← Chapters

အခန်း ၃၉၆

Vol. 27 Ch. 396

အခန်း ၃၉၆

Vol. 27 Ch. 396

အပိုင်း(၃၉၆) ကုသိုလ်နှင့် အကုသိုလ်။ ပြောင်းလဲခြင်းရပ်ဆိုင်းပြီ

ကြယ်စင်စုများဖြင့် တည်ဆောက်ထားသော လှေကားထစ်ပုံစံ အလွှာလေးခုပေါ်တွင်။

အနက်ရောင်ဝတ် လူငယ်က အချိန်အတော်ကြာ မှင်သက်နေခဲ့သည်။ လူသားဧကရာဇ် ပြောခဲ့သော စကားများသည် နားထဲတွင် ပဲ့တင်ထပ်နေပြီး သူ့အား အလွန်အမင်း ရှက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။

"မင်းက တကယ်ကိုထိုက်တန်တဲ့ လူသားဧကရာဇ်တစ်ယောက်ပဲ။"

"လူသားမျိုးနွယ် ပြန်လည်ထမြောက်ဖို့ လက်ဆင့်ကမ်းပြိုင်ပွဲကြီး ဆိုပါလား..."

ဤအချိန်တွင် သူက အတော်ကြာမခံစားဖူးသော စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းကို မသိရှိတော့ဘဲ နောက်တစ်ဆင့် ဘာလုပ်ရမှန်း မသိတော့ပေ။

မဟာကျင်းဧကရာဇ် သရုပ်မှန်အကြောင်းကို သိလိုက်ရချိန်မှစ၍ သူက တာဝန်များကို အလိုအလျောက် ပခုံးပြောင်းယူခဲ့သည်။ အတူတူကစားခဲ့သော ရုပ်သေးရုပ်တစ်ခုမှနေ၍ စီမံခန့်ခွဲသူတစ်ယောက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ရှေးခေတ်အဆက်ဆက် ရန်သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ သို့သော် အောင်မြင်မှုတစ်ဆင့်ချင်း ရရှိတိုင်းတွင် သူက အလွန် မုန်းတီးစရာကောင်းသော ရန်သူများသည်လည်း အလွန်ပင် သန့်ရှင်းစင်ကြယ်သောသူများ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ဥပမာ - မိသားစု(၅)ခု၊ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်၊ ကောင်းကင်ကြည့်ဆောင်တို့ပင်...

ကုသိုလ်မှုနှင့် အကုသိုလ်ရဲ့စံနှုန်းက အတိအကျ ဘာလဲ။

လူတစ်ယောက်ကို သတ်တာက အကုသိုလ်ဖြစ်ပြီးတော့ လူထောင်ပေါင်းများစွာကို ကယ်တင်ခြင်းက ကုသိုလ်ပဲ။ ကုသိုလ်နဲ့ အကုသိုလ်ကို တိုင်းတာတဲ့စံနှုန်းက ဒီလောက်တောင် ရိုးရှင်းတာလား။

ကောင်းကင်ကြည့်ဆောင်က လူ့လောကကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံထားရပြီး နှစ်ပေါင်း သောင်းချီ ခါးသီးစွာဖြင့် ဖြတ်သန်းခဲ့ရသည်။ အမှောင်ထဲတွင် လှုပ်ရှားကာ လောကကြီးကို ဒုက္ခပေးနေသည်ဟု ထင်ရသော်လည်း သူတို့၏နောက်ဆုံးပန်းတိုင်မှာ လူသားမျိုးနွယ် ပြန်လည်ထမြောက်ဖို့အတွက် မဟုတ်ပါလား။

ဒါဆိုရင် ကောင်းကင်ကြည့်ဆောင်ရဲ့ ကုသိုလ်နဲ့ အကုသိုလ်ကို ဘယ်လိုတိုင်းတာရမလဲ။

အတ္တကင်းမဲ့ဗုဒ္ဓသည် တပည့်များ တောရိုင်းမြေတွင် ဒုက္ခပေးနေသည်ကို လက်ပိုက်ကြည့်နေခဲ့သည်။ ၎င်းမှာ သူ၏အကုသိုလ် ဖြစ်သည်။ သို့သော်လည်း သူ သေခါနီးတွင် ကိုယ်ခန္ဓာကို လောကကြီးသို့ အပ်နှင်းကာ လူပေါင်းများစွာကို ကယ်တင်ခဲ့သည်။ မည်သူက သူ့ကို ကုသိုလ်ပြုသူ သို့မဟုတ် အကုသိုလ်ပြုသူဟု ပြောနိုင်မည်နည်း။

နောက်တစ်ခု ဥပမာမှာ ကောင်းကင်တာအိုက အာဏာကိုသိမ်းပိုက်ပြီး ကောင်းကင်ထောက်တိုင် နယ်ပယ်နှင့်အထက် ကျင့်ကြံသူများကို ချေမှုန်းခြင်းသည် စစ်မှန်သော အကုသိုလ်လား။

မသေချာပေ။

အကယ်၍ ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများ ပိုများလာပြီး မဟာတာအိုသစ်ပင်ကြီးကို လုံးဝပျက်စီးသွားစေလျှင် ကမ္ဘာကြီးမှာ ပျက်စီးသွားလိမ့်မည်။ ပျက်စီးသွားမည် မဟုတ်လျှင်ပင် တစ်ဦးချင်းစီ၏စွမ်းအားများမှာ ကန့်သတ်ချက်ကို ကျော်လွန်ပြီးနောက် အရေအတွက်များပြားလာလျှင် သာမန်သက်ရှိများအတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပါလား။

နောက်တစ်ခု ဥပမာအနေနှင့် ရှေးဟောင်းနတ်ဘုရားများက စစ်မှန်သော ကုသိုလ်ပြုသူများလား။

၎င်းကလည်း မသေချာပြန်ပေ။

သူတို့က နတ်ဘုရား အရေအတွက်ကို အဆမတန် တိုးပွားစေပြီးနောက် စွမ်းအားကြီးသူများကိုသာ အားပေးသည်။ ထိုအချိန်က လူသားမျိုးနွယ်ကဲ့သို့သော အားနည်းသူများမှာ ပိုမိုအားနည်းလာမည်သာ ဖြစ်သည်။ အားကြီးသူနှင့် အားနည်းသူကြား ကွာဟချက်မှာ အလွန်ကြီးမားလာပြီး အားကြီးသူတို့၏ လုပ်ရပ်တစ်ခုကြောင့် လူသားပေါင်းသန်းနှင့်ချီ တစ်ခဏချင်းမှာပင် ပျက်စီးသွားနိုင်သည်။

ရှုပ်ထွေးလှသော အတွေးများမှာ စီးဝင်လာ၏။

မုန့်ချင်ကျိုးမှာ မည်သူကရန်သူ၊ မည်သူကမိတ်ဆွေ ဖြစ်ကြောင်းကို ခွဲခြားနိုင်တော့ပေ။ ကုသိုလ်နှင့် အကုသိုလ်၏စံနှုန်းများမှာ မြင့်တက်လာသောအခါ သူ မြင်သမျှ အရာအားလုံးတွင် ကုသိုလ်နှင့် အကုသိုလ်၏ နယ်နိမိတ်မှာ ရှင်းလင်းစွာ မရှိတော့ပေ။

တစ်ခဏချင်းမှာပင် သူ၏တာအိုအသိစိတ်မှာ ကမောက်ကမ ဖြစ်သွား၏။

တစ်လျှောက်လုံး ခိုင်မြဲစွာယုံကြည်လာခဲ့သော ယုံကြည်ချက်များမှာ တဖြည်းဖြည်း ပြိုကွဲသွားသည်။

သူ၏စိတ်အာရုံမှာ အလိုအလျောက် ပျံ့နှံ့သွားပြီးနောက် တောရိုင်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားကာ ပြည်သူများ၏ စကားသံများကို ကြားလိုက်ရသည်။

တောရိုင်းမြေပြည်သူများ၏ဘဝမှာ ပိုမိုကောင်းမွန်လာပြီး သူတို့၏စကားပြောသံများတွင် အပြုံးများ ပိုမို ပါဝင်လာသည်။

ထို့အပြင် သူ၏စိတ်အာရုံမှာ ကောင်းကင်ပြည်နယ်သို့ ပျံ့နှံ့သွားချိန်တွင်။

နားထဲတွင် ကြားရသမျှမှာ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်းများသာ ဖြစ်သည်။ မိသားစု(၅)ခု၏ အဆုံးသတ်၊ ကောင်းကင်မဟာမိတ်အဖွဲ့၏ ကျရှုံးမှုနှင့်အတူ၊ နတ်ဘုရားများသိမ်းပိုက်ခြင်းနှင့် နောက်ဆုံး ချေမှုန်းခြင်း ခံလိုက်ရခြင်းများကြောင့် ကောင်းကင်ပြည်နယ်မှာ သုံးကြိမ်တိုင်တိုင် အရှင်သခင် ပြောင်းလဲခဲ့ရပြီး လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အား အကုန်အစင် ကုန်ဆုံးသွားခဲ့ရသည်။

ယခင်က မည်မျှ စည်ကားခဲ့သနည်း။

ယခုအခါတွင်မူ မည်မျှ ဆိုးရွားစွာ အထီးကျန်ဆန်နေမည်နည်း။

"အခု မဟာကျင်းတိုင်းပြည်ဟာ အရင်က ကျိမိသားစုနှင့် ဘာများ ထူးခြားနေလို့လဲ။ ရာထူးချင်းသာ လဲလှယ်သွားတာ ဖြစ်မယ်။"

"ငါနဲ့လျူလီလျှောက်လှမ်းချင်တဲ့ လမ်းကြောင်းက တကယ်ပဲ မှန်ကန်နေရဲ့လား။"

ရုတ်တရက်။

သူ၏စိတ်အာရုံမှာ အလျင်အမြန်စုစည်းသွားပြီး ပစ္စုပ္ပန်ရွာ၊ အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေးဆီသို့ ရောက်ရှိသွားသည်။

ချိုမြိန်သောအသံလေးတစ်ခု ထွက်ပေါ်လာသည်။ "ဖေဖေ ပြန်ရောက်လာပြီ။ ဒါပေမဲ့လည်း ပြန်မရောက်သေးသလိုပဲ။ တစ်လကျော်နေပြီ။ အန်းအန်း ဖေဖေ့ကို တစ်ခါမှ မမြင်ရသေးဘူး။ မေမေ၊ ဖေဖေက အခု ဘာလုပ်နေတာလဲ။"

နောက်ထပ် နူးညံ့သိမ်မွေ့သောအသံတစ်ခု ထွက်ပေါ်လာသည်။ "ဖေဖေက မေမေတို့ရဲ့ မိသားစုလေး အတွက် ကြိုးစားနေတာ။ မေမေ ကတိပေးတယ်။ ဖေဖေ မကြာခင် အန်းအန်း လာကစားပေးလိမ့်မယ်။"

...

...

နောက်တစ်ခဏတွင်။

မုန့်ချင်ကျိုး၏ ပြိုကွဲလုနီးပါးဖြစ်နေသော တာအိုအသိစိတ်မှာ ထပ်မံ၍ ခိုင်မြဲသွားပြန်သည်။ သူက သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်ပြီး စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားကာ အသက်ဝင်လာပြန်သည်။

"ဟုတ်ပြီ။ လောကကြီးမှာ ရှုပ်ထွေးမှုတွေ အများကြီးပဲ။ တခြားသူတွေရဲ့ ကုသိုလ်၊ အကုသိုလ်က ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက မဟာကျင်းရဲ့ဧကရာဇ်ပဲ။ အန်းအန်းရဲ့ ဖေဖေ။ လျူလီရဲ့ခင်ပွန်းပဲ။"

"ကုသိုလ်နဲ့ အကုသိုလ်က ငါ့အတွက် ဘာနယ်နိမိတ်မှ မရှိတော့ဘူး။ ဒါပေမဲ့ ငါ့ရဲ့လမ်းကြောင်းက တခြားသူတွေကြောင့် ရပ်တန့်သွားလို့ မဖြစ်ဘူး။"

"ရှေးကတည်းက အနိုင်ရသူက ရှင်သန်ပြီးတော့ အရှုံးသမားက သေဆုံးရတာပဲ။ လောကကြီးကို ပြောင်းလဲချင်ရင် ထိပ်ဆုံးကိုရောက်အောင် သွားရမယ်။ အဲဒီကျမှ ပြောင်းလဲနိုင်တဲ့စွမ်းအား ရှိမှာပေါ့။ ဒါပေမဲ့ အဲဒီမတိုင်ခင်အထိတော့ ငါ့ရဲ့မိသားစုကိုပဲ ဂရုစိုက်နိုင်မယ်။"

"ငါ့ရဲ့ တာအိုက အန်းအန်းနဲ့ လျူလီကို ကာကွယ်ဖို့ပဲ။ ကျန်တာကို နောက်မှပဲ ပြောကြတာပေါ့။"

ဤအချက်ကို သဘောပေါက်သွားချိန်တွင်။

မုန့်ချင်ကျိုးသည် သူ ပြောင်းလဲသွားသကဲ့သို့ ခံစားရပြီး တစ်ဖန် ပြောင်းလဲခြင်းမရှိသကဲ့သို့လည်း ခံစားရသည်။ သဘောပေါက်နားလည်ခြင်းဆိုသည်မှာ ဤအရာမျိုး ဖြစ်ပေလိမ့်မည်။

ရုတ်တရက်။

သူ ရယ်မောလိုက်သည်။ ဘဝအသစ်ကို ရရှိလိုက်သကဲ့သို့ခံစားရပြီး ကောင်းကင်ကိုမော့၍ အားရပါးရ ရယ်မောလိုက်သည်။

ရယ်မောသံထဲတွင် စိတ်ရှုပ်ထွေးမှုများ လုံးဝမရှိတော့ဘဲ တာအိုအသိစိတ်မှာ ကျောက်တုံးကြီး တစ်ခုအလား ခိုင်မြဲသွားသည်။ သူ၏ အတွင်းစကြဝဠာသည် ဤအခိုက်အတန့်တွင် ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာတော့သည်။

အတွင်းစကြဝဠာရှိ ဂြိုဟ်တစ်ခုပေါ်တွင်။

အသက်မရှိသော အနက်ရောင်ဂြိုဟ်၏ မြေဆီလွှာတစ်နေရာတွင် အစိမ်းရောင် အညှောင့်လေးတစ်ခု မယိမ်းမယိုင် ပေါက်ထွက်လာသည်။

သက်ရှိများ စတင်မွေးဖွားခြင်းပင်။

အသက်ဝင်မှုများ ပေါ်ပေါက်လာလေပြီ။

တစ်ခဏချင်းမှာပင်။

မုန့်ချင်ကျိုးက ကျင့်စဉ်စွမ်းအားများ လေထဲမှ ရုတ်တရက် တက်လှမ်းလာသည်ကို ခံစားလိုက်ရသည်။

"ဒါပဲ။"

"အတွင်းစကြဝဠာ ပြောင်းလဲခြင်းဆိုတာက သက်ရှိတွေကို မွေးဖွားပေးပြီးတော့ စစ်မှန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ခြင်းပဲ။ ငါ့ရဲ့လမ်းကြောင်းက ဒီထဲမှာပဲ ရှိနေတာပဲ။"

"သက်ရှိတွေက အနှစ်သာရကို စုပ်ယူပြီးတော့ ကြီးထွားလာမယ်။ တာအိုလမ်းစဉ်ကို နင်းမိရင် သဘောပေါက်လာမယ်။ သက်ရှိတွေက တာအိုကို စုပ်ယူပြီးတော့ သူတို့ကိုယ်သူတို့ အားကောင်းလာအောင် လုပ်မယ်။ ကံကြမ္မာတွေ ဖြစ်လာမယ်။ တာအိုသုံးထောင်ကို ဖန်တီးမယ်။ ကျင့်ကြံခြင်းအတတ် တည်ဆောက်မယ်။ တိုင်းပြည်တွေ တည်ထောင်မယ်..."

"ပြီးတော့ ဒါတွေက ငါ့ဆီကို ပြန်ပြီးတော့ အထောက်အပံ့ ဖြစ်စေလိမ့်မယ်။"

မုန့်ချင်ကျိုး၏ရယ်မောသံ ရပ်တန့်သွားပြီး တည်ငြိမ်သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ငါက နောက်ထပ် ကောင်းကင်တာအိုတစ်ခု မဖြစ်ချင်ဘူး။"

"သက်ရှိတွေက ငါ့အတွက် ကောင်းကျိုးလည်း ဖြစ်နိုင်သလို ဆိုးကျိုးလည်း ဖြစ်နေနိုင်တယ်။ ငါ့မှာ သက်ရှိတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းအား မရှိသလို သက်ရှိတွေကို လျစ်လျူရှုနိုင်တဲ့ သဘောထားမျိုးလည်း မရှိဘူး။"

ထိုအချက်ကို စဉ်းစားမိချိန်တွင်။

ထိုဂြိုဟ်ပေါ်တွင် ပေါက်ထွက်လာသော အစိမ်းရောင်အညှောင့်လေးကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်၏။

လောကကြီး၏ ပထမဆုံးအသက်ဝင်မှုမှာ ပျက်စီးသွားသည်။ မွေးဖွားခြင်း၏အစမှာ စတင်ခါစသာ ရှိသေးသော်လည်း အဆုံးသတ်သွားပြီ ဖြစ်သည်။

"စနစ်က ငါ့အတွက် ဖန်တီးပေးတဲ့ လမ်းကြောင်းကို ငါ မလျှောက်ချင်ဘူး။"

"ငါ... မလုပ်ချင်ဘူး။"

[တွီ]

[သတိပေးချက်။ သတိပေးချက်။ အတွင်းစကြဝဠာ ပြောင်းလဲခြင်းကို အတင်းရပ်တန့်လိုက်ပါပြီ]

[ကောင်းကင်ဘုံသို့သွားရာလမ်းမှာ ဤသို့ဖြင့် ပြတ်တောက်သွားနိုင်သည်။ ကျေးဇူးပြု၍ သေချာ စဉ်းစားပေးပါ]

[စနစ်က လက်ခံသူကို တစ်ကြိမ် ထပ်မံရွေးချယ်ခွင့် ပေးပါမည်။ အတွင်းစကြဝဠာ ပြောင်းလဲခြင်းကို ရပ်တန့်မည်လား]

မုန့်ချင်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ "ရပ်တန့်မယ်။"

ကောင်းကင်တာအိုအသစ်က သူ့ကို ရှင်းလင်းစွာ ပြသခဲ့ပြီးသား ဖြစ်သည်။ ရှေ့မှသင်ခန်းစာကလည်း ရှိနေသည်။ ကောင်းကင်တာအို၏စိတ်ဆန္ဒ ဖြစ်စေဦး။ လောကကြီး တည်ငြိမ်ရေးအတွက်သာ ဖြစ်စေဦး။ သက်ရှိများကို ပျက်စီးသွားစေရန် လျစ်လျူရှုထားနိုင်ပြီး တရားမျှတမှုကို ဟန်ချက်ညီစေရန်သာ ကြိုးစားသည်။ ထိုသို့ပင်ဖြစ်လင့်ကစား နောက်ဆုံးတွင် သက်ရှိများ၏တန်ပြန်တိုက်ခိုက်ခြင်းကို ခံရစမြဲ ဖြစ်သည်။

ငါကကော ဘယ်လိုလဲ။ စိတ်ခံစားချက်တွေ ရှိနေတဲ့ လူသားတစ်ယောက်ပဲလေ။

စိတ်ခံစားချက် ရှိနေတာက အကြွင်းမဲ့တရားမျှတမှု မရှိနိုင်တာကို ပြသနေတယ်။ ခံစားချက်တွေကို စွန့်လွှတ်လိုက်ရင်ကော ငါက လူသား ဟုတ်သေးရဲ့လား။

"ဒီလိုလမ်းကြောင်းမျိုးကို ဘယ်သူ လျှောက်ချင်လဲ။ လျှောက်ပါစေ။ ငါ့မှာ မိသားစု ရှိတယ်။ သမီးလေး ရှိတယ်။ ဇနီးသည် ရှိတယ်။ ကောင်းကင်တာအို ဖြစ်လာတာထက် သူတို့ရဲ့ အားကိုးရာ မဏ္ဍိုင်ကြီး ဖြစ်လာတာက ပိုကောင်းတယ်။"

[အတွင်းစကြဝဠာပြောင်းလဲခြင်း ကျရှုံးပါပြီ]

[နောက်ပိုင်းလမ်းကြောင်းများကို လက်ခံသူကိုယ်တိုင်သာ ရှာဖွေပါ။ စနစ်က မည်သည့်အထောက်အပံ့မှ ပေးနိုင်တော့မည် မဟုတ်ပါ]

...

...

"စနစ်..."

"မင်းက ဘာလဲ။ ဘာလို့ ငါ့ကို တစ်ဆင့်ပြီးတစ်ဆင့် ဒုတိယမြောက်ကောင်းကင်တာအို ဖြစ်လာအောင် တွန်းအားပေးနေရတာလဲ။"

"ရှီးက ငါ့ကို ဒုတိယမြောက်လူသားဧကရာဇ် ဖြစ်လာအောင် ရွေးချယ်ထားတယ်။ မင်းကလည်း ဒုတိယမြောက်ကောင်းကင်တာအို ဖြစ်လာအောင် ရွေးချယ်ထားတယ်..."

"အဟက်၊ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ။"

...

All Chapters