← Chapters

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း (၈၉၁) ပြိုင်ဘက်ကင်း မူလဝိညာဉ်အဆင့်၊ အင်မော်တယ်ဂိုဏ်း၏ အသွင်ပြောင်းလဲမှု

စုယွီက မူလဝိညာဉ်အဆင့် အဋ္ဌမအလွှာ မှ နဝမအလွှာ သို့ အဆင့်

ချိုးဖြတ်သွားပြီးနောက်... သူ၏ မှော်စွမ်းအားများ၏ အပြောင်းအလဲများကို သေချာစွာ အကဲခတ်လိုက်၏။

အဆင့် တစ်ခုသာ တိုးလာခြင်း ဖြစ်သော်လည်း... သူ၏ စုစုပေါင်း မှော်စွမ်းအားမှာ ဆယ်ရာခိုင်နှုန်းကျော် တိုးလာခဲ့သင့်သည်။

ဓာတ်ကြီး ငါးပါး ကျင့်စဉ် ကို ကျင့်ကြံထားပြီး သူ၏ အခြေခံအုတ်မြစ်များကို စဉ်ဆက်မပြတ် မြှင့်တင်ထားခဲ့သဖြင့်... သူ၏ မှော်စွမ်းအား အရည်အသွေး နှင့် ပမာဏသည်... ပျမ်းမျှ ဝိညာဉ်ခွဲထွက်အဆင့် အလယ်အလတ် အရှင်သခင် တစ်ပါး နှင့် နှိုင်းယှဉ်နိုင်မည် ထင်၏။

အကယ်၍ ပြီးပြည့်စုံသော ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ် ၏ စွမ်းအား နှင့် အဆင့်မြင့် မှော်လက်နက် ၏ အစွမ်းတို့ကိုပါ ထည့်သွင်း စဉ်းစားမည် ဆိုပါက... ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း အရှင်သခင် တစ်ပါးကိုပင် ခြိမ်းခြောက်နိုင်စွမ်း အမှန်တကယ် ရှိနေပြီပင်။

သို့သော် အားနည်းချက်လည်း ရှိနေသေး၏။ ကြာရှည် မခံနိုင်ခြင်း ဖြစ်ပါ၏။

အစွမ်းကုန် ထုတ်သုံးမည် ဆိုပါက... အဆင့်မြင့် မှော်လက်နက် ဖြစ်သည့် မီးဖီးနစ် ကောင်းကင်လေး ဖြင့်... တစ်ချက်သာ ပစ်ခတ်နိုင်လေမည်။

သို့သော် ပျမ်းမျှ ဝိညာဉ်ခွဲထွက်အဆင့် ကနဦး အရှင်သခင် တစ်ပါး ကိုတော့... မည်သည့် ဖိအားမှ မရှိဘဲ ရင်ဆိုင် နှိမ်နင်းနိုင်စွမ်း ရှိသည်။

မူလဝိညာဉ်အဆင့် အတွက်တော့...

"ရွှစ်"

စုယွီ၏ လက်များက ဓာတ်ကြီး ငါးပါး ၏ မှော်စွမ်းအားများကို ဖန်တီးလိုက်၏။

ထိုအခါ.. ဓာတ်ကြီး ငါးပါး ၏ အစစ်အမှန် ဝိညာဉ်များ ပေါင်းစပ်သွားကာ... မိုးထိအောင် မြင့်မားသော သစ်ပင်များ၊ မီးဖီးနစ်ငှက်ကြီး တစ်ကောင်၊ ကခုန်နေသော ရေနဂါး တစ်ကောင် သို့မဟုတ် သတ္တု ဓားပျံ တစ်လက် စသဖြင့်... ပုံသဏ္ဍာန် အမျိုးမျိုး ဖွဲ့တည်သွားသည်။

စုယွီ ထိုစွမ်းအားကို သေချာစွာ အကဲခတ်လိုက်ရင်း... တီးတိုး ရေရွတ်လိုက်လေ၏။

"ဒီအဆင့်မှာ ငါနဲ့ ရင်ပေါင်တန်းပြီး တိုက်ခိုက်နိုင်မယ့်... တခြား ပါရမီရှင်တွေများ ရှိသေးလား မသိဘူး"

အကယ်၍ တစ်ယောက်မှ မရှိခဲ့ဘူး ဆိုပါက... သူ၏ လက်ရှိ မူလဝိညာဉ်အဆင့် နဝမအလွှာ ကျင့်ကြံခြင်း သည်... မူလဝိညာဉ်အဆင့် အတွင်း၌ ပြိုင်ဘက်ကင်း ဖြစ်နေပြီဟု ကောင်းကောင်းကြီး ယူဆနိုင်သည်။

ကျင့်ကြံဆင့် တက်လှမ်းသွားပြီ ဖြစ်၍... စုယွီက သူ၏ နှစ်ငါးထောင် နီးပါးခန့် ရှိသော သက်တမ်းကို ကြည့်လိုက်ရာ...ချက်ချင်း စိတ်လန်းဆန်းသွား၏။

ထို့နောက် ယွင်ချန် သိုလှောင်လက်စွပ် အတွင်းရှိ အရင်းအမြစ်များကို သူ စစ်ဆေးလိုက်၏။

ယခင်က သူ စုဆောင်းထားခဲ့သော ပစ္စည်း အများစုမှာ... ယခုအခါ အချောထည် အရင်းအမြစ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဆေးလုံးများ သိုလှောင်ထားသော နေရာကို သူ စစ်ဆေးကြည့်လိုက်၏။

ပြီးပြည့်စုံသော အရည်အသွေးဖြင့် သူ ဖော်စပ်ထားခဲ့သော နေ့စဉ် လေ့ကျင့်ရေး ဆေးလုံးများ အပြင်... ယခုအခါ အလွန် တန်ဖိုးကြီးမားသော ဆေးလုံး ပုလင်း နှစ်ပုလင်းလည်း ရှိနေလေပြီ။

၎င်းတို့မှာ ကိုးဝိညာဉ် ဆေးလုံး နှင့် ရွှေရေ နတ်ဘုရား ဆေးလုံး တို့ပင် ဖြစ်ကြ၏။

ကိုးဝိညာဉ် ဆေးလုံး သည် မိစ္ဆာသားရဲ တစ်ကောင် အဆင့် (၅) သို့ အဆင့်ချိုးဖြတ်နိုင်မည့် အခွင့်အလမ်းကို တိုးမြင့်စေနိုင်ပြီး... ရွှေရေ နတ်ဘုရား ဆေးလုံး ကတော့... လူသား ကျင့်ကြံသူ တစ်ဦး ဝိညာဉ်ခွဲထွက်အဆင့် သို့ အဆင့်ချိုးဖြတ် နိုင်မည့် အခွင့်အလမ်းကို တိုးမြင့်စေနိုင်သည်။

၎င်းတို့၏ အာနိသင်များက ယခင် အခြေခံတည်ဆောက်ခြင်း ဆေးလုံး၊ ရွှေရောင် အမြုတေ ဆေးလုံး နှင့် မူလဝိညာဉ် ခိုင်မာခြင်း ဆေးလုံး တို့လောက် မပြင်းထန်သော်ငြားလည်း... မရှိတာထက်တော့ ကောင်းနေဆဲပင်။

ထိုသို့သော ဆေးလုံးများ သည်... တစ်လုံးစီက အကောင်းဆုံး ရတနာများ ပင် ဖြစ်ကြ၏။

မြေကမ္ဘာ အင်မော်တယ်စံအိမ် သည် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ထံမှ ကိုးဝိညာဉ် ဆေးလုံး ပါဝင်ပစ္စည်း အနည်းငယ်ကိုသာ ရရှိခဲ့ပြီး... မြေကမ္ဘာ အင်မော်တယ်စံအိမ် ၏ အခြေခံအုတ်မြစ်များနှင့် ပေါင်းစပ်လိုက်ရာ... ပြီးပြည့်စုံသော ပါဝင်ပစ္စည်း နှစ်စုံကိုသာ စုဆောင်းနိုင်ခဲ့သည်။

ကိုးဝိညာဉ် ဆေးလုံး ပါဝင်ပစ္စည်း နှစ်စုံမှ... စုယွီက အားလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး... စုစုပေါင်း ဆေးလုံး ကိုးလုံး ထုတ်လုပ်နိုင်ခဲ့၏။ သာမန် အရည်အသွေး နှစ်လုံး၊ အဆင့်မြင့် အရည်အသွေး ငါးလုံး နှင့် ပြီးပြည့်စုံသော အရည်အသွေး နှစ်လုံး ရရှိခဲ့သည်။

ရွှေရေ နတ်ဘုရား ဆေးလုံး ပါဝင်အရင်းအမြစ်များမှာလည်း ရှားပါးလှသည်။ စုယွီက ကောင်းကင်အပျက်အစီးခန်းမ ထံမှ ပစ္စည်း သုံးစုံ ရရှိခဲ့၏။

စုစုပေါင်း... သာမန် အရည်အသွေး သုံးလုံး၊ အဆင့်မြင့် အရည်အသွေး ခြောက်လုံး နှင့် ပြီးပြည့်စုံသော အရည်အသွေး လေးလုံး... စုစုပေါင်း ဆေးလုံး ဆယ့်သုံးလုံး ထုတ်လုပ်နိုင်ခဲ့သည်။

ဆေးလုံး ပုလင်း နှစ်ပုလင်းကို ကြည့်ရင်း... စုယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီး... သာမန် အရည်အသွေး နှစ်လုံး၊ အဆင့်မြင့် အရည်အသွေး နှစ်လုံး နှင့် ပြီးပြည့်စုံသော အရည်အသွေး တစ်လုံး... ကိုးဝိညာဉ် ဆေးလုံး များကို ထုတ်ယူရန် ဆုံးဖြတ်လိုက်၏။

ရွှေရေ နတ်ဘုရား ဆေးလုံး များကိုတော့... ဆယ်လုံး ထုတ်ယူလိုက်၏။

မြေကမ္ဘာ အင်မော်တယ်စံအိမ် တွင် ဤဆေးလုံးများ လိုအပ်နေသော အကြီးအကဲများ နှင့် နာမည်ကြီး သားရဲထိန်းကျောင်းသူ အတော်များများ ရှိနေပါသည်။

စုစုပေါင်း ဆေးလုံး ဆယ့်ငါးလုံးက မြေကမ္ဘာ အင်မော်တယ်စံအိမ် တွင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါး ၊ နှစ်ပါး၊ သို့မဟုတ် အဆင့် (၅) မိစ္ဆာ အရှင်သခင် တစ်ပါး ၊ နှစ်ပါး ထပ်မံ ထွက်ပေါ်လာစေနိုင်မည် ဆိုပါက... အတော်လေး တန်ဖိုးရှိပါ၏။

သူက တံခါးပိတ် ကျင့်ကြံရာ နေရာမှ ထွက်ခွာလာပြီး... အပြင်ဘက်ရှိ နန်းတော်သို့ သွားခဲ့သည်။

မြေကမ္ဘာ လျှို့ဝှက်နယ်မြေ၏ ဗဟိုနန်းတော် အပြင်ဘက်တွင်... ပတ်ဝန်းကျင်က တောင်တန်းများနှင့် ရေပြင်များဖြင့် လှပစွာ တန်ဆာဆင်ထား၏။ တောင်တန်းများ ကြားတွင် ခပ်ရေးရေး မြူနှင်းများ ဝေ့ဝဲနေသည်။

မလှမ်းမကမ်းရှိ ဆေးဥယျာဉ် တစ်ခုထဲတွင်... စုယွီက တန်ဖိုးကြီးမားသော ဝိညာဉ်အပင်များ နှင့် ဝိညာဉ်ဆေးမြစ် များစွာကို စိုက်ပျိုးထား၏။ တန်ဖိုး အနည်းဆုံး အရာများမှာ အဆင့် (၅) မူလဝိညာဉ် ခိုင်မာခြင်း ဝိညာဉ်သစ်သီး ပင် ငါးပင် ဖြစ်၏။

ထိုအခိုက်အတန့်တွင် မီးတောက် အရှိန်အဝါများ ဖြာထွက်နေသော ဝိညာဉ်အပင်။

ထို ဝိညာဉ်အပင် ပေါ်တွင်...ရှိနေသည်က ဧရာမ အသိုက်ကြီး တစ်ခု။

ထိုအသိုက်၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ထိုက်ရွှီ က လဲလျောင်းနေ၏။ ၎င်း၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်မှာ အနည်းငယ် လုံးဝန်းနေသည်။ အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်တိုင်း... ၎င်း၏ ပါးစပ်မှ ခရမ်းရောင် မီးတောက် တစ်ခုကို အဆက်မပြတ် မှုတ်ထုတ်နေလေ၏။

၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကလည်း အဆင့် (၄) ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ခရမ်းရောင် မီးတောက်များက ၎င်း၏ ပတ်လည်သို့ ပျံ့နှံ့သွားပြီး... ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်အား လှိုင်းဂယက် ထစေသည်။

ဤဝိညာဉ်အပင်က မီးတောက် နယ်ပယ် တစ်ခု ဖြစ်လာခဲ့သည့်နှယ်။

ယခင်က စုယွီသည် ယွဲ့ အင်မော်တယ်မျှော်စင် အင်မော်တယ်မြို့တော် တွင် ရတနာ တစ်ပါးကို လဲလှယ်ခဲ့၏။ ၎င်းမှာ ဖြူစင်သော ကောင်းကင် ဖီးနစ် သွေးမျိုးဆက် ရှိသည့် ရှေးဟောင်း ဝိညာဉ် သားရဲထံမှ... ထိပ်တန်း အဆင့် (၄) ခရမ်းရောင် ကောင်းကင် ဖီးနစ် နှလုံးသား ဝိညာဉ် မီးတောက် အမြုတေ ပင် ဖြစ်၏။

နှစ်များတစ်လျှောက်... ထိုက်ရွှီ က ထိုမီးတောက် အမြုတေကို သန့်စင်နေခဲ့ပြီး... ၎င်း၏ သွေးမျိုးဆက်ကို ဖြည်းဖြည်းချင်း အသွင်ပြောင်းလဲနသည်။ ထိုက်ရွှီ၏ အရှိန်အဝါမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

စုယွီက နန်းတော် အပြင်ဘက်တွင် ရပ်နေရင်း... ဥယျာဉ်ထဲရှိ ဝိညာဉ်အပင်များ ဝန်းရံထားသော အသိုက်ထဲမှ ထိုက်ရွှီ ကို တစ်ချက် ကြည့်လိုက်ပြီး... ရင်တွင်း.. တွေးတောလိုက်၏။

'ထိုက်ရွှီ က မီးတောက် အမြုတေကို သန့်စင်ပြီးသွားရင်... အဆင့် (၄) အထွတ်အထိပ် ကို ရောက်သွားနိုင်တယ်'

သူ၏ အကြည့်က မလှမ်းမကမ်းရှိ ရေနက်အိုင် တစ်ခုဆီသို့ ပြောင်းသွားပြီး... ထိုအောက်တွင် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး က အိပ်မောကျနေသည်။

ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး ပေါ်ရှိ အရှိန်အဝါ ကလည်း... အဆင့် (၄) ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုက်ရွှီ ထက်ပင် ပိုမို အစွမ်းထက်နေပြီး... အဆင့် (၄) ၏ အထွတ်အထိပ် သို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။

ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး ၏ လက်ရှိ ကာကွယ်ရေး နတ်ဘုရား ပညာရပ်များဖြင့် ဆိုလျှင် သာမန် ဝိညာဉ်ခွဲထွက်အဆင့် ကနဦး အရှင်သခင် များပင်လျှင်... ၎င်းကို ထိခိုက်ဒဏ်ရာ ရစေရန် ခက်ခဲပေလိမ့်မည်။

ယခုအခါ ဤယဉ်ပါးသားရဲ နှစ်ကောင်တွင် ကိုယ်ပိုင် ဟင်းလင်းပြင် ရတနာ အသီးသီး ရှိနေပြီ ဖြစ်ရာ... သူတို့ လိုအပ်နေချိန်တွင် စုယွီထံမှ အရင်းအမြစ်များကို တောင်းဆိုကြမည် ဖြစ်သဖြင့်... သူက သူတို့ကို စောင့်ရှောက်နေရန် မလိုအပ်တော့ချေ။

မြေကမ္ဘာ လျှို့ဝှက်နယ်မြေမှ မထွက်ခွာမီ... စုယွီက နောက်ထပ် အကြိမ်အနည်းငယ် ကြည့်ရှုလိုက်သေး၏။

အင်မော်တယ်ဂိုဏ်း သို့ သူ ထွက်လာခဲ့သည်။

ထိုအချိန်ကျမှသာ ယနေ့တွင် မြေကမ္ဘာ အင်မော်တယ်စံအိမ် က ထူးထူးခြားခြား စည်ကားနေကြောင်း စုယွီ သတိထားမိလိုက်၏။

တပည့် တစ်ယောက်ကို တား၍ မေးမြန်းလိုက်ရာ…သိလိုက်ရသည်က.. ယနေ့သည် အင်မော်တယ်ဂိုဏ်း ၏ အတွင်းစည်း တပည့်များ ကြားတွင်... နောက်ထပ် အဓိက ပြိုင်ပွဲကြီး တစ်ခု ကျင်းပမည့်နေ့ ဖြစ်သည်တဲ့။

*

ပင်မတောင်ထွတ်သို့ သူ တက်လာစဉ်... မြေကမ္ဘာ အင်မော်တယ်စံအိမ် အတွင်း မကြာသေးမီက ထွက်ပေါ်လာခဲ့သော အံ့မခန်း ပါရမီရှင်များ အကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော သို့မဟုတ် ခေါင်းခါ၍ သက်ပြင်းချနေကြသည့် တပည့် အများအပြားကို သူ တွေ့ဆုံခဲ့ရသည်။

"အဲဒီ လုံယီရန် က ကြီးမြတ်တဲ့ တာ့ယွီ တောင်ထွတ် က တပည့် လို့ ပြောကြတယ်... ဒါပေမယ့် အဲဒါက ဘယ်သူလဲ"

"တာ့ယွီ တောင်ထွတ် ကို မင်း မသိဘူးလား... တာအိုဆရာ ထျန်းယွီ အကြောင်း ကြားဖူးလား... တာ့ယွီ တောင်ထွတ် ရဲ့ လက်ရှိ အရှင်သခင် က ဒီအကြီးအကဲ ပဲ"

"ရှီး... ဒါဆို အကြီးအကဲ ရဲ့ တပည့်ပေါ့... သူက ဒီလောက် အစွမ်းထက်နေတာ မဆန်းပါဘူး... မိုးကြိုး၊ ရေ နဲ့ သစ်သား သဘာဝ ပညာရပ်တွေကို ပြိုင်ဘက်ကင်း ကျွမ်းကျင်ပိုင်နိုင်ထားတော့... သူမရဲ့ ကျင့်ကြံခြင်းက အမြုတေ ဖွဲ့စည်းခြင်း အဆင့် ပထမအလွှာ မှာသာ မဟုတ်ခဲ့ရင်... နောက် အဓိက ပြိုင်ပွဲမှာ ပထမ ရလောက်တယ်”

All Chapters