← Chapters

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း ၁၀၅၈ - စကြဝဠာအမှတ်၇၏ အကျပ်အတည်း

ထူးခြားလှသော ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရင်း စကြဝဠာအမှတ်၄၀၄မှ ဗိုလ်ချုပ်နှစ်ယောက်နှင့် အတွေးချင်းတူခဲ့ကြသူများအားလုံး ချက်ချင်းပင် ငြိမ်ကျသွားကြတော့သည်။

အချို့အင်အားကြီးစကြဝဠာများတွင် ကမ္ဘာခြားစစ်မြေပြင်၌ တပ်စွဲထားသည့် အဆင့်ကိုးသက်ရှိအများအပြား ရှိကြသည်။ အသံတိတ်စည်းမျဉ်းများအရ စကြဝဠာတစ်ခုသည် စစ်ပွဲအတွင်း အဆင့်ကိုးသက်ရှိများကို အသုံးပြုပါက သူတို့အား ဆန့်ကျင်မည့် အခြားစကြဝဠာများ၏ မည်သည့်လုပ်ရပ်မဆို ထိုစည်းမျဉ်းများကို လိုက်နာရန် မလိုအပ်တော့ပေ။

သေးငယ်သော စကြဝဠာအမှတ်၇အနေနှင့် ဤကမ္ဘာခြားစစ်မြေပြင်တွင် အဆင့်ကိုးသက်ရှိတစ်ယောက် သို့မဟုတ် နှစ်ယောက်ရှိနေခြင်းကပင် မှတ်သားလောက်စရာ ဖြစ်နေချေပြီ။ ထိုအဆင့်ကိုးသက်ရှိများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားလာသရွေ့ သူတို့လူများအား ပြန်မရမည်ကို ကြောက်နေစရာ လိုသေးသလား။

ထို့ပြင် စောစီးစွာ လှုပ်ရှားသူများသည် စကြဝဠာအမှတ်၇ထံမှ အစွမ်းထက်လက်နက်များနှင့် စက်ပစ္စည်းများကိုသာမက စစ်သည်များကို လေ့ကျင့်ပေးသည့် နည်းလမ်းများကိုပါ ရရှိနိုင်သဖြင့် သူတို့မျိုးနွယ်စုများ၏ ဘက်စုံအင်အားကို သိသိသာသာ တိုးတက်လာစေနိုင်သည်။

သို့သော် ယခုမူ ထိုအကြံအစည်မှာ လုံးဝ လက်တွေ့မဆန်ကြောင်း သိသာထင်ရှားလှသည်။ အကြောင်းမှာ စကြဝဠာအမှတ်၄၀၄ရှိ ဗိုလ်ချုပ်နှစ်ယောက်၏အဖြစ်မှာ အဆင့်ကိုးသက်ရှိနှစ်ယောက်သုံးယောက်ခန့်က ကျန်းမုန့်လောင်၏ IPX-001တပ်ဖွဲ့အတွက် မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ကြောင်းနှင့် သူတို့ထံမှ ရိုက်နှက်ခံရနိုင်ကြောင်း သက်သေပြလိုက်သောကြောင့်ပင်။

တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာများက သူတို့မျက်နှာနားသို့ ကပ်လုနီးပါး ရောက်လာသည်ကို မြင်လိုက်ရသောအခါ အဆင့်ကိုးသက်ရှိနှစ်ယောက်မှာ ခေါင်းကို ငုံ့ချထားလိုက်ကြသည်။ ဤသည်မှာ လူပုံအလယ်တွင် သေဒဏ်ပေးခံရခြင်းနှင့် မခြားပေ။ ပုံမှန်အားဖြင့် အခြားသူများထက် အဆင့်အတန်းမြင့်မြင့် နေလာခဲ့သူများ ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်သွားသောအခါ သူတို့မှာ သေချင်စိတ်ပင် ပေါက်သွားကြတော့သည်။

"အဲဒီလို ခေါင်းကြီးတွေ ငုံ့မနေကြပါနဲ့။ အရင်က ကျွန်တော့်ဆီ လူလာတောင်းတုန်းက အရမ်အင်တိုက်အားတိုက် ရှိခဲ့ကြတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အခုမှ ရှက်နေကြတာတုန်း"

ကျန်းမုန့်လောင် က သူတို့ကို လှောင်ပြောင်ပြီး ဆက်ပြောလေသည်။

"သေချာတာပေါ့... ကျွန်တော့်စကြဝဠာအမှတ်၇ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ချင်တဲ့လူရှိရင် လွတ်လွတ်လပ်လပ် လာခဲ့လို့ ရပါတယ်။ ဖြစ်နိုင်ရင် အဆင့်ကိုး သက်ရှိတွေ ပိုခေါ်လာခဲ့ကြပေါ့"

"တပ်မှူး... ဘာဖြစ်လို့လဲ"

သူ့ဘေးရှိ စစ်သည်တစ်ယောက်က မေးလိုက်သည်။

"ငတုံး... အဆင့်ကိုးသက်ရှိတွေက အဆင့်ရှစ်သက်ရှိတွေထက် မိုင်းတူးတာ အများကြီးပိုမြန်တယ်ကွ။ တစ်ယောက်တည်းနဲ့ အဆင့်ရှစ်သက်ရှိ အယောက်၁၀၀စာ အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် များများလာလေ ပိုကောင်းလေပေါ့"

...

"သူတို့ အရမ်းလွန်လာပြီ"

"သူတို့က ငါတို့ကို လုံးဝအရေးမစိုက်ဘူးပဲ"

"ငါတို့က သူ့ကိုကြောက်လို့ ပြန်ရွေးငွေပေးမယ်လို့ သူတို့က ထင်နေတာလား"

ထိုအခိုက်ဝယ် ကမ္ဘာခြားစစ်မြေပြင်ရှိ သီးခြားကျွန်းတစ်ကျွန်းပေါ်၌ အဆင့်ကိုး သက်ရှိ အယောက်၂၀၀၀ကျော်ခန့် စုဝေးရောက်ရှိနေကြသည်။

သူတို့သည် စကြဝဠာအသီးသီးမှ တပ်မှူးများ သို့မဟုတ် ဒုတပ်မှူးအဆင့် ရှိသူများ ဖြစ်ကြသည်။ ကျန်းမုန့်လောင် က စစ်မြေပြင်တွင် အဆင့်ကိုးသက်ရှိများကို အသုံးပြု၍ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း သိလိုက်ရသောအခါ သူတို့လည်း လှုပ်ရှားရန် စိတ်အားထက်သန်နေခဲ့ကြသည်။ ကျန်းမုန့်လောင် က ဓားစာခံများနှင့် လဲလှယ်ရန် စွမ်းအင်သလင်းကျောက်များနှင့် ကြယ်အမြုတေအများအပြား တောင်းဆိုခဲ့ချိန်တွင်မူ သူတို့အားလုံး ဒေါသပေါက်ကွဲသွားကြသည်။

စကြဝဠာအမှတ်၇၏ ဤလုပ်ရပ်ကို မဖြစ်မနေ အပြစ်ပေးရမည်။

အလယ်ဗဟိုတွင် သွေးနီရောင်အကွက်များ ဖုံးလွှမ်းနေသော ဗလတောင့်တောင့် လူတစ်ယောက်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေချေသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်တစ်ခု ထွက်ပေါ်နေသောကြောင့် အခြားအဆင့်ကိုးသက်ရှိများပင် သူ့နားသို့ မကပ်ရဲကြချေ။

မော့ဆက်သည် ကမ္ဘာခြားစစ်မြေပြင်တွင် အင်အားအကြီးဆုံး မျိုးနွယ်စုနှင့် အင်အားအကြီးဆုံး အဆင့်ကိုးသက်ရှိအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပြီး ယခင်က ဤကဲ့သို့ ရန်စခံရခြင်းမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။

သို့သော် စကြဝဠာအမှတ်၄၀၄မှ အဆင့်ကိုးသက်ရှိနှစ်ယောက်၏ လက်ရှိအခြေအနေကြောင့် စကြဝဠာအမှတ်၇ကို အထင်သေး၍ မရကြောင်းကိုလည်း သူ ဝန်ခံရပေမည်။

သူတို့ထဲမှ အများအပြားသည် ထိုနှစ်ယောက်ကို အနိုင်ယူရန် သို့မဟုတ် သတ်ဖြတ်ရန် ယုံကြည်ချက်ရှိကြသော်လည်း ကျန်းမုန့်လောင်ကဲ့သို့ ကြယ်တာရာအမြုတေများကို နာခံမှုရှိရှိ တူးဖော်လာစေရန် ပြုလုပ်နိုင်မည်ဟုတော့ ယုံကြည်မှုမရှိကြပေ။ ထိုနှစ်ယောက်မှာ လုံးဝလက်မြှောက်အရှုံးပေးသွားခဲ့ရခြင်းပင်။

ဤသည်မှာ စကြဝဠာအမှတ်၇တွင် အစွမ်းထက်သော အဆင့်ကိုးသက်ရှိနှစ်ယောက်ကို အနိုင်ယူနိုင်စွမ်းရှိရုံသာမက သူတို့ကို ထိန်းချုပ်နိုင်သည့် အစွမ်းထက်နည်းလမ်းများလည်း ရှိနေကြောင်း ညွှန်ပြနေသည်။ ယင်းမှာ စစ်ရေးအင်အား၊ နည်းပညာအင်အား သို့မဟုတ် အခြားအရာတစ်ခုခုလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် ထိုအချက်ကို အလေးအနက်ထား၍ စဉ်းစားရမည်။

"ဒီစကြဝဠာအမှတ်၇အကြောင်း သိတဲ့လူ ရှိကြလား"

"ငါတို့ စကြဝဠာအမှတ်၁၈က သူတို့နဲ့ ရန်သူဟောင်းတွေပဲ"

စကြဝဠာအမှတ်၄၀၄ရှိ လူနှစ်ယောက်ထက် မနိမ့်ကျသော အဆင့်ကိုး အထွတ်အထိပ် သက်ရှိတစ်ဦးဖြစ်သည့် စကြဝဠာအမှတ်၁၈မှ ဗိုလ်ချုပ်ကီရော့ဒ် က ပြောလာလေသည်။

"ငါတို့က သူတို့နဲ့ နှစ်သန်းပေါင်းများစွာ တိုက်ခိုက်လာခဲ့တာ။ အမြဲတမ်း ငါတို့ဘက်က အသာစီးရခဲ့တယ်။ သူတို့ကလွဲရင် ငါတို့မှာ ပိုအင်အားကြီးတဲ့ ရန်သူတွေ ရှိနေတာမို့ သူတို့ကို အရေးတယူတောင် မလုပ်ခဲ့ဘူး။ ငါတို့သာ သူတို့ကို နှိမ်နင်းဖို့ အာရုံစိုက်ခဲ့ရင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက သူတို့တွေ ကမ္ဘာခြားစစ်မြေပြင်ကနေ ပျောက်ကွယ်သွားလောက်ပြီ"

ကီရော့ဒ်က ဆက်ပြောသည်။

"ဒါပေမဲ့ လတ်တလောနှစ်တွေအတွင်း သူတို့စစ်တပ်ထဲမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာခဲ့တယ်။ ပထမဦးဆုံး အဆင့်ငါးသက်ရှိ ရာဂဏန်းပါဝင်တဲ့ ကျားပျံတပ်ဖွဲ့က ငါတို့ရဲ့အခြေစိုက်စခန်းမြို့တော်တစ်ခုကို ချေမှုန်းပစ်ခဲ့တယ်။ ပြီးတော့ အဖက်ဖက်က ထောက်ပံ့မှုတွေနဲ့အတူ ဒီလူရာဂဏန်းလောက်က အဆင့်ခြောက်သက်ရှိတွေအဖြစ် တစ်ပြိုင်နက်တည်း အဆင့်တက်သွားကြတော့တာပဲ"

"ရာနဲ့ချီတဲ့လူတွေက တစ်ပြိုင်နက်တည်း အဆင့်တက်သွားတာလား"

ဤကဲ့သို့သော အဖြစ်အပျက်မျိုး ယခင်က တစ်ခါမှ မဖြစ်ဖူးသဖြင့် လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။

"ဟုတ်တယ်။ အဲဒီမြင်ကွင်းကို ငါတို့ရဲ့ ကွမ်တမ်ကင်မရာတွေက မှတ်တမ်းတင်ထားတယ်။ အဆင့်တက်ပြီးတဲ့နောက်မှာ ဒီကျားပျံတပ်ဖွဲ့က တစ်ရက်ကို မြို့သုံးမြို့နှုန်းနဲ့ ငါတို့ရဲ့အခြေစိုက်စခန်းမြို့တော်ပေါင်းများစွာကို သိမ်းပိုက်ခဲ့တယ်။ စကြဝဠာအမှတ်၇ကသာ အခြေခံအုတ်မြစ်မခိုင်မာလို့ ဒီအခြေစိုက်စခန်းမြို့တော်တွေကို စောင့်ရှောက်ဖို့ တပ်ဖွဲ့တွေ ထပ်မလွှတ်နိုင်ခဲ့တာကြောင့်သာမဟုတ်ရင် သူတို့ ဆက်ပြီးသိမ်းပိုက်နေဦးမှာပဲ"

"ဟွန့်... မင်းတို့ရဲ့ အဆင့်ခုနစ် သက်ရှိတွေက အသုံးမကျတာ မဟုတ်ဘူးလား"

ဗိုလ်ချုပ်တစ်ယောက်က လှောင်ပြောင်လိုက်သည်။

"စကြဝဠာအမှတ်၁၈ရဲ့ အခြေစိုက်စခန်းမြို့တော် တစ်ခုချင်းစီမှာ အနည်းဆုံး အဆင့်ခုနစ်သက်ရှိ ဆယ်ယောက်လောက်ရှိတယ်လို့ ငါသိထားတယ်"

"ကိုယ်တိုင်မကြုံဖူးရင် ပါးစပ်ပိတ်ထား"

စကြဝဠာအမှတ်၁၈၏ ရန်သူစကြဝဠာမှ လူတစ်ဦးက ပြန်လည်ချေပလိုက်သည်။ ကီရော့ဒ်က ထိုလူကို လုံးဝလျစ်လျူရှုထားလိုက်၏။

"သူတို့ရဲ့ ဘယ်အဆင့်ခြောက်အခြေခံ သက်ရှိမဆို အဆင့်ခုနစ်အဆင့်မြင့် ဒါမှမဟုတ် အထွတ်အထိပ်သက်ရှိတွေကိုတောင် အနိုင်ယူနိုင်တယ်။ သူတို့ရဲ့ ခေါင်းဆောင် ကျန်းမုန့်လောင်ဆိုတဲ့ ကောင်လေးက ငါတို့ရဲ့တပ်မှူးတစ်ယောက်ကိုတောင် ထိပ်တိုက်ရင်ဆိုင်ပြီး ဖြုတ်ချနိုင်ခဲ့တာကွ"

"သူပြောတာ မှန်လောက်တယ်"

အခြားစကြဝဠာတစ်ခုမှ တပ်မှူးတစ်ယောက်က ဝင်ပြောသည်။

"ငါတို့လည်း စကြဝဠာအမှတ်၇က IPX-001တပ်ဖွဲ့နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ ဒီကျန်းမုန့်လောင်က လက်ရှိတပ်မှူးပဲ။ သူတို့စစ်သည်တွေက အဆင့်ငါး အထွတ်အထိပ်သက်ရှိ မျိုးရိုးဗီဇအဆင့်သာရှိပေမဲ့ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အဆင့်ခြောက်သက်ရှိတွေနဲ့ ညီမျှတယ်"

"ဒီလူ့ဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်"

ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် စကြဝဠာအမှတ်၇ ရုတ်တရက်အင်အားကြီးမားလာရခြင်း၏ အကြောင်းအရင်းမှာ ကျန်းမုန့်လောင်ပေါ်တွင် မူတည်နေကြောင်း သူတို့ ကောက်ချက်ချလိုက်ကြသည်။

"ဒါပေမဲ့ ငါ အထင်မမှားဘူးဆိုရင် စကြဝဠာအမှတ်၇က ကမ္ဘာခြားစစ်မြေပြင်မှာ အဆင့်ကိုးသက်ရှိအဖြစ် ရောက်ထားာ လော့ကျစ်တစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား"

လော့ကျစ်၏နာမည်ကို ပြောလိုက်သည်နှင့် ထိုနေရာရှိ လူအများအပြား၏ အမူအရာများ ပြောင်းလဲသွားကြသည်။

စကြဝဠာအမှတ်၇သည် အားနည်းသော်လည်း လော့ကျစ်မှာမူ အဆင့်ကိုး သက်ရှိများထဲတွင် ထင်ရှားသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အခြားစကြဝဠာများမှ အဆင့်ကိုး သက်ရှိများကို သူ့အနေနှင့် ပြင်းပြင်းထန်ထန် ဖိအားပေးထားခြင်း မရှိပါက စကြဝဠာအမှတ်၇သည် ယခင်ကတည်းက ဖျက်ဆီးခံရနိုင်ပေသည်။

"လော့ကျစ်က စကြဝဠာအမှတ်၇ထဲက သူတို့ဌာနချုပ်မှာ ရှိနေတုန်းပဲ။ ငါ တလောကကမှ သူနဲ့ တိုက်ခိုက်ခဲ့သေးတယ်"

ကီရော့ဒ်က ပြောလိုက်သည်။

"အဲဒီလူက ငါတို့တပ်မှူးတွေထဲက တစ်ယောက်ပဲ"

စကြဝဠာအမှတ်၆၅ရှိ တပ်မှူးက နောက်ဆုံးတွင် နှုတ်ဟလာသည်။

"ငါတို့ စေလွှတ်လိုက်တဲ့ စစ်ယာဉ်တန်းက အဆက်အသွယ်ပြတ်သွားလို့ အစက လမ်းမှာတင် ကျဆုံးသွားပြီထင်နေခဲ့တာ။ အခုလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

"မင်းလူတွေ ဟုတ်လား"

လူတိုင်း မျက်လုံးပြူးသွားကြသည်။

"ဂက်ကိုရွန်က ငါ့လက်အောက်မှာ အဆင့်ကိုးသက်ရှိနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ငါ့တပ်မှူးတစ်ယောက်ပဲ။ သူက အရမ်း သစ္စာရှိပြီး အဆင့်တက်ဖို့လည်း နီးစပ်နေပြီဆိုပေမဲ့ စကြဝဠာအမှတ်၄၀၄က နှစ်ယောက်ကိုတော့ သေချာပေါက် အနိုင်မယူနိုင်ဘူး"

ဤသည်မှာ တုန်လှုပ်ဖွယ်ရာ ဖော်ထုတ်ချက်တစ်ခုပင် ။ သူ့ပြောစကားအရဆိုလျှင် ကျန်းမုန့်လောင်သည် အဆင့်ကိုး သက်ရှိတစ်ယောက်ကို ဘက်ပြောင်းသွားအောင် လုပ်နိုင်ခဲ့​ေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"IPX-001တပ်ဖွဲ့ကို လောလောဆယ် သွားမထိနဲ့ဦး"

မော့ဆက်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါတို့က အပြစ်ပေးဖို့ လက်လျှော့လိုက်ရမှာလား"

"ဟွန့်... ဒီတပ်ဖွဲ့လေးတစ်ခုပဲ အင်အားကြီးတာပါ။ သူတို့ စကြဝဠာအမှတ်၇တစ်ခုလုံး မဟုတ်ပါဘူး။ ဒီတပ်ဖွဲ့က သူတို့အခြေစိုက်စခန်းမှာ မရှိတော့တဲ့အတွက် ငါတို့ သူတို့ရဲ့မွေးရပ်မြေကို တိုက်ခိုက်ပြီးမှ သူတို့ကို ဖြည်းဖြည်းချင်း ရှင်းကြတာပေါ့။ တစ်ယောက်နဲ့မလောက်ရင် ဆယ်ယောက်လွှတ်။ ဆယ်ယောက်နဲ့မလောက်ရင် ရာဂဏန်းလောက်လွှတ်။ ရာဂဏန်းနဲ့မလောက်ရင် ထောင်ဂဏန်းလောက် လွှတ်ကြတာပေါ့"

"ဒါနဲ့တောင် သူ့ကို မရှင်းနိုင်ဘူးဆိုရင်တော့ ဒီကမ္ဘာခြားစစ်မြေပြင်ကြီး ရှိနေဖို့ အကြောင်းပြချက် မရှိတော့ဘူး"

*******************

All Chapters