← Chapters

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း ၁၀၅၄ - အဲဒီအလုပ်သမားက တပ်မှူးတစ်ယောက် ဖြစ်နေပုံပဲ

"မင်း"

အဆင့်ရှစ်သက်ရှိက ကျန်းမုန့်လောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဘာမင်းလဲ"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။

"ငါ့ကို ဒီလိုစိုက်ကြည့်ရဲရအောင် ဘယ်သူက သတ္တိတွေပေးထားတာလဲ"

"ဂက်ကိုရွန်"

ဂက်ကိုရွန်လည်း သဘောပေါက်သွားပြီး ထိုအဆင့်ရှစ်သက်ရှိ၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေရာ အဆင့်ကိုးသက်ရှိတစ်ယောက်၏ စွမ်းအားကြောင့် သူ့မျက်နှာတစ်ခြမ်း ကြေမွသွားတော့သည်။

"ခုနက ငါ မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီလေ။ ဘာမှပေးစရာမလိုဘဲ မင်း ထွက်သွားလို့ရခဲ့ပေမဲ့ မင်းပဲ ငြင်းခဲ့တာကိုး"

"ပြီးတော့ ဒုတိယအကြိမ်အခွင့်အရေး ထပ်ပေးခဲ့တယ်။ နည်းနည်းလောက်ပေးရုံနဲ့တင် မင်း ထွက်သွားလို့ ရသေးတယ်"

"ဒါပေမဲ့ မင်းက ကျေးဇူးမတင်တဲ့အပြင် ငါ့ကိုတောင် ခြိမ်းခြောက်နေသေးတယ်။ ငါသာ မင်းကို မနိုင်ခဲ့ရင် မင်းလက်ထဲမှာ သေနေလောက်ပြီမလား။ မင်းမှာ ငါနဲ့ ညှိနှိုင်းပိုင်ခွင့်မရှိဘူး"

အဆင့်ရှစ်သက်ရှိ၏ အသားစများက ပြန်သက်သာလာသော်လည်း မျက်နှာပေါ်ရှိ အကြောက်တရားကမူ အနည်းငယ်မျှ လျော့ကျမသွားခဲ့ပေ။ ဂက်ကိုရွန်၏ ထိုပါးရိုက်ချက်နှစ်ချက်က သူ့မာနနှင့် ဂုဏ်သိက္ခာအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီဖြစ်၏။

"မင်းတို့ကို ငါ့အပေါ် ဒီလိုဆက်ဆံခွင့်ပေးထားတာ ငါ သိပ်သဘောကောင်းလွန်းသွားပုံရတယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"ခုနက သူတို့စကြဝဠာက ပါဝင်ပတ်သက်သူတွေအတွက် အဆင့်ငါးစွမ်းအင်သလင်းကျောက် လေးရာဘီလီယံ ဒါမှမဟုတ် ကြယ်တာရာအမြုတေ သန်းနှစ်ရာ မပေးမချင်း မင်းတို့တွေ ဒီမှာ ငြိမ်ငြိမ်လေးနေပြီး ငါ့အတွက် သတ္တုတူးပေးရမယ်"

မရေမတွက်နိုင်သော စစ်သင်္ဘောများနှင့် စစ်သည်များက အကောင်းဆုံး လုပ်သားအင်အားစုများပင်။

"မင်းတို့ထဲက အများစုက အစကတည်းက သေရမယ့်လူတွေ။ ဒါပေမဲ့ ငါက လုပ်အားနဲ့ အစားထိုး ပေးဆပ်ခွင့်ပေးလိုက်တာ။ မင်းတို့တွေ ကျေးဇူးတင်သင့်တယ်။ မင်းတို့မျိုးနွယ်စုရဲ့ ဆွေစဉ်မျိုးဆက်မှတ်တမ်းထဲမှာတောင် ရေးမှတ်ထားသင့်တယ်"

"တကယ်ပါ"

မရေမတွက်နိုင်သော ထိုစစ်သည်များ၏ မျက်နှာထက်တွင် ဘေးဒုက္ခကြီးတစ်ခုမှ လွတ်မြောက်သွားသည့် အမူအရာများ ပေါ်လာကြသည်။

ပုံမှန်အခြေအနေအရဆိုလျှင် ဤမျှကြီးမားသော တိုက်ပွဲကြီးမှာ သေချာပေါက် သေကျေပျက်စီးမှု အလွန်များပြားမည်ဖြစ်၏။ ဤမျှမြင့်မားလွန်းသည့် သေဆုံးမှုနှုန်းအောက်တွင် သူတို့က ကံကောင်းသူများ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ယခုအခါတွင်မူ စကြဝဠာအမှတ်၇က အနိုင်ယူ၍မရသော အင်အားကြီးမားသည့် ရပ်တည်ချက်ဖြင့် ဤသတ္တုကြောကြီးကို သိမ်းပိုက်လိုက်ပြီဖြစ်၏။ တိုက်ပွဲဆက်လက်ဖြစ်ပွားရန် မလိုတော့သည့်အတွက် ဤနေရာမှာပင် သတ္တုတူးကြရခြင်းမှာ ဘာများဖြစ်သွားမည်နည်း။

ထို့ပြင် ပြန်ပေးငွေပေးပြီးသည်နှင့် သူတို့ အိမ်ပြန်နိုင်ပြီ။ ဤသည်မှာ စင်စစ်အသက်ကယ်ကြိုးတစ်ချောင်းပင်။

ထိုအချိန်တွင် အသေခံတပ်သားများပင် ကျန်းမုန့်လောင်အပေါ် ကျေးဇူးတင်စိတ်အနည်းငယ် ဖြစ်ပေါ်လာသည်။

...

"တပ်မှူး... ဒီနေရာက ကြယ်တာရာအမြုတေသိုလှောင်ထားတဲ့ ပမာဏကို ကျွန်တော်တို့ အတည်ပြုပြီးပါပြီ"

နာရီအတော်ကြာ တွက်ချက်ရှာဖွေပြီးနောက် စကြဝဠာအမှတ်၇မှ စစ်သည်တစ်ယောက်က ကျန်းမုန့်လောင်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့သည်။

"ပြော"

"တပ်မှူး ကျွန်တော်တို့တော့ ချမ်းသာပြီဗျို့"

ထိုစစ်သည်က စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်သည်။

"ဒီသတ္တုကြောရဲ့ သိုလှောင်မှုပမာဏက မရဏကျောက်တန်၈၀၀၀ထက် ကျော်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွင်းစကြဝဠာမှာရှိတဲ့ ကြယ်အမြုတေ စုစုပေါင်းပမာဏထက် အဆပေါင်းရာနဲ့ချီပြီး သာလွန်နေတာမို့ ကျွန်တော်တို့ ဒီနေရာမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ လုံလောက်ပါတယ်"

သူက ဆက်ပြောလိုက်၏။

"ဒီမှာသတ္တုတူးဖော်ဖို့ တပ်ဖွဲ့တစ်ခုအရွယ်အစားရှိတဲ့ တူးဖော်ရေးအဖွဲ့တစ်ဖွဲ့ ချထားဖို့ပဲ လိုပါတယ်။ ကာကွယ်ရေးအတွက် အင်အားတချို့ ခွဲဝေပေးထားရင်တောင်မှ တစ်နှစ်ကို ကြယ်အမြုတေ တစ်ဘီလီယံကျော် တူးဖော်နိုင်ပါတယ်။ ဒီလို အရင်းအမြစ်တွေနဲ့ဆိုရင် ကျွန်တော်တို့ ဒီမှာ ဇိမ်ကျကျတောင် နေလို့ရပြီဗျ"

"ဝိုး"

သုံ့ပန်းများအားလုံးက မနာလိုအားကျသည့် အမူအရာများ ပြသလိုက်ကြသည်။ ထိုသိုလှောင်မှုပမာဏက သူတို့၏ စိတ်ကူးထက် ဆယ်ဆမက သာလွန်နေသည်။ ကံမကောင်းစွာဖြင့် ဤသတ္တုကြောမှာ ယခု စကြဝဠာအမှတ်၇၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

"ဘာကြည့်နေကြတာလဲ။ အလုပ်လုပ်ကြလေ"

ကျန်းမုန့်လောင်က သိုလှောင်မှုဖြန့်ကျက်ရေးမြေပုံအရ တာဝန်များ စတင်ခွဲဝေပေးလိုက်သည်။

"မင်းက ဒီနေရာကို တူး။ မင်းက ဟိုနေရာကို တူး... ငါ့လူတွေကို အဆက်မပြတ် ကင်းလှည့်စောင့်ကြည့်ခိုင်းထားမယ်။ တစ်ယောက်ယောက်ကများ ကြယ်တာရာအမြုတေကို ခိုးဝှက်သိမ်းဆည်းဖို့ ကြိုးစားတာ မိလို့ကတော့ နောက်ဆက်တွဲ အကျိုးဆက်ကို မင်းတို့အသိဆုံးပဲ"

...

စကြဝဠာအမှတ်၇တွင် လော့ကျယ်သည် သူ့နန်းတော်ထဲ၌ သတင်းကို စိုးရိမ်တကြီးဖြင့် စောင့်မျှော်နေသည်။

ဤသည်မှာ ကာလကြာရှည်မည့် တိုက်ပွဲတစ်ခု ဖြစ်သောကြောင့် အခြေအနေများကို သိရှိနိုင်ရန် နေ့စဉ် အစီရင်ခံစာပေးပို့ဖို့ ကျန်းမုန့်လောင်ကို သူ မှာကြားထားသည်။ အကယ်၍ စစ်ကူလိုအပ်ပါက သူ့အနေနှင့် ကူညီပေးရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်၏။

ထောင်ပေါင်းများစွာသော စကြဝဠာများနှင့် သောင်းနှင့်ချီသော တပ်ဖွဲ့များအကြားတွင် ကျန်းမုန့်လောင်၏ တပ်ဖွဲ့က မထင်ရှားဆုံး ဖြစ်နေပုံရသော်လည်း လော့ကျယ်၏ ရင်ထဲတွင်မူ ကျန်းမုန့်လောင်က သူ့ကို အံ့အားသင့်စေလိမ့်မည်ဟု ကြိုတင်ခံစားနေရသည်။

သို့သော် ယခုဆိုလျှင် တတိယနေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုအချိန်အထိ ကျန်းမုန့်လောင်ထံမှ ဘာသတင်းမှ ရောက်မလာသေးပေ။

စစ်မြေပြင်မှာ သူ့ကို တစ်ခုခုများ ဖြစ်သွားပြီလား။ သို့မဟုတ် စစ်မြေပြင်ကိုတောင် မရောက်သေးဘဲ လမ်းခုလတ်မှာ ချုံခိုတိုက်ခိုက်ခံလိုက်ရတာများလား။

"ဗိုလ်ချုပ်... တပ်မှူးကျန်းမုန့်လောင်ဆီက သတင်းရောက်လာပါပြီ"

ဆက်သွယ်ရေးစစ်သည်တစ်ယောက်က သူ့နန်းတော်ထဲသို့ ကပျာကယာ ပြေးဝင်လာသည်။

"မြန်မြန်ပြောစမ်း။ တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။ ငါတို့ နိုင်ခြေရှိရဲ့လား"

"ဗိုလ်ချုပ်ကို အစီရင်ခံပါတယ်။ တပ်မှူးကျန်းမုန့်လောင်က သူတို့ အဲဒီသတ္တုကြောကို သိမ်းပိုက်ပြီးသွားပြီတဲ့။ ပြီးတော့ သိုလှောင်မှုပမာဏက မရဏကျောက်တန်၈၀၀၀ကျော်တယ်လို့ အတည်ပြုထားပါတယ်။ အခု သတ္တုစတင်တူးဖော်နေကြပြီမို့ သူတို့ပြန်လာတဲ့အခါ ပထမဆုံး ကြယ်တာရာအမြုတေအသုတ်ကို သယ်ဆောင်လာနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်"

"မုန့်လောင်နဲ့ သူ့အဖွဲ့က အဲဒီသတ္တုကြောကို သိမ်းပိုက်ပြီးသွားပြီ ဟုတ်လား"

လော့ကျယ်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အရင်ဆုံးပေါ်လာပြီးနောက် ကြီးမားလှသော ဝမ်းမြောက်မှုက အစားထိုးဝင်ရောက်လာသည်။

သုံးရက်သာ ရှိသေးသည်။ စကြဝဠာအမှတ်၇၏ အခြေစိုက်စခန်းမှ ခရီးသွားရန်ပင် အချိန်အတော်ကြာ ယူရသည်။ ယခင်တစ်ခေါက် အဆင့်ငါးစွမ်းအင်သလင်းကျောက်မိုင်းတွင်းသည် ယခုမိုင်းတွင်းနှင့် နှိုင်းယှဉ်လျှင် အများကြီးသေးငယ်ပြီး တန်ဖိုးနည်းပါးသော်လည်း ထိုတိုက်ပွဲက သုံးလကြာမြင့်ခဲ့သည်။

ကျန်းမုန့်လောင်က သုံးရက်တည်းနှင့် သိမ်းပိုက်လိုက်လေသလား။

ရိုးရိုးသားသားပြောရလျှင် သူ့ရင်ထဲတွင် သံသယတချို့ ရှိနေချေသည်။

"ဗိုလ်ချုပ်... သုံးရက်တည်းနဲ့ သိမ်းလိုက်တာတဲ့။ ယုံနိုင်ရဲ့လား"

"ဗိုလ်ချုပ်... ဒီကျန်းမုန့်လောင်က အခြေအနေတွေကို ချဲ့ကားပြောနေတုန်းပဲ။ ဒီစစ်ပွဲအတွက် သုံးရက်ဆိုတာ အသာထား။ သုံးလကနေ ငါးလ၊ ဒါမှမဟုတ် သုံးနှစ်ကြာမယ်ဆိုရင်တောင် ချဲ့ကားပြောတယ်လို့ မဆိုနိုင်ပါဘူး"

လော့ကျယ်၏ဘေးနားရှိ တပ်မှူးများကလည်း ဤကိစ္စနှင့်ပတ်သက်၍ ပြင်းထန်သော သံသယများကို ဖော်ပြလာကြသည်။

သို့သော် ဆက်သွယ်ရေးစစ်သည် ယူဆောင်လာသည့် ကျန်းမုန့်လောင်ရိုက်ကူးထားသော ဗီဒီယိုက သူတို့၏ သံသယများကို လုံးဝပြယ်ပျောက်သွားစေခဲ့သည်။

၎င်းမှာ ကျန်းမုန့်လောင်က မှတ်တမ်းတင်ကိရိယာကို ကိုင်ဆောင်ကာ ကိုယ်တိုင်ရိုက်ကူးထားသည့် မြင်ကွင်းဖြစ်ပြီး သူကိုယ်တိုင် သတ္တုကြောအတွင်း ကင်းလှည့်နေသည်ကို ပြသနေသည်။

သတ္တုကြော၏ ဗဟိုချက်တွင် စကြဝဠာအမှတ်၇က တူးဖော်ရေးလုပ်ငန်းများကို စတင် တည်ဆောက်နေပြီဖြစ်၏။ တောက်ပနေသည့် IPX-001တပ်ဖွဲ့အမှတ်တံဆိပ်က ဤနေရာကို သူတို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသံကျယ်ကျယ်ဖြင့် ကြေညာနေသလိုပင်။

"အစ်ကိုကြီး... ကျွန်တော် ဒီနေရာကို သိမ်းပိုက်ပြီးသွားပြီ"

ကျန်းမုန့်လောင်က ကင်မရာကိုကြည့်ကာ ပြောလိုက်သည်။

"ပြီးတော့ သတ္တုတူးရာမှာ ကူညီဖို့ လူတစ်အုပ်ကိုလည်း ဖမ်းထားသေးတယ်။ လာကြ။ အားလုံးပဲ... ကင်မရာကို နှုတ်ဆက်လိုက်ကြပါဦး"

ကျန်းမုန့်လောင်က သတ္တုကြောထဲတွင် သတ္တုတူးနေသော အလုပ်သမားများဆီသို့ ကင်မရာကို ချိန်လိုက်သည်။

သူတို့က သတ္တုကြောထဲတွင် ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီး ကြယ်တာရာအမြုတေများကို တစ်ခုပြီးတစ်ခု တူးဖော်နေကြသည်။ သူတို့ခမျာ ထိုအရာများကို လောဘတကြီး လှမ်းကြည့်လိုက်ကြပြီးနောက် ကမ္ဘာမြေပေါ်ရှိ ကျောက်မီးသွေး တူးသမားများနှယ် သိုလှောင်သည့် ကွန်တိန်နာများထဲသို့ အင်တင်တင်ဖြင့် ထည့်လိုက်ကြသည်။

"အဲဒါ စကြဝဠာအမှတ်၃၁က ပထမတပ်မရဲ့ တပ်မှူး မဟုတ်ဘူးလား။ ငါ သူနဲ့ တစ်ခါမှမတိုက်ခိုက်ဖူးပေမဲ့ တစ်ခေါက်တော့ ဆုံဖူးတယ်"

"အဲဒါ စကြဝဠာအမှတ်၂၉ ရဲ့ တပ်မှူးပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လနဲ့ချီပြီး တိုက်ပွဲဖြစ်ခဲ့တာ။ ငါ သူနဲ့တောင် တိုက်ခိုက်ခဲ့ရသေးတယ်"

"အဲဒါ စကြဝဠာအမှတ်၁၅ရဲ့ တပ်မှူးပဲ"

လော့ကျယ်၏ ဘေးနားရှိ တပ်မှူးများက ဖိုသီဖတ်သီဖြစ်နေသော ထိုအလုပ်သမားများထဲမှ သူတို့၏ မိတ်ဆွေဟောင်းများကို တစ်ယောက်ပြီးတစ်ယောက် မှတ်မိသွားကြသည်။

သူတို့သည် တစ်ချိန်က စစ်မြေပြင်တွင် ဩဇာလွှမ်းမိုးခဲ့သော တပ်မှူးများဖြစ်ပြီး စစ်မြေပြင်တွင် အင်အားအကြီးဆုံးတပ်ဖွဲ့ဟု နာမည်ပြောင်ပေးခံရသော ပထမစကြဝဠာ၏ ပထမတပ်ဖွဲ့မှ တပ်မှူးပင် သူတို့အထဲတွင် ပါဝင်နေသေးသည်။

သူတို့က ကင်မရာကို တွေဝေစွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးထဲတွင်လည်း အသက်ဓာတ် ကင်းမဲ့နေလေသည်။

"သောက်ကျိုးနည်း... နှုတ်ဆက်ခိုင်းနေတာကို မင်းတို့က ဘာလို့ မျက်နှာသေတွေ လုပ်နေကြတာလဲ"

ကျန်းမုန့်လောင် ကျိန်ဆဲလိုက်ပြီးနောက် ဖန်သားပြင်မှာ ဆယ်မိနစ်ခန့် အမည်းရောင်ပြောင်းသွားသော်လည်း အသံဖမ်းယူမှုကတော့ မပြတ်တောက်သွားပေ။ အဆက်မပြတ်အော်ဟစ်သံများကို သူတို့ ကြားနေရသည်။

ဆယ်မိနစ်အကြာတွင် မြင်ကွင်းက ပြန်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ ထိုအလုပ်သမားများ၏ မျက်နှာများထက်တွင် ဒဏ်ရာများနှင့် သွေးစတချို့ ရှိနေသော်လည်း တောက်ပသော အပြုံးများကတော့ အထင်းသားပင်။ ကျန်းမုန့်လောင်က သူတို့ကို မည်သို့သော'လေ့ကျင့်မှု'မျိုး ပေးခဲ့သလဲဆိုသည်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

ဖန်သားပြင်က ကျန်းမုန့်လောင်ထံသို့ ပြန်ရောက်လာသည်။

"ဪ... ဟုတ်သားပဲ။ ကျွန်တော်တို့ နောက်ရက်နည်းနည်းနေရင် ပြန်လာခဲ့မယ်။ ကျွန်တော်တို့တွေ အေးအေးဆေးဆေး နှစ်ပေါင်းသောင်းဂဏန်းလောက် ဖြုန်းလို့ရလောက်အောင် ကောက်ခံရမယ့် ပြန်ပေးငွေတချို့ ကျန်နေသေးလို့။ ဂိုဒေါင်တစ်ခု ပြင်ဆင်ထားဖို့ မမေ့နဲ့နော်။ စားသောက်ပွဲကြီး ကျင်းပရမယ့် အချိန်ရောက်ပြီ။ ဒါပဲနော်... ချလိုက်ပြီ"

**********************

All Chapters