← Chapters

အခန်း ၈၉၂

Vol. 60 Ch. 892

အခန်း ၈၉၂

Vol. 60 Ch. 892

အခန်း (၈၉၂) ပြိုင်ဘက်ကင်း မူလဝိညာဉ်အဆင့်၊ အင်မော်တယ်ဂိုဏ်း၏ အသွင်ပြောင်းလဲမှု (အပိုင်း-၂)

"လုံယီရန်က ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် သုံးခု ပိုင်ဆိုင်ထားတယ်လို့ ကြားတယ်... အဲဒီလို ပါရမီမျိုးနဲ့ဆိုတော့ ဘယ်သူက သူနဲ့ ယှဉ်နိုင်မှာလဲ"

"ငါက ဘာလို့ ဒီ တာ့ယွီတောင်ထွတ် အကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ... အဲဒီတောင်ထွတ်မှာ လုံယီရန် ဆိုတဲ့ တပည့် တစ်ယောက်တည်း ရှိတာများလား"

"အဲဒါတော့ သေချာ မသိဘူးကွ... တစ်ယောက်တည်း ရှိတာ ဖြစ်နိုင်တယ်... တခြား ဘယ်သူ့အကြောင်းမှ မကြားဖူးဘူး"

"မဟုတ်ကဟုတ်ကတွေ... နောက်ထပ် စီနီယာ တပည့် တစ်ယောက် ရှိသေးတယ်လို့ ငါ ကြားဖူးတယ်... ဒါပေမဲ့ သူက ဘယ်သူလဲ၊ သူရဲ့ ကျင့်ကြံခြင်း စွမ်းအားက ဘယ်အဆင့်မှာ ရှိလဲ ဆိုတာကိုတော့ ဘယ်သူမှ သေချာ မသိကြဘူး"

လမ်းပေါ်တွင် တပည့် အများအပြားက အတွင်းစည်း တပည့်များ၏ ပါရမီ နှိုင်းယှဉ်မှု အကြောင်းကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။

စုယွီကို အမာခံ အကြီးအကဲ ဝတ်ရုံဖြင့် တွေ့လိုက်ရသောအခါ... သူတို့အားလုံး အံ့အားသင့်သွားကြပြီး အလျင်အမြန်ပင် အရိုအသေပေး နှုတ်ဆက်လိုက်ကြ၏။

"တပည့်တို့ ..အကြီးအကဲကို ဂါရဝပြုပါတယ်"

စုယွီက တည်ငြိမ်သော အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး... အင်မော်တယ်ဂိတ်တံခါး မဟာခန်းမဆောင်ဆီသို့ ဦးတည်သွား လိုက်သည်။

တပည့်များက သူ့ကို ကြည့်ရင်း အံ့ဩတကြီး တွတ်ထိုးနေကြတော့၏။

"ဒီအကြီးအကဲက တော်တော် နုတယ်နော်... ဒီအကြီးအကဲက ဘယ်သူလဲ ဆိုတာ သိတဲ့ စီနီယာ အစ်ကိုတွေ အစ်မတွေ ရှိလား"

အင်မော်တယ်ဂိတ်တံခါး မဟာခန်းမဆောင်သို့ ရောက်ရှိလာချိန်တွင်... အဝင်ဝတွင် စောင့်ကြပ်နေသော တပည့်များကိုလည်း တာဝန် ပြောင်းရန် လူငယ် တပည့်များဖြင့် အစားထိုးထားပြီး ဖြစ်သည်။

သူတို့သည်လည်း စုယွီကို မမှတ်မိကြချေ။

စံအိမ်သခင် ဖန်ရှောင် ကိုယ်တိုင် စုယွီကို ထွက်ကြိုသည်ကို မြင်သောအခါ... စောင့်ကြပ်နေသော တပည့်များမှာ အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်လိုက်မိကြတော့သည်။

ထို့နောက် သူတို့က နောက်ဘက်ရှိ ခြံဝင်းထဲသို့ ဝင်သွားကြ၏။

*

ဖန်ရှောင်က စုယွီကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူမက ဝိညာဉ်လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း အပြုံးဖြင့် ဆိုလိုက်၏။

"ဦးလေးငယ်က ဒီနေ့ အားနေလို့လား... ဒီအင်မော်တယ်ဂိတ်တံခါး မဟာခန်းမဆောင်က ကျွန်မဆီကို လာလည်တာ တော်တော် ရှားတယ်နော်"

စုယွီက ဖန်ရှောင်ကို ကြည့်လိုက်၏။

အင်မော်တယ်ဂိုဏ်း ၏ ကြီးမားလှသော အရင်းအမြစ်များ နှင့် စံအိမ်သခင် ဖြစ်လာခြင်းကြောင့် ရရှိလာသော ကြီးမားသည့် ကံကြမ္မာတို့၏ အောက်တွင်... သူမ၏ ကျင့်ကြံခြင်းက အမှန်တကယ်ပင် တဟုန်ထိုး တိုးတက်လာခဲ့သည်။

သူမသည် မူလဝိညာဉ်အဆင့် နဝမအလွှာ သို့ ရောက်ရှိနေလေပြီ။ ဝိညာဉ်ခွဲထွက်အဆင့်က လက်တစ်ကမ်းတွင်သာ ရှိနေပြီ ဖြစ်၏။

စုယွီက ခပ်ဟဟ ရယ်လိုက်သည်။

"အဟား၊ အကြာသေးခင်က ရှားပါးတဲ့ ပစ္စည်းတချို့ ရလာလို့ ဆေးလုံး တချို့ ဖော်စပ်ဖြစ်တယ်... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းတွေ ကနေ ရခဲ့တဲ့ ကိုးဝိညာဉ် ဆေးလုံးတွေ အပါအဝင်ပေါ့... အဲဒါတွေကိုလည်း မင်း ဦးလေးငယ် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တယ်လေ"

"တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတော့... အဲဒါတွေကို မင်းအတွက် ယူလာခဲ့တယ်"

စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်ရာ... ယွင်ချန် သိုလှောင်လက်စွပ် ထဲမှ ကျောက်စိမ်းပုလင်း နှစ်လုံး ပျံသန်းလာပြီး... ဖန်ရှောင်၏ အရှေ့တွင် ကျဆင်းသွား၏။

ကိုးဝိညာဉ် ဆေးလုံး ဟု ကြားလိုက်ရသည်နှင့်... ဖန်ရှောင်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

"ဒါက သားရဲထိန်းကျောင်းခြင်း ပညာရပ် အဆင့် (၅) ကို ချိုးဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ရတနာ ဆေးလုံး လားရှင့်"

စုယွီက ခေါင်းညိတ်လိုက်ပြီး အခြား ကျောက်စိမ်းပုလင်း တစ်လုံးကို လက်ညှိုးထိုးပြကာ...

"ဒီဆေးလုံးကို ရွှေရေ နတ်ဘုရား ဆေးလုံး လို့ ခေါ်တယ်... သာမန် အရည်အသွေး ရှိတဲ့ ရွှေရေ နတ်ဘုရား ဆေးလုံး တစ်လုံးက... လူသား ကျင့်ကြံသူ တစ်ဦး ဝိညာဉ်ခွဲထွက်အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကို ထက်ဝက်ခန့် တိုးမြှင့်ပေးနိုင်ပြီး... တက်လှမ်းဖို့အတွက် အကူအညီ အချို့ ပေးနိုင်တယ်"

"အဆင့်မြင့် ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ အရည်အသွေး ရှိတဲ့ ရွှေရေ နတ်ဘုရား ဆေးလုံး ဆိုရင်တော့... ပိုပြီး အစွမ်းထက်တဲ့ အာနိသင် ရှိသင့်တယ်"

"ဒါပေမယ့်... အဲဒီ အမြင့်ဆုံး သဘာဝ ရတနာတွေနဲ့ ယှဉ်ရင်တော့ အနည်းငယ် လျော့နည်းနေသေးတယ်... မရှိတာထက် ကောင်းတယ်လို့ပဲ သတ်မှတ်လို့ ရတယ်... အင်မော်တယ်ဂိုဏ်း အတွက် အကူအညီ တစ်ခုခု ဖြစ်ဖို့ မျှော်လင့်ပါတယ်"

ဖန်ရှောင်က ရွှေရေ နတ်ဘုရား ဆေးလုံး ပါရှိသော ကျောက်စိမ်းပုလင်းကို မြင်လိုက်ရသည့်အခိုက် အံ့အားသင့်သွားသည်။

လူသား ကျင့်ကြံသူများအား ဝိညာဉ်ခွဲထွက်အဆင့် သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံး တဲ့လား။

၎င်း၏ အာနိသင်များက သိပ်မပြင်းထန်သော်ငြားလည်း... ထိုကဲ့သို့သော ဆေးလုံးများသည် အလွန် ရှားပါးလှပြီး... သာမန် တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦး မူလဝိညာဉ် ခိုင်မာခြင်း ဆေးလုံး တစ်လုံးကို ရရှိရန် မျှော်လင့်ချက်ထက်ပင် ပို၍ ခက်ခဲလှသည်။

သူမ၏ ဦးလေးငယ်က တစ်ပုလင်းလုံးကို တိတ်တဆိတ် ဖော်စပ်ခဲ့သည်တဲ့လား။

ကျောက်စိမ်းပုလင်းကို ကြည့်ရင်း ဖန်ရှောင်က ဝမ်းသာအားရဖြင့် ဆိုလိုက်၏။

"ဦးလေးငယ်... အကြီးအကဲတွေသာ ဦးလေးငယ် ဒီဆေးလုံးကို ဖော်စပ်ခဲ့တယ် ဆိုတာ သိရင်... နောင်အနာဂတ်မှာ ဦးလေးငယ် ဘာပဲခိုင်းခိုင်း သူတို့ လိုလိုလားလား လုပ်ပေးကြမှာရှင့်"

ထူးခြားသော ဆေးလုံး သန့်စင် ပညာရပ် များ ရှိသည့် ဆေးဆရာ တစ်ဦးကို... နေရာတိုင်းရှိ ကျင့်ကြံသူများက အလွန်အမင်း လိုလား ရှာဖွေကြသည်။

မူလဝိညာဉ်အဆင့် နဝမအလွှာ သို့ ရောက်ရှိပြီး... အခြားသူများ ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ်ရန် ကူညီပေးနိုင်သော ဆေးလုံးများကို ဖော်စပ်နိုင်ပြီ ဆိုပါက... သင့်ကို သူတို့၏ ဒုတိယ မိဘများအဖြစ် အသိအမှတ်ပြုလိုသော လူအုပ်ကြီး ရှိနေမည်မှာ သေချာလှသည်။

သို့သော် စုယွီက လက်ကို ဝှေ့ယမ်းလိုက်ပြီး...

"ငါ ဖော်စပ်ခဲ့တယ် ဆိုတာကို မပြောပါနဲ့... ငါ့ရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးခံရတာ ငါ မကြိုက်ဘူး ဆိုတာ မင်း သိပါတယ်"

"ဆေးလုံး ခွဲဝေမှု ကိစ္စကို မင်း ကိုင်တွယ်လို့ ရပါတယ်... နောက်ပိုင်း ပစ္စည်းတွေ ထပ်စုမိရင် ငါ ဆက်ပြီး ဖော်စပ်ပေးမယ်... ဒါပေမယ့် ဒီလို ဆေးလုံးတွေက ထိပ်တန်း သဘာဝ ရတနာတွေလောက် မရှားပါးပေမယ့်လည်း ရဖို့တော့ မလွယ်ကူဘူး"

"ဒါကြောင့်... အဲဒါတွေကို ဘယ်လို သုံးမလဲ ဆိုတာ သေချာ စဉ်းစားဖို့ လိုတယ်"

ဖန်ရှောင်က ခေါင်းညိတ်လိုက်ပြီး ဆေးလုံး ပုလင်း နှစ်လုံးကို သိမ်းဆည်းလိုက်၏။

"စိတ်ချပါ ဦးလေးငယ်... ဦးလေးငယ်ရဲ့ ရတနာ ဆေးလုံးတွေကို ကျွန်မ အလဟဿ မဖြစ်စေရပါဘူး"

ထို့နောက်... သူတို့နှစ်ဦး အေးအေးဆေးဆေး ရောက်တတ်ရာရာများ ပြောဆိုနေကြသည်။

ဖန်ရှောင်က ဆိုလိုက်၏။

"အင်မော်တယ်ဂိုဏ်း မှာ မကြာသေးခင်က ပါရမီရှင်တွေ အများကြီး ဝင်လာတယ်... ဦးလေးငယ်က တပည့် အဖြစ် လက်ခံဖို့ တစ်ယောက် နှစ်ယောက်လောက် ရွေးချယ်ဖို့ အစီအစဉ် မရှိဘူးလား"

"အခု အချိန်က သိပ်မသင့်တော်သေးဘူး"

စုယွီက ထိုအကြံအစည်ကို ငြင်းပယ်ရန် ခေါင်းခါလိုက်သော်လည်း... တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်၏။

"မိုးကြိုးနဂါး အင်မော်တယ် မင်းဆက် က မကြာသေးခင်က တစ်ခုခု လုပ်သေးလား"

"ပြီးတော့ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ကော... သူတို့ ဘာလှုပ်ရှားမှုတွေ ရှိသေးလဲ"

ဖန်ရှောင်က မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ခေါင်းညိတ်လိုက်၏။

"လှုပ်ရှားမှု တချို့တော့ ရှိတယ်... ဒါပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... တပည့်တချို့၊ စီမံခန့်ခွဲသူတွေ နဲ့ အကြီးအကဲ တချို့က သူတို့ရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံရပြီး... အသုံးချခံတွေ ဖြစ်သွားပြီးတော့ အင်မော်တယ်ဂိုဏ်း ကို သစ္စာဖောက်ကြတယ်"

"အင်မော်တယ်ဂိုဏ်း ထဲ ဝင်ချင်တဲ့ သူတွေထဲမှာလည်း... သူတို့ လွှတ်လိုက်တဲ့ အသုံးချခံတွေ ရှိတယ်ရှင့်"

"ဒီသူလျှိုတွေက အင်မော်တယ်ဂိုဏ်း ကို အတွင်းပိုင်းကနေ ဖြည်းဖြည်းချင်း ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်"

ဖန်ရှောင့်စကားများအား နားထောင်လိုက်ရသောအခါ စုယွီ အတန်ကြာ စဉ်းစားနေလိုက်သည်။

ထိုသို့သော နည်းဗျူဟာများ...

ကာကွယ်ရန် ခက်ခဲသော်လည်း... သူ၏ လက်ရှိ အမြင်ဖြင့် ကြည့်မည် ဆိုပါက အနည်းငယ် ကလေးဆန်နေသလိုပင်။

မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အတွင်းပိုင်း လျှို့ဝှက်ချက်များဆီသို့ စိမ့်ဝင်ရန် လူများကို စေလွှတ်ပြီး... အရေးပါ အရာရောက်သူများ အဖြစ်သို့ တဖြည်းဖြည်း တက်လှမ်းကာ... နောက်ဆုံးတွင် မြေကမ္ဘာအင်မော်တယ်ဂိုဏ်း ၏ ခေါင်းဆောင် ပင် ဖြစ်လာပြီးမှ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ လျှို့ဝှက်ချက်များနှင့် ရတနာများကို ရယူမည် ဟုတ်လား။

‘အဲဒါ ဘယ်လောက်ကြာမလဲ။

အဲဒီအချိန် ရောက်ရင်...ငါက ပကတိဟင်းလင်းပြင် အဆင့် တာအို သခင်ကြီး တစ်ပါးတောင် ဖြစ်နေလောက်ပြီ’

‘သက်တမ်းကလည်း ဆက် တိုးလာပြီး... ပိုပိုပြီး.. ရှည်လျားလာမယ်’

ထိုသစ္စာဖောက်များသည် သူတို့ လိုချင်သော လျှို့ဝှက်ချက်များကို သူ့ထံမှ မရရှိမီမှာပင် သူ့လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်လေ။

သစ္စာဖောက်များ အတွက်တော့...

သူတို့ကို ပုံမှန် ရှင်းလင်းပစ်ရုံသာ။

မိမိ ရှိနေသရွေ့... မြေကမ္ဘာအင်မော်တယ်စံအိမ် က ပရမ်းပတာ ဖြစ်သွားနိုင်ပါ့မလား။

စုယွီက အတွေး ရေယာဉ်ကြောထဲမှ ပြန်လည် နိုးထလာပြီး ဖန်ရှောင်ကို ပြောလိုက်၏။

"ငါတို့လည်း ပြောင်းပြန် ပြန်လုပ်လို့ ရမလား ကြည့်ရအောင်... ပြီးတော့ မိုးကြိုးနဂါး အင်မော်တယ် မင်းဆက် နဲ့ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ထဲကိုလည်း... လျှို့ဝှက် တပည့်တချို့၊ အသုံးချခံတချို့ ထည့်ထားကြစို့"

"အပြန်အလှန် တုံ့ပြန်တာကမှ မျှတတာပေါ့... ငါတို့က ဒီလို နည်းဗျူဟာတွေကို မကြောက်ပေမယ့်... အရိုက်ခံရဖို့ချည်းပဲ စောင့်နေလို့တော့ မရဘူးလေ"

"အခွင့်အရေး ရရင်... သူတို့ရဲ့ နည်းလမ်းတွေရဲ့ အရသာကို သူတို့ကို ပြန်ခံစားခိုင်းရမယ်"

ဖန်ရှောင်က စုယွီကို စိုက်ကြည့်ပြီး... ခစ်ခနဲ ရယ်လိုက်မိသည်။

‘အိုက်ယား..ဦးလေးငယ် က တကယ်ပဲ လက်စားချေချင်စိတ် ပြင်းပြတာပဲ…’

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမယ့် အရမ်းတော့ ခက်ခဲလိမ့်မယ်"

ဟု ဖန်ရှောင်က ပြောလိုက်၏။

စုယွီက ဖန်ရှောင်၏ နေရာမှ ထွက်ခွာလာရာ လမ်းတလျှောက်... အခြေအနေအား သုံးသပ်မိသည်။

ယွဲ့ အင်မော်တယ်မျှော်စင် ကို ဤကိစ္စများအား ကိုင်တွယ်ခိုင်းဖို့ မသင့်တော်ဟု သူ ဆုံးဖြတ်လိုက်၏။

လောလောဆယ်တွင်... ယွဲ့ အင်မော်တယ်မျှော်စင် အနေဖြင့် ၎င်း၏ စွမ်းအားကို ခိုင်မာအောင် တည်ဆောက်ရန် အာရုံစိုက်ခြင်းက အကောင်းဆုံး ပင်။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် နှင့် ရင်ဆိုင်ရမည့် အချိန် မရောက်သေးချေ။

ထို့နောက် စုယွီက မာထျန်းလင်၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့ကို သွားရောက် ရှာဖွေခဲ့သည်။ မာထျန်းလင် နှင့် တာအိုဆရာမ ချင်းချွမ် တို့က အင်မော်တယ်ဂိုဏ်း တွင် ရှိနေပြီး... လော့ချန်ယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့ကတော့ အပြင်ထွက်နေကြ၏။

တစ်ယောက်က အင်မော်တယ် တစ်သောင်းနန်းတော် ၏ တာဝန်များဖြင့် အပြင်ထွက်နေပြီး... အခြားတစ်ယောက်ကတော့ လောလောဆယ်တွင် အရိပ်အယောင်မျှပင် မတွေ့ရဘဲ ခရီးထွက်သွားသည်။

မဟာ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ က ယခုအခါ စစ်ပွဲအတွက် ပြင်ဆင်နေလေပြီ။

ပင်လယ် မျိုးနွယ်စု ၏ ဘိုးဘေးကြီး ပြောကြားခဲ့သော ဆယ်စုနှစ် ကတိကဝတ် မတိုင်မီ ငါးနှစ်ကျော်မျှသာ ကျန်ရှိတော့၏။

ပင်လယ် မျိုးနွယ်စု က မည်သို့ တိုက်ခိုက်မည်ကို မသေချာသော်လည်း... သူတို့သာ ကုန်းမြေပေါ်သို့ ခြေချရဲမည် ဆိုပါက... စောင့်ကြိုနေမည့် အရာမှာ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ လူသား မျိုးနွယ်စု ထံမှ မိုးကြိုးကဲ့သို့သော တန်ပြန် တိုက်ခိုက်မှုသာ ဖြစ်ပေလိမ့်မည်။

တာအို ပေါင်းစည်း အဆင့် နှင့် ညီမျှသော မိစ္ဆာ အရှင်သခင်ကြီး များ မပေါ်လာသရွေ့... တာ့ချန် က သေချာပေါက် ဘေးကင်းမည်ပင်။

စုယွီသည်လည်း သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။

ဆန့်ကျင်ဘက် အနေဖြင့်... သူက သည်အခြေအနေအတွက် မျှော်လင့်နေခဲ့သည်။

အကယ်၍ ပင်လယ် မျိုးနွယ်စု က ကုန်းမြေကို တိုက်ခိုက်လာပါက... သူသည် နတ်ဘုရား ဖြစ်တည်ခြင်း သိုင်းကျမ်း ကို ကျင့်ကြံရန်အတွက် အပြည့်အဝ ပြန်လည် အာရုံစိုက်နိုင်လေမည်။

မြောက်များစွာသော ပင်လယ် မျိုးနွယ်စုဝင် များ၏ ကြီးမားလှသော အရင်းအမြစ် စွမ်းအားကို အသုံးပြု၍... သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကို မြှင့်တင်နိုင်သည်။

ဆယ်စုနှစ် အနည်းငယ် အတွင်း... ပင်လယ် မျိုးနွယ်စု နှင့် တိုက်ပွဲ ပြီးဆုံးသွားသည်နှင့်... သူသည် ဝိညာဉ်ခွဲထွက်အဆင့် သို့ တက်လှမ်းသွားနိုင်သည်။

*

မြေကမ္ဘာ လျှို့ဝှက်နယ်မြေ အတွင်း၌

လအတော်ကြာအောင်... စုယွီက မာထျန်းလင် နှင့် တာအိုဆရာမ ချင်းချွမ် တို့နှင့်အတူ တာအို ဆွေးနွေးခဲ့ပြီး... များသောအားဖြင့် စုယွီက ပြောဆိုကာ အခြားနှစ်ယောက်က တာအို အနှစ်သာရကို နားထောင်ခဲ့ကြသည်။

မာထျန်းလင် ၏ ကျင့်ကြံခြင်းက မူလဝိညာဉ်အဆင့် ၏ အထွတ်အထိပ် သို့ ရောက်ရှိနေလေပြီ။ ဝိညာဉ်ခွဲထွက်အဆင့် နှင့် သိပ်မဝေးတော့ချေ။

သို့သော်လည်း... သူမ၏ တာအို နယ်ပယ် ကတော့ အသေးစား ပြီးပြည့်စုံခြင်း အဆင့်တွင်သာ တစ်ဆို့နေခဲ့သည်။

သူမက မဟာ ပြီးပြည့်စုံခြင်း အဆင့်သို့ ကြီးမားသော အသွင်ပြောင်းလဲမှု အတွက် အနည်းငယ် လိုအပ်နေခဲ့၏။

တာအိုဆရာမ ချင်းချွမ် အတွက်တော့... သူမ၏ ကျင့်ကြံခြင်းကလည်း မူလဝိညာဉ်အဆင့် အဋ္ဌမအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး... တိုးတက်မှုက သိပ်မနှေးကွေးလှပေ။

ရာထူး အနေဖြင့် ဆိုရလျှင်... တာအိုဆရာမ ချင်းချွမ် သည် ယွဲ့လန် တောင်ထွတ် ၏ တောင်ထွတ်သခင် နေရာကိုလည်း ရယူထားသည်။

လော့ချန်ယွီ သည်လည်း တစ္ဆေဓား တောင်ထွတ် ၏ တောင်ထွတ်သခင် ဖြစ်လာခဲ့လေပြီ။

မြေကမ္ဘာ အင်မော်တယ်စံအိမ် သို့ အတူတကွ ဝင်ရောက်လာခဲ့ကြသော ရွယ်တူများသည်... တစ်ယောက်ချင်းစီ ကိုယ်ပိုင် အောင်မြင်မှုများကို ရရှိခဲ့ကြသည်။

ဟုတ်ပါသည်၊ အားလုံးတော့ မဟုတ်ပါ။ တာအိုဆရာ ရှုဟိုင် ကတော့ ချွင်းချက် တစ်ခု ဖြစ်ပြီး... တောင်ထွတ် တစ်ခု၏ အကြီးအကဲ တစ်ဦး အဖြစ်သာ ရှိနေသေးကာ... အပြင်ဘက်တွင် သွားလာနေရန် အမြဲ စိတ်အားထက်သန်နေဆဲ ပင်။

လအတော်ကြာ တာအို အကြောင်း ဆွေးနွေးပြီးနောက်... စုယွီက မာထျန်းလင် နှင့် တာအိုဆရာမ ချင်းချွမ် တို့ကို မြေကမ္ဘာ လျှို့ဝှက်နယ်မြေ မှ အပြင်သို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် သူသည် နေ့စဉ် ကျင့်ကြံခြင်း လုပ်ရိုးလုပ်စဉ်များ အပြင်... အဆောင်လက်ဖွဲ့များ ဖန်တီးခြင်း နှင့် ရုပ်သေးများ သွန်းလုပ်ခြင်းတို့ကိုပါ ဆက်လက် ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မာထျန်းလင် သည် သူမ၏ ကိုယ်ပိုင် ဂူစံအိမ် သို့ ပြန်သွား၏။ လဝက်ခန့် တံခါးပိတ် ကျင့်ကြံပြီးနောက်... သူမ၏ ပတ်လည်ရှိ အရှိန်အဝါက သိသိသာသာ ပြောင်းလဲသွားပြီး... မဟာ ပြီးပြည့်စုံခြင်း တာအို နယ်ပယ် ၏ အရှိန်အဝါက လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အရှင်သခင် ထိုက်ရှီး သည်ပင် သူမ၏ ကျင့်ကြံခြင်းမှ နိုးထလာပြီး သူမ၏ တပည့် ဂူစံအိမ် ဘက်သို့ အကြည့်ပို့လိုက်မိသည်။ ... သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှု နှင့် ဝမ်းမြောက်မှုတို့ ဖြတ်ပြေးသွားရ၏။

"ထျန်းလင် က ဉာဏ်အလင်းပွင့်သွားပြီး... မဟာ ပြီးပြည့်စုံတဲ့ တာအို နယ်ပယ် ကို ရောက်သွားပြီပဲ"

မဟာ ပြီးပြည့်စုံသော တာအို နယ်ပယ်။

၎င်းသည် သူမကိုယ်တိုင်ပင် မရရှိခဲ့ဖူးသော အောင်မြင်မှု တစ်ခု ပင်။

အတိတ်က... ဂိုဏ်းမှ တာအို သခင်ကြီး ဟုန်ယွဲ့ တစ်ဦးတည်းသာ မဟာ ပြီးပြည့်စုံသော တာအို နယ်ပယ် ကို သဘောပေါက် နားလည်ခဲ့ဖူးပေလိမ့်မည်။

သူမ၏ တပည့် မာထျန်းလင် က ဒုတိယမြောက် ပုဂ္ဂိုလ် ပါပင်။

All Chapters