← Chapters

အခန်း ၁၀၆၀

Vol. 71 Ch. 1060

အခန်း ၁၀၆၀

Vol. 71 Ch. 1060

အခန်း ၁၀၆၀ - သူ ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား

"ဒါက ဘာကြီးလဲ။ ဘာလို့ အခုထိမကျိုးပျက်သေးတာလဲ"

ပိတ်ဆို့အရေးယူရေး မဟာမိတ်ကော်မတီဝင်များမှာ မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိလှသော ဂိုဏ်းကာကွယ်ရေးအစီအရင်ကြီးကို စိုက်ကြည့်နေကြသည်။ အကယ်၍သာ သူတို့တွင် ဤကဲ့သို့သောအရာမျိုး ရှိခဲ့လျှင် ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်မည်ဟု ကြွားဝံ့မည်မဟုတ်သော်လည်း စွမ်းအင်ထောက်ပံ့မှု လုံလောက်စွာရှိပါက ဤစစ်မြေပြင်တွင် အနည်းဆုံးတော့ သူတို့၏ရှင်သန်မှုကို သေချာပေါက် အာမခံနိုင်ပေမည်။

"ဒါက နည်းပညာထုတ်ကုန်တစ်ခုနဲ့ မတူဘူး။ တကယ်လို့ သူတို့ ဒီလိုစွမ်းအားမျိုးရှိတဲ့ ကာကွယ်ရေးစနစ်ကို တီထွင်နိုင်တယ်ဆိုရင် အဲဒီအဆင့်ရှိတဲ့ တိုက်ခိုက်ရေးလက်နက်တွေကိုလည်း ပိုင်ဆိုင်ထားနိုင်ခြေများတယ်။ တကယ်လို့ သူတို့က အဆင့်ကိုးသက်ရှိတွေရဲ့ ပေါင်းစပ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်ဆိုရင် အဆင့်ကိုးသက်ရှိတွေကိုလည်း အလွယ်တကူသတ်ပစ်နိုင်မှာပဲ"

အစောကတင် ယာယီပိတ်ဆို့အရေးယူရေးကော်မတီမှ အဆင့်ကိုးသက်ရှိ ရာပေါင်းများစွာသည် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသော်လည်း ထိုအရာမှာ ဘာထိခိုက်မှုမှ မရှိသည့်အပြင် အစီအရင်က သူတို့၏စွမ်းအင်များကိုပင် စုပ်ယူကာ တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် အဆင့်ကိုးသက်ရှိအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။

"ဒါက အဲဒီလူချန်ထားခဲ့တာ ဖြစ်ရမယ်"

မော့ဆက်၏ လေသံမှာ ရုတ်တရက် အလွန်လေးနက်သွားသည်။

"ရုတ်တရက်ပေါ်လာပြီး ပြန်ပျောက်သွားတဲ့ အဲဒီလူကို ပြောချင်တာလား"

ထိုလူ့အကြောင်းကို ပြောလိုက်ချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူသည် ကမ္ဘာခြားစစ်မြေပြင်တွင် တားမြစ်ထားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည့်အလားပင်။

သူ ပထမဆုံးပေါ်ထွက်လာချိန်မှာ စကြဝဠာနှစ်ခုကြားရှိ ရာစုနှစ်တစ်ခုကြာမြင့်သော ဂလက်ဆီအချင်းချင်းတိုက်ခိုက်သည့် စစ်ပွဲအတွင်း၌ပင်။

ထိုအရာကား စကြဝဠာအမှတ်၁၉၃နှင့် စကြဝဠာအမှတ်၁၀၃၆တို့အကြား နောက်ဆုံးတိုက်ပွဲဖြစ်သည်။ သူတို့သည် နှစ်သန်းပေါင်းများစွာ စစ်မက်ဖြစ်ပွားနေခဲ့သော စကြဝဠာနှစ်ခုဖြစ်ပြီး မူလက အခြေအနေမတိမ်းမယိမ်း ဖြစ်နေခဲ့သော်လည်း သူတို့၏စနစ်များအတွင်းရှိ ကွာခြားချက်များကြောင့် စကြဝဠာအမှတ်၁၉၃က စစ်သည်တော်များကို ပြုစုပျိုးထောင်ရာတွင် မည်သည့်စရိတ်ကိုမျှ မနှမြောခဲ့သော်လည်း စကြဝဠာအမှတ်၁၀၃၆ကမူ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ခွင့်ပြုခဲ့သည်။

ရေတိုတွင် ကွာခြားမှုမရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကွာဟချက်က တဖြည်းဖြည်း သိသာထင်ရှားလာခဲ့သည်။

စကြဝဠာအမှတ်၁၉၃သည် အင်အားသစ်များကို အဆက်မပြတ် ထုတ်လုပ်နိုင်ခဲ့ပြီး စစ်မြေပြင်တွင် ပါရမီရှင်စစ်သည်တော်များစွာ ပေါ်ထွက်လာခဲ့သော်လည်း စကြဝဠာအမှတ်၁၀၃၆ကမူ စစ်ပွဲကြောင့် ကျဆုံးသွားသော စစ်သည်များနေရာတွင် အစားထိုးရန်လုံလောက်သော တပ်သားသစ်များကို မွေးထုတ်နိုင်ရန် ရုန်းကန်နေရသည်။

နောက်ဆုံးတွင် စကြဝဠာအမှတ်၁၀၃၆၏ အခြေစိုက်စခန်းမြို့တော်များမှာ တစ်ခုပြီးတစ်ခု တိုက်ပွဲကျသွားခဲ့ပြီး အဆုံးတွင် စကြဝဠာအမှတ်၁၉၃၏ တပ်ဖွဲ့များမှာ မြို့တံခါးဝအထိ ရောက်လာခဲ့လေရာ စကြဝဠာအမှတ်၁၀၃၆မှာ ပြိုလဲလုနီးပါးအခြေအနေသို့ ရောက်ရှိသွားပုံရသည်။

ထိုအချိန်က စကြဝဠာအမှတ်၁၉၃သည် တိုက်ခိုက်မှုအတွက် တပ်ဖွဲ့စုစုပေါင်းငါးရာကို စေလွှတ်ခဲ့ပြီး အဆင့်ကိုးသက်ရှိနှစ်ယောက်ကိုယ်တိုင် စကြဝဠာအမှတ်၁၀၃၆၏ အဆင့်ကိုးသက်ရှိကို ချုပ်နှောင်ကာ သူ ဒဏ်ရာရထားသည့်အချိန်တွင် ဖိအားပိုပေးခဲ့သည်။

သို့သော် မမျှော်လင့်ထားပါဘဲ ထိုလူ ပေါ်လာခဲ့သောကြောင့် ကြီးမားလှသော အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

စကြဝဠာအမှတ်၁၉၃မှ လူများ၏အဆိုအရ ထိုလူ၏ သက်ရှိအရှိန်အဝါသည် စကြဝဠာနှစ်တစ်ထောင်နှစ်ထောင်ခန့်မျှသာ ရှိသော်လည်း သူ့စွမ်းအားမှာမူ ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှပြီး သူ့ရှေ့မှောက်တွင် အဆင့်ကိုး သက်ရှိများမှာ ကြက်ပေါက်စလေးများနှင့်ပင် တူနေခဲ့သည်။

သူသည် စကြဝဠာအမှတ်၁၉၃အတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်သွားပြီး လှုပ်ရှားမှုတစ်ခုတည်းဖြင့် စကြဝဠာအမှတ်၁၉၃၏ အဆင့်ကိုး သက်ရှိနှစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီးနောက် သူတို့ကို ထွက်သွားရန် ယတိပြတ်ပြောဆိုခဲ့သည်။

သူတို့သည် မူလက ဤလူမှာ စကြဝဠာအမှတ်၁၀၃၆၏ မဟာမိတ်တပ်ဖွဲ့များအတွင်းမှ စူပါစွမ်းအားရှင်တစ်ယောက်ဟု ထင်ခဲ့ကြသော်လည်း မမျှော်လင့်ပါဘဲ စကြဝဠာအမှတ် ၁၀၃၆မှ လူများကလည်း သူ မည်သူမည်ဝါဖြစ်ကြောင်း လုံးဝမသိခဲ့ကြပေ။

စကြဝဠာအမှတ်၁၀၃၆ကို သူ ဘာကြောင့်ကူညီခဲ့သလဲဟု မေးမြန်းသောအခါ အလွန်တုန်လှုပ်ဖွယ်ကောင်းသော အကြောင်းပြချက်တစ်ခုကို ပေးခဲ့သည်။ ထိုအကြောင်းပြချက်မှာ စကြဝဠာအမှတ်၁၀၃၆ရှိ ထိုအဆင့်ကိုးသက်ရှိက အလှပဂေးလေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ မည်သည့်အလှပဂေးလေးကိုမှ သူ့မျက်စိရှေ့မှောက်တွင် ပျက်စီးခွင့်ပြုမည်မဟုတ်ဟု ဆိုလေသည်။

အဲဒါက ဘယ်လိုတောင်ယုတ်မာပြီး အရှက်မရှိတဲ့ အကြောင်းပြချက်မျိုးလဲ။

မြင့်မားသော သက်ရှိအဆင့်သို့ ရောက်ရှိလာချိန်တွင် သက်ရှိများမှာ ကျားမသဘောတရားကို ဆုံးရှုံးသွားလေ့ရှိပြီး အချို့သော မူလဆန္ဒများပင် မှေးမှိန်ကာ သက်ရှိများ၏ ကန့်သတ်ချက်များကို ချိုးဖောက်ရန် ကြိုးပမ်းအားထုတ်မှုသာ ကျန်ရှိတော့သည်။

ကမ္ဘာခြားစစ်မြေပြင်မှာ စော်ကြည်ဖို့ လုပ်တာတဲ့လား။

နောက်ပိုင်းတွင် ထိုလူသည် စကြဝဠာအမှတ်၁၀၃၆၏ အဆင့်ကိုးသက်ရှိနှင့် မည်သည့်အပေးအယူများကို သဘောတူညီခဲ့သလဲဆိုသည်ကို မည်သူမှ မသိကြသော်လည်း သူသည် စကြဝဠာအမှတ်၁၉၃၏ ယာဉ်တန်းအပေါ် တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။

ထိုအရာကား သူတို့ ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုပင်။

ထိုလူ၏ခန္ဓာကိုယ်ထဲက မရေမတွက်နိုင်သော ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ဤဓားချီစွမ်းများသည် မိုင်သောင်းချီ၍ ရှည်လျားကာ အစွမ်းအထက်ဆုံး အလင်းတန်းအမြောက်များထက်ပင် အဆရာပေါင်းများစွာ ပိုမိုပြင်းထန်ပြီး စစ်ယာဉ်တန်းများကို တို့ဟူးတုံးများကဲ့သို့ ဖြတ်တောက်သွားသည်။

ထိုမျှသာမက ဓားချီစွမ်းအင်များ၏ တိုက်ခိုက်မှုမှာ အလွန်တိကျပြီး သူတို့၏သင်္ဘောများရှိ လက်နက်စနစ်များကိုသာ အသုံးမပြုနိုင်အောင် ပြုလုပ်ထားသဖြင့် သူတို့စစ်သည်တော်များ၏ စက်ပစ္စည်းများနှင့် လက်နက်များကို ချေမှုန်းနိုင်ခဲ့သည်။

ငါးမိနစ်အတွင်းမှာပင် သူသည် လူတစ်ယောက်ကိုမျှ မသတ်ဘဲ စကြဝဠာအမှတ်၁၉၃ကို ထိပ်တိုက်ရင်ဆိုင် ချေမှုန်းပစ်ခဲ့သည်။

ထို့နောက် သူသည် "ထွက်သွား"ဟူသော စကားတစ်ခွန်းကိုသာ ပြောခဲ့ပြီး စကြဝဠာအမှတ်၁၀၃၆၏ အဆင့်ကိုးသက်ရှိအား တပ်ဖွဲ့အတွင်းရှိ သူ(မ)၏ နေထိုင်ရာနေရာသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ဘာဖြစ်ခဲ့သည်ကိုတော့ နားလည်သူများက အလိုအလျောက် သိနေကြပေသည်။

အခြားဖြစ်ရပ်တစ်ခုတွင် အခြားစကြဝဠာနှစ်ခုမှ ယာဉ်တန်းများက သတ္တုမိုင်းတစ်ခုအတွက် တိုက်ခိုက်နေကြစဉ် သူ တစ်ဖန်ပေါ်လာပြန်သည်။ အားနည်းသောဘက်ကို ကူညီရန် အခြေအနေကို ပြောင်းလဲပစ်ပြီး အားနည်းသောဘက်ကို ပိုသဘောကျသည်ဟူသော ရယ်စရာကောင်းသည့် အကြောင်းပြချက်ကို ပေးခဲ့သည်။

နောက်ပိုင်းတွင် ဤလူ၏ သတင်းများမှာ အချိန်အနည်းငယ်ကြာတိုင်း ထွက်ပေါ်လာလေ့ရှိပြီး သူသည် အခြားစကြဝဠာစစ်ပွဲများတွင် ဝင်ရောက်စွက်ဖက်ကာ မည်သည့်နည်းလမ်း သို့မဟုတ် ယုတ္တိတန်မှုမျှမရှိပါဘဲ စိတ်ကူးပေါက်ရာအတိုင်းသာ ပြုမူလေ့ရှိသည်။

နောက်ဆုံးတွင် သူ့လုပ်ရပ်များက စကြဝဠာအားလုံးကို မကျေမနပ်ဖြစ်စေခဲ့သဖြင့် ယာယီပိတ်ဆို့အရေးယူရေးကော်မတီကို ဖွဲ့စည်းပြီး အဆင့်ကိုးသက်ရှိတစ်ထောင်ကျော်က သူ့ကို လူသိရှင်ကြား ရှုတ်ချခဲ့ကြသည်။

သို့သော် ဤလူများက သူ့ကိုရှာဖွေရန် ကြံစည်နေချိန်တွင် သူက တက်တက်ကြွကြွ ထွက်ပေါ်လာခဲ့ပြီး မည်သို့သောတိုက်ပွဲမျိုး ဖြစ်ပွားခဲ့သည်ကိုမူ မည်သူမျှ မသိခဲ့ကြပေ။

ရက်အနည်းငယ်အကြာတွင် ထိုလူအယောက်တစ်ထောင်ကို တွေ့ရှိခဲ့သည်။ လူတိုင်းမှာ ပြင်းထန်စွာ ဒဏ်ရာရထားကြသည်။ သူတို့၏ စွမ်းအားများကလည်း ပြောမပြတတ်သော နည်းလမ်းတစ်ခုဖြင့် ချိတ်ပိတ်ခံထားရပြီး အဆိုးဝါးဆုံးမှာ သူတို့အားလုံး အဝတ်အစားများ အချွတ်ခံထားရသည့်အပြင် ကမ္ဘာခြားစစ်မြေပြင်၏ သစ်တောတစ်ခုအတွင်းရှိ အမြင့်ဆုံးတောင်ပေါ်တွင် ချိတ်ဆွဲခံထားရသည်။

လူအနည်းငယ်သာ ဤကိစ္စကို သိခဲ့ကြသော်လည်း ထိုအချိန်မှစ၍ မည်သူကမှ ထိုလူ့အကြောင်း ထပ်မပြောရဲကြတော့ချေ။ သူ့အကြောင်းကိုသိသူ ပိုနည်းပါးသွားပြီး သူသည် စကြဝဠာအမှတ်၇ကဟု ဆိုခဲ့ကြောင်းသာ သိကြလေသည်။

ဤလူသည် ကမ္ဘာခြားစစ်မြေပြင်တွင် နှစ်ရာဂဏန်းသာ ပေါ်ပေါက်လာခဲ့သော်လည်း ထိုနှစ်များအတွင်း သူသည် စကြဝဠာအားလုံးတွင် ထိတ်လန့်တုန်လှုပ်မှုများကို ဖန်တီးခဲ့ပြီး မျိုးနွယ်စုများအကြားရှိ အချို့စစ်ပွဲများကိုပင် ရပ်တန့်သွားစေခဲ့သည်။ အကြောင်းမှာ သူ ဘယ်အချိန်တွင် ပေါ်လာပြီး ကမောက်ကမဖြစ်အောင် လုပ်မည်ကို သူတို့ လုံးဝမသိနိုင်သောကြောင့်ပင်။

သို့သော် ထိုလူ၏ သက်ရှိအဆင့်မှာ အဆင့်ကိုးကို ကျော်လွန်နိုင်ပြီး စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်သော နယ်ပယ်တစ်ခုဖြစ်နိုင်ကြောင်း သူတို့ ခပ်ယဲ့ယဲ့ခန့်မှန်းမိကြသည်။

"ဒါက သူချန်ထားခဲ့တဲ့အရာဆိုရင်တော့ လုံးဝအံ့သြစရာမရှိပါဘူး"

"အဲဒီလူ ရုတ်တရက်ပြန်ပေါ်လာမယ်လို့ မင်းတို့ ထင်လား"

"သူ ပျောက်ကွယ်သွားတာ နှစ်ရာနဲ့ချီနေပြီလေ။ အခု စကြဝဠာအမှတ်၇က ဒီအခြေအနေရောက်နေတာတောင် သူ ပေါ်မလာဘူးဆိုတော့ သူ သေသွားပြီ။ ဒါမှမဟုတ် တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရမယ်။ ဖြစ်နိုင်တာကတော့ ပိုမြင့်မားတဲ့ စကြဝဠာတစ်ခုဆီ ခရီးထွက်သွားတာမျိုးပေါ့"

"ယုတ္တိရှိတယ်။ တကယ်လို့ သူ ရှိနေသေးတယ်ဆိုရင် သူ့ရဲ့စကြဝဠာကို လျစ်လျူရှုထားမှာ မဟုတ်ဘူး"

"အဲဒီလိုဆိုရင်တော့ ငါတို့ သိပ်စိုးရိမ်စရာမလိုတော့ပါဘူး"

မော့ဆက်မှာ အာကာသယာဉ်ပေါ်က ထွက်လာခဲ့လေရာ ဂိုဏ်းကာကွယ်ရေးအစီအရင်အတွင်းရှိ စကြဝဠာအမှတ်၇၏ အဆင့်ကိုးသက်ရှိများက သူ့ကို စူးစိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။

"လော့ကျစ်... မင်း ခုခံတာကို ရပ်သင့်ပြီ။ ဘာပဲဖြစ်ဖြစ် စကြဝဠာအမှတ်၇က ဒီကမ္ဘာခြားစစ်မြေပြင်မှာ လုံးဝ ရှင်သန်နိုင်မှာမဟုတ်ဘူး။ မင်းတို့ရဲ့ မျိုးနွယ်စုက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ထိုက်တန်တဲ့တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်"

"မင်းတို့ကို အမြန်ထွက်သွားဖို့ ငါ အကြံပေးပါရစေ"

ထိုသို့သော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသော်လည်း လော့ကျစ်သည် အကြောက်တရား သို့မဟုတ် ဆုတ်ခွာလိုခြင်း အလျဉ်းမရှိဘဲ တည်တည်ငြိမ်ငြိမ်သာ ရှိနေချေသည်။

"တကယ်လို့ မုန့်လောင်ပြန်ရောက်လာရင် မင်းတို့ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ရမှာ မဟုတ်ဘူး"

"သူက မင်းတို့IPX-001တပ်ဖွဲ့ရဲ့ တပ်မှူးမဟုတ်ဘူးလား"

မော့ဆက်က လှောင်ပြောင်လိုက်သည်။

"ငါတို့ဆီမှာ အဆင့်ကိုးသက်ရှိနှစ်ထောင်ကျော် ရှိတယ်။ လူတစ်ယောက်တည်းက ဘာလုပ်နိုင်မှာလဲ"

"ဟားဟားဟား... မင်းတို့လူ အယောက်တစ်ထောင်ကျော်လောက်က အဲဒီလူကို အရေးယူဖို့ ကြိုးစားခဲ့ပြီးမှ အဝတ်အစားတွေ အချွတ်ခံရပြီး သစ်ပင်ပေါ်မှာ ချိတ်ခံထားခဲ့ရတာကို ငါ မှတ်မိနေသလိုပဲ"

မော့ဆက်၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။ ထိုအချိန်က သူသည် ထိုလူအယောက်တစ်ထောင်ထဲမှ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ထိုအဖြစ်ကား သူ့ဘဝတွင် အမည်းစက်နှင့် အရိပ်ဆိုးတစ်ခုဖြစ်လေရာ ယခုလို အပြောခံရခြင်းမှာ သူ့ကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သလိုပင်။

"ဒါကြောင့် အရေအတွက်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘူး"

"ဘာလဲ။ အဲဒီလူက မင်းတို့ကို လာကယ်တင်လိမ့်မယ်လို့ မျှော်လင့်နေတာလား"

မော့ဆက်က ပြန်လည်ချေပလိုက်သည်။

"မင်းတို့ရဲ့ စကြဝဠာအမှတ်၇က မနည်းတောင့်ခံနေရတာတောင် သူ ဘာလို့ အခုထိပေါ်မလာသေးတာလဲ"

"မင်းတို့လိုကောင်တွေကို ဖြေရှင်းဖို့ သူကိုယ်တိုင် ဝင်ပါစရာမလိုလို့ ဖြစ်မှာပေါ့"

လော့ကျစ်က ရယ်မောလိုက်သည်။

"ဒါနဲ့... ကျန်းမုန့်လောင်ဆိုတာ တကယ်တမ်း ဘယ်သူလဲဆိုတာ မင်းတို့သိကြလား"

****************

All Chapters