← Chapters

အခန်း ၈၈၉

Vol. 60 Ch. 889

အခန်း ၈၈၉

Vol. 60 Ch. 889

အခန်း (၈၈၉) တံခါးပိတ်ကျင့်ကြံခြင်း၊ မူလဝိညာဉ်အဆင့် နဝမအလွှာ

အခြားတစ်နေရာတွင်

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်သည် လျှို့ဝှက်နယ်မြေတစ်ခု အတွင်းသို့ ဝင်ရောက်သွား၏

ထိုနယ်မြေ အတွင်းရှိ အင်မော်တယ် နန်းတော်ငယ်လေး တစ်ခုထဲသို့ လျှောက်လှမ်းသွားရာ... မတူခြားနားသော သားရဲ မျက်နှာဖုံး ဆယ့်နှစ်ခု တပ်ဆင်ထားသည့် လူရိပ်ဆယ့်နှစ်ခုက ရပ်စောင့်နေကြသည်။

၎င်းတို့အထဲတွင် ဒေါသကြီးသူအချို့လည်း ပါဝင်၏။

မြင်းမျက်နှာဖုံးရှင် အမျိုးသားက ခန်းမသခင်ကို မြင်သည်နှင့် မချင့်မရဲ လှမ်းမေးလိုက်၏။

"ခန်းမသခင်... ကျုပ်တို့က ဘာဖြစ်လို့ အဲဒီ ယွဲ့ အင်မော်တယ်မျှော်စင် နဲ့ ပူးပေါင်းရတာလဲ"

"သူတို့က တကယ်တော့ ဘယ်သူတွေလဲ"

"အကယ်၍များ ကျုပ်တို့ ကောင်းကင်အပျက်အစီးခန်းမ အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့ရင်... အဲဒီအခါကျရင်..."

အခြားသူများလည်း ဝင်ရောက်ပြောဆိုလိုကြသော်လည်း... ခန်းမသခင်က လက်ကို မြှောက်ကာ တားဆီးလိုက်၏။

အားလုံး တိတ်ဆိတ်သွားကြသည်။

သားရဲသံတမန်တော် ဆယ့်နှစ်ပါး၏ အကြည့်စူးစူး အောက်တွင်... ခန်းမသခင်က သူတို့ရှေ့ရှိ ပလ္လင်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်၏။ ထို့နောက် အားလုံးကို တည်ငြိမ်စွာ အကဲခတ်လိုက်ရင်း မေးခွန်းထုတ်လိုက်၏။

"မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်အနေနဲ့... ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် တာအိုသခင်ကြီး ယန္တရားတစ်ထောင်ကိုတောင်... လုပ်ကြံသတ်ဖြတ်လုနီးပါး ဖြစ်ခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ဟာ... အလုပ်အကျွေးပြုဖို့ မထိုက်တန်ဘူးလို့ မင်းတို့ ထင်နေကြတာလား"

ဤစကားကို ကြားလိုက်ရသောအခါ သားရဲသံတမန်တော် ဆယ့်နှစ်ပါးလုံး ဆွံ့အသွားကြ၏။ ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သဖြင့် အလွန်အမင်း တုန်လှုပ်ချောက်ချား သွားကြသည်။

"ခန်းမသခင် ပြောနေတာက... ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် က... အဲဒီ မြားတစ်စင်း အကြောင်းလား"

"မူလဝိညာဉ်အဆင့် နဲ့... တာအိုသခင်ကြီး ယန္တရားတစ်ထောင် ကို လုပ်ကြံလုနီးပါး ဖြစ်ခဲ့တယ် ဆိုတာက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ခန်းမသခင်က ခွန်းဆက်လိုက်၏။

"အဲဒီပုဂ္ဂိုလ် က... ငါတို့ ကောင်းကင်အပျက်အစီးခန်းမ ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး... သူက သာမန် ကိစ္စလေးတွေ ဖြေရှင်းပေးဖို့... ဒီလို အင်အားစု မျိုးကို လိုချင်ရုံ သက်သက်ပဲ"

ခန်းမသခင်၏ အကြည့်များက သားရဲသံတမန်တော် ဆယ့်နှစ်ပါး၏ မျက်နှာဖုံးများကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆက်ပြောလိုက်၏။

"ဒီလို မိစ္ဆာတစ်ကောင်လို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုး... အပြည့်အဝ ကြီးထွားလာခဲ့ရင် ဘာအဓိပ္ပာယ်လဲ ဆိုတာ... မင်းတို့ နားလည်ကြရဲ့လား"

ဤသံတမန်တော်များ အားလုံး မျက်နှာဖုံး တပ်ဆင်ထားသည့်တိုင်... ခန်းမသခင်သည် သူတို့၏ မျက်လုံးများထဲမှ တောက်လောင်နေသော ရမ္မက်မီးတောက်များကို ခံစားသိရှိနိုင်သည်။

လူတစ်ဦး တာအို အလင်းရသွားပါက သူ၏ အိမ်မွေးတိရစ္ဆာန်များပင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည် မဟုတ်ပါလား။

သူတို့၏ ပါရမီများဖြင့် ဆိုလျှင်... ပကတိဟင်းလင်းပြင်အဆင့် ကဲ့သို့သော အဆင့်မြင့် နယ်ပယ်များသို့ ရောက်ရှိရန်မှာ... တစ်သက်တာလုံး ကြိုးစားလျှင်ပင် အလွန်တရာ ခက်ခဲလှသည်။

သို့သော်ငြားလည်း အကယ်၍ သူတို့ကို အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါးက ဦးဆောင်ပြီး... ထိပ်တန်းအဆင့် အရင်းအမြစ် များကို ပေါ့ပေါ့ပါးပါး ပေးသနားခဲ့မည် ဆိုလျှင်ကော သူတို့၏ အနာဂတ်သည် ဝိညာဉ်ခွဲထွက်အဆင့် တွင်သာ ကန့်သတ်ခံထားရမည် မဟုတ်တော့ချေ။

သူတို့၏ မျက်လုံးများထဲမှ ပြင်းပြသော အလင်းတန်းများသည် အနာဂတ်အတွက် မျှော်လင့်ချက် မီးပွားများ.. ကျင့်ကြံခြင်း လမ်းစဉ်တွင် ဆက်လက် လျှောက်လှမ်းလိုသော တွန်းအား တစ်ခု ဖြစ်လာတော့၏။

အကယ်၍ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦးက... ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း ရှိ တာအိုသခင်ကြီး ယန္တရားတစ်ထောင် ကို သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့မည် ဆိုလျှင် ထိုသူသာ ဝိညာဉ်ခွဲထွက်အဆင့် သို့ အဆင့်ချိုးဖြတ် သွားပါက... သို့မဟုတ် ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါး ဖြစ်သွားပါက..ထိုအင်အားသည် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ တွင်သာမက... ချန်ကျိုးနယ်မြေ တစ်ခုလုံးတွင်ပါ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်၏။

ကျားသံတမန်တော် နှင့် မြွေသံတမန်တော် တို့သည် စုယွီ၏ တည်ရှိမှုကို ပထမဆုံး သိရှိခဲ့ကြသူများ ဖြစ်၏။ သူ၏ အစစ်အမှန် ကိုယ်ပိုင်ဇာစ်မြစ်ကိုပင် သိရှိထားကြသည်။ ထို့ကြောင့်ပင် သူတို့က ပထမဆုံး လက်နက်ချ ခဲ့ကြပြီး ခန်းမသခင် အပေါ် ပိုမို သစ္စာရှိလာခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ထိုနှစ်ဦးစလုံး ရှေ့သို့ တစ်ပြိုင်နက် တက်လာကြပြီး ခန်းမသခင် အား လေးစားစွာ အရိုအသေ ပေးလိုက်ကြ၏။

"ကျွန်တော်တို့ ခန်းမသခင် ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ပါ့မယ်... မျှော်စင်သခင် ကို အလုပ်အကျွေး ပြုပါ့မယ်"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ... ကျန်သူများလည်း သူတို့၏ သစ္စာခံမှုကို ကမန်းကတန်း ပြသလိုက်ကြတော့သည်။

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင် က ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ကြေညာလိုက်၏။

"ဒီနေ့ကစပြီး... ငါတို့ ကောင်းကင်အပျက်အစီးခန်းမ ကို ယွဲ့ အင်မော်တယ်မျှော်စင် လို့ အမည်ပြောင်းလဲ သတ်မှတ်လိုက်ပြီ"

"ဒါပေမယ့်... ဒီအမည် ပြောင်းလဲမှု ကို မင်းတို့ သိထားဖို့ပဲ လိုတယ်... လူသိရှင်ကြား ကြေညာစရာ မလိုဘူး"

"ကောင်းကင်အပျက်အစီးခန်းမ ရဲ့ ဖွဲ့စည်းပုံက ယခင်အတိုင်းပဲ ဆက်ရှိနေမယ်... ပြီးတော့ ကောင်းကင်အပျက်အစီးခန်းမ ဆိုတဲ့ နာမည် နဲ့ပဲ ဆက်လက် ရပ်တည်သွားမယ်"

"ကဲ... အခု အဓိက ကိစ္စတွေ ရှင်းလင်းသွားပြီ ဆိုတော့... အသေးအမွှား ကိစ္စလေးတွေ အကြောင်း ပြောကြတာပေါ့"

"နှစ်တစ်ရာ အတွင်းမှာ... ယန္တရားတစ်ထောင်ဂိုဏ်း ကို အခွံချည်း သက်သက် ဖြစ်သွားအောင် လုပ်ချင်တယ်... မင်းတို့ လုပ်နိုင်မလား"

သူ၏ အသံက အင်မော်တယ် နန်းတော်ငယ်လေး အတွင်း ပေါ့ပေါ့ပါးပါး ပဲ့တင်ထပ်သွားသည်။

"လုပ်နိုင်ပါတယ်"

သားရဲသံတမန်တော် ဆယ့်နှစ်ပါးလုံးက တစ်သံတည်း ပြန်လည် ဖြေကြားလိုက်ကြ၏။ သူတို့၏ အသံများက လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် မိုးကြိုးသံအလား ပဲ့တင်ထပ်သွားပြီး... အင်အားစုသစ် တစ်ခု ထွန်းတောက်လာခြင်းကို ကိုယ်စားပြုနေသလို ပင်။

...

မြေကမ္ဘာ အင်မော်တယ်စံအိမ် ၌

တာ့ယွီ တောင်ထွတ်။

စုယွီက မျက်ခုံး တစ်ဖက် ပင့်လိုက်ရင်း မေးလိုက်၏။

"ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး ကို ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ် ဆိုတာကို... ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု က သိနေလို့လား"

တာအိုဆရာ ထျန်းယွီ က ခေါင်းကို ခါယမ်းပြလိုက်၏။

"သူတို့ မသိပါဘူး... ဒါပေမယ့် အခု ငါတို့ မြေကမ္ဘာ အင်မော်တယ်စံအိမ် က တာ့ချန် ရဲ့ ဦးဆောင်ဂိုဏ်း ဖြစ်နေပြီ ဆိုတော့... သူတို့က ငါတို့ဆီကိုပဲ လာပြီး တောင်းဆိုရမှာပဲလေ"

"သူတို့က ငါတို့ကို ဆယ်နှစ် အချိန်ပေးထားတယ်... အဲဒီ အချိန်အတွင်း ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး ကို ပြန်မပေးဘူး ဆိုရင်... ဖူလင်း ပင်လယ်နယ်မြေ က ပင်လယ် မျိုးနွယ်စု တွေ အားလုံး ကိုယ်စား... တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးကို စစ်ကြေညာမယ်တဲ့"

စုယွီ၏ မျက်နှာအမူအရာက လေးနက်သွား၏။

ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု ၏ ဘိုးဘေးအိုကြီး သည်... အလွန်အမင်း မျှော်လင့်ချက် ကင်းမဲ့ကာ စိတ်အားထက်သန်နေပြီ ဖြစ်ကြောင်း သူ နားလည်လိုက်၏။

မှန်သည်။

ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး ၏ သွေးမျိုးဆက် ပေါ်ထွက်လာခဲ့သည်မှာ နှစ်ရာပေါင်း အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အကယ်၍ မကြာမီ အချိန်အတွင်း ရှာမတွေ့နိုင်ပါက... ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး သည် အရွယ်ရောက် သွားနိုင်သည်။

ထိုအချိန်ရောက်လျှင် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု အနေဖြင့် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ချေ။

သို့သော် လူသား မျိုးနွယ်စု ကို ဆန့်ကျင်ပြီး... ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု က စစ်ကြေညာရဲသည်လား။

စုယွီ အတွေးများနေသည့်အခိုက် တာအိုဆရာ ထျန်းယွီ က သတိပေးလိုက်၏။

"တကယ်လို့ အစစ်အမှန် တိုက်ပွဲကြီး ဖြစ်လာမယ် ဆိုရင်... မင်းရဲ့ အဲဒီ နတ်ဘုရား ရုပ်တု ရဲ့ အကူအညီကို လိုအပ်လိမ့်မယ်... ဒါကြောင့် ဒီကာလ အတွင်းမှာ မင်း ဘယ်မှ လျှောက်မသွားသင့်ဘူး"

စုယွီက ခွန်းတုံ့ပြန်လိုက်၏။

"ကျွန်တော် ဒီတစ်ခေါက် ပြန်လာတာက... မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေ ထဲမှာ တံခါးပိတ် ကျင့်ကြံဖို့ပါပဲ"

မကြာမီမှာပင် ခြံဝင်းငယ်လေး အတွင်း၌ ထိုနှစ်ဦးသည် ဆေးလုံး သန့်စင် ပညာ၊ မှော်လက်နက် သွန်းလုပ်ခြင်း ပညာ၊ အဆောင် လက်ဖွဲ့ ပညာ နှင့် အခင်းအကျင်း ပညာရပ် များ အကြောင်းကို အပြန်အလှန် ဆွေးနွေး ငြင်းခုံကြလေတော့သည်။

ဝိညာဉ်ခွဲထွက်အဆင့် သို့ အဆင့်ချိုးဖြတ်ပြီးကတည်းက တာအိုဆရာ ထျန်းယွီ သည် အခင်းအကျင်း တာအို ကို လေ့လာရာတွင် အလွန်အမင်း ဈာန်ဝင်စားနေခဲ့၏။ ထို့ကြောင့် အဆင့် (၅) အခင်းအကျင်း များနှင့် ပတ်သက်လာလျှင်... စုယွီပင် မယှဉ်နိုင်သော ထူးခြား နက်ရှိုင်းသည့် အသိအမြင် အချို့ကို သူ ပိုင်ဆိုင်ထားသည်။

သို့သော်ငြားလည်း ဆေးလုံး သန့်စင် ပညာ၊ မှော်လက်နက် သွန်းလုပ်ခြင်း ပညာ နှင့် အဆောင် လက်ဖွဲ့ ပညာ တို့တွင်မူ... လက်ရှိအချိန်၌ တာအိုဆရာ ထျန်းယွီ သည် စုယွီအား လုံးဝ မယှဉ်နိုင်တော့။

ခြံဝင်းငယ်လေး အတွင်း တစ်လကျော်ကြာ တာအို ဆွေးနွေးပြီးနောက် စုယွီ မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေ သို့ မထွက်ခွာမီလေးတွင်... တာအိုဆရာ ထျန်းယွီ သည် နက်ရှိုင်းသော တာအို ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ရပ်သို့ ဝင်ရောက်သွားသည်။

တာအိုဆရာ ထျန်းယွီ နိုးထလာသော အခါ သူ၏ မျက်လုံးများက ဝိညာဉ် အလင်းတန်းများဖြင့် တောက်ပနေပြီး... အဆင့် (၅) အဆင့်နိမ့် အခင်းအကျင်း များ အပေါ် သူ၏ နားလည် သဘောပေါက်မှုက အဆမတန် တိုးတက်လာခဲ့လေပြီ။

အဆင့် (၅) အလယ်အလတ် အခင်းအကျင်း များကိုပင် သူ နားလည် သဘောပေါက် နိုင်ကောင်းသည်ဟု ယုံကြည်မှု ရှိလာတော့၏။

"ဟင်"

"ဒီကောင်မလေး... အဆင့် တက်လှမ်းဖို့ ဆုံးဖြတ်လိုက်ပြီလား"

တာအိုဆရာ ထျန်းယွီ သည် လုံယီရန် ၏ ဂူစံအိမ် ရှိရာဆီသို့ ရုတ်တရက် အံ့အားသင့်စွာ အကြည့်ပို့လိုက်၏။

ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး လျှပ်တစ်ပြက် အတွင်းမှာပင် လုံယီရန် ၏ ဂူစံအိမ် အပြင်ဘက်သို့ ရောက်ရှိသွားကာ သူမကို အကာအကွယ် ပေးရန် စောင့်ကြပ်နေလိုက်၏။

အတွင်းဘက်မှ အရှိန်အဝါကို ခံစားမိသောအခါ... တာအိုဆရာ ထျန်းယွီ ၏ ရင်တွင်း၌ မျှော်လင့်ချက် အချို့ ဖြစ်ပေါ်လာတော့၏။

"ဒီကောင်မလေး က... သူ့ရဲ့ ဂိုဏ်းတူ အစ်ကိုကြီးကို ဘယ်အတိုင်းအတာ အထိ ယှဉ်နိုင်မလဲ ဆိုတာ... တကယ်ကို သိချင်စရာပဲ”

All Chapters