အခန်း ၇၃၃
Vol. 49 Ch. 733
အခန်း (၇၃၃) ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား၊ ရန်သူတော်များ ဆုံတွေ့ခြင်း၊ တပိုင်းသူတော်စင် ကို ချေမှုန်းခြင်း
'ခန္ဓာကိုယ်နဲ့ တာအိုကို ပေါင်းစပ်လိုက်တယ် ဟုတ်လား...'
'ဒါက ပေါင်းစပ်ခြင်း နယ်မြေ အဆင့်ပဲ...'
ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။
သူသည် ကျောင်းယန် ရှေးဟောင်း သူတော်စင် နှင့် စကားပြောဆိုဖူးသဖြင့်၊ ရှန်ကျိုး တိုက်ကြီး အပြင်ဘက်ရှိ ကျင့်ကြံခြင်း အဆင့်များ ကဲ့သို့သော နယ်မြေများ အပြင်ဘက်မှ ကိစ္စရပ်အချို့ကို သိရှိထား၏။
ရှန်ကျိုး တိုက်ကြီး ၏ အပြင်ဘက်တွင် သူတော်စင်အဆင့် သည် ပေါင်းစပ်ခြင်း နယ်မြေ အဆင့် နှင့် ညီမျှသည်။
သူတော်စင်အဝင်၊ သူတော်စင်ထင်ရှား၊ ကောင်းကင်သူတော်စင် နှင့် အထွတ်အထိပ် သူတော်စင် တို့သည် ပေါင်းစပ်ခြင်း နယ်မြေ အဆင့် ၏ အစပိုင်း၊ အလယ်ပိုင်း၊ နှောင်းပိုင်း နှင့် အထွတ်အထိပ် အဆင့်များ နှင့် အသီးသီး ညီမျှ၏။
ပေါင်းစပ်ခြင်း နယ်မြေ၏ အထက်တွင် "ကောင်းကင် အရှင်" ရှိပြီး ကမ္ဘာကြီး ၏ ကောင်းကင်တာအို နှင့် နှိုင်းယှဉ်နိုင်၏။ နယ်မြေများ အပြင်ဘက်တွင် ၎င်းကို ကောင်းကင်တာအို နယ်မြေ ဟု ခေါ်ဆိုကြသည်။
သို့သော် ပေါင်းစပ်ခြင်း လမ်းစဉ်ကို လိုက်ပါခြင်းတွင် ကြီးမားသော အားနည်းချက် တစ်ခု ရှိနေ၏။
ဥပမာအားဖြင့် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ကို ကြည့်ပါ။
အဆင့် (၄) တပိုင်းသူတော်စင် တွင် ၎င်းသည် အစစ်အမှန်နဂါး နယ်မြေ နှင့် အတင်းအဓမ္မ ပေါင်းစပ်ကာ ကောင်းကင်တာအို အတု တစ်ခု ဖြစ်လာပြီး ပေါင်းစပ်ခြင်း နယ်မြေ ၏ အစပိုင်းသို့ ဝင်ရောက်သွား၏။ သူတော်စင်အဝင် နှင့် နှိုင်းယှဉ်နိုင်သော်လည်း ၎င်း၏ စွမ်းအားမှာ သူတော်စင်အဝင် ထက် အားနည်းနေသေးသည်။
အကယ်၍ တကယ်သာ တိုက်ခိုက်ရမည် ဆိုပါက ကျောင်းယန် ရှေးဟောင်း သူတော်စင် သည် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ကို တိုက်ကွက် အနည်းငယ် အတွင်း သတ်ဖြတ်နိုင်သည်။ သူတို့မှာ အဆင့်တူများ မဟုတ်ကြချေ။
“ကျောင်းယန် ရှေးဟောင်း သူတော်စင် ပြောခဲ့ဖူးတယ်... ပေါင်းစပ်ခြင်း လမ်းစဉ်ကို လိုက်တဲ့ ကျင့်ကြံသူတွေက အများအားဖြင့် ကောင်းကင်တာအိုအဖြစ် ခံယူကြရတယ်တဲ့... ဒါရဲ့ အားသာချက်က သက်တမ်း ပိုရှည်လာတာပဲ... ဒါပေမဲ့ အားနည်းချက်က စွမ်းအား အနည်းငယ် အားနည်းသွားတာတဲ့...”
“အဆင့်တူ တိုက်ပွဲမှာ ဆိုရင် ရှန်ကျိုး တိုက်ကြီး က သူတော်စင်အဆင့် က အပြင်ဘက်က ပေါင်းစပ်ခြင်း နယ်မြေ အဆင့် တွေကို အခိုင်အမာ ဖိနှိပ်ထားနိုင်တယ်...”
“ဒါဆိုရင်...”
“သူတော်စင် ဧကရာဇ် ဓား ကို ကိုင်ထားရင် အစစ်အမှန်နဂါး နယ်မြေ ရဲ့ ကောင်းကင်တာအို အတု ဖြစ်တဲ့ 'ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး' ကို ငါ ကြောက်စရာ မလိုဘူး မဟုတ်လား...”
ယဲ့ဖုန်း မနေနိုင်ဘဲ တွေးတောနေမိသည်။
"ဝုန်း"
ထိုစဉ် အဝေးမှ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ၏။ ယင်းတွင် နတ်ဘုရား အာရုံ စွမ်းအား ပါဝင်သဖြင့် ကြယ်တာရာ ဟင်းလင်းပြင် ထဲတွင် ဖြစ်သော်ငြား ယဲ့ဖုန်း ၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိလာ၏။
သူ အသံလာရာဆီသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။
ကြယ်တာရာ ဟင်းလင်းပြင် ထဲတွင်..
အရောင်မတူညီသော နဂါး သုံးကောင် သည် ပေတစ်ရာခန့် ရှည်လျားပြီး အလွန် ကြီးမားမြင့်မားသော ကျောက်ခေါင်းတလား တစ်ခုကို ဆွဲယူလာကြ၏။ ယင်းမှ ရှေးဟောင်း နှင့် အရိုင်းဆန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး အဝေးတစ်နေရာမှ ပြန်လည် ရယူလာသော ရတနာ တစ်ခုနှင့် တူ၏။
“မြကျောက် နဂါး... အဖြူရောင် နဂါး... အဝါရောင် နဂါး...”
“အဆင့် (၁) တပိုင်းသူတော်စင် နှစ်ကောင် နဲ့ အဆင့် (၂) တပိုင်းသူတော်စင် တစ်ကောင်... ခွန်အားက တော်တော် သာမန်ပါပဲလား...”
“ဒါပေမဲ့ အဲဒီ ကျောက်ခေါင်းတလား က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပုံပဲ...”
ယဲ့ဖုန်းသည် နဂါးသုံးကောင် ကို အကဲခတ်ရင်း သူ၏ အကြည့်များက ကျောက်ခေါင်းတလား ဆီသို့ ကျရောက်သွားကာ အရာရာကို ပုံဖော်နိုင်သော မျက်လုံး ကို အသက်သွင်းလိုက်၏။
[အမည် - ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား]
[အဆင့် - ကြယ် (၄) ပွင့် အဆင့်လွန် ဝိညာဉ်ရတနာ]
[မှတ်ချက် - ‘ထာဝရ ရှေးဟောင်း ဧကရာဇ်’ ဟု သိကြသော ထိပ်တန်း စွမ်းအားရှင် တစ်ဦး ဖန်တီးခဲ့သည့် ကျောက်ခေါင်းတလား ဖြစ်ပြီး၊ ကြယ်တာရာ ဟင်းလင်းပြင်ရှိ ရှေးဟောင်း အရိုင်းကြယ်များ ၏ အနက်ရှိုင်းဆုံး နေရာတွင် မြှုပ်နှံထားကာ အယူမှားများကို ဖိနှိပ် ချေမှုန်းနိုင်သော စွမ်းအား ပိုင်ဆိုင်သည်]
“ကြယ် (၄) ပွင့် အဆင့်လွန် ဝိညာဉ်ရတနာ...”
ယဲ့ဖုန်း အသက်ရှူ မှားသွားတော့သည်။
ဤရတနာကို သူ သေချာပေါက် ယူဆောင်သွားရန် ဆုံးဖြတ်လိုက်၏။
“ဟင်... မင်းက ဘယ်သူလဲ...”
“မိုက်ရိုင်းလှချည်လား... ငါတို့ လမ်းကို ပိတ်ရဲတယ်ပေါ့... မင်းက သေချင်နေတာလား...”
“မင်းပဲ...”
မကြာမီ မြကျောက် နဂါး၊ အဖြူရောင် နဂါး နှင့် အဝါရောင် နဂါး တို့သည် ယဲ့ဖုန်း သူတို့၏ လမ်းကို ပိတ်ဆို့ထားသည်ကို မြင်တွေ့လိုက်ရပြီး တစ်ကောင်စီ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
“မင်းရဲ့ အသံက တော်တော် ရင်းနှီးနေသလိုပဲ...”
ယဲ့ဖုန်းက အဆင့် (၂) တပိုင်းသူတော်စင် အဆင့်ရှိ အဝါရောင် နဂါး ကို အေးစက်သော အပြုံးတစ်ခု ဖော်ပြလျက် ပြောလိုက်သည်။
အဝါရောင် နဂါး နှင့် သူ ယခင်က တွေ့ဆုံခဲ့ဖူး၏။
ယခင်က ရွှေနဂါး အကြီးအကဲချုပ် သည် ယဲ့ဖုန်းကို သတ်ရန် နယ်မြေများကို ဖြတ်ကျော်လာခဲ့သော်လည်း သူ့အသတ်သာ ခံလိုက်ရစဉ်က၊ နဂါး မျိုးနွယ်စု ၏ တပိုင်းသူတော်စင် တစ်ဦးသည် ဟင်းလင်းပြင် အက်ကွဲကြောင်း မှတစ်ဆင့် ယဲ့ဖုန်းကို အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်ခဲ့ဖူး၏။
သူ့ရှေ့ရှိ အဝါရောင် နဂါး မှာ ထို နဂါး မျိုးနွယ်စု ၏ တပိုင်းသူတော်စင် ပင် ဖြစ်၏။
ထိုအချိန်ကစပြီး သူနှင့် ယဲ့ဖုန်း တို့ ရန်သူများ ဖြစ်သွားခဲ့ကြခြင်း ဖြစ်၏။
ယနေ့တွင်တော့ ယဲ့ဖုန်း နှင့် အဝါရောင် နဂါး တပိုင်းသူတော်စင် တို့ လူချင်း အမှန်တကယ် ဆုံတွေ့ခဲ့ကြပြီ ဖြစ်သည်။
“သြော်... ယဲ့ဖုန်း ပဲ... ကျယ်ပြောလှတဲ့ ကြယ်တာရာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ငါတို့ အစစ်အမှန်နဂါး နယ်မြေ ကို လာသေရဲတယ်ပေါ့... မင်းက တော်တော်လေး ရဲတင်းတာပဲ...”
အဝါရောင် နဂါး တပိုင်းသူတော်စင် က လှောင်ပြောင်လိုက်၏။
“လာသေရဲတယ် ဟုတ်လား..အဟား..” ယဲ့ဖုန်းလည်း ပြောင်လှောင် ရယ်လိုက်သည်။
သူတော်စင် ဧကရာဇ် ဓား ကို ကိုင်ဆောင်ထားသဖြင့် အစစ်အမှန်နဂါး နယ်မြေ ၏ ကောင်းကင်တာအို အတု ဖြစ်သော ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိချေ။ အဆင့် (၂) တပိုင်းသူတော်စင် အဆင့်သာ ရှိသေးသော အဝါရောင် နဂါး တပိုင်းသူတော်စင် အဆင့်လောက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။ သူ လုံးဝ ဂရုမစိုက်ချေ။
ယဲ့ဖုန်းက ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား ကို စူးစိုက်ကြည့်လိုက်၏။
ခေတ္တအကြာတွင်..
သူ ရယ်လိုက်ပြီး “အရင်တုန်းက နယ်မြေတွေကို ဖြတ်ပြီး မင်း ငါ့ကို ခြိမ်းခြောက်ခဲ့တယ်လေ... တစ်နေရာရာမှာ စစ်တိုက်နေတယ် ဆိုလားပဲ... ကြည့်ရတာ ဒီ ကျောက်ခေါင်းတလား ကို ရှာဖို့များလား...”
“ကောင်လေး... မင်းက ဘယ်သူလဲ...”
အဝါရောင် နဂါး တပိုင်းသူတော်စင် စကားမပြောနိုင်မီ မြကျောက် နဂါး တပိုင်းသူတော်စင် က အေးစက်သော မျက်လုံးများဖြင့် ကြမ်းတမ်းစွာ မေးခွန်းထုတ်လိုက်၏။
နဂါး မျိုးနွယ်စု သည် အမြဲတမ်း ကြီးစိုး ဗိုလ်ကျတတ်ကြသည်။
သူတို့သည် အစစ်အမှန်နဂါး နယ်မြေ တွင် ခြေကုပ်ယူကာ ကမ္ဘာတစ်ခုလုံးကို အုပ်စိုးထားပြီး၊ ပြင်ပစစ်ပွဲများကို အဆက်မပြတ် ဆင်နွှဲရာတွင် ပြိုင်ဘက် တစ်ခါမှ မတွေ့ဖူးသဖြင့် သူတို့၏ မာနများမှာ ပို၍ပင် မိုးထိုးနေကြ၏။
“သူက အနီရောင် နဂါး အကြီးအကဲ နဲ့ ရွှေနဂါး အကြီးအကဲချုပ် ကို သတ်ခဲ့တဲ့ ကောင်ပဲ...” အဝါရောင် နဂါး တပိုင်းသူတော်စင် က အံကြိတ်လျက် ပြောလိုက်သည်။
နဂါး မျိုးနွယ်စု သည် အလွန် အစွမ်းထက်လှ၏။
သူတို့သည် အစစ်အမှန်နဂါး နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးထားပြီး၊ သူတော်စင်အဆင့် နှင့် နှိုင်းယှဉ်နိုင်သော မျိုးနွယ်စု ခေါင်းဆောင် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး သာမက တပိုင်းသူတော်စင် (၁၀) ကောင်ခန့် ကိုပါ ပိုင်ဆိုင်ထားကြသည်။
ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲ အကောင် တစ်ရာကျော်လည်း ရှိသေး၏။
သို့သော် အစစ်အမှန်နဂါး နယ်မြေ ရှိ နဂါး မျိုးနွယ်စု များအတွက် သားစဉ်မြေးဆက် ပေါက်ဖွားရန်မှာ အလွန် ခက်ခဲလှသည်။ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ရှိ အစစ်အမှန်နဂါး တစ်ကောင်သည် သားပေါက် (၉) ကောင် မွေးဖွားရန် အနည်းဆုံး နှစ်တစ်ရာ အချိန်ယူရသည်။
တွက်ကြည့်မည်ဆိုလျှင် (၁၁) နှစ်လျှင် တစ်ကောင် မွေးဖွားသည်နှင့် တူညီ၏။
အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရန်မှာ ပို၍ပင် ခက်ခဲသေးသည်။
ဤအချက်ကြောင့် နဂါး မျိုးနွယ်စု သည် အစစ်အမှန်နဂါး နယ်မြေ ကို ဆက်လက် လွှမ်းမိုးထားနိုင်သော်လည်း သူတို့၏ အရေအတွက်မှာ တစ်သိန်းထက် ဘယ်တော့မှ မကျော်လွန်ဘဲ ပုံမှန်အားဖြင့် သောင်းဂဏန်းခန့်သာ ရှိ၏။
ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲ တစ်ကောင် သေဆုံးခြင်းမှာ အလွန် ကြီးမားသော ဆုံးရှုံးမှုကြီးပါပင်။
အဝါရောင် နဂါး တပိုင်းသူတော်စင် သည် ယဲ့ဖုန်းကို အံကြိတ်မတတ် မုန်းတီးနေတော့သည်။
“သြော်... သူကိုး...”
“တော်တော် ရဲတင်းပါလား...”
“ငါတို့ အစစ်အမှန်နဂါး နယ်မြေ ကို ဒီလို ပေါ်တင်ကြီး လာရဲတယ်ပေါ့... အရင်ဆုံး သူ့ကို ဖမ်းပြီး ဖြည်းဖြည်းချင်း နှိပ်စက်သတ်ပစ်ရမယ်...”
မြကျောက် နဂါး နှင့် အဖြူရောင် နဂါး တပိုင်းသူတော်စင် တို့သည် အေးစက်သော မျက်နှာထားများဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
“ငါ့အလှည့်ပဲ...”
မြကျောက် နဂါး တပိုင်းသူတော်စင် သည် သူ၏ ကိုယ်တွင် ရစ်ပတ်ထားသော သံကြိုးများကို ရုန်းထွက်လိုက်ပြီး ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား မှ ခွဲထွက်လိုက်၏။ သူသည် အလွန် ကြီးစိုးသော စွမ်းအားများဖြင့် ယဲ့ဖုန်း ဆီသို့ နတ်ဘုရား နဂါး အမြီးယမ်း သိုင်းကွက် ဖြင့် လှမ်းရိုက်လိုက်တော့သည်။
“ဒီလို သာမန် သိုင်းကွက်လေးနဲ့... ငါ့ရှေ့မှာ လာကြွားရဲတယ်ပေါ့...”
ယဲ့ဖုန်း က လှောင်ပြောင်လိုက်သည်။
သူ၏ လက်များက ထိုက်ကျိ အပြားဝိုင်း တစ်ခုနှင့် ကစားနေသကဲ့သို့ လှုပ်ရှားလိုက်ရာ ချက်ချင်းပင် သူ၏ ရှေ့တွင် ငွေဖြူရောင် အပြားဝိုင်း တစ်ခု ပေါ်လာ၏။ ထို့နောက် သူသည် ထက်ရှသော ငွေဖြူရောင် လှည့်ပတ်နေသည့် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်၏။
"ဝုန်း"
မြကျောက် နဂါး တပိုင်းသူတော်စင် ၏ အမြီးမှာ အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု ကြောင့် ပြတ်ထွက်သွားပြီးနောက်၊ ယဲ့ဖုန်း က အလင်းတန်းကို ချိန်ညှိကာ မြကျောက် နဂါး တပိုင်းသူတော်စင် ၏ လည်ပင်းကိုပါ ဖြတ်တောက်လိုက်၏။
“အား...”
မြကျောက် နဂါး တပိုင်းသူတော်စင် သည် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်သော်လည်း သူ၏ နတ်ဘုရား ဝိညာဉ် မှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ ယဲ့ဖုန်း ၏ ပုံရိပ်မှာ သူ၏ အမြင်အာရုံတွင် တဖြည်းဖြည်း ဝိုးတဝါး ဖြစ်လာသည်ကို ကြည့်ရင်း၊ ဤသူ၏ စွမ်းအားမှာ အလွန် ကြောက်စရာကောင်းကြောင်းကို သူ နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
“အဆင့် (၁) တပိုင်းသူတော်စင် လေးက ငါ့ဆီကို အစာလာပို့တာလား...”
ယဲ့ဖုန်း သည် လက်များကို ချလိုက်ရာ အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု ပြီးဆုံးသွား၏။
ဤနတ်ဘုရား စွမ်းရည် ကို “ယင်ယန် သဟဇာတ” ကို အခြေခံ၍ သူ ဖန်တီးထားခြင်း ဖြစ်ပြီး ၎င်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ယခု သူ ကိုင်တွယ် အသုံးပြုနိုင်သော အချိန်နှင့် ဟင်းလင်းပြင် ၏ စွမ်းအားများဖြင့် အဆင့် (၃) တပိုင်းသူတော်စင် ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိတော့၏။
“မင်း... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ...”
ကျန်ရှိနေသော အဖြူရောင် နဂါး တပိုင်းသူတော်စင် နှင့် အဝါရောင် နဂါး တပိုင်းသူတော်စင် တို့၏ မျက်လုံးများမှာ ယဲ့ဖုန်း အပေါ် မုန်းတီးမှုများနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့၏။
“သေမယ့်သူတွေက အများကြီး သိစရာ မလိုဘူး...”
ယဲ့ဖုန်း သည် မူလချီ အရင်းအမြစ် ကို အသုံးပြုလိုက်ရာ သူ၏ အရှိန်အဝါများ အဆင့် (၃) တပိုင်းသူတော်စင် အဆင့်သို့ တဟုန်ထိုး မြင့်တက်သွား၏။ အဝါရောင် နဂါး တပိုင်းသူတော်စင် ၏ အထက်တွင် ချက်ချင်း ပေါ်လာပြီး လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်တော့သည်။
“အဆင့် (၃) တပိုင်းသူတော်စင် တစ်ယောက် ဖြစ်နေတာကိုး...”
အဝါရောင် နဂါး တပိုင်းသူတော်စင် ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။
အစပိုင်းက ယဲ့ဖုန်း မှာ အလွန်ဆုံး အဆင့် (၁) တပိုင်းသူတော်စင် သာ ဖြစ်မည်ဟု သူ ထင်ထားခဲ့သဖြင့်၊ မြကျောက် နဂါး တပိုင်းသူတော်စင် ကို စမ်းသပ် တိုက်ခိုက်ခွင့် ပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ယဲ့ဖုန်း က ဤမျှ အစွမ်းထက်နေမည်ဟု မည်သူ ထင်ထားမည်နည်း။
ယဲ့ဖုန်း ၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရာတွင် အဝါရောင် နဂါး တပိုင်းသူတော်စင် သည် မိမိကိုယ်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိလိုက်သဖြင့် အသည်းကွဲမတတ် အော်ဟစ် အကူအညီ တောင်းလိုက်၏။
“ခေါင်းဆောင်ကြီး... ကယ်ပါဦး...”
သူ၏ ကျယ်လောင်သော အသံကြီးမှာ အစစ်အမှန်နဂါး နယ်မြေ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။
ရှေးဟောင်း အလိုဆန္ဒ တစ်ခု ဖြည်းညင်းစွာ နိုးထလာပြီး အဝါရောင် နဂါး တပိုင်းသူတော်စင် ကို လွှမ်းခြုံသွားကာ၊ သူ၏ အရှိန်အဝါများကို တဟုန်ထိုး မြင့်တက်သွားစေပြီး အဆင့် (၄) တပိုင်းသူတော်စင် အဆင့်သို့ ချက်ချင်း ရောက်ရှိသွားစေကာ ယဲ့ဖုန်း ၏ လက်ဝါးရိုက်ချက်ကို ကာကွယ်လိုက်၏။
"အွတ်"
ယဲ့ဖုန်း သည် သူ၏ လက်ဝါးက သံနံရံ တစ်ခုကို ရိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ့ကို အနောက်သို့ လွင့်ထွက်သွားစေကာ လက်ဝါးထဲတွင် နာကျင်မှု အနည်းငယ်ကို ခံစားလိုက်ရ၏။
“ကောင်လေး... ငါ့မျိုးနွယ်စုဝင်တွေကို နာကျင်အောင် လုပ်တယ်... မင်းက သေချင်နေတာလား...”
အစွမ်းထက်သော စိတ်ဆန္ဒ တစ်ခုက အဝါရောင် နဂါး တပိုင်းသူတော်စင် ၏ ခန္ဓာကိုယ်ကို ယာယီ သိမ်းပိုက်လိုက်ပြီး သူ၏ လေသံကိုပင် ပြောင်းလဲသွားစေကာ ရှေးဟောင်း စွမ်းအားရှင် တစ်ဦးကဲ့သို့ ဖြစ်သွားစေသည်။
အဝါရောင် နဂါး တပိုင်းသူတော်စင် ၏ မျက်လုံးများမှာ ရက်စက်သော ငွေရောင် အဖြစ်သို့ ပြောင်းလဲသွား၏။
“ခေါင်းဆောင်ကြီး... ဒီလူက ရှန်ကျိုး တိုက်ကြီး က လာတာပါ... သူက အနီရောင် နဂါး အကြီးအကဲ နဲ့ ရွှေနဂါး အကြီးအကဲချုပ် တို့ နှစ်ယောက်စလုံးကို သတ်ခဲ့တယ်... ပြီးတော့ အခုလေးတင် မြကျောက် နဂါး ကိုပါ သတ်သွားတယ်... ကျေးဇူးပြုပြီး သူ့ကို ရှင်းလင်း သုတ်သင်ပေးပါ ခင်ဗျာ...” ဟု အဖြူရောင် နဂါး တပိုင်းသူတော်စင် က လေးနက်သော အသံဖြင့် တိုင်တောလိုက်သည်။
“ဟင်...”
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ၏ အလိုဆန္ဒ ဝင်ရောက် ပူးကပ်ခံထားရသော အဝါရောင် နဂါး တပိုင်းသူတော်စင် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်များ တဟုန်ထိုး မြင့်တက်လာတော့သည်။
“အစစ်အမှန်နဂါး နယ်မြေ ထဲက ဘယ်သတ္တဝါ ရဲ့ ခန္ဓာကိုယ်ကိုမဆို ယာယီ သိမ်းပိုက်ပြီး အဆင့် (၄) တပိုင်းသူတော်စင် အဆင့် စွမ်းအားတွေကို အသုံးချနိုင်တာလား... ဒါ ကောင်းကင်တာအို အတု ရဲ့ စွမ်းအားပေါ့...”
ယဲ့ဖုန်း က အဝါရောင် နဂါး တပိုင်းသူတော်စင် ကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်၏။
“ကောင်းကင်တာအို အတု ဟုတ်လား... မင်းက တော်တော်များများ သိနေတာပဲ... ဒါဆိုရင် မင်း အသက်ရှင်ဖို့ ပိုတောင် မဖြစ်နိုင်တော့ဘူး...”
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး က သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကြေညာလိုက်လေတော့သည်။
--