← Chapters

အခန်း ၃၉၃

Vol. 27 Ch. 393

အခန်း ၃၉၃

Vol. 27 Ch. 393

အပိုင်း(၃၉၃) ကြက်တွန်သံနှင့် မှတ်ဉာဏ်များကိုလှန်လှောခြင်း

မြို့တော်အပြင်ဘက်တွင် အချိန်-နေရာလွတ်မြစ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ချီကျိအား ပွေ့ချီကာ တစ်နေရာရာသို့ပျောက်ကွယ်သွားရာ လူအများ၏အမြင်အာရုံမှ ကင်းဝေးသွားခဲ့သည်။

ဧကရာဇ်နန်းတော်၏ တားမြစ်နယ်မြေ။

ကြယ်စုများဖြင့် တည်ဆောက်ထားသော လှေကားထစ်ပုံသဏ္ဌာန် အလွှာလေးခုပေါ် အနက်ရောင်ဝတ် လူငယ်တစ်ဦး ထိုင်နေသည်။ သူက ကျူးကျော်သူ၏အငွေ့အသက်ကို ခံစားကာ အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အောက်ဘက်သို့စိုက်ကြည့်ကာ ပြောလိုက်သည်။

"အချိန်-နေရာလွတ်တာအိုကို လေ့လာချင်ရင် ကျုပ်ရဲ့အတွင်းစကြဝဠာထဲကို ဝင်လာခဲ့ရမယ်။ ခင်ဗျား ဝင်လာရဲလား။"

ချီကျိက စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းစစ်ဆေးလိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"ထောင်ချောက်တွေ တစ်ခုမှ မရှိပါလား။ ဧကရာဇ်က ငါ့ကို အထဲခေါ်ပြီး ခိုးသတ်ဖို့ ကြံစည်ထားတာလို့ ထင်ခဲ့တာ။"

မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။

"အရင်တုန်းကဆိုရင် လုပ်ကောင်းလုပ်လိမ့်မယ်။ အားနည်းတဲ့သူက နည်းလမ်းပေါင်းစုံ သုံးတတ်တာပဲ။ ဒါပေမဲ့ အခုတော့ ကျုပ်က တာအိုသက်သေပြနိုင်သွားပြီ။ တကယ်သတ်ချင်ရင် ကမ္ဘာကြီးရဲ့အမြင်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ"

"ရွေးချယ်လိုက်။ အသက်စွန့်ပြီး လေ့လာမှာလား၊ ဒါမှမဟုတ် ကြောက်ပြီး ပြန်ဆုတ်မလား"

ဧကရာဇ်၏ အတွင်းစကြဝဠာက အခြားသူများနှင့် မတူကြောင်း နတ်ဘုရားများကိုပင် သင်္ဂြိုဟ်နိုင်ကြောင်း လူတိုင်း သိထားကြသည်။ လူသားကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်လောက်သည်။

ကောင်းကင်နယ်ပယ် အထွတ်အထိပ်နတ်ဘုရား ယွီထန်ပင်လျှင် အချိန်-နေရာလွတ်တာအို၏ အတွင်းစကြဝဠာကို ကြောက်ရွံ့လွန်း၍ ဧကရာဇ်သေဆုံးသွားကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးမှသာ တောရိုင်းမြေကို တိုက်ခိုက်ရဲခဲ့ခြင်း ဖြစ်သည်။

ချီကျိက အေးဆေးစွာပင် ရယ်မောလိုက်သည်။

"ဘာကို ကြောက်စရာရှိလို့လဲ။ အတွင်းစကြဝဠာဆိုတာ ကျင့်ကြံသူတစ်ယောက်ရဲ့ အားအနည်းဆုံး နေရာပဲ။ ဧကရာဇ်တောင် ကိုယ့်အခြေခံကို ဖျက်ဆီးခံရမှာ မကြောက်တာကို ငါက ဘာကိုကြောက်ရမှာလဲ။"

သူတို့နှစ်ဦးစလုံးက အလွန်ပင် ရဲတင်းကြသူများ ဖြစ်ကြသည်။

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက အတွင်းစကြဝဠာ၏ တားမြစ်ချက်ကို ဖွင့်လှစ်လိုက်ပြီး သူ့ရှေ့တွင် အချိန်-နေရာလွတ် ဝဲဂယက်တစ်ခုကို ဖန်တီးကာ ပြောလိုက်သည်။ "ရွေးချယ်ပြီးပြီဆိုရင် ဝင်ခဲ့ပါ။"

ချီကျိက ဦးညွှတ်လိုက်ပြီး မျက်လုံးများ တောက်ပလာကာ တုံ့ဆိုင်းခြင်းမရှိဘဲ အချိန်-နေရာလွတ် ဝဲဂယက်ထဲသို့ ဝင်ရောက်သွားလိုက်ရာ တစ်ခဏချင်းမှာပင် ဝါးမျိုခံလိုက်ရသည်။

မုန့်ချင်ကျိုး၏စိတ်အာရုံက ချီကျိ အတွင်းစကြဝဠာထဲသို့ ရောက်သွားပြီကို စစ်ဆေးမိပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ပါးနပ်လေလေ၊ စွမ်းအားကြီးလေလေ၊ အတ္တပိုကြီးလေလေပဲ။ အကျိုးအမြတ် လုံလောက်ပြီဆိုရင်တော့ အားနည်းတဲ့သူက ကြောက်တတ်ပေမယ့် ရည်မှန်းချက်ကြီးတဲ့သူက အသက်ပေးပြီးတောင် စွန့်စားလိမ့်မယ်။"

"မပြောင်းလဲတဲ့တရားပဲ။"

"အဟက်။"

...

...

အတွင်းစကြဝဠာထဲ၌။

ချီကျိ၏စိတ်အာရုံ ထွက်ပေါ်လာပြီး အတွင်းစကြဝဠာတစ်ခုလုံးကို လှမ်းကြည့်လိုက်ရာ ရှင်သန်ကြီးထွားနေသော မဟာတာအို သစ်ပင်ကြီးကို ပထမဆုံး အချိန်မှာပင် တွေ့လိုက်ရသည်။

"အချိန်-နေရာလွတ် တာအို။ ပြီးတော့... နတ်ဘုရားအနှစ်သာရ(၁၀၀)။"

"ဒါကြောင့်ပဲ သူ့ရဲ့အတွင်းစကြဝဠာက နတ်ဘုရားတွေကို သင်္ဂြိုဟ်နိုင်တာကိုး။ ဒါက သာမန် အတွင်းစကြဝဠာအခြေခံ မဟုတ်ဘဲ စည်းမျဉ်းတွေ အပြည့်အဝရှိတဲ့ ကမ္ဘာကြီးတစ်ခုပဲ။"

"ဒီနေရာက သက်ရှိတွေကို မွေးဖွားပေးနိုင်တယ်..."

ချီကျိက ရောက်ရောက်ချင်းမှာပင် ဤအတွင်းစကြဝဠာ၏ နက်နဲမှုကို တွေ့ရှိသွားပြီး စိတ်အာရုံများ လုံးဝ အံ့အားသင့်သွားသည်။ သက်ရှိများကို မွေးဖွားနိုင်ပြီး နတ်ဘုရားတာအိုများကို စုပ်ယူနိုင်ခြင်းသည် ကောင်းကင်တာအိုသာ ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုးပင်။

"ကောင်းကင်တာအိုက အချိန်-နေရာလွတ် တာအိုကို ဘာဖြစ်လို့ တားမြစ်ထားလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။"

ချီကျိက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တစ်လက်မချင်း စစ်ဆေးလိုက်သည်။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက်တွင် ထောင်ချောက်မရှိကြောင်း သေချာမှသာ စိတ်အေးသွားတော့သည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်က လှည့်စားတတ်သူလို့ နာမည်ကြီးတယ်။ ကောင်းကင်တာအိုတောင် သူ့ကို မသတ်နိုင်ခဲ့ဘူး။ သူက ဘာလို့ ဒီလောက်တောင် စေတနာကောင်းကောင်းနဲ့ ငါ့ကို လေ့လာခွင့် ပေးရတာလဲ..."

"သေချာပေါက် တစ်ခုခုတော့ ရှိရမယ်။"

"ဒါပေမဲ့ အခွင့်အရေးပဲလေ။ နည်းနည်းလောက် အန္တရာယ်ရှိလည်း ခံနိုင်ရည် ရှိပါတယ်။"

ချီကျိက စဉ်းစားပြီးနောက်တွင် ခေါင်းယမ်းလိုက်ကာ အချိန်-နေရာလွတ် တာအို၏ အဓိကနေရာနှင့် နီးကပ်သည့် နေရာကို ရွေးချယ်လိုက်သည်။ ပထမဆုံး ကာကွယ်ရေးအစီအရင်များ ထောင်လိုက်ပြီး ကိုယ်ပိုင် အစောင့်အရှောက် ရုပ်သေးရုပ်တစ်ဒါဇင်ကျော်ကို ထားရှိကာ နောက်ဆုံးတွင် မိမိ၏အသက်ကို ကာကွယ်ရေး အစီအရင်နှင့် ပေါင်းစပ်လိုက်သည်။

အစီအရင်ပျက်စီးသွားလျှင် သူချက်ချင်း သေဆုံးမည် ဖြစ်သည်။ ကောင်းကင်နယ်ပယ် ကျင့်ကြံသူ တစ်ဦး အတွင်းစကြဝဠာထဲမှာ ပေါက်ကွဲသွားလျှင် အချိန်-နေရာလွတ် တာအိုဖြင့် တည်ဆောက်ထားသည့် အတွင်းစကြဝဠာဖြစ်ပါစေ၊ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

၎င်းကိုလုပ်ပြီးမှသာ ချီကျိ စိတ်အေးသွားပြီး တင်ပလ္လင်ခွေထိုင်ကာ အချိန်-နေရာလွတ် တာအိုကို စတင် လေ့လာတော့သည်။

...

...

တစ်ချိန်တည်းမှာပင်။

ဧကရာဇ်နန်းတော်၏ တားမြစ်နယ်မြေတွင် ကြယ်စင်စုများဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင် အထက်တွင် အနက်ရောင်ဝတ် လူငယ်က မတ်တပ်ရပ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ကောင်းကင်ကြည့်ဆောင်။ ဒီတစ်ခါတော့ မင်းတို့ရဲ့ဌာနချုပ်ကို ငါ ရှာတွေ့ပြီ။"

မည်သူမှ မတားနိုင်တော့ပေ။

[နောက်ဆုံးနာရီ]

[ကြက်တွန်သံ]

နာရီလက်တံ ရပ်တန့်သွား၏။ ကြက်တွန်သံက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားပြီး အတွင်း စကြဝဠာထဲသို့ ပျံ့နှံ့သွားသည်။ လှိုင်းလုံးများ သက်ရောက်သွားချိန်တွင် ကြက်တွန်သံမှာ တိတ်ဆိတ်သွားပြီး မမြင်နိုင်သောလှိုင်းလုံးများက ကာကွယ်ရေးအစီအရင်ကို ဖြတ်ကျော်ကာ ချီကျိ၏ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။

"ဟမ်။" ချီကျိက နိုးထလာပြီး ထိတ်လန့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တစ်ခဏမျှ အချိန်တွင် သူ့ကိုယ်ခန္ဓာတစ်ခုလုံးကို တစ်စုံတစ်ယောက်က အနုအရင့်ဆုံးနှင့် စစ်ဆေးနေသကဲ့သို့ ခံစားလိုက်ရသည်။ အပေါ်ဆုံးမှ အောက်ဆုံးအထိ မကျန်အောင် စစ်ဆေးခံလိုက်ရ၏။

"အချိန်-နေရာလွတ် ဓားသူတော်စင်။"

"သူ ဘာတွေ လုပ်နေတာလဲ။"

ချီကျိက ကာကွယ်ရေး အစီအရင်ကို စစ်ဆေးကြည့်ရာ ဘာမျှမဖြစ်သေးသဖြင့် စိတ်အေးသွားပြီး အခြားသူတစ်ယောက်က ခိုးကြည့်နေခြင်းသာဖြစ်မည်ဟု ထင်ကာ မျက်လုံးပြန်မှိတ်လိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်။

ထိုထူးဆန်းသောခံစားချက်က နောက်တစ်ကြိမ် ထပ်ရောက်လာပြန်သည်။ ယခုတစ်ခါတွင် ယခင်ထက် ပိုပြင်းထန်ပြီး ပိုရှင်းလင်းနေ၏။

ပူနွေးသောလက်တစ်ခုက သူ့ကိုယ်ခန္ဓာအနှံ့ လျှောက်သွားနေသလိုမျိုး လျှို့ဝှက်သောနေရာများအထိ မချန်ထားဘဲ အလွန်ပင် နူးညံ့သိမ်မွေ့စွာဖြင့် ပွတ်သပ်နေသည်။

ချီကျိ တုန်လှုပ်စွာဖြင့် နိုးထလာပြီးနောက် အလိုလိုပင် သူ၏ အရေးကြီးသောအစိတ်အပိုင်းကို ဖုံးကွယ်လိုက်ကာ ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ဒါက စိတ်အာရုံနဲ့ စစ်ဆေးတာမျိုးလည်း မဟုတ်ဘူး။"

"အချိန်-နေရာလွတ် ဓားသူတော်စင်က ယောက်ျားတွေကို စိတ်ဝင်စားတဲ့ အရူးတစ်ယောက်လား။ ဧကရာဇ်ရဲ့မိန်းမက အရမ်းလှတယ်လို့ ပြောကြတယ်။ သူ ဘာလို့ ဒီလို စိတ်ဝေဒနာမျိုး ရှိရတာလဲ။"

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ပါဘူး။ သူက အကြီးအကဲတစ်ယောက်ပဲလေ။"

ချီကျိက ကိုယ့်ကိုယ်ကို နှစ်သိမ့်နေသည်။ အမှန်တကယ်တော့ သူ အနည်းငယ် ရိပ်မိနေသော်လည်း အချိန်-နေရာလွတ် တာအို၏ ဆွဲဆောင်မှုကို မငြင်းနိုင်ပေ။

မူးယစ်ဆေးစွဲနေသူ တစ်ယောက်လိုပင်။ တစ်ခါထိလိုက်မိလျှင် ရုန်းထွက်ရန် အလွန် ခက်ခဲလှသည်။ အချိန်-နေရာလွတ် တာအိုသည် အလွန် နက်နဲလှပြီး ကျွမ်းကျင်သူမှာ လောကတစ်ခုလုံးကို ဖြတ်သန်းနိုင်ကာ ကောင်းကင်တာအိုကိုပင် စိန်ခေါ်နိုင်၏။ ချီကျိက စွဲလမ်းသွားပြီး လုံးလုံးလျားလျား နစ်မြောသွားတော့သည်။

သို့သော်။

နောက်ရက် အနည်းငယ် အတွင်းမှာပင် ထိုသေမင်း ပွတ်သပ်သည့်ခံစားချက်မှာ ဆယ်မိနစ်တိုင်း တစ်ကြိမ် လာနေသည်။

ချီကျိ၏မျက်နှာမှာ မည်းညစ်လာပြီး အော့အန်ချင်စိတ်ကို ထိန်းထားလိုက်ရ၏။ သူ၏စိတ်ခံစားချက်မှာ စိတ်မချမှုမှ ယုံမှားသံသယ၊ ထို့နောက် အရှက်အကြောက်တို့ကို ကြိတ်မှိတ်ခံစားခြင်း၊ နောက်ဆုံးတွင် မိမိကိုယ်ကို အားပေးကာ ရုန်းကန်ခြင်းသို့ ပြောင်းလဲသွားသည်။

"အရာအားလုံးက မဟာတာအိုအတွက်ပဲ။"

"နည်းနည်းပါးပါးအနိုင်ကျင့်ခံရတာက ဘာမှမဟုတ်ပါဘူး။"

နောက်ထပ် ရက်အနည်းငယ် ထပ်ကြာသွားသည်။

ချီကျိက ပို၍ပင် မခံမရပ်နိုင် ဖြစ်လာပြီးနောက် တစ်ခါတစ်ရံ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်၊ အနေရခက်စွာ ဖြစ်လိုက်ဖြင့် ရှိနေသည်။

ထိုအချိန်အတွင်းတွင် ပွတ်သပ်ခံရသည့်ခံစားချက်က ပိုပြီးရှင်းလင်းလာ၏။

ပွတ်သပ်နေသည်ဟုတောင် မခေါ်နိုင်တော့။ ကြမ်းတမ်းသော အနက်ရောင်ဝတ် လူကြီးတစ်ယောက်က အတင်းအကျပ် နှိပ်စက်နေသလို၊ အလှအပကိုမငဲ့ကွက်ဘဲ အားဖြင့် အရာအားလုံးကို လုပ်နေသည့်အလားပင်။

နောက်ဆုံးတွင်။

တစ်နေ့၌။

ချီကျိက သူ၏ လျှို့ဝှက်သောအစိတ်အပိုင်းတစ်ခုကို ကြီးမားသောလက်ကြီးတစ်ခုက အတင်းအကျပ် ဆုပ်နယ်လိုက်သည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ရုတ်တရက် နိုးထသွားကာ ဒေါသထွက်ပြီး ကောင်းကင်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။

"လခွမ်းတဲ့မှ။ အချိန်-နေရာလွတ် ဓားသူတော်စင်။ မင်း အရမ်း မလွန်လာနဲ့။"

"ငါ အသက်တစ်သောင်းကျော် အသက်ရှင်ခဲ့တာတောင် တစ်ခါမှ ဒီလောက်အထိ အရှက်ကွဲအောင် အလုပ်မခံရဖူးဘူး။"

"မင်းလိုလူငယ်လေးရဲ့ အရှက်ခွဲခြင်းကို ခံရတာ။ နောက်တစ်ခါ ထပ်လုပ်ရင်တော့ ငါ မင်းနဲ့ အသေခံ တိုက်မယ်။"

...

...

အပြင်ဘက်တွင်။

မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဘာဖြစ်တာလဲ။ ဒီအဘိုးကြီးက ဘာလို့ ဒေါသထွက်နေတာလဲ။ တာအိုကို လေ့လာရင်း ရူးသွားတာလား။

သူသိသည်မှာ ကြက်တွန်သံ၏ အကျိုးသက်ရောက်မှုက အရင်းအမြစ်ကို ပြန်ရှာခြင်း ဖြစ်သည်။ ပစ်မှတ်က သူ၏အနီးအနားတွင် ရှိနေသရွေ့ ဤစွမ်းရည်က ပစ်မှတ်၏ဘဝမှတ်တမ်း တစ်လျှောက်လုံးကို လှန်လှောကြည့်ရှုနိုင်သည်။

ကြက်တွန်သံလှိုင်းလုံး၏ အကျိုးသက်ရောက်မှုကို သူ မသိပေ။

ကြက်တွန်သံ၏ အကျိုးသက်ရောက်မှုမှာ ပစ်မှတ်၏အချိန်-နေရာလွတ်ထဲကျူးကျော်ဝင်ရောက်ခြင်း၊ ပစ်မှတ်၏တစ်သက်တာကို လှန်လှောကြည့်ရှုခြင်း ဖြစ်သည်။ ထို့အပြင် ချီကျိသည် ကောင်းကင်နယ်ပယ် အဆင့်မြင့် ကျင့်ကြံသူဖြစ်သဖြင့် အချိန်များစွာ လိုအပ်သည်။

ထို့ကြောင့် မုန့်ချင်ကျိုးသည် တစ်ဖက်လူကို အတွင်းစကြဝဠာထဲသို့ ဝင်ရောက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ တစ်ဖက်လူသည် သူ့အနီးတွင် ကြာရှည်စွာ ရှိနေနိုင်ပြီး အချိန်-နေရာလွတ် တာအိုလမ်းစဉ်ကသာ ချီကျိကို သူ၏အနီးတွင် အချိန်ကြာမြင့်စွာ ရှိနေအောင် ဆွဲထားနိုင်ပေမည်။

"အချိန်-နေရာလွတ် တာအိုကို လေ့လာနေရင်းနဲ့ အဆင်မပြေတာ ဖြစ်မှာပေါ့။ နည်းနည်းလောက် အန္တရာယ်ရှိလည်း ခံနိုင်ရည်ရှိမှာပါ။ အခွင့်အရေးကို လိုချင်ရင် စတေးရမှာပေါ့။"

မုန့်ချင်ကျိုးက စိတ်ထဲတွင်တွေးရင်း သူ၏အသံကို အတွင်းစကြဝဠာထဲသို့ ပို့လိုက်ပြီး ဖန်ဆင်းရှင် တစ်ယောက်ကဲ့သို့ ဩဇာတိက္ကမအပြည့်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားက ကျုပ်ရဲ့အတွင်းစကြဝဠာထဲမှာနေပြီး အချိန်-နေရာလွတ် တာအိုကို လေ့လာနေတာလေ။ ဒီအခွင့်အရေးက ကမ္ဘာဦးခေတ်ကတည်းက မရှိခဲ့ဘူး။ အကျိုးအမြတ် နည်းနည်းလေးရတာကို ခင်ဗျားက မကျေနပ်ဘူးလား။"

"မကျေနပ်ရင် အပြင်ကို ထွက်သွားလိုက်။ မဟုတ်ရင် ဒီအတိုင်းပဲ လက်ခံနိုင်ရင် လက်ခံ၊ မလက်ခံရင် ထွက်သွားတော့။"

ချီကျိက မျက်လုံးပြူးသွားပြီး အံ့အားသင့်စွာဖြင့် ဘာမှပြန်မပြောနိုင်တော့ပေ။

သိပ်ကောင်းတယ်။ မင်း ဒီလောက်တောင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။

"ငါ... ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့အရေပြားက ကြက်အရေပြားလို ဖြစ်နေပြီ။ မင်းရဲ့အကျင့်က တကယ်ပဲ အဘိုးကြီးတစ်ယောက်ကို ကြောက်လန့်အောင် လုပ်နေတာ။ ပြီးတော့... နည်းနည်းလေး နှေးပေးလို့ မရဘူးလား။"

ချီကျိက အနည်းငယ် အားမလိုအားမရ ဖြစ်နေလေသည်။ အချိန်-နေရာလွတ် တာအို၏ ဆွဲဆောင်မှုကို သူ မငြင်းနိုင်ပေ။

အခြားသောကျင့်ကြံသူဆိုလျှင် ဤသို့ ကိုယ်တိုင်လာရောက် ကမ်းလှမ်းလာလျှင်ပင် တန်းစီရလိမ့်မည်။

အပြင်ဘက်တွင်။

ကြယ်စင်စုများဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်အထက်တွင် မုန့်ချင်ကျိုး၏ နဖူးပေါ်တွင် မေးခွန်းထုတ်စရာ ပုံစံများ ပေါ်လာ၏။

ဘာတွေလဲ။ ဒီအဘိုးကြီးရဲ့စကားလုံးတွေမှာ အဓိပ္ပါယ်တွေ ပါနေသလိုပဲ။

သူက ကြက်အရေပြားလို့ ပြောလိုက်တာလား။ ကြက်တွန်သံရဲ့ အကျိုးသက်ရောက်မှုကို သိသွားတာများလား။

လခွမ်းတဲ့မှ။ အရမ်းစွမ်းတာပဲ။

ကြက်တွန်သံဆိုသည်မှာ သူကိုယ်တိုင် ပေးထားသောနာမည် ဖြစ်သည်။ ဤနာမည်ကိုပင် ချီကျိက သိသွားသည်မှာ သူကျင့်ကြံနေသော တာအိုမှာ မည်မျှအထိ နက်နဲသနည်း။

ဤအချက်ကိုတွေးမိသည်နှင့် မုန့်ချင်ကျိုးက ဟန်ဆောင်ခြင်းကိုစွန့်လွှတ်လိုက်ပြီး တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။

"ခင်ဗျား သိသွားပြီဆိုတော့ ကျုပ်လည်း ဟန်ဆောင်မနေတော့ဘူး။"

"ခင်ဗျား ထင်ထားတဲ့ အတိုင်းပဲ။ ဒါက ခင်ဗျား ပေးဆပ်ရမယ့် တန်ဖိုးပဲ။ ခင်ဗျား မလုပ်ချင်ရင် ထွက်သွားလို့ရတယ်။ မဟုတ်ရင်တော့ ဒီအတိုင်းပဲ နေရမယ်။ လက်ခံနိုင်ရင်လက်ခံ၊ လက်မခံနိုင်ရင် ထွက်သွား။"

ချီကျိက မျက်နှာဖြူရော်သွားပြီး နှုတ်ခမ်းများ တုန်ယင်နေ၏။

လခွမ်းတဲ့မှ။ သူက တကယ့်ကို ယောက်ျားချင်းကြိုက်တဲ့ အရူးတစ်ယောက်ပဲ။ ငါတို့ နှစ်ဦးစလုံး တစ်သက်လုံး တွက်ချက်မှု မှားယွင်းသွားပြီ။ အချိန်-နေရာလွတ် ဓားသူတော်စင်က အဘိုးကြီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ရှုပ်ယှက်ခတ်မှုတွေ လုပ်နေတာပဲ။

"ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ အချိန်-နေရာလွတ် ဓားသူတော်စင် နှစ်သက်တယ်ဆိုရင် ဒီညစ်ပတ်နေတဲ့ အသားအရေကို ပေးဆပ်ဖို့ ဝန်မလေးပါဘူး။ သာသာယာယာသာ လုပ်ဆောင်ပေးပါ။"

ဤသို့ပြောချိန်တွင် ချီကျိက ပြည့်တန်ဆာရုံထဲသို့ရောက်ရှိသွားသော အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်ကဲ့သို့ အရောင်အသွေး ဆုံးရှုံးသွားတော့သည်။

မုန့်ချင်ကျိုးက အံ့အားသင့်သွား၏။

ဒီလောက်တောင်လား။ ကောင်းကင်ကြည့်ဆောင် ဒုတိယမြောက် နန်းဆောင်သခင်က ဒီလောက်တောင် သစ္စာမရှိတာလား။

ဒီလူကို ငါ့ဘက် ဆွဲဆောင်နိုင်မလား။ အင်း။ စဉ်းစားလို့ရတယ်။

မုန့်ချင်ကျိုးက နူးညံ့သောအသံဖြင့် ပြုံးလိုက်သည်။ "ဒုတိယမြောက် နန်းဆောင်သခင်က တကယ်ကို အရည်အချင်း ရှိသားပဲ။ အနာဂတ်မှာ အလားအလာရှိတယ်။"

ချီကျိ၏နှုတ်ခမ်းများ တုန်ယင်နေပြီး မျက်လုံးထဲတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ ဒေါသတို့ လှုပ်ခါနေကာ ခေါင်းငုံ့၍ ပြောလိုက်သည်။

"ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။"

နောက်ရက် အနည်းငယ်အတွင်းမှာပင် ချီကျိမှာ ပြည့်တန်ဆာရုံထဲက မိန်းမပျက်တစ်ယောက်လို ခံစားနေရပြီး တစ်ဖက်ကလည်း မဟာတာအိုကို လေ့လာနေရသဖြင့် စိတ်ခံစားချက်များမှာ ရောထွေးနေ၏။

အပြင်ဘက်တွင်။

ဧကရာဇ်နန်းတော်၏ တားမြစ်နယ်မြေ။

ကြက်တွန်သံက ချီကျိ၏ တစ်သက်တာမှတ်တမ်းများကို နောက်ဆုံးတွင် ခွဲခြမ်းစိတ်ဖြာပြီး သူ၏ အချိန်-နေရာလွတ်ကို လုံးဝ ကျူးကျော်ဝင်ရောက်သွားခဲ့သည်။

မုန့်ချင်ကျိုး၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားလေသည်။ "ကောင်းကင်ကြည့်ဆောင်ရဲ့ ဌာနချုပ်ကို ရှာတွေ့ပြီလား။"

ဤအတွေး ပေါ်လာသည်နှင့်။

မုန့်ချင်ကျိုးက ချီကျိ၏ ပထမဆုံးစာမျက်နှာကို လှန်လိုက်သည်။

....

...

ချီကျိက နတ်ဘုရားခေတ်တွင် မွေးဖွားခဲ့ပြီး လူသားမျိုးနွယ်စုထဲမှ သာမန်ကလေးတစ်ယောက်ဖြစ်ကာ အမဲလိုက်ရင်း အသက်မွေးခဲ့သည်။

ထိုအချိန်က လူသားမျိုးနွယ်စုများသည် မျိုးနွယ်စုပေါင်းစုံအတွက် အစာအဖြစ် သတ်မှတ်ခံရပြီး နတ်ဘုရားများအတွက် ကိုးကွယ်မှု အရင်းအမြစ်များ ဖြစ်ခဲ့သည်။

အချိန်တိုင်း အမဲလိုက်ခြင်းခံရုံတင်မကဘဲ လူသားမျိုးနွယ်စုတိုင်းက နတ်ဘုရားဗိမာန်များကို ပူဇော်ပသနေရပြီး နေ့ရောညပါ ဦးညွှတ်ကာ အမဲလိုက်ရရှိသော အစားအစာများကို ထက်ဝက်ခွဲ၍ နတ်ဘုရား ဗိမာန်ရှေ့တွင် ပူဇော်နေရသည်။

ကြယ်များအောက်တွင်။

အသက်ငယ်သေးသော ချီကျိက မတော်တဆ အမဲလိုက်ရင်း အလွန်တောက်ပပြီး ခန့်ညားလှသော ဆယ်ကျော်သက် လူငယ်တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။

ထိုလူငယ်က ချီကျိနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်မှာပင် ပြိုင်ဘက်ကင်းသောပါရမီနှင့် စွမ်းအားများကို ပြသခဲ့သည်။ အသက်(၂၀) မပြည့်သေးခင်မှာပင် လရောင်ထွန်းလင်းနယ်ပယ် ဖြစ်နေလေပြီ။ ခေတ်ကာလကို ကျော်လွန်သော နတ်ဘုရားစွမ်းအား အကုန်လုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

လေးလံသော လေးနှင့်ဓားကို ကိုင်ဆောင်ထားသော လူငယ်က ချီကျိကို ဖိတ်ခေါ်လိုက်သည်။ "ငါ့နောက်လိုက်ခဲ့။ ငါနဲ့အတူ မျိုးနွယ်စုပေါင်းစုံကို နှိမ်နင်းပြီးတော့ နတ်ဘုရားတွေကို နှင်ထုတ်မယ်။ ပြီးရင် လူသားမျိုးနွယ်အတွက် ခေတ်ကောင်းကြီးတစ်ခုကို ဖန်တီးပေးမယ်။"

"ငါ့ကိုယုံလိုက်။ အနာဂတ်ခေတ်ကာလက လူသားမျိုးနွယ်တွေရဲ့အပိုင်ပဲ။ မင်းနဲ့ငါ့အပိုင်ပဲ။"

"မင်းရဲ့ပါရမီက သိပ်ကောင်းတယ်။ ဒါပေမဲ့ နဂါးက ရေတိမ်မှာ ပိတ်မိနေသလို ဖြစ်နေပြီးတော့ ဘယ်သူမှ သတိမထားမိကြဘူး။ ဒါပေမဲ့ ငါသိတယ်။ မင်းမှာ အလားအလာ အများကြီးရှိတယ်။"

ထိုအချိန်တွင် ချီကျိသည် ထိုလူငယ်၏စကားကြောင့် လုံးဝအရည်ပျော်ကျသွားပြီး လူသားမျိုးနွယ်၏ ကြီးမားလှသောအလားအလာကို မြင်တွေ့လိုက်ရကာ ချက်ချင်း သဘောတူလိုက်သည်။

"ငါ့နာမည် ချီကျိ။ မင်းကကော။"

လူငယ်က ရယ်မောလိုက်သည်။ "ငါ့နာမည် ရှီ'၊ ဒီနာမည်ကို သေချာမှတ်ထာ။ အနာဂတ်မှာ ဒီနာမည်က နတ်ဘုရားတွေနဲ့ မျိုးနွယ်စုပေါင်းစုံရဲ့ အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်"

ထို့နောက် ချီကျိသည် လူသားမျိုးနွယ်စုမှထွက်ခွာခဲ့ပြီး မိဘများကို နှုတ်ဆက်ကာ ညဉ့်နက်အချိန်တွင် ရှီးနောက်ကိုလိုက်၍ အပြင်ဘက် လောကကြီးသို့သွားရောက်ခဲ့သည်။

ထိုအချိန်က။

လူသားမျိုးနွယ်မှာ ကျဆုံးနေသော်လည်း ထူးချွန်သူအချို့ ရှိနေခဲ့ပြီး သူတို့၏ ထူးခြားသော ပါရမီကြောင့် မျိုးနွယ်စုပေါင်းစုံ၏အစေခံ သို့မဟုတ် ဧည့်သည်အဖြစ် ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

အချို့သောလူသားများက ၎င်းမှတစ်ဆင့် ဂိုဏ်းများ၊ မိသားစုများကို တည်ထောင်ခဲ့ကြပြီး အခြေအနေမှာ ပိုမိုနိမ့်ကျနေသော်လည်း လူသားမျိုးနွယ်စုများထက် အနည်းငယ် သာလွန်သည်။

ရှီးက လူသားမျိုးနွယ်စုထဲမှ ထွက်လာသော ကလေးအုပ်စုတစ်စုကို ခေါ်ဆောင်သွားပြီး ကြီးမားလှသော အစီအစဉ်တစ်ခုကို ရေးဆွဲပေးခဲ့သည်။ ၎င်းမှာ「နှစ်(၁၀၀) စီမံကိန်း」ပင်။

ဤလူမျိုးစုမှ ထွက်လာသော ကလေးများသည် ပျံ့နှံ့သွားကြပြီး မျိုးနွယ်စုပေါင်းစုံ၊ နတ်ဘုရားများ၏ ဂိုဏ်းဂဏများထဲသို့ ဝင်ရောက်ကာ အစေခံ သို့မဟုတ် ဧည့်သည်များ ဖြစ်လာကြသည်။

ရှီးသည် တစ်ဦးချင်းစီအတွက် စီမံကိန်းများ ရေးဆွဲပေးပြီး တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်း လမ်းကြောင်းကို သီးသန့်ဖန်တီးပေးထားခဲ့သည်။

ဆယ်နှစ်ကြာ ပြုပြင်ပြောင်းလဲမှုအပြီးတွင် ဤကလေးများသည် ခေတ်ကာလကို ကျော်လွန်သော အစွမ်းအစများကို ပြသလာကြသည်။ မထင်ရှားသောနေရာမှ စတင်၍ တဖြည်းဖြည်းနှင့် ကြီးထွားလာပြီး မျိုးနွယ်စုပေါင်းစုံနှင့် နတ်ဘုရားတို့၏အာရုံစိုက်ခြင်းကို ခံလာရသည်။

ဤကလေးများသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခြင်း မပြုတော့ဘဲ နှစ်(၁၀၀)အတွင်း သူတို့ ရောက်ရှိရာ အင်အားကြီးအဖွဲ့အစည်းများ၏ အထွတ်အထိပ်သို့ ရောက်ရှိအောင် ကြိုးပမ်းကြသည်။

...

...

မုန့်ချင်ကျိုးက ဤနေရာကို စစ်ဆေးနေစဉ်မှာပင် သူကိုယ်တိုင် အံ့အားသင့်သွားပြီး တအံ့တဩ ဖြစ်သွားတော့သည်။

"နှစ်(၁၀၀)စီမံကိန်း။ ဒါက ယွဲ့ကို ငါပြောပြခဲ့ဖူးတဲ့ မျိုးနွယ်တစ်ခု ကျဆုံးပြီး ပြန်လည်ထမြောက်လာမယ့် ပုံပြင် မဟုတ်ဘူးလား။"

"ပြီးတော့ အဲဒီခေတ်ကာလကိုကျော်လွန်တဲ့ စွမ်းအားတွေကလည်း ငါ သူ့ကို သင်ပြပေးခဲ့တဲ့အရာတွေ မဟုတ်ဘူးလား..."

"ဒါက ဟုတ်ကောဟုတ်ရဲ့လား။ မဟုတ်သေးဘူးလေ။"

"ရှီးနဲ့ ယွဲ့က တကယ်ပဲ လူတစ်ယောက်တည်း ဖြစ်နေတာလား။ ဒါပေမဲ့ ယွဲ့က ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့တာ ကြာပြီလေ။ အခု ရှီးက ဘယ်လိုကြည့်ကြည့် ကလေးတစ်ယောက်ပဲ။"

ကောင်းကင်ကြည့်ဆောင်၏ ဌာနချုပ်ကို ရှာမတွေ့သေးခင်မှာပင် ပိုကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရ၏။

ဤမှတ်ဉာဏ်များက အောက်ပါအချက်ကို အတည်ပြုပေးနေသည်။

ရှီး နှင့် ယွဲ့တို့က လူတစ်ယောက်တည်း ဖြစ်သည်မှာ အသေအချာပင်။

...

All Chapters