← Chapters

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ၁၀၅၆ - မင်းက ဒါကို ထိန်းချုပ်ထားတယ်လို့ ခေါ်တာလား

"ဘာ... ကျန်းမုန့်လောင်က ဒီတစ်ခေါက် အဆင့်ကိုးသက်ရှိတစ်ယောက်ကို ထုတ်သုံးခဲ့တယ် ဟုတ်လား"

ဤသတင်းကို ကြားလိုက်ရချိန်တွင် လော့ကျယ်ထမျာ အလွန်အံ့အားသင့်သွားပြီး မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။

သူက ဘယ်လိုတောင် ဒီလိုအရာမျိုးကို လုပ်ရဲရတာလဲ။ နောက်ဆက်တွဲအကျိုးဆက်တွေကို သူ နားမလည်တာလား။

ပြီးခဲ့သည့်တစ်ခေါက်က စကြဝဠာတစ်ခုက ဤသို့သောလုပ်ရပ်ကို ကျူးလွန်ခဲ့သဖြင့် ဝမ်းနည်းကြေကွဲဖွယ် ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ သို့တိုင် သူကတော့ ဤကဲ့သို့သော ကစားကွက်မျိုးဆင်ပြီး ဘေးဒုက္ခကို ဖိတ်ခေါ်ရဲသေးသည်။

ကျန်းမုန့်လောင်ကို ကူညီရန် စကြဝဠာအမှတ်၇က အဆင့်ကိုးသက်ရှိတစ်ဦးမျှ စေလွှတ်ခဲ့ခြင်းမရှိကြောင်း လော့ကျယ် အတပ်သိထားသည်။ သူ့အနေနှင့် ထိုသို့သော တိုက်ခိုက်ရေးသမားများကို မည်သို့စည်းရုံးနိုင်ခဲ့သလဲဆိုသည်မှာ ပဟေဠိတစ်ခုပင်။

သို့သော် ထိုအချက်ကို အခြားသူများ ယုံကြည်အောင် ပြောရန်မှာမူ နောက်ကိစ္စတစ်ခုဖြစ်သည်။ သူတို့စကြဝဠာမှ အဆင့်ကိုးသက်ရှိတစ်ယောက် မဟုတ်ပါက မည်သူကများ ဤမျှအန္တရာယ်ကြီးမားသော စွန့်စားမှုကို လုပ်ဆောင်မည်နည်း။

"ဗိုလ်ချုပ်... ဒီတစ်ကြိမ်တော့ ကျန်းမုန့်လောင် က တကယ့်ကို မိုက်ရူးရဲဆန်လွန်းပါတယ်။ သူက စကြဝဠာအမှတ်၇တစ်ခုလုံးရဲ့ အသက်တွေကို လုံးဝဂရုမစိုက်တဲ့ပုံပဲ"

"ဟုတ်ပါတယ်။ အဲဒီသတ္တုကြောကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရခဲ့တော့ရော ဘာဖြစ်လဲ။ အခုဆိုရင် ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးက စကြဝဠာအမှတ်၇ကို ဘယ်လို ပိတ်ဆို့အရေးယူရမလဲဆိုတာ ပူးပေါင်းကြံစည်နေကြပြီလို့ လောင်းကြေးထပ်ရဲတယ်။ ပြီးတော့ အဆင့်ကိုးသက်ရှိတွေအများကြီးလည်း ထွက်ပေါ်လာနိုင်တယ်။ ဒီလိုခြိမ်းခြောက်မှုမျိုးကို ကျွန်တော်တို့ ဘယ်လိုလုပ်ခုခံနိုင်မှာလဲ"

"ဗိုလ်ချုပ်... ကျွန်တော်တို့တွေ အဲဒီသတ္တုကြောအပေါ် ပိုင်ဆိုင်မှုစွန့်လွှတ်ကြောင်း ကြေညာချက် ချက်ချင်းထုတ်ပြန်ပြီး ကျန်းမုန့်လောင်ကို စကြဝဠာအမှတ်၇ကနေ နှင်ထုတ်လိုက်တာက ပိုကောင်းမလား။ မကျေနပ်မှုတွေအားလုံးက သူ့ဆီပဲ ဦးတည်သွားရင် ကျွန်တော်တို့အတွက် ရှင်သန်နိုင်မယ့် အခွင့်အရေးနည်းနည်းများ ရှိနိုင်မလားလို့ပါ"

"ဒါက အဓိပ္ပာယ်ရှိလိမ့်မယ်လို့ မင်း ထင်နေတာလား"

လော့ကျယ်က ထိုတပ်မှူးကို စိုက်ကြည့်လိုက်သည်။

"မရေမတွက်နိုင်တဲ့ စကြဝဠာတွေက ငါတို့ရဲ့ IPX-001တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့ အသုံးအဆောင်တွေကို မျက်စိကျနေကြတာ။ အဲဒါတွေတို့ကို ​ပေါ်တင်လုယူဖို့ ဒီလို အခွင့်ကောင်းတဲ့ အကြောင်းပြချက်မျိုး ရနေတာကို သူတို့က ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မယ်လို့ မင်း တကယ်ထင်နေတာလား"

"ဒါက..."

"ပြီးတော့ ဒီအခြေအနေက သေလမ်းပဲ ဖြစ်မယ်လို့ မပြောနိုင်သေးပါဘူး"

လော့ကျယ်က ဆက်ပြောလိုက်သည်။

"မုန့်လောင်က အဆင့်ကိုးသက်ရှိကို မိုက်မိုက်မဲမဲထုတ်သုံးရင် ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်မလဲဆိုတာ သတိမထားမိဘဲ မနေပါဘူး။ သူ ဘာလုပ်နေလဲဆိုတာ သူ သေချာသိပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားအရ ဒီလိုအဆင့်အထိလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သူ့မှာ သေချာပေါက် အစီအစဉ်တစ်ခု ရှိနေမှာပါ"

"ဒါပေမဲ့ ဗိုလ်ချုပ်... မရေရာတဲ့ ရလဒ်တစ်ခုပေါ်မှာပဲ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်အားလုံးကို ပုံအောထားလို့ မရဘူးလေ။ တကယ်လို့ သူသာ ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ"

"အကယ်၍ မဖြေရှင်းနိုင်ခဲ့ရင်တော့... ဟူး..."

လော့ကျယ်က သက်ပြင်းချလိုက်လေသည်။

"တခြားစကြဝဠာတွေက ငါတို့အပေါ် ပူးပေါင်းပြီး ချမှတ်မယ့် 'စီရင်ချက်'ကိုပဲ တိတ်တဆိတ် စောင့်မျှော်ကြရုံပေါ့"

လော့ကျယ်၏စကားကို ကြားပြီးနောက် အခန်းထဲတွင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွားသည်။

...

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကြယ်တာရာအမြုတေသတ္တုကြော၏ ပတ်ဝန်းကျင်တွင် ကြီးမားသော အခြေစိုက်စခန်း မြို့တော်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်၏။ ထိုအရာမှာ ကျန်းမုန့်လောင် ဓားစာခံအဖြစ် ဖမ်းဆီးထားသော အခြားစကြဝဠာတပ်ဖွဲ့များမှ စစ်သည်များ၏ အဆုံးမရှိ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခြင်း၏ ရလဒ်ပင်။

သူတို့၏စစ်သည်များကို ပြန်ရွေးယူရန်အတွက် စွမ်းအင်သလင်းကျောက်များနှင့် ကြယ်တာရာအမြုတေအမြောက်အများကို ပြန်ရွေးငွေအဖြစ် တင်ဆောင်လာသော အာကာသယာဉ်အများအပြားလည်း အဝင်အထွက်လုပ်နေကြသည်။ အချို့က သူတို့လူများကိုသာ ရွေးယူပြီး အချို့ကမူ လူနှင့် စစ်သင်္ဘော၊ လက်နက်ကိရိယာ နှစ်မျိုးစလုံးကို ယူဆောင်သွားကြလေရာ ကျန်းမုန့်လောင်မှာမူ ဤအရာအားလုံးမှ စည်းစိမ်အမြောက်အများကို ရရှိခဲ့သည်။

ဤစွမ်းအင်အရင်းအမြစ်များကပင် စကြဝဠာအမှတ်၇ကို နှစ်ပေါင်းသောင်းချီတိုင်အောင် အလျှံပယ်သုံးဖြုန်းနိုင်စေရန် လုံလောက်ပေသည်။

"တပ်မှူး... လူတစ်ယောက် ထပ်လာနေပြန်ပြီ"

"ညီအစ်ကိုတို့... ပိုက်ဆံသိမ်းဖို့ ပြင်ထားကြ"

ကျန်းမုန့်လောင်က ပျင်းရိစွာ အကြောဆန့်ပြီး မတ်တတ်ရပ်လိုက်သည်။

"သူတို့က ဘယ်စကြဝဠာကလဲ"

"တပ်မှူးကို အစီရင်ခံပါတယ်။ စကြဝဠာအမှတ်၄၀၄ကပါ။ ဒါပေမဲ့... သူတို့က နည်းနည်း ထူးဆန်းနေသလိုပဲ"

"ဘယ်လိုထူးဆန်းတာလဲ"

ကျန်းမုန့်လောင်ကလည်း မေးလိုက်သည်။

"သူတို့က စစ်သင်္ဘောတစ်စင်းတည်းပဲ စေလွှတ်ထားတာပါ။ အဲဒီသင်္ဘောရဲ့ပုံစံအရဆိုရင် စွမ်းအင်သလင်းကျောက် ထရီလီယံပေါင်းများစွာကို သယ်နိုင်မှာမဟုတ်တာ သေချာပါတယ်။ ဘယ်မျိုးနွယ်စုကမှ ကျွန်တော်တို့လို အဆင့်မြင့်အာကာသသိုလှောင်မှုနည်းပညာကို အခုထိ တတ်မြောက်ဦးမှာ မဟုတ်သေးဘူးမလား"

"ဒါဆိုရင် ကြယ်တာရာအမြုတေတွေ ဖြစ်နိုင်မလား"

အခြားသူတစ်ယောက်က အကြံပြုလေသည်။

"ကြယ်တာရာအမြုတေ သန်းနှစ်ရာဆိုရင်တော့ ဆံ့နိုင်တယ်မလား"

"ကြယ်တာရာအမြုတေဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ စကြဝဠာအမှတ်၄၀၄က ဒီတစ်ခေါက် စစ်ယာဉ်တန်း၁၇ခု စေလွှတ်ခဲ့တာပါ။ တကယ်လို့ သူတို့က စစ်သင်္ဘောတွေနဲ့ လက်နက်ကိရိယာတွေကိုပါ ရွေးချင်တယ်ဆိုရင် ပမာဏက ၁၇ဆအထိ တိုးသွားမှာမို့ အာကာသယာဉ်တစ်စင်းတည်းနဲ့ မဆံ့နိုင်ပါဘူး။ သူတို့က သူတို့လူတွေကို ခြေကျင်လမ်းလျှောက်ပြန်ခိုင်းဖို့ စီစဉ်နေတာလား"

"မင်းပြောချင်တာက သူတို့က ပြန်ရွေးငွေပေးဖို့ လာတာမဟုတ်ဘဲ သူတို့လူတွေကို အတင်းအဓမ္မ လာပြန်လုတာလို့ ပြောချင်တာလား"

ကျန်းမုန့်လောင်က ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

"ဖြစ်နိုင်ခြေအရမ်းများပါတယ် တပ်မှူး။ သတိထားဖို့ လိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အာမခံချက်ရှိအောင် ကျန်းတာ့ပေါင်ကို ခေါ်သွားတာ ပိုကောင်းပါလိမ့်မယ်"

"သဘောတူတယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်၏။

"တာ့ပေါင်... ငါနဲ့လိုက်ခဲ့"

မူလက ဂက်ကိုရွန်ဖြစ်သော ကျန်းတာ့ပေါင်သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ သို့သော် သူ့ပုံစံမှာ ပြီးခဲ့သည့်တစ်ခေါက်ကနှင့် ယှဉ်လျှင် သိသိသာသာ ပြောင်းလဲသွားပြီဖြစ်၏။

ကျန်းမုန့်လောင်က သူ့ကို ထျန်းယွမ်အဆင့် ကျင့်စဉ်တစ်ခုနှင့်အတူ ဝိညာဉ်သိုင်းပညာအချို့ကို လက်ဆောင်ပေးခဲ့သည်။ ထိုအတောအတွင်း ကျန်းတာ့ပေါင်သည် အချိန်နှင့်ဝိညာဉ်အခန်းထဲ၌ လေ့ကျင့်ခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းတို့ကိုသာ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

အပြင်ဘက်တွင် သုံးရက်သာ ကုန်လွန်ခဲ့သော်လည်း သူ့အတွက်မူ သုံးနှစ်ခန့် အချိန်ကုန်လွန်သွားခဲ့သည့်အလားပင်။

ထိုသုံးနှစ်အတွင်း သူသည် ထျန်းယွမ်အဆင့် ကျင့်စဉ်ကို လုံးဝကျွမ်းကျင်ပိုင်နိုင်သွားပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စကြဝဠာမူလစွမ်းအင်အားလုံးကို သာလွန်ထူးကဲပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။

သူ့သက်ရှိအဆင့်အတန်းမှာ အဆင့်ကိုးအခြေခံအဆင့်မျှသာ ရှိနေသေးသော်လည်း အလုံးစုံစွမ်းအားမှာမူ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်တော့ပေ။

သူသည် သက်တော်စောင့်တစ်ဦးကဲ့သို့ ကျန်းမုန့်လောင်၏နောက်တွင် ရပ်နေပြီး ကြီးမားလှသော စိတ်ချလုံခြုံမှုကို ပေးစွမ်းနေပေသည်။

...

အာကာသယာဉ်က ကျန်းမုန့်လောင်၏ အခြေစိုက်စခန်းမြို့တော်အဝင်ဝတွင် ရပ်တန့်သွားပြီး အံ့သြစရာကောင်းလောက်အောင် လူနှစ်ဦးတည်းသာ သင်္ဘောပေါ်က ဆင်းလာကြသည်။

"Legion Commander, it’s their General and Deputy General from Universe 404!" A warrior from Universe Seven quickly announced. "Both are level nine life forms, and for them to appear personally, their intentions likely aren’t friendly."

"တပ်မှူး... သူတို့က စကြဝဠာအမှတ်၄၀၄ရဲ့ ဗိုလ်ချုပ်နဲ့ ဒုဗိုလ်ချုပ်တွေပါ"

စကြဝဠာအမှတ်၇မှ စစ်သည်တစ်ယောက်က အမြန်သတင်းပို့လိုက်သည်။

"နှစ်ယောက်လုံးက အဆင့်ကိုးသက်ရှိတွေဆိုတော့ သူတို့ကိုယ်တိုင် ပေါ်လာတာ ရည်ရွယ်ချက်ကတော့ ကောင်းပုံမရဘူး"

"သူတို့ ရည်ရွယ်ချက်မကောင်းတာကိုပဲ ငါကမျှော်လင့်နေတာ"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးကာ ရှေ့သို့ လျှောက်လှမ်းသွားသည်။

"ဗိုလ်ချုပ်နှစ်ယောက်စလုံးက သူတို့လူတွေကို ရွေးဖို့ ကိုယ်တိုင်ရောက်လာကြလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါက ဒီအခြေစိုက်စခန်းမြို့လေးကို ဂုဏ်တက်စေပါတယ်"

ကျန်းမုန့်လောင်က ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။

"ဒီတစ်ခေါက် ခင်ဗျားတို့က ခင်ဗျားတို့လူတွေကိုပဲ ခေါ်သွားမှာလား။ ဒါမှမဟုတ် လူနဲ့ စစ်ယာဉ်တန်းနှစ်ခုလုံးကို ယူသွားမှာလား"

"အကုန်လုံးကို ယူမှာပေါ့"

"ဟားဟားဟား... ကျွန်တော် ကျန်းမုန့်လောင် ကို ဒီလောက်တောင် လေးစားပြီး ကိုယ်တိုင်ရောက်လာကြတာပဲ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ကပ်စေးနှဲနေလို့ရမလဲ"

ကျန်းမုန့်လောင်က သဘောကောင်းချင်ယောင်ဆောင်ကာ အံတင်းတင်းကြိတ်ပြီး ခြေဆောင့်ပြလိုက်၏။

"စကြဝဠာအမှတ်၄၀၄ရဲ့ စစ်ယာဉ်တန်း စုစုပေါင်း ၁၇ခုအတွက် အစတုန်းက အဆင့်ငါးစွမ်းအင်သလင်းကျောက် ၆၈ထရီလီယံ ဒါမှမဟုတ် ကြယ်တာရာအမြုတေ ၃.၄ဘီလီယံပေးဖို့ လိုပါတယ်။ ကျွန်တော် ၂ရာခိုင်နှုန်း လျှော့ပေးပါ့မယ်။ ဘယ်လိုလဲ... သဘောကောင်းလွန်းတယ် မဟုတ်ဘူးလား"

"ဟားဟားဟား... စကြဝဠာအမှတ်၇က လူတွေ ရူးနေကြတာလား။ ငါတို့ဆီက ပြန်ရွေးငွေတောင်းဖို့ သတ္တိရှိနေသေးတယ်ပေါ့"

"ဘာသဘောလဲ"

"မင်းတို့စကြဝဠာအမှတ်၇က ကမ္ဘာခြားစစ်မြေပြင်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးပြီ။ စကြဝဠာအားလုံးရဲ့ ပူးပေါင်းပိတ်ဆို့အရေးယူမှုက မကြာခင် စကြဝဠာအမှတ်၇အပေါ် ကျရောက်တော့မှာ။ မင်းက ဘယ်လိုဖြစ်ပြီးတော့များ ဒီမှာ ပြန်ရွေးငွေတောင်းပြီး ပျော်မြူးနေနိုင်သေးတာလဲ"

"ဒီတစ်ခေါက် ငါတို့နှစ်ယောက်စလုံး ကိုယ်တိုင်လာတာက ပြန်ရွေးငွေပေးဖို့ လုံးဝစိတ်ကူးမရှိဘူး။ ငါတို့လူတွေနဲ့ စစ်သင်္ဘောတွေကို ချက်ချင်း လွှတ်ပေးလိုက်"

"ငါ အခုမှသဘောပေါက်ပြီ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ခင်ဗျားတို့က လူလာလုတာပဲ။ ဟုတ်တယ်မလား"

"ကျန်းတာ့ပေါင်... သူတို့ကို ပညာပေးလိုက်စမ်း"

ကျန်းမုန့်လောင်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

"အဆင့်ကိုးသက်ရှိတွေဆိုတော့ ငါ့ရဲ့ပြန်ရွေးငွေကို ဆယ်ဆတိုးတောင်းတာက သိပ်လွန်လွန်းရာမကျဘူး မဟုတ်လား"

"ဒါဆိုရင် မင်းမှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့"

အဆင့်ကိုးသက်ရှိနှစ်ယောက်က သူတို့၏ စွမ်းရည်အပေါ် အလွန်အမင်း ယုံကြည်မှုရှိနေကြသည်။ ကျန်းတာ့ပေါင်၏ မျိုးရိုးဗီဇအဆင့်အတန်းမှာ အဆင့်ကိုးအခြေခံအဆင့်မျှသာဖြစ်ပြီး မကြာသေးခင်ကမှ အဆင့်တက်ထားခြင်းဖြစ်ကြောင်း သူတို့ အာရုံခံမိသည်။ အဆင့်ရှစ်သက်ရှိများကို နှိပ်စက်ခြင်းက အလုပ်ဖြစ်နိုင်သော်ငြား သူတို့ရှေ့တွင်မူ တစ်ဖက်လူကား ရိုက်နှက်ခံရရုံသာ ရှိလိမ့်မည်။

"ဘိုဒစ်... ငါ ငါတို့လူတွေကို သွားကယ်နေတုန်း သူ့ကို အချိန်ဆွဲထားလိုက်"

"ကောင်းပြီ"

ဘိုဒစ်ဟု အမည်ရသော အဆင့်ကိုးသက်ရှိက သူခိုးကိုဖမ်းလျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည်ဟူသော စည်းမျဉ်းအတိုင်း ကျန်းမုန့်လောင်ထံသို့ ချက်ချင်းပြေးဝင်သွားသည်။ အကယ်၍ သူတို့သာ ကျန်းမုန့်လောင်ကို ဖမ်းဆီးနိုင်လျှင် သူတို့အလိုရှိသမျှ အရာအားလုံးကို ရရှိလိမ့်မည်သာ။

စကြဝဠာအမှတ်၄၀၄၏ ခေါင်းဆောင်သည် စကြဝဠာအမှတ်၇၏ ခံစစ်စည်းကို ဖြတ်ကျော်ပြီး သူတို့လူများရှိရာနေရာကို ရှာဖွေနေစဉ် ရင်းနှီးသော ပုံရိပ်တစ်ခုက သူ့ဘေးက ပျံသန်းကာ အရှေ့ရှိ တောင်တန်းတစ်ခုဆီသို့ အပြင်းနှင်သွားလေသည်။

"ဘိုဒစ်လား"

လွင့်ထွက်သွားသောလူမှာ သူတို့စကြဝဠာ၏ အခြားအဆင့်ကိုးသက်ရှိတစ်ယောက် ဖြစ်နေလေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထိပ်တိုက်ရင်ဆိုင်မှုတစ်ချက်တည်းနဲ့ ဘယ်လိုလုပ် လွင့်ထွက်သွားရတာလဲ။ အားလုံးက အဆင့်ကိုးသက်ရှိတွေလေ။ စွမ်းအားချင်း ကွာခြားချက်ရှိရင်တောင် အနည်းဆုံးတော့ ခဏလောက်အချိန်ဆွဲထားနိုင်သင့်တယ် မဟုတ်ဘူးလား။

"ရှုး"

ကျန်းတာ့ပေါင်က သူ့ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

ကျန်းမုန့်လောင်က အေးအေးလူလူ လျှောက်လာလေသည်။

"အချိန်ဆွဲထားတာ ဟုတ်လား။ ခင်ဗျားက ဒါကို ထိန်းထားနိုင်တယ်လို့ ခေါ်တာလား။ လူတစ်ယောက်တည်းနဲ့လေ... ခင်ဗျားက ကျွန်တော့်ကို လျှော့တွက်နေတာလား။ ဒါမှမဟုတ် ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးလွန်းနေတာလား"

*******************

All Chapters