← Chapters

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း (၇၂၆) ယင်ယန် သဟဇာတ ကို အဆင့်မြှင့်တင်ခြင်း၊ အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု ကို ပုံဖော်ခြင်း

“တကယ့်ကို အံ့မခန်း ‘ယင်ယန် သဟဇာတ’ ပါလား...”

ယဲ့ဖုန်းက တအံ့တဩ ထုတ်ဖော်..ချီးကျူးလိုက်၏။

ကျောက်တောင်ပေါ်ရှိ စာသားများကို လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ချန်ရစ်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိမြင်နိုင်ပြီး၊ ထိုအချိန်က ပေဟယ် ဧကရာဇ် သည် အဆင့် (၂) တပိုင်းသူတော်စင် သို့ပင် ရောက်ရှိနေပြီ ဖြစ်ကာ သူ၏ ခွန်အားမှာ ကြီးမားလှသည်။

ထို့ကြောင့် 'ယင်ယန် သဟဇာတ' သည် 'ကောင်းကင်သို့ ခြေလှမ်း ခုနစ်လှမ်း' ထက် များစွာ သာလွန်သည်။

ဤနတ်ဘုရား စွမ်းရည်မှာ ဆန့်ကျင်ဘက် စွမ်းအား နှစ်ခုကို ပေါင်းစပ်ကာ ဆယ်ဆမှ အဆတစ်ရာ အထိ ပို၍ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ထုတ်လွှတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

“ဒါပေမဲ့ 'ယင်ယန် သဟဇာတ' က လုံလောက်အောင် မသန်မာသေးဘူး...”

ယဲ့ဖုန်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။

စွမ်းအား အားဖြင့် ကြည့်မည်ဆိုလျှင် 'ယင်ယန် သဟဇာတ' သည် သူတော်စင် ဧကရာဇ် ဓား ကို မီရန် အလှမ်းဝေးနေဆဲပင်။

“ဒီနတ်ဘုရား စွမ်းရည်ကို အခြေခံပြီး ငါ ပိုသန်မာတဲ့ နတ်ဘုရား စွမ်းရည် တစ်ခုကို ဖန်တီးနိုင်တယ်... ဆန့်ကျင်ဘက် မူလစွမ်းအား နှစ်ခုကို ပေါင်းစပ်ပြီး ယုံနိုင်စရာ မရှိလောက်အောင် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်မယ်...”

“ဆန့်ကျင်ဘက် မူလစွမ်းအား နှစ်ခု ဟုတ်လား... အချိန် နဲ့ ဟင်းလင်းပြင်...”

ယဲ့ဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

တိတိကျကျ ပြောရလျှင် အချိန်နှင့် ဟင်းလင်းပြင်သည် ဆန့်ကျင်ဘက် စွမ်းအားများ မဟုတ်ချေ။ ယင် နှင့် ယန် သာလျှင် ဆန့်ကျင်ဘက် ဖြစ်၏။

သို့သော် ဆန့်ကျင်ဘက် စွမ်းအားများ ဖြစ်ရန် မလိုအပ်ပေ။ အချင်းချင်း အထောက်အကူပြုသော စွမ်းအားများ ဆိုလျှင်လည်း အလုပ်ဖြစ်နိုင်သည်။

ထို့ကြောင့်၊

ယဲ့ဖုန်း နှင်းမုန်တိုင်း ထဲတွင် တင်ပျဉ်ခွေ ထိုင်ချကာ စတင် ဆင်ခြင် သုံးသပ်တော့သည်။

"ဝှစ်"

နှင်းမုန်တိုင်းကြီး တိုက်ခတ်လာပြီး သူ့အပေါ်သို့ နှင်းများ ဖုံးလွှမ်းသွား၏။

မကြာမီ၊

သူသည် နှင်းလူရုပ် တစ်ရုပ် ဖြစ်သွားပြီး ကျယ်ပြောလှသော ဤအဖြူရောင် လောကကြီးထဲတွင် နစ်မြုပ်သွားကာ မမြင်ရတော့ချေ။

တစ်ရက်၊ နှစ်ရက်...

အချိန်များ ကုန်လွန်သွား၏။

ယခု ပေဟယ် ကြယ် တွင် ဆောင်းရာသီ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အစွန်ဆုံး မြောက်ဘက်ဒေသ သည် အမှောင်ထုထဲတွင် နစ်မြုပ်နေကာ တစ်ခါတစ်ရံ ပေါ်လာတတ်သော ဝင်ရိုးစွန်း အလင်းတန်းများ မှာ ရင်သပ်ရှုမောဖွယ် အလှတရားများပင် ဖြစ်၏။

အစွန်ဆုံး မြောက်ဘက်ဒေသ တွင်၊

မီတာအနည်းငယ် မြင့်သော ရေခဲနှင့် နှင်းပုံကြီး အောက်မှ တစ်ခါတစ်ရံ အရောင်မတူညီသော အလင်းတန်း နှစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတတ်၏။ သတိမထားမိလောက်အောင် သေးငယ်သော်လည်း အလွန် မြင့်မြတ်ပြီး လက်လှမ်းမမီနိုင်သော အငွေ့အသက်များကို ပေးစွမ်းနေ၏။

ယင်းမှာ အချိန်နှင့် ဟင်းလင်းပြင်၏ စွမ်းအားများပင် ဖြစ်၏။

ယဲ့ဖုန်းသည် "နေမင်း နတ်ဘုရား လက်သီး" ထက် ပိုမို အစွမ်းထက်သော နတ်ဘုရား စွမ်းရည် တစ်ခုကို ဖန်တီးရန် ပြင်ဆင်လျက် "ယင်ယန် သဟဇာတ" ၏ မူကွဲအသစ် တစ်ခုကို မလျှော့သော ဇွဲဖြင့် ဆက်လက် ပုံဖော်နေဆဲ ဖြစ်သည်။

ပေဟယ် ကြယ် ပေါ်တွင်..

“မြူခိုး အင်မော်တယ် ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း” အကြောင်း ကောလဟာလများမှာ အဆက်မပြတ် ရေပန်းစားနေပြီး ရပ်တန့်သွားခြင်း မရှိချေ။

အဓိက အကြောင်းရင်းမှာ ယဲ့ဖုန်းသည် မြက်ပင် တစ်ပင်ကို ပေါ့ပေါ့ပါးပါး အသုံးပြုကာ ကောင်းကင်ကို ထက်ပိုင်း ခွဲလိုက်သည့်နေ့က ပေဟယ် ကြယ် ပေါ်ရှိ လူတစ်ဝက်ခန့် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရခြင်းကြောင့် ဖြစ်၏။ ထို့အပြင် ဝတ်ရုံဖြူ ဓားဂိုဏ်း ၏ တပည့်များကပါ သတင်းဖြန့်လိုက်သောအခါ သဘာဝကျကျ လူတိုင်း ယုံကြည်သွားကြတော့သည်။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ပေဟယ် ကြယ် ပေါ်တွင် အချို့က အောက်ကမ္ဘာမှ အင်မော်တယ် တစ်ပါး ဖြစ်သော ယဲ့ဖုန်းကိုပင် လိုက်လံ ရှာဖွေရန် ကြိုးစားလာကြ၏။

ယဲ့ဖုန်း ကမူ ဤအရာအားလုံးကို မသိခဲ့ချေ။

ရှန်ကျိုး တိုက်ကြီး ပေါ်တွင်၊

ဟိုယွင်ကျဲ သည် ကောင်းကင်နှင်းခဲ ဓား ကို ကျောတွင်လွယ်ကာ သစ်ပင်ထူထပ်သော တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းသွားလာနေသည်။ သူ တွေ့သမျှ လနီနတ်ဆိုး များကို သူ၏ ဓားချီ ဖြင့် အကုန် သတ်ဖြတ်ပစ်၏။

မူလနတ်ဘုရားအဆင့် သို့ တက်လှမ်းပြီးနောက် သူ ပို၍ပင် အစွမ်းထက် လာခဲ့ပြီ ဖြစ်သည်။

သူ၏ ကျောဘက်ရှိ အရိုး နတ်ဆိုး ဧကရီ ၏ အရိုးများဖြင့် ပြုလုပ်ထားသော ကောင်းကင်နှင်းခဲ ဓား မှာ ပင်ကိုယ်အားဖြင့် ကြီးမားသော အလားအလာ ရှိ၏။ သူ မူလနတ်ဘုရားအဆင့် သို့ တက်လှမ်းစဉ်က ဟိုယွင်ကျဲ သည် ကောင်းကင်နှင်းခဲ ဓား ကို မိုးကြိုးရေကန် ထဲသို့ နှစ်စိမ်ထားခဲ့ရာ၊ ၎င်းကို အဆင့်တက် ပြောင်းလဲခွင့် ရရှိစေခဲ့သည်။

ကောင်းကင်နှင်းခဲ ဓား သည် ယခုအခါ အဆင့်နိမ့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်လာတော့၏။

“ဟိုယွင်ကျဲ ... မင်း သေဖို့သာ ပြင်ထားလိုက်တော့...”

တောအုပ် အောက်ခြေမှ ကြက်သီးထဖွယ် အသံကြီး တစ်ခု ထွက်ပေါ်လာ၏။

နောက်တစ်စက္ကန့်တွင်၊

မြေပြင်မှ လူရိပ်များစွာ ခုန်ထွက်လာပြီး၊ ဦးဆောင်လာသူမှာ မူလနတ်ဘုရားအဆင့် (၁) တွင် ရှိသော နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ တစ်ဦး ဖြစ်၏။

သူ့အနောက်တွင် နတ်ဆိုးဧကရာဇ် အဆင့် သို့ ရောက်ရှိနေသော လနီနတ်ဆိုး အချို့ ပါလာပြီး၊ သူတို့၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။

“ယွင်ကျဲ ... သတိထားနော်...”

မြင့်မြတ်သော လေ ဓားဂိုဏ်း မှ တင်းပိုင်ရွှယ် နှင့် ယွင်ဟွာ ဂိုဏ်း မှ တပည့် လင်းယွီယန် တို့ အတူတကွ ရောက်ရှိလာကြပြီး ဟိုယွင်ကျဲ အနောက်တွင် ပေါ်လာကြသည်။

“နောက်ဆုံးတော့ မင်းတို့ ပေါ်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ...” ဟိုယွင်ကျဲ က အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

သူ့စကားကြောင့် မိန်းကလေး နှစ်ဦးစလုံး၏ ပါးပြင်များ အနည်းငယ် နီရဲသွားကြသည်။

ဟိုယွင်ကျဲ သည် နတ်ဘုရား မျိုးနွယ်စု ဝင်စားသူများ နှင့် လနီနတ်ဆိုး များကို သတ်ဖြတ်ရန် မြူခိုးဂိုဏ်း မှ ထွက်ခွာလာကြောင်း သိရသောအခါ၊ သူမတို့က တိတ်တဆိတ် နောက်မှ လိုက်လာခဲ့ကြခြင်း ဖြစ်၏။

ယခုအချိန်တွင် ထိုမိန်းကလေး နှစ်ဦးစလုံး၏ ကျင့်ကြံခြင်း အဆင့်များမှာ မနိမ့်ကျတော့ချေ။

တင်းပိုင်ရွှယ် နှင့် ဟိုယွင်ကျဲ တို့ကြား မရေရာသော ဆက်ဆံရေး ရှိနေသည်ကို တစ်စုံတစ်ယောက်က ကြားသိသွားခြင်းကြောင့် ဟုတ်မဟုတ် မသေချာသော်လည်း၊ တင်းပိုင်ရွှယ် သည် မြင့်မြတ်သော လေ ဓားဂိုဏ်း မှ အထူး လေ့ကျင့်သင်ကြားမှုကို ရရှိခဲ့ပြီး ယခုအခါ ဝိညာဉ်ပင်လယ်အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွီယန် ၏ အခြေအနေမှာလည်း အလားတူပင်။

သို့သော် ယွင်ဟွာ ဂိုဏ်း မှာ ကြယ်တစ်ပွင့် အဆင့် ဂိုဏ်းသာ ဖြစ်ပြီး လတ်တလော နှစ်များအတွင်း သိသိသာသာ ကြီးထွားလာခဲ့သော်လည်း၊ ကြယ်နှစ်ပွင့် အဆင့် သို့ တက်လှမ်းရန် နီးစပ်ရုံသာ ရှိသေးသည်။

ထို့ကြောင့် လင်းယွီယန် ရရှိသော အရင်းအမြစ်များမှာ မများပြားလှဘဲ ယခုမှ ဝိညာဉ်ပင်လယ်အဆင့် သို့ တက်လှမ်းနိုင်ခါစ ဖြစ်၏။

“ငါ မူလနတ်ဘုရားအဆင့် ကို တက်လှမ်းပြီး မူလ ဝိညာဉ် ကို စုစည်းနိုင်ခဲ့တယ်... နတ်ဘုရား အာရုံ ကိုလည်း မွေးဖွားနိုင်ခဲ့လို့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းက အရမ်း ထက်မြက်နေပြီ... မင်းတို့ ငါ့အနောက်မှာ ပေါ်လာတာနဲ့ ငါ သိလိုက်လို့ တမင် ခြေလှမ်း နှေးပေးထားတာ...”

ဟိုယွင်ကျဲ က ရှင်းပြလိုက်၏။

သူသည် ပွင့်လင်းဖြောင့်မတ်သော အမျိုးသား တစ်ယောက် ဖြစ်သော်လည်း တင်းပိုင်ရွှယ် နှင့် လင်းယွီယန် ကို မိတ်ဆွေများ အဖြစ် သဘောထားကာ သူမတို့ကို အနည်းငယ် စောင့်ရှောက်ပေးလိုသဖြင့် တမင် ခြေလှမ်းကို အနှေးချပေးခဲ့ခြင်းပင်။

“ယွင်ကျဲ ... ရှင် တကယ် သဘောကောင်းတာပဲ...”

လင်းယွီယန် နှင့် တင်းပိုင်ရွှယ် တို့က ပြိုင်တူနီးပါး ပြောလိုက်ကြ၏။

“ဟေ့...”

“မင်းတို့ ဒီမှာ အီစီကလီ လုပ်နေတာကို ရပ်လို့မရဘူးလား... ငါတို့က မင်းတို့ကို ဝိုင်းသတ်တော့မလို့ကွ...”

နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ မှာ ဆက်၍ သည်းမခံနိုင်တော့ချေ။

ဒီလို အချိန်မျိုးမှာတောင် အတည်မပေါက်နိုင်ကြဘူးလား...

ငါတို့ကို အထင်သေးနေတာလား...

“ဒါက မိတ်ဆွေတွေ တွေ့ဆုံတာပဲ... အီစီကလီ လုပ်နေတာ မဟုတ်ဘူး... မင်း စကားမှားသွားပြီမို့ မင်းကို ချက်ချင်း အဝေးကို ပို့ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...” ဟိုယွင်ကျဲ ၏ အကြည့်များက ထို နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ထံသို့ ကျရောက်သွား၏။

သူ၏ ဘယ်ဘက်လက်က ကောင်းကင်နှင်းခဲ ဓား ၏ ဓားအိမ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ညာဘက်လက်က ဓားရိုးကို ပြောင်းပြန် ကိုင်ထားကာ ရုတ်တရက် အားယူ၍ ဓားကို ဆွဲထုတ်လိုက်၏။

“ဒါ ဓားဆွဲထုတ်တဲ့ နည်းစနစ် ပဲ...”

တင်းပိုင်ရွှယ် နှင့် လင်းယွီယန် တို့ နှစ်ဦးစလုံး မျက်လုံးပြူးကာ စိုက်ကြည့်နေကြ၏။

ဓားဆွဲထုတ်သည့် နည်းစနစ် ကို မသိသော နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ပင်လျှင် ဤဓားချက်တွင် ပါဝင်သော ထက်ရှသည့် အရှိန်အဟုန်ကို အာရုံခံမိလိုက်သဖြင့်၊ နတ်ဆိုးဧကရာဇ် အဆင့်ရှိ လနီနတ်ဆိုး အချို့နှင့် ကပျာကယာ ပူးပေါင်းကာ တိုက်ခိုက်လိုက်ကြသည်။

“ဝူး..”

ရက်စက်သော ဓား၏ ကြောက်မက်ဖွယ် အေးစက်သော အလင်းတန်း တစ်ခု ဖြတ်ပြေးသွား၏။

နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ဖြစ်စေ၊ လနီနတ်ဆိုး များ ဖြစ်စေ သူတို့၏ ကာကွယ်ရေးများမှာ စက္ကူလို ပြဲကြေသွားတော့သည်။

ထို့နောက် သူတို့ပါ ထက်ပိုင်း ပြတ်သွားကြ၏။

နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်နေပြီး၊ သူ၏ နတ်ဘုရား ဝိညာဉ် ပင်လျှင် တစ်စစီ ကြေမွသွားကြောင်း တွေ့လိုက်ရ၏။

“အရမ်း... အရမ်း သန်မာလွန်းတယ်...”

သူ သွေးများ အန်ချကာ ခွန်အားမဲ့စွာ လဲကျသွားတော့သည်။

ဓားတစ်ချက်တည်းဖြင့် မူလနတ်ဘုရားအဆင့် သတ္တဝါ အချို့ကို သတ်ဖြတ်နိုင်ခဲ့သည်။

ယင်းမှာ ယခု လက်ရှိ ဟိုယွင်ကျဲ ၏ ခွန်အားပင် ဖြစ်၏။

"ချွင်"

ဟိုယွင်ကျဲ အမူအရာ ကင်းမဲ့စွာဖြင့် ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်သည်။

“စစ်တလင်းကို ရှင်းလင်းပြီး နောက်ထပ် တောအုပ်ကြီး တစ်ခုဆီ ဆက်သွားကြမယ်...”

“အင်း...”

“ဟုတ်ပြီ...”

တင်းပိုင်ရွှယ် နှင့် လင်းယွီယန် တို့မှာ ဟိုယွင်ကျဲ အတွက် အထူးသဖြင့် စစ်တလင်းကို ရှင်းလင်းပေးရသော အကူများ ဖြစ်လာကြ၏။

ဧရာမ မြို့တော်ကြီး တစ်ခု၏ အထက်တွင်..

မိုယင် သည် အရိုး နတ်ဆိုး ဧကရီ ၏ အရိုးများဖြင့် ပြုလုပ်ထားသော အရိုးဓားကို ဝှေ့ယမ်းကာ လေထဲသို့ ထိုးညွှန်လိုက်ရာ၊ သေးသွယ်သော ဓားချီ တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက မြေပြင်ပေါ်ရှိ သန်းနှင့်ချီသော လူများ ရှေ့တွင်ပင် ဆွဲဆောင်မှုရှိသော မိန်းကလေး တစ်ဦး၏ မျက်ခုံးကြားကို ဖောက်ထွင်းသွား၏။

“ဘုန်း…”

ဆွဲဆောင်မှုရှိသော မိန်းကလေး မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက်၊ သူမ၏ ခန္ဓာကိုယ်မှာ ဧရာမ ပင်လယ်ရေညှိပင် ကြီး အဖြစ်သို့ ရောက်သွားသည်အထိ ဖောင်းပွလာ၏။

အပုပ်နံ့များ ထောင်းခနဲ ထွက်လာသည်။

“တကယ့်ကို နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ပဲ...”

“ကံကောင်းလို့ မြူခိုးဂိုဏ်း က မိုယင် ဝင်တိုက်ပေးလို့... ဒါမှမဟုတ်ရင် ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဆိုးမကြီး တစ်ကောင် ငါတို့ မြို့ထဲမှာ ပုန်းနေတာကို ငါတို့ ဘယ်လိုမှ သိမှာ မဟုတ်ဘူး...”

မြို့သူမြို့သားများသည် လက်နှစ်ဖက်ကို ဆုပ်မိုးကာ မိုယင် ကို ကျေးဇူးတင်ကြ၏။

"ချွင်"

မိုယင် ဓားကို အိမ်ပြန်သွင်းလိုက်ပြီး နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ၏ အနီရောင် ဝိညာဉ်ကို လနီ ဘူးသီးခြောက် ဖြင့် ဖိနှိပ် ချုပ်နှောင်ကာ ခရီးဆက်တော့သည်။

ဟိုယွင်ကျဲ နှင့် မိုယင် သာမက၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီ ကဲ့သို့သော မြူခိုးဂိုဏ်း မှ အခြား တပည့်များသည်လည်း နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ များကို နေရာအနှံ့ လိုက်လံ အမဲလိုက်နေကြပြီး ဂုဏ်သတင်း မှတ်တိုင်များစွာ ရရှိနေကြ၏။

ခုနစ်ရက် ကုန်လွန်သွားလေပြီ။

ပေဟယ် ကြယ်ဝယ်..

"ဝုန်း"

အစွန်ဆုံး မြောက်ဘက်ဒေသ မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး၊ ပေဟယ် ဧကရာဇ် ၏ စာသားများ ထွင်းထုထားသော ကျောက်တောင်ပင်လျှင် တစ်စစီ ကြေမွသွားတော့သည်။

နှင်းမုန်တိုင်း ထဲမှ အရပ်ရှည်ရှည် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ အဖြူရောင် အရှိန်အဝါများ ဖုံးလွှမ်းနေပြီး ထိုသူမှာ ယဲ့ဖုန်း ပင် ဖြစ်သည်။

“နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ...”

သူ ခပ်ရေးရေး ပြုံးလိုက်၏။

ပြင်ပကမ္ဘာ အတွက် ခုနစ်ရက်သာ ကြာခဲ့သော်လည်း၊ အချိန် စီးဆင်းမှုနှုန်း ဆယ်ဆကို အသုံးပြုထားသော သူ့အတွက်မူ လပေါင်း နှစ်လကျော် ကုန်လွန်သွားခဲ့သည်နှင့် တူပါ၏။

ဤအချိန်အတွင်း၊ "ယင်ယန် သဟဇာတ" ကို အခြေခံ၍ ပိုမို အစွမ်းထက်သော အရည်အချင်း နှစ်ခု ပေါင်းစပ်ထားသည့် သူတော်စင်အဆင့် နတ်ဘုရား စွမ်းရည် တစ်ခုကို အဆင့်မြှင့်တင် ဖန်တီးရန် သူ့အတွက် လုံလောက်ခဲ့သည်။

ယင်းမှာ... အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု ပင် ဖြစ်၏။

“ဒီနတ်ဘုရား စွမ်းရည်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရမယ့် အချိန် ရောက်ပြီ...”

ယဲ့ဖုန်း တိုးတိတ်စွာ ရေရွတ်လိုက်၏။

သူသည် ထိုက်ကျိ ပုံစံကို ဆွဲနေသည့်အလား လက်များကို ဝှေ့ယမ်းလိုက်သည်။ ဘယ်နှင့် ညာ လက်များက အချိန် စွမ်းအား နှင့် ဟင်းလင်းပြင် စွမ်းအား တို့ကို အသီးသီး ကိုင်တွယ်ထားပြီး လေထဲတွင် လှည့်ပတ်ကာ အချင်းချင်း ပေါင်းစပ်သွားစေသည်။

ထို့နောက် အချင်း နှစ်မီတာခန့်ရှိသော ထိုက်ကျိ ပုံစံ တစ်ခု ပေါ်လာ၏။

၎င်းမှာ ငွေဖြူရောင် ဖြစ်သည်။

ယဲ့ဖုန်းသည် သူ၏ လက်များကို ကြယ်တာရာ ဟင်းလင်းပြင် ဆီသို့ တွန်းထုတ်လိုက်ရာ၊ ထိတ်လန့်ဖွယ်ရာ လှိုင်းလုံးကြီး တစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အချိန်နှင့် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးဆီသို့ တဟုန်ထိုး ဝင်ရောက်သွား၏။

ထိုအခိုက်အတန့်၌ အဝေးရှိ မြို့ကိုးမြို့ ကြယ်တိမ်တိုက်..

ကြယ်တိမ်တိုက် ၏ ဗဟိုချက်တွင် ပုန်းအောင်းကာ တံခါးပိတ် ကျင့်ကြံနေသော ကြယ်မြစ် တပိုင်းသူတော်စင် ၏ ဦးခေါင်း တစ်ခုလုံး ရုတ်တရက် မူးဝေသွားတော့သည်။

--

All Chapters