← Chapters

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း (၈၈၈) အခြေအနေကို နားလည်သော ပညာရှိ၊ ယွဲ့ အင်မော်တယ် မျှော်စင်သစ် (အပိုင်း ၃)

ဒီလူသည် တကယ်ကို ရိုးရှင်းမနေကြောင်း စုယွီ သိလိုက်၏။

စုယွီက ပြောလိုက်၏။

“ခင်ဗျား စဉ်းစားကြည့်လို့ ရပါတယ်... ကျုပ်က အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ မှာ... နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်နေဦးမှာပါ”

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က မတ်တတ်ရပ်လိုက်၏။ ပြုံး၍ ခေါင်းယမ်းလိုက်ကာ...

“စဉ်းစားနေစရာ မလိုတော့ပါဘူး... တာအိုမိတ်ဆွေ ကသာ ကောင်းကင်အပျက်အစီးခန်းမ ကို ဒီလောက်တောင် အထင်ကြီးပေးမှတော့... ဒါက ကောင်းကင်အပျက်အစီးခန်းမ ရဲ့ ဂုဏ်ကျေးဇူးပါပဲ”

“ဒီနေ့ကစပြီး... ကောင်းကင်အပျက်အစီးခန်းမ ဟာ တာအိုမိတ်ဆွေရဲ့ ဦးဆောင်မှု နောက်ကို... လိုက်ပါဖို့ ဆန္ဒရှိပါတယ်”

ကျားသံတမန်တော်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာတော့သည်။

သူက ခန်းမသခင်ကို အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်းဟု အမှန်တကယ် မေးမြန်းချင်နေမိ၏။ သို့သော် သူ၏ ပါးစပ်မှာ ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်ကြောင့် ပိတ်ဆို့ခံထားရသည်။ ထို အခင်းအကျင်းကို အတင်းအကျပ် ချိုးဖျက်ရန်လည်း သူ မဝံ့ရဲသဖြင့် အတွင်းစိတ်တွင်သာ ပူပန်နေရတော့၏။

'ဘာဖြစ်လို့ ဒီနေ့ ခန်းမသခင်က ဒီလောက်တောင် စကားပြောရ လွယ်နေရတာလဲ... ငါ့ရှေ့က ဒီလူက တကယ်ပဲ ဘယ်သူများလဲ... အခုမှ စတွေ့ဖူးတာကိုတောင်... ခန်းမသခင်က ငါတို့ကို ဒီလူ့အတွက် အလုပ်အကျွေး ပြုခိုင်းဖို့ စီစဉ်နေတာလား... ငါကများ ကယောင်ချောက်ချား မှားမြင်နေမိတာလား'

စုယွီက ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်ကို ပို၍ ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားလိုက်ရသည်။ သူက သူ၏ ရုပ်သွင်ကို ပြောင်းလဲခဲ့ခြင်း မရှိဘဲ ပေါ်ထွက်လာချိန်တွင် ဟင်းလင်းပြင် တာအိုစွမ်းအား များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။

ဤလူက သူ၏ အစစ်အမှန် ကိုယ်ပိုင် ဇာစ်မြစ်အား ခန့်မှန်းမိပုံ ရသည်။

ထို့အပြင် ဖြစ်ရပ် အချို့ကိုပင် ဤသူက ကောက်ချက်ချ နိုင်ခဲ့သေးသည်။

တိုက်ခိုက်မှု လည်း မရှိခဲ့။

ခြိမ်းခြောက်မှု လည်း မရှိခဲ့။

စည်းကမ်းချက်များ လည်း မရှိခဲ့။

ဤသို့နှင့်ပင် ရိုးရှင်းသော စကား အနည်းငယ်ဖြင့် ကောင်းကင်အပျက်အစီးခန်းမ ကို သူ၏ ဦးဆောင်မှု နောက်သို့ လိုက်ပါစေရန် ရဲရဲဝံ့ဝံ့ ပြုလုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

“ဝုန်း…”

စုယွီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူ၏ အစစ်အမှန် ရုပ်သွင်ကို ဖော်ပြလိုက်၏။ သူ၏ အဖြူရောင် ဝတ်စုံ သည်လည်း အသွင်ပြောင်းသွားပြီး ယခင်က အစိမ်းရောင် ဝတ်ရုံ အဖြစ်သို့ ပြန်လည် ရောက်ရှိသွား၏။

စုယွီသည် ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်ကို ကြည့်လိုက်၏။

ထို့နောက် သူ၏ နောက်ကွယ်ရှိ ကျားသံတမန်တော် ကိုလည်း အကဲခတ် ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်၏။

“ယွဲ့ အင်မော်တယ်မျှော်စင် ကနေ ကြိုဆိုပါတယ်”

*

ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်။

ယန္တရားတစ်ထောင်ဂိုဏ်း ၏ ဂိုဏ်းချုပ် ဖြစ်သော တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် သူ၏ လက်ထဲရှိ လတ်တလော စုဆောင်းရရှိထားသော သတင်းအချက်အလက် များကို ကြည့်ရှုရင်း မျက်မှောင် ကုတ်လိုက်၏။

“တာအိုဆရာ အရိပ်နီ က ချန်ကု အင်မော်တယ်မြို့တော် မှာ အရင်ဆုံး ပေါ်လာခဲ့တယ်... အဲဒီနောက် ထျန်းပေါင်ဂိုဏ်း ကနေ သူ့ကို ထျန်းပေါင် ဈေးဆီ ဖိတ်ခေါ်သွားခဲ့တယ်... ထျန်းပေါင် ဈေးမှာ သူက မိစ္ဆာမျိုးနွယ်စု သားရဲ ဒီရေလှိုင်းကြီး နဲ့ ဆုံတွေ့ခဲ့ပြီး... ဝင်ရောက် တိုက်ခိုက်ဖို့ ဖိအားပေး ခံခဲ့ရတယ်...”

“မြားလေးစင်း နဲ့... မိစ္ဆာ အရှင်သခင် လေးပါးကို သတ်ဖြတ်ခဲ့တယ်...”

တာအိုသခင်ကြီး ယန္တရားတစ်ထောင် က ဤအကြောင်းကို ဖတ်လိုက်ရသောအခါ သူ၏ မျက်နှာမှာ မည်းမှောင် သွား၏။ ထိုမြား၏ ပစ်ခတ်ခံရခြင်း အတွေ့အကြုံကို ပြန်လည် သတိရမိတိုင်း သူသည် ယနေ့တိုင်အောင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။

ထိုမြား၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် တာအိုဆရာ အရိပ်နီ ၏ အင်အားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေကြောင်း ထင်ရှားလှသည်။

ထို့အပြင် ထျန်းပေါင်ဂိုဏ်း ထံမှ စုဆောင်း ရရှိထားသော သတင်းအချက်အလက် များကို ကြည့်ရှုခြင်းအားဖြင့် သူ့ကို မြားဖြင့် ပစ်ခတ်ခဲ့သူမှာ တာအိုဆရာ အရိပ်နီ တကယ်ပဲ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေပြီ။

'ငါက အစတုန်းက ဒီလူကို ငါနဲ့အတူတူ ဆွဲချဖို့ လုပ်ခဲ့တာ... ဒါက သူ့ရဲ့ လက်စားချေမှုပဲ'

ဤအချက်ကို တွေးတောမိရင်း တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် အလိုအလျောက် နောင်တ ရမိသွား၏။

'ဘာဖြစ်လို့များ... ဒီလို ရက်စက်တဲ့ လူကို အကြောင်းပြချက် မရှိဘဲ သွားပြီး ရန်စမိရတာလဲ'

'အစတုန်းကသာ... သူ့ကို ဆွဲချနိုင်ခဲ့ရင်... အကြွင်းမဲ့ အင်မော်တယ်နန်းတော် နဲ့ ထိုက်ချင် ဓားဂိုဏ်း လို အင်အားစု တွေကို အဖိုးအခ အချို့ ပေးဆပ်စေပြီး... အခြေအနေ တွေကို ရေနောက်ငါးဖမ်း ဖြစ်အောင် လုပ်နိုင်ခဲ့ရင်... ငါတို့ ယန္တရားတစ်ထောင်ဂိုဏ်း က အဲဒီ အခွင့်အရေးကို ထိန်းသိမ်းထားနိုင်ခဲ့မှာပဲ'

'အခုတော့ အခွင့်အရေး လည်း ဆုံးရှုံးသွားပြီ... ပြီးတော့ ယန္တရားတစ်ထောင်ဂိုဏ်း ကလည်း ဒီလို ပြဿနာ မျိုးကို ဆွဲဆောင်မိသွားပြီ'

တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် သူ၏ ရှေ့ရှိ တာအိုဆရာ ငှက်တစ်‌ထောင် ကို ကြည့်ကာ မေးလိုက်၏။

“ထျန်းပေါင်ဂိုဏ်း က ဘာပြောလဲ... ပြန်လည် ပြေလည်နိုင်မယ့် အလားအလာ... ရှိသေးလား”

တာအိုဆရာ ငှက်တစ်‌ထောင် က မသက်မသာဖြင့် ပြန်လည် ဖြေကြားလိုက်၏။

“ပြေလည်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး... ထျန်းပေါင်ဂိုဏ်း က ပြောတယ်... တာအိုဆရာ အရိပ်နီ ရဲ့ ဆုံးဖြတ်ချက်က သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲတဲ့... အကယ်၍ ကျွန်တော်တို့ ယန္တရားတစ်ထောင်ဂိုဏ်း ကသာ ထပ်ပြီး ရမ်းကားရဲမယ် ဆိုရင်... သူတို့က.. ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးတဲ့”

“ခွမ်း…”

ဤစကားကို ကြားလိုက်ရသောအခါ တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ ရှေ့ရှိ စားပွဲကို ရိုက်ခွဲလိုက်၏။ ။

ထျန်းပေါင်ဂိုဏ်း က ဒီစကား.. ဘာကို ဆိုလိုချင်တာလဲ... ယန္တရားတစ်ထောင်ဂိုဏ်း ကို ခြိမ်းခြောက် နေတာလား။

“အစွမ်းကုန် ရှာဖွေကြစမ်း”

“ဘိုးဘေး ကိုယ်တိုင်သာ ဝင်ပါလာမယ် ဆိုရင်... သူက မောက်မာရဲဦးမလား”

“ထျန်းပေါင်ဂိုဏ်း... ဒီကောင်တွေက ဘာမို့လို့လဲ”

သို့သော်လည်း သူ၏ ဂူစံအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ပြင်လိုက်ချိန်မှာပင် ယန္တရားတစ်ထောင်ဂိုဏ်း ၏ အဓိက အကြီးအကဲ အချို့က အလွန်အမင်း ထိတ်လန့်တကြားဖြင့် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြတော့၏။

“ဂိုဏ်းချုပ်... ဒုက္ခပါပဲ... ကောင်းကင်အပျက်အစီးခန်းမ က မြွေသံတမန်တော်... ပျောက်ဆုံးသွားပါပြီ”

“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်... ပြီးသွားပြီ... အားလုံး ပြီးသွားပြီ... ကျွန်တော်တို့ ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ ရတနာတိုက် ကြီး တစ်ခုလုံး... အလွတ်ကြီး ဖြစ်နေပြီ... ခွေးသူခိုး တစ်ယောက်က... ကျွန်တော်တို့ရဲ့ ရတနာတိုက် ကို လုယက်သွားပြီ”

“ဂိုဏ်းချုပ်... အီး ဟီး ဟီး... ပျောက်သွားပြီ... အားလုံး ပျောက်သွားပြီ... သိုင်းကျမ်းတိုက် ထဲက တာအို အမွေအနှစ် တွေ အားလုံးလည်း... ပျောက်ဆုံးသွားပြီ”

တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် ထိုစကားများကို ကြားလိုက်ရသည့်အခိုက် အလွန်အမင်း တုန်လှုပ်ကာ နေရာမှာပင် အေးခဲသွားလေတော့သည်။

တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် ဒေါသကြောင့် မျက်နှာများ ရှုံ့မဲ့သွားပြီး အံကို ကြိတ်ကာ ဟိန်းဟောက်လိုက်၏။

“သူတို့ကို အမိန့်ပေးလိုက်...”

သူသည် ကောင်းကင်အပျက်အစီးခန်းမ ကို ချက်ချင်း စစ်ကြေညာရန် ဆန္ဒရှိနေခဲ့၏။

သို့သော် သူ၏ စိတ်ထဲတွင် ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေသေးသဖြင့် သူ၏ စကားများကို မြိုချလိုက်ရသည်။

တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် အသက်ကို ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီး လေးလံသော လေသံဖြင့် ပြောလိုက်၏။

“ကောင်းကင်အပျက်အစီးခန်းမ ကို... ငါ့အတွက် ဆက်သွယ်ပေးစမ်း”

ရတနာတိုက် နှင့် သိုင်းကျမ်းတိုက် အမွေအနှစ် များကို လုံးဝ အလျှော့ပေး၍ မဖြစ်နိုင်ပါ။

ကောင်းကင်အပျက်အစီးခန်းမ က တာဝန်ရှိမရှိ ကို မသိရသေးသော်လည်း... သူတို့သာ ဖြစ်ခဲ့လျှင် အကောင်းဆုံးပင် ဖြစ်၏။

ထိုသို့ ဆိုပါက ၎င်းတို့ကို ပြန်လည် ရယူရန် အခွင့်အရေး ရှိနေသေးပေလိမ့်မည်။

အကယ်၍ ပြန်လည် မရယူနိုင်ခဲ့ပါက ယန္တရားတစ်ထောင်ဂိုဏ်း ၏ တာအို အမွေအနှစ် အနာဂတ်မှာ အန္တရာယ် များသွားပေလိမ့်မည်။

*

ဈေးမြို့ငယ်လေး တစ်ခု အတွင်း၌

ရှေးဟောင်း အင်မော်တယ်နန်းတော် ၏ နယ်မြေနှင့် မဝေးလှသော နေရာရှိ ဤဈေးမြို့ငယ်လေးကို... လု မျိုးနွယ်စု ဟု ခေါ်သော အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ မျိုးနွယ်စု ငယ်လေး တစ်ခုက ထိန်းချုပ်ထား၏။ ၎င်းသည် သူတို့၏ အခြေခံ အုတ်မြစ် အဖြစ်လည်း တည်ရှိနေသည်။

ထို့အပြင် ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် မှာ ဤ လု မျိုးနွယ်စု ၏ ခေါင်းဆောင် ပင်။

လု မျိုးနွယ်စု ၏ တားမြစ်နယ်မြေ။

အဆင့် (၃) ဂူစံအိမ် တစ်ခု အတွင်း၌

ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် လုချီမင် သည် စုယွီ နှင့် တာအိုဆရာ ရှုယွီ တို့ကို ဧည့်ခံနေပြီး စကားဆိုလိုက်၏။

“သာမန် တာအိုသမားက တောတောင်တွေထဲမှာ ပုန်းကွယ်နေပေမယ့်... ကြီးမြတ်တဲ့ တာအိုသမားကတော့ ဈေးတွေထဲမှာ ပုန်းကွယ်နေတတ်တယ်”

“ဒီနေရာမှာတော့... မျှော်စင်သခင် နဲ့ တာအိုဆရာ ရှုယွီ တို့ပဲ... သိကြပါတယ်”

အပြင်ဘက်ရှိ လု မျိုးနွယ်စုဝင် များသည် အမှန်တကယ်ပင် ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် ၏ သွေးသား ဆွေမျိုးများ ဖြစ်ကြောင်း စုယွီ ခံစားသိရှိနိုင်သည်။

ထိုင်ပြီးနောက် လုချီမင် က စုယွီ အတွက် ဝိညာဉ် လက်ဖက်ရည် တစ်ခွက်ကို လေးစားစွာ ငှဲ့ပေးလိုက်ပြီး ပြောလိုက်၏။

“မြွေသံတမန်တော် ကို ဝင်ရောက် ကယ်တင်ပေးခဲ့တဲ့ အတွက်... ကျေးဇူးတင်ပါတယ်..မျှော်စင်သခင်”

“ဒါက ကိစ္စသေးသေးလေးပါ”

စုယွီက ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် ကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်၏။

“ကောင်းကင်အပျက်အစီးခန်းမ မှာ တကယ်ပဲ သားရဲ သံတမန်တော် အရှင်သခင် ဆယ့်နှစ်ပါး ရှိနေတာလား”

ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

“တကယ် ရှိပါတယ်”

စုယွီက အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“ခင်ဗျားက အဲဒါကို ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ... တချို့ အင်မော်တယ်ဂိုဏ်း အင်အားစု တွေမှာတောင်... ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တွေ ဒီလောက် အများကြီး မရှိနိုင်ဘူးလေ”

ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက... ဘိုးဘေး တစ်ယောက်က ထိပ်တန်းအဆင့် လျှို့ဝှက်နယ်မြေ တစ်ခုကို ရှာတွေ့ခဲ့တယ်... အဲဒီ လျှို့ဝှက်နယ်မြေ အတွင်းမှာ... ဝိညာဉ်ခွဲထွက်အဆင့် ကို ထိုးဖောက် ဝင်ရောက်ဖို့ အနည်းငယ် အထောက်အကူ ပြုနိုင်တဲ့... ထိပ်တန်းအဆင့် အရင်းအမြစ် အချို့ကို ထုတ်လုပ်နိုင်ခဲ့တယ်”

“ထပ်ပြီးတော့... ကောင်းကင်အပျက်အစီးခန်းမနဲ့ ကျုပ်ရဲ့ နည်းလမ်းတွေကို အားကိုးပြီး... အကူအညီ လိုအပ်နေတဲ့သူတွေ... ပြီးတော့ ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ရတဲ့ သူတွေကို ရှာဖွေပြီး... ကောင်းကင်အပျက်အစီးခန်းမကို ပူးပေါင်းလာအောင် ဖြည်းဖြည်းချင်း ဆွဲဆောင်ခဲ့တယ်”

“ဒါက သာမန် အင်မော်တယ်ဂိုဏ်း အင်အားစုတွေ... ယှဉ်ပြိုင်နိုင်စွမ်း မရှိတဲ့ အားသာချက်တစ်ခုပဲ”

“အချိန်တွေ ကြာလာတာနဲ့အမျှ စုဆောင်းလာလိုက်တာ... သားရဲ သံတမန်တော် ဆယ့်နှစ်ပါးကို... ကျုပ်တို့ စုစည်းနိုင်ခဲ့တယ်”

စုယွီက မျက်ခုံးပင့်ကာ စိတ်ဝင်တစား မေးခွန်းထုတ်လိုက်၏။

“နောင်အနာဂတ်မှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် ဆယ့်နှစ်ပါးထက် ပိုလာရင်ကော... ဘယ်လို လုပ်မလဲ”

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က အသံကျယ်ကျယ်ဖြင့် ဟက်ဟက်ပက်ပက် ရယ်ချလိုက်၏။

“အဲဒီအခါကျရင် လော့ဟန် ဆယ့်ရှစ်ပါးနဲ့ ကြယ်တာရာ သံတမန်တော် သုံးဆယ့်ခြောက်ပါး ဆိုပြီး... ရှိလာလိမ့်မယ်... အကယ်၍ မျှော်စင်သခင်ကသာ ယွဲ့အင်မော်တယ်မျှော်စင်ကို အဲဒီ အတိုင်းအတာအထိ ကြီးထွားလာအောင် ကူညီပေးနိုင်မယ်ဆိုရင်တော့... ကြယ်တာရာ သံတမန်တော် သုံးဆယ့်ခြောက်ပါးက... ထွက်ပေါ်လာရလိမ့်မယ်”

[t.n:

(၁) လော့ဟန် (罗汉) ဆိုတာက မူရင်းအဓိပ္ပာယ်အရတော့ ဗုဒ္ဓဘာသာမှာ ရဟန္တာတွေကို ဆိုလိုတာပေါ့။ ဒါပေမဲ့ သိုင်းလောကနဲ့ ကျင့်ကြံခြင်းလောကမှာကျတော့ ဒီအတိုင်း ရိုးရိုးလေး မဟုတ်တော့ဘူး။ သိုင်းပညာ အထွတ်အထိပ်ရောက်နေတဲ့၊ ရွှေကိုယ်ထည်လို မာကျောကြံ့ခိုင်တဲ့ အစောင့်အရှောက် ဘုန်းကြီးဆယ့်ရှစ်ပါး (နာမည်ကြီး ရှောင်လင် လော့ဟန် ဆယ့်ရှစ်ပါးလိုမျိုး) ကို ဂုဏ်တင်ပြီး ခေါ်ကြတာပါ။

(၂) ကြယ်တာရာ သံတမန်တော် သုံးဆယ့်ခြောက်ပါး (三十六星使 ) ဆိုတာကရော ဘာလဲဆိုတော့... တာအိုကျမ်းတွေထဲမှာ ကောင်းကင်ဘုံကို စောင့်ရှောက်ရတဲ့ ကြယ်တာရာ နတ်မင်း သုံးဆယ့်ခြောက်ပါး (天罡) ရှိတယ်နော်... အဲဒါကို ရည်ညွှန်းထားတာပါ။ တကယ့်ကို စွမ်းအားကြီးမားပြီး ဂိုဏ်းကို ကာကွယ်ပေးမယ့် ထိပ်တန်း အုပ်ထိန်းသူ အစောင့်အရှောက်တွေကို ဒီလို ခန့်ခန့်ညားညား တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။ ]

ထိုအခါ စုယွီက ခေတ္တမျှ စဉ်းစားပြီးနောက် လေးနက်စွာ တုံ့ပြန်လိုက်၏။

“ခင်ဗျား အရင်က ပြောခဲ့တဲ့ အဓိပ္ပာယ်က... လောလောဆယ် ယွဲ့အင်မော်တယ်မျှော်စင်က... အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာကို အဓိက အခြေစိုက်စခန်းအဖြစ် ယူပြီး... အရင်ဆုံး အားကြီးလာအောင် ရည်ရွယ်ရမယ်... ပြီးမှ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးကို ဖြည်းဖြည်းချင်း တိုးချဲ့ပြီး... နောက်ဆုံးမှာ ချန်ကျိုးနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ရမယ်ဆိုတဲ့ သဘောလား”

ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် က ခေါင်းညိတ်လိုက်၏။

“ဒါက အကောင်းဆုံး ချဉ်းကပ်နည်းပါပဲ... ဘာဖြစ်လို့လဲ ဆိုတော့... ကောင်းကင်အပျက်အစီးခန်းမ ရဲ့ အဖွဲ့ဝင် အများစုက အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ မှာပဲ ရှိနေတာလေ... သူတို့ အားလုံးကို တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ဆီကို ထွက်ခွာသွားခိုင်းတာက... သိပ်ပြီး ထိရောက်မှု ရှိမှာ မဟုတ်ဘူး”

“အဲဒီအစား... ကောင်းကင်အပျက်အစီးခန်းမ ရဲ့ ထောက်လှမ်းရေး ကွန်ရက် ကို ပြိုလဲသွားစေလိမ့်မယ်”

“အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ မှာ ထောက်လှမ်းရေး ကွန်ရက်ကို ထိန်းသိမ်းထားတာက ပိုကောင်းတယ်... ပြီးမှ ဖြည်းဖြည်းချင်း တိုးချဲ့ ကြီးထွားလာပြီး... နောက်ဆုံးကျရင် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ကိုပါ... ထောက်လှမ်းရေး ကွန်ရက်ထဲ ထည့်သွင်းရမယ်”

ဤအချက်မှာ အမှန်တကယ်ပင် မှန်ကန်လှသည်။

စဉ်းစားပြီးနောက် စုယွီက ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် ၏ အဆိုပြုချက်ကို သဘောတူလိုက်၏။

သူ့တွင် အချိန်များစွာ ရှိပြီး သက်တမ်းလည်း ရှည်လျားသည်။

ယွဲ့ အင်မော်တယ်မျှော်စင် ၏ ထောက်လှမ်းရေး ကွန်ရက်ကို ချန်ကျိုးနယ်မြေ တစ်ခုလုံး အနှံ့ တိုးချဲ့ရန်အတွက်... နှစ်တစ်ထောင် သို့မဟုတ် နှစ်ထောင်ပင် ကြာမြင့်စေကာမူ... စောင့်ဆိုင်းနိုင်စွမ်း ရှိသည်။ သူက နောက်ဆုံး ရလဒ် ကိုသာ လိုချင်ခဲ့ခြင်း ဖြစ်၏။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ကဲ့သို့သော အင်အားစုများကို ဆန့်ကျင် တိုက်ခိုက်မည့် အချိန်ရောက်လာပါက... ယွဲ့ အင်မော်တယ်မျှော်စင် သည် သူ့ကို အနည်းငယ် ကူညီပေးနိုင်ရန် လိုအပ်သည်။

ထိုစဉ် ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် က အကြံပြုလိုက်၏။

“ပြီးတော့... အခု မျှော်စင်သခင် က ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ ရတနာတိုက် နဲ့ တာအို အမွေအနှစ် တွေကို ရှင်းလင်းပစ်ခဲ့ပြီ ဆိုတော့... အဲဒါက သူတို့ရဲ့ အားအနည်းဆုံး အချိန်ပါပဲ”

“သူတို့ အားနည်းနေတုန်း... သူတို့ရဲ့ အသက်ကို ယူရမယ်... ယန္တရားတစ်ထောင်ဂိုဏ်း ကို ဖြည်းဖြည်းချင်း အခွံချည်း သက်သက် ဖြစ်သွားအောင် လုပ်နိုင်မယ်လို့... ကျုပ် ယုံကြည်တယ်”

“အကယ်၍ နောက်ပိုင်းမှာ မျှော်စင်သခင်... ခင်ဗျားမှာသာ အင်အားတွေ ရှိလာမယ် ဆိုရင်... ယန္တရားတစ်ထောင်ဂိုဏ်း တစ်ခုလုံးကို လုံးဝ မျိုချပစ်နိုင်လိမ့်မယ်”

စုယွီက ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် ကို ကြည့်ကာ ပြောလိုက်၏။

“ခင်ဗျားမှာ ယုံကြည်မှု ရှိနေသရွေ့... လုံလောက်ပါပြီ”

“ဒီနေ့ကစပြီး... ယွဲ့ အင်မော်တယ်မျှော်စင် ဟာ ခင်ဗျားရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေလိမ့်မယ်... ရှုယွီ ကလည်း ခင်ဗျားကို ကူညီဖို့ နေခဲ့လိမ့်မယ်... အရေးပေါ် ကိစ္စတစ်ခုခု ပေါ်လာရင် ရှုယွီကတစ်ဆင့် လာရှာလို့ ရတယ်”

စုယွီက တည်ငြိမ်စွာ မှာကြားလိုက်၏။

အပေါ်ယံ ကြည့်မည်ဆိုပါက ကောင်းကင်အပျက်အစီးခန်းမတွင် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိပေ။

ယခင်အတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်၏။

သို့သော်ငြားလည်း လက်တွေ့တွင်မူ ကောင်းကင်အပျက်အစီးခန်းမသည် ယွဲ့ရှန်းမျှော်စင်၏ အစိတ်အပိုင်း တစ်ခုအဖြစ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ချေပြီ။

ယွဲ့ရှန်းမျှော်စင် ဟူသော အမည်နာမကိုမူ လောလောဆယ်တွင် ပြင်ပလူများ မသိရှိနိုင်စေရန် လျှို့ဝှက်ထားဦးမည် ဖြစ်တော့သည်။

စုယွီသည် သူ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်ပြီးနောက် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်ဆီသို့ ပြန်လည် ခြေချလိုက်၏။

ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် အတွင်းရှိ အရာအားလုံးမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနေလေပြီ။ ယခင်ကဲ့သို့ပင် စည်းကမ်းတကျ ရှိနေပြီး မည်သည့် အပြောင်းအလဲမျှ မရှိတော့ချေ။

စုယွီသည် အမှတ် ငါးဆယ့်ငါး အနက်ရောင် ဒေါသ စစ်သည်တော် နှင့်အတူ အချိန်ဆွဲ မနေဘဲ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းမှတဆင့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ဆီသို့ ပြန်လည် ကူးပြောင်းလာခဲ့၏။ ထိုမှတစ်ဆင့် သူ၏ မြေကမ္ဘာ အင်မော်တယ်စံအိမ်ဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

ဤခရီးစဉ်မှာ အချိန်တိုတောင်းလှသည်။

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာကြီး အတွင်း၌လည်း ထူးထူးခြားခြား ကြီးမားသော အပြောင်းအလဲများ မရှိခဲ့ချေ။

တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့သည် အင်မော်တယ် တစ်သောင်းနန်းတော်၏ အကြွင်းအကျန် အင်အားစုများ၊ နယ်မြေများနှင့် အရင်းအမြစ်များကို သိမ်းပိုက် ပေါင်းစည်းနေဆဲ ဖြစ်၏။ ထို့အပြင် အင်မော်တယ် တစ်သောင်းနန်းတော်၏ နယ်မြေအတွင်း၌ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုများနှင့် အသေးစား ပဋိပက္ခ အချို့ ဖြစ်ပွားခဲ့သည်။

သို့သော်လည်း အမှန်တကယ် ကြီးမားသော စစ်ပွဲကြီး အသွင်သို့မူ ကူးပြောင်းသွားခြင်း မရှိသေးပေ။

မြေကမ္ဘာ အင်မော်တယ်စံအိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စုယွီသည် တာ့ယွီတောင်ပေါ်သို့ တက်လာခဲ့သည်။

သူ၏ ဂျူနီယာညီမလေး လုံယီရန်မှာ သူမ၏ ဂူစံအိမ်အတွင်း၌ တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်ဟန်တူ၏။ သူမ၏ အရှိန်အဝါများက အခြေခံတည်ဆောက်ခြင်းအဆင့် နဝမအလွှာ၏ အထွတ်အထိပ်တွင် ရှိနေဆဲ။ တာအိုအခြေခံ အုတ်မြစ်အား သန့်စင်နေသည်ပင်။

စုယွီသည် သူမအား အနှောင့်အယှက် မပေးလိုသဖြင့် သူ၏ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီထံသို့သာ လှမ်းထွက်လာခဲ့လိုက်တော့သည်။

ဝါးခြံစည်းရိုး ကာရံထားသော ခြံဝင်းငယ်လေး အတွင်း၌

တာအိုဆရာ ထျန်းယွီသည် ကျောက်စားပွဲပေါ်ရှိ အခင်းအကျင်း စစ်တုရင် ကစားပွဲကို စူးစိုက်ကြည့်နေရင်းမှ တည်ငြိမ်သော လေသံဖြင့် မိန့်ဆိုလိုက်၏။

“မကြာသေးခင်ကတင်... ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက အကြီးအကဲ တစ်ယောက် ရောက်လာပြီး... ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို ပြန်ပေးဖို့... ဟုန်ယွဲ့ ဆီမှာ လာတောင်းဆိုသွားတယ်”

All Chapters