲတွင် အခြားမည်သူ့ကိုမျှ မမြင်နိုင်တော့ဘဲ ကမ္ဘာကြီးတစ်ခုလုံးကို သူဖြင့်သာ ပြည့်နှက်သွားတော့သည်။ မုန့်ချင်ကျိုးနှင့် တုန်းဖန်လျူလီတို့ကြားက စကားပြောဆိုမှုများကိုလည်း ချုံးက အလိုအလျောက် လျစ်လျူရှုလိုက်သည်။

"သခင်ကြီး။"

ချုံးက ပင်ပန်းနွမ်းနယ်မှုများနှင့် တစ်ကိုယ်လုံးရှိဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးကို ဘေးသို့ပစ်ချကာ မုန့်ချင်ကျိုး၏အရှေ့သို့ ယိုင်နဲ့နဲ့လျှောက်သွားပြီး မျက်ရည်များကို သုတ်ကာ ငိုရှိုက်ရင်း ပြောလိုက်သည်။

"တကယ်ပဲ သခင်ကြီးလား။"

"ကျွန်မ ဒီနှစ်တွေတစ်လျှောက် ဘယ်လို ဖြတ်သန်းခဲ့ရလဲလား။ ရှေးဟောင်းကောင်းကင်ခုံရုံး ပျက်စီးသွားပြီးတော့ ကောင်းကင်တာအိုသစ်က မျိုးနွယ်စုပေါင်းစုံ၊ နတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး မဟာတာအို နတ်ဘုရားသုံးထောင်ကို နှိမ်နင်းခဲ့တယ်။ ကမ္ဘာဦးစကြဝဠာ တစ်ခုလုံးလည်း ပြိုကွဲပျက်စီးသွားခဲ့ရတယ်။ ယွဲ့နဲ့ စစ်မင်တို့ကသာ ကျွန်မကို ခေါ်မသွားခဲ့ရင် ကျွန်မ ဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"

"နှစ်ပေါင်းသောင်းချီကြာအောင် ကျွန်မ နေရာအနှံ့ ပုန်းရှောင်နေခဲ့ရတယ်။ မျိုးနွယ်စုပေါင်းစုံခေတ်မှာ သူတို့က ကျွန်မကို သူတော်စင်မအဖြစ် တင်မြှောက်ချင်ခဲ့ကြတယ်။ ကျွန်မ လက်မခံလို့ နှစ်ပေါင်းထောင်ချီ လိုက်လံသတ်ဖြတ်တာ ခံခဲ့ရတယ်။"

"နတ်ဘုရားခေတ်ရောက်တော့ မျိုးနွယ်စုပေါင်းစုံရဲ့ အင်အားက အားနည်းသွားတယ်။ နတ်ဘုရားတွေက ကျွန်မကို အကောင်းဆုံးစီးတော်ယာဉ်အဖြစ် သတ်မှတ်ပြီးတော့ နောက်ထပ် နှစ်ပေါင်းသောင်းချီ လိုက်လံ ဖမ်းဆီးကြပြန်တယ်။ နတ်ဘုရားခေတ် ပြိုကွဲသွားမယ့်အချိန်ကို မနည်းစောင့်ခဲ့ရတာ။"

"ယွဲ့က ရုတ်တရက်ကြီး လူသားဧကရာဇ်အဖြစ် ပြောင်းလဲသွားတယ်။ သူက အရမ်းကို အစွန်းရောက်သွားပြီးတော့ မျိုးနွယ်စုပေါင်းစုံနဲ့ ကျွန်မကိုပါ သတ်ဖြတ်မယ့်စာရင်းထဲ ထည့်လိုက်တယ်..."

ဤနေရာအထိ ကြားသောအခါ။

မုန့်ချင်ကျိုး၏ခေါင်းထဲတွင် တဝုန်းဝုန်း မြည်ဟည်းသွားပြီး မူလက ခံစားထိရှနေပြီး အပြစ်မကင်းသလို ဖြစ်နေရာမှ ရုတ်တရက် အလွန်ကြီးမားသော တုန်လှုပ်မှုကြီး ဝင်ရောက်လာကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

"နေဦး။"

"မင်း ခုနက ဘာပြောလိုက်တာလဲ။။"

"ယွဲ့က ရုတ်တရက်ကြီး ပထမဆုံး လူသားဧကရာဇ် ဖြစ်သွားတယ် ဟုတ်လား။"

ချုံးက ဤရင်းနှီးနေသော တင်းမာသည့်အသံကို ကြားလိုက်ရသောအခါ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက အိမ်စာရေးရန်အပြစ်ပေးခံရသည့် နာကျင်ဖွယ်အမှတ်တရများဆီသို့ ပြန်ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားပြီး မတတ်သာဘဲ အနည်းငယ် အူကြောင်ကြောင်နိုင်သော အမူအရာလေး ပေါ်လာကာ မျက်နှာပူပူဖြင့် ခေါင်းကိုကုတ်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်လေ။ ကျွန်မလည်း ဘယ်လိုဖြစ်သွားလဲ မသိဘူး။ အစပိုင်းတုန်းက ကျွန်မလည်း မသိဘူး။ လုံးဝ မမှတ်မိခဲ့ဘူး။ သူက အရမ်း ပြောင်းလဲသွားတာကိုး။"

"နောက်ပိုင်း သူက ဧကရာဇ်အဖြစ် ရာထူးတက်ပြီး မျိုးနွယ်စုပေါင်းစုံက အကြွင်းအကျန်တွေကို လိုက်လံ သတ်ဖြတ်တဲ့အချိန် ကျွန်မကိုလည်း ဖမ်းမိလုနီးပါး ဖြစ်သွားမှ သိရတာ။ သူက ပြောတယ်၊ အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ မျက်နှာကိုထောက်ပြီး ဒီတစ်ခါတော့ မင်းကို အသက်ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့် ဒီကနေ့ကစပြီး အသက်ရှင်ဖို့၊ သေဖို့က မင်းရဲ့ကံတရားပဲ။ တကယ်လို့ လူသားမျိုးနွယ်က အစွမ်းထက်တဲ့သူတွေ ဖမ်းမိသွားရင်တော့ သေလမ်းပဲရှိမယ်တဲ့။ အဲဒီတော့မှ ဒီသူစိမ်းလို ဖြစ်နေတဲ့ ပထမဆုံး လူသားဧကရာဇ်က သေချာပေါက် ယွဲ့ပဲ ဆိုတာကို ကျွန်မ သိလိုက်တာ။"

"ကမ္ဘာဦးခေတ် ပျက်စီးသွားပြီးတော့ အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတဲ့နာမည်ကို သိတဲ့ လူသားမျိုးနွယ်ဆိုလို့ ယွဲ့တစ်ယောက်တည်းပဲရှိတာ။ သေချာပေါက် မမှားနိုင်ဘူး"

ယွဲ့က ပထမဆုံး လူသားဧကရာဇ်ပဲလား။

ဘာတွေဖြစ်ကုန်တာလဲ။

ဒီကမ္ဘာကြီးက နောက်ဆုံးတော့ ငါ မသိတော့တဲ့အထိ ရူးသွပ်သွားပြီပဲ။

မုန့်ချင်ကျိုးက ခေါင်းအရမ်းကိုက်လာသဖြင့် နဖူးကိုကိုင်ကာ ခေါင်းငုံ့၍ ပြန်လည်စဉ်းစားကြည့်သည်။

ပထမဆုံး စတင်တွေ့ဆုံစဉ်က အချိန်-နေရာလွတ် ဓားသူတော်စင်အပေါ် ကိုးကွယ်ယုံကြည်မှုကို လုံးဝ မဖုံးကွယ်ခဲ့သော သားရဲရေဝတ်ထားသည့် လူငယ်လေးကို ကြီးကျယ်ခမ်းနားသော အနာဂတ်အစီအစဉ်များကို ပြောပြချိန်တွင် တက်ကြွလန်းဆန်းနေသည့် ယွဲ့ကို သူ မှတ်မိနေသေးသည်။

ထို့အပြင် သူ့ကို ငြင်းပယ်လိုက်ချိန်တွင် ယွဲ့က အချိန်မည်မျှစောင့်ရစောင့်ရ စောင့်နေမည်ဖြစ်ကြောင်း တစ်နေ့နေ့တွင် လူသားမျိုးနွယ်ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ပို့ဆောင်ပြီးနောက် လောကကြီး၏ ဇာတ်လိုက်ဖြစ်လာအောင် လုပ်မည်ဖြစ်ကြောင်း ပြတ်သားစွာ ပြောဆိုခဲ့ဖူးသည်။

ယွဲ့ပြောခဲ့တာတွေက စိတ်ကူးယဉ်အိပ်မက်တွေပဲလို့ ထင်ခဲ့မိတာ။ သူက လူသားမျိုးနွယ်ရဲ့ပညာရှိ၊ ရှေ့ဆောင်လမ်းပြတစ်ယောက်ဆိုပေမယ့် လူသားမျိုးနွယ်ကို ခွန်အားကြီးအောင် ဦးဆောင်မယ့်သူ မဟုတ်ဘူးလို့ ထင်ခဲ့တာ။

ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ရှေ့ဆောင်လမ်းပြနဲ့ လူသားမျိုးနွယ်ကိုခွန်အားကြီးအောင် ဦးဆောင်ခဲ့သူက အစကနေအဆုံးအထိ တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။။

ဒါပေမယ့် ဒဏ္ဍာရီတွေအရဆိုရင် ပထမဆုံး လူသားဧကရာဇ်ရဲ့နာမည်က ရှီးလို့ ခေါ်ပြီးတော့ တောင်တန်းနက်တွေထဲက လူမျိုးစုလေးကနေ ထွက်လာပြီး အောက်ခြေကနေ တစ်ဆင့်ချင်း ကြီးထွားလာခဲ့တာ။ ယွဲ့ကကျတော့ ကမ္ဘာဦးခေတ်ကတည်းက ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့ပြီးသားလေ။

မဟုတ်သေးဘူး။ နေဦး။

မုန့်ချင်ကျိုး၏ခေါင်းထဲတွင် နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားပြန်သည်။

ရှီး၊ ယွဲ့...

ကျိရှီးယွဲ့။။

လူသားဧကရီရဲ့ နာမည်ပဲ။

အရာအားလုံးက စောစောကတည်းက အရိပ်အမြွက် ပြနေခဲ့တာပဲ။ ကျိရှီးယွဲ့ဆိုတဲ့ နာမည်က ပထမဆုံး လူသားဧကရာဇ်ရဲ့ သရုပ်မှန်ကို ဖော်ပြနေခဲ့တာပဲ။

"သခင်ကြီး၊၊ ဘာဖြစ်လို့လဲ။"

"ချင်ကျိုး။"

တုန်းဖန်လျူလီနှင့်ချုံးတို့က မုန့်ချင်ကျိုး ခေါင်းကိုကိုင်ကာ နာကျင်နေသော အမူအရာကို မြင်တွေ့လိုက်ရသဖြင့် အလွန်အံ့သြသွားပြီး အလျင်အမြန် စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။

မုန့်ချင်ကျိုးက ခေါင်းကိုကိုင်ထားရင်း ခက်ခဲသောအသံဖြင့် မေးလိုက်သည်။ "ငါ့ကို ဘာလို့ စောစောက မပြောခဲ့တာလဲ"

ချုံးက ခေါင်းကုတ်လိုက်ပြီး အမှားလုပ်ထားသော ကလေးငယ်တစ်ယောက်အလား တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "သခင်ကြီးကလည်း မမေးခဲ့ဘူးလေ။ ပြီးတော့ ပထမဆုံး လူသားဧကရာဇ်ကလည်း ပျောက်ဆုံးနေပြီ။ သခင်ကြီးကလည်း အရင်တုန်းကကိစ္စတွေကို တစ်ခါမှ မမှတ်မိခဲ့ဘူးလေ။ ကျွန်မက အကြောင်းမရှိအကြောင်းရှာ ဒီကိစ္စတွေကိုလျှောက်ပြောရင် ကျွန်မကို လူလိမ်လို့ထင်ပြီး ပိုမုန်းသွားမှာစိုးလို့..."

ထိုသို့ပြောရင်း ချုံး၏မျက်နှာအမူအရာ အနည်းငယ် ညှိုးနွမ်းသွားသည်။

"ဟုတ်သားပဲ။" မုန့်ချင်ကျိုးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး လှုပ်ရှားနေသော စိတ်ခံစားချက်များကို ဖြည်းဖြည်းချင်း ငြိမ်သက်သွားအောင် လုပ်လိုက်သည်။ သို့သော် သူ၏မျက်နှာမှာ ဖြူရော်နေဆဲဖြစ်ပြီး ပြုံးကာ ချုံး၏ခေါင်းလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ဒီနှစ်တွေတစ်လျှောက်လုံး ပင်ပန်းခဲ့ပြီပဲ။ ရှုံ့တ။"

ပြောရင်းဖြင့် မုန့်ချင်ကျိုးက လက်ဆန့်ထုတ်ကာ ချုံး၏မျက်ရည်များကို သုတ်ပေးရင်း ဆက်ပြောလိုက်သည်။ "ပြီးတော့ တောင်းပန်ပါတယ်လို့လည်း ပြောချင်တယ်"

"တောင်းပန်ပါတယ်၊ မင်းကို နှစ်ပေါင်းသောင်းချီကြာအောင် စောင့်နေစေခဲ့ပေမယ့် ငါက တစ်ချိန်လုံး မမှတ်မိခဲ့ဘူး"

"အဲဒီတုန်းက မင်းကို နားထောင်လို့မကောင်းတဲ့စကားတွေ ပြောခဲ့မိတဲ့အတွက်လည်း အရမ်းကို တောင်းပန်ပါတယ်"

ချုံးက မျက်ရည်များကြားမှ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ရှုံ့တဆိုတာ တကယ်နားထောင်လို့မကောင်းတဲ့ နာမည်ကြီးပဲ။"

"ဒါပေမယ့် ချုံးက သခင်ကြီးကို တစ်ခါမှ အပြစ်မတင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့… သခင်ကြီးက အမြဲတမ်း ချုံးရဲ့ အမှောင်ထုကို လင်းထိန်စေခဲ့တဲ့ အလင်းရောင်လေး ဖြစ်နေလို့ပဲ။"

"အဲဒီအလင်းရောင်လေးက ကမ္ဘာဦးခေတ်ကတည်းက အခုချိန်ထိ ချုံးနဲ့အတူ အမြဲရှိနေခဲ့တာပါ"

တုန်းဖန်လျူလီက ဘာမှဝင်မပြောဘဲ အေးဆေးစွာ ဘေးတွင်ရပ်နေကာ ပြုံးနေသည်။

ယခုအချိန်တွင် ချုံး၏စိတ်ခံစားချက်များကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။ ၎င်းက သာမန် ယောကျ်ားမိန်းမကြားက အချစ်မျိုး မဟုတ်ဘဲ လောကီအမြင်ကို ကျော်လွန်နေသော တွယ်တာမှုမျိုး ဖြစ်သည်။

ဆွေမျိုးသားချင်းများအပေါ် ထားရှိသော လွမ်းဆွတ်မှုမျိုးနှင့် ပိုတူ၏။

ယခင်က ချုံးသည် သခင်ကြီးကို လုယူမည်၊ သခင်ကြီးကို သူမ့နားတွင် အမြဲတမ်း ရှိနေစေရမည်ဟူ၍ ပြောတိုင်း တုန်းဖန်လျူလီက ယောကျ်ားမိန်းမအချစ်ဟုသာ ထင်ထားခဲ့သည်။

ယခု ပြန်စဉ်းစားကြည့်လိုက်ရာ ထိုကဲ့သို့ မဟုတ်လောက်ပေ။ ချုံးက သူ၏သခင်ကြီးအပေါ် ထားရှိသော အချစ်က တုန်းဖန်လျူလီထက် ပိုနက်ရှိုင်းကြောင်း ပြောခဲ့ဖူးသော်လည်း အချစ်ဆိုသည်က ယောကျ်ားနှင့် မိန်းမကြားက ချစ်သူရည်းစားအချစ်ကိုမှ အချစ်ဟုခေါ်သည် မဟုတ်ပေ။

ယခုအခြေအနေက အကောင်းဆုံးအဖြေတစ်ခုဟု ထင်ရပေသည်။

"သခင်ကြီး၊ သခင်ကြီး တစ်ခုခုကို စိတ်ပူနေသလိုပဲ။" ချုံးက အလွန်ပျော်ရွှင်နေပြီး အေးစက်စက် အမူအရာကို ဆက်လက်မထိန်းသိမ်းနိုင်တော့ဘဲ ယခင်ကဲ့သို့ သခင်ကြီး အနားတွင် အမြဲနေချင်သော သားရဲလေးတစ်ကောင်အလား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် နားမလည်စွာ မေးလိုက်သည်။

မုန့်ချင်ကျိုးက ခါးသက်သက် ပြုံးလိုက်သည်။

ရှီးနဲ့ ယွဲ့က လူတစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာက ပထမဆုံး လူသားဧကရာဇ်ဆိုတာ ငါ့ရဲ့ အမာခံပရိသတ်လေး ဖြစ်နေတာပေါ့။

စိတ်မပူဘဲ နေလို့ရမလား။

အခု ငါ့ခေါင်းတွေ ပေါက်ကွဲထွက်တော့မလို ဖြစ်နေပြီ။

...

All Chapters