အခန်း ၇၂၃
Vol. 49 Ch. 723
အခန်း (၇၂၃) နဂါးငွေ့တန်းကြယ်စုကို ထက်ပိုင်းခွဲလိုက်သော ဓားတစ်လက်၊ ဟင်းလင်းပြင် ကျင့်စဉ် ဒုတိယတွဲ
“ပြီးသွားပြီကွ...”
“ကမ္ဘာပျက်မယ့်နေ့ ရောက်လာပြီဟေ့...”
“ဘိုးဘေးသစ်ပင်ကြီး... ကျေးဇူးပြုပြီး အမြန် ကိုယ်ထင်ပြပြီး.. ကလေးတွေကို ကယ်တင်လှည့်ပါ...”
ဝိညာဉ်တည်ငြိမ် နယ်မြေ အတွင်းရှိ သတ္တဝါအပေါင်းမှာ ထိတ်လန့်တကြား တုန်ယင်နေကြ၏။
သူတို့ နှုတ်ဖျားမှ တသသ ခေါ်ဆိုနေသော ဘိုးဘေးသစ်ပင်ကြီး ဆိုသည်မှာ ယဲ့ဖုန်း မြှူဆွယ်ခေါ်ဆောင်သွားသော ဝိညာဉ်စုစည်း မျိုးဆက် သစ်ပင်ကြီး ပင် ဖြစ်၏။ သို့သော် ဝိညာဉ်စုစည်း မျိုးဆက် သစ်ပင်ကြီး ကိုယ်တိုင် ကိုယ်ထင်ပြလာလျှင်ပင် အဆင့် (၃) တပိုင်းသူတော်စင် ကို ယှဉ်နိုင်မည် မဟုတ်ချေ။
အိုလီသည် ဝိညာဉ်စုစည်း မျိုးဆက် သစ်ပင်ကြီး ကို အသက်တစ်ချက် ရှူလိုက်ရုံဖြင့် ကြိတ်ခြေဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
“ဘိုးဘေးသစ်ပင်ကြီး ဟုတ်လား...”
သုံးမျက်လုံး တပိုင်းသူတော်စင် သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ ဝိညာဉ်စုစည်း မျိုးဆက် သစ်ပင်ကြီး ပျောက်ကွယ်နေသည်ကို သတိပြုမိသွားရာ ချက်ချင်းပင် ဒေါသသူပုန် ထသွားတော့သည်။
“အဲ့ဒီ ဘိုးဘေးသစ်ပင် ဘယ်ထွက်ပြေးသွားတာလဲ ပြောစမ်း...”
သူသည် လက်ကို ဆန့်ထုတ်လိုက်သည်။ လူယောင်ဖန်ဆင်းထားသော မူလနတ်ဘုရားအဆင့် သစ်ပင်လူသား တစ်ဦး၏ လည်ပင်းကို ဆွဲညှစ်လိုက်၏။ ရက်စက်ကြမ်းကြုတ်စွာ မေးခွန်းထုတ်လိုက်၏။
“ကျွန်... ကျွန်တော် မသိပါဘူး ခင်ဗျာ...”
သစ်ပင်လူသားမှာ အထိတ်တလန့် ခေါင်းကို ဆက်တိုက် ရမ်းပြနေ၏။
“မသိဘူး ဟုတ်လား... ဒါဆိုလည်း သေလိုက်တော့ကွာ...”
သုံးမျက်လုံး တပိုင်းသူတော်စင် အားယူလိုက်သည်။ ရုတ်တရက် သူ့ဦးရေပြားတစ်ခုလုံး ကျင်တက်သွား၏။ နောက်တစ်စက္ကန့်တွင် တောက်ပလွန်းသော ဓားအလင်းတန်း တစ်ချက် ဖြတ်ပြေးသွားသည်။ သူ၏ လက်မောင်းကြီး ပြတ်ကျသွား၏။
မူလနတ်ဘုရားအဆင့် သစ်ပင်လူသားမှာ လွတ်မြောက်သွားပြီး အမြန် ထွက်ပြေးသွားတော့သည်။
တစ်ချိန်တည်းမှာပင်။
သုံးမျက်လုံး တပိုင်းသူတော်စင် သည် ပြတ်ကျသွားသော သူ၏ လက်မောင်းကြီးကို မှင်သက်စွာ ငေးကြည့်နေမိသည်။ ပြတ်ရှရာမှာ မှန်တစ်ချပ်လို ချောမွေ့နေ၏။ သွေးတစ်စက်မျှပင် ပန်းထွက်မလာချေ။
ဆိုလိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ဒဏ်ရာကို ပိတ်ဆို့ထားခြင်းပင် ဖြစ်၏။
“ဘယ်သူလဲ ထွက်ခဲ့စမ်း...”
သုံးမျက်လုံး တပိုင်းသူတော်စင် သည် ပြတ်ကျသွားသော လက်မောင်းကိုဖြစ်စေ၊ ထွက်ပြေးသွားသော သစ်ပင်လူသားကိုဖြစ်စေ ဂရုမစိုက်နိုင်တော့ချေ။ ထိုအစား ပတ်ဝန်းကျင်ကို ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အလျင်အမြန် ဝေ့ကြည့်လိုက်သည်။
“ငါပဲ...”
ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ယဲ့ဖုန်း ထွက်ပေါ်လာ၏။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလိုက်သည်။
“မင်း... မင်းက ဘယ်သူလဲ...”
သုံးမျက်လုံး တပိုင်းသူတော်စင် က ယဲ့ဖုန်းကို အကဲခတ်လိုက်သည်။ ခေတ္တအကြာတွင် သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။
“မင်းပဲ... ငါ့ မျိုးနွယ်စုဝင်တွေကို သတ်ပြီး ဝိညာဉ်စုစည်း မျိုးဆက် သစ်ပင်ကြီး ကို ယူသွားတဲ့ကောင် မဟုတ်လား...”
“ဟုတ်တယ်... ငါပဲ...”
ယဲ့ဖုန်းက ရင်ဘတ်ပေါ် လက်ပိုက်လိုက်၏။ ပြုံးစိစိ မျက်နှာထားဖြင့် ကြည့်နေသည်။
သူ၏ လက်မောင်းကို ပြတ်ကျသွားစေခဲ့သော ကြောက်မက်ဖွယ် ဓားချီကို ပြန်တွေးမိပြီး သုံးမျက်လုံး တပိုင်းသူတော်စင် တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်မိသည်။ ယဲ့ဖုန်းကို စိုက်ကြည့်ရင်း အနိုင်ရနိုင်ခြေကို တွက်ချက်နေ၏။
'ဒီကောင် သေချာပေါက် ဓားကျင့်ကြံသူပဲ ဖြစ်ရမယ်...'
'အရင်တိုက်ပွဲတုန်းက သူက အဆင့် (၂) တပိုင်းသူတော်စင် အထွတ်အထိပ်မှာ ရှိနေပုံရတယ်... အခု အဆင့်တက်သွားရင်တောင် အလွန်ဆုံး ငါနဲ့ တစ်ပြေးညီပဲ ရှိမှာ... ဒါပေမဲ့ သူက ဓားကျင့်ကြံသူဆိုတော့ တိုက်ခိုက်ရေးစွမ်းအားက တော်တော် ကြောက်စရာ ကောင်းနေတယ်...'
'ဒါပေမဲ့...'
'ငါက သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ကွ...'
'ဟင်းလင်းပြင် မျက်လုံး ကို သုံးလိုက်ရင် ဒီကောင့်ကို ငါ့မျက်လုံးထဲက ကမ္ဘာငယ်လေးထဲ ချက်ချင်း ဆွဲသွင်းပစ်လို့ရတယ်... အဆင့် (၄) တပိုင်းသူတော်စင် တောင် လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး... ဟီးဟီးဟီး...'
'အခု လောလောဆယ် ဒီကောင့်ကို အရင် ငြိမ်သွားအောင် ချော့ထားရမယ်...'
'အခွင့်အရေး ရတာနဲ့ တစ်ချက်တည်း ဖမ်းချုပ်ပစ်မယ်...'
မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးမျက်လုံး တပိုင်းသူတော်စင် သည် ယဲ့ဖုန်းကို ကိုင်တွယ်ရန် နည်းလမ်း စဉ်းစားမိသွား၏။
“တာအို... တာအို ရောင်းရင်း...”
သုံးမျက်လုံး တပိုင်းသူတော်စင် သည် ကပျာကယာ တောင်းပန်သည့် မျက်နှာထားကို ပြောင်းလဲလိုက်၏။
“အထင်လွဲတာပါဗျာ... ခင်ဗျားက ဝိညာဉ်တည်ငြိမ် နယ်မြေ ရဲ့ နယ်မြေသခင်မှန်းသာ ကျွန်တော် သိခဲ့ရင် သေချာပေါက် ဒီလို ရူးကြောင်ကြောင် စကားမျိုး ပြောဝံ့မှာ မဟုတ်ပါဘူး...”
ထိုစကားကို ကြားသော်လည်း ယဲ့ဖုန်း၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်နေဆဲပင်။
ဂိုဏ်း၏ အန္တရာယ် သတိပေးစနစ်က သူ ခြိမ်းခြောက်ခံနေရကြောင်း အချက်ပြနေ၏။ ဆိုလိုသည်မှာ သုံးမျက်လုံး တပိုင်းသူတော်စင် သည် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
'ဒီကောင် စိတ်ထား ယုတ်မာလိုက်တာ...'
ယဲ့ဖုန်း တိတ်တဆိတ် တွေးလိုက်သည်။
သို့သော် ဂိုဏ်း၏ အန္တရာယ် သတိပေးစနစ် မရှိလျှင်တောင် သူ လုံးဝ ပေါ့ဆနေမည် မဟုတ်ချေ။
ခန္ဓာကိုယ် ကြီးမားပြီး ရိုးသားဟန် ပေါက်နေသော်လည်း သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး များသည် အမှန်တကယ်တော့ အလွန် ကောက်ကျစ်စဉ်းလဲသော မျိုးနွယ်စု ဖြစ်၏။
ယဲ့ဖုန်းသည် သူ၏ စိတ်ဝိညာဉ်ကို ကျောဘက်ရှိ သူတော်စင် ဧကရာဇ် ဓား ထံသို့ စီးဝင်သွားစေလိုက်၏။
အသန်မာဆုံး ဓားမှာ အချိန်မရွေး ခုတ်ပိုင်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
“ဟန်ဆောင်မနေနဲ့တော့...”
“မင်းက ငါ့ကို သတ်ချင်နေတာပဲလေ...”
“အခု မင်း ငါ့ကို သတိလွတ်သွားအောင် လုပ်ပြီး ဟင်းလင်းပြင် မျက်လုံး နဲ့ ဖမ်းချုပ်ဖို့ စဉ်းစားနေတာ မဟုတ်လား...”
“ဟက်...”
“ငါက မင်း အကြံကို မရိပ်မိဘူးလို့ ထင်နေတာလား...”
ယဲ့ဖုန်းက ခပ်ဟဟ ရယ်လိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ သုံးမျက်လုံး တပိုင်းသူတော်စင် သည် သူ၏ ရက်စက်ကြမ်းကြုတ်သော သရုပ်မှန်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်တော့သည်။
“ဟဲဟဲ... မင်း သိနေမှတော့လည်း သေလမ်းသာ ပြင်လိုက်တော့...”
သူ စွမ်းအား စုစည်းမှု ပြီးဆုံးသွားတော့၏။
သူ၏ တတိယမြောက် မျက်လုံးမှ ကြောက်မက်ဖွယ် လေဆင်နှာမောင်း တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ဧရိယာကို ချက်ချင်း လွှမ်းခြုံသွားပြီး ယဲ့ဖုန်းကို ဟင်းလင်းပြင် မျက်လုံး ထဲသို့ ဝါးမြိုရန် ကြိုးစားလိုက်တော့သည်။
"ချွင်"
ယဲ့ဖုန်း လုံးဝ တုံ့ဆိုင်းမနေချေ။
ကျောဘက်ရှိ သူတော်စင် ဧကရာဇ် ဓား ကို ဆွဲထုတ်လိုက်သည်။
သုံးမျက်လုံး တပိုင်းသူတော်စင် အပေါ်သို့ တစ်ချက်တည်း ခုတ်ချလိုက်၏။
"ဒုတ်"
တောက်ပလွန်းသော ဓားအလင်းတန်းကြီး ကျဆင်းလာသည်။ ဟင်းလင်းပြင် မျက်လုံး က ဖန်တီးထားသော မုန်တိုင်း ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်၏။ သုံးမျက်လုံး တပိုင်းသူတော်စင် ကို ထက်ပိုင်းခွဲလိုက်သည်။ ကောင်းကင်ယံ အကာအကွယ်ကို ဖောက်ထွက်သွားသည်။ ကြယ်တာရာ ကောင်းကင် အနက်ရှိုင်းဆုံးဆီသို့ တဟုန်ထိုး ပျံသန်းသွား၏။
ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် မည်သူမျှ တားဆီးနိုင်စွမ်း မရှိချေ။
“ဒုက္ခပဲ...”
မြို့ကိုးမြို့ ကြယ်တိမ်တိုက် ၏ အလယ်ဗဟိုတွင် ရှိနေသော ကြယ်မြစ် တပိုင်းသူတော်စင် သည် နီးကပ်လာသော အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် ကပျာကယာ ပျံသန်းထွက်လာ၏။ ရောက်ရှိလာသော ဓားချီကို အဝေးမှ လှမ်းကြည့်လိုက်သောအခါ ကြယ်တာရာ ဟင်းလင်းပြင် တစ်ခုလုံး ထိုဓားချက်အောက်တွင် ထက်ပိုင်း ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
“ပြီးသွားပြီ...”
ကြယ်မြစ် တပိုင်းသူတော်စင် သည် သူ၏ အစွမ်းထက်ဆုံး နတ်ဘုရား စွမ်းရည်များကို အလျင်အမြန် ထုတ်ဖော်လိုက်၏။ ဓားချီ ဖြတ်သန်းသွားမည့် လမ်းကြောင်းပေါ်ရှိ သက်ရှိကြယ်ကို အတင်းအဓမ္မ ရွှေ့ပြောင်းလိုက်သည်။ သို့မှသာ ထိုအပေါ်ရှိ မရေမတွက်နိုင်သော သက်ရှိများ သေဆုံးခြင်းမှ ကာကွယ်နိုင်မည်ပင်။
မကြာမီ ဓားချီသည် မြို့ကိုးမြို့ ကြယ်တိမ်တိုက် ကို ဝင်တိုက်သွားတော့၏။
အထက်စီးမှ စီးမိုးကြည့်မည် ဆိုလျှင် ကြယ်တိမ်တိုက် တစ်ခုလုံး ထက်ပိုင်း ပြတ်သွား၏။ မရေမတွက်နိုင်သော ကြယ်များစွာမှာ ဓားအလင်းတန်း၏ လွှမ်းခြုံမှုကို ခံရပြီး တစ်ခဏချင်းမှာပင် မြေမှုန့်အဖြစ် ပြိုကွဲ ကြေမွသွားကြ၏။
အချိန် အနည်းငယ် ကြာပြီးနောက်..
မြို့ကိုးမြို့ ကြယ်တိမ်တိုက် သည် ဤဓားချက်ကြောင့် ထက်ပိုင်း ကွဲသွားပြီး အလယ်ဗဟိုတွင် မိုင်တစ်သန်းခန့် ကျယ်ဝန်းသော အပျက်အစီးနယ်မြေကြီး ဖွဲ့တည်လာ၏။
အဝေးမှ ကြည့်လျှင် ကျယ်ပြောလှသော တိမ်လွှာကြီး တစ်ခုကို မျဉ်းပါးပါးလေး တစ်ကြောင်းက အလယ်မှ ခွဲခြမ်းလိုက်သကဲ့သို့ ထင်မှတ်ရသည်။ ကာလရှည်ကြာသည်အထိ ပိတ်မသွားနိုင်သည့် ကြောက်မက်ဖွယ် အက်ကွဲကြောင်းကြီး ပေါ်လာပြီး၊ လမ်းတစ်လျှောက်တွင် စူးရှထက်မြက်လှသော ဓားဆန္ဒ များ ထွက်ပေါ်နေဆဲပင်။
'ငါ... ငါက ဘယ်လိုလုပ်ပြီး ဒီလိုဟာမျိုးကို သွားဆွမိရတာလဲ...'
ကြယ်မြစ် တပိုင်းသူတော်စင် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ ပါးစပ်မှာ ရူးသွပ်မတတ် တဆတ်ဆတ် တုန်ယင်နေ၏။
အကောင်းပကတိ ရှိနေသော မြို့ကိုးမြို့ ကြယ်တိမ်တိုက် မှာ ကြောက်မက်ဖွယ် ဓားချီ တစ်ခုကြောင့် အကြောင်းပြချက် မရှိဘဲ ထက်ပိုင်း ခွဲခံလိုက်ရသည်။ လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။
ထို့အပြင် ဤဓားချက်ကို ထုတ်လွှတ်လိုက်သူမှာ အလွန် ကြောက်စရာ ကောင်းလှသည်။ အနည်းဆုံး ခန့်မှန်းရလျှင်ပင် အဆင့် (၄) တပိုင်းသူတော်စင် ဖြစ်ရမည်။ သူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် အဆင့်မျိုး မဟုတ်ချေ။
“ထားလိုက်တော့... ကိစ္စမရှိပါဘူးလေ...”
ကြယ်မြစ် တပိုင်းသူတော်စင် သည် တုန်ယင်လျက် မြို့ကိုးမြို့ ကြယ်တိမ်တိုက် ၏ အလယ်ဗဟိုသို့ ဆုတ်ခွာသွား၏။ သူ၏ ကိုယ်ပိုင် အိမ်တော်ထဲတွင် ပုန်းအောင်းကာ တံခါးပိတ် ကျင့်ကြံနေတော့သည်။
ဝိညာဉ်တည်ငြိမ် နယ်မြေ တွင်..
ယဲ့ဖုန်း ဓားကို အိမ်ပြန်သွင်းလိုက်သည်။
သူ လက်ဆန့်ထုတ်လိုက်၏။ ထက်ပိုင်းပြတ်သွားသော သုံးမျက်လုံး တပိုင်းသူတော်စင် ၏ အလောင်းကို စနစ် ဟင်းလင်းပြင် ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ကြယ်သုံးပွင့် အဆင့်လွန် ဝိညာဉ်ရတနာ ဖြစ်သော ဟင်းလင်းပြင် မျက်လုံး ကို ဆုပ်ကိုင်လိုက်၏။
၎င်းမှာ ထက်ပိုင်း ပြတ်သွားသော်လည်း၊ အတွင်း၌ ကြီးမားလှသော ဟင်းလင်းပြင် စွမ်းအား များ ကိန်းအောင်းနေဆဲ ဖြစ်သည်။
“တီ.. ကောင်းကင်ဧကရာဇ် အဆင့် ဟင်းလင်းပြင် စွမ်းအား (၁၀၀၀) ကို ရရှိပါတယ်...”
စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။
ခေတ္တအကြာတွင် ဟင်းလင်းပြင် မျက်လုံး မှာ မြေမှုန့်အဖြစ် ကြေမွသွားပြီး၊ အတွင်းရှိ ဟင်းလင်းပြင် စွမ်းအား အားလုံးကို ယဲ့ဖုန်းက စုပ်ယူလိုက်သည်။
“ကောင်းကင်ဧကရာဇ် အဆင့် ဟင်းလင်းပြင် စွမ်းအား (၁၀၀၀) မှတ်ကို အသုံးပြုပြီး ‘ဟင်းလင်းပြင် ကျင့်စဉ်’ ဒုတိယတွဲနဲ့ လဲလှယ်မလား...”
“လဲလှယ်မယ်...”
ယဲ့ဖုန်း လုံးဝ တုံ့ဆိုင်းမနေချေ။
“တီ.. ကောင်းကင်ဧကရာဇ် အဆင့် ဟင်းလင်းပြင် စွမ်းအား (၁၀၀၀) ကို အသုံးပြု၍ ‘ဟင်းလင်းပြင် ကျင့်စဉ်’ ဒုတိယတွဲကို အောင်မြင်စွာ လဲလှယ်ပြီးပါပြီ... ဂိုဏ်းချုပ်ကြီး ပြိုင်ဘက်ကင်း သန်မာစွမ်းဆောင်နိုင်ပါစေ၊ ဇနီး မယားငယ် အများအပြား ပိုင်ဆိုင်နိုင်ပါစေ၊ နေ့စဉ်နေ့တိုင်း ကျားတစ်ကောင်လို ခွန်အားတွေ အပြည့်ရှိပါစေ...”
ပေါက်ကရ အသိပေးသံကြီး ထွက်ပေါ်လာ၏။
နောက်တစ်စက္ကန့်တွင်..
အဖြူရောင် ရှေးဟောင်း စာအုပ် တစ်အုပ် ယဲ့ဖုန်း၏ လက်ဝါးပေါ်တွင် ပေါ်လာ၏။ အတွင်း၌ မည်သည့် စာသားမျှ မပါရှိသော်လည်း ကြီးမားလှသော အချက်အလက်များ ပါဝင်နေသည်။
“ငါ ဒီမှာပဲ ကျင့်ကြံလိုက်မယ်...”
ယဲ့ဖုန်း လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ သူတော်စင် ဧကရာဇ် ဓား မှာ အလိုအလျောက် ကျွတ်ထွက်လာပြီး သူ၏ ဦးခေါင်းအထက်တွင် လှည့်ပတ်ကာ အစောင့်အရှောက် ပေးနေ၏။
လျိုဖုန်း နှင့် ရှီချင်း တို့ ရောက်မလာကြချေ။
သူတို့ နှစ်ဦးစလုံး ဂိုဏ်းကို စောင့်ကြပ်နေကြသည်။
ယဲ့ဖုန်း၏ အသိစိတ်သည် "ဟင်းလင်းပြင် ကျင့်စဉ်" ဒုတိယတွဲ၏ ကမ္ဘာထဲသို့ ဝင်ရောက်သွားသောအခါ ပတ်ဝန်းကျင် တစ်ခုလုံး အဖြူရောင် ပြောင်းသွား၏။ မရေမတွက်နိုင်သော ရှေးဟောင်း သန့်စင်သည့် သတ္တဝါများ၏ အသက်ရှူသံများ ပြည့်နှက်နေသည်။
ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်ရုံဖြင့် ကြီးမားလှသော အချက်အလက်များကို သူ ရရှိနိုင်သည်။
ယဲ့ဖုန်း ဆက်တိုက် ပေါင်းစပ် စုပ်ယူနေရာ သူ၏ ဟင်းလင်းပြင် စွမ်းအား များ တဟုန်ထိုး မြင့်တက်လာ၏။
တစ်ကြောင်း... နှစ်ကြောင်း... ဆယ်ကြောင်း...
ဟင်းလင်းပြင် စွမ်းအား မြင့်တက်လာမှုက ယဲ့ဖုန်း၏ ဟင်းလင်းပြင် ထိန်းချုပ်နိုင်စွမ်းကို အကြီးအကျယ် တိုးတက်စေခဲ့သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်ပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများ၏ ဖြတ်တောက်နိုင်သော စွမ်းအားကို အသုံးပြု၍ ကြောက်မက်ဖွယ် ရန်သူများကို သတ်ဖြတ်နိုင်တော့၏။
ရက်အနည်းငယ် ကြာပြီးနောက်..
ယဲ့ဖုန်း ရှေ့ရှိ "ဟင်းလင်းပြင် ကျင့်စဉ်" ဒုတိယတွဲ မှာ ပြိုကျသွားပြီး မရေမတွက်နိုင်သော အဖြူရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ သူ၏ မျက်ခုံးကြားရှိ ဟင်းလင်းပြင် အဆောင် ထဲသို့ ပေါင်းစပ်သွားတော့သည်။
“နောက်ဆုံးတော့ ကျွမ်းကျင်သွားပြီပဲ...”
သူ မတ်တတ်ရပ်လိုက်သည်။ သူတော်စင် ဧကရာဇ် ဓား မှာ အလိုအလျောက် ဓားအိမ်ထဲ ပြန်ဝင်သွား၏။
“ထူးဆန်းတယ်... ဝိညာဉ်တည်ငြိမ် နယ်မြေ မှာ လနီနတ်ဆိုး တွေရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး... ရှန်ကျိုး တိုက်ကြီး နဲ့ မသက်ဆိုင်လို့ အဆတစ်ရာ လနီ ရဲ့ လွှမ်းမိုးမှုကို မခံရတာများလား...”
ယဲ့ဖုန်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ယုတ္တိတော့ ရှိသည်။
နတ်ဘုရား မျိုးနွယ်စု၏ မြင့်မြတ်သော အရှင် က အစွမ်းထက်ပြီး အဆတစ်ရာ လနီ ရဲ့ လွှမ်းခြုံနိုင်စွမ်းက ကျယ်ပြန့်လှသော်လည်း၊ အလွန်ဆုံး ရှန်ကျိုး တိုက်ကြီး ကမ္ဘာ တစ်ခုလုံးကိုသာ လွှမ်းခြုံနိုင်စွမ်း ရှိသည်။
ကြယ်တာရာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံး အပိုင်းများမှာမူ သက်ရောက်မှု မရှိချေ။
ဘာပဲဖြစ်ဖြစ်၊ ထိုနှစ်ခုလုံးက တစ်တည်းသော ကမ္ဘာတစ်ခုတည်း မဟုတ်တော့ပေ။
'သုံးမျက်လုံး တပိုင်းသူတော်စင် က အဆင့် (၃) တပိုင်းသူတော်စင် အဖြစ် တက်လှမ်းသွားတယ်... သူ ကပ်ဘေးကို ဖြတ်ကျော်တုန်းက ငါ ဘာမှ အာရုံမခံမိဘူး... ရှန်ကျိုး တိုက်ကြီး ရဲ့ ကုန်းတွင်းပိုင်း နယ်နိမိတ် အပြင်ဘက်ကိုလည်း ငါ အာရုံမခံနိုင်ဘူး... ဒါက ကြယ်တာရာ ဟင်းလင်းပြင်ဟာ ရှန်ကျိုး တိုက်ကြီး နဲ့ မသက်ဆိုင်ဘူး ဆိုတာကို ပြဖို့ လုံလောက်နေပြီ...'
ယဲ့ဖုန်း တိတ်တဆိတ် တွေးတောလိုက်၏။
--