အခန်း ၇၂၂
Vol. 49 Ch. 722
အခန်း (၇၂၂) တာဝန်သစ်၊ အမှတ်စာရင်း ခန်းမဆောင်နှင့် ရန်သူတော်ကြီး ဆင်းသက်လာခြင်း
သုံးမျက်လုံး တပိုင်းသူတော်စင် ကပ်ဘေး ဖြတ်ကျော် အောင်မြင်သွားသည်ကို ယဲ့ဖုန်း မသိခဲ့ချေ။
သိခဲ့လျှင်တောင် သူ ဂရုစိုက်မည် မဟုတ်ပေ။
သူသည် သူတော်စင်အဆင့်အောက် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားများ ကိန်းအောင်းနေသည့် အခြေခံအကျဆုံး သူတော်စင် ဧကရာဇ် ဓားကြီးကို ကျောတွင်လွယ်ကာ မြူခိုးဂိုဏ်း အတွင်း၌ အေးအေးလူလူ လမ်းလျှောက်နေ၏။
ယုံကြည်မှု နတ်ရေကန် ထဲတွင်လည်း ယုံကြည်မှုစွမ်းအား များ ဆက်တိုက် စုပုံလာနေသည်။
သို့သော် ကောင်းကင် ဧကရာဇ် အဆင့်သို့ ရောက်ရန် အချိန် အတော်ကြာ ဦးမည်ဖြစ်ပြီး၊ ယခု သူတော်စင် ဧကရာဇ် ဓားကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ယဲ့ဖုန်း အလျင်လိုမနေတော့ချေ။
ယုံကြည်မှုစွမ်းအားများ အလုံအလောက် ပြည့်ဝလာသည့် တစ်နေ့တွင် သူတော်စင် ဧကရာဇ် ဓားကို ဖျက်သိမ်းပြီး မူလစွမ်းအင် (၅) မျိုးဖြင့် တပိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းရန် ကြိုးစားမည် ဖြစ်သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ခင်ဗျာ...”
“ဂိုဏ်းချုပ် ကျန်းမာပါစေရှင်...”
“ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပဲ...”
ဂိုဏ်းအတွင်း လမ်းလျှောက်နေသော ယဲ့ဖုန်းကို မြင်သည်နှင့် တပည့်များအားလုံး လမ်းဘေးသို့ ဖယ်ပေးကာ လက်နှစ်ဖက်ကို ဆုပ်မိုးပြီး နှုတ်ဆက်ကြ၏။
“အားလုံးပဲ မင်္ဂလာပါ...”
ယဲ့ဖုန်းက အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာလေး ရှိလို့ပါ ခင်ဗျာ...”
“ကျွန်တော်ကတော့ နေ့စဉ်ဘဝနဲ့ ပတ်သက်ပြီး မေးချင်တာပါ...”
“ဂိုဏ်းချုပ်ရှင်... ကျွန်မ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေသလို ခံစားရလို့ပါ... ကျွန်မ အခန်းထဲကို လိုက်ခဲ့ပြီး တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ပြီး သေချာလေး လာစစ်ဆေးပေးလို့ ရမလားရှင်...”
မြူခိုးဂိုဏ်း မှ တပည့်များသည် ယေဘုယျအားဖြင့် သိပ်မရှက်တတ်ကြပေ။ မေးခွန်းမေးရန် အချိန်ကျလာလျှင် နှုတ်ပိတ်မနေကြချေ။
အချို့ တပည့်များက ကျင့်ကြံခြင်းဆိုင်ရာ အလေးအနက် မေးခွန်းများကို မေးကြသော်လည်း၊ အချို့ကမူ ရဲတင်းစွာဖြင့် သိပ်မသင့်လျော်သော မေးခွန်းများကိုပါ မေးမြန်းကြ၏။
“စိတ်မပူကြနဲ့... တစ်ယောက်ချင်းစီ မေးပါ...”
ယဲ့ဖုန်းသည် သဘောထား ပြည့်ဝပြီး သင်ကြားပြသပေးရာတွင်လည်း ရက်ရောလှသည်။
သူ၏ ပေါ့ပေါ့ပါးပါး လမ်းညွှန်ပြသမှု အနည်းငယ်ဖြင့်ပင် တပည့်များ၏ ကျင့်ကြံခြင်း တိုးတက်မှုကို အလျင်အမြန် မြင့်တက်လာစေရာ၊ တပည့်များအားလုံး အလွန် ကျေးဇူးတင်နေကြတော့သည်။
ရှီချင်း မှာ ဂိုဏ်းချုပ်၏ သက်တော်စောင့် အဖြစ် ယဲ့ဖုန်း၏ ဘေးတွင် အမြဲ ရှိနေပြီး၊ အစောင့်အရှောက် လျိုဖုန်း က အနောက်မှ လိုက်ပါလာကာ ယဲ့ဖုန်း၏ ကျင့်ကြံခြင်း ရှင်းလင်းချက်များကို နားထောင်ရင်း အကျိုးအမြတ် များစွာ ရရှိနေ၏။
မင်းသမီး ဖေးဖေး ကမူ ဤနေရာတွင် မရှိချေ။
သူမသည် လနီ ဂိတ်တံခါး တွင် သိုးမွှေး သွားညှပ်နေပြန်သည်။
မြူခိုးသူတော်စင်၏ ကိုယ်ပွားက လုပ်ကြံရန် ကြိုးစားပြီးနောက်ပိုင်း၊ မင်းသမီး ဖေးဖေး သည် နတ်ဘုရား မျိုးနွယ်စု အပေါ် နက်ရှိုင်းသော အမုန်းတရားများ ကိန်းအောင်းသွားပြီး လနီ ဂိတ်တံခါး ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ ရက်အနည်းငယ် အတွင်း သူမ၏ အဆင့်တက် စွမ်းအင်သည် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး နောက်ထပ် အဆင့်တက်ရန် ပိုမို နီးကပ်လာခဲ့တော့၏။
မြူခိုးဂိုဏ်း အတွင်း။
ယဲ့ဖုန်းသည် ဝိညာဉ်ရေကန် ဘေးတွင် ဆက်လက် လမ်းလျှောက်နေ၏။
အလုပ်များနေသော တပည့်များကို ကြည့်ရင်း အရာများစွာကို တွေးတောနေမိသည်။
ယခု အဆင့်တွင် ဂိုဏ်းသား အရေအတွက် တိုးလာသော်လည်း၊ မျက်နှာစိမ်းများစွာ ရှိနေဆဲပင်။
တာဝန် လိုအပ်ချက်များသာ မရှိပါက၊ ယဲ့ဖုန်း အနေဖြင့် ဤမျှ များပြားသော တပည့်များကို အမှန်တကယ် လက်မခံချင်ပေ။
သူသည် အရေအတွက်ထက် အရည်အသွေးကိုသာ ပို၍ ဦးစားပေးလို၏။
ဥပမာအားဖြင့်၊ မြူခိုးဂိုဏ်း တွင် တပည့် ဆယ်ယောက်ကျော်သာ ရှိသော်လည်း ထိုတပည့်တိုင်းသည် မိုယင်၊ ဟိုယွင်ကျဲ၊ ရှီလေ့၊ လီကျောက်ကျောက်၊ လုံထျန်းရှင်း၊ ချောင်ကျားရှီး၊ ယန်ရူယွီ နှင့် ကျီဇီလင်း တို့ကဲ့သို့ ထူးခြား ထက်မြက်သော တပည့်များ ဖြစ်နေခြင်းမျိုးကိုသာ သူ အလိုရှိသည်။
ဒါပေမဲ့ နှမြောစရာ ကောင်းတာက…
ဂိုဏ်းချုပ် တာဝန်၏ ဆဋ္ဌမအဆင့်တွင် တတိယ မျိုးဆက် တပည့် (၁၀၀၀၀) ကို လက်ခံရန် လိုအပ်ပြီး၊ ဒုတိယ မျိုးဆက် တပည့် ထောင်ပေါင်းများစွာ လည်း လိုအပ်သေးသည်။ တပည့်သစ် လက်ခံမည့် တာဝန် မပြီးသေးသော်လည်း၊ မြူခိုးဂိုဏ်း ၏ တပည့် အရေအတွက်မှာ တစ်သောင်း ကျော်နေပြီ ဖြစ်သည်။
“တပည့်တွေ အရမ်း များလွန်းတယ်...”
“တပည့် အရေအတွက် နည်းမယ်ဆိုရင် တစ်ယောက်ချင်းစီက ကျင့်ကြံဖို့ အရင်းအမြစ်တွေ ပိုရလာပြီး သူတို့ရဲ့ တိုးတက်မှုကလည်း ပိုမြန်လာမှာပဲ...”
“ဒါပေမဲ့ အသန်မာဆုံး တပည့်တွေတောင် တစ်နေ့ကျရင် အိုမင်းသွားမှာပဲ... ဒါကြောင့် အမွေဆက်ခံဖို့ တပည့်သစ်တွေ လက်ခံတာလည်း လိုအပ်ပါတယ်လေ...”
ယဲ့ဖုန်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
သူ လမ်းလျှောက်ရင်း ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော တပည့် အမှတ်စာရင်း ကို မြင်လိုက်ရ၏။
“ဒါပဲ...”
“အခု တပည့်တွေ များလာတော့ တာဝန်တွေကို ညီညီမျှမျှ ခွဲဝေပေးဖို့ ခက်လာပြီ... ပြီးတော့ လနီနတ်ဆိုး တွေကလည်း အထိန်းအချုပ် ကင်းမဲ့ပြီး သောင်းကျန်းနေတော့... လနီနတ်ဆိုး တွေကို သတ်ဖို့ တပည့် အမှတ်စာရင်း မှာ တာဝန်တွေ ထပ်ထုတ်ပေးလို့ ရတာပဲ...”
ထိုသို့ တွေးမိသည်နှင့် ယဲ့ဖုန်း ချက်ချင်း လုပ်ဆောင်လိုက်သည်။
သူက တပည့် အမှတ်စာရင်း နှင့် ဆက်သွယ်ကာ သူ၏ တာဝန် လိုအပ်ချက်များကို ပေးပို့လိုက်၏။
"ဝုန်း"
အမှတ်စာရင်း ခန်းမဆောင် တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။
မျက်နှာပြင်ပေါ်တွင် စာသားအသစ်များ ထွက်ပေါ်လာရာ အနီးအနားရှိ တပည့်များ အားလုံး မြင်တွေ့လိုက်ရ၏။
“အမြဲတမ်း တာဝန်သစ် ထပ်တိုးပါပြီ...”
“နတ်ဆိုးစစ်သည် အဆင့်ရှိ လနီနတ်ဆိုး ကို သတ်ဖြတ်ပါက အမှတ် (၁) မှတ် ရရှိမည်...”
“နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိ လနီနတ်ဆိုး ကို သတ်ဖြတ်ပါက အမှတ် (၃) မှတ်မှ (၁၀) မှတ်အထိ ရရှိမည်...”
“နတ်ဆိုးဘုရင် အဆင့်ရှိ လနီနတ်ဆိုး ကို သတ်ဖြတ်ပါက အမှတ် (၅၀) မှ (၁၀၀) အထိ ရရှိမည်...”
“သတ်ဖြတ်ရန်...”
တပည့်များသည် တပည့် အမှတ်စာရင်း ပေါ်ရှိ တာဝန်သစ်များကို ဖတ်ကြည့်ပြီး အားလုံး စိတ်ဝင်စားသွားကြ၏။
“ဒါ အရမ်း မိုက်တာပဲ...”
“အခု လနီနတ်ဆိုး တွေကို သတ်ရင်လည်း အမှတ်တွေ အများကြီး ရနိုင်ပြီ... အစ်ကိုတို့ရေ... အဖွဲ့ဖွဲ့ပြီး လနီနတ်ဆိုး တွေကို အမဲလိုက် ထွက်ကြရအောင်...”
တပည့်များ အားလုံး စိတ်အားထက်သန် နေကြတော့သည်။
မကြာမီပင် တပည့် အများအပြားသည် ဝိညာဉ်စုစည်း မျှော်စင် (သို့မဟုတ်) ကျင့်ကြံခြင်း မျှော်စင် မှ ထွက်ခွာလာကြပြီး လနီနတ်ဆိုး များကို သတ်ဖြတ်ရန် အုပ်စုဖွဲ့ ထွက်ခွာသွားကြ၏။
ယဲ့ဖုန်း ဝိညာဉ်ရေကန် ဘေးတွင် ရပ်နေ၏။
“တပည့်တွေက အမှတ်ရဖို့ လနီနတ်ဆိုး တွေကို ကြိုးကြိုးစားစား သတ်နေကြတယ်... ဒါပေမဲ့ ထိပ်ဆုံး (၁၀၀၀) ပဲ ကျင့်ကြံခြင်း စွမ်းအင် ရမှာဆိုတော့... ဒါ သိပ်မဟန်ဘူး...”
“အမှတ်တွေကို ကျင့်ကြံခြင်း စွမ်းအင် နဲ့ လဲလှယ်လို့ရရင် ပိုကောင်းမယ်... ဥပမာ အဆင့် (၁၀၀၀) နောက်ပိုင်းက တပည့်တွေမှာလည်း အမှတ်တွေ အများကြီး ရှိတယ်လေ... အဲဒါတွေကို အသုံးမချရင် နှမြောစရာ ကြီး...”
ယဲ့ဖုန်း အလျင်စလို ကုန်းချင်းချိုး ကို သွားရှာလိုက်သည်။
ဤလိုအပ်ချက်ကို သိရှိပြီးနောက် ကုန်းချင်းချိုး ၏ မျက်လုံးများ အရောင်လက်သွားပြီး အကြံပြုလိုက်၏။
“ဂိုဏ်းချုပ်... ဂိုဏ်းသားတွေ ပိုလျှံနေတဲ့ အမှတ်တွေကို ကောင်းကင်နဲ့ မြေကြီး ရတနာတွေ၊ လျှို့ဝှက်နယ်မြေတွေထဲ ဝင်ခွင့်တွေ၊ ကျင့်စဉ်တွေ၊ ဂါထာမန္တန်တွေ စတာတွေနဲ့ လဲလှယ်နိုင်မယ့် အမှတ်စာရင်း ခန်းမဆောင် တစ်ခု တည်ဆောက်ဖို့ ကျွန်မ အကြံပြုချင်ပါတယ် ရှင်...”
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းက လက်ခုပ်တီးလိုက်သည်။
“အရမ်းကောင်းတယ်... ဒီကိစ္စကို ခင်ဗျားကို တာဝန်ပေးလိုက်ပြီ...”
“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်...”
“ဒါ့အပြင် ကျွန်တော်တို့ဂိုဏ်းက ကြယ်လေးပွင့် အဆင့် ကို တက်ဖို့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်... လက်အောက်ခံ မြို့တော် ဖြစ်တဲ့ ရေပေါ်ဖြူမြို့တော် ဟာလည်း ကြယ်သုံးပွင့် အဆင့် အင်အားစု ဖြစ်ဖို့ လိုအပ်ချက်တွေ ပြည့်မီအောင် လူဦးရေ သန်း (၁၀၀) ပြည့်ဖို့ အမြန်ဆုံး ကြိုးစားရမယ်...”
“ဂိုဏ်းချုပ်ရှင်... ကြယ်သုံးပွင့် မြို့တော် အတွက် စည်းမျဉ်းသစ်တွေ ထွက်လာပါတယ်... လူဦးရေ သန်း (၁၀၀) ရှိဖို့ မလိုတော့ပါဘူး... ကျင့်ကြံသူ အချိုးအစားက တစ်ရာခိုင်နှုန်း ပြည့်ပြီး စုစုပေါင်း လူဦးရေ သန်း (၅၀) ကျော်ရင်လည်း ရပါတယ် ရှင်...”
“ဟုတ်လား...”
ယဲ့ဖုန်းက စည်းမျဉ်းများ ပြောင်းလဲသွားမည်ဟု မထင်ထားခဲ့ပေ။
တစ်ရာခိုင်နှုန်း အချိုးအစား ဆိုသည်မှာ လူဦးရေ သန်း (၅၀) တွင် အနည်းဆုံး ကျင့်ကြံသူ ငါးသိန်း ရှိရမည်ပင်။
“ရှေ့လျှောက် အရေအတွက်ရော အရည်အသွေးကိုပါ အာရုံစိုက်ရတော့မယ့် ပုံပဲ...”
ယဲ့ဖုန်းက လက်မှိုင်ချရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ကုန်းချင်းချိုး က ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်ပါတယ် ဂိုဏ်းချုပ်...”
“ဟုတ်ကဲ့... သွားပြီး အလုပ်လုပ်ပါတော့...”
“ဟုတ်ကဲ့ပါရှင်...”
ယဲ့ဖုန်း၏ အမိန့်ကို ရရှိပြီးနောက် ကုန်းချင်းချိုး သည် အမှတ်စာရင်း ခန်းမဆောင် တည်ထောင်ရန် အကြီးအကဲများ အစည်းအဝေးကို ချက်ချင်း ခေါ်ယူခဲ့ပြီး၊ ရေပေါ်ဖြူမြို့တော် သို့ သွားရောက်ကာ ဒုတိယ မြို့စား နှင့် ကြယ်သုံးပွင့် အင်အားစု အဆင့်သို့ တက်လှမ်းရန် အလားအလာများကို ဆွေးနွေးခဲ့၏။
*
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီ လဝက်ခန့် ကြာသွားလေပြီ။
ယဲ့ဖုန်းသည် ပက်လက် ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း နေ့စဉ် မနောအလိုကျ ဆုတောင်းမှ ရရှိသော ရေခဲမုန့်ကို စားကာ ကောင်းကင်ယံရှိ ပြောင်းလဲနေသော တိမ်တိုက် ပုံသဏ္ဌာန်များကို အေးအေးဆေးဆေး ငေးကြည့်နေ၏။
“တကယ့်ကို အေးချမ်းတဲ့ အချိန်လေးပဲ... ဟင်...”
သူ့စကား မဆုံးသေးခင်မှာပင် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
"ဝှစ်"
ယဲ့ဖုန်း လေထဲတွင် ပျောက်ကွယ်သွားပြီး ဝိညာဉ်တည်ငြိမ် နယ်မြေ ရှိ အဆင့်ကိုးဆင့် တိုက်ပွဲနယ်မြေ၊ ဝိညာဉ်မူလ နယ်မြေ သို့ သွားသော ရှေးဟောင်း နေရာရွှေ့ပြောင်း တံခါး ၏ အနောက်တွင် ပြန်လည် ပေါ်လာ၏။
အထက် ကောင်းကင်ယံတွင် ထက်ရှသော စွမ်းအားတစ်ခုက နယ်မြေကို ဆက်တိုက် ရိုက်ခတ်နေသည်။
"ဝုန်း"
"ဝုန်း"
"ဝုန်း"
ကောင်းကင်မှ ဆင်းသက်လာသော ကျယ်လောင်စူးရှသည့် ပေါက်ကွဲသံကြီးများကြောင့် ဝိညာဉ်တည်ငြိမ် နယ်မြေ မှ ဌာနေ သတ္တဝါများအားလုံး ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။
ယဲ့ဖုန်းသည် ရေခဲမုန့်ကို ကိုက်စားလိုက်ပြီး စက္ကန့်အနည်းငယ် အတွင်း မျိုချလိုက်၏။ သူ၏ မျက်လုံးများကို ပြူးကျယ်ကာ ကောင်းကင်ယံ အကာအကွယ် အပြင်ဘက်ကို သေချာ ကြည့်လိုက်သောအခါ ဆယ်မီတာခန့် အရပ်မြင့်သော သုံးမျက်လုံး သန်မာသော လူကြီး တစ်ဦးကို မြင်လိုက်ရသည်။
အရာရာကို ပုံဖော်နိုင်သော မျက်လုံး တိတ်တဆိတ် ပွင့်လာ၏။
[အမည်: အိုးလီ]
[အဆင့်: သုံးမျက်လုံး တပိုင်းသူတော်စင်]
[အဆင့်အတန်း: မြို့ကိုးမြို့ ကြယ်တိမ်တိုက် မှ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ခေါင်းဆောင်၊ 'သုံးမျက်လုံး တပိုင်းသူတော်စင်' ဟူသော ဘွဲ့ကို ပိုင်ဆိုင်သူ]
ဤသူ၏ အချက်အလက်များကို ကြည့်ရှုပြီးနောက် ယဲ့ဖုန်း ပြုံးလိုက်သည်။
‘သေချင်လို့ လာတာလား...’
လက်ရှိတွင် သူ၏ နတ်ဘုရား အာရုံ စွမ်းအား၊ ယုံကြည်မှု စွမ်းအား၊ နေမင်း စွမ်းအား၊ သတ်ဖြတ်ခြင်း အရှိန်အဝါ နှင့် ရှေးဟောင်း သူရဲကောင်း ဝိညာဉ် စွမ်းအား များကို အသုံးမပြုနိုင်သေးသော်လည်း၊ ဤစွမ်းအင် (၅) မျိုး အားဖြည့်ထားသော သူတော်စင် ဧကရာဇ် ဓား ကို ကျောတွင် လွယ်ထားဆဲ ဖြစ်သည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် သူတော်စင် အဆင့် ရှိသူများကိုပင် ရှောင်ဖယ်သွားစေနိုင်သည်။
‘ဒီက သုံးမျက်လုံး တပိုင်းသူတော်စင် လေးက စွမ်းအင်လာပို့တာလား…’
ယဲ့ဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
“ဝီ..”
ထိုစဉ် သုံးမျက်လုံး တပိုင်းသူတော်စင် အိုလီ သည် သူ၏ စွမ်းအား အပြည့်ဖြင့် တိုက်ခိုက်လိုက်ရာ နောက်ဆုံးတွင် ဝိညာဉ်တည်ငြိမ် နယ်မြေ ၏ ကောင်းကင် အကာအကွယ်ကို ဖောက်ထွင်းကာ ဝင်ရောက်လာတော့၏။
“ဟီး... ဟီး... ဟီး...”
“ဝိညာဉ်တည်ငြိမ် နယ်မြေ က ကောင်လေးတွေ... မင်းတို့ရဲ့ ကမ္ဘာပျက်မယ့်နေ့ ရောက်လာပြီကွ..ဟီးဟီးဟီး...”
သုံးမျက်လုံး တပိုင်းသူတော်စင် အိုလီ ရက်စက်စွာ ရယ်လိုက်၏။
သူ၏ ခန္ဓာကိုယ်မှ သုံးမျက်လုံး တပိုင်းသူတော်စင် ၏ ထက်ရှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာရာ၊ လက်ရှိ အခြေအနေတွင် ဟူဖေးဖေး ပင်လျှင် စတုတ္ထ တိုက်ပွဲ ပုံစံ ကို အသုံးမပြုပါက သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
“ငါ့ မျိုးနွယ်စုဝင်တွေကို ဘယ်သူ သတ်တာလဲ... ထွက်ခဲ့စမ်း... သေဖို့ ပြင်ထားလိုက်တော့...”
သုံးမျက်လုံး တပိုင်းသူတော်စင် သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများက ချက်ချင်းပင် ဝိညာဉ်တည်ငြိမ် နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွား၏။
သတ္တဝါ အားလုံး မြေပြင်ပေါ်တွင် ဝပ်စင်းကာ ကြောက်လန့်တကြား တုန်ယင်နေကြတော့သည်။
--